I Don't Know

By Yuxingyue

2.3K 152 10

သူများအိမ်မှာလာနေပြီး စောက်ရမ်းချေတဲ့မင်းကို ကြည့်မရတာတော့အမှန်ပဲ #XiaoZhan More

intro(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠✧⁠*⁠。
Part-1
Part-2
Part -3
Part-4
Part-6

Part-5

223 18 4
By Yuxingyue

မင်းက ကိုယ်မသိလိုက်တဲ့ အချိန်တိုအတွင်းမှာပဲ ကိုယ့်စိတ်ထဲ ဝင်လာခဲ့တယ်

အဲဒါအချစ်လား ဆိုတော့ ကိုယ်မသိဘူး။

ကိုယ်သိတာက ကိုယ့်စိတ်ထဲမှာ မင်းအကြောင်းတွေးမိလိုက်တိုင်း ကိုယ်အမြဲပြုံးနေမိတာပဲ

________I don't know________

"ဟင် ကျန်ကော"

ရိပေါ် ရှောင်းကျန့်ရှိရာကို အမြန်သွားလိုက်ပြီး ထပ်သောက်တော့မယ့် ရှောင်းကျန့်ရဲ့ လက်တွေကို အမြန်ပဲ ဆွဲကိုင်လိုက်တယ်

"မသောက်နဲ့တော့ ကော"

"ဟင် ဘူလဲ"

တော်တော်လေး မူးနေပြီ ထင်ပါရဲ့ ပါးတွေနီနေပြီး မပီတော့တဲ့ အသံနဲ့ သူ့ကို လှည့်ကြည့်လာသည်

"ဘူလဲ လွတ်စမ်းပါ"

"ကျွန်တော် ကျန့်ကောကို ပြန်ခေါ်သွားလိုက်တော့မယ်"

ကျိုးချန်ကို အသိပေးသလို ပြောပြီး ရှောင်းကျန့်ကို ဆွဲခေါ်သွားလေရဲ့
ဟိုက ကားယားကားယားနဲ့ ပါသွားလေရဲ့။

ကျန်ခဲ့တယ် ကျိုးချန်နဲ့ အပေါင်းအပါတွေကတော့ ဘာမှ မပြောနိုင်ပဲ အံဩတကြီးနဲ့ ကြည့်ရုံပဲ ကြည့်နေနိုင်တော့တယ်

ဟူးး ဒီအမူးသမားနဲ့ ဆိုင်ကယ် စီးလို့ ဖြစ်ပါ့မလား
မူးနေတော့ မတော်လို့ ပြုတ်ကျရင် သူရင်ကျိုးရချည်ရဲ့
သူ့ပုခုံးပေါ်က အမူးသမားလေးကိုကြည့်လိုက်တော့ ရိပေါ် တစ်ချက်ပြုံးမိသွားတယ်
မူးနေတာတောင် ချစ်စရာကောင်းတဲ့ ဒီလူသားလေး

"တအားဆိုးနေပါလား ကောက"

ရိပေါ် အမူးသမားလေးရဲ့ နီမြန်း‌ေနတဲ့ပါးကို
ဖွဖွလေး ညစ်ပြီး ပြောလိုက်တော့

"ဟင် ဘူလဲ ကွာ ဒီမှာ တရားကျင့်နေတာကို"

သူ့လက်ကနေရုန်းပြီး ပြောလာတဲ့ကျန့်ကော

"ကော ဘာတွေပြောနေတာလဲ ကျွန်တော့်ကို သေချာကြည့်ပါဦး'

သူ့လက်နှစ်ဖက်နဲ့ ရှောင်းကျန့်မျက်နှာကို ကိုင်ပြီး သေချာကြည့်စေလိုက်တယ်
ထိုအခါ အမူးသမားလေးက အံ့ဩနေတဲ့ပုံနဲ့

"ဝါးး ချောလိုက်တာ နတ်သားလေးလားဟင်"

"ကော သေချာကြည့်ပါဦးဗျာ"

"အင်းနတ်သားလေးက ဒီကို အေ့ ဘာလာလုပ်တာလဲ ကြင်ယာတော် လိုလို့ ကျန့်ကျန့်ကို လာခေါ်တာလားဟင်  ကျန့်ကျန့် လိုက်ဘူးနော် ကျန့်ကျန့်က အေ့ ဒီမှာနေပြီး ဟိုအချေကောင်နဲ့ စာရင်း ရှင်းရဦးမှာ သိလား နတ်သားလေး အေ့"

သုံးနှစ်သားလို ဖြစ်သွားတဲ့ အမူးသမားလေးကွာ ။ဆွဲ လုပ်လိုက်ရ မကောင်းဘူး ဖြစ်ဦးမယ် သူ့ကိုယ်သူ ကျန့်ကျန့် တဲ့လေ ဟာကွာ

"ဘယ်က အချေကောင်လဲ ကျန့်ကောရာ"

"ဟို ဝမ်ရိပေါ်ဆိုတဲ့ အချေကောင်ပေါ့"

" ဟင် "

ကျန့်ကောရဲ့ စိတ်ထဲမှာ သူ့ကို အချေကောင်လို့ သတ်မှတ်ထားတာပေါ့ အဟက် ချစ်စရာလေးကွာ ဘယ်လိုတောင်လား ရှောင်းကျန့်ရေ

"ဟင့် နတ်သားလေး သိလား အဲအချေကောင်ကလေ အီး ကျန့်ကျန့်ကို နမ်းပြီး သူက ဟင့် အေ့ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားနေတယ် အင့် အီး ဟင့်ဟင့်"

အမူးသမားလေးက သူ့ကို နမ်းတဲ့ ကိုယ့်ကို ငိုယိုပြီး ပြန်တိုင်နေလေရဲ့ အဟက်
ဒါနဲ့ ဘယ်က ရည်းစားက ပါလာရတာလဲ

"ကော ကျွန်တော်မှာ ရည်းစားမှ မရှိတာ"

ကောကို တောင် ချစ်မဝဖြစ်နေတာကို ဆိုတော့ ရင်တွင်း စကားလေးပေါ့

" ဟင့် နတ်သားလေးက ဘာသိလို့လဲ ကျန့်ကျန့်သိတယ် "

နှုတ်ခမ်းလေး စူပြီး ပြန်ပြောလာတဲ့ အမူးသမားလေး

"ဟုတ်ပြီ" ကိုယ် အယ် အဲ အချေကောင်ကို ဆုံးမပေးမယ်နော်"

သူစိတ်ကျေနပ်အောင် ပြောလိုက်ပြန်တော့လဲ
အလိုမကျတဲ့ ပုံစံနဲ့ သူ့ကို ပြန်ကြည့်လာတယ်

"နတ်သားလေးက ဝမ်ရိပေါ်ကို ရိုက်မလို့လားဟင် "

" ကျန့်ကျန့်အတွက် ကိုယ်အပြစ်ပေးပေးမယ်နော်"

"အီး မရိုက်ရဘူးနော် ကျန့်ကျန့် ခွင့်မပြုဘူး "

"ဘာလို့လဲ သူက ကောကို ငိုအောင်လုပ်တယ်လေ"

"ဟုတ်တယ် အဲအချေကောင်က ကျန့်ကျန့်ကို ငိုအောင်လုပ်တယ် ဒါမဲ့ သူ့ကိုမရိုက်ရဘူးနော် ကျန့်ကျန့်က သူ့ကို.....အီးဟီး ဟင့်"

ရုတ်တရက်ကြီး င်ုချပြန်လာတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ခေါင်းမွေးထောင်သွားသည်

"ကော ဘာလို ငိုပြန်တာလဲ မငိုနဲ့တိတ်တော့နော်"

ဒီလိုနဲ့ပဲ ရှောင်းကျန်ကို မနည်းဆော့မော့ပြီး  ဆိုယ်ကယ်နဲ့ပဲပြန်ခေါ်လာရတယ်
ပြောပါသေးတယ် သူ့ဆိုင်ကယ်ကို
" နတ်ပြည်က စီးတော် ယာဉ်က မိုက်တယ်နော်" တဲ့ ဒီအမူးသမားလေးနဲ့တော့
ရိပေါ် ရီချင်စိတ်ကို ထိန်းထားရတယ် တော်ကြာသူ့ရှေ့ရီလိုက်ရင် ဘာလို့ရီတာလဲ ဆိုပြီး ထပ်ရစ်ခံနေရမှာ စိုးလို့
ဟူး ‌ချစ်တော့လဲ သည်းခံ ဝမ်ရိပေါ်ရေ

မနက်ကျရင်တော့ ညက အဖြစ်အပျက်တွေကြောင့် ဘယ်လိုဖြစ်နေမလဲ စောင့်ကြည့်ချင်ပါသေးရဲ့

_________I Don't Know _________

"အား....ကျွတ်  ကျွတ် ခေါင်းကိုက်လိုက်တာ"

ရှောင်းကျန့်ရဲ့ မနက်ခင်းအစမှာ ခေါင်းကိုက်ခြင်းနဲ့ အစပြုနေလေရဲ့
မနေ့ညက တော်တော်လေး မူးသွားတယ်ထင်တယ် အိမ်ဘယ်လိုရောက်ခဲ့မှန်း တောင် မမှတ်မိတော့ဘူး ကျိုးချန်ပဲ လာပို့သွားတယ်ထင်ပါ့

သူအဲလောက်မူးသွားတာ ဟိုကောင် ဝမ်ရိပေါ်ကြောင့်။ သူ့ကိုမကျေနပ်လို့သောက်လိုက်တာ ခုတော့ ခေါင်းတွေ ကိုက်နေပြီ
ဘာကောင်းကျိုးမှ မပေးတဲ့ သောက်အချေကောင်

မနက်စာ စားသောက်ဖို့ အောက်ဆင်းလာတော့ စားပွဲမှာ ဟိုအချေကောင်တစ်ယောက်သာတွေ့ရတယ်။
မနက်စောစောစီးစီး ကျက်သရေတုန်းချက်

"မား~မားရေ"

"ကျန့်ကျန့် ဘာလို့ အဲလောက်အော်နေတာလဲ မီးဖိုထဲမှာ ရှိတယ်"

ရှောင်းကျန့် ဝမ်ရိပေါ်နဲ့ မျက်နှာချင်းဆိုင် မှာ ဝင်ထိုင်လိုက်သည်

"ကျန့်ကျန့်လေး နေရတာ သက်သာရဲ့လား"

"ဟင် ဝမ်ရိပေါ်မင်း ဘယ်လိုခေါ်လိုက်တာ"

ဝမ်‌ရိပေါ် တစ်ချက်ပြုံးလိုက်ပြီး

"ဘာဝမ်ရိပေါ်လဲ နတ်သားလေး လေ
ကျန့်ကျန့်‌လေးကလဲ အဟက် "

သေလိုက်ပါတော့ ရှောင်းကျန့်ရေ။

_____I Don't Know_____

Thanks🍀



Continue Reading

You'll Also Like

131K 3.6K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
2M 100K 37
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
244K 35.6K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
69K 1.8K 67
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...