ဒီလိုပူပြင်းတဲ့နွေရာသီမှာ အဲကွန်းခန်းထဲမှာ ဇိမ်နဲ့ တီဗွီထိုင်ကြည့်ချင်တာ ရှောင်းကျန့်ရဲ့ အကြီးမားဆုံး ရည်မှန်းချက်လို့ ပြောရမလားပဲ။
ကျောင်းပြီးပြီး အလုပ်အကိုင်မရှိတဲ့သူ့ကို မားက အိမ်ပေါ်ကနှင်ချချင်နေပုံ။ဒါမဲ့သူ့မှာ ဒီသားတစ်ယောက်ပဲရှိတယ်ဆိုတော့ မလုပ်ရက်ဘူးထင်ပါရဲ့"ရှောင်းကျန့်ရေ .....ကျန့် ကျန့်"
ဒါပါပဲ။နေ့လည်ခင်း တစ်ရေးတစ်မော အိပ်မယ်ကြံတိုင်း မားက တစ်ခုမဟုတ်တစ်ခု ခိုင်းပြီနှောက်ယှက်စမြဲပါပဲ။
"ကျန့်ကျန့်.....ကျန့်ကျန့်"
"လာပြီ မားရာ သူများတစ်ရေးတစ်မော အိပ်တော့မယ်ဆို နှောက်ယှက်ပြီဗျာ"
အပေါ်ထပ်ကနေ ခြေထောင့်လို့ သူမကျေနပ်ကြောင်းပြပြီး ဆင်းလာလိုက်တယ်
"တရေးတမော အိပ်မယ် ပြောရအောင် ဘာတွေလုပ်လို့ မောတာတုန်း သခင်မင်းသားရဲ့"
"မားလာမရွဲ့နဲ ကျောင်းပြီးဖို့ မနှစ်က တစ်နှစ်လုံး နေ့မအိပ် ညမအိပ် စာတွေကြိုးစားရခဲ့တာလေဗျာ"
"ကျောင်းပြီးလို့ နားနေတာ တစ်လတောင်ရှိနေပြီမဟုတ်လား"
"ဟာမသိဘူး မားဘာခိုင်းမှာလဲ မြန်မြန်ခိုင်းဗျာ သားပြီးရင်ပြန်အိပ်မှာ"
ခေါင်းကုပ်ကာပြောလိုက်ပြီး...
"အပေါ်ထပ်က သားအခန်းဘေးကအခန်းကို သွားရှင်းပေး"
"မား ဒေါ်ရီကို ရှင်းခိုင်းလို့ရသားပဲ ဘာလို့သားကိုမှလဲ တစ်ခန်းလုံးကို သားမရှင်းနိုင်ဘူးလေ"
ဟုတ်တယ်လေ။တစ်ခန်းလုံးဖုန်တွေနဲ့ ညစ်ပတ်နေတာကို ဘယ်လိုသွားရှင်းရမှာတုန်း။နောက်ပြီး အဲအခန်းကို ဘာအတွက် ရှင်းခိုင်းတာပါလိမ့်
"အခန်းရှင်းမလား ဒီလ မုန့်ဖိုးအဖြတ်ခံမလားရွေး"
"မားးးး"
သူမျက်နှာငယ်နဲ့ လုပ်ပြသော်လည်း I don't care ပုံစံ ဖြစ်နေတဲ့မားကြောင့် လက်ခံလိုက်ရတော့သည်။သူ့မုန့်ဖိုးတော့ အဖြတ်မခံနိုင်ဘူးလေ။ဒီသားလေးတစ်ယောက်ပဲရှိတာကို မားတို့က ခိုင်းဖို့ချည်းပဲ။
YOU ARE READING
I Don't Know
Fantasyသူများအိမ်မှာလာနေပြီး စောက်ရမ်းချေတဲ့မင်းကို ကြည့်မရတာတော့အမှန်ပဲ #XiaoZhan