ချစ်မိသော ပင်လယ်

Par LinnThetNyein14

398K 7K 453

🔞🔞 Unicode မိဘပေးစားလို့ လက်ထပ်ရသောသူက ကိုယ်တဖက်သတ်ချစ်ရသူဖြစ်နေသောအခါ.. အချစ်က ဒီလောက်ပဲဆန်းကြယ်ရသတဲ့လား က... Plus

Intro
Ch 1
Ch2
Ch 3
Ch 4
Ch5
Ch 6
Ch 7 🍬
Ch8
Ch9
Ch 10
Ch 11
Ch 12
Ch 13 🍬
Ch14 🍬🍬
Writer's note
Ch 15
Ch 16 🔥🔞
Ch17 🔞
Ch 18 🔞
Writer 's Note
Ch 19
Ch 20
Ch21 🔥
Ch22
Ch 23 🔞
Writer's Note
Ch24💓🍬
Ch25🔞
Ch26🍬
CH27🔞
Ch28
Author's Note
Ch29🍬
Ch31🔞🍬
Ch32🔞
Ch 33🔞
Ch34🔞
Ch35😭😭😭
Ch36 😭😭💔
Ch 37💔❤
Writer's BF🙄
Ch38😚😚😚
Ch39🍬🔥
Ch 40🍬💓🔞
Ch41 🔥🍬✨
Writer's Night Song
Writer's Note
Ch 42🔞
Writer's Note
Ch 43 🔞
Ch 44🔞
Ch 45 (Ending)🔞

Ch30🍬😭

4.4K 104 6
Par LinnThetNyein14

တနေကုန် လျှောက်လည်ကြတဲ့အချိန်မှာ ဘာဒါက ဆိုယွန်းအနားကမခွာပါ။
ကလေးဆန်တယ်ပြောပြော ကိုယ့်အနားကပ်နေတော့ ညက ကိစ္စတွေတောင်မေ့ချင်ချင်။
ဒါဟျွန်းလှမ်းကြည့်တာမြင်တိုင်း ဘာဒါကို ပိုချွဲနေမိရင်း ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်ရတယ်။
''ဆိုယွန်း''
''ဟင်''
''ကိုယ့်အတွက်လား polaroid က''
(မွေးနေ့တုန်းကဝယ်ထားတာလေး ပစ္စည်းပုံထဲမှာ ဘာဒါတွေ့ထားပြီလေ)
''ommm''
''မယူလာဘူးလား''
''ommm''
''မွေးနေ့လက်ဆောင်ကို အဲ့လိုလွှင့်ပစ်လိုက်လို့လည်းရလား''
''မပေးရသေးဘူးလေ''
''အေးပါကွာ''
ပြောရင်း ဆိုယွန်းကို နေပူနေတာမို့ ကာပြီးရပ်လိုက်ရင်း
''နေမကောင်းဘူးလား ပင်ပန်းနေပြီလား ဖြူဖျော့လို့''
မေးပြီး နဖူးလေးစမ်းတော့
''အင်း နေကောင်းပေမယ့် နည်းနည်းပင်ပန်းနေသလိုပဲ''
''ဟုတ်လား ညက ဘာမှတောင်မဘာလိုက်ရတာကို ဘာလို့အားနည်းနေ''
''ဟင် အဲဒါကြောင့်မဟုတ်ပါဘူး သူများတွေကြားကုန်မယ် ဘာတွေလျှောက်ပြောနေတာလဲ''
''အင်းပါ အဲဆို သူများတွေမကြားအောင်ပြောမယ် လာ''ပြောပြီး ဆိုယွန်းနားနားကပ်ပြီး''ဒီညတော့ စောစောမအိပ်ရဘူးနော်''
''အိပ်မှာပဲ သူအရမ်းကဲ ''ဘာဒါ ဆိုယွန်းကို ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်တော့ ဆိုယွန်းရုန်းမယ်ထင်ပေမယ့် ငြိမ်နေတာမို့ ငုံ့ကြည့်လိုက်တယ်။
''ဘာဒါ ''
''အင်း ''
''ဆိုယွန်းလေ ဘာဒါ့ကို နှစ်တွေအများကြီးချစ်ခဲ့တာ''
''ommm''
''ဒါပေမယ့်လေ အရမ်းပင်ပန်းလာရင် ဆက်ချစ်နိုင်တော့မယ်မထင်ဘူး''
''သြော် မိန်းမရယ် ညစာလေးနေ့တိုင်းကျွေးခိုင်းမိပါတယ် ငြိုငြင်ပြီပေါ့''
(ဟိုကအမှန်အကန်feelနေတာကို နင်ဘာတွေထပြော😂)
ဆိုယွန်း သူ့ရင်ဘက်ကို တချက်ထုလိုက်ပြီး
''စကားအကောင်းပြောနေတာကိုနော်''
''အင်းလေ ကိုယ်လည်းအကောင်းပြောနေတာပဲ ကိုယ်နဲ့နေလို့ပင်ပန်းစရာကိစ္စက အဲဒါပဲရှိတာကို😁😁''
''တော်ပြီ မပြောတော့ဘူး''
''အာ စတာ ဆက်ပြော ဆက်ပြော''

ညနေပြန်ရောက်ကြတော့ Tentနဲ့အိပ်တဲ့သူအိပ် အခန်းတွေထဲ ဝင်အိပ်တဲ့သူအိပ်ပေါ့။
ဆိုယွန်းကတော့ ဘာဒါ့ရင်ခွင်ထဲမှာ ငြိမ်နေရင်း အိပ်မပျော်နိုင်။

နောက်နေ့မနက်ကျ အိုမားက အကုန်လုံးကို ထမင်းစားဖိတ်ထားတာမို့ မနက်လူစုပြီး အိမ်ကိုသွားဖြစ်ကြတယ်။
​အိမ်က နှစ်ထပ်ခွဲနဲ့ ခြံအကျယ်ကြီးမို့လို့ အဖွဲ့သားတွေ စိတ်ကြိုက် ခြံထဲလျှောက်ကြည့်ကြတယ်။
ဆိုယွန်းကတော့ ပန်းဝါသနာအိုးချင်းအတူတူအိုမားနဲ့ပန်းအကြောင်းတွေပြောနေကြတယ်။ ဆိုယွန်းက လူကြီးချစ်တဲ့အပြစ်ကင်းတဲ့ပုံစံလေး။ အဝေးကလှမ်းကြည့်ရင်တောင် အကြ​ည်ဓာတ်လေးတွေ လျှံထွက်နေတာမျိုး။ ဘာဒါ ဆိုယွန်းကို ငေးနေတုန်း ဒါဟျွန်းရောက်လာတယ်။
တကယ်တော့ ဒါဟျွန်း အမေရိကားသွားမှာကို ဘယ်သူမှမသိသေးပါ။ ဘာဒါတစ်ယောက်ပဲ သိတာဖြစ်သလို ဒါဟျွန်းက ဘာဒါ့ကြောင့် အသဲကွဲပြီး ဒီနိုင်ငံမှာမနေတော့ဘူးလို့ပြောတယ်။ ဒီမှာဆက်နေရရင် သူဘာလုပ်မိမယ်မှန်း မသေချာပါဘူးတဲ့။ ဒါဟျွန်းမိဘတွေက သြစတေးလျမှာ။ ပြောရရင် ဒါဟျွန်းက ဘာဒါ့ကိုသဘောကျလွန်းလို့ မိဘတွေနဲ့အတိုက်အခံလုပ် အတူတူလိုက်မသွားပဲ ကိုရီးယားမှာကျန်ခဲ့တာ။ အဲဒါကို အဖွဲ့သားတွေအကုန်လုံးသိကြတယ်။ အခုလိုတွေဖြစ်တော့ ဒါဟျွန်းက ဒီမှာနေရင် ရင်တွေကွဲရလို့ ထွက်သွားမယ်တဲ့။ ဒါပေမယ့် မိဘတွေဆီကိုတော့မသွားနိုင်ဘူး။ မိဘတွေက ဒါဟျွန်းကို ​ခြေချုပ်မိအောင် ယောင်္ကျားပေးစားဖို့ပြောနေကြတာမို့ သြစတေးလျကိုလည်း မသွားချင်။ အမေရိကားမှာကျတော့ ဘာဒါ့သူငယ်ချင်းရှိတာမို့ ဘာဒါက သူငယ်ချင်းနဲ့ခဏနေဖို့ပြောပေးထားတာ။ ဘာပဲပြောပြော ကိုယ့်ညီမလေးလိုလည်းဖြစ် ကိုယ့်ကြောင့်လည်းဖြစ်နေတာမို့ မျက်နှာလွှဲခဲပစ်မလုပ်နိုင်တာတော့အမှန်။ တခြားဘယ်သူမှလည်းမသိတာမို့ အစစအရာရာဘာဒါပဲလိုက်ကူပေးနေရတာ။ ဟိုမှာကျောင်းတက်ဖို့ရော နောက်ပိုင်းနေစရာစီစဥ်ဖို့ရော သူငယ်ချင်းနဲ့ချိတ်ပေး အသွားအလာကိစ္စတွေရော အကုန်လိုက်လုပ်ပေးနေရတဲ့အပြင် ဒါဟျွန်းကလည်း ထွက်သွားတော့မှာမို့ ပစ်ပစ်ခါခါမနေပါနဲ့ဆိုလို့ တခါတလေလည်းအလိုက်အထိုက်နေရသေးတယ်။ ဆိုယွန်းကိုတော့ မပြောရသေးဘူးပေါ့။ တခြားလူတွေလည်းမသိစေချင်တာမို့ သွားပြီးမှပဲပြောမယ်လို့စိတ်ကူးထားတယ်။ ကိုယ့်သူငယ်ချင်းနဲ့ပေးနေမှာဆိုတော့ ဆိုယွန်းသိရင် သဝန်တိုနေမှာစိုးလို့ ခဏတော့ မပြောပဲထားထားရတယ်။ ဒီကြားထဲ ဒါဟျွန်းက ခဏခဏအနားလာပြီး စကားပြောတယ်။ ဟိုသွားမယ့်ကိစ္စတွေလာပြောတာဆိုတော့လည်း ပြန်မပြောလို့မရ။ လူသိမခံချင်တော့ တိုးတိုးနဲ့လူလစ်တဲ့နေရာသွားပြောရနဲ့ မဟုတ်တာလုပ်သလိုခံစားရတဲ့ရက်တွေပေါ့
ဒါဟျွန်းကလည်း ထွက်သွားရတော့မှာမို့ စိတ်ခံစားလွယ်နေတာမို့ လေသံမာမာပြောရင်တောင်ဝမ်းနည်းနေတတ်တယ်။
(နင်အလွန်တတ် သူများလင်ကိုကြိုက်နေပီး😒)
ဆိုယွန်း အိုမားနဲ့စကားပြောနေတုန်း
ဘာဒါ ခြံအနောက်ဘက်ထိလျှောက်လာတော့ ဒါဟျွန်းကပါလိုက်လာတယ်။
''saem အရင်တုန်းက Jejudoကိုလိုက်ပို့မယ်လို့ပြောဖူးတာမှတ်မိလား''
''အင်း မှတ်မိတယ် အခုမှပဲရောက်ကြတော့တယ်နော်''
''ဟုတ်တယ် ဒါပေမယ့် မသွားခင်ပဲဖြစ်ဖြစ် saemနဲ့အတူတူလာလိုက်ရလို့ပျော်တယ်''
''အင်း လူစုံလို့ ပိုပျော်ဖို့ကောင်းသွားတာပါ''
''saem ''
''အင်း''
''တကယ်တော့လေ ဟိုရောက်ရင် saemမရှိပဲနေနိူင်ပါ့မလားလို့တွေးနေမိတယ်''
''နေနိုင်မှာပါ ပြီးတော့ အဲလိုတွေတွေးမနေနဲ့တော့ ဟိုရောက်ရင်စိတ်သစ်လူသစ်နဲ့နေကြားလား''
ပြောပြီး ဒါဟျွန်းခေါင်းကိုပုတ်လိုက်တယ်။
''ကျေးဇူးပါ saem''
ဒါဟျွန်းက ဘာဒါခါးကိုဖက်ပြီး အတင်းရင်ခွင်ထဲဝင်တယ်။ အရင်ကတော့ တပည့်တွေအကုန်လုံးဘာဒါ့ကိုဝိုင်းဖက်နေကျမို့ မထူးဆန်းပေမယ့် အခု ဒါဟျွန်းလာဖက်တော့ စိတ်ထဲ နည်းနည်းတော့ တမျိုးဖြစ်မိတယ်။
ဘာပဲပြောပြော ဒါဟျွန်းထွက်သွားရင် ဒါဟျွန်းအတွက်လည်းအဆင်ပြေသွားပြီး ဆိုယွန်းလည်းသဝန်တိုစရာမရှိတော့ဘူးမလား။ ကိုယ့်ကြောင့်ထွက်သွားရတဲ့ကလေးမို့ အစွမ်းကုန်တော့ကူညီပေးလိုက်ချင်တယ်။

ဆိုယွန်း ဘာဒါကိုလိုက်ရှာတော့ ခြံနောက်ဘက်က ပန်းခြံထဲမှာ ဒါဟျွန်းနဲ့ရပ်စကားပြောနေတာတွေ့ရတယ်။ ဘာတွေပြောနေလဲမကြားရပေမယ့် ဘာဒါက ဒါဟျွန်းခေါင်းလေးကိုပုတ်ပြီး ဘာတွေနှစ်သိမ့်နေမှန်းမသိ။ ဒါဟျွန်းကလည်း သူ့ခါးကိုတင်းနေအောင်ဖက်လိုက်တာမြင်တာနဲ့ ဆိုယွန်းချာခနဲလှည့်ထွက်ခဲ့တယ်။

ခြံထဲမှာ ထိုင်ခုံတွေစီပြီး စားသောက်ဖို့ပြင်နေကြတုန်း အိုမားက ဘာဒါကိုခေါ်တယ်။
''ဘာဒါရေ အိုမားအခန်းထဲခဏလာခဲ့ပါဦး''
''ဟုတ် လာပြီ အိုမား ''
''မင်းအဖေစိတ်တိုနေတယ်နော် သူ့ရှေ့မှာ ရုတ်ရုတ်ရုတ်ရုတ်မလုပ်မိစေနဲ့''ပြောပြီး အိုမားက မျက်စောင်းထိုးတယ်။
''ဘာလို့လဲ လူအရမ်းများသွားလို့လား ကြိုပြောတယ်နော် အိုမားတို့ကို လူများတယ်လို့''
''သြော် အဲဒါမဟုတ်ပါဘူး တခြားဟာ'' လက်ကလည်း လက်မောင်းကိုဖတ်ခနဲရိုက်တယ်
''အာ့ တခြားဟာကဘာမို့လို့လဲ အိုမားကလည်း''
''နေ့လည်က အာပါးအခန်းထဲကမြင်လိုက်တာတဲ့ မင်းတခြားကောင်မလေးနဲ့ဖက်နေတာဆို''
''အာ အိုမားတို့ကလည်း ကလေးတွေက ဒီလိုပဲ လာဖက်နေကျပါ''
''အရင်ကဖက်နေကျဆိုလည်း အခုဆင်ခြင်ကြရမယ်လေကွယ် ရိုးရိုးသားသားရော ဟုတ်လို့လား မင်းဟာက အာပါးပြလို့ အိုမားကြည့်ရသလောက် အဲ့ကလေးမလေးက ဘာဒါ့ကိုစိတ်ဝင်စားနေတာ''
''စိတ်မပူကြပါနဲ့ အဲ့လိုကိစ္စမရှိစေရဘူး အာပါးကိုလည်း စိတ်ချလို့ပြောလိုက်''
''အားပါးက ဆိုယွန်းလည်းမြင်သွားလို့ ပိုစိတ်ဆိုးနေတာ''
''ဆို ဆိုယွန်း မြင်သွားတာလား သေလိုက်ပါတော့''
''အခုမှ နဖူးရိုက်မနေနဲ့
သူများသားသမီးကိုယူထားပြီး တန်ဖိုးမထားဘူးဘာညာနဲ့အေ အာပါးပြောလည်းပြောချင်စရာ
ဆိုယွန်းလေးလည်းသနားပါတယ် ခိုးငိုထားပုံရတယ် မျက်နှာမကောင်းပေမယ့် ဘာမှမပြောဘူး မင်းကိုလည်းမပြောဘူးမလား အဲလိုမနေပါနဲ့ ဘာဒါရယ် အိုမားတောင်းပန်ပါတယ်''
''မနေပါဘူး အိုမားထင်သလိုမဟုတ်ပါဘူး ဆိုယွန်းကိုတော့ ဘာဒါချော့လိုက်ပါ့မယ်''
''မင်းအဖေကတော့ ဒီအလုပ်တွေလုပ်လို့ အပျော်အပါးအရမ်းမက်နေတာ ဒီလိုနေမယ်ဆို companyအလုပ်ပဲလုပ်ခိုင်းမယ်တဲ့နော် ကြပ်ကြပ်သတိထားနေ လူမသိသူမသိလက်ထပ်ထားတာတောင်လွန်လှပြီကွယ် စိတ်ဆင်းရဒအောင်မလုပ်ပါနဲ့''
''အိုမားကလည်း လူတွေကြားရင် ဘာဒါဖောက်ပြန့နေတယ်ထင်နေပါဦးမယ်''
''အမြင်အရတော့ အဲလိုပဲ​လေ
ဟုတ်တာမဟုတ်တာကနောက်မှသိတာ အမြင်မတော်လို့ပြောရတာပေါ့''

ပြောပြီး အိုမားအခန်းက ထွက်လာတော့ နေ့လည်စာအတွက်ပြင်ဆင်ကြတယ်။
ဆိုယွန်းက ဘာမှမပြောပေမယ့် စကားတော့ နည်းနေတယ်။ စိတ်ဆိုးနေပုံလည်းမရတာမို့ ဘယ်ကစချော့ရမှန်းမသိ။ စားတော့လည်း တို့ကနန်း ဆိတ်ကနန်း။ အိုမားက သူ့ချွေးမကို အရိပ်တကြည့်ကြည့်။ အာပါးကတော့ ဘာဒါကို လှည့်တောင်မကြည့်တော့ပါ။

''ဆိုယွန်း သမီးများများစား
သမီးကြိုက်တာလေး ချက်ထားတယ်''
''ဟုတ် အိုမား ဗိုက်မဆာဘူးဖြစ်နေလို့ အိုမားချက်ထားတာကောင်းတယ်နော် ဆိုယွန်းမဆာသေးလို့ မစားနိုင်တာ''
''အင်းပါ အခုစားနိုင်သလောက်စား နောက်ဆာရင်ထပ်စားတာပေါ့''
''ဟုတ်''
''အလုပ်က အဆင်ပြေတယ်မလား''
''ဟုတ် ပြေတယ် အပြင်မှာတစ်ယောက်ထဲလုပ်တာကြာတော့ ရုံးတက်ရတာတမျိုးတော့ဖြစ်တယ် အခုတော့နေသားကျသွားပါပီ''
''အင်းပေါ့ ပင်ပန်းနေတော့မှာပဲ  ရုံးကရော သမီးတို့ကိစ္စသိကြလား''
''ဟုတ် သိကြတယ် ညစာစားပွဲမှာ ဆိုယွန်းမူးပြီးပြောလိုက်မိတာအိုမား''
''ဟင်း ဟင်း ဖြစ်ရမယ် ဘာဒါမှာရော ပြောထားလိုက်တာကောင်းတယ် အိုမားက အစကတည်းက ပွဲကြီးကြီးလုပ်ချင်တာ သမီးတို့ကငြင်းကြတာကိုး''

စကားတပြောပြောနဲ့ထိုင်နေရင်း ဆိုယွန်းခေါင်းမူးသလိုဖြစ်လာတယ်။ အစားလည်းမစားနိုင် ညကလည်း မအိပ်ထားတာကြောင့် လူက အားတင်းပြီး ထိုင်နေရသလိုဖြစ်နေတယ်။
စိတ်အ​ခြေအနေကလည်းမကောင်း။ အဆင်ပြေသလိုဟန်ဆောင်နေရတော့ လးကအ​ခြေအနေပိုဆိုးလာတယ်။ အိမ်ထဲခဏဝင်နားမှဖြစ်မယ်လို့တွေးပြီး ထရပ်လိုက်တယ်။
လှည့်အထွက်မှာ မိုက်ခနဲဖြစ်ပြီး အားလုံးအမှောင်အတိကျသွားတယ်။

''ဟယ် သမီးလေး ဆိုယွန်း ''
''ဆိုယွန်း''
ဘာဒါအပြေးရောက်လာပြီး လဲကျသွားတဲ့ဆိုယွန်းကိုကောက်ချီပြီး အိမ်ထဲဝင်လာခဲ့တယ်။
ဖြူဖျော့နေတဲ့ ဆိုယွန်းခန္ဓာကိုယ်လေးက သူ့လက်ထဲမှာ ပိုးစလေးတစ်စလို ပျော့ပျောင်းခွေခေါက်ပြီး ပါလာတယ်။ စိုးရိမ်နေတဲ့စိတ်တွေနဲ့ အိပ်ယာပေါ်ချပေးလိုက်ရင်း
''အိုမား ဆရာဝန်''
အိုမားက မိသားစုဆရာဝန်ခေါ်ပေးတယ်။
အကုန်လုံးလည်း စိတ်ပူပြီး အိမ်ထဲလိုက်ဝင်လာကြတယ်။
''ရတယ် သားတို့သမီးတို့ နားနေကြနော် အန်တီတို့ဆရာဝန်ခေါ်ထားတယ်''
ဘာဒါ ဆိုယွန်းလက်ဖဝါးသေးသေးလေးကိုဆုတ်ကိုင်ထားမိတယ်။
ဆိုယွန်းမနေ့ကလည်း တနေကုန်ဘာမှမစားတာကို သတိထားမိပေမယ့် ဘာမှလိုက်မပြောဖြစ်။ အားနည်းပြီး ပိုးဟပ်ဖြူလေးလိုဖြစ်နေပေမယ့် ညက အလိုက်မသိပဲ အတင်းအတူနေလိုက်မိသေးတယ်။ သူ့ကိုမငြင်းတဲ့ အကောင်ပေါက်မို့ အသဲယားပြီး ပိုချစ်ရပေမယ့် နေမကောင်းဖြစ်လောက်တဲ့အထိ ပစ်ထားမိသလိုဖြစ်သွားပြီလား။ အိုမားကလည်း တပျစ်တောက်တောက်ပြောနေပြီ။
''နေမကောင်းတာ နည်းနည်းပါးပါးမရိပ်မိဘူးလားဘာဒါရယ် မူးတောင်လဲရတယ်လို့ ''
''ဟို မနေ့ကတော့ အစားသိပ်မစားဘူး  ဟိုရက်ကတော့ အကောင်းပါ''
အာပါးက အခန်းထဲဝင်လာပြီး
''ကိုယ့်မိန်းမကိုလည်း အာရုံစိုက်ဦး လီဘာဒါ
ကျန်တာတော့ အဖေသိပ်မပြောချင်ဘူး ဘာမဆို အသိစိတ်ရှိဖို့လိုတယ် ဘာမှမတွေးပဲ လက်လွတ်စပယ်နေရမယ့်အရွယ်မဟုတ်တော့ဘူး သဘောပေါက်တယ်မလား''
''ဟုတ်''
ဆရာဝန်ရောက်လာတော့ အာပါးကအပြင်ထွက်သွားပေးတယ်။
စမ်းသပ်ပြီးတော့
''လူနာက နှလုံးအားနည်းနေတယ် သွေးပေါင်ကျပြီး နှလုံးခုန်လည်းမမှန်ဘူး စိတ်ညစ်စရာတွေရှိလား''
''မရှိလောက်ပါဘူး ''ဘာဒါပြောတော့ အိုမားက မျက်စောင်းလှမ်းထိုးတယ်။
''အိမ်ထောင်သည်လား''
''ဟုတ်တယ် ဘာလို့လဲဟင်''အိုမားကဝင်မေးတယ်။
''ဒီရက်တွေတော့ နားစေချင်တယ် အိမ်ထောင်ဖက်ဘက်က ဆင်ခြင်ပေးပေါ့
အားနည်းနေတော့လေ အရမ်းလှုပ်ရှားရတာမျိုးခဏလောက်တော့ မလုပ်စေချင်ဘူး ပြီးတော့ စိတ်ညစ်စရာတွေမတွေးစေနဲ့''
''ဟုတ် ဘယ်လောက်နားရမလဲဟင်''ဘာဒါမေးတော့ အိုမားက ပုခုံးကို ဖက်ခနဲရိုက်တယ်။
ဆရာဝန်က ရယ်ရင်း
''၂ရက် ၃ရက်ပါပဲ ''
''အိုမားကလည်း အဲဒါမေးတာမဟုတ်ဘူး အားနည်းနေလို့ လူဘယ်လောက်နားရမလဲမေးတာ ပြန်ရင်ရုံးတက်ရမှာလေ မတက်ခိုင်းပဲနေရမလားသိချင်လို့ဟာကို''
''အေး ပြီးရင် ငါ့ကိုဆန်ပြုတ်ပြုတ်နည်းလှမ်းမေး မသိရင်ခက်မယ်''

ဆရာဝန်ပြန်သွားတော့
ဘာဒါ ဆိုယွန်းဘေးမှာထိုင်စောင့်ရင်း တွေးနေမိတယ်။ ထယ်ဂျွန်းကိစ္စကြောင့်အခုစိတ်ညစ်နေတုန်းပဲအခြေအနေမှာ နေ့လည်က ဒါဟျွန်းနဲ့သူ့ကိုတွေ့သွားလို့ဖြစ်မယ်။ ဟူးးး ဘယ်လိုပြောပြရပါ့။

အဆင်ပြေကြလား ဒါဒါလေးတို့
မနက်ဖြန်မှ နောက်တပိုင်းဆက်မယ်နော်

Zawgyi

တေနကုန္ ေလွ်ာက္လည္ၾကတဲ့အခ်ိန္မွာ ဘာဒါက ဆိုယြန္းအနားကမခြာပါ။
ကေလးဆန္တယ္ေျပာေျပာ ကိုယ့္အနားကပ္ေနေတာ့ ညက ကိစၥေတြေတာင္ေမ့ခ်င္ခ်င္။
ဒါဟြၽန္းလွမ္းၾကည့္တာျမင္တိုင္း ဘာဒါကို ပိုခြၽဲေနမိရင္း ကိုယ့္ကိုကိုယ္ မလုံမလဲျဖစ္ရတယ္။
''ဆိုယြန္း''
''ဟင္''
''ကိုယ့္အတြက္လား polaroid က''
(ေမြးေန႕တုန္းကဝယ္ထားတာေလး ပစၥည္းပုံထဲမွာ ဘာဒါေတြ႕ထားၿပီေလ)
''ommm''
''မယူလာဘူးလား''
''ommm''
''ေမြးေန႕လက္ေဆာင္ကို အဲ့လိုလႊင့္ပစ္လိုက္လို႔လည္းရလား''
''မေပးရေသးဘူးေလ''
''ေအးပါကြာ''
ေျပာရင္း ဆိုယြန္းကို ေနပူေနတာမို႔ ကာၿပီးရပ္လိုက္ရင္း
''ေနမေကာင္းဘူးလား ပင္ပန္းေနၿပီလား ျဖဴေဖ်ာ့လို႔''
ေမးၿပီး နဖူးေလးစမ္းေတာ့
''အင္း ေနေကာင္းေပမယ့္ နည္းနည္းပင္ပန္းေနသလိုပဲ''
''ဟုတ္လား ညက ဘာမွေတာင္မဘာလိုက္ရတာကို ဘာလို႔အားနည္းေန''
''ဟင္ အဲဒါေၾကာင့္မဟုတ္ပါဘူး သူမ်ားေတြၾကားကုန္မယ္ ဘာေတြေလွ်ာက္ေျပာေနတာလဲ''
''အင္းပါ အဲဆို သူမ်ားေတြမၾကားေအာင္ေျပာမယ္ လာ''ေျပာၿပီး ဆိုယြန္းနားနားကပ္ၿပီး''ဒီညေတာ့ ေစာေစာမအိပ္ရဘူးေနာ္''
''အိပ္မွာပဲ သူအရမ္းကဲ ''ဘာဒါ ဆိုယြန္းကို ရင္ခြင္ထဲဆြဲသြင္းပစ္လိုက္ေတာ့ ဆိုယြန္း႐ုန္းမယ္ထင္ေပမယ့္ ၿငိမ္ေနတာမို႔ ငုံ႕ၾကည့္လိုက္တယ္။
''ဘာဒါ ''
''အင္း ''
''ဆိုယြန္းေလ ဘာဒါ့ကို ႏွစ္ေတြအမ်ားႀကီးခ်စ္ခဲ့တာ''
''ommm''
''ဒါေပမယ့္ေလ အရမ္းပင္ပန္းလာရင္ ဆက္ခ်စ္နိုင္ေတာ့မယ္မထင္ဘူး''
''ေၾသာ္ မိန္းမရယ္ ညစာေလးေန႕တိုင္းေကြၽးခိုင္းမိပါတယ္ ၿငိဳျငင္ၿပီေပါ့''
(ဟိုကအမွန္အကန္feelေနတာကို နင္ဘာေတြထေျပာ😂)
ဆိုယြန္း သူ႕ရင္ဘက္ကို တခ်က္ထုလိုက္ၿပီး
''စကားအေကာင္းေျပာေနတာကိုေနာ္''
''အင္းေလ ကိုယ္လည္းအေကာင္းေျပာေနတာပဲ ကိုယ္နဲ႕ေနလို႔ပင္ပန္းစရာကိစၥက အဲဒါပဲရွိတာကို😁😁''
''ေတာ္ၿပီ မေျပာေတာ့ဘူး''
''အာ စတာ ဆက္ေျပာ ဆက္ေျပာ''

ညေနျပန္ေရာက္ၾကေတာ့ Tentနဲ႕အိပ္တဲ့သူအိပ္ အခန္းေတြထဲ ဝင္အိပ္တဲ့သူအိပ္ေပါ့။
ဆိုယြန္းကေတာ့ ဘာဒါ့ရင္ခြင္ထဲမွာ ၿငိမ္ေနရင္း အိပ္မေပ်ာ္နိုင္။

ေနာက္ေန႕မနက္က် အိုမားက အကုန္လုံးကို ထမင္းစားဖိတ္ထားတာမို႔ မနက္လူစုၿပီး အိမ္ကိုသြားျဖစ္ၾကတယ္။
အိမ္က ႏွစ္ထပ္ခြဲနဲ႕ ၿခံအက်ယ္ႀကီးမို႔လို႔ အဖြဲ႕သားေတြ စိတ္ႀကိဳက္ ၿခံထဲေလွ်ာက္ၾကည့္ၾကတယ္။
ဆိုယြန္းကေတာ့ ပန္းဝါသနာအိုးခ်င္းအတူတူအိုမားနဲ႕ပန္းအေၾကာင္းေတြေျပာေနၾကတယ္။ ဆိုယြန္းက လူႀကီးခ်စ္တဲ့အျပစ္ကင္းတဲ့ပုံစံေလး။ အေဝးကလွမ္းၾကည့္ရင္ေတာင္ အၾကည္ဓာတ္ေလးေတြ လွ်ံထြက္ေနတာမ်ိဳး။ ဘာဒါ ဆိုယြန္းကို ေငးေနတုန္း ဒါဟြၽန္းေရာက္လာတယ္။
တကယ္ေတာ့ ဒါဟြၽန္း အေမရိကားသြားမွာကို ဘယ္သူမွမသိေသးပါ။ ဘာဒါတစ္ေယာက္ပဲ သိတာျဖစ္သလို ဒါဟြၽန္းက ဘာဒါ့ေၾကာင့္ အသဲကြဲၿပီး ဒီနိုင္ငံမွာမေနေတာ့ဘူးလို႔ေျပာတယ္။ ဒီမွာဆက္ေနရရင္ သူဘာလုပ္မိမယ္မွန္း မေသခ်ာပါဘူးတဲ့။ ဒါဟြၽန္းမိဘေတြက ၾသစေတးလ်မွာ။ ေျပာရရင္ ဒါဟြၽန္းက ဘာဒါ့ကိုသေဘာက်လြန္းလို႔ မိဘေတြနဲ႕အတိုက္အခံလုပ္ အတူတူလိုက္မသြားပဲ ကိုရီးယားမွာက်န္ခဲ့တာ။ အဲဒါကို အဖြဲ႕သားေတြအကုန္လုံးသိၾကတယ္။ အခုလိုေတြျဖစ္ေတာ့ ဒါဟြၽန္းက ဒီမွာေနရင္ ရင္ေတြကြဲရလို႔ ထြက္သြားမယ္တဲ့။ ဒါေပမယ့္ မိဘေတြဆီကိုေတာ့မသြားနိုင္ဘူး။ မိဘေတြက ဒါဟြၽန္းကို ေျခခ်ဳပ္မိေအာင္ ေယာကၤ်ားေပးစားဖို႔ေျပာေနၾကတာမို႔ ၾသစေတးလ်ကိဳလည္း မသြားခ်င္။ အေမရိကားမွာက်ေတာ့ ဘာဒါ့သူငယ္ခ်င္းရွိတာမို႔ ဘာဒါက သူငယ္ခ်င္းနဲ႕ခဏေနဖို႔ေျပာေပးထားတာ။ ဘာပဲေျပာေျပာ ကိုယ့္ညီမေလးလိုလည္းျဖစ္ ကိုယ့္ေၾကာင့္လည္းျဖစ္ေနတာမို႔ မ်က္ႏွာလႊဲခဲပစ္မလုပ္နိုင္တာေတာ့အမွန္။ တျခားဘယ္သူမွလည္းမသိတာမို႔ အစစအရာရာဘာဒါပဲလိုက္ကူေပးေနရတာ။ ဟိုမွာေက်ာင္းတက္ဖို႔ေရာ ေနာက္ပိုင္းေနစရာစီစဥ္ဖို႔ေရာ သူငယ္ခ်င္းနဲ႕ခ်ိတ္ေပး အသြားအလာကိစၥေတြေရာ အကုန္လိုက္လုပ္ေပးေနရတဲ့အျပင္ ဒါဟြၽန္းကလည္း ထြက္သြားေတာ့မွာမို႔ ပစ္ပစ္ခါခါမေနပါနဲ႕ဆိုလို႔ တခါတေလလည္းအလိုက္အထိုက္ေနရေသးတယ္။ ဆိုယြန္းကိုေတာ့ မေျပာရေသးဘူးေပါ့။ တျခားလူေတြလည္းမသိေစခ်င္တာမို႔ သြားၿပီးမွပဲေျပာမယ္လို႔စိတ္ကူးထားတယ္။ ကိုယ့္သူငယ္ခ်င္းနဲ႕ေပးေနမွာဆိုေတာ့ ဆိုယြန္းသိရင္ သဝန္တိုေနမွာစိုးလို႔ ခဏေတာ့ မေျပာပဲထားထားရတယ္။ ဒီၾကားထဲ ဒါဟြၽန္းက ခဏခဏအနားလာၿပီး စကားေျပာတယ္။ ဟိုသြားမယ့္ကိစၥေတြလာေျပာတာဆိုေတာ့လည္း ျပန္မေျပာလို႔မရ။ လူသိမခံခ်င္ေတာ့ တိုးတိုးနဲ႕လူလစ္တဲ့ေနရာသြားေျပာရနဲ႕ မဟုတ္တာလုပ္သလိုခံစားရတဲ့ရက္ေတြေပါ့
ဒါဟြၽန္းကလည္း ထြက္သြားရေတာ့မွာမို႔ စိတ္ခံစားလြယ္ေနတာမို႔ ေလသံမာမာေျပာရင္ေတာင္ဝမ္းနည္းေနတတ္တယ္။
(နင္အလြန္တတ္ သူမ်ားလင္ကိုႀကိဳက္ေနပီး😒)
ဆိုယြန္း အိုမားနဲ႕စကားေျပာေနတုန္း
ဘာဒါ ၿခံအေနာက္ဘက္ထိေလွ်ာက္လာေတာ့ ဒါဟြၽန္းကပါလိုက္လာတယ္။
''saem အရင္တုန္းက Jejudoကိုလိုက္ပို႔မယ္လို႔ေျပာဖူးတာမွတ္မိလား''
''အင္း မွတ္မိတယ္ အခုမွပဲေရာက္ၾကေတာ့တယ္ေနာ္''
''ဟုတ္တယ္ ဒါေပမယ့္ မသြားခင္ပဲျဖစ္ျဖစ္ saemနဲ႕အတူတူလာလိုက္ရလို႔ေပ်ာ္တယ္''
''အင္း လူစုံလို႔ ပိုေပ်ာ္ဖို႔ေကာင္းသြားတာပါ''
''saem ''
''အင္း''
''တကယ္ေတာ့ေလ ဟိုေရာက္ရင္ saemမရွိပဲေနနိူင္ပါ့မလားလို႔ေတြးေနမိတယ္''
''ေနနိုင္မွာပါ ၿပီးေတာ့ အဲလိုေတြေတြးမေနနဲ႕ေတာ့ ဟိုေရာက္ရင္စိတ္သစ္လူသစ္နဲ႕ေနၾကားလား''
ေျပာၿပီး ဒါဟြၽန္းေခါင္းကိုပုတ္လိုက္တယ္။
''ေက်းဇူးပါ saem''
ဒါဟြၽန္းက ဘာဒါခါးကိုဖက္ၿပီး အတင္းရင္ခြင္ထဲဝင္တယ္။ အရင္ကေတာ့ တပည့္ေတြအကုန္လုံးဘာဒါ့ကိုဝိုင္းဖက္ေနက်မိဳ႕ မထူးဆန္းေပမယ့္ အခု ဒါဟြၽန္းလာဖက္ေတာ့ စိတ္ထဲ နည္းနည္းေတာ့ တမ်ိဳးျဖစ္မိတယ္။
ဘာပဲေျပာေျပာ ဒါဟြၽန္းထြက္သြားရင္ ဒါဟြၽန္းအတြက္လည္းအဆင္ေျပသြားၿပီး ဆိုယြန္းလည္းသဝန္တိုစရာမရွိေတာ့ဘူးမလား။ ကိုယ့္ေၾကာင့္ထြက္သြားရတဲ့ကေလးမို႔ အစြမ္းကုန္ေတာ့ကူညီေပးလိုက္ခ်င္တယ္။

ဆိုယြန္း ဘာဒါကိုလိုက္ရွာေတာ့ ၿခံေနာက္ဘက္က ပန္းၿခံထဲမွာ ဒါဟြၽန္းနဲ႕ရပ္စကားေျပာေနတာေတြ႕ရတယ္။ ဘာေတြေျပာေနလဲမၾကားရေပမယ့္ ဘာဒါက ဒါဟြၽန္းေခါင္းေလးကိုပုတ္ၿပီး ဘာေတြႏွစ္သိမ့္ေနမွန္းမသိ။ ဒါဟြၽန္းကလည္း သူ႕ခါးကိုတင္းေနေအာင္ဖက္လိုက္တာျမင္တာနဲ႕ ဆိုယြန္းခ်ာခနဲလွည့္ထြက္ခဲ့တယ္။

ၿခံထဲမွာ ထိုင္ခုံေတြစီၿပီး စားေသာက္ဖို႔ျပင္ေနၾကတုန္း အိုမားက ဘာဒါကိုေခၚတယ္။
''ဘာဒါေရ အိုမားအခန္းထဲခဏလာခဲ့ပါဦး''
''ဟုတ္ လာၿပီ အိုမား ''
''မင္းအေဖစိတ္တိုေနတယ္ေနာ္ သူ႕ေရွ႕မွာ ႐ုတ္႐ုတ္႐ုတ္႐ုတ္မလုပ္မိေစနဲ႕''ေျပာၿပီး အိုမားက မ်က္ေစာင္းထိုးတယ္။
''ဘာလို႔လဲ လူအရမ္းမ်ားသြားလို႔လား ႀကိဳေျပာတယ္ေနာ္ အိုမားတို႔ကို လူမ်ားတယ္လို႔''
''ေၾသာ္ အဲဒါမဟုတ္ပါဘူး တျခားဟာ'' လက္ကလည္း လက္ေမာင္းကိုဖတ္ခနဲရိုက္တယ္
''အာ့ တျခားဟာကဘာမို႔လို႔လဲ အိုမားကလည္း''
''ေန႕လည္က အာပါးအခန္းထဲကျမင္လိုက္တာတဲ့ မင္းတျခားေကာင္မေလးနဲ႕ဖက္ေနတာဆို''
''အာ အိုမားတို႔ကလည္း ကေလးေတြက ဒီလိုပဲ လာဖက္ေနက်ပါ''
''အရင္ကဖက္ေနက်ဆိဳလည္း အခုဆင္ျခင္ၾကရမယ္ေလကြယ္ ရိုးရိုးသားသားေရာ ဟုတ္လို႔လား မင္းဟာက အာပါးျပလို႔ အိုမားၾကည့္ရသေလာက္ အဲ့ကေလးမေလးက ဘာဒါ့ကိုစိတ္ဝင္စားေနတာ''
''စိတ္မပူၾကပါနဲ႕ အဲ့လိုကိစၥမရွိေစရဘူး အာပါးကိုလည္း စိတ္ခ်လိဳ႕ေျပာလိုက္''
''အားပါးက ဆိုယြန္းလည္းျမင္သြားလို႔ ပိုစိတ္ဆိုးေနတာ''
''ဆို ဆိုယြန္း ျမင္သြားတာလား ေသလိုက္ပါေတာ့''
''အခုမွ နဖူးရိုက္မေနနဲ႕
သူမ်ားသားသမီးကိုယူထားၿပီး တန္ဖိုးမထားဘူးဘာညာနဲ႕ေအ အာပါးေျပာလည္းေျပာခ်င္စရာ
ဆိုယြန္းေလးလည္းသနားပါတယ္ ခိုးငိုထားပုံရတယ္ မ်က္ႏွာမေကာင္းေပမယ့္ ဘာမွမေျပာဘူး မင္းကိုလည္းမေျပာဘူးမလား အဲလိုမေနပါနဲ႕ ဘာဒါရယ္ အိုမားေတာင္းပန္ပါတယ္''
''မေနပါဘူး အိုမားထင္သလိုမဟုတ္ပါဘူး ဆိုယြန္းကိုေတာ့ ဘာဒါေခ်ာ့လိုက္ပါ့မယ္''
''မင္းအေဖကေတာ့ ဒီအလုပ္ေတြလုပ္လို႔ အေပ်ာ္အပါးအရမ္းမက္ေနတာ ဒီလိုေနမယ္ဆို companyအလုပ္ပဲလုပ္ခိုင္းမယ္တဲ့ေနာ္ ၾကပ္ၾကပ္သတိထားေန လူမသိသူမသိလက္ထပ္ထားတာေတာင္လြန္လွၿပီကြယ္ စိတ္ဆင္းရဒေအာင္မလုပ္ပါနဲ႕''
''အိုမားကလည္း လူေတြၾကားရင္ ဘာဒါေဖာက္ျပန႕ေနတယ္ထင္ေနပါဦးမယ္''
''အျမင္အရေတာ့ အဲလိုပဲေလ
ဟုတ္တာမဟုတ္တာကေနာက္မွသိတာ အျမင္မေတာ္လို႔ေျပာရတာေပါ့''

ေျပာၿပီး အိုမားအခန္းက ထြက္လာေတာ့ ေန႕လည္စာအတြက္ျပင္ဆင္ၾကတယ္။
ဆိုယြန္းက ဘာမွမေျပာေပမယ့္ စကားေတာ့ နည္းေနတယ္။ စိတ္ဆိုးေနပုံလည္းမရတာမို႔ ဘယ္ကစေခ်ာ့ရမွန္းမသိ။ စားေတာ့လည္း တို႔ကနန္း ဆိတ္ကနန္း။ အိုမားက သူ႕ေခြၽးမကို အရိပ္တၾကည့္ၾကည့္။ အာပါးကေတာ့ ဘာဒါကို လွည့္ေတာင္မၾကည့္ေတာ့ပါ။

''ဆိုယြန္း သမီးမ်ားမ်ားစား
သမီးႀကိဳက္တာေလး ခ်က္ထားတယ္''
''ဟုတ္ အိုမား ဗိုက္မဆာဘူးျဖစ္ေနလို႔ အိုမားခ်က္ထားတာေကာင္းတယ္ေနာ္ ဆိုယြန္းမဆာေသးလို႔ မစားနိုင္တာ''
''အင္းပါ အခုစားနိုင္သေလာက္စား ေနာက္ဆာရင္ထပ္စားတာေပါ့''
''ဟုတ္''
''အလုပ္က အဆင္ေျပတယ္မလား''
''ဟုတ္ ေျပတယ္ အျပင္မွာတစ္ေယာက္ထဲလုပ္တာၾကာေတာ့ ႐ုံးတက္ရတာတမ်ိဳးေတာ့ျဖစ္တယ္ အခုေတာ့ေနသားက်သြားပါပီ''
''အင္းေပါ့ ပင္ပန္းေနေတာ့မွာပဲ ႐ုံးကေရာ သမီးတို႔ကိစၥသိၾကလား''
''ဟုတ္ သိၾကတယ္ ညစာစားပြဲမွာ ဆိုယြန္းမူးၿပီးေျပာလိုက္မိတာအိုမား''
''ဟင္း ဟင္း ျဖစ္ရမယ္ ဘာဒါမွာေရာ ေျပာထားလိုက္တာေကာင္းတယ္ အိုမားက အစကတည္းက ပြဲႀကီးႀကီးလုပ္ခ်င္တာ သမီးတို႔ကျငင္းၾကတာကိုး''

စကားတေျပာေျပာနဲ႕ထိုင္ေနရင္း ဆိုယြန္းေခါင္းမူးသလိုျဖစ္လာတယ္။ အစားလည္းမစားနိုင္ ညကလည္း မအိပ္ထားတာေၾကာင့္ လူက အားတင္းၿပီး ထိုင္ေနရသလိုျဖစ္ေနတယ္။
စိတ္အေျခအေနကလည္းမေကာင္း။ အဆင္ေျပသလိုဟန္ေဆာင္ေနရေတာ့ လးကအေျခအေနပိုဆိုးလာတယ္။ အိမ္ထဲခဏဝင္နားမွျဖစ္မယ္လို႔ေတြးၿပီး ထရပ္လိုက္တယ္။
လွည့္အထြက္မွာ မိုက္ခနဲျဖစ္ၿပီး အားလုံးအေမွာင္အတိက်သြားတယ္။

''ဟယ္ သမီးေလး ဆိုယြန္း ''
''ဆိုယြန္း''
ဘာဒါအေျပးေရာက္လာၿပီး လဲက်သြားတဲ့ဆိုယြန္းကိုေကာက္ခ်ီၿပီး အိမ္ထဲဝင္လာခဲ့တယ္။
ျဖဴေဖ်ာ့ေနတဲ့ ဆိုယြန္းခႏၶာကိုယ္ေလးက သူ႕လက္ထဲမွာ ပိုးစေလးတစ္စလို ေပ်ာ့ေပ်ာင္းေခြေခါက္ၿပီး ပါလာတယ္။ စိုးရိမ္ေနတဲ့စိတ္ေတြနဲ႕ အိပ္ယာေပၚခ်ေပးလိုက္ရင္း
''အိုမား ဆရာဝန္''
အိုမားက မိသားစုဆရာဝန္ေခၚေပးတယ္။
အကုန္လုံးလည္း စိတ္ပူၿပီး အိမ္ထဲလိုက္ဝင္လာၾကတယ္။
''ရတယ္ သားတို႔သမီးတို႔ နားေနၾကေနာ္ အန္တီတို႔ဆရာဝန္ေခၚထားတယ္''
ဘာဒါ ဆိုယြန္းလက္ဖဝါးေသးေသးေလးကိုဆုတ္ကိုင္ထားမိတယ္။
ဆိုယြန္းမေန႕ကလည္း တေနကုန္ဘာမွမစားတာကို သတိထားမိေပမယ့္ ဘာမွလိုက္မေျပာျဖစ္။ အားနည္းၿပီး ပိုးဟပ္ျဖဴေလးလိုျဖစ္ေနေပမယ့္ ညက အလိုက္မသိပဲ အတင္းအတူေနလိုက္မိေသးတယ္။ သူ႕ကိုမျငင္းတဲ့ အေကာင္ေပါက္မို႔ အသဲယားၿပီး ပိုခ်စ္ရေပမယ့္ ေနမေကာင္းျဖစ္ေလာက္တဲ့အထိ ပစ္ထားမိသလိုျဖစ္သြားၿပီလား။ အိုမားကလည္း တပ်စ္ေတာက္ေတာက္ေျပာေနၿပီ။
''ေနမေကာင္းတာ နည္းနည္းပါးပါးမရိပ္မိဘူးလားဘာဒါရယ္ မူးေတာင္လဲရတယ္လို႔ ''
''ဟို မေန႕ကေတာ့ အစားသိပ္မစားဘူး ဟိုရက္ကေတာ့ အေကာင္းပါ''
အာပါးက အခန္းထဲဝင္လာၿပီး
''ကိုယ့္မိန္းမကိုလည္း အာ႐ုံစိုက္ဦး လီဘာဒါ
က်န္တာေတာ့ အေဖသိပ္မေျပာခ်င္ဘူး ဘာမဆို အသိစိတ္ရွိဖို႔လိုတယ္ ဘာမွမေတြးပဲ လက္လြတ္စပယ္ေနရမယ့္အ႐ြယ္မဟုတ္ေတာ့ဘူး သေဘာေပါက္တယ္မလား''
''ဟုတ္''
ဆရာဝန္ေရာက္လာေတာ့ အာပါးကအျပင္ထြက္သြားေပးတယ္။
စမ္းသပ္ၿပီးေတာ့
''လူနာက ႏွလုံးအားနည္းေနတယ္ ေသြးေပါင္က်ၿပီး ႏွလုံးခုန္လည္းမမွန္ဘူး စိတ္ညစ္စရာေတြရွိလား''
''မရွိေလာက္ပါဘူး ''ဘာဒါေျပာေတာ့ အိုမားက မ်က္ေစာင္းလွမ္းထိုးတယ္။
''အိမ္ေထာင္သည္လား''
''ဟုတ္တယ္ ဘာလို႔လဲဟင္''အိုမားကဝင္ေမးတယ္။
''ဒီရက္ေတြေတာ့ နားေစခ်င္တယ္ အိမ္ေထာင္ဖက္ဘက္က ဆင္ျခင္ေပးေပါ့
အားနည္းေနေတာ့ေလ အရမ္းလႈပ္ရွားရတာမ်ိဳးခဏေလာက္ေတာ့ မလုပ္ေစခ်င္ဘူး ၿပီးေတာ့ စိတ္ညစ္စရာေတြမေတြးေစနဲ႕''
''ဟုတ္ ဘယ္ေလာက္နားရမလဲဟင္''ဘာဒါေမးေတာ့ အိုမားက ပုခုံးကို ဖက္ခနဲရိုက္တယ္။
ဆရာဝန္က ရယ္ရင္း
''၂ရက္ ၃ရက္ပါပဲ ''
''အိုမားကလည္း အဲဒါေမးတာမဟုတ္ဘူး အားနည္းေနလို႔ လူဘယ္ေလာက္နားရမလဲေမးတာ ျပန္ရင္႐ုံးတက္ရမွာေလ မတက္ခိုင္းပဲေနရမလားသိခ်င္လို႔ဟာကို''
''ေအး ၿပီးရင္ ငါ့ကိုဆန္ျပဳတ္ျပဳတ္နည္းလွမ္းေမး မသိရင္ခက္မယ္''

ဆရာဝန္ျပန္သြားေတာ့
ဘာဒါ ဆိုယြန္းေဘးမွာထိုင္ေစာင့္ရင္း ေတြးေနမိတယ္။ ထယ္ဂြၽန္းကိစၥေၾကာင့္အခုစိတ္ညစ္ေနတုန္းပဲအေျခအေနမွာ ေန႕လည္က ဒါဟြၽန္းနဲ႕သူ႕ကိုေတြ႕သြားလို႔ျဖစ္မယ္။ ဟူးးး ဘယ္လိုေျပာျပရပါ့။

အဆင္ေျပၾကလား ဒါဒါေလးတို႔
မနက္ျဖန္မွ ေနာက္တပိုင္းဆက္မယ္ေနာ္

Continuer la Lecture

Vous Aimerez Aussi

5.5M 166K 32
They had it all. The cars, money, girls, the houses. But the one thing money can't buy them, they can't get. Happiness. Here's the prestigious Gold...
2.3K 204 28
আসসালামুয়ালায়কুম আরেকটা বাংলা তেইকুক ফফ নিয়ে আমি হাজির । এটা অনেক আগের একটা আইডিয়া আমার। এটা ভালো লাগবে কিনা নিশ্চিত না কিন্তু মন্দ হবেনা। আর যেহুত...
9.7M 455K 34
Kara Hawthorne refuses to fall in love until the brooding Cameron crashes into her life. He burns for her like no other. But the past doesn't forget...