My beloved school president (...

By 95blackcoffee95

9.3K 1K 101

ကျွန်တော်ချစ်ရတဲ့ကျောင်းသားဥက္ကဌလေး More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၉)
အပိုင်း (၁၀)
final (Unicode)
Final (Zawgyi)

အပိုင်း (၈)

651 81 16
By 95blackcoffee95

Unicode
ဒီလိုနဲ့ ဟာအိုတို့သုံးယောက်ကနေ့ရက်တိုင်းအတူတူရှိခဲ့ကြသည်။အဲ့နေ့နောက်ပိုင်း ဟန်ဘင်းနဲ့ ဂျီအွန်းက ဟာအိုကိုနေရခက်အောင်မလုပ်ကြပဲ သုံးယောက်သား သူငယ်ချင်းကောင်းလိုပုံစံမျိုးနဲ့ ရှိနေခဲ့ကြသည်။ ဟန်ဘင်းကလည်း
ဟာအိုကိုအဖြေမတောင်းသလို၊ ဂျီအွန်းကလည်း
ဟာအိုကိုသဘောကျကြောင်းမပြောဖြစ်ပါ။
ဟန်ဘင်းတို့တူဝရီးနှစ်ယောက်လုံး ဟာအိုရဲ့အချစ်ကို
ပိုင်ဆိုင်ရဖို့ဆိုတာထက် ဟာအိုပျော်ရွှင်နေဖို့သာဂရုစိုက်
ကြတာမို့ ဟာအိုရဲ့မျက်နှာကတစ်နေ့ထက်တစ်နေ့ပိုပြီး
ကြည်လင်လာတော့သည်။

ကျောင်းရဲ့နာမည်ကြီးနှစ်ယောက်က ဟာအိုကိုအရမ်းဂရုစိုက်ကြလို့ အားကျသူတွေများသော်လည်း မနာလိုတဲ့သူတွေ
ကလည်းအများကြီးရှိနေဆဲပင် ။ ထိုမနာလိုသူတွေ
ဟာအိုကို ရန်မရှာရဲသည့် အကြောင်းအရင်းကတော့
ဟာအိုဘေးမှာရှိတဲ့လူနှစ်ယောက်လုံးက လက်သံပြောင်လို့ပင်။ဟာအိုကိုထိဓားကြည့်ဆိုသလို ကျန်းဟာအိုကိုရန်ရှာရဲသည့်မည့်သည့်ယောကျာ်းမိန်းမမဆို မှင်နီတားပြီးကျောင်းနားခံလိုက်ရသည်ပင် ။ ကျောင်းနားမခံရခင် ဟန်ဘင်းတို့တူဝရီးနှစ်ယောက်၏ ပညာပေးခြင်းကိုလည်းခံရသေးသည်။

တစ်ခါက ဟာအိုကန်တင်းတွင်ထမင်းထည့်ပြီးစားပွဲကိုအလာ
ဟာအိုကိုခြေထိုးခံလိုက်တဲ့ကျောင်းသားတစ်ယောက်က
နောက်တစ်နေ့တွင် သူ့ပါသူဟာအိုကိုပြန်လာတောင်းပန်ပြီး
ကျောင်းပြောင်းသွားသည်ပင် ။ တစ်ချို့လူတွေရဲ့ပြောပုံအရဆိုထိုကျောင်းသား၏ အံသွားများအနှုတ်ခံလိုက်ရလို့
ကြောက်လန့်ပြီးကျောင်းထွက်သွားသည် ဟူ၍ပင်။

ဟန်ဘင်းတို့ကျောင်းသည် နာမည်ကြီးအထက်တန်းကျောင်း
တစ်ကျောင်းဖြစ်သည့်အလျောက် ဟန်ဘင်းတို့ကျောင်းမှ
အထက်တန်းအောင်သွားသူတို့သည် ကိုယ်လိုချင်တဲ့
တက္ကသိုလ်ကို အားလုံးနီးပါးတက်ရောက်ခွင့်ရကြသည်။
ထို့ကြောင့် မိဘများက သူတို့ရဲ့ကလေးတွေကို သူ့ထက်ငါ
ဦးအောင်ကျောင်းအပ်နှံတက်ကြပြီး စည်းကမ်းကြီးတဲ့
ကျောင်းသားဥက္ကဌကြောင့်လည်း ကျောင်းသားကျောင်းသူများလိမ္မာရေးခြားရှိကြသည်ဟူ၍နာမည်ကြီးကြသည်။
တခြားကျောင်းမှပြောင်းလာသောဆိုးပေကြသည့်ကျောင်းသားများသည်ပင် ထူးခြားစွာလိမ္မာကုန်ကြ၍ ဟန်ဘင်းတို့ကျောင်းသည်မိဘများကြားတွင် ရေပန်းတော်တော်စားသည်ပင်။

"ရန်ဖြစ်လာပြန်ပြီလား "

"အင်း နည်းနည်း "
ပြောရင်းနဲ့ ဟန်ဘင်းက သွားဖြဲပြလိုက်လေသည်။

"မင်းသူများသားသမီးတွေကိုဒီလိုလုပ်နေတာ သူတို့မိဘတွေကဘာမှမပြောကြဘူးလား "

"ဟင့်အင်း သူတို့ကလေးတွေကိုလိမ္မာအောင်လုပ်ပေးပါဆိုပြီး
သူတို့ကိုယ်တိုင်လာအပ်သွားတာလေ ၊ဟျောင်းမသိသေးဘူးလားကျွန်တော်တို့တစ်ကျောင်းလုံးက အဆိုးဆုံးကျောင်းသားတွေစုနေကြတာကို "

"ဟမ် "

"ဒါပေမယ့် အခုတော့လိမ္မာကုန်ပြီလေ လူတိုင်းမှာ သူတို့ဆိုးရတဲ့အကြောင်းပြချက်ကိုယ်စီရှိကြတယ်လေ တချို့က
မိသားစုနဲ့အဆင်မပြေလို့ ၊ တချို့က ငွေးကြေးကြောင့် ၊
တချို့က သူတို့ရခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် အများကြီး
ထပ်ရှိသေးတယ် အဲ့တာတွေအားလုံးကိုကျွန်တော်တို့ကျောင်းကသေချာကိုင်တွယ်နိုင်တယ် ကျွန်တော်တို့ခန့်ထားတဲ့ဆရာတွေကစိတ်ပညာကိုနားလည်ကြတဲ့သူတွေလေ စိတ်ပညာနည်းလမ်းတွေနဲ့ကိုင်တွယ်မရတဲ့သူတွေကိုကျွန်တော်ကကိုင်တွယ်တယ်
ဟဲဟဲ "

မျက်နှာမှာထိလာတာတောင် တဟဲဟဲလုပ်နိုင်သေးတဲ့
ဟန်ဘင်းကိုကြည့်ပြီး ဟာအို ကြပ်ထုပ်ကိုမျက်နှာပေါ်
ကပ်ထည့်လိုက်တော့ ပူတယ်ဆိုပြီး ထအော်တော့သည်။

"အော်မနေနဲ့ နားငြီးတယ်ဟေ့ကောင် "
ဂျီအွန်းက ဝင်ပြောတော့ ဟန်ဘင်းရဲ့မျက်စောင်းက ဒိုင်းကနဲရောက်သွားတော့သည်။

"ဟျောင်းဦးငယ် အလှည့်ကျရင် ကျွန်တော်လုပ်ပေးလိုက်မယ်ပါးစပ်ပိတ်နေနိုင်မလားကြည့်ကြသေးတာပေါ့ "

"ငါကရော ငါ့မျက်နှာကိုမင်းကိုင်တာခံမယ်များထင်နေလား?"

"နှစ်ယောက်လုံးတော်ကြတော့ "

ဟာအိုအော်လိုက်မှပဲနှစ်ယောက်လုံးတိတ်သွားတော့သည်။

"တော်ပြီး ကိုယ့်ပါကိုယ်လုပ်ကြတော့ စာပဲသွားလုပ်တော့မယ်တကတည်းမှပဲ ရန်ဖြစ်တဲ့အချိန်လိုပဲ ကျန်တဲ့အချိန်တွေလည်းတည့်အောင်နေကြပါလား ၊ ဦးဖြစ်သူကလည်း
ကိုယ့်တူကိုယ်ထိန်းမယ်မရှိဘူး သူကပါဝင်ပြီးကူလိုက်သေးတယ်"

ဟာအိုက ပွစိပွစိနဲ့ရွတ်ပြီး ကြပ်ထုပ်ထိုးတဲ့အထုပ်လေးတွေကို
စားပွဲပေါ်တင်ကာ အခန်းထဲဝင်သွားမှပဲနှစ်ယောက်လုံးငြိမ်သွားပြီး အထုပ်လေးတွေကိုယ်စီကိုင်ကာ ကိုယ့်မျက်နှာကို
ကိုယ်တိုင်ကြပ်ထုပ်ထိုးနေကြတော့သည်။

ဟာအိုစိတ်ဆိုးသွားမှန်းသိလို့ ပါးစပ်တွေပိတ်သွားကြပေမယ့်
အကြည့်နဲ့ ရန်ဖြစ်နေဦးမယ်ဆိုတာ ပြေးကြည့်စရာပင်မလိုပေ။

သူတို့သုံးယောက်နားလည်မှုတွေရသွားပြီးတဲ့နောက်
ဟာအိုရဲ့အခန်းလေးမှာပဲ စုပုံပြီးနေဖြစ်ကြသည်။
ဟန်ဘင်းကတော့ နဂိုကတည်းက နေနေတဲ့လူဖြစ်ပေမယ့်
ဂျီအွန်းကတော့ နှစ်လလောက်နောက်ကျမှရောက်လာတာ
ကြောင့် စာတွေလိုက်မမှီဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပင်။
အခုဆို ဟာအိုရဲ့အခန်းလေးမှာစုနေနေကြတာ စာသင်နှစ်
တစ်ဝက်တောင်ကျော်ခဲ့ပြီဖြစ်သည် ။

မတည့်အတူနေတူဝရီးနှစ်ယောက်ကတော့ အမြဲတမ်းတကျက်ကျက်ရန်ဖြစ်နေတတ်ပေမယ့်သူ့တူရန်ဖြစ်တဲ့အခါတွေမှာတော့ သူပါဝင်ပါလေ့ရှိသည် ။ ဟာအိုကသာ ရန်ဖြစ်တယ်လို့သုံးနှုန်းနေပေမယ့် ကျောင်းသားဥက္ကကြီးကတော့
ထုံးစံအတိုင်း ဆုံးမတယ်ဆိုတဲ့စကားကိုသုံးနေဆဲပင်။
အရင်ကတော့ ဟန်ဘင်းတစ်ယောက်တည်းအားနဲ့ဖြစ်ပေမယ့်
အခုတော့ ဂျီအွန်းကပါ ကြုံရင်ကြုံသလိုဝင်ကူတတ်တာမို့
ဟာအိုတို့ကျောင်းတွင် ကျောင်းဥက္ကဌကနှစ်ယောက်
ရှိနေသလိုပင် ။ဟန်ဘင်းတို့နှစ်ယောက်လုံးက
တိုက်ရည်ခိုက်ရည်ကောင်းတာမို့ တော်ရုံဆိုဒဏ်ရာမရပေမယ့်
အခုက တစ်ဖက်အဖွဲ့က အပြင်လူတွေကိုပါခေါ်ပြီး
အလစ်ဝင်ရိုက်တာကြောင့် နှစ်ယောက်လုံးခံလာရတာဖြစ်သည်။

ဘာလိိုလိုနဲ့ စာသင်နှစ်တစ်ဝက်ကျော်လာတာမို့လို့
ဒီကျောင်းပြီးရင် သူတို့သုံးယောက်လုံးတစ်ယောက်တစ်လမ်းသွားရမှာပင်။ဟာအိုက ကျောင်းပြီးရင် တက္ကသိုလ်ဆက်တက်မှာဖြစ်ပြီး ၊ ဂျီအွန်းကတော့ လက်ရွေးစင်အသင်းကိုပြန်သွားမှာဖြစ်ပြီး
ဟန်ဘင်းကတော့ အထက်တန်းနောက်ဆုံးနှစ်ကိုဆက်တက်
မှာဖြစ်သည်။

သူတို့နှစ်ယောက်လုံးနဲ့အတူတူနေလာရင်း ဟာအိုသိလိုက်ရတာတစ်ခုက ဟန်ဘင်းတို့တူဝရီးနှစ်ယောက်လုံး ဟာအိုကို
သဘောကျနေသည်ဆိုတာပင် ။ အချိန်ကြာရင် ဟန်ဘင်းက
ချစ်သူတွေ့သွားလိမ့်မည်ဟုတွေးထားပေမယ့် အခုချိန်ထိ
ဟာအိုအပေါ်မပြောင်းမလဲပင်၊ ပြီးတော့ဂျီအွန်းသည်လည်း
ဟာအိုအပေါ် ဟာအိုထင်နေသလိုရိုးရိုးသဘောကျတာမျိုး
မဟုတ်တာကိုရိပ်မိခဲ့သည် ။ဒါပေမယ့် ဟာအိုကို
နေရခက်အောင်မလုပ်တာမို့
ဂျီအွန်းရဲ့စိတ်ကို မသိချင်ယောင်ဆောင်ထားလိုက်သည်။

စာကျက်ချင်စိတ်လည်းမရှိတာမို့ ဟာအို ခုတင်ပေါ်တက်ပြီး
မျက်စိမှိတ်ကာ မှေးနေချိန် အခန်းထဲဝင်လာတဲ့ခြေသံလေးတွေကြားရတာမို့ နှစ်ယောက်လုံးအခန်းထဲဝင်လာကာ
သူတို့လုပ်နေကျဖြစ်တဲ့အလုပ်တွေကိုထုံးစံအတိုင်း
လုပ်သွားတော့သည်။

ခွေခေါက်ပြီးအိပ်နေကျ ဟာအိုကို ဟန်ဘင်းကအနေအထားမှန်အောင်ပြင်ပေးပြီး စောင်ခြုံပေးကာ အိပ်မက်လှလှမက်ပါစေလို့ပြောတဲ့အချိန် ၊ ဂျီအွန်းကတော့ အခန်းတံခါးတွေပိတ်ကာအဲကွန်းလေကိုလျှော့ပေးလိမ့်မည် ။ထိုနောက် စာကြည့်မီးရယ်၊
အခန်းမီးရယ်ကိုပိတ်ပြီး နှစ်ယောက်သားအတူတူထွက်သွား
ကာ ဆိုဖာပေါ်တွင် အသီးသီးနေရာယူကြလိမ့်မည်။

ပြီးတော့တစ်ခုရှိသေးသည် အားလုံးအိပ်ကြပြီး တစ်နာရီလောက်ကြာရင် ဟာအိုအခန်းထဲကို အနမ်းသူခိုးတစ်ယောက်
ဝင်လာကာ ဟာအိုမျက်နှာတစ်ပြင်လုံးအပေါ် အနမ်းဖွဖွခြွေကာအပြင်ကို ပြန်ထွက်သွားလိမ့်မည်ဖြစ်ပြီး ၊
သန်းခေါင်ယံအချိန်တွင် ထပ်ဝင်လာတဲ့သူကတော့
နဖူးပေါ်တွင်သာ အနမ်းဖွဖွလေးပေးကာ ပြန်ထွက်သွားမည်
ဖြစ်သည်။ထိုအခြင်းအရာတွေသည် ဟာအိုနေ့စဥ်ဖြတ်သန်း
နေကျအဖြစ်အပျက်များပင်။

TBC~~~~~

Zawgyi

ဒီလိုနဲ႔ ဟာအိုတို႔သံုးေယာက္ကေန့ရက္တိုင္းအတူတူရိွခဲ့ၾကသည္။
အဲ့ေန့ေနာက္ပိုင္း ဟန္ဘင္းနဲ႔ ဂ်ီအြန္းက ဟာအိုကိုေနရခက္ေအာင္
မလုပ္ၾကပဲ သံုးေယာက္သား သူငယ္ခ်င္းေကာင္းလို
ပံုစံမ်ိဳးနဲ႔ ရိွေနခဲ့ၾကသည္။ ဟန္ဘင္းကလည္း
ဟာအိုကိုအေျဖမေတာင္းသလို၊ ဂ်ီအြန္းကလည္း
ဟာအိုကိုသေဘာက်ေၾကာင္းမေျပာျဖစ္ပါ။
ဟန္ဘင္းတို႔တူဝရီးႏွစ္ေယာက္လံုး ဟာအိုရဲ့အခ်စ္ကို
ပိုင္ဆိုင္ရဖို႔ဆိုတာထက္ ဟာအိုေပ်ာ္ရႊင္ေနဖို႔သာဂရုစိုက္
ၾကတာမို႔ ဟာအိုရဲ့မ်က္ႏွာကတစ္ေန့ထက္တစ္ေန့ပိုၿပီး
ၾကည္လင္လာေတာ့သည္။

ေက်ာင္းရဲ့နာမည္ႀကီးႏွစ္ေယာက္က ဟာအိုကိုအရမ္းဂရုစိုက္ၾက
လို႔ အားက်သူေတြမ်ားေသာ္လည္း မနာလိုတဲ့သူေတြ
ကလည္းအမ်ားႀကီးရိွေနဆဲပင္ ။ ထိုမနာလိုသူေတြ
ဟာအိုကို ရန္မရွာရဲသၫ့္ အေၾကာင္းအရင္းကေတာ့
ဟာအိုေဘးမွာရိွတဲ့လူႏွစ္ေယာက္လံုးက လက္သံေျပာင္လို႔ပင္။
ဟာအိုကိုထိဓားၾကၫ့္ဆိုသလို က်န္းဟာအိုကိုရန္ရွာရဲသၫ့္
မၫ့္သၫ့္ေယာက်ာ္းမိန္းမမဆို မွင္နီတားၿပီးေက်ာင္းနားခံလိုက္
ရသည္ပင္ ။ ေက်ာင္းနားမခံရခင္ ဟန္ဘင္းတို႔တူဝရီးႏွစ္ေယာက္
၏ ပညာေပးျခင္းကိုလည္းခံရေသးသည္။

တစ္ခါက ဟာအိုကန္တင္းတြင္ထမင္းထၫ့္ၿပီးစားပဲြကိုအလာ
ဟာအိုကိုေျခထိုးခံလိုက္တဲ့ေက်ာင္းသားတစ္ေယာက္က
ေနာက္တစ္ေန့တြင္ သူ႔ပါသူဟာအိုကိုျပန္လာေတာင္းပန္ၿပီး
ေက်ာင္းေျပာင္းသြားသည္ပင္ ။ တစ္ခ်ိဳ႕လူေတြရဲ့ေျပာပံုအရဆို
ထိုေက်ာင္းသား၏ အံသြားမ်ားအႏႈတ္ခံလိုက္ရလို႔
ေၾကာက္လန႔္ၿပီးေက်ာင္းထြက္သြားသည္ ဟူ၍ပင္။

ဟန္ဘင္းတို႔ေက်ာင္းသည္ နာမည္ႀကီးအထက္တန္းေက်ာင္း
တစ္ေက်ာင္းျဖစ္သၫ့္အေလ်ာက္ ဟန္ဘင္းတို႔ေက်ာင္းမွ
အထက္တန္းေအာင္သြားသူတို႔သည္ ကိုယ္လိုခ်င္တဲ့
တကၠသိုလ္ကို အားလံုးနီးပါးတက္ေရာက္ခြင့္ရၾကသည္။
ထို႔ေၾကာင့္ မိဘမ်ားက သူတို႔ရဲ့ကေလးေတြကို သူ႔ထက္ငါ
ဦးေအာင္ေက်ာင္းအပ္ႏွံတက္ၾကၿပီး စည္းကမ္းႀကီးတဲ့
ေက်ာင္းသားဥကၠဌေၾကာင့္လည္း ေက်ာင္းသားေက်ာင္းသူမ်ား
လိမၼာေရးျခားရိွၾကသည္ဟူ၍နာမည္ႀကီးၾကသည္။
တျခားေက်ာင္းမွေျပာင္းလာေသာဆိုးေပၾကသၫ့္ေက်ာင္းသားမ်ား
သည္ပင္ ထူးျခားစြာလိမၼာကုန္ၾက၍ ဟန္ဘင္းတို႔ေက်ာင္းသည္
မိဘမ်ားၾကားတြင္ ေရပန္းေတာ္ေတာ္စားသည္ပင္။

"ရန္ျဖစ္လာျပန္ၿပီလား "

"အင္း နည္းနည္း "
ေျပာရင္းနဲ႔ ဟန္ဘင္းက သြားၿဖဲျပလိုက္ေလသည္။

"မင္းသူမ်ားသားသမီးေတြကိုဒီလိုလုပ္ေနတာ သူတို႔မိဘေတြက
ဘာမွမေျပာၾကဘူးလား "

"ဟင့္အင္း သူတို႔ကေလးေတြကိုလိမၼာေအာင္လုပ္ေပးပါဆိုၿပီး
သူတို႔ကိုယ္တိုင္လာအပ္သြားတာေလ ၊ေဟ်ာင္းမသိေသးဘူးလား
ကၽြန္ေတာ္တို႔တစ္ေက်ာင္းလံုးက အဆိုးဆံုးေက်ာင္းသားေတြ
စုေနၾကတာကို "

"ဟမ္ "

"ဒါေပမယ့္ အခုေတာ့လိမၼာကုန္ၿပီေလ လူတိုင္းမွာ သူတို႔ဆိုးရတဲ့
အေၾကာင္းျပခ်က္ကိုယ္စီရိွၾကတယ္ေလ တခ်ိဳ႕က
မိသားစုနဲ႔အဆင္မေျပလို႔ ၊ တခ်ိဳ႕က ေငြးေၾကးေၾကာင့္ ၊
တခ်ိဳ႕က သူတို႔ရခဲ့တဲ့စိတ္ဒဏ္ရာေတြေၾကာင့္ အမ်ားႀကီး
ထပ္ရိွေသးတယ္ အဲ့တာေတြအားလံုးကိုကၽြန္ေတာ္တို႔ေက်ာင္းက
ေသခ်ာကိုင္တြယ္ႏိုင္တယ္ ကၽြန္ေတာ္တို႔ခန႔္ထားတဲ့ဆရာေတြက
စိတ္ပညာကိုနားလည္ၾကတဲ့သူေတြေလ စိတ္ပညာနည္းလမ္း
ေတြနဲ႔ကိုင္တြယ္မရတဲ့သူေတြကိုကၽြန္ေတာ္ကကိုင္တြယ္တယ္
ဟဲဟဲ "

မ်က္ႏွာမွာထိလာတာေတာင္ တဟဲဟဲလုပ္ႏိုင္ေသးတဲ့
ဟန္ဘင္းကိုၾကၫ့္ၿပီး ဟာအို ၾကပ္ထုပ္ကိုမ်က္ႏွာေပၚ
ကပ္ထၫ့္လိုက္ေတာ့ ပူတယ္ဆိုၿပီး ထေအာ္ေတာ့သည္။

"ေအာ္မေနနဲ႔ နားၿငီးတယ္ေဟ့ေကာင္ "
ဂ်ီအြန္းက ဝင္ေျပာေတာ့ ဟန္ဘင္းရဲ့မ်က္ေစာင္းက ဒိုင္းကနဲေရာက္
သြားေတာ့သည္။

"ေဟ်ာင္းဦးငယ္ အလွၫ့္က်ရင္ ကၽြန္ေတာ္လုပ္ေပးလိုက္မယ္
ပါးစပ္ပိတ္ေနႏိုင္မလားၾကၫ့္ၾကေသးတာေပါ့ "

"ငါကေရာ ငါ့မ်က္ႏွာကိုမင္းကိုင္တာခံမယ္မ်ားထင္ေနလား?"

"ႏွစ္ေယာက္လံုးေတာ္ၾကေတာ့ "

ဟာအိုေအာ္လိုက္မွပဲႏွစ္ေယာက္လံုးတိတ္သြားေတာ့သည္။

"ေတာ္ၿပီး ကိုယ့္ပါကိုယ္လုပ္ၾကေတာ့ စာပဲသြားလုပ္ေတာ့မယ္
တကတည္းမွပဲ ရန္ျဖစ္တဲ့အခ်ိန္လိုပဲ က်န္တဲ့အခ်ိန္ေတြလည္း
တၫ့္ေအာင္ေနၾကပါလား ၊ ဦးျဖစ္သူကလည္း
ကိုယ့္တူကိုယ္ထိန္းမယ္မရိွဘူး သူကပါဝင္ၿပီးကူလိုက္ေသးတယ္"

ဟာအိုက ပြစိပြစိနဲ႔ရြတ္ၿပီး ၾကပ္ထုပ္ထိုးတဲ့အထုပ္ေလးေတြကို
စားပဲြေပၚတင္ကာ အခန္းထဲဝင္သြားမွပဲႏွစ္ေယာက္လံုးၿငိမ္သြား
ၿပီး အထုပ္ေလးေတြကိုယ္စီကိုင္ကာ ကိုယ့္မ်က္ႏွာကို
ကိုယ္တိုင္ၾကပ္ထုပ္ထိုးေနၾကေတာ့သည္။

ဟာအိုစိတ္ဆိုးသြားမွန္းသိလို႔ ပါးစပ္ေတြပိတ္သြားၾကေပမယ့္
အၾကၫ့္နဲ႔ ရန္ျဖစ္ေနဦးမယ္ဆိုတာ ေျပးၾကၫ့္စရာပင္မလိုေပ။

သူတို႔သံုးေယာက္နားလည္မႈေတြရသြားၿပီးတဲ့ေနာက္
ဟာအိုရဲ့အခန္းေလးမွာပဲ စုပံုၿပီးေနျဖစ္ၾကသည္။
ဟန္ဘင္းကေတာ့ နဂိုကတည္းက ေနေနတဲ့လူျဖစ္ေပမယ့္
ဂ်ီအြန္းကေတာ့ ႏွစ္လေလာက္ေနာက္က်မွေရာက္လာတာ
ေၾကာင့္ စာေတြလိုက္မမွီဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ပင္။
အခုဆို ဟာအိုရဲ့အခန္းေလးမွာစုေနေနၾကတာ စာသင္ႏွစ္
တစ္ဝက္ေတာင္ေက်ာ္ခဲ့ၿပီျဖစ္သည္ ။

မတၫ့္အတူေနတူဝရီးႏွစ္ေယာက္ကေတာ့ အၿမဲတမ္းတက်က္က်က္ရန္ျဖစ္ေနတတ္ေပမယ့္သူ႔တူရန္ျဖစ္တဲ့အခါေတြ
မွာေတာ့ သူပါဝင္ပါေလ့ရိွသည္ ။ ဟာအိုကသာ ရန္ျဖစ္တယ္
လို႔သံုးႏႈန္းေနေပမယ့္ ေက်ာင္းသားဥႂကၠကီးကေတာ့
ထံုးစံအတိုင္း ဆံုးမတယ္ဆိုတဲ့စကားကိုသံုးေနဆဲပင္။
အရင္ကေတာ့ ဟန္ဘင္းတစ္ေယာက္တည္းအားနဲ႔ျဖစ္ေပမယ့္
အခုေတာ့ ဂ်ီအြန္းကပါ ႄကံုရင္ႄကံုသလိုဝင္ကူတတ္တာမို႔
ဟာအိုတို႔ေက်ာင္းတြင္ ေက်ာင္းဥကၠဌကႏွစ္ေယာက္
ရိွေနသလိုပင္ ။ဟန္ဘင္းတို႔ႏွစ္ေယာက္လံုးက
တိုက္ရည္ခိုက္ရည္ေကာင္းတာမို႔ ေတာ္ရံုဆိုဒဏ္ရာမရေပမယ့္
အခုက တစ္ဖက္အဖဲြ႔က အျပင္လူေတြကိုပါေခၚၿပီး
အလစ္ဝင္ရိုက္တာေၾကာင့္ ႏွစ္ေယာက္လံုးခံလာရတာျဖစ္သည္။

ဘာလိုလိုနဲ႔ စာသင္ႏွစ္တစ္ဝက္ေက်ာ္လာတာမို႔လို႔
ဒီေက်ာင္းၿပီးရင္ သူတို႔သံုးေယာက္လံုးတစ္ေယာက္တစ္လမ္းသြားရမွာပင္။ဟာအိုက ေက်ာင္းၿပီးရင္ တကၠသိုလ္ဆက္တက္မွာျဖစ္ၿပီး ၊ ဂ်ီအြန္းကေတာ့ လက္ေရြးစင္အသင္းကိုျပန္သြားမွာျဖစ္ၿပီး
ဟန္ဘင္းကေတာ့ အထက္တန္းေနာက္ဆံုးႏွစ္ကိုဆက္တက္
မွာျဖစ္သည္။

သူတို႔ႏွစ္ေယာက္လံုးနဲ႔အတူတူေနလာရင္း ဟာအိုသိလိုက္ရတာ
တစ္ခုက ဟန္ဘင္းတို႔တူဝရီးႏွစ္ေယာက္လံုး ဟာအိုကို
သေဘာက်ေနသည္ဆိုတာပင္ ။ အခ်ိန္ၾကာရင္ ဟန္ဘင္းက
ခ်စ္သူေတြ့သြားလိမ့္မည္ဟုေတြးထားေပမယ့္ အခုခ်ိန္ထိ
ဟာအိုအေပၚမေျပာင္းမလဲပင္၊ ၿပီးေတာ့ဂ်ီအြန္းသည္လည္း
ဟာအိုအေပၚ ဟာအိုထင္ေနသလိုရိုးရိုးသေဘာက်တာမ်ိဳး
မဟုတ္တာကိုရိပ္မိခဲ့သည္ ။ဒါေပမယ့္ ဟာအိုကို
ေနရခက္ေအာင္မလုပ္တာမို႔
ဂ်ီအြန္းရဲ့စိတ္ကို မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။

စာက်က္ခ်င္စိတ္လည္းမရိွတာမို႔ ဟာအို ခုတင္ေပၚတက္ၿပီး
မ်က္စိမိွတ္ကာ ေမွးေနခ်ိန္ အခန္းထဲဝင္လာတဲ့ေျခသံေလးေတြ
ၾကားရတာမို႔ ႏွစ္ေယာက္လံုးအခန္းထဲဝင္လာကာ
သူတို႔လုပ္ေနက်ျဖစ္တဲ့အလုပ္ေတြကိုထံုးစံအတိုင္း
လုပ္သြားေတာ့သည္။

ေခြေခါက္ၿပီးအိပ္ေနက် ဟာအိုကို ဟန္ဘင္းကအေနအထားမွန္
ေအာင္ျပင္ေပးၿပီး ေစာင္ႃခံုေပးကာ အိပ္မက္လွလွမက္ပါေစ
လို႔ေျပာတဲ့အခ်ိန္ ၊ ဂ်ီအြန္းကေတာ့ အခန္းတံခါးေတြပိတ္ကာ
အဲကြန္းေလကိုေလ်ွာ့ေပးလိမ့္မည္ ။ထိုေနာက္ စာၾကၫ့္မီးရယ္၊
အခန္းမီးရယ္ကိုပိတ္ၿပီး ႏွစ္ေယာက္သားအတူတူထြက္သြား
ကာ ဆိုဖာေပၚတြင္ အသီးသီးေနရာယူၾကလိမ့္မည္။

ၿပီးေတာ့တစ္ခုရိွေသးသည္ အားလံုးအိပ္ၾကၿပီး တစ္နာရီေလာက္
ၾကာရင္ ဟာအိုအခန္းထဲကို အနမ္းသူခိုးတစ္ေယာက္
ဝင္လာကာ ဟာအိုမ်က္ႏွာတစ္ျပင္လံုးအေပၚ အနမ္းဖြဖြႁခြေကာ
အျပင္ကို ျပန္ထြက္သြားလိမ့္မည္ျဖစ္ၿပီး ၊
သန္းေခါင္ယံအခ်ိန္တြင္ ထပ္ဝင္လာတဲ့သူကေတာ့
နဖူးေပၚတြင္သာ အနမ္းဖြဖြေလးေပးကာ ျပန္ထြက္သြားမည္
ျဖစ္သည္။ထိုအျခင္းအရာေတြသည္ ဟာအိုေန့စဥ္ျဖတ္သန္း
ေနက်အျဖစ္အပ်က္မ်ားပင္။

TBC~~~~~

Continue Reading

You'll Also Like

110K 4.8K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
210K 12.3K 15
#Unicode သူဌေးကြီးတစ်ယောက်ရဲ့ တရားမဝင်သားအဖြစ်နဲ့ မွေးဖွားလာတဲ့ကောင်လေး... ဘဝကိုဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ကောင်လေး... အချစ်ဆုံးသူငယ်ချင်းနဲ့ချစ်...
106K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
18.2K 1.5K 66
Peteဆိုတဲ့ကျွန်တော်က မွေးထားတဲ့အမေကတောင်ရွံရှာတာခံနေရတဲ့သူ Started Date_19 July 2022 End Date_4 September 2022 CV pic is not mine so CRD to owner