Fa Wei Lan၏ပြန်လည်မွေးဖွားခြင...

By lilypark202

4.8K 261 33

I do not own this story and I just translated this story. I give full credit to the original author- @Harui30 More

စာတို
Ch 43(လိပ်ပြာများအား ဆွဲဆောင်ခြင်း)
Ch 44: ဇာမဏီ
Ch45 (သတိရပီးစောင့်နေပါ)
Ch 2:ငါ့ကိုရွေးပါ
Ch 3:ကောလဟာလ
Ch 4: 18နှစ်
Ch 5: မှတ်မိနေဆဲပဲ

Vol2(Ch1) ပိုင်သခင်လေး

245 17 0
By lilypark202

ပိုင်ဆန်းက ပင်လယ်မှလာ၍ ပင်လယ်ကိုပြန်သော လူတစ်ယောက်ဖြစ်သည်။ ဘယ်အမျိုးသမီးကမှ သူ့ကို ထိန်းချုပ်မရနိုင်ပေ။ ဖမ်းဆုပ်ထား၍လည်းမရပေ။ ဝေလန်မှာ သူ့ကို၁၀နှစ်ကတည်းက သိခဲ့တာဖြစ်သော်လည်း တစ်နှစ်တွင် လက်တစ်ဆုပ်စာအကြိမ်အရေအတွက်လောက်သာ တွေ့ရတတ်လေသည်။ ပီးတော့တွေ့တိုင်းလည်း ဖားဆိပ်ကမ်း၌ဖြစ်ကာ သူကခဏလေးပဲ နေတတ်သည်။ အများဆုံးမှ ၇ရက်ပေါ့။ ပိုင်ဆန်းရဲ့ဝေလန့်အပေါ်ဆက်ဆံမှုမှာ မတူကွဲပြားတာ အမှန်ဖြစ်သော်လည်း သူ့အပေါ်ဝေလန့်သဘောထားကတော့ ဘယ်သောအခါကမှ မကောင်းခဲ့ပေ။

သခင်လေးပိုင်က ဝေလန့်အပေါ် ကောင်းကောင်းဆက်ဆံတာဖြစ်နိုင်ပေမယ့် သူ့ မိသားစုကိုတော့ တူညီသော ဆက်ဆံမှုမျိုးမထားခဲ့။ ဒါ့ကြောင့်လည်းဝေလန်က သူ့အပေါ်ထားသော ပိုင်ဆန်း၏ခံစားချက်များမှာ စိတ်ရင်းဖြစ်သည်ဟု ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ သူ့ဘဝတွင် သူအလေးထားတဲ့သူတွေကို ပိုင်ဆန်းကဒီလို မချေမငံဆက်ဆံပီး ဝေလန့်ကိုတော့ကြိုက်တယ်လို့ ဘယ်လိုများ သူပြောရဲရတာလဲ? ကိုကြီးမင်ကိုဆိုလျှင် သူကဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့။ ဖားမင်ဆိုတာက ဖားမိသားစုရဲ့ ဆက်ခံသူသခင်လေးပဲလေ။ ဆိပ်ကမ်းကိုနောက်ကျရင် ဆက်ခံရမယ့် သူပဲ။ ဒါပေမယ့် ပိုင်ဆန်းက သူ့ကိုအစေခံတစ်ယောက်လိုပဲသဘောထားတယ်။ ဖားဆိပ်ကမ်းက အလုပ်သမားတွေနဲ့ ကျရင်လည်း
ပိုင်ဆန်းက သူတို့ကို လျှစ်လျူရှုပီး သူတို့ကိုလေလိုပဲ
ရှိတယ်မထင်ဘူး။ ဝေလန့်ကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံးကတော့ သူကသူ့ကိုယ်သူကလွဲပီး
ကျန်တာတွေ ကျန်တဲ့သူတွေကို ဂရုမစိုက်ဘူး။

"ဘိုးဘိုး"

အဘိုးနဲ့ဝေလန်တို့က သစ်ခွခြံဝန်းရဲ့အပြင်ဘက်မှာရှိတဲ့ ဥယျာဥ်ထဲမှာ လက်ဖက်ရည်သောက်နေကြတယ်။

"ညီမလေး"

"ကိုကြီးမင်" ဝေလန် သူ့ရဲ့မလွယ်ကူတဲ့မျက်နှာထားကိုတွေ့လိုက်ရတယ်။

"ဘာဖြစ်လို့လဲ?"

"ပိုင်ဆန်း"

ထိုစကားနှစ်ခွန်းနဲ့တင် မင်ရဲ့ပြသနာအရင်းအမြစ်ကို ဝေလန်သိလိုက်သည်။

"သခင်လေး ပိုင်ဆန်းကဘာလိုချင်လို့တဲ့လဲ?" ဝေလန်အဘိုးရဲ့ လက်ဖက်ရည်ခွက်ကိုဖြည့်ပေးရင်းက မေးလိုက်သည်။

"သူဘာလိုချင်တာလဲ ညီမလေးသိပါတယ်" မင်ကသူ့ကိုစိုးရိမ်သောပုံဖြင့်ကြည့်လာသည်။

အဘိုးရဲ့တည့်တံ့သွားသော မျက်နှာကိုဝေလန်မြင်ဖြစ်အောင်မြင်လိုက်သည်။

"မင် မင်းကငါတို့ဆိပ်ကမ်းရဲ့သခင်လေးပဲ"
အဘိုးက သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကိုချရင်းက မင်အား အသံမာမာဖြင့်ပြောလိုက်သည်။

"ဒီပိုင်ဆန်းက သူလာတဲ့အကြိမ်တိုင်း မင်းကိုဘာလို့ဒီလိုတစ်ခုမဟုတ်တစ်ခုခက်ခဲအောင်လုပ်နေရတာလဲ?"

မင်မှာ သူ့နှဖူးကိုသူ ခေါင်းကိုက်နေသလိုမျိုးသာ ကိုင်ထားနိုင်တော့သည်။ ဝေလန့်ရဲ့ အမြဲတမ်းတက်ကြွနေတတ်သော ဝမ်းကွဲအကိုမှာ တကယ်ကိုလဲကျတော့မယ့် ပုံပေါက်နေတော့သည်။ သူဘယ်တုန်းကမှဒီလောက်ထိ ပင်ပန်းနေပုံမပေါ်ဖူးခဲ့ပေ။ ဝေလန်မှာ သူ့ကိုဒီလိုပုံစံနဲ့မြင်ရတာကိုမနှစ်သက်ပေ။ ပီးတော့ဒီလိုဖြစ်ရတာ ပိုင်ဆန်းကြောင့်ဖြစ်၍ သူ့အပေါ်ဝေလန့်အမြင်မှာ ပို၍သာဆိုးရွားသွားတော့သည်။

"ဝေလန် သမီးကတော့ ဖားအိမ်တော်မှာပဲနေရမယ်" အဘိုးက အမိန့်ပေးသည်။ "မင် မင်းလည်း ပိုင်ဆန်းကို ကိုင်တွယ်နိုင်ဖို့ သင်ကြားရလိမ့်မယ်။ မင်းရဲ့ညီမလေးက စီးပွားရေးလုပ်တဲ့နေရာမှာ သုံးတဲ့ အပေးအယူပစ္စည်း ဘယ်တော့မှမဖြစ်သင့်ဘူး"

"ဘိုးဘိုး ပြောတာမှန်ပါတယ်"မင်က သက်ပြင်းဖျော့ဖျော့ချသည်။

"မင် ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ်"

မင်ထွက်သွားတာကိုကြည့်ရင်း ဝေလန်အပြစ်မကင်းသလိုခံစားနေရသည်။

"ဘိုးဘိုး... ဝေလန် ကိုကြီးမင်နဲ့လိုက်သွားပီး စကားပြောသင့်_"

"ဝေလန်" အဘိုးက သူ့လက်ကို ဝေလန့်လက်ပေါ်ညင်သာစွာတင်လိုက်ရင်း ဝေလန့်စကားကိုရပ်လိုက်သည်။
"အဲ့ဒီလူငယ်လေး ဒီလိုခေါင်းမာနေရတဲ့အကြောင်းရင်းက ဒီလိုမှသာ သမီးသူ့ကိုတွေ့မယ်ဆိုတာသူသိနေလို့ပဲ။ သမီးသွားလိုက်တိုင်း ဘိုးဘိုးတို့ကသူ့ကို အခြေအနေကိုထိန်းချုပ်ခွင့်ပေးလိုက်သလို
ဖြစ်သွားတယ်"

ဝေလန်လည်း ထိုအရာကိုသိပါသည်။ ဒါပေမယ့်မတတ်နိုင်ပေ။ ပိုင်မိသားစုက ဝေလန်တို့အတွက် အကြီးဆုံးစီးပွားရေးတွေထဲက တစ်ခုဖြစ်သည်။

"ဝေလန် ဘိုးဘိုးက သမီးစိုးရိမ်နေတာကို သိပါတယ်
ဒီလိုကိစ္စတွေအတွက် စိတ်ရှုပ်မခံပါနဲ့ မင်ကြည့်ပီးကိုင်တွယ်ပါလိမ့်မယ်"

အဘိုးပြောတာကိုနားထောင်ရင်းနှင့်ပင်

ပိုင်ဆန်းကအကျိုးအကြောင်းဆီလျှော်ဖို့မျှော်လင့်ရင်းပဲ ဝေလန်ငြိမ်သက်စွာခေါင်းငြိမ့်ရတော့သည်။

🩵🩵🩵🩵🩵

ပိုင္ဆန္းက ပင္လယ္မွလာ၍ ပင္လယ္ကိုျပန္ေသာ လူတစ္ေယာက္ျဖစ္သည္။ ဘယ္အမ်ိဳးသမီးကမွ သူ႔ကို ထိန္းခ်ဳပ္မရႏိုင္ေပ။ ဖမ္းဆုပ္ထား၍လည္းမရေပ။ ေဝလန္မွာ သူ႔ကို၁၀ႏွစ္ကတည္းက သိခဲ့တာျဖစ္ေသာ္လည္း တစ္ႏွစ္တြင္ လက္တစ္ဆုပ္စာအႀကိမ္အေရအတြက္ေလာက္သာ ေတြ့ရတတ္ေလသည္။ ပီးေတာ့ေတြ့တိုင္းလည္း ဖားဆိပ္ကမ္း၌ျဖစ္ကာ သူကခဏေလးပဲ ေနတတ္သည္။ အမ်ားဆံုးမွ ၇ရက္ေပါ့။ ပိုင္ဆန္းရဲ့ေဝလန္႔အေပၚဆက္ဆံမႈမွာ မတူကြဲျပားတာ အမွန္ျဖစ္ေသာ္လည္း သူ႔အေပၚေဝလန္႔သေဘာထားကေတာ့ ဘယ္ေသာအခါကမွ မေကာင္းခဲ့ေပ။

သခင္ေလးပိုင္က ေဝလန္႔အေပၚ ေကာင္းေကာင္းဆက္ဆံတာျဖစ္ႏိုင္ေပမယ့္ သူ႔ မိသားစုကိုေတာ့ တူညီေသာ ဆက္ဆံမႈမ်ိဳးမထားခဲ့။ ဒါ့ေၾကာင့္လည္းေဝလန္က သူ႔အေပၚထားေသာ ပိုင္ဆန္း၏ခံစားခ်က္မ်ားမွာ စိတ္ရင္းျဖစ္သည္ဟု ဘယ္တုန္းကမွ မယံုၾကည္ခဲ့ေပ။ သူ႔ဘဝတြင္ သူအေလးထားတဲ့သူေတြကို ပိုင္ဆန္းကဒီလို မေခ်မငံဆက္ဆံပီး ေဝလန္႔ကိုေတာ့ႀကိဳက္တယ္လို႔ ဘယ္လိုမ်ား သူေျပာရဲရတာလဲ? ကိုႀကီးမင္ကိုဆိုလ်ွင္ သူကဘယ္တုန္းကမွ အသိအမွတ္မျပဳခဲ့။ ဖားမင္ဆိုတာက ဖားမိသားစုရဲ့ ဆက္ခံသူသခင္ေလးပဲေလ။ ဆိပ္ကမ္းကိုေနာက္က်ရင္ ဆက္ခံရမယ့္ သူပဲ။ ဒါေပမယ့္ ပိုင္ဆန္းက သူ႔ကိုအေစခံတစ္ေယာက္လိုပဲသေဘာထားတယ္။ ဖားဆိပ္ကမ္းက အလုပ္သမားေတြနဲ႔ က်ရင္လည္း
ပိုင္ဆန္းက သူတို႔ကို လ်ွစ္လ်ူရႈပီး သူတို႔ကိုေလလိုပဲ
ရိွတယ္မထင္ဘူး။ ေဝလန္႔ကို စိတ္အေနွာင့္အယွက္အျဖစ္ေစဆံုးကေတာ့ သူကသူ႔ကိုယ္သူကလြဲပီး
က်န္တာေတြ က်န္တဲ့သူေတြကို ဂရုမစိုက္ဘူး။

"ဘိုးဘိုး"

အဘိုးနဲ႔ေဝလန္တို႔က သစ္ခြၿခံဝန္းရဲ့အျပင္ဘက္မွာရိွတဲ့ ဥယ်ာဥ္ထဲမွာ လက္ဖက္ရည္ေသာက္ေနၾကတယ္။

"ညီမေလး"

"ကိုႀကီးမင္" ေဝလန္ သူ႔ရဲ့မလြယ္ကူတဲ့မ်က္ႏွာထားကိုေတြ့လိုက္ရတယ္။

"ဘာျဖစ္လို႔လဲ?"

"ပိုင္ဆန္း"

ထိုစကားႏွစ္ခြန္းနဲ႔တင္ မင္ရဲ့ျပသနာအရင္းအျမစ္ကို ေဝလန္သိလိုက္သည္။

"သခင္ေလး ပိုင္ဆန္းကဘာလိုခ်င္လို႔တဲ့လဲ?" ေဝလန္အဘိုးရဲ့ လက္ဖက္ရည္ခြက္ကိုျဖည့္ေပးရင္းက ေမးလိုက္သည္။

"သူဘာလိုခ်င္တာလဲ ညီမေလးသိပါတယ္" မင္ကသူ႔ကိုစိုးရိမ္ေသာပံုျဖင့္ၾကည့္လာသည္။

အဘိုးရဲ့တည့္တံ့သြားေသာ မ်က္ႏွာကိုေဝလန္ျမင္ျဖစ္ေအာင္ျမင္လိုက္သည္။

"မင္ မင္းကငါတို႔ဆိပ္ကမ္းရဲ့သခင္ေလးပဲ"
အဘိုးက သူ႔လက္ထဲမွ လက္ဖက္ရည္ခြက္ကိုခ်ရင္းက မင္အား အသံမာမာျဖင့္ေျပာလိုက္သည္။

"ဒီပိုင္ဆန္းက သူလာတဲ့အႀကိမ္တိုင္း မင္းကိုဘာလို႔ဒီလိုတစ္ခုမဟုတ္တစ္ခုခက္ခဲေအာင္လုပ္ေနရတာလဲ?"

မင္မွာ သူ႔ႏွဖူးကိုသူ ေခါင္းကိုက္ေနသလိုမ်ိဳးသာ ကိုင္ထားႏိုင္ေတာ့သည္။ ေဝလန္႔ရဲ့ အၿမဲတမ္းတက္ႂကြေနတတ္ေသာ ဝမ္းကြဲအကိုမွာ တကယ္ကိုလဲက်ေတာ့မယ့္ ပံုေပါက္ေနေတာ့သည္။ သူဘယ္တုန္းကမွဒီေလာက္ထိ ပင္ပန္းေနပံုမေပၚဖူးခဲ့ေပ။ ေဝလန္မွာ သူ႔ကိုဒီလိုပံုစံနဲ႔ျမင္ရတာကိုမႏွစ္သက္ေပ။ ပီးေတာ့ဒီလိုျဖစ္ရတာ ပိုင္ဆန္းေၾကာင့္ျဖစ္၍ သူ႔အေပၚေဝလန္႔အျမင္မွာ ပို၍သာဆိုးရြားသြားေတာ့သည္။

"ေဝလန္ သမီးကေတာ့ ဖားအိမ္ေတာ္မွာပဲေနရမယ္" အဘိုးက အမိန္႔ေပးသည္။ "မင္ မင္းလည္း ပိုင္ဆန္းကို ကိုင္တြယ္ႏိုင္ဖို႔ သင္ၾကားရလိမ့္မယ္။ မင္းရဲ့ညီမေလးက စီးပြားေရးလုပ္တဲ့ေနရာမွာ သံုးတဲ့ အေပးအယူပစၥည္း ဘယ္ေတာ့မွမျဖစ္သင့္ဘူး"

"ဘိုးဘိုး ေျပာတာမွန္ပါတယ္"မင္က သက္ျပင္းေဖ်ာ့ေဖ်ာ့ခ်သည္။

"မင္ ဒီကိစၥကို ကိုင္တြယ္လိုက္ပါ့မယ္"

မင္ထြက္သြားတာကိုၾကည့္ရင္း ေဝလန္အျပစ္မကင္းသလိုခံစားေနရသည္။

"ဘိုးဘိုး... ေဝလန္ ကိုႀကီးမင္နဲ႔လိုက္သြားပီး စကားေျပာသင့္_"

"ေဝလန္" အဘိုးက သူ႔လက္ကို ေဝလန္႔လက္ေပၚညင္သာစြာတင္လိုက္ရင္း ေဝလန္႔စကားကိုရပ္လိုက္သည္။
"အဲ့ဒီလူငယ္ေလး ဒီလိုေခါင္းမာေနရတဲ့အေၾကာင္းရင္းက ဒီလိုမွသာ သမီးသူ႔ကိုေတြ့မယ္ဆိုတာသူသိေနလို႔ပဲ။ သမီးသြားလိုက္တိုင္း ဘိုးဘိုးတို႔ကသူ႔ကို အေျခအေနကိုထိန္းခ်ဳပ္ခြင့္ေပးလိုက္သလို
ျဖစ္သြားတယ္"

ေဝလန္လည္း ထိုအရာကိုသိပါသည္။ ဒါေပမယ့္မတတ္ႏိုင္ေပ။ ပိုင္မိသားစုက ေဝလန္တို႔အတြက္ အႀကီးဆံုးစီးပြားေရးေတြထဲက တစ္ခုျဖစ္သည္။

"ေဝလန္ ဘိုးဘိုးက သမီးစိုးရိမ္ေနတာကို သိပါတယ္
ဒီလိုကိစၥေတြအတြက္ စိတ္ရႈပ္မခံပါနဲ႔ မင္ၾကည့္ပီးကိုင္တြယ္ပါလိမ့္မယ္"

အဘိုးေျပာတာကိုနားေထာင္ရင္းႏွင့္ပင္

ပိုင္ဆန္းကအက်ိဳးအေၾကာင္းဆီေလ်ွာ္ဖို႔ေမ်ွာ္လင့္ရင္းပဲ ေဝလန္ၿငိမ္သက္စြာေခါင္းၿငိမ့္ရေတာ့သည္။

Continue Reading

You'll Also Like

302K 33.6K 46
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
44.5K 5.2K 41
ဗုဒ္ဒဟူးနေ့တိုင်း update ပါမည် ကြာပန်းဖြူလေးများ
6.9M 443K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
16K 1K 62
What if Karna is the most powerful ruler of the world? What if he is son of king of Ayodhya? What if his love story has a beautiful ending? What if M...