แ€แ€ปแ€…แ€บแ€™แ€ญแ€žแ€ฑแ€ฌ แ€•แ€„แ€บแ€œแ€šแ€บ
By LinnThetNyein14
422K 7.2K 454
๐Ÿ”ž๐Ÿ”ž Unicode แ€™แ€ญแ€˜แ€•แ€ฑแ€ธแ€…แ€ฌแ€ธแ€œแ€ญแ€ฏแ€ท แ€œแ€€แ€บแ€‘แ€•แ€บแ€›แ€žแ€ฑแ€ฌแ€žแ€ฐแ€€ แ€€แ€ญแ€ฏแ€šแ€บแ€แ€–แ€€แ€บแ€žแ€แ€บแ€แ€ปแ€…แ€บแ€›แ€žแ€ฐแ€–แ€ผแ€…แ€บแ€”แ€ฑแ€žแ€ฑแ€ฌแ€กแ€แ€ซ.. แ€กแ€แ€ปแ€…แ€บแ€€ แ€’แ€ฎแ€œแ€ฑแ€ฌแ€€แ€บแ€•แ€ฒแ€†แ€”แ€บแ€ธแ€€แ€ผแ€šแ€บแ€›แ€žแ€แ€ฒแ€ทแ€œแ€ฌแ€ธ แ€€... More
Intro
Ch 1
Ch2
Ch 3
Ch 4
Ch5
Ch 6
Ch 7 ๐Ÿฌ
Ch8
Ch9
Ch 10
Ch 11
Ch 12
Ch 13 ๐Ÿฌ
Ch14 ๐Ÿฌ๐Ÿฌ
Writer's note
Ch 15
Ch 16 ๐Ÿ”ฅ๐Ÿ”ž
Ch17 ๐Ÿ”ž
Ch 18 ๐Ÿ”ž
Writer 's Note
Ch 19
Ch 20
Ch21 ๐Ÿ”ฅ
Ch22
Ch 23 ๐Ÿ”ž
Writer's Note
Ch24๐Ÿ’“๐Ÿฌ
Ch25๐Ÿ”ž
Ch26๐Ÿฌ
CH27๐Ÿ”ž
Ch28
Author's Note
Ch30๐Ÿฌ๐Ÿ˜ญ
Ch31๐Ÿ”ž๐Ÿฌ
Ch32๐Ÿ”ž
Ch 33๐Ÿ”ž
Ch34๐Ÿ”ž
Ch35๐Ÿ˜ญ๐Ÿ˜ญ๐Ÿ˜ญ
Ch36 ๐Ÿ˜ญ๐Ÿ˜ญ๐Ÿ’”
Ch 37๐Ÿ’”โค
Writer's BF๐Ÿ™„
Ch38๐Ÿ˜š๐Ÿ˜š๐Ÿ˜š
Ch39๐Ÿฌ๐Ÿ”ฅ
Ch 40๐Ÿฌ๐Ÿ’“๐Ÿ”ž
Ch41 ๐Ÿ”ฅ๐Ÿฌโœจ
Writer's Night Song
Writer's Note
Ch 42๐Ÿ”ž
Writer's Note
Ch 43 ๐Ÿ”ž
Ch 44๐Ÿ”ž
Ch 45 (Ending)๐Ÿ”ž
Ch29๐Ÿฌ
4.6K 105 0
By LinnThetNyein14
ဘာဒါ ဒါဟျွန်းနဲ့စကားပြောပြီး Tentဆီပြန်လာတော့ ဆိုယွန်းက ဘာဒါတို့Tentရှေ့ကခုံနားမှာ ရပ်နေတာကိုတွေ့လိုက်တယ်။ ခုံပေါ်မှာလည်း မက်ဂျူဘူးတွေတွေ့တော့ အိပ်ချင်မူးတူးနဲ့ယူသောက်လိုက်တယ်ဆိုတာသိလိုက်တယ်။ အပြေးသွားပြီး ဆိုယွန်းကို ဆွဲလှည့်လိုက်တော့ မျက်နှာတစ်ခုလုံးရဲတွတ်နေတဲ့ဆိုယွန်းက ငိုထားလားတောင်ထင်ရတယ်။ သူ့ကိုရီဝေဝေနဲ့မော့ကြည့်ပြီး ငေးနေတဲ့ဆိုယွန်းကို ပုခုံးကဖက်ပြီး တဲထဲဝင်လိုက်တယ်။ တဲထဲရောက်ပြီး ဇစ်ပိတ်လိုက်တာနဲ့ ဆိုယွန်းက ခြေဖျားထောက်ပြီး ဘာဒါ့မေးဖျားကိုနမ်းတယ်။ ရုတ်တရက်ကြောင်နေတုန်း နှုတ်ခမ်းကို ထပ်နမ်းတယ်။ နူးညံ့နွေးထွေးတဲ့ မရိုးနိုင်သော ဆိုယွန်းနှုတ်ခမ်းရဲ့အိစက်မှုက သူ့ကိုအမြဲတမ်းအလွန်အမင်းဆွဲဆောင်တယ်။
သူပြန်ဖက်ပြီး အိပ်ယာပေါ်ထိုင်လိုက်တော့ ဆိုယွန်းကို ဘာဒါ့ပေါင်ပေါ်ခွထိုင်ပြီး ဘာဒါ့လည်တိုင်တွေကိုတိုးတိုက်နေတယ်။မိန်းကလေးဆိုပေမယ့် လည်ဇလုတ်လေးနည်းနည်းထွက်နေတဲ့ ဘာဒါလည်တိုင်နဲ်ပြတ်သားတဲ့မေးရိုးလိုင်းက မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့အရာတွေထဲကတစ်ခု။
ဝင်သက်ထွက်သက်နွေးနွေးတွေကြောင့် ရင်တွေဝုန်းဒိုင်းကြဲခုန်နေတုန်းမှာပဲ
''ဘာဒါ ရှင်ဘယ်ရောက်ရောက် ကျမအပိုင်ဆိုတာမှတ်ထားနော်''
အဲလိုလည်းချွေတတ်တာပဲလား..။
ဘာဒါပြုံးလိုက်တယ်။
''အင်းပါ ကိုယ်က မင်းအပိုင်''
ဆိုယွန်းက ခုနကတည်းက အိပ်ငိုက်နေတော့ သူညစာငတ်ပြီပဲ ထင်ထားတာမို့ အခုအခြေအနေကို တော်တော်ပဲဝမ်းသာနေမိတယ်။ ဆိုယွန်းနှုတ်ခမ်းလေးကိုလှမ်းနမ်းပြီး လည်တိုင်လေးကိုနမ်းလိုက်တယ်။ အရာလေးမပေါ်အောင် သတိထားနေရတာကြောင့် အားမလိုအားမရနဲ့ အောက်ကတင်ပါးလေးကို ဖျစ်ညှစ်လိုက်ရင်း ရင်သားလေးတွေဆီမှာ မျက်နှာအပ်လိုက်တယ်။ မီးရောင်ဝါဖျော့ဖျော့လေးအောက်မှာ လှချင်တိုင်းလှနေတဲ့ဆိုယွန်းကို ဆွဲလှည့်ပြီး သူအပေါ်ကမိုးလိုက်တယ်။ လက်က ဗိုက်သားတွေကို ပွတ်တိုက်သွားပြီး ပင်တီထဲ လက်ထည့်လိုက်တော့ နူးညံ့တဲ့အရာလေးက ဆီးကြိုနေတယ်။ အစတောင်မပျိုးပေးတော့ပဲ တန်းထည့်လိုက်တော့ အသံမထွက်အောင်အောက်နှုတ်ခမ်းလေးကိုက်ပြီး အံကြိတ်ခံတယ်။ ဆိုယွန်းမျက်နှာကိုမော့ကြည့်လိုက်တော့ မျက်လုံးလေးမှိတ်ထားတာကိုတွေ့ရတယ်။
ဆိုယွန်းက ပိန်ပိန်သွယ်သွယ်လေးမို့ ပြားချပ်ချပ်လေးလို့ထင်ရပေမယ့် ခန္ဓာကိုယ်လေးက သူ့နေရာနဲ့သူအတော်လှတယ်။ မကြီးလွန်းမသေးလွန်းနဲ့နို့အုံလေးရယ် သူ့လက်တစ်ဖက်စာမရှိတဲ့ ခါးသေးသေးလေးရယ် အမြောင်းလေးတွေနဲ့ဗိုက်သားချပ်ချပ်လေးရယ် တင်ပါးလုံးဝိုင်းဝိုင်းလေးရယ် ။ အပြစ်ကင်းစင်တဲ့မျက်နှာလှလှလေးရယ်။ အခုဆို မီးရောင်အောက်မှာ ဖရိုဖရဲနဲ့တောင် တော်တော်လှနေသူရယ်ပါ။ ကြည့်ပြီး တွေးနေရင်း သတိထားမိတာတစ်ခုက Tentထဲ မီးလင်းနေပါလားပေါ့။
tentထဲမီးလင်းနေတော့ အပြင်က မြင်နေရမှာပေါ့..ဘေးကိုကြည့်လိုက်တော့ tentနံရံမှာ သူတို့အရိပ်က အထင်းသားး။
ခေါင်းနပန်းကြီး ချွေးပြန်သွားပြီး အိပ်ယာဘေးက မီးကိုအတင်းလှမ်းပိတ်လိုက်ရတယ်။ အပြင်မှာလူတွေရှိသေးလား။ ငြိမ်ပြီး အသံနားထောင်ကြည့်တော့ အသံသဲ့သဲ့ကြားနေရတာကြောင့် လူရှိသေးတယ်လို့သိလိုက်တယ်။သွားပါပြီ။ အသံမထွက်အောင် အံကြိတ်ထားရတော့ရော ဘာထူးလဲ အရိပ်ကြီးက ပြူးပြဲနေမှာကို။ မထူးတော့ဘူး ပြန်စမယ်ကွာဆိုပြီး ဆိုယွန်းကိုနမ်းလိုက်တယ်။ ပြန်မတုံ့ပြန်တဲ့အပြင်လှုပ်ကိုမလှုပ်တော့တာကြောင့်
''ဆိုယွန်း ဆိုယွန်း''
ခပ်တိုးတိုးလေးခေါ်ကြည့်ပေမယ့် အသက်ရှုသံမှန်မှန်ထွက်ပြီး အိပ်ပျော်သွားတဲ့ဆိုယွန်းက သူ့ကိုလှောင်နေသလိုပါပဲ။
တန်းလန်းကြီးအိပ်သွားရတယ်လို့မိန်းမရယ်..။
မိန်းမရှိပြီး ဒီတိုင်းကိစ္စပြီးလိုက်ရတဲ့ညပေါ့။
ဟူးးးးးး။
မနက်ကျ ဆိုယွန်းနိုးတော့ ဘာဒါက ဆိုယွန်းရင်ခွင်ထဲမှာ။
ခါတိုင်း သူ့ရင်ခွင်ထဲမှာပဲ နိုးနေကျမို့ အထူးအဆန်းငုံ့ကြည့်မိတော့
ဒင်းက သူများအင်္ကျီကို အပေါ်လှန်တင်ပြီးမွေးကင်းစ ကလေးလုပ်ရင်း အိပ်ပျော်သွားပုံရတယ်။ ခါးကိုလည်း တင်းနေအောင်ဖက်ထားပြီး ရင်သားတွေဆီ ခေါင်းနှစ်ပြီးအိပ်နေတဲ့ ၂၈နှစ်အရွယ်လူတစ်ယောက်ပေါ့။
အိပ်ပျော်နေတာတောင်ချောမောသော ဘာဒါရယ်ပါ။ ဆံပင်လေးတွေကို လက်နဲ့သပ်ပေးရင်း ညကအကြောင်းကိုတွေးနေမိတယ်။ ဆိုယွန်းကိုပြောမယ်တဲ့ ဘာပြောမှာလဲ။ သူတို့အကြောင်းလား။ မမေးပဲနေမယ်လို့ဆုံးဖြတ်လိုက်တယ်။ ပြောလာအောင်စောင့်မယ်။အဲဒါဟာ ဘာအကြောင်းအရာဖြစ်ဖြစ်။ ဘဝမှာ ဒီလောက်ထိ ဘာဒါ့အနီးအနားကိုရောက်လာခဲ့တာနဲ့တင် အိပ်မက်ဆန်နေပြီမလား။ ဘာတွေထပ်ပြီး မျှော်လင့်စရာလိုသေးလိုလဲ။
တကယ်လို့ သူ ဒါဟျွန်းနဲ့ဖောက်ပြန်တယ်ဆိုရင်တောင် သူသည်းခံနိုင်သလောက် ဆိုယွန်းလည်းသည်းခံမယ်လို့တွေးတယ်။ မခွဲနိုင်ဘူး ဘာဒါရယ်.. ဘယ်လိုလုပ်ရမလဲ..
ခဏနေတော့ အပြင်က အသံတွေလည်းကြားရပြီ။ ဘာဒါလည်းနိုးလာတယ်။ နိုးတာနဲ့ ခေါင်းကိုဝှေ့ပြီး တွန်းတိုက်ပြီးနမ်းတယ်။
ပါးစပ်ထဲထည့်ငုံပြီး အားပြင်းပြင်းနဲ့စုပ်ယူတယ်။ အတင်းကိုဆုတ်နယ်နေတာမို့
''အာ့ တော်တော့လေ
အရာတွေလည်းပေါ်နေပြီ
ထရအောင် အပြင်မှာလူတွေနဲ့  ''
''အရာပေါ်လည်းဘာမှမဖြစ်တဲ့ ဘယ်သူမှမမြင်တဲ့ ကိုယ်ပဲမြင်ရတဲ့နေရာကို လုပ်နေတာလေ ဘာလဲ မကြိုက်ဘူးလား''
''မကြိုက်ဘူး ''
''မကြိုက်လည်း စို့တယ်ကွာ''
''ဟင် တိုးတိုးပြောပါဆို''
''တိုးတိုးပြောလည်းမထူးတော့ဘူး''
''ဟင်''
''ဘာမှမဟုတ်ဘူး
ညက မက်ဂျူတွေရော သောက်လိုက်တာလား''
''အင်း ဟုတ်တယ်ထင်တယ်''
''ခေါင်းကိုက်နေလား ''
''န​ည်းနည်း''
''ဆေးကုပေးရမလား'' ပြောပြီး အပေါ်ကအုပ်မိုးပြီး နဖူးကိုနမ်းလိုက်တယ်။
''ပျောက်ပြီလား''
''မပျောက်ဘူး''
နှုတ်ခမ်းကို စုပ်ဆွဲလိုက်ပြီး ပြင်းရှရှ ကြာရှည်စွာ မက်မက်မောမော နမ်းပြီး ဆိုယွန်း အသက်ရှုကျပ်တော့မှ လွှတ်ပေးလိုက်တယ်။
''ပျောက်သွားပြီလား မပျောက်သေးရင် ပြောနော်''
ဆိုယွန်းကို သူ့ရင်ဘတ်ကို လက်သီးဆုပ်နဲ့ခပ်ဖွဖွထုပြီး
''ပျောက် ပျောက်ပြီ ပျောက်သွားပြီ''
ပြောရင်း ထမလိုပြင်တယ်။
''သေချာလားပြော''အတင်းဖိထားပြီး စနေတဲ့ဘာဒါကို
''တကယ်လို့ သွားရအောင် အပြင်မှာအကုန်သူနိုးနေပြီ'' ပြောပြီး နှစ်ယောက်သား တဲအပြင်ထွက်တော့
ဘာဒါနည်းနည်းတော့ မျက်နှာပူနေတယ်ဆိုပေမယ့် မသိသလိုပဲ ခပ်တည်တည် လုပ်စရာရှိတာလုပ်ပြီးနေလိုက်တယ်။ နောက်က ဘန်ဂလိုလေးတွေမှာ ရေသွားချိုးပြီး အဝတ်အစားလဲကြတယ်။ ဒီနေ့လည်း တစ်နေရာသွားကြမယ် မုန့်ဆိုင်တွေသွားကြမယ်လုပ်ထားတာမို့ အကုန်လုံး ကိုယ်စီပြင်ဆင်ပြီး Busပေါ်တက်ကြတယ်။ ရှေ့ရက်တွေက ကိုယ်ကားနဲ့ကိုယ်မောင်းကြပေမယ့် အကုန်လုံးစုစုစည်းစည်းဖြစ်အောင် Busပဲစီစဥ်လိုက်ကြတယ်။
ကားပေါ်မှာ လူစုံတော့ စထွက်တယ်။
Driverက ''၂နာရီလောက်မောင်းရမှာမို့ အိပ်ချင်ရင် အိပ်နေလိုက်ကြနော်''
''ဟာ အခုမှ ထလာတာကို မအိပ်ပါဘူး''လို့ ဝိုင်းနောက်ကြရင်း
အဖွဲ့သားတွေထဲက တစ်ယောက်က
''ဘာဒါssaemတို့တော့ အိပ်ချင်ရင် အိပ်နော် ရောက်ရင် ကျနော်တို့နှိုးပေးမယ်''
''အားးးးးးးးးး''
ဝိုင်းအော်ပြီး စကြတယ်။အိမ်ထောင်သည်စုံတွဲက ဘာဒါတို့ပဲပါတာအပြင် ညက ဒင်းတို့က ပြဇာတ်ကြည့်ထားပြီလေ🙂။
''အာ ရပါတယ် မအိပ်ပါဘူး''ဘာဒါပြောပေမယ့်
''ဟာ အိပ်ပါ အိပ်ဖို့လိုနေမယ်ထင်တယ် သိပါတယ်''
''ဟုတ်တယ် ဟုတ်တယ် မီနာလည်းညကမအိပ်သေးတော့လေ အဲဒါ ssaemတို့ အိပ်ဖို့လိုနေမယ်ထင်တယ် ဟိ''
''ဘာလဲ ဘာလဲ''
''အဲလိုရှိတယ်''
''ဟင် ငါညက အစောကြီးအိပ်သွားတာ''
ဘာဒါ ဆိုယွန်းနားနှစ်ဖက်ကို ပိတ်ထားပြီး အော်ရယ်လိုက်ရင်း
''တော်ကြတော့ ငါမေ့ပြီး မီးမပိတ်မိတာ
မင်းတို့အလှည့်ကျမှ ဝဋ်လည်မယ်''
ဆိုယွန်းကို ဘာဒါကို ကြောင်တောင်တောင်လေး မော့ကြည့်ရင်း
''ဘာလဲဟင်''
''ဘာမှမဟုတ်ဘူး''
''တို့နှစ်ယောက်ကိုပြောနေတာမလား''
''ဟုတ်တယ်ဆိုပေမယ့် မသိလည်းဖြစ်တယ် နော် လာအိပ်ချင်ရင် ကိုယ့်ပုခုံးမှီအိပ်''
''ညက လူတွေရှေ့မှာ နမ်းမိသေးလို့လားဟင်''
''မဟုတ်ပါဘူး မဟုတ်ဘူး''
(အဲလိုလုပ်တာကမှတော်ဦးမယ်😅)
ဘာဒါ ဆိုယွန်းကို ရင်ခွင်ထဲဆွဲထည့်ပြီး ဘေးက ရှူခင်းတွေကြည့်နေလိုက်တယ်။
သီချင်းနားထောင်နေပုံရတဲ့ဆိုယွန်းရဲ့air podလေးတစ်ဖက်ကို ယူနားထောင်လိုက်တော့ သူchoreoလုပ်ဖူးတဲ့သီချင်း You got it- Vedo သီချင်း
နားထောင်နေရင်း နောက်တစ်ပုဒ်ပြောင်းတော့ Unholy
နောက်တပုဒ်ပြောင်းတော့ Mommae
နောက်တပုဒ်ပြောင်းတော့ He can't love you
မဟုတ်သေးဘူး အကုန်လုံးသူchoreoထားတာတွေချည်းပဲ
''ဆိုယွန်း''
မေးမလို့ပြင်လိုက်တာ့နဲ့ ဆိုယွန်းက
''ဟုတ်တယ်''
''ဟင် ဘာဟုတ်တာလဲ''
''ဘာမေးမလို့လဲ မေးမယ့်ဟာဟုတ်တယ်လို့''
''ဘာမေးမှာလဲသိလို့လား''
''ဒီသီချင်းတွေနားထောင်ပြီးရင် မေးစရာတစ်ခုပဲရှိတာကို''
''ဒါဆိုဟုတ်တယ်ပေါ့''
''ဟုတ်တယ်''
''ဟားးး လူကြားထဲမှာတော့ အသဲယားအောင်လုပ်နေပြီ''
သည်းခံစမ်း သည်းခံစမ်း အမှန်အတိုင်းပြောနေတာဆိုပေမယ့် သူ့စိတ်ကိုဆွနေတဲ့မျက်နှာပေးလေးကြောင့် ဆွဲနမ်းချင်စိတ်တွေကို အလုံးလိုက်မျိုချနေရတယ်။ ​ပါးစပ်စေ့မရတဲ့အနေအထားနဲ့ သီချင်းနားထောင်တာပြုံးစိစိဖြစ်နေတဲ့ဘာဒါကို ဆိုယွန်း တံတောင်နဲ့တွတ်လိုက်ပြီး လမ်းဘက်ကိုပဲလှည့်ကြည့်နေလိုက်တယ်။  တဖြည်းဖြည်းနဲ့ သူ့ကိုအကုန်ပေးသိပြီးမှ ထွက်သွားမယ်..ဒါက ဆိုယွန်းနားထောင်နေကျ သူchoreoထားသမျှသီချင်းတွေကိုစုထားတဲ့ Playlist🎶.
နောက်သုံးခုံကျော်လောက်က ဒါဟျွန်း ဆိုယွန်းတို့ကားပေါ်တက်လာတော့ ဆိုယွန်းကိူုခပ်တည်တည်နဲ့စိုက်ကြည့်ပြီး မဲ့ပြုံးပြုံးပြထားတာကြောင့် ရှုခင်းတွေလှပေမယ့် မျက်လုံးထဲဒါဟျွန်းကိုပဲ မြင်ယောင်နေမိတယ်။ ညက ဒါဟျွန်းက ဆိုယွန်းလာကြည့်တာကို မြင်သွားလောက်တယ်မလား..
နောက်တပိုင်းမျှော်😚
Zawgyi
ဘာဒါပြုံးလိုက်တယ်။
''ဆိုယွန်း ဆိုယွန်း''
ဟူးးးးးး။
''အာ့ တော်တော့လေ
အရာတွေလည်းပေါ်နေပြီ
''မကြိုက်ဘူး ''
''ဟင်''
''ဘာမှမဟုတ်ဘူး
''အင်း ဟုတ်တယ်ထင်တယ်''
''ခေါင်းကိုက်နေလား ''
''နည်းနည်း''
''ပျောက်ပြီလား''
''မပျောက်ဘူး''
''အားးးးးးးးးး''
''ဘာလဲ ဘာလဲ''
''အဲလိုရှိတယ်''
''ဘာလဲဟင်''
''ဘာမှမဟုတ်ဘူး''
''မဟုတ်ပါဘူး မဟုတ်ဘူး''
''ဆိုယွန်း''
''ဟုတ်တယ်''
''ဟင် ဘာဟုတ်တာလဲ''
''ဘာမေးမှာလဲသိလို့လား''
''ဒါဆိုဟုတ်တယ်ပေါ့''
''ဟုတ်တယ်''
နောက်တပိုင်းမျှော်😚
Continue Reading
You'll Also Like
376K 19.1K 22
Unicode แ€แ€ปแ€…แ€บแ€แ€ปแ€…แ€บแ€•แ€ญแ€ฏแ€„แ€บ แ€›แ€ฏแ€•แ€บแ€แ€ปแ€ฑแ€ฌแ€žแ€œแ€ฑแ€ฌแ€€แ€บแ€กแ€€แ€ปแ€„แ€ทแ€บแ€•แ€ฏแ€แ€บแ€แ€ฒแ€ทแ€œแ€ฐแ€€แ€ผแ€ฎแ€ธ แ€™แ€ฏแ€”แ€บแ€ธแ€แ€ปแ€„แ€บแ€…แ€›แ€ฌแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ญแ€ฏแ€€แ€บแ€แ€ฌแ€”แ€ฑแ€ฌแ€บ แ€Ÿแ€ฝแ€”แ€บแ€ธแ€ธแ€ธ....... แ€›แ€พแ€ญแ€ฏแ€„แ€บแ€ธแ€‡แ€ฝแ€ฒแ€™แ€ฌแ€”แ€บ แ€›แ€ฏแ€•แ€บแ€€แ€œแ€ฑแ€ธแ€แ€ปแ€…แ€บแ€…...
41.1M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
62.6M 3K 6
Brielle Newman A 21-year-old girl who was struggling to make life comfortable for herself and her niece, Delilah. Her sister left the baby the minute...