အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

496K 14.3K 553

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၃၁)uni & zg

9.3K 307 20
By EmmaRine9820

ဆောင်းရာသီက တဖြည်းဖြည်းနှင့် သူ့ဂုဏ်ကို ဖော်ထုတ်နေလေပြီ ။ မနက်ခင်းပိုင်း အအေးဓာတ်က စောင်ပင်မခွါနိုင်၊အိပ်ယာထဲတွင် နွေးနေအောင် ကွေးချင်ပေမဲ့လဲ ခြောက်သွေ့နေသော အာခေါင်ရဲ့ ရေဆာလောင်မှုဒဏ်ကို မခံနိုင်တော့ပေ စောင်ခြုံထဲမှ လက်ထွက်ကာ ဘေးသို့စမ်း
ရင်း

" ဟိန်း ငါရေအရမ်းဆာလို့ ရေပေးပါအုံး "

ဘေးမှတုန့်ပြန်သံမကြားသဖြင့်

"ဟိန်းလို့ ရေပေးပါအုံးဆိုနေမှ "

စိုင်းခက်စောင်ခြုံထဲမှ ဘေးကိုခေါင်းထွက်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေ စိုင်းခက်လဲ ဘာမှမစဉ်းစားနိုင်တော့ပဲ ဟိန်းဘက်အခြမ်းသို့လိမ့်သွားလိုက်ကာ စားပွဲပေါ်မှရေဘူးကို လှမ်းယူ၍ အားရပါးရမော့သောက်လိုက်ပြီးမှ နေရထိုင်ရသက်သာသွားတော့သည်။ ခေါင်းကလဲ မူးနောက် ပြီး ထပင်မထချင် ဖုန်းကိုယူကြည့်လိုက်တော့ ၆နာရီခွဲသာရှိသေးသည်။

"ဟိန်းက ဒီအချိန်ကြီးဘယ်သွားတာပါလိမ့် "
ထိုစဉ်

ဒေါက်ဒေါက်ဒေါက်

"သားရေ"

"ဟုတ်မေမေ လော့မချထားဘူးလာလေ"

"မေမေ့ကြောင့်နိုးသွားတာလား မေမေလဲ သားနိုးသည်ထိမစောင့်နိုင်တော့လို့လာမေးတာ"

ဒေါ်နန်းပန်ခမ်းက ပြာပြာသလဲ စိုင်းခက်ဘေးနားဝင် ထိုင်ကာ ပြောလေသည်။

"ဘာများဖြစ်လို့လဲမေမေရဲ့ "

"ဟိန်းနဲ့သားဘာဖြစ်ထားကြတာလဲ ၊ မနေ့ညက သားအရမ်းမူးပြီး ပြန်လာတာ ဟိန်းကလဲ ငိုထားတဲ့ပုံပဲ မျက်လုံးတွေကိုရဲလို့ ခုမနက်က အထုတ် အပိုးတွေနဲ့ မေ့မေ့ကိုလဲ ကန်တော့သွားတယ် ၊ သားကို ဂရုစိုက်ဖို့လဲ တဖွဖွမှာသွားတာ သူ့မျက် နှာလေးလဲညိုးနေတာပဲသားရယ် "

မေ့မေ့အပြောကြောင့် စိုင်းခက် အိပ်ယာမှ ထထိုင်ကာ မနေ့ညက အကြောင်းအရာများကို
ပြန်လည်စဉ်းစားရတော့သည်။ သူနောက်ဆုံး
မှတ်မိသည်က ဆေးလိပ်သောက်ပြီး toilet အဝင် အကိုဖုန်းပြောနေတာ ကြားသဖြင့် ဒေါသထွက် လာကာ beer အမူးသောက်မိခြင်းအထိသာ ကျန်တာစဉ်းစားလို့မရသေး။

"သားမနေ့ညက အမူးလွန်သွားတာ ကျန်တာ
မမှတ်မိတော့ဘူး ဟိန်းနဲ့ရန်မဖြစ်ခဲ့ဘူးလို့တော့ထင်တာပဲ ဟိန်းဘယ်သွားမယ်ပြောသွားလဲ"

"သူတိုက်ခန်းရပြီတဲ့ အဲတာပြောင်းတော့မလို့တဲ့လေ အဲတစ်ခုထဲတော့မေမေမထင်ဘူး
ဟိန်းမျက်နှာက တော်တော်ပျက်နေတာ ညကလဲ
ကောင်းကောင်းအိပ်ထားပုံမပေါ်ဘူး "

တကယ်စိတ်ပူနေတဲ့ မေမေ့ကြောင့် လက်ကို ဖွဖွဆုပ်၍

"စိတ်မပူပါနဲ့မေမေရယ် သားဟိန်းကိုဖုန်းဆက် ကြည့်လိုက်ပါအုံးမယ် တိုက်ခန်းပြောင်းဖို့က အစထဲက သူစီစဉ်နေတာပါ မေမေ့ကို မပြောဖြစ် သေးတာ စိတ်မပူနဲ့နော် "

"......"

ဒေါ်နန်းပန်ခမ်းလဲ စိတ်လျော့ကာ အခန်းထဲမှ
ထွက်သွားလေသည် ။ စိုင်းခက် ဇဝေဇဝါဖြင့် ခေါင်းကုပ်ကာ ဟိန်းဆီ ဖုန်းဆက်ရတော့သည်။
ဖုန်းက စက်ပိတ်ထားသဖြင့်ဘာဆက်လုပ်ရမှန်းမသိဖြစ်နေစဉ် ခန့်မှူးလွင်ကို သတိရကာ ဖုန်းခေါ် လိုက် တော့သည် ။

တီတီတီ !!! ဝင်နေပေမဲ့တော်တော်နဲ့မကိုင် ဒီချိန် ဘယ်လိုလုပ်နိုးမည်လဲ။

နောက်တစ်ခါထပ်ခေါ်တော့ ကိုင်လေသည်၊

" ဟျောင့် မင်းဒုက္ခပေးတာမပြီးနိုင်ဘူးလား"

"ခန့်မှူး ဟိန်းမရှိတော့ဘူး ဖုန်းလဲစက်
ပိတ်ထားတယ် မေမေကပြောတယ် မနေ့ညက ဟိန်းငိုထားတယ်တဲ့ ငါဘာမှမမှတ်မိတော့ဘူး "

" ခွေးစိတ်ပေါက်ပြီး မမှတ်မိလို့မရဘူး သေချာစဉ်းစားခွေးကောင် ဟိန်း အတော်ခံစားသွားရတာ ငါမင်းကိုအစကတည်းကပြောသားပဲ ကိုယ့်
ဇာတ်ကိုနိုင်အောင်ကလို့ ၊ ရည်းစားကြီးဘေးမှာထားပြီး အခြားလူကြောင့် ငိုပြနေတာ ငါသာဆို ထသတ်တယ် ဟိန်း မို့လို့သည်းခံနေတာ "

ခန့်မှူးပြောသည်များကို ရှုပ်ထွေးစွာ သူအကြိမ် ကြိမ်စဉ်းစားမိလိုက်တော့ အဖြစ်အပျက်များက တစ်ဆင့်ခြင်း သူ့ဦးနှောက်ထဲမှာ ရုပ်ရှပ်ပြ
ကွက်တွေလို တဖြည်းဖြည်းပြန်လည် ပေါ်လာတော့သည်။

"ဟာာာ သွားပြီ အကုန်သွားပြီ အားလုံးပြီးသွားပြီ ခန့်မှူး ငါ .... ငါဘာဆက်လုပ်ရမလဲ ဟိန်း.. ဟိန်းကို ငါဘယ်လိုမျက်နှာပြရမလဲ သူအရမ်းခံစားသွားရမှာငါသိတယ် "

သူပြုလုပ်ခဲ့ကိစ္စကြီး ကြောင့် အသံများ
ပင်တုန်ရီလာတော့သည်။

"စိတ်လျော့ စိုင်းခက် ခုချိန်မှာဘာမှလက်လွတ်စပယ် ထပ်မလုပ်မိစေနဲ့ ဟိန်းကိုတစ်ယောက်ထဲ လွတ်ထားပေးလိုက်သူအချိန်တန်ရင်မင်းဆီ
ဆက်သွယ်လာလိမ့်မယ် "

"ခန့်မှူး ငါဒီလိုမဖြစ်ချင်ခဲ့ပါဘူးကွာ ငါရအောင် ထိန်းချုပ်ခဲ့ပါသေးတယ် ဒါပေမဲ့ကွာ ငါ အကို့ကို ငါကိုယ်တိုင်မသိလိုက်ခင်ကတည်းက ချစ်မိနေခဲ့တာ ငါဟိန်းပေါ် ဒီလိုလုပ်လို့မဖြစ်မှန်းသိလို့ ငါနှလုံးသားကို တတ်နိုင်သလောက်ပိတ်ထားခဲ့တာပါ "

"ဟူးး အေးပါကွာ တကယ်တန်းပြောရရင် မင်းတို့ ၃ယောက်လုံးဘယ်သူမှမမှားခဲ့ကြပါဘူး နှလုံးသားရဲ့ ဦးတည် ချက်တွေက ပြောင်းလဲ
ဖန်တီးလို့မှမရပဲ ဟိန်းခံစားရသလို မင်းလဲခံစားရတာပဲ ကိုထိုက်လဲ ဘာထူးလဲ ၊ အဲတော့ဖြစ်ပြီးတာတွေအတွက် အကောင်းဆုံးနည်းလမ်းကိုသာစဉ်းစားပါ "

"အေးပါ ငါဒီနေ့ရုံးမလာတော့ဘူး "

"အေးအေး ရတယ် မင်းအေးဆေးနား တစ်ခုခုလိုရင်ဖုန်းဆက် "

"အေးအေးကျေးဇူးပဲခန့်မှူး "

"..."

နေ့လည်ရောက်သည့်တိုင်အောင် ဖုန်းဆက်မရ၊ မင်းသုတ ဆီဆက်ကြည့်တော့လဲ မသိဘူးဟုသာ ပြောသဖြင့် စိုင်းခက်ဘာဆက်လုပ်ရမှန်းမသိတော့ပေ ၊ ထိုက် ဆီ ဖုန်းဆက်တောင်းပန်ဖို့လဲ မပြောရဲသေး ဘာဆက်လုပ်ရမှန်းမသိသဖြင့် အိပ်ယာတွင်သာ ခြေပစ်လက်ပစ် လှဲကာ နေနေရတော့သည်။

ဒေါက်ဒေါက် ! !

"အကိုလေးရေ ကြီးကြီးက နေ့လည်စာ လာစားပါတဲ့"

အခန်းအပြင်မှ အေးပုံ ရဲ့အော်သံကြောင့် တံခါးထဖွင့်ကာ

" မေမေ့ကိုစားနှင့်လို့ ငါရေချိုးပြီးမှ စားမှာမို့မစောင့်နဲ့လို့ပြောလိုက်"

"....."

အေးပုံထွက်သွားတော့မှ ရေချိုးရန်ရေချိုးခန်း
ဝင် လိုက်တော့သည်။ ညက မူးထားတာကြောင့်ရော မနက်အစောကြီး နိုးပြီးစိတ်ရှုပ်စရာတွေတန်းစီးသွားတာရောကြောင့် ရေဘန်းအောက်
တွင်ရပ်ကာ ရေစက်တို့ကို အချိန်အတော် ကြာ ခံယူပြီးမှ အပေါ်ပိုင်းဗလာ ခါးတွက်တစ်ဘတ် ပတ်၍ ထွက်ခဲ့လိုက်သည်။

Ring ! Ring !

စိုင်းခက်ကုတင်စွန်းတွင်ထိုင်၍ခေါင်းသုတ်နေ
စဉ် ဖုန်းသံကြားရသဖြင့် စားပွဲပေါ်မှဖုန်းဆီသို့
အလျန်အမြန်ထသွားကာ ကြည့်လိုက်တော့ ဟိန်းဆီမှ ဖြစ်နေသဖြင့် ချက်ချင်းကိုင်ကာ

" ဟယ်လို ဟိန်း မင်းဘယ်မှာလဲ ငါရှင်းပြစရာတွေရှိတယ် ငါအခုမင်းဆီလာခဲ့မယ် "

စိုင်းခက်စိတ်လှုပ်ရှားစွာ ပြောမိတော့သည်။ သို့ပေမဲ့ တစ်ဖက်မှ ခုထိဘာသံမှမကြားရသေး

"ကြားလား ဟိန်း ငါ့ကိုတစ်ခုခုပြန်ပြောပါအုံးကွာ ငါတောင်းပန်ပါတယ် "

"စိုင်းခက်"

အသံကဖျော့တော့စွာနှင့်အားမရှိ

"အင်းဟိန်း ငါနားထောင်နေတယ် "

" ညကျရင် ငါတို့ first date လုပ်ခဲ့ကြတဲ့ဆိုင် လေးမှာတွေ့ကြရအောင် ငါစောင့်နေမယ် ၇ နာရီလာခဲ့ပါ "

"အင်းလာမယ် လာမယ် ခုတော့မင်းရှိတဲ့နေရာအရင်ပြော "

"ခုလောလောဆယ် ငါတစ်ယောက်ထဲနေချင်လို့ပါ စိတ်မပူနဲ့နော် ညမှတွေ့ကြမယ် ငါဖုန်းချပြီ "

တီတီတီ !!!!

ဟူးးးး သက်ပြင်းကြီးစွာချ၍ ညတွေ့
ရင် ရှင်းပြရမဲ့ စကားလုံးများကို စဉ်းစားလျက် အခန်းတွင်း သက်ပြင်းသံများ ကြားရသည်မှာ အကြိမ်ကြိမ်ပင် ......

            ******🌸🌸🌸🌸*******

Jupiter Restaurant & Bar သို့ နှေးကွေးသောခြေလှမ်းများစွာနှင့်အတူ ဟိန်း ဝင်ရောက်လာကာ သူတို့နှစ်ယောက် ပျော်ရွှင်စွာ ပထမဆုံး
ချိန်းတွေ့ခဲ့တဲ့ ထိုင်ခုံလေးမှာဝင်ထိုင်ရင်း
စိုင်းခက် အလာကို စောင့်နေလိုက်သည် ။
ထို့နောက် waiter အား သူဘိုကင်တင်ထားသည့် ဟင်းပွဲများနှင့် ဝိုင်ကိုလာချခိုင်းလိုက်သည်။ သိပ်မကြာလိုက် ဝန်ထမ်းကောင်လေးမှ သူမှာထားသော pasta နှစ်ပွဲနှင့် ဝိုင်လာချကာ တစ်ခါတည်းငှဲ့ပေးသွားသည်။

Ring ! Ring ! စိုင်းခက်ဆီမှဖြစ်သဖြင့်တန်းကိုင် လိုက်သည်။

"ဟိန်း ဘယ်နေရာမှာလဲ ငါရောက်နေပြီ"

"ငါတို့ ပထမဆုံးထိုင်ဖူးတဲ့ ဝိုင်းမှာ "

"အင်းအင်း ငါလာပြီ "

စိုင်းခက် ကားပါကင်ထိုးကာ ဟိိန်းရှိရာဝိုင်းသို့လျှောက်လာလိုက်သည်။ စားပွဲပေါ်တွင် သူတို့ first date က ဟိန်းကို သူအတင်းစားခိုင်းခဲ့သည့်
.... Pasta နှင့် သူအကြိုက်ဆုံး .... ဝိုင် ၊
Shirt ကော်လံ လက်ရှည်အဖြူနှင့်
ဆံပင်တွေကိုလဲ သေသပ်စွာဖီးထားကာ မျက်နှာကတော့ ညှိုးငယ်နေသည်မှာ အသိသာပင် ။
စိုင်းခက်ဝိုင်းတွင် ဝင်ထိုင်လိုက်သည်အထိ ဟိန်းကဘာစကားမှမပြောပဲ ပြုံးပီးသာသူ့ကိုကြည့်နေသဖြင့်

"ဟို... ဟိုလေဟိန်း မနေ့က ကိစ္စငါရှင်းပြပါမယ်"

"ရူးးး ဘာမှမပြောနဲ့ဦး ခုအရင်စားလိုက်အုံး အေးသွားရင်မကောင်းဘူး "

နှုတ်ခမ်းကို လက်ညှိးဖြင့်ထိကာ ဘာမှဆက်မပြောစေချင်တဲ့ မျက်ဝန်းတွေနဲ့ ပြောလာသဖြင့်
စိုင်းခက် ဟိန်းပြောတဲ့အတိုင်းသာ စားလိုက် တော့သည်။

"စားကောင်းလား စိုင်းခက် "

"အင်း ဒီဆိုင်က အချိန်ဘယ်လောက်ကြာကြာ
ဒီအရသာကမပြောင်းဘူးနော် ငါတို့မလာတာတောင်ကြာလှပြီ "

"ငါတို့ first date တုန်းက မင်း ဇွတ်ကျွေးလို့ ငါ pasta ကြိုက်တတ်သွားတာလေ မှတ်မိသေးလား "

"မှတ်မိတာပေါ့ အဲတုန်းက ဒီဝိုင်လေ မင်းက
အင်နိုးဆန့်လေး ဖြစ်နေတော့ ၁ခွက်လေးသောက်ပြီး ငါ့ကို ရစ်တာလေ "

"ဟုတ်ပါရဲ့နော် မင်းလဲကတော့ ၁ပုလင်းလုံး တစ်ယောက်ထဲသောက်မူးပြီး သီချင်းသွားဆိုသောင်းကျန်းလို့ ငါ့မှာမူးမူးနဲ့ လိုက်ဆွဲရသေး
တယ် "

"ဟားဟား ဟုတ်ပ ငါတို့ ပထမဦး date က သူများတွေလို မ ro လိုက်ရပဲ တလွဲတွေ
ဖြစ်ကုန်တာ "

"ဒါတင်ဘယ်ကအုန်းမလဲ အိမ်ပြန်ရောက်တော့ မင်းအမေကပါ ငါ့ကိုဆူတာလေ မသောက်စဖူးသောက်လို့ "

"ငါက ပိုအဆူခံရတာပါနော် ဟိန်း ကိုပါ ဖျက်စီးလိုက်ပီလားဆိုပြီး "

"အင်း အဲတုန်းကအချိန်တွေကတကယ်ပျော်စရာကောင်းခဲ့တာပဲ "

သူတို့အရင်အကြောင်းတွေပြောပြီး ရီမောမိနေရာကနေ ဟိန်း မျက်နှာညှိးငယ်လာရသည်။

"ဟိုလေ ဟိန်း ငါတောင်းပန်ပါတယ် မနေ့က ငါအမူးလွန်သွားပြီး ရူးကြောင်ကြောင်တွေ
လျှောက်လုပ်မိတာ ငါ့ကိုစိတ်မဆိုးပါနဲ့နော်
နောက်မဖြစ်စေရပါဘူး "

စိုင်းခက်အလွန်ပင်အားနာကာ မျက်နှာလဲပူမိသည်။ သူက ဟိန်းအပေါ် သစ္စာဖောက်မိခဲ့တာမို့လား လူကိုယ်တိုင်မဖောက်ပြားပေမဲ့ နှလုံးသား နဲ့ စိတ်က သူများအပေါ်တိမ်းညွတ်မိတာကလဲ
သစ္စာဖောက်လိုက်တာပဲမို့လား ။

" မင်းရူးနေလား စိုင်းခက် ခုချိန်ထိ
ကိုယ့်ကိုကိုယ် လိမ်ချင်နေတုန်းပဲလား ၊ ခုလိုလုပ်တာက မင်းနှလုံးသားတင်မကဘူး ငါပါနာကျင် နေရတာကို မင်းမတွေးမိဘူးလား ၊ ဒါကိုခုထိဝန် မခံသေးဘူးလား "

ဟိန်းဒေါသထွက်လာသည်။ အစက ပြေပြေ
လည်လည် ပြောကြဖို့ စဉ်းစားထားပေမဲ့ ခုထိ ငြင်းချင်နေတဲ့ စိုင်းခက်ကြောင့် ဒေါသသံများ
ပင်ပါလာရသည်။

"စိတ်လျော့ပါ ဟိန်းရဲ့ ငါ...ငါဝန်ခံတယ် ငါအကို့ပေါ် စိတ်ရောက်သွားတယ် ဒါမဲ့ငါကတိပေးပါတယ် ငါအမြန်ဆုံးစိတ်ဖျက်နိုင်အောင်ကြိုးစားမှာပါ ငါ့ကို အချိန်နဲနဲလောက်ပဲပေးပါ ငါတောင်းပန်ပါတယ်နော် "

" တော်ပါတော့ စိုင်းခက်ရာငါမခံစားနိုင်တော့ဘူး၊ တိတ်ဆိတ်ပြီးနွေးထွေးမှုမရှိတဲ့ကုတင်မှာငါမအိပ်ချင်တော့ဘူး၊ မင်းအိမ်ပြန်လာမဲ့အချိန်ကို ခွေးတစ်ကောင်လိုမျှော်မနေချင်တော့ဘူး၊ငါ့ကိုအပြစ်ရှိသလိုမျက်ဝန်းတွေနဲ့ကြည့်နေတာလဲငါမခံချင်တော့ဘူး မွန်းကျပ်တယ် "

"........"

" ဟော့ဒီ ..... ဟောဒီ ရင်ဘက်ထဲက ဘယ်လောက်နာကျင်နေရလဲမင်းသိလား ... ငါ့ဆီမှာ လူကရှိနေပေမဲ့ မင်းနှလုံးသားကမရှိတော့ဘူး ငါအတတ်နိုင်ဆုံး ဆွဲထားချင်ခဲ့တာပါကွာ ဒါပေမဲ့ မင်းမှမပျော်တာ ငါ့အနားမှာနေရတာ မင်းမှမပျော်တော့တာ ငါ့ဘက်က ဘာတတ်နိုင်တော့မှာလဲ စိတ်ဆိုးစိတ်ကောက်တာက ချော့လို့ရပေမဲ့ ငါ့ကိုမချစ်တော့တာကိုကျ ငါဘယ်လိုနည်းသုံးပြီးအဆင်ပြေအောင်လုပ်ရမလဲငါမသိတော့ဘူး"

ဟိန်းက သူ့ရင်ဘက်ကို ထုကာ မျက်ရည်များကျဆင်းလာလေတော့သည်။ စိုင်းခက်မှာလဲ မျက်ရည်များဝဲကာ ထပ်တူနာကျင်လာရသည်။ သူ့ရင်ထဲမှာ ဟိန်းကိုသနားလွန်းလို့ ဘာလုပ်ပေးရမှန်းကိုမသိတော့ပေ။

" ငါတောင်းပန်ပါတယ်ကွာ ငါလဲဒီလိုတွေ
မဖြစ်ချင်ခဲ့ပါဘူး ငါတကယ် အကို့ကို မချစ်
ချင်ခဲ့ပါဘူးဟိန်းရာ "

စိုင်းခက် ဟိန်းရဲ့လက်ကို ဆုပ်ကိုင်၍တောင်း
ပန်နေမိသည်။ ဟိန်း တစ်တိတိ ငိုနေရင်းမှ
ခေါင်းမော့လာကာ စိုင်းခက်လက်တို့ကို ဖယ်ချလျက်

" ငါတို့လမ်းခွဲကြရအောင် "

"ငါတောင်းပန်ပါတယ် ဟိန်းရာ"

" ငါနောက်ဆုံးချိန်ထိမင်းကိုဆွဲထား
ချင်ခဲ့တာပါ မင်းနှလုံးသားကိုပြန်ရဖို့အတွက် ငါ့မှာအခွင့်အရေးမရှိတော့ဘူးဆိုတာ မင်းကိုမင်းအသိဆုံးပါ ငါမနာကျင် ချင်တော့ဘူး မင်းကိုလဲ မနာကျင်စေချင်ဘူး ငါတို့ဆက်ပီးတူတူရှိနေလဲ ပျော်ရွှင်ရမှာမဟုတ်ဘူးလေ "

"ငါတောင်းပန်ပါတယ် ဟိန်းရာ
ငါတကယ်တောင်းပန်ပါတယ် မင်းကို ငါအရမ်းချစ်ခဲ့တာပါ ဒါမဲ့ ခုဆက်မချစ်နိုင်တော့ငါ့နှလုံးသားအတွက် ငါ့ကိုယ် ငါဘယ်လို အပြစ်ပေးရမလဲကွာ ငါတကယ် အဲလိုမဖြစ်စေချင်ခဲ့ပါဘူး "

သူ့ရှေ့တွင်မျက်ရည်တွေကျနေတဲ့ဟိန်းကို ဘယ်လိုဖြေသိမ့်ပြီး ဘယ်လိုတောင်းပန်ရမှန်းတောင်သူမသိတော့ ၊ ဟိန်းရဲ့ လက်ကို ကျစ်ကျစ်ပါအောင်ထပ်ကိုင်ထားပြီးသာ တောင်းပန်စကားများကို ထပ်ခါထပ်ခါပြောရင်း သူပါ
မျက်ရည်ကျလာရတော့သည် ။ ဟိန်းကိုမချစ် တော့ဘူးဆိုရင်တောင် သံယောဇဉ်ရှိပါသည်။ ဟိန်းခုလိုနာကျင်စွာ ငိုနေရတာကိုမြင်ရတဲ့
အတွက် တကယ်ပင်ရင် ထဲပူရပါသည်။

"ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ တကယ်တော့ငါမှားခဲ့တာပါ ငါသာသတ္တိရှိခဲ့ရင် မင်းနဲ့ အဆင်ပြေအောင် ညှိယူခဲ့ရင် ငါတို့ခုလိုဖြစ်စရာအကြောင်းမရှိဘူးလေ ၊ အဲတော့မင်းစိတ်ရှင်းရှင်းထားပါ ငါတို့နှစ်ယောက် လုံး အေးချမ်းဖို့အတွက် ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့ "

စိုင်းခက်လက်ထဲမှ သူ့လက်များကိုပြန်လဲ
ဆွဲထုတ်ကာ မတ်တပ်ထရပ်လိုက်သဖြင့်
စိုင်းခက်လဲ တန်းတူထရပ်လိုက်ရင်း ဟိန်းနဲ့မျက် နှာချင်းဆိုင်လိုက်ပြီး

"ဒီအတောအတွင်း နာကျင်စေခဲ့တာတွေအတွက် တောင်းပန်ပါတယ် ငါတို့တွေ ချစ်သူအဖြစ်လမ်းခွဲလိုက်ကြပေမဲ့ တစ်ချိန်ချိန်မှာ အရင်းနှီးဆုံးလူအဖြစ် နာကျင်စရာမရှိတဲ့ အပြုံးတွေနဲ့ ပြန်ဆုံချင်ပါသေးတယ် ဘာပဲလိုလိုငါ့ကို ပြောပါဟိန်း "

ဟိန်းပြုံး၍ စိုင်းခက် ပခုံးကို ခပ်ဖွဖွ ညစ်ကာ နဖူးအားခပ်ဖွဖွအနမ်းချွေလိုက်မိသည်။ စိုင်းခက်လဲ မျက်လုံးလေးမှိတ်ကာ ထိုအနမ်းတို့ကို ခံယူပေးလိုက်သည်။ ထိုအနမ်းက သူတို့နှစ် ယောက်လုံးအတွက် ဒီတစ်ခါတော့ တကယ်နောက်ဆုံးဖြစ် သွားပြီမဟုတ် လား ။

"ငါ့ကို စိတ်မပူပဲ မင်းပျော်ရာကိုသာ ဆက်လုပ်ပါ ငါအဆင်ပြေပါတယ် ၊ ငါသွားတော့မယ်နော် "

ကျောခိုင်းခါ ထွက်ခွါသွားသောကျောပြင် ငေးကြည့်ရင်း ဝမ်းနည်းမှုတွေ နှင့် အတူ လွတ်လပ် ခြင်းဆိုတဲ့ အရာလေးပါ ကပ်ပါလာသည်။

ထွက်လာခဲ့ပြီးပြီမို့ နောက်ကလူကို လှည့်မကြည့်စေဖို့ ကိုယ့်ကိုယ်ကို အမိိန့်ပေးရင်းခြေလှမ်းတွေကို ခိုင်မာစွာဆက်လျှောက်ခဲ့၏သက်ပြင်းများစွာဖြင့် နှလုံးသားက နာကျင်စွာငိုကြွေးနေလေသည်။

ဆိုင်ခွင့်မရှိတော့လို့ အဆင်ပြေပါတယ် ဆိုပြီး မင်းထွက်ပြေးသွားတာကို ရပ်ကျန်ပေးခဲ့ရတဲ့ ခြေလှမ်းတွေပဲလေ ...
မနာကျင်ရဘူးပြောရင်
ငါညာရာကျမှာပေါ့ မင်းကိုတကယ် ပျော်စေ
ချင်ပါတယ် ...."
ငါတို့ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ်
အရင်းနှီးဆုံးမိတ်ဆွေတွေ အဖြစ်နဲ့ပေါ့ "

            ******🌸🌸🌸******

" အကို ကျွန်တော့်တို့ဆိုင်ပိတ်တော့မှာမို့ပါဗျ "

ဟိန်းထွက်သွားကတည်းက မပြန်ပဲ ဆက်သောက်နေတာ ဘယ်နှစ်ပုလင်းသောက်ထားမိမှန်းတောင်မသိ ၊ စားပွဲပေါ်တွင်မောက်အိပ်နေလိုက်တာ ဆိုင်ပိတ်တော့မှာဆိုပြီး ဝန်ထမ်းကောင် လေး လာနိုးမှသာ နိုးတော့သည် ။

"Sorry ပဲနော် ဘယ်လောက်ကျလဲရှင်းမယ်"

"......"

စိုင်းခက်ငွေရှင်းပြီး ကားဆီသို့လာလိုက်သည်။ သောက်တုန်းကတော်တော်မူးပေမဲ့ ဆိုင်မှာတင် အိပ်ပျော်သွားလို့ ရုပ်ပျက်ဆင်းပျက် တော့မမူးတော့ပေမဲ့ လုံးလုံးတော့မပြေသေး။  ည ၁၁ နာရီရှိပီမို့အိမ်လဲမပြန်ချင် ခုချိန်သူလုပ်ချင်နေဆုံးအရာကိုပြောပါဆိုလျှင် အကို့ဆီသို့သာပြေးသွားလိုက်ချင်ပါသည်။ စိုင်းခက်အတွေးတို့ကနောက်
ကားက အကို့အိမ်လမ်းသို့မောင်းနှင်နေလေပြီလေ ။

အခန်းရှေ့ရောက်တာနှင့် သက်ပြင်းချကာ တည်ငြိမ်အောင်လုပ်ပြီး bell တီးလိုက်သည်။ စက္ကန့်အနဲငယ်ကြာမှ တံခါးလာဖွင့်သောအကိုက ညအိပ်အကွက်ဝမ်းဆက်လေးဖြင့် စာကြည့်
မျက်မှန်ကလဲတပ်ထားကာ အရမ်းကိုချောမောလွန်းနေသည်။ သူ့ကိုလဲ အံ့ဩသလိုပုံစံမျိုးဖြင့်ကြည့်ရင်း အပြင်သို့လဲ ဟိုရှာဒီရှာလုပ်နေသဖြင့်

"ကျွန်တော်တစ်ယောက်ထဲလာတာအကို
အထဲဝင်လို့ရမလား "

စိုင်းခက်ပြောပြီးတာနဲ့ ထိုက်အပြောကိုမစောင့်ပဲ ပခုံးအားတွန်းဖယ်၍ ဝင်လာခဲ့ပြီး ဧည့်ခန်းဆီသို့ တစ်လျှောက် သွားကာ ဆိုဖာဝင် ခြေပစ်လက်
ပစ်ဝင်ထိုင်လိုက်သည်။ ထိုက်လဲသူ့နောက်
မှလိုက်လာပြီး သူလုပ်သမျှ ရပ်ကြည့်ရင်း ဆိုဖာ တစ်ဖက်ခြမ်းတွင်ဝင်ထိုင်ကာ စကားစလိုက်ရ
သည်။

"စိုင်းခက် ဒီအချိန်ကြီးဘာလာလုပ်တာလဲ မနေ့ကလဲပြသာနာတက်ထားတာကို ခုလိုလာတော့ ဟိန်းထက် ပိုအထင်လွဲမှာပေါ့ ကိုယ့်ကို မျက်နှာပျက်စရာတွေဖြစ်အောင်ထပ်မလုပ်ပါနဲ့ "

"ဟိန်း ကျွန်တော့်ကို လမ်းခွဲသွားပြီ "

စိုင်းခက်အပြောကြောင့် ထိုက်အံ့ဩသွားရသည်။ ဒီလောက်ကြီးထိပြသာနာဖြစ်လိမ့်မယ်လို့သူတကယ်မထင်ထားပါ။ စိုင်းခက်ကိုကြည့်တော့လဲ အရက်နံ့တွေမွန်ထူနေသည်။

"ကိုယ်တကယ်စိတ်မကောင်းပါဘူး "

ထိုက်တကယ်ကို စိတ်မကောင်းဖြစ်ရပါသည်။ ဟိန်းထက် စိုင်းခက်ကို တကယ်ချစ်တာသိရ၍ သူစိုင်းခက်ကို လက်လွတ်ပေးခဲ့ခြင်းပင်၊
ခုလိုပြတ်သည်ထိဖြစ်သွားရတာ သူ့ပယောဂ မကင်းသဖြင့် ဟိန်းထက် အပေါ်  စိတ်မလုံအားနာပါသည်။ ထိုက် မျက်နှာတွင် အားနာမှုများ
ပါဝင်နေသဖြင့်

"အကို အမှားမဟုတ်ပါဘူး အားမနာပါနဲ့
ကျွန်တော့်အမှားကြောင့်ပါ အကိုနဲ့မဆိုင်ပါဘူး "

"အင်း ကိုယ်ဘာကူညီပေးရမလဲ ဟိန်းထက်ကို လိုက်ရှင်းပြပေးရမှာလား "

"ဘာလို့အဲလိုပြောတာလဲအကို "

"ခုလာတာ အဲလိုဖြစ်စေချင်လို့မဟုတ်ဘူးလား"

"အကို ကျွန်တော့်ခံစားချက်တွေကို မြင်ရဲ့သားနဲ့ ဘာလို့ခုလိုပြောနေတာလဲ အကိုလဲ ကျွန်တော့်ကို ချစ်နေတာပဲလေ "

"တော်ပါတော့ စိုင်းခက် ၊ ပထမအကြိမ် နဲ့တင် ကိုယ့်နှလုံးသားက နာကျင်ဖို့လုံလောက်ပါပြီ၊ မင်းရဲ့မသေချာမှုတွေ ကြောင့် ထပ်မနာကျင်
ချင်တော့ဘူး ၊ မင်းစိတ်ကို မင်းသေချာစမ်း
စစ်လိုက်ပါအုန်း ၊ ပီးတော့ ကိုယ်အဲလောက်
မျက်နှာမပြောင်နိုင်ဘူး ဟိန်းကိုအားနာတယ် "

"အကို ကျွန်တော့်ကိုမယုံတာ နားလည် ပါတယ် ၊ ဒါမဲ့ကျွန်တော့်ကို ကြိုးစားခွင့်လေးပေးပါ ၊
ကျွန်တော့်နှလုံးသားက ဘာကိုအလိုရှိလဲဆိုတာ သေချာသိသွားပါပြီ ၊ ကျွန်တော့်အကို့ကို
ချစ်တယ် ၊ သေချာတယ် ချစ်မိနေပီ ၊ ထိန်းချုပ် ဖို့ခက်အောင်ကို ချစ်မိသွားပြီ"

"တော်လိုက်တော့ စိုင်းခက် မင်းမူးနေပြီ ၊ ဒီနေ့ဒီမှာပဲအိပ်လိုက်တော့ ဟိုဘက်အခန်းက ရှင်းထားပြီးသားကိုယ်လဲ အိပ်တော့မယ် "

ထိုက်အခန်းသို့မြန်မြန်လာလိုက်ပြီး အိပ်ယာတွင် လှဲချလိုက်သည်။ အရင်ချိန်တွေလိုသာဆို စိုင်းခက်ကို ထွေးပွေ့ထားပြီး ဘယ်လောက်ချစ်ရတဲ့
အကြောင်းတွေကို ဖွင့်ဟချင်ပေမဲ့ ခုတော့သူကြောက်ပါသည်။ ခုတစ်ကြိမ်သာဆို သူနှလုံးသားလုံးဝပင် ခံနိုင်ရည်ရှိမှာမဟုတ်တော့ပေ ။ ခုလဲဟိန်းကသာ လမ်းမခွဲခဲ့ရင် စိုင်းခက်က သူ့ကို ရွေးချယ်မှာမဟုတ်ဘူးမို့လား ။

အခန်းထဲတွင် အတွေးများစွာဖြင့် စိုင်းခက် အချစ်ကို ယုံကြည်ဖို့ခက်ခဲနေသောလူတစ်ယောက်
နှင့် အပြင် ဘက်တွင် သူ့အချစ်တွေကို ယုံအောင် ဘယ်လိုလုပ်ရမလဲ တွေးနေတဲ့ လူတစ်ယောက်ရှိလေသည်။

               ****🌸🌸🌸🌸******
ကဲအာလုံးဖြစ်စေချင်သလို ဟိန်းနဲ့ပြတ်သွားပါပီနော် ❤️

Zawgyi

ေဆာင္းရာသီက တျဖည္းျဖည္းႏွင့္ သူ႔ဂုဏ္ကို ေဖာ္ထုတ္ေနေလၿပီ ။ မနက္ခင္းပိုင္း အေအးဓာတ္က ေစာင္ပင္မခြါႏိုင္၊အိပ္ယာထဲတြင္ ေႏြးေနေအာင္ ေကြးခ်င္ေပမဲ့လဲ ေျခာက္ေသြ႕ေနေသာ အာေခါင္ရဲ႕ ေရဆာေလာင္မႈဒဏ္ကို မခံႏိုင္ေတာ့ေပ ေစာင္ၿခဳံထဲမွ လက္ထြက္ကာ ေဘးသို႔စမ္း
ရင္း

" ဟိန္း ငါေရအရမ္းဆာလို႔ ေရေပးပါအုံး "

ေဘးမွတုန္႔ျပန္သံမၾကားသျဖင့္

"ဟိန္းလို႔ ေရေပးပါအုံးဆိုေနမွ "

စိုင္းခက္ေစာင္ၿခဳံထဲမွ ေဘးကိုေခါင္းထြက္ၾကည့္လိုက္ေတာ့ ဘယ္သူမွရွိမေန စိုင္းခက္လဲ ဘာမွမစဥ္းစားႏိုင္ေတာ့ပဲ ဟိန္းဘက္အျခမ္းသို႔လိမ့္သြားလိုက္ကာ စားပြဲေပၚမွေရဘူးကို လွမ္းယူ၍ အားရပါးရေမာ့ေသာက္လိုက္ၿပီးမွ ေနရထိုင္ရသက္သာသြားေတာ့သည္။ ေခါင္းကလဲ မူးေနာက္ ၿပီး ထပင္မထခ်င္ ဖုန္းကိုယူၾကည့္လိုက္ေတာ့ ၆နာရီခြဲသာရွိေသးသည္။

"ဟိန္းက ဒီအခ်ိန္ႀကီးဘယ္သြားတာပါလိမ့္ "
ထိုစဥ္

ေဒါက္ေဒါက္ေဒါက္

"သားေရ"

"ဟုတ္ေမေမ ေလာ့မခ်ထားဘူးလာေလ"

"ေမေမ့ေၾကာင့္ႏိုးသြားတာလား ေမေမလဲ သားႏိုးသည္ထိမေစာင့္ႏိုင္ေတာ့လို႔လာေမးတာ"

ေဒၚနန္းပန္ခမ္းက ျပာျပာသလဲ စိုင္းခက္ေဘးနားဝင္ ထိုင္ကာ ေျပာေလသည္။

"ဘာမ်ားျဖစ္လို႔လဲေမေမရဲ႕ "

"ဟိန္းနဲ႔သားဘာျဖစ္ထားၾကတာလဲ ၊ မေန႔ညက သားအရမ္းမူးၿပီး ျပန္လာတာ ဟိန္းကလဲ ငိုထားတဲ့ပုံပဲ မ်က္လုံးေတြကိုရဲလို႔ ခုမနက္က အထုတ္ အပိုးေတြနဲ႔ ေမ့ေမ့ကိုလဲ ကန္ေတာ့သြားတယ္ ၊ သားကို ဂ႐ုစိုက္ဖို႔လဲ တဖြဖြမွာသြားတာ သူ႔မ်က္ ႏွာေလးလဲညိဳးေနတာပဲသားရယ္ "

ေမ့ေမ့အေျပာေၾကာင့္ စိုင္းခက္ အိပ္ယာမွ ထထိုင္ကာ မေန႔ညက အေၾကာင္းအရာမ်ားကို
ျပန္လည္စဥ္းစားရေတာ့သည္။ သူေနာက္ဆုံး
မွတ္မိသည္က ေဆးလိပ္ေသာက္ၿပီး toilet အဝင္ အကိုဖုန္းေျပာေနတာ ၾကားသျဖင့္ ေဒါသထြက္ လာကာ beer အမူးေသာက္မိျခင္းအထိသာ က်န္တာစဥ္းစားလို႔မရေသး။

"သားမေန႔ညက အမူးလြန္သြားတာ က်န္တာ
မမွတ္မိေတာ့ဘူး ဟိန္းနဲ႔ရန္မျဖစ္ခဲ့ဘူးလို႔ေတာ့ထင္တာပဲ ဟိန္းဘယ္သြားမယ္ေျပာသြားလဲ"

"သူတိုက္ခန္းရၿပီတဲ့ အဲတာေျပာင္းေတာ့မလို႔တဲ့ေလ အဲတစ္ခုထဲေတာ့ေမေမမထင္ဘူး
ဟိန္းမ်က္ႏွာက ေတာ္ေတာ္ပ်က္ေနတာ ညကလဲ
ေကာင္းေကာင္းအိပ္ထားပုံမေပၚဘူး "

တကယ္စိတ္ပူေနတဲ့ ေမေမ့ေၾကာင့္ လက္ကို ဖြဖြဆုပ္၍

"စိတ္မပူပါနဲ႔ေမေမရယ္ သားဟိန္းကိုဖုန္းဆက္ ၾကည့္လိုက္ပါအုံးမယ္ တိုက္ခန္းေျပာင္းဖို႔က အစထဲက သူစီစဥ္ေနတာပါ ေမေမ့ကို မေျပာျဖစ္ ေသးတာ စိတ္မပူနဲ႔ေနာ္ "

"......"

ေဒၚနန္းပန္ခမ္းလဲ စိတ္ေလ်ာ့ကာ အခန္းထဲမွ
ထြက္သြားေလသည္ ။ စိုင္းခက္ ဇေဝဇဝါျဖင့္ ေခါင္းကုပ္ကာ ဟိန္းဆီ ဖုန္းဆက္ရေတာ့သည္။
ဖုန္းက စက္ပိတ္ထားသျဖင့္ဘာဆက္လုပ္ရမွန္းမသိျဖစ္ေနစဥ္ ခန္႔မႉးလြင္ကို သတိရကာ ဖုန္းေခၚ လိုက္ ေတာ့သည္ ။

တီတီတီ !!! ဝင္ေနေပမဲ့ေတာ္ေတာ္နဲ႔မကိုင္ ဒီခ်ိန္ ဘယ္လိုလုပ္ႏိုးမည္လဲ။

ေနာက္တစ္ခါထပ္ေခၚေတာ့ ကိုင္ေလသည္၊

" ေဟ်ာင့္ မင္းဒုကၡေပးတာမၿပီးႏိုင္ဘူးလား"

"ခန္႔မႉး ဟိန္းမရွိေတာ့ဘူး ဖုန္းလဲစက္
ပိတ္ထားတယ္ ေမေမကေျပာတယ္ မေန႔ညက ဟိန္းငိုထားတယ္တဲ့ ငါဘာမွမမွတ္မိေတာ့ဘူး "

" ေခြးစိတ္ေပါက္ၿပီး မမွတ္မိလို႔မရဘူး ေသခ်ာစဥ္းစားေခြးေကာင္ ဟိန္း အေတာ္ခံစားသြားရတာ ငါမင္းကိုအစကတည္းကေျပာသားပဲ ကိုယ့္
ဇာတ္ကိုႏိုင္ေအာင္ကလို႔ ၊ ရည္းစားႀကီးေဘးမွာထားၿပီး အျခားလူေၾကာင့္ ငိုျပေနတာ ငါသာဆို ထသတ္တယ္ ဟိန္း မို႔လို႔သည္းခံေနတာ "

ခန္႔မႉးေျပာသည္မ်ားကို ရႈပ္ေထြးစြာ သူအႀကိမ္ ႀကိမ္စဥ္းစားမိလိုက္ေတာ့ အျဖစ္အပ်က္မ်ားက တစ္ဆင့္ျခင္း သူ႔ဦးေႏွာက္ထဲမွာ ႐ုပ္ရွပ္ျပ
ကြက္ေတြလို တျဖည္းျဖည္းျပန္လည္ ေပၚလာေတာ့သည္။

"ဟာာာ သြားၿပီ အကုန္သြားၿပီ အားလုံးၿပီးသြားၿပီ ခန္႔မႉး ငါ .... ငါဘာဆက္လုပ္ရမလဲ ဟိန္း.. ဟိန္းကို ငါဘယ္လိုမ်က္ႏွာျပရမလဲ သူအရမ္းခံစားသြားရမွာငါသိတယ္ "

သူျပဳလုပ္ခဲ့ကိစၥႀကီး ေၾကာင့္ အသံမ်ား
ပင္တုန္ရီလာေတာ့သည္။

"စိတ္ေလ်ာ့ စိုင္းခက္ ခုခ်ိန္မွာဘာမွလက္လြတ္စပယ္ ထပ္မလုပ္မိေစနဲ႔ ဟိန္းကိုတစ္ေယာက္ထဲ လြတ္ထားေပးလိုက္သူအခ်ိန္တန္ရင္မင္းဆီ
ဆက္သြယ္လာလိမ့္မယ္ "

"ခန္႔မႉး ငါဒီလိုမျဖစ္ခ်င္ခဲ့ပါဘူးကြာ ငါရေအာင္ ထိန္းခ်ဳပ္ခဲ့ပါေသးတယ္ ဒါေပမဲ့ကြာ ငါ အကို႔ကို ငါကိုယ္တိုင္မသိလိုက္ခင္ကတည္းက ခ်စ္မိေနခဲ့တာ ငါဟိန္းေပၚ ဒီလိုလုပ္လို႔မျဖစ္မွန္းသိလို႔ ငါႏွလုံးသားကို တတ္ႏိုင္သေလာက္ပိတ္ထားခဲ့တာပါ "

"ဟူးး ေအးပါကြာ တကယ္တန္းေျပာရရင္ မင္းတို႔ ၃ေယာက္လုံးဘယ္သူမွမမွားခဲ့ၾကပါဘူး ႏွလုံးသားရဲ႕ ဦးတည္ ခ်က္ေတြက ေျပာင္းလဲ
ဖန္တီးလို႔မွမရပဲ ဟိန္းခံစားရသလို မင္းလဲခံစားရတာပဲ ကိုထိုက္လဲ ဘာထူးလဲ ၊ အဲေတာ့ျဖစ္ၿပီးတာေတြအတြက္ အေကာင္းဆုံးနည္းလမ္းကိုသာစဥ္းစားပါ "

"ေအးပါ ငါဒီေန႔႐ုံးမလာေတာ့ဘူး "

"ေအးေအး ရတယ္ မင္းေအးေဆးနား တစ္ခုခုလိုရင္ဖုန္းဆက္ "

"ေအးေအးေက်းဇူးပဲခန္႔မႉး "

"..."

ေန႔လည္ေရာက္သည့္တိုင္ေအာင္ ဖုန္းဆက္မရ၊ မင္းသုတ ဆီဆက္ၾကည့္ေတာ့လဲ မသိဘူးဟုသာ ေျပာသျဖင့္ စိုင္းခက္ဘာဆက္လုပ္ရမွန္းမသိေတာ့ေပ ၊ ထိုက္ ဆီ ဖုန္းဆက္ေတာင္းပန္ဖို႔လဲ မေျပာရဲေသး ဘာဆက္လုပ္ရမွန္းမသိသျဖင့္ အိပ္ယာတြင္သာ ေျခပစ္လက္ပစ္ လွဲကာ ေနေနရေတာ့သည္။

ေဒါက္ေဒါက္ ! !

"အကိုေလးေရ ႀကီးႀကီးက ေန႔လည္စာ လာစားပါတဲ့"

အခန္းအျပင္မွ ေအးပုံ ရဲ႕ေအာ္သံေၾကာင့္ တံခါးထဖြင့္ကာ

" ေမေမ့ကိုစားႏွင့္လို႔ ငါေရခ်ိဳးၿပီးမွ စားမွာမို႔မေစာင့္နဲ႔လို႔ေျပာလိုက္"

"....."

ေအးပုံထြက္သြားေတာ့မွ ေရခ်ိဳးရန္ေရခ်ိဳးခန္း
ဝင္ လိုက္ေတာ့သည္။ ညက မူးထားတာေၾကာင့္ေရာ မနက္အေစာႀကီး ႏိုးၿပီးစိတ္ရႈပ္စရာေတြတန္းစီးသြားတာေရာေၾကာင့္ ေရဘန္းေအာက္
တြင္ရပ္ကာ ေရစက္တို႔ကို အခ်ိန္အေတာ္ ၾကာ ခံယူၿပီးမွ အေပၚပိုင္းဗလာ ခါးတြက္တစ္ဘတ္ ပတ္၍ ထြက္ခဲ့လိုက္သည္။

Ring ! Ring !

စိုင္းခက္ကုတင္စြန္းတြင္ထိုင္၍ေခါင္းသုတ္ေန
စဥ္ ဖုန္းသံၾကားရသျဖင့္ စားပြဲေပၚမွဖုန္းဆီသို႔
အလ်န္အျမန္ထသြားကာ ၾကည့္လိုက္ေတာ့ ဟိန္းဆီမွ ျဖစ္ေနသျဖင့္ ခ်က္ခ်င္းကိုင္ကာ

" ဟယ္လို ဟိန္း မင္းဘယ္မွာလဲ ငါရွင္းျပစရာေတြရွိတယ္ ငါအခုမင္းဆီလာခဲ့မယ္ "

စိုင္းခက္စိတ္လႈပ္ရွားစြာ ေျပာမိေတာ့သည္။ သို႔ေပမဲ့ တစ္ဖက္မွ ခုထိဘာသံမွမၾကားရေသး

"ၾကားလား ဟိန္း ငါ့ကိုတစ္ခုခုျပန္ေျပာပါအုံးကြာ ငါေတာင္းပန္ပါတယ္ "

"စိုင္းခက္"

အသံကေဖ်ာ့ေတာ့စြာႏွင့္အားမရွိ

"အင္းဟိန္း ငါနားေထာင္ေနတယ္ "

" ညက်ရင္ ငါတို႔ first date လုပ္ခဲ့ၾကတဲ့ဆိုင္ ေလးမွာေတြ႕ၾကရေအာင္ ငါေစာင့္ေနမယ္ ၇ နာရီလာခဲ့ပါ "

"အင္းလာမယ္ လာမယ္ ခုေတာ့မင္းရွိတဲ့ေနရာအရင္ေျပာ "

"ခုေလာေလာဆယ္ ငါတစ္ေယာက္ထဲေနခ်င္လို႔ပါ စိတ္မပူနဲ႔ေနာ္ ညမွေတြ႕ၾကမယ္ ငါဖုန္းခ်ၿပီ "

တီတီတီ !!!!

ဟူးးးး သက္ျပင္းႀကီးစြာခ်၍ ညေတြ႕
ရင္ ရွင္းျပရမဲ့ စကားလုံးမ်ားကို စဥ္းစားလ်က္ အခန္းတြင္း သက္ျပင္းသံမ်ား ၾကားရသည္မွာ အႀကိမ္ႀကိမ္ပင္ ......

            ******🌸🌸🌸🌸*******

Jupiter Restaurant & Bar သို႔ ေႏွးေကြးေသာေျခလွမ္းမ်ားစြာႏွင့္အတူ ဟိန္း ဝင္ေရာက္လာကာ သူတို႔ႏွစ္ေယာက္ ေပ်ာ္႐ႊင္စြာ ပထမဆုံး
ခ်ိန္းေတြ႕ခဲ့တဲ့ ထိုင္ခုံေလးမွာဝင္ထိုင္ရင္း
စိုင္းခက္ အလာကို ေစာင့္ေနလိုက္သည္ ။
ထို႔ေနာက္ waiter အား သူဘိုကင္တင္ထားသည့္ ဟင္းပြဲမ်ားႏွင့္ ဝိုင္ကိုလာခ်ခိုင္းလိုက္သည္။ သိပ္မၾကာလိုက္ ဝန္ထမ္းေကာင္ေလးမွ သူမွာထားေသာ pasta ႏွစ္ပြဲႏွင့္ ဝိုင္လာခ်ကာ တစ္ခါတည္းငွဲ႔ေပးသြားသည္။

Ring ! Ring ! စိုင္းခက္ဆီမွျဖစ္သျဖင့္တန္းကိုင္ လိုက္သည္။

"ဟိန္း ဘယ္ေနရာမွာလဲ ငါေရာက္ေနၿပီ"

"ငါတို႔ ပထမဆုံးထိုင္ဖူးတဲ့ ဝိုင္းမွာ "

"အင္းအင္း ငါလာၿပီ "

စိုင္းခက္ ကားပါကင္ထိုးကာ ဟိိန္းရွိရာဝိုင္းသို႔ေလွ်ာက္လာလိုက္သည္။ စားပြဲေပၚတြင္ သူတို႔ first date က ဟိန္းကို သူအတင္းစားခိုင္းခဲ့သည့္
.... Pasta ႏွင့္ သူအႀကိဳက္ဆုံး .... ဝိုင္ ၊
Shirt ေကာ္လံ လက္ရွည္အျဖဴႏွင့္
ဆံပင္ေတြကိုလဲ ေသသပ္စြာဖီးထားကာ မ်က္ႏွာကေတာ့ ညႇိဳးငယ္ေနသည္မွာ အသိသာပင္ ။
စိုင္းခက္ဝိုင္းတြင္ ဝင္ထိုင္လိုက္သည္အထိ ဟိန္းကဘာစကားမွမေျပာပဲ ၿပဳံးပီးသာသူ႔ကိုၾကည့္ေနသျဖင့္

"ဟို... ဟိုေလဟိန္း မေန႔က ကိစၥငါရွင္းျပပါမယ္"

"႐ူးးး ဘာမွမေျပာနဲ႔ဦး ခုအရင္စားလိုက္အုံး ေအးသြားရင္မေကာင္းဘူး "

ႏႈတ္ခမ္းကို လက္ညႇိးျဖင့္ထိကာ ဘာမွဆက္မေျပာေစခ်င္တဲ့ မ်က္ဝန္းေတြနဲ႔ ေျပာလာသျဖင့္
စိုင္းခက္ ဟိန္းေျပာတဲ့အတိုင္းသာ စားလိုက္ ေတာ့သည္။

"စားေကာင္းလား စိုင္းခက္ "

"အင္း ဒီဆိုင္က အခ်ိန္ဘယ္ေလာက္ၾကာၾကာ
ဒီအရသာကမေျပာင္းဘူးေနာ္ ငါတို႔မလာတာေတာင္ၾကာလွၿပီ "

"ငါတို႔ first date တုန္းက မင္း ဇြတ္ေကြၽးလို႔ ငါ pasta ႀကိဳက္တတ္သြားတာေလ မွတ္မိေသးလား "

"မွတ္မိတာေပါ့ အဲတုန္းက ဒီဝိုင္ေလ မင္းက
အင္ႏိုးဆန္႔ေလး ျဖစ္ေနေတာ့ ၁ခြက္ေလးေသာက္ၿပီး ငါ့ကို ရစ္တာေလ "

"ဟုတ္ပါရဲ႕ေနာ္ မင္းလဲကေတာ့ ၁ပုလင္းလုံး တစ္ေယာက္ထဲေသာက္မူးၿပီး သီခ်င္းသြားဆိုေသာင္းက်န္းလို႔ ငါ့မွာမူးမူးနဲ႔ လိုက္ဆြဲရေသး
တယ္ "

"ဟားဟား ဟုတ္ပ ငါတို႔ ပထမဦး date က သူမ်ားေတြလို မ ro လိုက္ရပဲ တလြဲေတြ
ျဖစ္ကုန္တာ "

"ဒါတင္ဘယ္ကအုန္းမလဲ အိမ္ျပန္ေရာက္ေတာ့ မင္းအေမကပါ ငါ့ကိုဆူတာေလ မေသာက္စဖူးေသာက္လို႔ "

"ငါက ပိုအဆူခံရတာပါေနာ္ ဟိန္း ကိုပါ ဖ်က္စီးလိုက္ပီလားဆိုၿပီး "

"အင္း အဲတုန္းကအခ်ိန္ေတြကတကယ္ေပ်ာ္စရာေကာင္းခဲ့တာပဲ "

သူတို႔အရင္အေၾကာင္းေတြေျပာၿပီး ရီေမာမိေနရာကေန ဟိန္း မ်က္ႏွာညႇိးငယ္လာရသည္။

"ဟိုေလ ဟိန္း ငါေတာင္းပန္ပါတယ္ မေန႔က ငါအမူးလြန္သြားၿပီး ႐ူးေၾကာင္ေၾကာင္ေတြ
ေလွ်ာက္လုပ္မိတာ ငါ့ကိုစိတ္မဆိုးပါနဲ႔ေနာ္
ေနာက္မျဖစ္ေစရပါဘူး "

စိုင္းခက္အလြန္ပင္အားနာကာ မ်က္ႏွာလဲပူမိသည္။ သူက ဟိန္းအေပၚ သစၥာေဖာက္မိခဲ့တာမို႔လား လူကိုယ္တိုင္မေဖာက္ျပားေပမဲ့ ႏွလုံးသား နဲ႔ စိတ္က သူမ်ားအေပၚတိမ္းၫြတ္မိတာကလဲ
သစၥာေဖာက္လိုက္တာပဲမို႔လား ။

" မင္း႐ူးေနလား စိုင္းခက္ ခုခ်ိန္ထိ
ကိုယ့္ကိုကိုယ္ လိမ္ခ်င္ေနတုန္းပဲလား ၊ ခုလိုလုပ္တာက မင္းႏွလုံးသားတင္မကဘူး ငါပါနာက်င္ ေနရတာကို မင္းမေတြးမိဘူးလား ၊ ဒါကိုခုထိဝန္ မခံေသးဘူးလား "

ဟိန္းေဒါသထြက္လာသည္။ အစက ေျပေျပ
လည္လည္ ေျပာၾကဖို႔ စဥ္းစားထားေပမဲ့ ခုထိ ျငင္းခ်င္ေနတဲ့ စိုင္းခက္ေၾကာင့္ ေဒါသသံမ်ား
ပင္ပါလာရသည္။

"စိတ္ေလ်ာ့ပါ ဟိန္းရဲ႕ ငါ...ငါဝန္ခံတယ္ ငါအကို႔ေပၚ စိတ္ေရာက္သြားတယ္ ဒါမဲ့ငါကတိေပးပါတယ္ ငါအျမန္ဆုံးစိတ္ဖ်က္ႏိုင္ေအာင္ႀကိဳးစားမွာပါ ငါ့ကို အခ်ိန္နဲနဲေလာက္ပဲေပးပါ ငါေတာင္းပန္ပါတယ္ေနာ္ "

" ေတာ္ပါေတာ့ စိုင္းခက္ရာငါမခံစားႏိုင္ေတာ့ဘူး၊ တိတ္ဆိတ္ၿပီးေႏြးေထြးမႈမရွိတဲ့ကုတင္မွာငါမအိပ္ခ်င္ေတာ့ဘူး၊ မင္းအိမ္ျပန္လာမဲ့အခ်ိန္ကို ေခြးတစ္ေကာင္လိုေမွ်ာ္မေနခ်င္ေတာ့ဘူး၊ငါ့ကိုအျပစ္ရွိသလိုမ်က္ဝန္းေတြနဲ႔ၾကည့္ေနတာလဲငါမခံခ်င္ေတာ့ဘူး မြန္းက်ပ္တယ္ "

"........"

" ေဟာ့ဒီ ..... ေဟာဒီ ရင္ဘက္ထဲက ဘယ္ေလာက္နာက်င္ေနရလဲမင္းသိလား ... ငါ့ဆီမွာ လူကရွိေနေပမဲ့ မင္းႏွလုံးသားကမရွိေတာ့ဘူး ငါအတတ္ႏိုင္ဆုံး ဆြဲထားခ်င္ခဲ့တာပါကြာ ဒါေပမဲ့ မင္းမွမေပ်ာ္တာ ငါ့အနားမွာေနရတာ မင္းမွမေပ်ာ္ေတာ့တာ ငါ့ဘက္က ဘာတတ္ႏိုင္ေတာ့မွာလဲ စိတ္ဆိုးစိတ္ေကာက္တာက ေခ်ာ့လို႔ရေပမဲ့ ငါ့ကိုမခ်စ္ေတာ့တာကိုက် ငါဘယ္လိုနည္းသုံးၿပီးအဆင္ေျပေအာင္လုပ္ရမလဲငါမသိေတာ့ဘူး"

ဟိန္းက သူ႔ရင္ဘက္ကို ထုကာ မ်က္ရည္မ်ားက်ဆင္းလာေလေတာ့သည္။ စိုင္းခက္မွာလဲ မ်က္ရည္မ်ားဝဲကာ ထပ္တူနာက်င္လာရသည္။ သူ႔ရင္ထဲမွာ ဟိန္းကိုသနားလြန္းလို႔ ဘာလုပ္ေပးရမွန္းကိုမသိေတာ့ေပ။

" ငါေတာင္းပန္ပါတယ္ကြာ ငါလဲဒီလိုေတြ
မျဖစ္ခ်င္ခဲ့ပါဘူး ငါတကယ္ အကို႔ကို မခ်စ္
ခ်င္ခဲ့ပါဘူးဟိန္းရာ "

စိုင္းခက္ ဟိန္းရဲ႕လက္ကို ဆုပ္ကိုင္၍ေတာင္း
ပန္ေနမိသည္။ ဟိန္း တစ္တိတိ ငိုေနရင္းမွ
ေခါင္းေမာ့လာကာ စိုင္းခက္လက္တို႔ကို ဖယ္ခ်လ်က္

" ငါတို႔လမ္းခြဲၾကရေအာင္ "

"ငါေတာင္းပန္ပါတယ္ ဟိန္းရာ"

" ငါေနာက္ဆုံးခ်ိန္ထိမင္းကိုဆြဲထား
ခ်င္ခဲ့တာပါ မင္းႏွလုံးသားကိုျပန္ရဖို႔အတြက္ ငါ့မွာအခြင့္အေရးမရွိေတာ့ဘူးဆိုတာ မင္းကိုမင္းအသိဆုံးပါ ငါမနာက်င္ ခ်င္ေတာ့ဘူး မင္းကိုလဲ မနာက်င္ေစခ်င္ဘူး ငါတို႔ဆက္ပီးတူတူရွိေနလဲ ေပ်ာ္႐ႊင္ရမွာမဟုတ္ဘူးေလ "

"ငါေတာင္းပန္ပါတယ္ ဟိန္းရာ
ငါတကယ္ေတာင္းပန္ပါတယ္ မင္းကို ငါအရမ္းခ်စ္ခဲ့တာပါ ဒါမဲ့ ခုဆက္မခ်စ္ႏိုင္ေတာ့ငါ့ႏွလုံးသားအတြက္ ငါ့ကိုယ္ ငါဘယ္လို အျပစ္ေပးရမလဲကြာ ငါတကယ္ အဲလိုမျဖစ္ေစခ်င္ခဲ့ပါဘူး "

သူ႔ေရွ႕တြင္မ်က္ရည္ေတြက်ေနတဲ့ဟိန္းကို ဘယ္လိုေျဖသိမ့္ၿပီး ဘယ္လိုေတာင္းပန္ရမွန္းေတာင္သူမသိေတာ့ ၊ ဟိန္းရဲ႕ လက္ကို က်စ္က်စ္ပါေအာင္ထပ္ကိုင္ထားၿပီးသာ ေတာင္းပန္စကားမ်ားကို ထပ္ခါထပ္ခါေျပာရင္း သူပါ
မ်က္ရည္က်လာရေတာ့သည္ ။ ဟိန္းကိုမခ်စ္ ေတာ့ဘူးဆိုရင္ေတာင္ သံေယာဇဥ္ရွိပါသည္။ ဟိန္းခုလိုနာက်င္စြာ ငိုေနရတာကိုျမင္ရတဲ့
အတြက္ တကယ္ပင္ရင္ ထဲပူရပါသည္။

"ကိုယ့္ကိုကိုယ္အျပစ္မတင္ပါနဲ႔ တကယ္ေတာ့ငါမွားခဲ့တာပါ ငါသာသတၱိရွိခဲ့ရင္ မင္းနဲ႔ အဆင္ေျပေအာင္ ညႇိယူခဲ့ရင္ ငါတို႔ခုလိုျဖစ္စရာအေၾကာင္းမရွိဘူးေလ ၊ အဲေတာ့မင္းစိတ္ရွင္းရွင္းထားပါ ငါတို႔ႏွစ္ေယာက္ လုံး ေအးခ်မ္းဖို႔အတြက္ ဒီေလာက္နဲ႔ပဲ အဆုံးသတ္ၾကတာေပါ့ "

စိုင္းခက္လက္ထဲမွ သူ႔လက္မ်ားကိုျပန္လဲ
ဆြဲထုတ္ကာ မတ္တပ္ထရပ္လိုက္သျဖင့္
စိုင္းခက္လဲ တန္းတူထရပ္လိုက္ရင္း ဟိန္းနဲ႔မ်က္ ႏွာခ်င္းဆိုင္လိုက္ၿပီး

"ဒီအေတာအတြင္း နာက်င္ေစခဲ့တာေတြအတြက္ ေတာင္းပန္ပါတယ္ ငါတို႔ေတြ ခ်စ္သူအျဖစ္လမ္းခြဲလိုက္ၾကေပမဲ့ တစ္ခ်ိန္ခ်ိန္မွာ အရင္းႏွီးဆုံးလူအျဖစ္ နာက်င္စရာမရွိတဲ့ အၿပဳံးေတြနဲ႔ ျပန္ဆုံခ်င္ပါေသးတယ္ ဘာပဲလိုလိုငါ့ကို ေျပာပါဟိန္း "

ဟိန္းၿပဳံး၍ စိုင္းခက္ ပခုံးကို ခပ္ဖြဖြ ညစ္ကာ နဖူးအားခပ္ဖြဖြအနမ္းေခြၽလိုက္မိသည္။ စိုင္းခက္လဲ မ်က္လုံးေလးမွိတ္ကာ ထိုအနမ္းတို႔ကို ခံယူေပးလိုက္သည္။ ထိုအနမ္းက သူတို႔ႏွစ္ ေယာက္လုံးအတြက္ ဒီတစ္ခါေတာ့ တကယ္ေနာက္ဆုံးျဖစ္ သြားၿပီမဟုတ္ လား ။

"ငါ့ကို စိတ္မပူပဲ မင္းေပ်ာ္ရာကိုသာ ဆက္လုပ္ပါ ငါအဆင္ေျပပါတယ္ ၊ ငါသြားေတာ့မယ္ေနာ္ "

ေက်ာခိုင္းခါ ထြက္ခြါသြားေသာေက်ာျပင္ ေငးၾကည့္ရင္း ဝမ္းနည္းမႈေတြ ႏွင့္ အတူ လြတ္လပ္ ျခင္းဆိုတဲ့ အရာေလးပါ ကပ္ပါလာသည္။

ထြက္လာခဲ့ၿပီးၿပီမို႔ ေနာက္ကလူကို လွည့္မၾကည့္ေစဖို႔ ကိုယ့္ကိုယ္ကို အမိိန္႔ေပးရင္းေျခလွမ္းေတြကို ခိုင္မာစြာဆက္ေလွ်ာက္ခဲ့၏သက္ျပင္းမ်ားစြာျဖင့္ ႏွလုံးသားက နာက်င္စြာငိုေႂကြးေနေလသည္။

ဆိုင္ခြင့္မရွိေတာ့လို႔ အဆင္ေျပပါတယ္ ဆိုၿပီး မင္းထြက္ေျပးသြားတာကို ရပ္က်န္ေပးခဲ့ရတဲ့ ေျခလွမ္းေတြပဲေလ ...
မနာက်င္ရဘူးေျပာရင္
ငါညာရာက်မွာေပါ့ မင္းကိုတကယ္ ေပ်ာ္ေစ
ခ်င္ပါတယ္ ...."
ငါတို႔ကံမကုန္ရင္ ျပန္ဆုံခ်င္ပါေသးတယ္
အရင္းႏွီးဆုံးမိတ္ေဆြေတြ အျဖစ္နဲ႔ေပါ့ "

            ******🌸🌸🌸******

" အကို ကြၽန္ေတာ့္တို႔ဆိုင္ပိတ္ေတာ့မွာမို႔ပါဗ် "

ဟိန္းထြက္သြားကတည္းက မျပန္ပဲ ဆက္ေသာက္ေနတာ ဘယ္ႏွစ္ပုလင္းေသာက္ထားမိမွန္းေတာင္မသိ ၊ စားပြဲေပၚတြင္ေမာက္အိပ္ေနလိုက္တာ ဆိုင္ပိတ္ေတာ့မွာဆိုၿပီး ဝန္ထမ္းေကာင္ ေလး လာႏိုးမွသာ ႏိုးေတာ့သည္ ။

"Sorry ပဲေနာ္ ဘယ္ေလာက္က်လဲရွင္းမယ္"

"......"

စိုင္းခက္ေငြရွင္းၿပီး ကားဆီသို႔လာလိုက္သည္။ ေသာက္တုန္းကေတာ္ေတာ္မူးေပမဲ့ ဆိုင္မွာတင္ အိပ္ေပ်ာ္သြားလို႔ ႐ုပ္ပ်က္ဆင္းပ်က္ ေတာ့မမူးေတာ့ေပမဲ့ လုံးလုံးေတာ့မေျပေသး။  ည ၁၁ နာရီရွိပီမို႔အိမ္လဲမျပန္ခ်င္ ခုခ်ိန္သူလုပ္ခ်င္ေနဆုံးအရာကိုေျပာပါဆိုလွ်င္ အကို႔ဆီသို႔သာေျပးသြားလိုက္ခ်င္ပါသည္။ စိုင္းခက္အေတြးတို႔ကေနာက္
ကားက အကို႔အိမ္လမ္းသို႔ေမာင္းႏွင္ေနေလၿပီေလ ။

အခန္းေရွ႕ေရာက္တာႏွင့္ သက္ျပင္းခ်ကာ တည္ၿငိမ္ေအာင္လုပ္ၿပီး bell တီးလိုက္သည္။ စကၠန္႔အနဲငယ္ၾကာမွ တံခါးလာဖြင့္ေသာအကိုက ညအိပ္အကြက္ဝမ္းဆက္ေလးျဖင့္ စာၾကည့္
မ်က္မွန္ကလဲတပ္ထားကာ အရမ္းကိုေခ်ာေမာလြန္းေနသည္။ သူ႔ကိုလဲ အံ့ဩသလိုပုံစံမ်ိဳးျဖင့္ၾကည့္ရင္း အျပင္သို႔လဲ ဟိုရွာဒီရွာလုပ္ေနသျဖင့္

"ကြၽန္ေတာ္တစ္ေယာက္ထဲလာတာအကို
အထဲဝင္လို႔ရမလား "

စိုင္းခက္ေျပာၿပီးတာနဲ႔ ထိုက္အေျပာကိုမေစာင့္ပဲ ပခုံးအားတြန္းဖယ္၍ ဝင္လာခဲ့ၿပီး ဧည့္ခန္းဆီသို႔ တစ္ေလွ်ာက္ သြားကာ ဆိုဖာဝင္ ေျခပစ္လက္
ပစ္ဝင္ထိုင္လိုက္သည္။ ထိုက္လဲသူ႔ေနာက္
မွလိုက္လာၿပီး သူလုပ္သမွ် ရပ္ၾကည့္ရင္း ဆိုဖာ တစ္ဖက္ျခမ္းတြင္ဝင္ထိုင္ကာ စကားစလိုက္ရ
သည္။

"စိုင္းခက္ ဒီအခ်ိန္ႀကီးဘာလာလုပ္တာလဲ မေန႔ကလဲျပသာနာတက္ထားတာကို ခုလိုလာေတာ့ ဟိန္းထက္ ပိုအထင္လြဲမွာေပါ့ ကိုယ့္ကို မ်က္ႏွာပ်က္စရာေတြျဖစ္ေအာင္ထပ္မလုပ္ပါနဲ႔ "

"ဟိန္း ကြၽန္ေတာ့္ကို လမ္းခြဲသြားၿပီ "

စိုင္းခက္အေျပာေၾကာင့္ ထိုက္အံ့ဩသြားရသည္။ ဒီေလာက္ႀကီးထိျပသာနာျဖစ္လိမ့္မယ္လို႔သူတကယ္မထင္ထားပါ။ စိုင္းခက္ကိုၾကည့္ေတာ့လဲ အရက္နံ႔ေတြမြန္ထူေနသည္။

"ကိုယ္တကယ္စိတ္မေကာင္းပါဘူး "

ထိုက္တကယ္ကို စိတ္မေကာင္းျဖစ္ရပါသည္။ ဟိန္းထက္ စိုင္းခက္ကို တကယ္ခ်စ္တာသိရ၍ သူစိုင္းခက္ကို လက္လြတ္ေပးခဲ့ျခင္းပင္၊
ခုလိုျပတ္သည္ထိျဖစ္သြားရတာ သူ႔ပေယာဂ မကင္းသျဖင့္ ဟိန္းထက္ အေပၚ  စိတ္မလုံအားနာပါသည္။ ထိုက္ မ်က္ႏွာတြင္ အားနာမႈမ်ား
ပါဝင္ေနသျဖင့္

"အကို အမွားမဟုတ္ပါဘူး အားမနာပါနဲ႔
ကြၽန္ေတာ့္အမွားေၾကာင့္ပါ အကိုနဲ႔မဆိုင္ပါဘူး "

"အင္း ကိုယ္ဘာကူညီေပးရမလဲ ဟိန္းထက္ကို လိုက္ရွင္းျပေပးရမွာလား "

"ဘာလို႔အဲလိုေျပာတာလဲအကို "

"ခုလာတာ အဲလိုျဖစ္ေစခ်င္လို႔မဟုတ္ဘူးလား"

"အကို ကြၽန္ေတာ့္ခံစားခ်က္ေတြကို ျမင္ရဲ႕သားနဲ႔ ဘာလို႔ခုလိုေျပာေနတာလဲ အကိုလဲ ကြၽန္ေတာ့္ကို ခ်စ္ေနတာပဲေလ "

"ေတာ္ပါေတာ့ စိုင္းခက္ ၊ ပထမအႀကိမ္ နဲ႔တင္ ကိုယ့္ႏွလုံးသားက နာက်င္ဖို႔လုံေလာက္ပါၿပီ၊ မင္းရဲ႕မေသခ်ာမႈေတြ ေၾကာင့္ ထပ္မနာက်င္
ခ်င္ေတာ့ဘူး ၊ မင္းစိတ္ကို မင္းေသခ်ာစမ္း
စစ္လိုက္ပါအုန္း ၊ ပီးေတာ့ ကိုယ္အဲေလာက္
မ်က္ႏွာမေျပာင္ႏိုင္ဘူး ဟိန္းကိုအားနာတယ္ "

"အကို ကြၽန္ေတာ့္ကိုမယုံတာ နားလည္ ပါတယ္ ၊ ဒါမဲ့ကြၽန္ေတာ့္ကို ႀကိဳးစားခြင့္ေလးေပးပါ ၊
ကြၽန္ေတာ့္ႏွလုံးသားက ဘာကိုအလိုရွိလဲဆိုတာ ေသခ်ာသိသြားပါၿပီ ၊ ကြၽန္ေတာ့္အကို႔ကို
ခ်စ္တယ္ ၊ ေသခ်ာတယ္ ခ်စ္မိေနပီ ၊ ထိန္းခ်ဳပ္ ဖို႔ခက္ေအာင္ကို ခ်စ္မိသြားၿပီ"

"ေတာ္လိုက္ေတာ့ စိုင္းခက္ မင္းမူးေနၿပီ ၊ ဒီေန႔ဒီမွာပဲအိပ္လိုက္ေတာ့ ဟိုဘက္အခန္းက ရွင္းထားၿပီးသားကိုယ္လဲ အိပ္ေတာ့မယ္ "

ထိုက္အခန္းသို႔ျမန္ျမန္လာလိုက္ၿပီး အိပ္ယာတြင္ လွဲခ်လိုက္သည္။ အရင္ခ်ိန္ေတြလိုသာဆို စိုင္းခက္ကို ေထြးေပြ႕ထားၿပီး ဘယ္ေလာက္ခ်စ္ရတဲ့
အေၾကာင္းေတြကို ဖြင့္ဟခ်င္ေပမဲ့ ခုေတာ့သူေၾကာက္ပါသည္။ ခုတစ္ႀကိမ္သာဆို သူႏွလုံးသားလုံးဝပင္ ခံႏိုင္ရည္ရွိမွာမဟုတ္ေတာ့ေပ ။ ခုလဲဟိန္းကသာ လမ္းမခြဲခဲ့ရင္ စိုင္းခက္က သူ႔ကို ေ႐ြးခ်ယ္မွာမဟုတ္ဘူးမို႔လား ။

အခန္းထဲတြင္ အေတြးမ်ားစြာျဖင့္ စိုင္းခက္ အခ်စ္ကို ယုံၾကည္ဖို႔ခက္ခဲေနေသာလူတစ္ေယာက္
ႏွင့္ အျပင္ ဘက္တြင္ သူ႔အခ်စ္ေတြကို ယုံေအာင္ ဘယ္လိုလုပ္ရမလဲ ေတြးေနတဲ့ လူတစ္ေယာက္ရွိေလသည္။

               ****🌸🌸🌸🌸******
ကဲအာလုံးျဖစ္ေစခ်င္သလို ဟိန္းနဲ႔ျပတ္သြားပါပီေနာ္ ❤️

Continue Reading

You'll Also Like

8K 568 20
short story ပါေနာ္ အားေပးက်ပါဦးေနာ္
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ္တို႔ရဲ႕ခနၶာကိုယ္က အနီးကပ္ဆံုးေနရာတစ္ခုထိ ေရာက္ရိွသြားတဲ့အခါ ေျခကိုစံုရပ္ၾကမယ္ ဒါမွမဟုတ္ ........ မင္းရဲ႕ဖိနပ္ေတြနဲ႔ ကိ...
1.8M 105K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
100K 5.8K 30
This fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet