My beloved school president (...

By 95blackcoffee95

9.6K 1.1K 101

ကျွန်တော်ချစ်ရတဲ့ကျောင်းသားဥက္ကဌလေး More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း (၁၀)
final (Unicode)
Final (Zawgyi)

အပိုင်း(၆)

736 110 4
By 95blackcoffee95

Zawgyi













"........"
















































TBC~~~~~
ရှုပျသှားပွီလား ?

Unicode

"ဟျောင်း ~ ကျွန်တော်ဝင်လာလို့ရလား "

မနက်ကမြင်ကွင်းကြောင့် ဟာအိုအခုချိန်ထိစိတ်မကောင်းဖြစ်
နေတာကြောင့် အိမ်ပြန်ရောက်တာနဲ့အခန်းထဲဝင်ပြီး
ပြန်မထွက်လာတော့ပေ။

"ဝင်လာလေ "

ဟာအိုကခွင့်ပြုလိုက်တာနဲ့ ဆေးထုပ်လေးကိုင်ပြီး
ဟန်ဘင်းက ကုတင်နားကခုံပေါ်ထိုင်ကာ

"လက်ကို ဆေးလိမ်းရအောင်နော် ~"

"မလိုဘူး "

ဟာအိုက ဟန်ဘင်းကိုကျောခိုင်းလျက်ဖြေလိုက်ခြင်းပင်

"ဆေးလိမ်းပေးရုံလေးပါ ဆေးလိမ်းပေးပြီးတာနဲ့ထွက်သွားပါ့မယ်
ဟျောင်း ကျွန်တော့်ကိုမမြင်ချင်တော့ဘူးဆိုလည်း
ကျွန်တော်အခန်းပြန်ပြောင်းပေးပါ့မယ် ဒါကြောင့်ဆေးထည့်ရအောင်လေနော် ~"

ဟန်ဘင်းစကားဆုံးတာနဲ့ဟာအိုကချက်ချင်းထထိုင်ကာ
ဟန်ဘင်းဘက်လှည့်ပြီး ဟန်ဘင်းရဲ့လက်တွေကိုဆွဲယူ
ကြည့်လိုက်တော့ ပွန်းပဲ့နေတဲ့ လက်ဆစ်တွေနဲ့လက်ချောင်း
တွေကိုကြည့်ပြီး

"ဒီဒဏ်ရာတွေက ဘယ်လိုရလာတာလဲ ?"

"ဒါက …"

"မင်းနံရံကိုလက်သီးနဲ့ထိုးခဲ့တာမလား ဘာလို့အဲ့လိုလုပ်ရတာလဲ
ဟမ်!  မင်းကိုမင်းအသားနာအောင်ဘာလို့လုပ်ရတာလဲလို့!! "

"........"

"ငါ့ကိုနာအောင်လုပ်မိလို့ ကိုယ့်ကိုယ်ကိုအပြစ်ပေးတာလား?"

ဟာအိုရဲ့စကားကြောင့်ဟန်ဘင်းလန့်သွားသည်။
ဟျောင်း…က ဒါကိုဘယ်လိုသိတာလဲ ။
ဒါဆိုတကယ်ထွက်မသွားဘဲ ထွက်သွားချင်ယောင်ဆောင်
လိုက်တာလား … ဆောင်းဟန်ဘင်းမင်းကတော့
ဟျောင်းကိုပိုပြီးစိတ်မကောင်းဖြစ်အောင်လုပ်ပြန်ပြီ။

"ဘာလို့ ဒီလိုလုပ်ရတာလဲ ငါက ဘာမို့လို့လဲ !!!
လက်ကောက်ဝတ်လေးနီရဲသွားရုံလောက်နဲ့ ဘာလို့မင်းကိုယ်မင်း
ထိခိုက်အောင်လုပ်ရတာလဲလို့ ! ဒါဆိုငါကရော ...ငါကရော
မင်းဒဏ်ရာရတာကိုကြည့်ပြီးပျော်နေမယ်လို့မင်းထင်နေတာလား "

"အဲ့လိုမဟုတ်ပါဘူး …ဒီအတိုင်းကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်လို့"

"ငါကတောင်မင်းကိုခွင့်လွှတ်နိုင်သေးတာကို မင်းကဘာလို့
ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်ရတာလဲ ငါကအခုဘာကိုစိတ်တို
နေတာလဲသိလား? ငါ့လက်နာသွားလို့မဟုတ်ဘူး…
မင်းကိုယ့်ကိုယ်ကိုထိခိုက်အောင်လုပ်လို့စိတ်တိုတာ
ဒေါသထွက်နေတာ နားလည်ရဲ့လား ? အရူးကောင်ရ!!"

ပြောရင်းနဲ့ငိုနေတဲ့ ဟာအိုကိုကြည့်ပြီး ဟာအိုကိုင်ထားတဲ့
သူ့လက်ကိုပြန်ဆွဲယူလိုက်ကာ ထိုလက်တွေကို ဟာအိုရဲ့ဂုတ်ဆီ
ရွှေ့ပြောင်းပြီး ဟာအိုရဲ့လည်တိုင်ကိုဆွဲချကာ နှုတ်ခမ်းချင်း
ဂဟေဆက်လိုက်တော့သည်။စက္ကန့်အနည်းငယ်ကြာအောင်
ထိကပ်ပြီးမြှပန်ခွာလိုက်ကာ ကျနေတဲ့ဟာအိုရဲ့မျက်ရည်တွေကို
သုတ်ပေးပြီး သူ့ကိုအံ့သြမှုအပေါင်းနဲ့ကြည့်နေတဲ့ဟာအိုရဲ့
ငိုထားတဲ့မျက်လုံးအစ်အစ်လေးတွေပေါ်ကို ဟန်ဘင်းသူ့နှုတ်ခမ်း
နဲ့ တစ်ချက်ဖိကပ်လိုက်ပြီး

"ထပ်ပြီး ကိုယ့်ကိုယ်ကိုထိခိုက်အောင်မလုပ်တော့ဘူး
ကတိပေးတယ် "

နှစ်ကြိမ်တိတိအနမ်းခံလိုက်ရတဲ့ ဟာအိုမှာဆွံ့အနေဆဲဖြစ်ပြီး
အချိန်အတော်ကြာသည်ထိ လက်ရှိအချိန်ကိုပြန်မရောက်နိုင်ဘဲ
ဖြစ်နေသည် ။

ဘာလို့ဟန်ဘင်းက သူ့ကိုနမ်းရတာလဲ နှစ်ကြိမ်တောင်မှလေ။
နမ်းပြီးရင်လည်းအကြောင်းပြချက်တစ်ခုခုတော့ပေးရမှာ
မဟုတ်လား ။ ဘာလို့ ဘာမှမပြောတာလဲ ။
ဒါမှမဟုတ် ငါစကားများနေလို့ ပါးစပ်ပိတ်အောင်လုပ်လိုက်တာ
လား ။ အေးလေ အဲ့လိုပဲဖြစ်မှာပါ ဟန်ဘင်းက ငါ့ကိုကြိုက်စရာ
အကြောင်းမှမရှိတာ။ သူကညီအစ်ကိုမောင်နှမမရှိလို့
ငါ့ကိုအစ်ကိုတစ်ယောက်လိုသဘောထားတာ ။
သနားစရာကောင်းတဲ့ကလေးကို ငါကစိတ်မကောင်းဖြစ်အောင်
လုပ်လိုက်မိပြီပဲ ။

"ဆေးထည့်ရအောင် ပေးဝယ်လာတဲ့ဆေးထုပ် "

ဟာအိုက ဟန်ဘင်းဝယ်လာတဲ့ဆေးထုပ်ကိုတောင်းတာမို့
ဟန်ဘင်းလည်းယူပေးလိုက်သည်။

"ဟျောင်းကျွန်တော့်ကိုမေးစရာမရှိဘူးလား ? "

ဟန်ဘင်းရဲ့လက်ကို ဆေးထည့်ပေးရင်းနဲ့ ဟာအိုက ဟန်ဘင်းကို
ကြည့်လိုက်တော့

"ကျွန်တော်ဘာလို့ ဟျောင်းကိုနမ်းတာလဲလို့မမေးတော့ဘူးလား?"

"အဲ့တာငါစကားအရမ်းများလို့မဟုတ်လား? တောင်းပန်တယ်"

"ဗျာ"
ဟန်ဘင်းကြားလိုက်ရတဲ့စကားကြောင့် သူ့နားသူတောင်မယုံနိုင်
ဖြစ်သွားရသည်။

"မင်းမှာညီအစ်ကိုမောင်နှမတွေမရှိလို့ ငါ့ကိုကပ်တွယ်နေရတာကို
ငါကမင်းအပေါ်သိပ်မကောင်းပေးနိုင်ခဲ့လို့တောင်းပန်တယ်
အခုကစပြီး ငါကမင်းအတွက် အစ်ကိုကောင်းတစ်ယောက်ဖြစ်
အောင်နေပေးမယ်"

"နေ…နေပါဦး  အစ်ကိုကောင်း? "

"အင်းလေ "

"ဒါဆိုဒီအတောတွင်း ကျွန်တော် ဟျောင်းအပေါ်လုပ်ခဲ့သမျှ
အားလုံးက အစ်ကိုလိုချင်လို့ ဟျောင်းအပေါ်အဲ့လိုလုပ်ခဲ့တာ
လို့ပြောချင်နေတာလား?"

"အင်းလေ…  မဟုတ်ဘူးလား "

သူ့ကိုမျက်လုံးဝိုင်းဝိုင်းတွေနဲ့ကြည့်လာတဲ့သူကို ဟန်ဘင်းပြန်ကြည့်
ရင်း နဂိုက စိတ်မြန်တဲ့အခံရှိတာမို့ ဒေါသက ထွက်ချင်လာသည်။
နေပါဦး ဘယ်လိုညီအစ်ကိုက နှုတ်ခမ်းကိုနမ်းမှာလဲ ။
ဘယ်ညီအစ်ကိုက စကားကိုချွဲပြီးပြောလို့လဲ ။ ဘယ်ညီအစ်ကို
က တစ်ရက်မှာ၁၀နာရီလောက်ပူးကပ်နေလို့လဲ ။ကျန်တဲ့နာရီတွေလည်းပူးကပ်ချင်ပေမယ့် ကျောင်းတက်နေရတော့ ကပ်ချိန်မရလို့။
ဒီအတောတွင်းသူလုပ်ခဲ့တာအားလုံးကို ဟျောင်းကညီလေး
တစ်ယောက်အနေနဲ့ သဘောတွေကျပေးနေခဲ့တာလား။
သူရန်ဖြစ်ရင် ဆူပူပေးတာက ညီလေးတစ်ယောက်လို
သဘောထားလို့လား ။ဒါကြောင့် သူနဲ့သတင်းတွေထွက်ရင်တောင်
ဘယ်လိုမှမနေခဲ့တာလား ။ ဒါဆို ငါဆိုတဲ့တစ်မိုးအောက်
ဆောင်းဟန်ဘင်းက သူ့ကိုသဘောကျနေမှန်းလုံးဝမရိပ်မိခဲ့ဘူးပေါ့။

"ဟျောင်းက တကယ်ဉာဏ်ကောင်းတာရော ဟုတ်ရဲ့လား?
စာမေးပွဲဖြေတိုင်းအမှတ်ပြည့်ရနေတာ ဒီအတိုင်းကြက်ကန်း
ဆန်အိုးတိုးသွားလို့မဟုတ်ဘူးလား ?"

"ဘာ!!!! Ya ဆောင်းဟန်ဘင်း !!"

"ဘာလဲ!!! ကျန်းဟာအို !!"

"ဘာဖြစ်တယ် မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာ?"

"ကျန်းဟာအိုလေ ဘာဖြစ်လို့လဲ ဟျောင်းလို့အမြဲတမ်းခေါ်နေတော့
အစ်ကိုတော်ချင်နေတာလို့ ထင်သွားတာမဟုတ်လား
အခုကစပြီး ကျန်းဟာအိုလို့ပဲခေါ်တော့မှာ "

"ဟန်ဘင်း …မင်းဘာတြွေဖစ်နေ"
ဒီတစ်ခါတော့ ဟာအိုစကားမဆုံးခင် ဟန်ဘင်းကဖြတ်ပြော
လိုက်သည်က

"ဘာမြှဖစ်မနေဘူး...ချစ်နေတာ!!...ချစ်နေတာလို့!!!!
ကျွန်တော်က ကျန်းဟာအိုဆိုတဲ့ခင်ဗျားကိုချစ်နေတာလို့ !!!"

ဟန်ဘင်းရဲ့ အသံtoneက အရမ်းကိုရှင်းလင်းပြီး
ပြတ်သားတာကြောင့် အခုချိန်မှာ ဟာအိုက
ဖြစ်ပျက်သမျှကို ရှင်းရှင်းလင်းလင်းနားလည်လိုက်ပါပြီ။

"ဒါ...ဒါဆို ဒီအတောတွင်း"

"ဟုတ်တယ် ခင်ဗျားကိုမြင်မြင်ချင်းချစ်မိသွားတာ
ဦးငယ်ဖုန်းထဲက ခင်ဗျားကိုမြင်ကတည်းကချစ်မိသွားတာ "
လို့ပြောပြီး ဟန်ဘင်းက သူ့ဖုန်းကိုထုတ်ကာ
တရုတ်မှာနေတုန်းက ဟာအိုလမ်းဘေးမှာတယောတီးနေတဲ့
videoကို ဖွင့်ပြလာခဲ့သည်။

"ဒါက …"

"အဲ့ videoကို ကျွန်တော့်ဦးလေးဖုန်းကနေသူမသိအောင်
တိတ်တိတ်လေးကူးထားတာ "

ဟာအိုက ဟန်ဘင်းကို နားမလည်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လာတာမို့ ဟန်ဘင်းအကုန်လုံးပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်။

"ကျွန်တော့်ဦးလေးက တရုတ်နိုင်ငံကိုသွားပြီး
ဘတ်စကတ်ဘောပြိုင်တုန်းက လမ်းမပေါ်မှာတယောတီးနေတဲ့
ကောင်လေးတစ်ယောက်ကို videoရိုက်လာခဲ့ပြီး
နေ့တိုင်း အဲ့ကောင်လေးရဲ့ videoကို ဖွင့်ကြည့်နေလို့
ကျွန်တော်သူသတိမထားမိတဲ့အချိန်သူ့ဖုန်းကို ယူပြီးဖွင့်ကြည့်
မိတော့ နောက်ဆုံးကျွန်တော်ပါ အဲ့ဒီတယောသံလေးကိုစွဲလမ်း
ခဲ့ရတယ် ၊ အဲ့တာနဲ့ တယောရှင်လေးက ကိုးရီးယားကို
စကောလားရှစ်လျှောက်ထားတာကိုတွေ့တာနဲ့ ကျွန်တော့်အဖေကို
ပူဆာပြီး သူ့ကိုပညာသင်ဆုပေးလိုက်ဖို့တောင်းဆိုခဲ့တယ် "

ထိုစဉ်တိုက်တိုက်ဆိုင်ဆိုင် ဟန်ဘင်းဖုန်းက
ဦးငယ်လေး ဆိုတဲ့ contact
နဲ့ဖုန်းဝင်လာခဲ့တာမို့ ဟာအိုကိုင်လိုက်ပြီး စပီကာပါ
ဖွင့်ထားလိုက်တော့ထွက်လာတဲ့အသံကြောင့် ဟာအိုမျက်လုံးများ
ဝိုင်းသွားရသည်။

ဒီအသံက စီနီယာကင်ဂျီအွန်းရဲ့အသံနဲ့တူလိုက်တာ~

"စီနီယာဂျီအွန်းလား "

ဟာအိုရဲ့အမေးကြောင့်တစ်ဖက်လူကအသံတိတ်သွားသည်။
ပြီးတော့ ပြန်လည်မေးလာခဲ့တာက ဘယ်သူလဲတဲ့ ။
တစ်ဖက်ကမငြင်းပုံထောက်ရင် စီနီယာဂျီအွန်းဆိုတာ
သေချာသလောက်ရှိတာမို့ ဟာအိုဟန်ဘင်းကိုကြည့်လိုက်
တော့လည်း အသံတိတ်ထောက်ခံနေသယောင် ။
ဒါဆို ဟန်ဘင်းရဲ့ ဦးလေးက စီနီယာပေါ့ ။ဒါဆို သူ့ကို
videoရိုက်ခဲ့တဲ့သူကလည်း စီနီယာဖြစ်နေတာပေါ့။

"ဒါကဘယ်လို "
ဟာအိုဘာဆက်ပြောရမှန်းတကယ်မသိတော့တာကြောင့်
တိတ်တိတ်လေးနေရန်သာဆုံးဖြတ်လိုက်ပြီး
ဟန်ဘင်းလက်ထဲဖုန်းပြန်ထည့်ပေးလိုက်တော့သည်။

ဒါဆို သူတို့တူဝရီးနှစ်ယောက်က ငါကိုးရီးယားကိုမလာခင်
ကတည်းက ငါ့ကိုသိနေခဲ့ကြတာလား ။ ငါ စကောလားရှစ်ရတာ
ဟန်ဘင်းရဲ့အဖေကြောင့်ပေါ့ ။ပြီးတော့ စီနီယာကျောင်းပြန်လာ
တက်တာလည်းတကယ်ကြီး ငါ့ကြောင့်ပေါ့ ။ အဲ့ဒီတော့
ဘာဆက်လုပ်ရမှာလည်း ဘာတွေဆက်ဖြစ်မှာလည်း ။
ဟန်ဘင်းက ငါ့ကိုချစ်နေတာဆိုတော့ သူ့ဦးလေးလည်း
သူ့လိုပဲလား ။ တကယ်ကိုမသိတော့ဘူး ။

"ငါ....ငါခဏလောက်တစ်ယောက်တည်းနေချင်လို့
အပြင်ထွက်ပေးမလား ?"

တစ်ချိန်တည်းမှာအကြောင်းအရာတွေအများကြီးသိသွားရလို့
စိတ်ရှုပ်သွားပုံရတဲ့ ဟာအိုကိုကြည့်ပြီး ဟန်ဘင်းဒုတိယအကြိမ်
နောင်တရမိပြန်သည် ။

"ကျွန်တော်ဒီနေ့တစ်ရက်အိမ်ပြန်လိုက်ပါ့မယ် မနက်ဖြန်မှ
ပြန်လာခဲ့မယ် "

"ဟင့်အင်း တစ်ပါတ်လောက်
တစ်ပါတ်လောက်ငါတို့မတွေ့ဘဲနေကြရအောင်
ကျောင်းမှာရော အိမ်မှာရော "

ပြောပြီး ဟန်ဘင်းအားကျောခိုင်းကာ လှဲအိပ်သွားတာကြောင့်
ဟန်ဘင်း ခြေလှမ်းတွေကိုနောက်ဆုတ်ပြီး အခန်းတံခါးကို
အသာလေးဟကာ သူ့အိမ်ကိုသာထွက်လာခဲ့တော့သည်။

TBC~~~~~
ရှုပ်သွားပြီလား ?

Continue Reading

You'll Also Like

179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
155K 9.7K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
445K 39.9K 27
Jungkook - မင်းကကိုယ့်အပိုင်ပဲ ဘေဘီ ၊ ထွက်ပြေးလည်း ကိုယ့်ဆီကမလွတ်နိုင်မှန်းသိရက်နဲ့ အပင်ပန်းခံပီးခဏခဏထွက်မပြေးစမ်းပါနဲ့ ဘေဘီရာ Taehyung - မိဘလုပ်စာထ...
237K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...