စိတ်ကြည်နေတာမို့ အိမ်ကအိမ်ကြီးရှင်အကြောင်းတွေအားလုံးကို ထုတ်ထားကာ အလုပ်အကြောင်းတွေကိုသာ တစ်ခုပြီးတစ်ခု Planချနေခဲ့သည်။
Park Jiminက ဒီအကြောင်းတွေသိပေမဲ့ ဘာမှတော့ မပြော...၊
မောက်မာတယ်... အတ္တကြီးတယ်...တခါတလေ သွေးအေးအေးနဲ့ ရက်စက်တက်တယ်....
ဒုန်း!!
ကားမောင်းနေရင်း ရှေ့က ဖြတ်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် ကားကို ဘရိတ်အုပ်လိုက်ပေမဲ့ ထိမိသွားတယ်ဆိုတာ အသံက သက်သေ...။
သူကိုင်လာတဲ့ ကင်မရာလေးကလဲ သူရဲ့အဝေးမှာ အနည်းငယ် ကွဲအက်နေလျက်...။
"ရရဲ့လား.."
အနားသွားကာ ထူပေးတော့ ခြေခေါက်လျက်ပြန်လဲကျသွားတဲ့ ကိုယ်လေးကို ပွေ့ဖက်ထားမိလိုက်သည်။
ရုတ်တရက်အလွန်နီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခုကြောင့် Jungkook ထိုကောင်လေးကို ကြည့်လိုက်မိတော့ ရင်ဘက်ထဲ အမည်မသိလှိုင်းလေးတွေ ဖြတ်ပြေးသွားရသည်။
မျက်တောင်ရှည်လေးတွေ... သိပ်ကို ထူးဆန်းလွန်းတဲ့ မျက်ဝန်းလေးတွေနဲ့ နှတံမြင့်မြင့်လေးတွေ.... အညိုရောင် ဆံပင်လေးတွေက လေထဲမှာ လွှင့်နေကာ သူတစ်ခါမှ မမြင်ဖူးခဲ့သော ကြွေရုပ်လေးမဟုတ်လား...။
မဖွဲ့နွှဲ့လောက်စရာ မျက်နှာလေးဆီက အသံသြသြလေးကြားမှ Jungkookသတိပြန်ဝင်လာကာ ထိုကောင်လေးရဲ့လက်တွေကို သူ့ပုခုံးပေါ်တင်ကာ တွဲလိုက်လျက်..
"သွားရမှာ မဟုတ်ဘူး သွားသင့်တာ
"ရော့ မင်းဟာမလား
ရှိတာမဟုတ်ဘူး.."
"ဒီနားမှာ ဆေးခန်းရှိတယ်
"မဟုတ်ပါဘူး...
နာသွားတာလဲ မဟုတ်ဘူး
ဒါက ကိုယ့်Card.."
"စာရင်းတွေ လွဲနေတယ်..!!
"ကျွန်နော်လဲ သေချာစစ်...."
"ဘာလို့ တစ်ယောက်ထဲ ထွက်လာတာလဲ.."
"အိမ်ပြန်မယ်လေ..!
ထိုင်မနေနိုင်ဘူး.."
ပြောမိတဲ့ကိုယ်က အမှား..မတော်လို့ ပြန်လဲကျသွားရင် တစ်ခုပေါ်တစ်ခုဆင့် နာနေမှာစိုးလို့ ပြောတာကို အညိုရောင်လေးက ပိတ်ဟောက်သည်။
ချစ်စရာကောင်းသလောက် စွာချက်ကတော့ လက်လန်တယ်...။
"ဘယ်ကို လိုက်ပို့ပေးရမလဲ"
ဘယ်လို အမျိုးအစားလေးမှန်းကို မသိဘူး။
နှစ်တွေအကြာကြီး အေးစက်နေခဲ့ရတဲ့ နှလု့းံသားလေးထဲကို အပူလှိုင်းလေးတွေနဲ့ ပထမဆုံးနွေးထွေးသွားစေတာက မျက်ဝန်းလှလှလေးတွေမို့ မောင်ဟာ တင်တင်စီးစီးအမိန့်တွေကိုလဲ အသဲယားရသည်။
.....................။
အိမ်ကြီးရှင်က နှခမ်းကွေးရုံလေးပြုံးပြီး ထိုသွားပွတ်တံကိုယူကာ သွားတိုက်သည်။
မာနကြီးပေမဲ့ ရွေးချယ်စရာ မရှိတဲ့မောင်က ဆူဆူပုတ်ပုတ်နဲ့ လုပ်ပေးတာတွေကို အိမ်ကြီးရှင်က တအားသဘောကျတာ..၊
မောင့်ကို ချစ်မိတာက သူ့မှာ အကြောင်းပြချက်မရှိခဲ့ဘူး။
တစ်ခါနမ်းမိပြီးနောက် ထပ်ကာထပ်ကာ ထိုနှခမ်းလေးတွေကို ထိတွေ့ချင်လာတယ်၊
ချုပ်ကိုင်ဖို့ မလွယ်ကူခဲ့ဘူး။
ဗီရိုထဲက အကျီနဲ့ဘောင်းဘီ လိုက်ဖက်ရာကို ထုတ်ဝတ် လိုက်ကာ မှန်ရှေ့မှာ ဆံပင်တွေကို သေသချာချာပုံချလိုက်သည်။
မနက်စာဝိုင်းတွင် သူအလာကိုစောင့်နေကြသော အိမ်တော်ထိန်းနဲ့အိမ်အကူလေးတွေက သူလာတာကိုမြင်တာနဲ့ ကော်ဖီငှဲ့သူကငှဲ့ မုန့်စစ်သူကစစ်နဲ့ ကိ့်အလုပ်နဲ့ကိုယ်....
.....................။
သူတို့လာနေကျ 24နာရီ Barတစ်ခုက VIPအခန်းတံခါးကို ဖွင့်ကာ ဝင်လိုက်တော့ Min Yoongi က လက်ချင်းရိုက်၍ဆိုလာသည်။
ခပ်ကျဉ်းကျဉ်းမျက်လုံးလေးတွေရဲ့ အကြည့်စူးစူးတွေနဲ့ ခပ်ပါးပါးနှစ်ခမ်းတစ်စုံဟာ လူတိုင်းက ရှိန်ချင်စရာ...။
အပြင်ထွက်လာတာ.."
"ဘယ်လောက်လောင်းမလဲ"
"Min Yoongiက Park Jiminလာမှ
ပြည့်စုံသွားတယ် ဟေ့..."
Min Yoongiက ငွေသားတစ်ကဒ်ကို ပစ်ချပစ်ကာ နေရာယူကြသည်။
တစ်နေ့တာရဲ့ အစမှာတောင် အလင်းမရှိတဲ အမှောင်လောကထဲ ကျင်လည်နေတာတွေက သိသာစွာ ဝေထားတဲ့ ဖဲချပ်တွကို ကောက်ယူကာ Park Jiminက ကျွမ်းကျွမ်းကျင်ကျင်လေး ကစားသည်။
အိမ်ကိုရောက်ရင်သာ မောင့်ကြောင့် စိတ်တွေညစ်နေရတာ ဒီလိုနေရာ ဒီလိုလောင်းကစားတွေမှာတော့ Park Jiminက ရှုံးလာရတယ်ဆိုတာမျိုးမရှိ..။
"ဟာကွာ..."
ဝိုင်းထဲက လူတွေက ဖဲချပ်တွေကို ပစ်ချကာ ညီးညူးနေကြပေမဲ့ Jiminက သူ့ဖဲချပ်လေးတွေကို ပြုံးပြုံးလေးပစ်ချကာ ဝိုင်းထဲက ပိုက်ဆံအားလုံးက သူ့လက်ထဲရောက်လာသည်။
"နောက်ထပ် ထည့်ကြမလား.."
"လောင်းတယ်ကွာ.."
ထပ်ကစားကြကာ ကစားဝိုင်းကို Park Jiminက လှလှပပလေး ခြယ်လှယ်သွားသည်။
<Music>
"ပါတီလား"
"အင်း...
မနေ့က...collaborationတစ်ခု အောင်မြင်လို့
"မောင်နဲ့....
ငါခနနေလာခဲ့မယ်"
"ဘာသွားလုပ်မလို့လဲ"
Jiminထွက်သွားတာနဲ့ Min yoongiက ဘောင်းဘီအိတ်က ဆေးလိပ်နဲ့ မီးခြစ်ကို ထုတ်ကာ ဖွာလျက် လှေကားနားကပဲ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။
ဖြန်း!!
"နင် ဒါဘာလုပ်တာလဲ!!!"
"လှတော့...လှသားပဲ"
"နင်!!!"
"ငါက နှခမ်းနီမတွေကြိုက်ပေမဲ့ နင်ကြိုက်တဲ့ သူကိုတော့ နှခမ်းနီနဲ့ မြူဆွယ်လို့ရမှာ မဟုတ်ဘူး..
PARK JIMINတဲ့.."
.........................။
မောင်က ရုံးခန်းက စားပွဲပေါ် ကွန်ပျူတာကိုဖွင့်ထားကာ လူကတော့ ပြတင်းပေါက်နားရပ်နေလျက်...
လှတာမဟုတ်ဘူး...လှတာထက်ပိုလွန်းကာ အညိုရောင်လေးက ကြည့်ကောင်းနေတာမျိုး..၊
ဘဝမှာ ကြိုးပေါင်းများစွာနဲ့ ချပ်နှောင်ခံထားရတဲ့ နှလုံးသားလေးက ပထမဆုံး လှုပ်ခက်လာကာ မောင်ဟာ အညိုရောင်လေးကို ထပ်မတွေ့ရတော့မှာကို စိတ်ပူနေသည်။
ပြုံးနေရင်း အိမ်က လူကိုသတိရလာတာမို့ နာရီတစ်ချက်ကြည့်ကာ မောင့်မျက်ဝန်းတွေဟာ ချက်ချင်းအရောင်းမဲ့စွာ ပြောင်းလဲသွားသည်။
အတွေးလှလှလေးတွေက အိမ်ကြီးရှင်ဆိုတဲ့ အတွေးကြောင့်ပျက်ခဲ့ရပေမဲ့ မောင်ဟာ လှပတဲ့ အတွေးတွေကို အိမ်ကြီးရှင်နေရာမှာ အစားမထိုးဘဲ ဒီအတိုင်း မျက်နှာ မလန်းစွာ အိမ်ကိုပြန်ခဲ့သည်။
......
ပြီးရင် ဘာမှမဖြစ်သလိုမျိုး ထမင်းဆက်စားကာ မောင်မျက်နှာတွေဟာ တင်းမာနေလျက်...။
အမေသိပေမဲ့ အမေ့မှာက တောင်းပန်စကားတွေပဲ
"ဘာတွေကို မြင်ပေးရမှာလဲ အမေ
မလိုပါဘူး..."
ပြောနေတာကို ရပ်ကာ မောင်က ထရပ်လိုက်သည်။
.............................။
ညကပြသနာတွေ အကြာကြီးမဖြစ်ပဲ အိပ်ခဲ့ရလို့ထင်သည်၊ဒီမနက်တော့ Jungkookလန်းလန်းဆန်းဆန်းနဲ့ နိုးထလာရသည်။
ဘေးနားက ကွေးကွေးလေးအိပ်ပျော်နေတဲ့ အိမ်ကြီးရှင်ကိုကြည့်မိတော့ မျက်လုံးတွေကို ချက်ချင်းလွဲပစ်လိုက်သည်။
အိပ်ပျော်နေတဲ့အချိန်မှာ ချစ်ဖို့ကောင်းသလောက် ကျန်အချိန်တွေမှာ ကြောက်စရာသတ္တဝါကြီး တစ်ကောင်လိုပဲ...။
ဒီလူသားနဲ့ ပတ်သက်၍ မြတ်နိုးရမည့်အကြောင်းအရာတွေကိုဆို Jungkookဟာလည်း ဝေးဝေးရှောင်ခဲ့သည်။
အခုအချိန်မှာ ဘယ်လိုပဲချည်နှောင်ခံရခံရ ဘယ်လိုအမိန့်တွေပဲ ရှိရှိ နှလုံးသားရဲ့ ဆန္ဒလေးတွေကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ချက်တွေချကာ ကိုယ်ချစ်ရတဲ့ သူနဲ့ပဲအိုမင်းချင်သည်။
လက်ရှိမှာ စေ့စပ်ထားရပေမဲ့ အိမ်ကြီးရှင်ကို သူကြည့်မရပါ...။
အိပ်ယာကထ စောင်လွတ်နေတဲ့ ခန္ဓာကိုယ်လေးကို စောင်လေးခြုံပေးခဲ့ကာ ရေမိုးချိုး အလုပ်သွားဖို့ ပြင်ရသည်။
အလုပ်အိတ်လေးကိုင်ကာ လှေကားတွေအတိုင်းဆင်းလာပြီး ပြင်ပေးထားတဲ့ Coffeeနဲ့မုန့်ကို စားကာ အလုပ်သို့ ကားမောင်းထွက်လာခဲ့လိုက်သည်။
စိတ်ကြည်နေတာမို့ အိမ်ကအိမ်ကြီးရှင်အကြောင်းတွေအားလုံးကို ထုတ္ထားကာ အလုပ်အကြောင်းတွေကိုသာ တစ်ခုပြီးတစ်ခု Planချနေခဲ့သည်။
Park Groupက သူ့အပိုင်မဟုတ်ပေမဲ့ သူ့အပေါ်မှာရှိတဲ့ ကျေးဇူးတွေကို ဆပ်တဲ့အနေနဲ့ Jungkookက အများကြီးကြိုးစားကာ တည့်မက်ပေးထားသည်။
အိမ်ကြီးရှင်ဆီက အနှိမ်ခံရမှုတွေကြောင့် Jungkookက ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကိုလဲ ထူထောင်ကာ အောင်အောင်မြင်မြင်..။
Park Jiminက ဒီအကြောင်းတွေသိပေမဲ့ ဘာမွေတာ့ မပြော...၊
အိမ်ကြီးရှင်ဆီက ကျေးဇူးတွေကို ဆပ်မကုန်သရွေ့ Jungkookဟာလည်း ထွက်ခွာသွားမဲ့လူမျိုးမဟုတ်...။သူကျေအောင် ဆပ်မှာ...။
Park Jiminကို ဘယ်လိုပဲကြည့်မရစေကာမူ လက်ရှိမှာ ထွက်သွားဖို့က သူကိုယ်တိုင်လဲ အဆင်မပြေသေး..။
Jungkookတွေးတောခဲ့ခြင်းတွေမှာ အိမ်ကြီးရှင်ရဲ့ အချစ်တွေက အမြဲတမ်း မျက်နှာငယ်ရသည်...။
မောက်မာတယ်... အတ္တကြီးတယ်...တခါတေလ သွေးအေးအေးနဲ့ ရက်စက်တက်တယ်....
ဒါတွေကိုပဲ Jungkookသိသည်။
မြင်အောင်မကြည့်ခဲ့ဘူး...။မြင်နေရရင်တောင် မျက်စိမှိတ်ကာ တစ်ဖက်ကိုလွဲှပစ်လိုက်မှာ...။
ထိုမျှလောက် အိမ်ကြီးရှင်ကိုဆို သူသိပ်မုန်းခဲ့သည်။
ဒုန်း!!
ကားမောင်းနေရင်း ရှေ့က ဖြတ်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် ကားကို ဘရိတ်အုပ်လိုက်ပေမဲ့ ထိမိသြားတယ္ဆိုတာ အသံက သက်သေ...။
ကားပေါ်က ဆင်းကာ သွားကြည့်တော့ လမ်းမပေါ် ထိုင်လျက်သားလေး လဲကျနေတဲ့ ကောင်လေးတစ်ယောက်...
သူကို်င်လာတဲ့ ကင်မရာလေးကလဲ သူရဲ့အဝေးမှာ အနည်းငယ် ကွဲအက်နေလျက်...။
"ရရဲ့လား.."
အနားသြားကာ ထူပေးတော့ ခြေခေါက်လျက်ပြန်လဲကျသွားတဲ့ ကိုယ်လေးကို ပွေ့ဖက်ထားမိလိုက်သည်။
ရုတ်တရက်အလွန်နီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခုကြောင့် Jungkook ထိုကောင်လေးကို ကြည့်လိုက်မိတော့ ရင်ဘက်ထဲ အမည်မသိလိုှင်းလေးတွေ ဖြတ်ပြေးသွားရသည်။
မျက်တောင်ရှည်လေးတွေ... သိပ္ကို ထူးဆန်းလွန်းတဲ့ မျက်ဝန်းလေးတွေနဲ့ နှတံမြင့်မြင့်လေးတွေ.... အညိုရောင် ဆံပင်လေးတွေက လေထဲမှာ လွှင့်နေကာ သူတစ်ခါမှ မမြင်ဖူးခဲ့သော ကြွေရုပ်လေးမဟုတ်လား...။
ရင်ဘက်ထဲမှာ မျဉ်းတွေ ဖြတ်ပြေးနေသည်။ဦးတည်ရာတွေလဲ မရှိ.. ဦးတည်ချက်တွေလဲ မရှိဘဲ ကမောက်ကမနဲ့....။
နီးနီးကပ်ကပ်နဲ့ ပထမဆုံး စိုက်ကြည့်ဖူးသောမျက်နှာလေးက မျက်နှာမလွဲချင်စရာလေး...။
"စိုက်ကြည့်မနေနဲ့ ထူပေးအုန်း..!!"
မဖွဲ့နဲှွ့လောက်စရာ မျက်နှာလေးဆီက အသံသြသြလေးကြားမှ Jungkookသတိပြန်ဝင်လာကာ ထိုကောင်လေးရဲ့လက်တွေကို သူ့ပုခုံးပေါ်တင်ကာ တွဲလိုက်လျက်..
"ခြေထောက်က ထောက်လို့ရရဲ့လား
ဆေးရုံသွားရမယ်ထင်တယ်"
"သြားရမွာ မဟုတ္ဘူး သွားသင့်တာ
ဘယ်နဲ့... ခြေထောက်ကျိုးသွားပြီလား မသိဘူး"
Jungkookက တွဲလျက် ကားပေါ်တင်ပေးတော့ ထော်နဲထော်နဲနဲ့ ပါလာသည်။
ကားနောက်ခန်းပေါ် သေချာလေးနေရာချပေးကာ ကျနေခဲ့တဲ့ ကင်မရာလေးကို သွားကောက်ယူခဲ့သည်။
"ရော့ မင်းဟာမလား
ကားနဲ့တိုက်မိတဲ့အတွက် တောင်းပန်ပါတယ်.."
"နောက်တစ်ခါဆို သေချာကြည့်မောင်း
လမ်းမပေါ်မှာ ခင်ဗျားတစ်ယောက်ထဲ
ရှိတာမဟုတ်ဘူး.."
ပြောရမည်ဆို Jungkookက မှားတာမဟုတ်ရယ်..။ကင်မရာ တကားကားနဲ့ ဟိုဟာလိုက်ရိုက် ဒီဟာလိုက်ရိုက်နဲ့ ကားရှေ့ကို တိုးဝင်လာတာကသူ.. ၊
"ဒီနားမွာ ဆေးခန်းရှိတယ်
စိတ်မပူပါနဲ့ ခြေထောက်က မကျိုးလောက်ပါဘူး"
"ခင်ဗျားက ကျိုးစေချင်နေတာလား!!"
တစ်ခွန်းမခံ ကပ်ကပ်လန်နေတဲ့ အညိုရောင်လေးကို အသဲတွေ တဖွဖွယားလာသည်။
"မဟုတ်ပါဘူး...
မင်းကြောက်နေမှာ စိုးလို့ပါ.."
ဆေးရုံရောက်တော့ ဆေးထည့် ပတ်တီးစည်းပေးကာ ဆရာဝန်တွေက ထွက်ခွာသွားကြသည်။
အညိုရောင်လေးက ဆေးရုံကုတင်ပေါ်ထိုင်လျက် ဒဏ်ရာကြောင့် မျက်နှာလေးကရှုံ့မဲ့မဲ့...၊
နှဖူးပေါ် ဝဲကျနေတဲ့ အညိုရောင်ဆံပင်လေးတွေကို မရဲတရဲလေး သပ်တင်ပေးလိုက်ကာ Jungkookမျက်လုံးတွေ ထိုကောင်လေးဆီက မလွဲနိုင်ခဲ့...။
"ကိုယ်..အိမ်လိုက်ပို့ ပေးခဲ့မယ်
မင်းသွားချင်တဲ့ နေရာကိုပြောလေ"
"ရပါတယ် ခြေထောက်က အများကြီး
နာသြားတာလဲ မဟုတ္ဘူး
လမ်းလျှောက်နိုင်ပါသေးတယ်..."
"ကွဲအက်သွားတဲ့ ကင်မရာလေးအတွက်
ကိုယ်အစားလျော်ပေးပါ့မယ်
မင်းခြေထောက် မသက်သာရန်
ကိုယ့်ကိုပြန်ဆက်သွယ်လိုက်ပါ
ဒါက ကိုယ့်Card.."
Jungkookက သူ့ရဲ့Cardကို ကမ်းပေးကာ ပြုံးနေခဲ့သည်။
မောင့်ရဲ့ အညိုရောင်လေးအပေါ် လိုတာထက် ပြန်ကူညီပေးခဲ့ခြင်းတွေ...
ခြေထောက်က နည်းနည်းလေးပဲထိတာမို့ လမ်းလျောက်လို့ရပေမဲ့ မောင်က ပိုပိုကဲကဲ...၊
ပေးလာတဲ့ Cardကို အလိုက်သင့်လေယူလိုက်ကာ အညိုရောင်လေးက သူ့ကိုမော့ကြည့်သည်။
"လိုအပ်ရင်တော့ ဆက်သွယ်လိုက်ပါ့မယ်.."
မောင်ဟာ ထိုစကားကြားတော့ ကျေနပ်သွားသလို တစ်ချက်ပြုံးကာ ခေါင်းတညိတ်ညိတ်...၊
ခပ်ချေချေအညိုရောင်လေးကို ငေးကြည့်နေတုန်း Campany ဝင်လာတဲ့ဖုန်းကြောင့် မျက်မှောင်တွေကြုံ့သွားခဲ့သည်။
"ခနလေးနော် ကိုယ်ဖုန်းလာနေလို့..."
အညိုရောင်လေးက ခေါင်းညိတ်ပြတော့ အခန်းအပြင်ဘက်ထွက်လာကာ မောင်ဟာ ဝန်ထမ်းတွေကို အော်ဟစ်နေခဲ့သည်။
"စာရင်းတွေ လွဲနေတယ်..!!
မင်းတို့ကို ငါသေချာလုပ်ပါလို့ ပြောထားသားပဲ
တစ်ယောက်မှ ငါ့စိတ်တိုင်းကျ မရှိဘူး..!!"
"ကျွန်နော်လဲ သေချာစစ်...."
"ဒါပဲ ငါရောက်မှစစ်တော့မယ်.."
ဖုန်းပြောနေတုန်းအနားရောက်လာတဲ့ အညိုရောင်လေးကြောင့် ဖုန်းကိုချလိုက်ကာ ထော်နဲထော်နဲ့နဲ့ကောင်လေးကို သွားတွဲလိုက်ရသည်။
"ဘာလို့ တစ်ယောက်ထဲ ထြက္လာတာလဲ.."
"အိမ်ပြန်မယ်လေ..!
ဒီဒဏ်ရာလေးနဲ့ တစ်နေကုန်ဆေးရုံမှာ
ထိုင်မနေနိုင်ဘူး.."
ပြောမိတဲ့ကိုယ်က အမွား..မတော်လို့ ပြန်လဲကျသွားရင် တစ်ခုပေါ်တစ်ခုဆင့် နာနေမှာစိုးလို့ ပြောတာကို အညိုရောင်လေးက ပိတ်ဟောက်သည်။
ချစ်စရာကောင်းသလောက် စြာခ်က္ကေတာ့ လက်လန်တယ်...။
ကားပေါ်တင်ပေးလိုက်တော့ အညိုရောင်လေးက ဖုန်းပေါ်စာရိုက်နေကာ ဆူဆူပုတ်ပုတ်...၊
ဘာကောင်လေးမှန်းကို မသိဘူး။ကားမွန္ကေန လှမ်းကြည့်ရင်း မောင်ဟာ အသဲတွေယားနေခဲ့သည်၊
"ဘယ္ကို လိုက်ပို့ပေးရမလဲ"
"ရှေ့နားက Coffeeဆိုင်လေးရှေ့မှာပဲ ချပေးခဲ့.."
လမ်းလျှောက်သွားရင် နှစ်မိနစ်တောင် မကြာတဲ့ နေရာမှာချပေးခဲ့ပါတဲ့..။
ဘယ္လို အမျိုးအစားလေးမှန်းကို မသိဘူး။
အမိန့်တော်အတိုင်း ရှေ့က Coffeeဆိုင်ဆီမောင်းပို့ပေးခဲ့သည်။
ဒီကောင်လေးရဲ့ စတွေ့ထဲက တင်တင်စီးစီးစကားတွေနဲ့ အမိန့်တွေကို မောင်ငြင်းဆန်ဖို့ အတွေးသေးသေးတောင်မဝင်ခဲ့...။အလိုလို ဖြည့်ဆည်းပေးချင်နေသည်..၊
နှစ်တွေအကြာကြီး အေးစက်နေခဲ့ရတဲ့ နှလ့ုးံသားလေးထဲကို အပူလှိုင်းလေးတွေနဲ့ ပထမဆုံးနွေးထွေးသွားစေတာက မျက်ဝန်းလှလှလေးတွေမို့ မောင်ဟာ တင်တင်စီးစီးအမိန့်တွေကိုလဲ အသဲယားရသည်။
အိမ်ကြီးရှင်ကိုသာ ခုလို နွေးနွေးထွေးထွေးလေးဆက်ဆံပေးမယ်ဆို အိမ်ကြီးရှင်ဘယ်လောက်တောင် ပျော်လိုက်မလဲ...။တဖန် တခြားသူအပေါ် မောင်ရဲ့ ပိုပိုကဲကဲတာဝန်သိတက်မှုတွေကိုသာ အိမ်ကြီးရှင်သိရင် သွေးတက်လိုက်မည့်ဖြစ်ခြင်း...။
"ရပါ့မလား အိမ်အထိ ပို့ပေးမယ်လေ..."
ဆိုင်ရှေ့တွင် ရပ်နေသော အညိုရောင်လေးဟာ ခေါင်းခါပြကာ ခုံတန်းပေါ်မှာထိုင်လိုက်သည်။
မောင်လဲ အလုပ်ကိစ္စတွေကျန်သေးတာမို့ ကြာကြာနေလို့မရ..။နိစ္စဒူဝအလုပ်တွေနဲ့ မောင့်မှာလဲ အားရှာတာမဟုတ်..။
ထိုင်နေတဲ့ အညိုရောင်လေးကို အဆင်ပြေမပြေ သေချာလေးကြည့်ပြီးမှ မောင့်ကားဟာ ထိုနေရာက ထွက်ခွာသွားသည်...။
.....................။
ပုံမှန်မရှိသော အိပ်ယာနိုးချိန်နဲ့ မျက်လုံးတွေကို ဖွင့်ကြည့်မိတော့ အလင်းတန်းလေးက စူးခနဲ့...၊အိပ်ယာဘေးကို တစ်ချက်ကြည့်ကာ ဒီနေ့လဲ မောင်က သူ့ဘေးမှာ မရှိ...၊
မထူးဆန်းပေမဲ့ အိမ်ကြီးရှင်က မနက်တိုင်းကို မောင်နဲ့အတူတူ နိုးထချင်တာလေ..၊
စောင်ကိုခွာကာ ရေချိုးခန်းထဲဝင်သွားတော့ သွားတိုက်ဆေးဖြည့်ပြီးသား သွားပွတ်တံလေးက ကြိုဆိုနေလျက်...၊
အိမ်ကြီးရှင်က နှခမ်းကွေးရုံလေးပြုံးပြီး ထိုသြားပြတ္တံကိုယူကာ သွားတိုက်သည်။
မောင့်ကို ငယ်ငယ်လေးထဲက အနိုင်ယူဗိုလ်ကျကာ ကိုယ်လုပ်ရမှာပျင်းသော နေ့စဉ်အလုပ်သေးသေးလေးတွေကိုပင် အိမ်ကြီးရှင်က အမိန့်တွေနဲ့ခိုင်းစေသည်။
မာနကြီးပေမဲ့ ရွေးချယ်စရာ မရှိတဲ့မောင်က ဆူဆူပုတ်ပုတ်နဲ့ လုပ်ပေးတာတွေကို အိမ်ကြီးရှင်က တအားသေဘာက်တာ..၊
မောင့်ကို ခ်စ္မိတာက သူ့မှာ အကြောင်းပြချက်မရှိခဲ့ဘူး။
ပြန်ပြန်ခံပြောတက်တဲ့ နှခမ်းပါးပါးလေးတွေကို မှတ်လောက်သားလောက် ပြန်မပြောရဲအောင်လို့ အတင်းလုနမ်းမိတဲ့ နေ့ကစလို့ မောင့်အပေါ်သူ ခံစားချက်အသစ်အဆန်းလေးတွေဖြစ်လာတယ်..၊
တစ်ခါနမ်းမိပြီးနောက် ထပ္ကာထပ္ကာ ထိုနှခမ်းလေးတွေကို ထိတွေ့ချင်လာတယ်၊
အိမ်ကြီးရှင်အတွက် ခက်ခဲ့တယ်ဆိုတာတွေက မရှိတော့ နမ်းချင်လာတဲ့အချိန် မောင့်ကို ခေါ်ကာ နမ်းလိုက်တာပဲ...၊မောင်ကတော့ လွယ်လွယ်နဲ့ ဘယ်နမ်းခွင့်ပေးပါ့မလဲ...ညင်ညင်သာသာနဲ့ ပြောမရရင် အိမ်ကြီးရှင်ဟာလဲ တင်းတင်းကြပ်ကြပ်တွေနဲ့ အနိုင်ယူလိုက်သည်...၊
မောင့်မှာ ငြင်းဆန်ခွင့်မရှိ...၊မောင့်မှာ သူ့ကို အဒွန့်တက်ပိုင်ခွင့် မရှိပေမဲ့ အိမ်ကြီးရှင် မြတ်နိုးမိတဲ့ မောင်က
ချုပ်ကိုင်ဖို့ မလြယ္ကူခဲ့ဘူး။
စူးစူးရဲရဲမျက်ဝန်းတွေနဲ့ အိမ်ကြီးရှင်ကို စိုက်ကြည့်ရဲတာ မောင်တစ်ယောက်ထဲ...
အိမ်ကြီးရှင်ရဲ့ ခန္ဓာမှာ အမာရွက်သေးသေးလေးတွေဖြစ်အောင် တွန်းထုတ်ရဲ့တာလည်း မောင်တစ်ယောက်ထဲ...၊
အိမ်ကြီးရှင်ရဲ့ တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ပေးခြင်းကို ရရှိတာလဲ မောင်တစ်ယောက်ထဲ....၊
အိမ်ကြီးရှင်အတွက်တော့ မောင်ဟာ သိပ်ကံကောင်းတဲ့ လူတစ်ယောက်ပါ။ဒါကို မောင်တွေးတာက မောင်ဟာ ပျော်ရွှင်စရာတွေ ကင်းမဲ့နေရတဲ့လူပါတဲ့...။
မောင်ဟာ တစ်ဘက်ကမ်းခက်လွန်အောင်ကို လွဲသည်။
ဗီရိုထဲက အကျီနဲ့ဘောင်းဘီ လိုက်ဖက်ရာကို ထုတ်ဝတ် လိုက္ကာ မှန်ရှေ့မှာ ဆံပင်တွေကို ေသေသချာချာပုံချလိုက်သည်။
မှန်တင်ခုံပေါ်က Accessoriseသေးသေးတွေကို ကောက်ဝတ်ကာ သစ်ခေါက်နံ့ရေမွှေး ပုလင်းလေးကို ခေါင်းကနေ တကိုယ်လုံးကို ဆွတ်ချလိုက်ပြီး Perfectဖြစ်မဖြစ် သေချာစစ်ပြီးမှ အောက်ထပ်ကို ဆင်းလာသည်။
မနက်စာဝိုင်းတွင် သူအလာကိုစောင့်နေကြသော အိမ်တော်ထိန်းနဲ့အိမ်အကူလေးတွေက သူလာတာကိုမြင်တာနဲ့ ကော်ဖီငှဲ့သူကငဲ့ှ မုန့်စစ်သူကစစ်နဲ့ ကိ့်အလုပ်နဲ့ကိ်ုယ်....
အိမ်ကြီးရှင်သခင်လေးက စတော်ဘယ်ရီတွေကိုဆို လုံးဝမကြိုက်ပါ။
သခင်လေးအတွက် ချိစ်ကိတ်တွေ သေချာအတည်ပြုပြီးမှ ချပေးပေမဲ့ သခင်လေးက စိတ်မကြည်ရင် ကိတ်မုန့်အရောင်ကိုတောင် ထပြသနာရှာတက်တာမျိုး...၊
အကိုလေးနဲ့ အဆင်မပြေဘူးဆို ပိုဆိုးပေါ့...။
"အိမ်တော်ထိန်းကြီး မောင်နေ့လည်စာ လာစားရင်
ကျနော့်ကို မစောင့်နဲ့တော့လို့...
ဒီနေ့ အိမ်ပြန်နောက်ကျမယ်
Min Yoongiနဲ့ ရှိနေမှာလို့...
မောင့်ကို စိတ်မပူနဲ့လို့ ပြောလိုက်ပါ.."
"ကော်ဖီနဲ့ မုန့် မစားတော့ဘူးလား သခင်လေး"
"မစားတော့ဘူး Yoongiနဲ့ဘဲ အပြင်မှာ စားလိုက်တော့မယ်"
မှာပြီးတာနဲ့ ကားသော့ဆွဲကာ အပြင်ထွက်သွားတဲ့ သခင်လေးက ကြွကြွယွယွလေး..။
မနေ့က အော်ဟစ်ကြပေမဲ့ ညဘက်ပြေလည်သွားကြသည်ထင်သည် သခင်လေးက သူတို့ကို စကားတွေပြေပြေလည်လည်တွေ ပြောသွားသည်။
အပြင်ထွက်သွားတဲ့အချိန် အဆင်ပြေပေမဲ့ အိမ်ပြန်ရောက်လာတဲ့အချိန် ဘယ်လိုပြသနာတွေပါမလဲဆိုတာကို အိမ်တော်ထိန်းကြီးမှာလဲ တွေးရင်းနဲ့ ရင်တမမ...။
.....................။
"အစောကြီးရောက်လာပါလား Jimin"
သူတို့လာနေကျ 24နာရီ Barတစ္ခုက VIPအခန်းတံခါးကို ဖွင့်ကာ ဝင်လိုက်တော့ Min Yoongi က လက်ချင်းရိုက်၍ဆိုလာသည်။
အနက်ရောင် shirtပေါ် အပြာရောင် လက်ရှည်တစ်လုံးထပ်ထားပြီး ဂုတ်ဝဲ ဆံပင် ခပ်ကောက်ကောက်လေးတွေက သူနဲ့မို့လို့ ကြည့်ကောင်းလွန်းသည်။
ခပ်ကျဉ်းကျဉ်းမျက်လုံးလေးတွေရဲ့ အကြည့်စူူးစူးတွေနဲ့ ခပ်ပါးပါးနှစ်ခမ်းတစ်စုံဟာ လူတိုင်းက ရှိန်ချင်စရာ...။
ရှေ့မှာကတော့ ဖဲကစားနေကြတဲ့သူတွေက သူ့အာရုံနဲ့သူ...၊
"အင်း စိတ်ကြည်နေလို့ ဖဲလာရိုက်တာ.."
"ငါခုပဲ မင်းဆီဖုန်းဆက်မလို့...
အပြင်ထွက်လာတာ.."
Min Yoongiက Jiminပုခုံးကိုလှမ်းဖက်လိုက်ကာ ရှေ့က ဖဲဝိုင်းဆီလျှောက်လာခဲ့သည်။
Min Yoongiက Jiminနဲ့အရင်းနှီးဆုံးလူ။ငယ်ပေါင်းတွေမဟုတ်ခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်တရာမှခိုင်လွန်းသည်။
တက်ယောက်ကိုထိရင် နောက်တစ်ယောက်က မခံသလို သူတို့ရဲ့ဆက်ဆံရေးက သူတို့ကျင်လည်တဲ့ ပတ်ဝန်းကျင်မှာဆို တိတိတကျကျမရှိဘဲ ဟိုသူက တမျိုးထင် ဒီလူက တစ်မျိုးမြင်နဲ့ မသဲမကွဲ...။
Park Jiminနဲ့ Min Yoongiကလည်း ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့သူတွေမဟုတ်တော့ ဘယ်သူ့အမြင်ကိုမှ အရေးအရာယူပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်တွေမဖြစ်ခဲ့ဘူး...၊
သူတို့ရဲ့ ဆက်ဆံရေးကို သူတို့ပဲ အသိဆုံး...။
"ဘယ်လောက်လောင်းမလဲ"
"Min Yoongiက Park Jiminလာမွ
ပြည့်စုံသွားတယ် ဟေ့..."
"စောက်စကားတွေများမနေနဲ့ ..."
Min Yoongiက ငွေသားတစ်ကဒ်ကို ပစ္ခ်ပစ္ကာ နေရာယူကြသည်။
တစ်နေ့တာရဲ့ အစမှာတောင် အလင်းမရှိတဲ အမှောင်လောကထဲ ကျင်လည်နေတာတွေက သိသာစြာ ဝေထားတဲ့ ဖဲခ်ပ္တြကို ကောက်ယူကာ Park Jiminက ကျွမ်းကျွမ်းကျင်ကျင်လေး ကစားသည်။
ကောက်ယူထားတဲ့ ဖဲချပ်တွေကိုကြည့်ကာ ပြုံးရဲ့ရဲ့လေးနဲ့ သူက အသာစီးရနေမှန်းသိသာသည်။
အိမ်ကိုရောက်ရင်သာ မောင့်ကြောင့် စိတ်တွေညစ်နေရတာ ဒီလိုနေရာ ဒီလိုလောင်းကစားတွေမှာတော့ Park Jiminက ရံှုးလာရတယ်ဆိုတာမျိုးမရှိ..။
စိတ်ညစ်ရတာတွေကိုတောင် ဒီလိုနည်းတွေနဲ့ ဖြေဖျောက်ခဲ့တာပဲ။Park Jiminက အဆိုးအပေလို့ လူတွေက ပြောရင် Park Jiminက နှခမ်းလေးကွေးပြီး
ဟုတ်တယ်ဆိုပြီး ခေါင်းညိတ်ပြလိုက်မှာ...။
လိမ္မာရတာထက် ဆိုးနေတာတွေက ပိုပြီးသက်သောင့်သက်သာ ရှိတယ်မလား။
"ဟာကြာ..."
ဝိုင်းထဲက လူတွေက ဖဲချပ်တွေကို ပစ္ခ်ကာ ညီးညူးနေကြပေမဲ့ Jiminက သူ့ဖဲချပ်လေးတွေကို ပြုံးပြုံးလေးပစ်ချကာ ဝိုင်းထဲက ပိုက်ဆံအားလုံးက သူ့လက်ထဲရောက်လာသည်။
မောင်က သူ့ကို အလုပ်မရှိဘဲ အလေလစ်နေတာပါတဲ့..ခုကြည့်လေ လက်လေးတစ်ချက်လှုပ်လိုက်ရုံနဲ့ Park Jiminဆီ ငွေတွေက အလုအယက်ဝင်နေကြတာ..။တကယ်တော့ Park Jiminက မောင့်ထက်ပိုပြီးလုပ်များပါသည်။
"နောက်ထပ် ထည့်ကြမလား.."
"လောင်းတယ်ကွာ.."
ထပ်ကစားကြကာ ကစားဝိုင်းကို Park Jiminက လွလွပပလေး ခြယ်လှယ်သွားသည်။
<Music>
"ပါတီလား"
ဖဲဝိုင်းမှာ အဆင်ပြေလာလို့ ပျော်လာတဲ့အပျော်တွေက သူတို့အတွက် နေရာပြောင်းချိန် လှေကားနားမှာတင် ပျက်စီးသွားရသည်။
Companyဝန်ထမ်းတွေဖြစ်ပုံရတဲ့လူတွေက အောက်ထပ်က ကာရာအိုကေခန်းမှာ ဆူဆူညံညံ....
ထိုအထဲတွင် မနေ့က မောင်နဲ့အတူရှိခဲ့တဲ့ ဆယ်လ်လာဆိုတဲ့ အမျိုးသမီးကလည်း ရှိနေသည်။
"အင်း...
Mr .SKY companyက ဝန်ထမ်းတွေ..
ဟို ဆံပင်ရှည်ရှည်နဲ့ တစ်ယောက်က
အဲ့Companyပိုင်ရှင်ရဲ့ သမီးလေ
မနေ့က...collaborationတစ္ခု အောင်မြင်လို့
ဒီနေ့ ဝန်ထမ်းတွေကို ပါတီပေးတာနေမှာပေါ့.."
Parkjiminက Devil smileနဲ့ ဆယ်လ်လာကို ကြည့်သည်။
"မင်းနဲ့ သူနဲ့ပတ်သက်ဖူးလို့လား"
"မောင်နဲ့....
မနေ့က မောင့်နဲ့အတူပြုံးနေခဲ့တာ သူလေ
မင်းကားပေါ်က စောင့်နေလိုက်
ငါခနနေလာခဲ့မယ်"
"ဘာသွားလုပ်မလို့လဲ"
"မောင့်imageမထိခိုက်ရအောင်လေ.."
Min yoongiက ခေါင်းညိတ်ပြတော့ Jiminက သူမဆီသို့ ခပ်သွပ်သွပ်လေးလျှောက်သွားလိုက်သည်။
Jiminထွက်သွားတာနဲ့ Min yoongiက ဘောင်းဘီအိတ်က ဆေးလိပ်နဲ့ မီးခြစ်ကို ထုတ္ကာ ဖွာလျက် လှေကားနားကပဲ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။
Parkjiminပါးစပ္က မောင်လို့ထွက်ကျလာတာနဲ့ အခြေအနေဟာ မကောင်းနိုင်... ။ပြသနာတွေတက်ရင် သူလဲဝင်ပါမှာမို့ လှမ်းမြင်နေရတဲ့ နေရာကနေပဲ စောင့်နေရမည်။ဆိုးရင်လဲ အတူတူ ကောင်းရင်လဲအတူတူပေါ့...။
Jiminက ပါတီပေးနေတဲ့ ထိုသူတို့ရဲ့ ခုံပေါ်က အနီရောင်ဝိုင်တစ်ခွက်ကို ကောက်ယူကာ တစ်ဖက်ခြမ်းက ထိုင်နေတဲ့ သူမရဲ့ ရင်ဘက်ကို ပက်ချလိုက်သည်။
ဖြန်း!!
အဖြူရောင် ရှပ်အကျီလေးက ဝိုင်နီတွေပေသွားတာနဲ့ သီချင်းဆိုနေကြတဲ့ ဝန်ထမ်းတွေလဲ ရပ်သွားကာ သူမဟာ မီးဝင်းဝင်းတောက်နေတဲ့ ဒေါသတွေနဲ့ ထရပ်သည်။
"နင် ဒါဘာလုပ္တာလဲ!!!"
Jiminက ပြုံးလိုက်ကာ ဝိုင်တွေပေနေတဲ့ ဆယ်လ်လာရဲ့ အကျီစလေးကိုကိုင်လိုက်ကာ..
"လွေတာ့...လွသားပဲ"
"နင်!!!"
ဆယ်လ်လာက ရိုက်ဖို့လက်ရွယ်လိုက်တော့ Jiminက ထိုလက်ကိုဖမ်းထားလိုက်ကာ ပြုံးရဲ့ရဲ့လေး...
"ငါက နှခမ်းနီမတွေကြိုက်ပေမဲ့ နင်ကြိုက်တဲ့ သူကိုတော့ နှခမ်းနီနဲ့ မြူဆွယ်လို့ရမှာ မဟုတ္ဘူး..
ဘာလို့ဆို.... နင်ကပြုံးလိုက်ရင် အရမ်း..ရုပ်ဆိုးလို့.."
ခနဲတေ့တေ့ ပြောပုံမှာ လူတိုင်းမူးလဲသွားချင်စရာ။
ကြောင်တောင်တောင်နဲ့ အခြေအမြစ်မရှိတဲ့ ပြသနာကြားမှာ ဘေးက ဝန်ထမ်းတွေဟာလည်း ကြောင်တောင်တောင်...
ဆယ်လ်လာဟာလည်း အကြောင်းရင်းမရှိဘဲ ဝိုင်တွေနဲ့ ပက်ခံလိုက်ရခြင်းမှာ ဒေါသတွေဟာ အထွက်အထိပ်သို့....
"အောင်မြင်ချင်ရင် ရိုးရိုးသားသားကြိုးစားပေါ့
ကိုယ့်အတွက်ရော အလုပ်အတွက်ရောဆိုပြီး
တစ်ချက်ခုတ်နှစ်ချက်ပြက်အနေနဲ့ လုပ်ငန်းရှင်တွေကို မမြူဆွယ်နဲ့...
အဲ့ဒီလုပ်ရပ်တွေရဲ့နောက်မှာ... အခုလို
အရည်အမျိုးမျိုးနဲ့ အပတ်ခံရတက်တယ်..
နောက်ဆို သတိထားပေါ့ ဟမ်း..."
ပြောပြီးတာနဲ့ ပြုံးလျက်ထွက်သွားသည်။
ဆယ်လ်လာဘဝမှာ လုပ်ငန်းရှင်တွေကို အလှနဲ့မြူဆွယ်စရာမလိုလောက်အောင်ကို ပြည့်စုံချမ်းသာပြီးသား..။ဒါကို ဒီလူက မြူဆွယ်တယ်လို့ စွပ်စွဲတော့ ဘဝမွာ အံ့ျသေလာက္စရာ...။ဒီလူဟာ အရူးဖြစ်လိမ့်မည်။
သူမရဲ့ ချမ်းသာကြွယ်ဝမှုတွေက လူတိုင်းကို ပိုက်ဆံနဲ့ ပေါက်လို့ရတဲ့အထိလေ။
အရူးဖြစ်လို့ တစ်ခါခွင့်လွှတ်ပေးလိုက်ပေးမယ်။ဒါက သူမဟာ သိပ်သဘောထားပြည့်ဝလို့...။
ရပ်ကြည့်နေရင်းနဲ့ ပြန်လှည့်လာတဲ့ သူကြောင့် ဆယ်လ်လာမျက်နှာတွေပိုတင်းသွားရသည်။
"အော် ကိုယ့်နာမည်လေး မှတ်သွားအုံး
PARK JIMINတဲ့.."
အိမ်ကြီးရှင်သခင်လေးက ခမ်းခမ်းနားနားနဲ့ကို ဆိုးလွန်းပါသည်။
.........................။
မောင်က ရုံးခန်းက စားပွဲပေါ် ကွန်ပျူတာကိုဖွင့်ထားကာ လူကေတာ့ ပြတင်းပေါက်နားရပ်နေလျက်...
တုံးလိုက်တာကွာ.... နာမည်လေးတောင်မမေးခဲ့ရဘူး။
မောင့်မျက်လုံးတွေထဲ မျက်တောင်ရှည်ရှည်နဲ့ မျက်ဝန်းလေးတွေက နေရာယူထားကာ မောင့်နှခမ်းတွေဟာလဲ ပြုံးပြုံးလေး..။
လွတာမဟုတ္ဘူး...လှတာထက်ပိုလွန်းကာ အညိုရောင်လေးက ကြည့်ကောင်းနေတာမျိုး..၊
ဘဝမွာ ကြိုးပေါင်းများစွာနဲ့ ချပ်နှောင်ခံထားရတဲ့ နှလုံးသားလေးက ပထမဆုံး လှုပ်ခက်လာကာ မောင်ဟာ အညိုရောင်လေးကို ထပ်မတွေ့ရတော့မှာကို စိတ်ပူနေသည်။
နာမည်မသိပေမဲ့ မောင်သူ့ကိုအမည်မှဲ့လိုက်တာက အညိုရောင်လေး...၊
မောင်ပေးတဲ့ နာမည်က အေးချမ်းပြီးချစ်စရာကောင်းပေမဲ့ အညိုရောင်လေးကတော့ ဆန့်ကျင်ဘက်ဖြစ်ကာ ချေမိုးလွန်းသည်။
တွေးရင်းနဲ့မောင်ဟာ အပြုံးကြီးပြုံးမိပြန်သည်။
အသဲယားစရာ အညိုရောင်လေး....။
ပြုံးနေရင်း အိမ္က လူကိုသတိရလာတာမို့ နာရီတစ်ချက်ကြည့်ကာ မောင့်မျက်ဝန်းတွေဟာ ချက်ချင်းအရောင်းမဲ့စွာ ပြောင်းလဲသွားသည်။
11:00ကျော်နေပြီဖြစ်တာကြောင့် မောင်ဟာ အိမ်ပြန်ရမည်။
အိမ်ကြီးရှင်ရဲ့ ငါနဲ့ပဲ ထမင်းအတူတူစားရမည်ဟု အမိန့်ကြောင့် မောင်ဟာ ယူစရာရှိတာယူကာ အိမ်ပြန်ဖို့လုပ်ရသည်။
မောင့်ရဲ့ အမိန့်နာခံခြင်းတွေက အိမ်ကြီးရှင်နဲ့ ပြသနာမတက်ချင်သောကြောင့်ဟု အကြောင်းပြချက်တွေကို ပေးကာ အိမ်ကြီးရှင်ကို နာကျင်စေမဲ့ မောင်ဟာ
မောင့်ရဲ့ တာဝန်တွေကို ဘယ်တော့မှမပျက်ကွက်ခဲ့ဘူး။
အချိန်ရောက်တိုင်း မောင်ဟာ အိမ်ကြီးရှင်ရဲ့ အမိန့်တွေကို သတိတရရှိနေခဲ့သည်။
အတွေးလှလှလေးတွေက အိမ်ကြီးရှင်ဆိုတဲ့ အတွေးကြောင့်ပျက်ခဲ့ရပေမဲ့ မောင်ဟာ လွပတဲ့ အတွေးတွေကို အိမ်ကြီးရှင်နေရာမှာ အစားမထိုးဘဲ ဒီအတိုင်း မျက်နှာ မလန်းစွာ အိမ်ကိုပြန်ခဲ့သည်။
......
အိမ်ကိုရောက်တဲ့အထိ မောင့်မျက်နှာဟာ လန်းမလာပါ။
အိမ်တော်ထိန်းက မောင့်ကိုမြင်တာနဲ့ ပြုံးပြကာ ထမင်းစားခန်းဘက် ဝင်ကာ မောင့်အတွက် စားစရာတွေပြင်ပေးသည်။
ထမင်းစားခန်းရောက်တာနဲ့ လွတ်နေတဲ့ခုံကြောင့် အစကတည်းက မလန်းတဲ့ မောင့်မျက်နှာဟာ မျက်ခုံးတန်းတွေကျုံ့သွားရသည်အထိ...၊
"သခင်လေးက ဒီနေ့အိမ်ပြန်နောက်ကျမယ်တဲ့.."
မောင်က ဘာမှပြန်မပြောပဲ ခုံမှာဝင်ထိုက်လိုက်ကာ ဇွန်းနဲ့ခက်ရင်းကို ကိုင်ပြီး ထမင်းစားရန်ပြင်လိုက်သည်။
ထူးထူးဆန်းဆန်း အိမ်ကြီးရှင်မရှိတဲ့ ထမင်းဝိုင်းလေးက အစစအရာရာပြီးပြည့်စုံနေပေမဲ့ မောင်ကတော့ အလိုမကျချင်...
မရှိလဲ အေးတာပဲ ရှိနေရင် မောင့်မျက်နှာထားကြောင့် ပြသနာက တက်ရအုံးမည်..။
"Min Yoongiနဲ့လို့တော့ ပြောတာပဲ"
ဇွန်းကိုင်ထားတဲ့ မောင့်လက်တွေ ခတ္တတော့ ရပ်တန့်သွားသည်။
ပြီးရင် ဘာမှမဖြစ်သလိုမိျုး ထမင်းဆက်စားကာ မောင်မျက်နှာတွေဟာ တင်းမာနေလျက်...။
Park Jiminကို ဒီအတိုင်းတောင် ကြည့်မရတာ. ၊Min Yoongiနဲ့ဆိုရင် မောင်ဟာ ပြောသံကြားရုံနဲ့တောင် ပိုပြီးကြည့်မရပါ...။
မောင့်မျက်လုံးထဲ နှစ်ယောက်စလုံးက ထောင့်မကျိုး..၊
Park Jiminကလည်း Min Yoongiကို ထိရင် ကန့်လန့် ကန့်လန့်နဲ့ ရှေ့က ရှိသလို Min Yoongiကလည်း Park Jiminကိုဆို ဖွဖွလေးတောင် အထိမခံ..။
အိမ္ကို ရောက်ရင် Jungkookကပဲ သူ့ရဲ့အချစ်ပါလို့ ပြောတဲ့ အိမ်ကြီးရှင်ဟာ အပြင်မှာဆို Min Yoongiနဲ့ တတွဲတွဲတဲ့...။သတင်းတွေက နားမစွန့်ရင်တောင် ကြားနေရတာမျိုး...။
"သား... အရမ်းပင်ပန်းနေပြီလား.."
အိမ်တော်ထိန်းက ခုံမှာ ဝင်ထိုင်ပြီး မောင့်ပုခုံးတွေကို ကိုင်ကာ တိုးတိုးလေးပြောလာသည်။
မောင်က အိမ်တော်ထိန်းကို မော့ကြည့်ကာ ပြန်မျက်နှာလွဲလျက် ထမင်းဆက်စားသည်။
"အားလုံးက အမေမှားခဲ့တာတွေပါ...
သားဘယ်လောက်ထိ ပင်ပန်းနေမယ်ဆိုတာ
အမေသိပေမဲ့ အေမ့မွာက တောင်းပန်စကားတွေပဲ
ရှိတော့ သားကို အရမ်းအားနာမိတာပဲ.."
ဟုတ်ပါတယ်...Park အိမ်တော်ရဲ့ အိမ်တော်ထိန်းက JEon Jungkookရဲ့ တစ်ဦးတည်းရှိသော အမေအရင်းပါ...။
ငွေတွေကြောင့် အလျင်စလိုချလိုက်တဲ့ ဆုံးဖြတ်ချက်အမှားကြီးတစ်ခုကြောင့် သားမိတွေ နွေးထွေးတဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ကြဘူး။
အားလုံးက Park Jiminရဲ့ ခန့်ခွဲစီမံမှုတွေကြောင့်မို့ မောင်ဟာ Park Jiminကို မုန်းနေရတာမျိုး...။
"အမေ့ရဲ့ အမှားတွေမဟုတ်ပါဘူး..
ကျနော်ရဲ့ ဝဠ်ကြွေးတွေပါ"
"သခင်လေးက သားကို အရမ်းချစ်တာပါ..
တခါလောက် သခင်လေးအပေါ်....
မြင်အောင် ကြည့်ကြည့်လေ သားရယ်..."
"ဘာတွေကို မြင်ပေးရမှာလဲ အေမ
သူ့ကောင်းတဲ့ နေရာ ဘယ်နေရာရှိနေလို့လဲ
သူ့ဆွဲတဲ့ ဇာတ်ရုပ် ကျနော်က... ဘာတွေကို
သဘောထားပြည့်ဝစွာ ကြည့်ပေးရမှာလဲ"
"သခင်လေးဆိုးတာ အမေသိပါတယ်
သားသာ ပြုပြင်ပေးမယ်ဆို
သားသာ သူ့အချစ်တွေကို လက်ခံပေးမယ်ဆို
သခင်လေးက အများကြီး ပြုပြင်စရာတောင်
မလိုပါဘူး..."
"ဘယ်နေရာကို ပြုပြင်ရမှာလဲ ...
တကယ်လို့....အဲ့လိုသာ ပြုပြင်လို့ ရရင်
ကျနော်အပေါ်ထားတဲ့ သူ့ရဲ့အချစ်ဆိုတဲ့အရာတွေ..
မရှိအောင်သာ ကျနော်က...ပြုပြင်ချင်တာ..."
ပြောနေတာကို ရပ္ကာ မောင်က ထရပ်လိုက်သည်။
"ကျနော် အလုပ်ပြန်သွားရအုံးမယ်
အရေးကြီး Meeting ရှိလို့..."
မောင်ဟာ ပြောပြီးတာနဲ့ ထထွက်သွားသည်။
အိမ်ကြီးရှင်နဲ့ ပတ်သက်ရင် မောင့်ရဲ့တသမတ်တည်း သီအိုရီက ရှောင်ဖယ်ခြင်းမျိုး...။
ဘယ္သူပဲ နားခ်ခ် မောင့်အဖြေက Park Jiminကို မုန်းနေတာပဲ...။မုန်းနေရတဲ့ အကြောင်းပြချက်တွေက မာင့်အတွက် အများကြီးပဲ...။
ပြောရရင် Park Jiminရဲ့ ပုံစံတိုင်းက မုန်းဖို့ ကောင်းလှသည်။
.............................။