ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်
ဘာသာပြန် - ထွန်းလင်းအောင်
အခန်း ၁၂
"ဒီနေ့တော့ တကယ်မရလို့ပါ အစ်မရင်း"
"ကျွန်တော် အလုပ်ခရီး သွားစရာရှိနေလို့ နောက်တစ်ခေါက်ကျမှပဲ ၀င်ထိုင်တော့မယ်..."
"ငါ့ယောက်ျားက နောက်ရက် အနည်းငယ်လောက်ဆို ခရီးက ပြန်လာတော့မှာ အဲ့ခါကျ နင်လည်း လာရဲတော့မှာ မဟုတ်ဘူး..."
"အဆင်ပြေပါတယ်..သူနောက်တစ်ခါ အလုပ်ခရီးထွက်တဲ့ အချိန် ပြန်လာလည်တာပေါ့ဗျ...."
'သေစမ်း...'
လင်းရီ နှုတ်ဆက်စကား ပြောပြီးနောက် ထွက်လာခဲ့လိုက်၏။
သူအချိန်ကို ကြည့်လိုက်သောအခါ ခုနစ်နာရီ ကျော်နေပြီ ဖြစ်သော်လည်း အရင်က အရောင်းသမား ဖြစ်ခဲ့ဖူးသောကြောင့် စည်းမျဉ်းစည်းကမ်းများကို နားလည်ပေသည်။
အရောင်း ဌာန၌ နေ့ဆိုင်း နှင့် ညဆိုင်းဟူ၍ နှစ်မျိုးရှိသည်။
နေ့အချိန်တွင် လူတိုင်းမှာ ၀န်ဆောင်မှု ပေးရန် အဆင်သင့် ရှိနေပြီး ညအချိန်တွင်တော့ သက်ဆိုင်ရာ အရောင်းအဖွဲ့လေးများက ည ၈ နာရီ မထိုးခင်အချိန်အထိ အသင့်ရှိနေလိမ့်မည်။
အကယ်၍ သူသာ အမြန်မောင်းပါက အချိန်မှီ ရောက်နိုင်ကောင်း၏။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် လင်းရီ ကျိုကျုံး အဆောင်အအုံ ဧရိယာအတွင်းသို့ ရောက်ရှိလာသည်။
နာမည်အတိုင်း ကျိုကျုံးအဆောက်အအုံတွင် ဗီလာကိုးခု ရှိ၏။
(TL Note : JiuZhou (九州 )ကျိုကျုံး ဆိုသည်မှာ နယ်ပယ် ကိုးဒေသဟု အဓိပ္ပာယ်ရ၏။ )
ဗီလာတစ်ခုစီတိုင်းက ပင်လယ်ဘက်သို့ မျက်နှာမူထားပြီး အံ့ဖွယ်ခမ်းနားလွန်းလှပေသည်။
သို့သော်လည်း အရွယ်အစား၊ တည်နေရာ၊ မြေအနေအထားတို့ပေါ်မူတည်၍ ဈေးကတော့ တစ်ခုနှင့်တစ်ခု မတူညီပေ။ အမှန်အတိုင်း ဆိုရသော် ဈေးနှုန်းကွာခြားမှုကလည်း သိပ်မကြီးမားပေ။ ထို့ကြောင့် ဗီလာတစ်ခုချင်းစီကို ကျုံးဟိုင်တွင် အဆောက်အဦးများ၏ ဘုရင်ဟု ဆိုစမှတ်ပြုကြသည်။
ကားထဲတွင် ထိုင်၍ ကျိုကျုံး အဆောက်အအုံ ဧရိယာအတွင်းရှိ ဗီလာများကို ကြည့်ရင်း လင်းရီ လွန်စွာကျေနပ် အားရနေသည်။ သူလည်း ဤ နေရာတွင် နေစရာတစ်နေရာ ရတော့မည် မဟုတ်ပါလော....
သို့သော်လည်း စနစ်မှ သူ့ကို မည်သည့်အဆောက်အဦး ပေးထားမှန်းလည်း သူမသိ။
အပြင်ဘက်ရှိ ရှုခင်းကို နှစ်သက် ခံစားပြီးနောက် လင်းရီ ကားပါကင်ထိုး၍ တံခါးဖွင့်ကာ အရောင်းခန်းမထဲသို့ ၀င်သွားခဲ့သည်။
ဧည့်သည်တစ်ယောက် ၀င်လာသည်ကို မြင်သောအခါ အရောင်းသမ လေးတစ်ယောက် လင်းရီကိုတစ်ချက်ကြည့်လိုက်ပြီး သူမ၏ အမူအရာ ပြောင်းလဲသွားတော့၏။
"နင်ဒီကို ဘာလာလုပ်တာလဲ...."
လင်းရီလည်း သူ့အားမေးလိုက်သူကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ အရောင်းသမလေးမှာ မုန့်ယွီဖြစ်ပြီး သူ၏ ယခင်အလုပ်မှ လုပ်ဖော်ကိုင်ဖက် ဟောင်း တစ်ယောက်ပင်။
သူတို့ ကုမ္ပဏီ၌ ရှိစဉ်က မုန့်ယွီမှာ လင်းရီကို ရူးသွပ်စွာ ပိုးပန်းခဲ့သည်။ သို့သော်လည်း လင်းရီထံမှ ပြတ်သားစွာ ငြင်းဆိုခံခဲ့ရပြီးနောက် ကုမ္ပဏီ၌ လူတိုင်း၏ ရယ်စရာဖြစ်လာကာ ဒေါသတကြီးနှင့် နှုတ်ထွက်သွားခဲ့သည်။
"ငါမင်းတို့ မန်နေဂျာနဲ့ စကားပြောချင်လို့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
သူမနှင့် ဤနေရာတွင် ပြန်လည်ဆုံတွေ့ရသည်အထိ တိုက်ဆိုင်လောက်အောင် ကမ္ဘာကြီးမှာ ကျဉ်းလွန်းပေသည်။
"ဟီးဟီး..ငါတို့မန်နေဂျာက ဖောက်သည်အကြီးစား တစ်ယောက်နဲ့ စကားပြောနေလို့ နင်နဲ့တွေ့ဖို့ အားသေးမှာ မဟုတ်ဘူး...."မုန့်ယွီ ပြောလိုက်၏။
"ဒါပေမယ့် နင်က ဒီဘာလာလုပ်တာလဲ...နင်ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရလို့ ဒီမှာ အလုပ် လာလျှောက်တာလား...."
"ငါက ဒီနေ့မှ အလုပ်ထုတ်ခံရတာကို မင်းက သိပြီးနေပြီပေါ့....." လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူမက ဘာလို့ ဒီလောက်မြန်မြန်ကြီး သိသွားတာလဲဟ.....
"နင်တကယ်ပဲ အလုပ်ထုတ်ခံလိုက်ရတာပေါ့....."
သူမ ရမ်းတမ်းမှန်းပြောလိုက်သော်လည်း ချက်ကောင်းကို မှန်သွားလိမ့်မည်ဟု ထင်မထားပေ။
"အင်း..."လင်းရီ အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်ပြီး "မင်းငါ့ကို ကူပြီး မန်နေဂျာကို ခေါ်ပေးလို့မရဘူးလား
.."
"ငါတို့ အားမှပဲ ဆက်ပြောကြတာပေါ့..."မုန့်ယွီ၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"ပြီးတော့ နင့်ကို ကြိုပြီး သတိပေးထားလိုက်ဦးမယ်...ငါနင့်အတွက် ကူပြီး အလုပ်ရအောင် ပြောပေးလိမ့်မယ်လို့တော့ မျှော်လင့်မနေနဲ့နော်...ငါတို့အလုပ်ကို လျှောက်မယ်ဆိုရင်တော့ အဓိက က လုပ်ရည်ကိုင်ရည် ရှိဖို့ပဲ...နင့်မှာ ရုပ်လေးချောတယ်ဆိုပြီးတော့ ပိုပြီး အခွင့်အရေး ရမယ်လို့တော့ ထင်မနေနဲ့...."
လင်းရီ မေးစေ့ ပွတ်လိုက်ပြီး ..'ငါက သူ့ကို ဒီတိုင်းလေးပဲ ငြင်းခဲ့မိတာပါဟ...ဒီလောက်ကြီး ဒရာမာ ခင်းဖို့ လိုလို့လား....'
"ငါလည်းမင်းကို ရှင်းအောင် ပြောလိုက်မယ် ငါအလုပ်ထုတ်ခံလိုက်ရတယ်ဆိုပေမယ့် ဒီကို အလုပ်လာလျှောက်တာ မဟုတ်ဘူး...."
"ဒီတော့ နင်က ဒီကို ဘာလာလုပ်တာလဲ...." မုန့်ယွီ ထောင်လွှားစွာဖြင့် သူမ လက်ကို ရင်ဘက်ရှေ့တွင် ပိုက်လိုက်ပြီး
"နင်ဒီမှာ အိမ်လာ၀ယ်တယ်လို့တော့ ငါ့ကို လာမပြောနဲ့..."
လင်းရီ ခေါင်းညိမ့် လိုက်ပြီး "အမှန်ပဲ ငါဒီကို အိမ်လာ၀ယ်တာ ...အဲ့တာကြောင့်ပဲ မင်းတို့ရဲ့ မန်နေဂျာကို တွေ့ချင်နေတာလေ...."
"လင်းရီ ပေါက်တတ်ကရတွေ လျှောက်လုပ်မနေနဲ့...ငါတို့ လေးငါးလလောက် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ဖူးတာကိုပဲ .... နင့်ရဲ့အခြေအနေကို ငါက မသိဘူးလို့များ ထင်နေတာလား...."
မုန့်ယွီ အထင်သေးစွာဖြင့် ပြောလိုက်သည်။
"နင်က တောရွာ ဇနပုဒ်လေးမှာ နေပြီးတော့ စုတ်ပြတ်နေတဲ့ ရှာရီလေး တစ်စီးလေးပဲရှိတာ ..ဒါတောင်မှ နင်က ကျိုကျုံး အဆောက်အအုံမှာ အိမ်လာ၀ယ်ချင်နေတယ်ပေါ့...သောက်ရူးထပြီး အိပ်မက်မက်နေတာတွေ ရပ်လိုက်တော့...ဒီထဲက ဘယ်ဗီလာမဆို ၈၀၀
မီလီယမ်ကျော် တန်ကြေးရှိတယ်...နင်ဘာများ တတ်နိုင်လို့လဲ...ငါတို့ နင့်ကို ရောင်းဖို့ ကြိုးစားမယ်ဆိုရင် အိမ်သာ တစ်လုံးတောင် နင်၀ယ်နိုင်မှာ မဟုတ်ဘူး..."
"ထားလိုက်တော့ မင်းမယုံလဲ.. ငါနောက်မှ မင်းတို့ မန်နေဂျာနဲ့ စကားပြောတော့မယ်...."လင်းရီ သက်ပြင်းချမိလိုက်သည်။
"ဟားဟား...ငါတို့ မန်နေဂျာက နင့်ကို အလကားတွေ့မယ်လို့များ ထင်နေတာလား...သူ့မှာ နင့်လို ကောင်ကို လက်ခံတွေ့ဆုံပေးဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ..."မုန့်ယွီ မျက်လုံးလှန်လိုက်ပြီး "ကိုယ့်ကိုယ်ကို ဘာကောင်လို့များ ထင်နေတာလဲ...."
ထိုအချိန်တွင် ဒေါက်မြင့်ဖိနပ်သံများ ထွက်ပေါ်လာပြီး မီးခိုးရောင် ၀တ်စုံနှင့် အမျိုးသမီး တစ်ဦး လင်းရီ ထံသို့ လှမ်းလာခဲ့၏။
"မန်နေဂျာ၀မ်...."ယွီမုန့် ယူနီဖောင်းနှင့် အမျိုးသမီးကို မြင်သောအခါ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ထွက်သွားစမ်း....ငါနင်နဲ့ နောက်မှ ရှင်းမယ်"
အကြောင်းပြချက်မရှိဘဲ အဆူခံလိုက်ရသောအခါ ယွီမုန့် ကြက်ေ-သေ-သသွား၏။
သူမ ဘာအမှားမှ လုပ်ထားဘူးလေ...ဘာလို့ ဘလိုင်းကြီး လာဆူနေတာလဲဟ....
ယွီမုန့်ကို အော်ငေါက်ပြီးနောက် အမျိုးသမီး မန်နေဂျာမှာ အမူအရာ ပြောင်းသွားပြီး လင်းရီ ထံသို့ ပြုံးပြလိုက်သည်။
"ရှင်က မစ္စတာ လင်းဖြစ်ရမယ်...ကျွန်မ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ..ကျွန်မနာမည်က ၀မ်ဟွေ့ပါ ...ပြီးတော့ ဒီ ကျိုကျုံး အဆောက်အအုံရဲ့ အရောင်း မန်နေဂျာလည်း ကျွန်မပါပဲ...စောနက သန့်စင်ခန်း ခဏသွားနေလို့ ရှင့်ကို ကိုယ်တိုင်ကိုယ်ကျလာပြီး နှုတ်မဆက်မိတာ ဗွေမယူပါနဲ့နော်......"
"အဆင်ပြေပါတယ်...တအားကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး...."
"ဒီတော့ မစ္စတာလင်းကို အခန်းတွေ အရင် လိုက်ပြပေးရမလား ဒါမှမဟုတ် ဒီက အခြေအနေတွေကို အရင်ရှင်းပြပေးရမလား...."
"အရင်ဆုံး...."လင်းရီ စကားမဆုံးမီ ယွီမုန့်မှ စကားဖြတ်ပြောလိုက်သည်။
"မန်မနေဂျာ ၀မ် ရှင့်ရဲ့ အချိန်တွေကို သူ့အတွက် ဖြုန်းတီးဖို့မလိုဘူး...သူနဲ့ ကျွန်မက လုပ်ဖော်ကိုင်ဖက် ဟောင်းတွေဖြစ်ခဲ့ဖူးတယ် ပြီးတော့ သူက ဒီနေ့ပဲ အလုပ်ထုတ်ခံလိုက်ရတာ...အဲ့တာတင် မကသေးဘူး သူက တစ်ကောင်ကြွက်...ဒီတော့ ကျိုကျုံး အဆောက်အအုံမှာ ဗီလာ ၀ယ်ဖို့လည်း တတ်နိုင်မှာ မဟုတ်ဘူး...သူ့ကို အိမ်တွေ လိုက်ပြီး ပြနေမယ်ဆိုရင် အချိန်ကုန်သာပဲ အဖတ်တင်လိမ့်မယ်.."
"နင်ဘာ တွေ သွားပုပ်လေလွင့် လျှောက်ပြောနေတာလဲ......"၀မ်ဟွေ့ ယွီမုန့်ကို စူးစိုက်ကြည့်လိုက်ပြီး
"၀န်ထမ်းရေးရာ ဌာနကို သွားပြီးတော့ အစီရင်ခံလိုက်တော့..နင်ဒီမှာ ဆက်ပြီး အလုပ်လုပ်စရာ မလိုတော့ဘူး...."
ယွီမုန့် ပို၍ ရှုပ်ထွေးသွားသည်။ သူမ ဘာမှလည်း မလုပ်ဘဲနဲ့ အမှန်တရားတွေကြီးပဲ ပြောလိုက်တာကို ဘာလို့ ရုတ်တရက်ကြီး အလုပ်ထုတ်ခံလိုက်ရတာလဲ.....
"၀မ်...မန်နေဂျာ၀မ်..ကျွန်မ လျှောက်ပြောနေတာ မဟုတ်ဘူးလေ..ကျွန်မ ..ကျွန်မ တကယ်ပဲ သူ့အခြေအနေကို သိပါတယ်ဆိုနေမှ....."
"ငါ့ ဖင်ကိုပဲ သိနေလိုက်...."
၀မ်ဟွေ့ မပြောချင်သော်လည်း ကျိန်ဆဲလိုက်မိသည်။ "မစ္စတာလင်းက ကျိုကျုံးက ဗီလာကိုးခုကို တစ်ပြိုင်တည်း ၀ယ်လိုက်တာနော်...နင်ပြောတော့ သူက နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဆို...နင့်မှာ အဲ့လို ဂုဏ်ပုဒ်မျိုးကို ရဖို့ ထိုက်တန်တယ်လို့များ ထင်နေလား...."
"ဗီလာတွေ အားလုံးကို ၀ယ်လိုက်တယ်....?"
ယွီမုန့် လင်းရီကို ဂြို-လ်သား တစ်ယောက် အလား ကြည့်လိုက်မိသည်။
သူမ အလုပ်ထွက်ခဲ့တာတောင် တစ်လမကျော်သေးဘူးလေ..သူက ဘယ်လိုလုပ်ပြီး အဲ့လောက် ချမ်းသာသွားတာလဲ.....
တကယ်လို့ သူထီပေါက်ရင်တောင်မှ အဲ့လောက်ကြီးတော့ မချမ်းသာနိုင်ဘူးမလား....
လင်းရီ လည်း သူမနည်းတူ ကြက်ေ-သေ-သ သွားသည်။
သူထင်ထားခဲ့သည်မှာ ဗီလာတစ်ခုတည်းပေါ့...သို့သော်လည်း ဗီလာကိုးခုလုံး ဖြစ်နေခဲ့၏။
တစ်နည်းအားဖြင့်ဆိုရသော် ယခုအချိန်မှစ၍
ကျိုကျုံး အဆာက်အအုံ၏ ပိုင်ရှင်မှာ လင်းရီ ဖြစ်လာပြီး ဤနေရာသည်လည်း သူ တစ်ဦးတည်းသာပိုင်ဆိုင်သောနေရာ ဖြစ်လာလိမ့်မည်။
"ကျွန်မ တကယ့်ကို တောင်းပန်ပါတယ် မစ္စတာလင်း..ကျွန်မရဲ့ ၀န်ထမ်းတွေကို ကောင်းကောင်း မသင်ပြထားပေးမိတဲ့ အတွက်ကြောင့် အိမ်၀ယ်တဲ့နေရာမှာ စိတ်အနှောက်အယှက် ဖြစ်စေမိပြီ ..အဲ့တာကလည်း ကျွန်မအမှားပါ...."
"ရပါတယ် ...ပြဿနာမရှိပါဘူး" လင်းရီ သဘောထားကြီးစွာ ပြောဆိုလိုက်၏။
"အခု ကျိုကျုံး အဆောက်အအုံက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု ဖြစ်လာပြီဆိုမှတော့ လုပ်ထုံးလုပ်နည်း တွေအတိုင်း စာရွက်စာတမ်းတွေကော.....ပြီးတော့
ကျွန်တော့ကို သော့လေးတွေကော ပေးလို့ရပြီလား...."
"အကုန်လုံး အဆင်သင့် ဖြစ်ပါပြီရှင့် ..ခေတ္တခဏလောက်တော့ စောင့်ပေးပါဦးနော်..."
၀မ်ဟွေ့ ခပ်နှေးနှေးလေး ပြေးရင်း ပြန်ရောက်လာသောအခါ သူမ၏ လက်ထဲတွင် စာရွက်စာတမ်း ကိုးခု ပါလာခဲ့သည်။
"မစ္စတာလင်း ဒါတွေက ဗီလာကိုးခုရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေနဲ့ သော့တွေပါ....ကျေးဇူးပြုပြီး ကောင်းကောင်းလေး ထိန်းသိမ်းထားနော်"
သူ့လက်ထဲရှိ စာရွက်စာတမ်း ကိုးခုမှာ အတော်ပင်
ဝိတ်ပါ၏။ ထို့အပြင် အိမ်များစွာ ပိုင်ဆိုင်ခြင်းသည်လည်း ပြဿနာတစ်ခုပင်။
"တကယ်လို့ တစ်ခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး..."လင်းရီ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
"ဂုဏ်ယူပါတယ် မစ္စတာလင်း...."
"အာဟား...ကျေးဇူးပါဗျ..ခင်များလည်း အလုပ်ရှုပ်နေမှာပေါ့...ကိုယ့်အလုပ်ကိုယ်ပဲ ပြန်လုပ်လိုက်ပါ"လင်းရီ ပြောလိုက်၏။
သို့သော်လည်း ၀မ်ဟွေ့မှာ သူ့ကို လိုက်ပို့နေပြီး မုန့်ယွီလည်း သူတို့နောက်မှ လိုက်လာခဲ့၏။
လင်းရီ သူ၏ စာရွက်စာတမ်းများကို ပန်ဂနီ ပြိုင်ကားလေးထဲသို့ ထည့်လိုက်စောအခါ စိတ်အခြေအနေမှာ ဆိုးရွားသွား၏။
ဒါက စူပါကားပေါ့....
သူမဘာလို့ ဒီလောက် ကျိကျိတက် ချမ်းသာတဲ့ သူဌေးတစ်ဦးကို အထင်သေးလိုက်မိတာလဲ....
လင်းရီ ပန်နီဆူလာ ဟိုတည်သို့ ပြန်မောင်းလာခဲ့ပြီး တစ်ညတာကိုတော့ ဤနေရာ၌သာ ကုန်ဆုံးရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့ကျရင်တော့ သူ၏ ပစ္စည်းများကို ထုပ်ပိုးပြီး ကျိုကျုံး အဆောက်အအုံထံသို့ ရွေ့ပြောင်းရပေမည်။
ထိုတခဏတွင် လင်းရီ၏ ဖုန်းသံမြည်လာပြီး ခေါ်ဆိုလာသူကတော့ သူ၏ ချစ်မမကြီး ၀မ်ရင်းပင်။
"ရီလေး...နင်သိပြီးပြီလား....ငါကြားတာတော့ အဲ့ဒီ စုန်းမအိုကြီးနဲ့ လီကျန်းတုန်တို့နှစ်ယောက် အလုပ်ထုတ်ခံလိုက်ရပြီတဲ့...."