FOREVER ONLY

By Onyourm__aple

2.8K 392 21

မယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ် More

02
03
04
05
06
07
08
09
10
Uncut (or) Extra

01

424 55 4
By Onyourm__aple

UNI..

« Doh Kyung Soo !! မင်းနဲ့ငါ သူငယ်ချင်း မလုပ်နိုင်တော့ဘူး »

(၁၀)နှစ်သား Park Chanyeol လေးက ဆူးခနဲ့ အော်တယ်။စိတ်တိုလွန်းအားကြီးပြီး ရဲတတ်လာသည့်နားရွက်ကားကားလေးတွေကိုလည်း စိတ်ရှုပ်စွာ ပွတ်ဆွဲလိုက်သေးတယ်။သူမှာ သူငယ်ချင်းလေးတစ်ယောက် ရှိပါတယ်။အမြဲတမ်း စာပဲလုပ်နေပြီး သူကို ရှိသည့်မထင်ပါ။

«ဒါဆိုရင် ပြီးရောလေ »

စာအုပ် အထူးကြီးလက်မှာပိုက်ပြီး ချာခနဲ့လှည့်ထွက်လာခဲ့တယ်။ဆူထော်ချင်လာသည့်နှုတ်ခမ်းတွေကိုတော့ Chanyeol မမြင်အောင် သိမ်းဆည်းထားလိုက်တယ်။ပြီးမှ နှုတ်ခမ်းလှုပ်ရုံလေး ပြောလိုက်တယ်။အရူးကောင်။ငါက မင်းကို အာကာသအကြောင်းပြောပြဖို့ လာခဲ့တာ။

ခြံပေါက်ဝကနေ ချက်ချင်းလှည့်ထွက်သွားတဲ့Kyungsoo ကို ကြည့်ပြီး ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်ရတယ်။သူလိုသူငယ်ချင်းကောင်းတစ်ယောက်ဆုံးရှုံးသွားတာကို မနှမြောဘူးလား။နည်းနည်းလေး ပြောလိုက်တာနဲ့ နာခံတတ်တဲ့ အဲ့ဒီအကျင့်တွေကို မကြိုက်တာ။ပြီးတော့ ပြောသေးတယ်။အိမ်မက်က လယ်သမားတဲ့လေ။ရွာသေးသေးလေးမှာ လယ်စိုက်ရင်း ဘဝကို ဖြတ်သန်းမယ်ပြောခဲ့တဲ့ဒီသူငယ်ချင်းက သူနဲ့ နည်းနည်းလေးမှ မကိုက်ညီဘူး။အခုကတည်းက သူငယ်ချင်းသံယောဇဉ်ပြတ်သွားလည်း ကောင်းတယ်။

ဒါပေမယ့် သူ မရှိရင် ဒီသူငယ်ချင်းသေးသေးလေးကို ဘယ်သူ ကာကွယ်ပေးမလဲ။

တွေးကြည့်ရုံနှင့် နှုတ်ခမ်းလေးတွေ ကော်ညွှန့်သွားရတယ်။ Kyungsoo မှာ သူအပြင် ဘယ်သူမှ မရှိဘူး။ Kyungsoo လို ပျင်းစရာကောင်းတဲ့လူကို သူအပြင် ဘယ်သူမှမပေါင်းဘူး။

«မင်း ငါ့တန်ဖိုး ကောင်းကောင်းသိလိမ့်မယ် Kyungsoo »

အသက်မရွယ်နှင့်မလိုက် လေကြီးလေကျယ်‌
ပြော‌သောChanyeol မမြင်အောင် နှာခေါင်းရှုံ့လိုက်တယ်။ အရူးကောင် မင်းသာ ငါ့တန်ဖိုး သိမှာ။ငါ မရှိရင် မင်းကို အာကာသတွေအကြောင်းတွေ ဘယ်သူပြောပြမလဲ။

Chanyeol ကို တစ်လမ်းလုံး ကျိန်ဆဲပြီး အိမ်ပြန်လာတဲ့လမ်းမှာ အချိန်အခါမဟုတ်ရွာသောမိုးကြောင့် KyungSoo မှာ ပြေးပုန်းစရာနေရာရှာရတယ်။

မိုးခိုစရာ နေရာအတိအကျမရှိ၍ သူများဆိုင်ခန်းလေးဘေးပြေးဝင်ကာ စာအုပ်ကို ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ပိုက်ထားရတယ်။ဒီစာအုပ်က ဖတ်တောင် မဖတ်ရသေးဘူး။ Chanyeolကို အာကာသအကြောင်းတွေပြောပြရင်း အတူဖတ်မယ်ဆိုပြီး ယူလာခဲ့တဲ့စာအုပ်ဖြစ်တယ်။

မိုးက တော်တော်နှင့် မတိတ်သည့်အပြင် လေကြမ်းတိုက်၍ Kyungsoo တစ်ကိုယ်လုံးဟာ ရေတွေဖြင့် စိုရွဲလို့လာတယ်။သို့သော် ပေတေပြီး ထိုနေရာမှာ ရပ်နေဆဲ။ဆိုင်ခန်းသာ မပိတ်ထားလျှင် အထဲဝင်ပြီးမိုးခိုလို့ရတယ်ဆိုပေမယ့် အခုတော့ မိုးရေထဲမှာ ရပ်နေသလိုပင်။တစ်ကိုယ်လုံးတုန်ရီကာ ချမ်းလာတယ်။

မိုးရွာထဲပြေးသွားဖို့ သတ္တိမရှိလေတော့ ဆိုင်နံရံဆီ ပိုမိုတိုးကပ်မိတယ်။တစ်ခြားကလေးတွေနှင့် မတူဘဲ မိုးသည်းလာလျှင် ကြောက်အားကြီးပြီးငိုတတ်သည့်အကျင့်ကြောင့် Chanyeolဆီက အမြဲအပြောခံရတယ်။မင်းက ပျင်းစရာကောင်းပြီးကြောက်တတ်တဲ့ကလေးတဲ့လေ။

တကယ်လည်း ဟုတ်တယ်။သူမှာ သူများတွေလို ပျော်ရွင်မှုကို ခံစားတတ်တဲ့နှလုံးသားမပါလာဘူး။အမြဲတမ်း အာကာသစာအုပ်တွေ ဖတ်ပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှုထားတတ်တယ်။
အဲ့လိုလူတစ်ယောက်ကို Chanyeolက ဘယ်လိုလုပ်ပြီး သူငယ်ချင်းလုပ်ချင်မလဲ။

« Kyungsoo !!! »

ခပ်ကျယ်ကျယ်အော်ပြီး Kyungsoo ဆီ အပြေးသွားလိုက်တယ်။ပြန်သွားတာ တစ်နာရီကျော်နေပြီ။ အခုထိ ဒီနားမှာ ရှိနေတုန်းပဲလား။

« ထ »

ဆွဲထူလိုက်တော့ Kyungsoo က သူ့လက်တွေကြားထဲပါလာပြီး အရောင်လဲ့နေသောမျက်လုံးတွေဖြင့် ကြည့်လာတယ်။အရူးကောင်။အမြဲတမ်း စိတ်ပူရအောင်လုပ်တယ်။

«ငါ ကြောက်တယ် Chanyeol »

ပြောရင်း ရင်ခွင်ထဲ ဝင်လာသည့်ကိုယ်လုံးလေးကို ဖက်ထားပေးလိုက်တယ်။သို့သော် မိုးရေလာဆော့တဲ့ခန္ဓာကိုယ်က အဝတ်မကပ်သည့်အပြင် အေးစက်နေသည့်အတွက် ခိုက်ခိုက်တုန်အောင်ချမ်းနေသော Kyungsoo ကို ထင်သလောက်
အနွေးဓာတ်မပေးနိုင်ခဲ့ပါ။

« လာ။ ငါ အိမ်လိုက်ပို့ပေးမယ် »

Kyungsoo လက်ကို ဆွဲပြီး မိုးရေထဲ ပြေးထွက်ခဲ့လာခဲ့တယ်။အကြောက်သန်တဲ့‌ Kyungsoo ကတော့ မိုးသည်းလာသည့်နှင့်သမျှ ငိုမဲ့မဲ့မျက်နှာလေးနှင့်။မငိုမိအောင် ထိန်းချုပ်ထားသည့်အတွက် KyungSoo မျက်နှာလေးက ရဲတတ်နေပြီး မိုးစက်တွေ‌နှင့်အပြိုင် လှပနေခဲ့တယ်။

« ပေး ။ လက်ထဲက စာအုပ် »

ကြောက်စိတ်ကလွှဲပြီး ဘာမှမသိတော့တဲ့Kyungsooလက်ထဲမှာ စာအုပ်ကို လွှဲပြောင်းယူပြီး မိုးစက်တွေရန်မှကာကွယ်ပေးလိုက်တယ်။ Kyungsoo ဆံပင်တွေက ထူပြီးများတဲ့အတွက်‌ သေချာမခြောက်လျှင် ခေါင်းကိုက်ပြီး အဖျားဝင်သွားလိမ့်မယ်။

မိုးရွာထဲမှာ အမြန်ပြေးနေသောခြေလှမ်းတွေကို အမှီလိုက်ရင်း KyungSoo မျက်နှာလေး နီရဲလာခဲ့တယ်။ဒီနေ့မှ အိမ်ပြန်လမ်းက ကြာနေသည့်အပြင် မိုးကပါ တဖြည်းဖြည်းသည်းလာလေတော့ အကြောက်သန်လေးက ငိုမဲ့မဲ့လေးနှင့် သူကို အားကိုးတကြီး ကြည့်လာတယ်။ဘယ်လိုလုပ်ပြီး ဒီအကြောက်သန်တဲ့သူငယ်ချင်းကို စွန့်ပစ်ဖို့ တွေးခဲ့မိတာလဲ။ Kyungsoo က တစ်နေ့မှာ သုံးကြိမ်လောက် ရေလောင်းပြီး အမြဲဂရုစိုက်ပေးရမဲ့သစ်ပင်လေးနှင့် တူတယ်။ဒါပေမယ့် အချိန်တစ်ခုရောက်ရင် ဂရုစိုက်ပေးစရာမလိုတော့ဘဲ သန်မာလာမဲ့ကလေးလေးဖြစ်တယ်။

Kyungsooရဲ့အိမ်အရောက်မှာ သူ့ကိုယ်တိုင် အဝတ်အစားလဲပေးပြီး ခေါင်းကိုလည်း ခြောက်အောင် သုတ်ပေးလိုက်တယ်။မေမေက ပြောတယ်။ကိုယ်ထက် လူကောင်သေးတဲ့သူတွေကို ကာကွယ်ပေးရမယ်တဲ့လေ။

« Chanyeol ငါ့စာအုပ် »

မိုးရေတွေနှင့် စိုရွဲနေသောစာအုပ်လေးကို ကြည့်ပြီး ဆိုလာတယ်။မျက်လုံးကလေးတွေကလည်း နှမြောတသဖြစ်နေပြီး ဝမ်းနည်းနေတာကိုမြင်တော့ သက်ပြင်း ခိုးချလိုက်တယ်။ Kyungsoo ကအသက်နှင့်မလိုက်အောင် အာကာသအကြောင်း စိတ်ဝင်စားလွန်းတယ်။

« ငါ ပြန်ဝယ်ပေးမယ် »

၁၀နှစ်သားလေးက ကတိကို လွယ်လွယ်ပေးလိုက်တယ်။ Chanyeol မှာ မေမေတို့ပေးထားတဲ့မုန့်ဖိုးတွေအများကြီးရှိတယ်။ Kyungsoo ကို မုန့်ဝယ်ကျွေးဖို့အတွက် စုထားခဲ့တာ။ဒါပေမယ့် Kyungsoo ကိုစာအုပ်ဝယ်ပေးဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။အဲ့စာအုပ်တွေကြောင့် Kyungsoo သူကို ပစ်ထားတာကို မကြိုက်ဘူး။

«တကယ်လား »

မော့ကြည့်လာသည့်မျက်လုံးလေးတွေက ‌ကြယ်စင်တွေအလား။တဖျတ်ဖျတ်လဲ့နေတဲ့မျက်ဝန်းတစ်စုံကိုမြင်တော့ သိပ်လှတယ်လို့ တွေးလိုက်မိတယ်။

« Chanyeol တကယ်လားလို့ »

«အင်း တကယ် တကယ် »

လက်မောင်းတစ်ဖက်ကို အတင်းဆွဲရင်းမေးလာလေတော့ ခေါင်းတဆက်ဆက်ငြိမ့်ပြလိုက်ရတယ်။

ခုန်ပေါက်ကာ ပျော်ရွှင်နေတဲ့သူငယ်ချင်းကို ငေးကြည့်နေရင်း ပြုံးလိုက်မိတယ်။Kyungsoo သာ တတ်ကြွတဲ့ကလေးလေးတစ်ယောက်ဆို အရမ်းချစ်ဖို့ကောင်းမှာ သေချာတယ်။

★"★"

7 years ago...

စကားများ၊ရန်ဖြစ်ထားသောဆက်ဆံရေးမှာ မနေနိုင်သူက Park Chanyeol ဖြစ်တယ်။အခုလည်း အခန်းထဲ စာအုပ်ထိုင်ဖတ်နေသော Kyungsoo အနား ရစ်ဝဲရစ်ဝဲလုပ်နေသော အလယ်တန်း ဒုတိယနှစ်က ဂျီယောင်းကို ကြည့်ပြီး မျက်နှာကြီးမှုန်ကုတ်လို့နေတယ်။အာကာသစာအုပ်တွေ ဖတ်လျှင် ဘယ်မှစိတ်မရောက်တော့ဘဲ ပတ်ဝန်းကျင်ကို မေ့သွားတတ်တဲ့ Kyungsoo အကျင့်ကိုသိလေတော့ အဝေးကနေ ဂျီယောင်းကိုပဲ လေဆာတွေပစ်နေရတယ်။ကျေးဇူးမသိတတ်တဲ့သူငယ်ချင်း။ရန်ဖြစ်ထားတာတောင် ကာကွယ်ပေးနေရတယ်။

Sehun ဂိမ်းဆော့နေရင်းမှ မျက်စိထောင့်ကနေ မြင်နေရတဲ့ Chanyeolပုံစံကို ကြည့်ပြီး ခေါင်းခါလိုက်တယ်။နေနိုင်တာလည်း မဟုတ်ဘဲ ကောက်နေကြပြန်ပြီ။

« Kyungsoo နဲ့ ရန်ဖြစ်ထားပြန်ပြီလား »

ဂိမ်းဆော့မပျက်မေးလာတဲ့ Sehun အသံကြားမှ မျက်နှာအနေအထားကို ပြင်ပြီး ချောင်းဟန့်လိုက်ရတယ်။သူ့မျက်နှာကြီး တစ်ချိန်လုံး ဆူပုတ်ထားတာ Sehun ရိပ်မိသွားပြီ။

« ဟုတ်တယ်။ ငါ အဲ့ကောင်နဲ့ သူငယ်ချင်း မလုပ်နိုင်တော့ဘူး »

ကြားရပါများ၍ ရိုးနေသောစကားတစ်ခွန်းကို Sehunထူးပြီး ဘာမှမတုံ့ပြန်ခဲ့ဘူး။ဒီနှစ်ယောက်အကြောင်း သူ နောကြေနေပြီ။

« ထပ်ပြီး မင်းကို အာကာသအကြောင်းတွေ ပြောပြပြန်ပြီလား »

«ဟုတ်တယ်။ အဲ့ကောင်က အရမ်းပျင်းစရာကောင်းတယ်။ သူ ကြီးလာရင် အဲ့စာအုပ်တွေနဲ့ပဲ လက်ထပ်လိမ့်မယ် »

« မင်းက ရှေ့ဖြစ်ဟောလား ။ ဘာလို့ Kyungsoo အကြောင်း အတပ်ပြောနေရတာလဲ အ့! »

ပတ်ခနဲ့ပြန်ပြောလိုက်တော့ လက်မောင်းတစ်ဖက်က အီစိမ့်သွားသည်။လက်ထဲမှာဖုန်းကလည်း လွှတ်ကျမလိုဖြစ်သွား၍ စိတ်ဆိုးကာ Chanyeolလက်မောင်းကို ပြန်ထုပစ်လိုက်တယ်။အလကားကောင်။ Kyungsoo နဲ့ ရန်ဖြစ်ထားရင် အဲ့လိုပဲ။ဟိုလူ ပတ်မဲ၊ဒီလူ ပတ်မဲနဲ့။

« သွားစမ်းပါ။ငါနဲ့ ဝေးဝေး !! »

အတင်း ထုကာ အော်ပစ်လိုက်တယ်။သူ့အသံကျယ်ကျယ်ကြားတော့ Kyungsoo က မော့ကြည့်လာတယ်။ပြီးတော့ လူကောင်ကြီးသလောက် အသည်းငယ်တဲ့ Chanyeolကို စိတ်ပူသလို ကြည့်လာတယ်။ဪ။သူ ထုရုံလေးကို Park Chanyeol က သေသွားမှာကျလို့။

« မင်းတို့တွေ ရန်မဖြစ်ကြနဲ့။ငါ အတန်းဆရာနဲ့ တိုင်ပြောလိုက်ရမလား »

အတန်းခေါင်းဆောင်ပီပီ လေသံမာမာနှင့်ပြောလာသော Kyungsoo အပြောမှာ Chanyeolက မျက်နှာငယ်လေးနှင့် ဒီကောင် အရင်လုပ်တာတဲ့လေ။ထိုစကားကြားပြီး စိတ်ဆိုးသွားသော Sehun ကတော့ Chanyeolရဲ့ လက်မောင်းတွေကို တဖျတ်ဖျတ်ရိုက်ကာ ဆဲလေတယ်။သူတို့သုံးယောက်ထဲမှာ Chanyeol က လူကောင်အကြီးဆုံးဖြစ်ပြီး အသည်းငယ်ဆုံးဖြစ်တယ်။ Kyungsoo ကိုလည်း အနိုင်ကျင့်ဆုံးဖြစ်တယ်။တွေးရင်း အမြင်ကပ်လာတာကြောင့် Kyungsoo အစား နှစ်ဆထုရိုက်လိုက်တယ်။

« ဟေ့ကောင် Oh Sehun နာတယ်ကွ !»

« နာအောင် ရိုက်တာလေ ! သေ »

« Ya!! မင်း သေပြီမှတ်ပါ»

ပြောရင်း ကျောပြင်ကို လာထုတယ်။သို့သော် အရင်လက်ဦးမှုရသွားသူက Sehunဖြစ်ပြီး Chanyeol လက်တွေကို ချုပ်၍ လက်မောင်းကို ဆက်တိုက်ထုရိုက်ပစ်လိုက်တယ်။နည်းနည်းဆို များများအကဲပိုသော Park Chanyeolကတော့ Sehun လက်တွေကြားမှာ အော်ဟစ်ရင်း ရုန်းကန်နေပြန်တယ်။

Chanyeolရဲ့ အော်ဟစ်သံ ကြားပြီး ရန်မဖြစ်ကြနဲ့ဆိုကာ အတန်းပိုင်ဆရာ ပြေးခေါ်သော KyungSoo ကျေးဇူးနှင့် နှစ်ယောက်သား အခန်းရှေ့မှာ ‌လက်မြောက်၊ဒူးထောက်လိုက်ရသည့်မှာ အတန်းချိန်တစ်ချိန်လုံးဖြစ်တယ်။ထိုအကျိုးအဆက်အနေနှင့် နာကျင်သွားသောဒူးတွေကို ဘောင်းဘီခေါက်၍ ကြည့်လိုက်တော့ ညိုမဲပင်စွဲနေပြီ။

« Sehun »

ခပ်တိုးတိုးခေါ်သံလေးနှင့်အတူ မျက်နှာငယ်လေးနှင့် Kyungsoo က Sehun ကို လိမ်းဆေးဘူးလေး ပေးတယ်။ Chanyeol မကျေမနပ်ဖြစ်ကာ Kyungsoo ကို ဘုကြည့်၊ကြည့်လိုက်တယ်။သူလည်း လူပဲ ။ နာကျင်တတ်တယ်။ Sehun တစ်ယောက်တည်း အသက်ပါတာ မဟုတ်ဘူး။

« ငါအတွက်ရော »

«မင်းက ငါ့သူငယ်ချင်းမှ မဟုတ်တာ »

တစ်လုံးတည်းနှင့် အင့်ခနဲ့ဖြစ်သွားတယ်။အရူးကောင်။ ဒါမျိုးကျ အကုန်မှတ်ထားတယ်။ အာကာသအကြောင်းတွေ လာမပြောနဲ့၊ မသိချင်ဘူး ပြောလည်း မရဘူး။

« Kyungsoo ငါကို လိမ်းပေး »

လိမ်းဆေးဘူးအဖုံဖွင့်လျက် ပြောလာသော Sehun ကို ပေစောင်းစောင်းတစ်ချက်ကြည့်‌ပေးလိုက်တယ်။အားမရှိတော့သည့်ပုံစံနှင့် Kyungsoo ကို ကပ်ချွဲနေတာမြင်တော့ နားရင်း ထအုပ်ချင်လာတယ်။သူနဲ့ Kyungsoo ရန်ဖြစ်ထားရင် Sehunက အဲ့လိုပဲ။Kyungsooအနားမှာ ကပ်ပြီး ချွဲနေရော။

ဒုန်း!!

ခပ်ကျယ်ကျယ် တံခါးဆောင့်ပိတ်ပြီး ထွက်လာခဲ့တယ်။အခန်းထဲက လူတွေက ရူးသွားလားဟု လှမ်းအော်ဆဲကြပေမယ့် ပြန်မပြောဘဲ ကျောင်းခေါင်မိုးထပ်ကို ထွက်လာခဲ့တယ်။ငယ်ငယ်ကတည်းက အခုထိ ရန်ဖြစ်ပြီး စကားများတိုင်း Kyungsoo ဘက်က စချော့လေ့မရှိပါ။

သူကိုယ်တိုင်လည်း မသိတော့ပါ။ဘာလို့ ဒီလောက်ထိ ပျင်းစရာကောင်းတဲ့အရူးကောင်ကို သူငယ်ချင်းတော်ထားလဲ ဆိုတာ။‌သူနှင့် ဆန်ကျင်ဘက် အမြဲတမ်းတိတ်ဆိတ်ပြီး ပျင်းစရာကောင်းတဲ့ဒီသူငယ်ချင်းကို ၁၀နှစ်သားအရွယ်လောက်ကတည်းကစပြီး စွန့်ပစ်ဖို့ ခဏ ခဏ ကြိုးစားဖူးတယ်။ဒါပေမယ့် တစ်ကြိမ်၊တစ်ခါမှ မအောင်မြင်ခဲ့ဘူး။အချိန်တန်လျှင် Kyungsoo အနား အလိုလိုရောက်သွားတတ်တယ်။

အခုလည်း ရန်ဖြစ်နေတာကို လာခွဲပေးလို့ရပါလျက်နှင့် စာအုပ်ကြီးအတိုင်း အတန်းပိုင်ဆရာကို သွားတိုင်ပြောတယ်။တကယ်ကို တုံးအ၊ပြီး ပျင်းစရာကောင်းတဲ့ဒီသူငယ်ချင်းကို သူ စွန့်ပစ်လိုက်လျှင် တစ်ခြား‌သူတွေ အနိုင်ကျင့်မှာကို ကြောက်ရတယ်။ထို့ကြောင့်လည်း Kyungsooအနားက မခွာနိုင်တာဖြစ်လိမ့်မယ်။

ခြေလှမ်းတွေကို နောက်ဆုတ်ကာ အခန်းပြင်ရန် ဦးတည်လိုက်တော့ တံခါးရွက်ဒုန်းခနဲ့ ပွင့်လာသံက သူကိုပင် ထိန့်လန့်စေတယ်။

« Chanyeol »

မမျှော်လင့်ဘဲ မြင်လိုက်ရသောသူကို မှင်သတ်စွာ ငေးကြည့်နေမိတယ်။ရန်ဖြစ်ထားတဲ့အခြေအနေမှာ Kyungsoo က အရင်လာခေါ်တယ်တဲ့လား။

« ဆေးလိပ်တွေ သောက်နေတာလား »

Kyungsoo က သံသယမျက်လုံးတွေဖြင့် ကြည့်လာတယ်။ထို့အပြင် မကွယ်မဝှက်ထားသည့်လက်တွေကိုလည်း ပြူးပြဲပြီး ကြည့်လိုက်သေးတယ်။ဆေးလိပ်သောက်တာက ‌ကျန်းမာရေးအတွက် မကောင်းဘူးဆိုပေမယ့် သူကတော့ သဘောကျတယ်။စိတ်ထွက်ပေါက်ဖြစ်စေပြီး အတွေးတွေကို လွတ်လပ်စွာ အဖြေရှာနိုင်တယ်။ဒါကို Kyungsooလို ပျင်းစရာကောင်းတဲ့သူတွေ သိမှမဟုတ်ဘူး။အမြဲတမ်း သူက မှားပြီး Kyungsoo က မှန်နေတဲ့သူလေ။

«မင်းနဲ့မှ မဆိုင်တာ။ဘာလို့ လာမေးနေတာလဲ »

‌Kyungsooကိုယ်လုံးသေးသေးလေးကို အားနှင့် မညှာမတာ ဝင်တိုက်လိုက်တယ်။အားပြင်းပြင်းနှင့်ဝင်တိုက်ခံလိုက်ရတာကြောင့် Kyungsoo လက်ထဲမှာ ခပ်သေးသေးအရာလေးက အောက်ပြုတ်ကျသွားတယ်။ငုံကြည့်လိုက်တော့ Kyungsooလက်ထဲမှခုန်ဆင်းလာသောဘူးသေးသေးက သူ့ဖိနပ်ထိပ်နားမှာ ရှိနေခဲ့တယ်။ထိုဘူးလေးကို မမှိတ်မသုန်စိုက်ကြည့်ပြီး Kyungsoo ကို ပြန်ကြည့်လိုက်တယ်။ Kyungsoo က အခု သူကို စိတ်လိုလက်ရာ ချော့ဖို့ ရောက်လာတာလား။

«မင်း ငါကို လာချော့တာလား »

«လာ ငါ ဆေးလိမ်းပေးမယ် »

‌Kyungsoo ‌ဆွဲခေါ်သွားသည့်အတိုင်း ပါသွားပြီး လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့်လက်‌လေးတွေကို ငေးစိုက်ကြည့်နေမိတယ်။ဟုတ်တယ်။Kyungsooနဲ့သူက အကုန်ဆန့်ကျင်ဘက်တွေ။ခန္ဓာကိုယ်အနေအထား၊စိတ်နေစိတ်ထားကအစ တစ်ခုမှ မတူဘူး။‌ Kyungsoo က အခုထိ အာကာသစာအုပ်တွေဖတ်ပြီး ရှေ့ဟောင်းဆန်နေတုန်း။သူကတော့ အသစ်အဆန်းမှန်သမျှ သဘောကျပြီး တတ်ကြွပြီး ပျော်ပျော်နေတတ်တဲ့လူငယ်တစ်ယောက်။

တွေးကြည့်ပြီးမှ လေးလံလာသည့်စိတ်တွေ
ကို ပင့်သက်ရှုရှိုက်ပြီး ဆေးလိမ်းပေးနေတဲ့ Kyungsooထံပါးမှ အကြည့်လွှဲလိုက်တယ်။

ဘာဖြစ်ဖြစ် မညီတဲ့ဘဝနေထိုင်မှုတွေကို လိုက်မညှိချင်ဘူး။

အချိန်တန်လျှင် သူတို့နှစ်ယောက်က ကိုယ့်လမ်း ကိုယ်လျှောက်ပြီး ဝေးကွာသွားမဲ့သူငယ်ချင်းတွေ မဟုတ်လား။

.
.
.

«မင်းတို့နှစ်ယောက် တည့်သွားပြီလား »

စကားပြောရင်း အခန်းဘက်‌လျှောက်လာတဲ့နှစ်ယောက်ကို မျက်မှောက်ကြုတ်၍ မေးလိုက်တယ်။ပြန်တည့်သွားကြတော့လည်း မိုးမမြင်၊လေမမြင်တွေ။လူကို ဝင်တိုက်မိတော့မယ်။မမြင်ကြဘူး။

«ဟီး »

Sehun အမေးကို ရယ်ပြရင်း ခေါင်းငြိမ့်ပြလိုက်တယ်။ Chanyeol လား။သူကို တကယ်ကြီး မခေါ်၊မပြောဘဲ နေနိုင်မဲ့လူ။အမြဲတမ်း စိတ်မကောင်းဖြစ်အောင် စကားကြမ်းကြမ်းတွေ ပြောပြီး အရင်လာခေါ်တတ်တယ်။

«မင်းတို့ကောင်တွေ ကြင်စဦးဇနီးမောင်နှံတွေ ကျနေတာပဲ။ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နဲ့ »

Chanyeol က ထိုစကားကို ဘာမှမဖြစ်ပေမယ့် သူကတော့ နားရွက်တွေ နီရဲလာရတယ်။သူများထက် အရှက်ပိုတဲ့အကျင့်ကြောင့် Chanyeol ဆီမှာ ခဏခဏ အဆူခံရ‌တယ်။ဘာမဟုတ်တာလေးကအစ ရှက်နေလို့တဲ့လေ။

Chanyeol အတွက် ဘာမှမထူးဆန်းတဲ့သာမန်ကိစ္စလေးတွေမှာတောင် နားရွက်တွေ ရဲတတ်ပြီး အရှက်သည်းနေတဲ့ Kyungsoo ကို ကြည့်ပြီး ခေါင်းအသာရမ်းလိုက်တယ်။အရှက်တရားနဲ့ အကြောက်တရားကို လက်ကိုင်ပြုပြီး အသက်ဆက်နေတဲ့ဒီသူငယ်ချင်းကို ဘယ်လိုပြုပြင်ပြောင်းလဲပေးရမှန်း မသိတော့ဘူး။

« Kyungsoo မင်းနားရွက်တွေ နီနေတယ်»

« သွားမထိနဲ့ »

ပြောရင်း ထိရန်ပြင်နေသော Sehun လက်ကို ရိုက်ချပစ်လိုက်တယ်။အလ‌ကားကောင်။သူကိုဆို အမြဲအနိုင်ကျင့်ပြီး Kyungsoo အနားမှာ ကြောင်ပေါက်လေးလို ကပ်ချွဲဖို့လောက်ပဲ သိတယ်။

« လာ သွားမယ် »

«ဘာလဲဟ»

Sehun မှာ ပါးစပ်လေး ဟရုံပဲ ရှိသေးတယ်။ Kyungsooလက်ကို ဆွဲပြီး ခေါ်သွားတဲ့ Chanyeol ကို ကြောင်တောင်တောင်လေး ရပ်ကြည့်ရင်း ကျန်နေခဲ့ရတယ်။ဘာအမှားလုပ်လိုက်မိလို့ သူကိုမျက်မှောက်ကြုတ်ပြီး ဝါးစားမတတ်ကြည့်သွားရတာလဲ။

★"★"

စာမှလွှဲ၍ စိတ်မဝင်စားသော Kyungsooဟာ အားကစားအချိန်ကို စာမေးပွဲအမှတ်အတွက်သာ ကစားလေ့ရှိပြီး ကျန်အတန်းချိန်တွေဆို ပျောက်ချင်မလှ ပျောက်သွားတတ်တယ်။ထိုအချိန်တွေဆို Chanyeolမှာ နေရာအနှံ့လိုက်ရှာရတယ်။ကိုယ်တိုင်က တတ်ကြွပြီး အားကစားဝါသနာပါသူဆိုပေမယ့် Kyungsooကိုတော့ မျက်စိအောက်က အပျောက်မခံနိုင်။ဒီသူငယ်ချင်းသေးသေးလေး တစ်ခုခုဖြစ်သွားရင် ရင်ကျိုးရလိမ့်မယ်။

« Kyungsoo!! »

ခပ်မြန်မြန်ပြေးလာသော အဝေးက အရိပ်သေးသေးလေးကိုမြင်၍ အော်ခေါ်လျက် အပြေးသွားလိုက်တယ်။ Chanyeol ကို မြင်တော့ Kyungsoo မျက်လုံးလေးပြူးကျယ်လျက် ပါးစပ်လေးပွင့်‌အ,သွားရတယ်။

« Chanyeol အားကစားချိန် မတတ်ဘူးလား »

«ဟင့်အင်း။မင်း ဘယ်ကပြန်လာတာလဲ »

« Sehun ဆီက »

အလိုမကျစွာ မျက်မှောက်ကြုတ်မိတယ်။

«ဘာသွားလုပ်တာလဲ»

«သူ လေကျင့်တာ သွားကြည့်တာ »

«သူတို့နည်းပြ ဘယ်လောက် အပေါက်ဆိုးလဲ မင်း သိလား။ဘာလို့ သူများ မြှားပစ်တာ သွားကြည့်ရတာလဲ။ မိသွားရင် မင်းကို စာတော်တဲ့ကျောင်းသားဆိုပြီး လွှတ်ထားမယ် ထင်လို့လား »

«ဒီနေ့ သူတို့နည်းပြ မလာပါဘူး »

ခပ်အေးအေးပြောလာတဲ့ Kyungsooကို ထုသာ ရိုက်ပစ်လိုက်ချင်တော့တယ်။သူ Basketball ကစားရင် တစ်ခါမှလာမကြည့်တဲ့လူက Sehun ဆီကျ တကူးတခန့်သွားတယ်တဲ့လေ။

« လာ ပြန်မယ်။ နောက်တစ်ချိန်က အင်္ဂလိပ် ..ငါစာမရရင် မင်းကြောင့်ပဲ »

ဆွဲခေါ်တဲ့အတိုင်းပါလာတဲ့ Kyungsoo က အူတူတူလေးနှင့် မင်း စာမရရင် ငါ ရှင်းပြပါ့မယ်တဲ့လေ။အရူး။မင်း အဲ့လို့တုံး,အ နေလို့ စိတ်မချဖြစ်နေရတာ။

အတန်းထဲအရောက်မှ ကိုင်ထားတဲ့သေးသေးလေးကို လွှတ်ပေးလိုက်တယ်။အားအများကြီးမသုံးထားပေမယ့် ရဲတတ်နေသောလက်ကလေးတွေကိုမြင်တော့ စိတ်မကောင်း။ Kyungsoo ကို တယုတယလေးနှင့် ဂရုစိုက်ပေးမှာဖြစ်တော့မယ်။

«အရမ်း နာသွားလား »

«ဟင့်အင်း ရပါတယ်»

Kyungsoo က နီရဲနေတဲ့သူ့လက်ကလေးကို ပွတ်၍ ကွယ်ဝှက်လိုက်တယ်။ပြီးမှ စိတ်မကောင်းဖြစ်နေတဲ့Chanyeol ကို အသည်းပုံနှုတ်ခမ်းတွေဖြင့် ချစ်စဖွယ်လေး ပြုံးပြလိုက်တယ်။ထိုအပြုံးတွေမြင်ပြီး Chanyeol တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။

«အရူး ! ဘာလို့ အဲ့လောက်ပြုံးနေရတာလဲ»

အားလုံးက ချစ်ဖို့ကောင်းတယ်ပြောတဲ့အပြုံးနုနုလေးတွေကို Chanyeolက မျက်မှောက်ကြီးကြုတ်ကြည့်ပြီး မကြိုက်သည့်လေသံနှင့်ပြောလာတယ်။အပြုံးတွေကို အလျင်အမြန် ရုပ်သိမ်းပြီး Chanyeol ဆီမှ အကြည့်လွှဲလိုက်တယ်။ဒီမကောင်းတဲ့သူငယ်ချင်းက အမြဲတမ်း လူကို စိတ်မကောင်းဖြစ်စေတဲ့စကားလုံးတွေပဲ ရွေးပြောနေတယ်။

«ဘာဖြစ်သွားတာလဲ အဲ့ဒါ »

ကျောပိုးအိတ်ထဲမှာ အာကာသစာအုပ်ကြီးထုတ်ပြီး ဖတ်နေသော Kyungsoo ကို Chanyeol ပိတ်အော်လိုက်တယ်။အဲ့လိုမျက်နှာလေးငယ်ပြီး ငြိမ်ကျသွားရင် မနေတတ်၊မထိုင်တတ်ဖြစ်ရတာကို
မသိဘူးလား။

«ငါ မေးနေတယ်လေ Doh Kyungsoo »

«မင်း ဘာလို့ KyungSoo ကို ရန်လိုနေရတာလဲ။ သူက ဒီလိုအတိုင်းလေး အေးချမ်းနေတာ။ပျင်းစရာကောင်းတယ် ထင်ရင်လည်း လာမပေါင်းနဲ့ »

အသံမာမာနှင့် ဆိုလိုက်လေတော့ အခုမှ အခန်းထဲဝင်လာတဲ့ Sehun က သူ့အနားအမြန်ရောက်လာပြီး Kyungsoo ဘက်က ကာကွယ်ပေးတယ်။သူ ဘာမှမပြောရသေးဘူး။ဇွတ်အတင်းနားလည်မှုလွှဲပြီး Kyungsoo ကို ဆွဲခေါ်သွားတဲ့ဒကောင့်သားကိုကြည့်ပြီး လက်သီးကို လေထဲ ပစ်ထိုးလိုက်တယ်။အရူးကောင် Oh Sehun!!ငါက Kyungsoo မျက်နှာမကောင်းလို့ ဒီအတိုင်းမေးလိုက်တာ။ဒေါသထွက်နေတာ မဟုတ်ဘူး။

.
.
.

Sehun ခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားတဲ့ Kyungsoo က တော်တော်နှင့် ပြန်မလာပါ။အမြဲ စာမှ စာ။စာပဲ ဖိလုပ်နေသူက အတန်းချိန်တစ်ချိန်ပြီးမှ ပြန်ရောက်လာတယ်။ Sehun က ဘယ်တွေနားချလိုက်လဲ မသိပါ။သူကို ယောင်လို့ပင် မကြည့်တော့။ရောက်ကတည်း မျက်လွှာလေးချပြီး ခေါင်းငုံနေတယ်။

Sehun ကိုကြည့်လိုက်တော့လည်း မျက်မှောက်ကြီးကြုတ်ပြီး ပြတင်းပေါက်ကို ကြည့်နေတယ်။နှစ်ယောက်လုံး သူကို စိတ်ဆိုးနေတာ သိလိုက်ရတော့ ငြိမ်ငြိမ်လေး နေလိုက်တယ်။

Kyungsoo မျက်နှာမကောင်းလျှင် ဘာမှန်းမသိ ဒေါသထွက်ကာ ထိုအရာကို သိချင်လာတယ်။ထိုမကောင်းသည့်စိတ်ကြောင့် အမြဲ Kyungsoo အပေါ် အနိုင်ယူနေသလိုဖြစ်နေတာကိုလည်း သိတယ်။ဒါပေမယ့် သူမေးမှ အရာအားလုံးကို ပြောပြတတ်သည့်Kyungsooအကျင့်ကြောင့် ထိုသို့ ဆက်ဆံရတယ်။လေသံပျော့နေလျှင် Kyungsoo က သူကို မကြောက်ပါ။လပိုင်းလောက်ကြီးသည့်ကို အခွင့်ကောင်းယူကာ Kyungsooအပေါ် အမြဲဆရာကြီးလုပ်ခဲ့သည့်သူက Kyungsoo ဆီက ဦးစားမပေးခံရလျှင် ကလေးကြီးတစ်ယောက်လို စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းရတယ်။

ထို့အပြင် Kyungsooကို Sehun နှင့် အတူတူပူးတွဲမြင်ရလျှင် အလိုလိုဝမ်းနည်းလာတယ်။အရာအားလုံးကို ဆုံးရှုံးလိုက်ရသလိုမျိုး တစ်လောကလုံးကို အရွဲ့တိုက်ပစ်လိုက်ချင်တယ်။အခု Kyungsooက Sehun စကားနားယောင်ပြီး သူကို သူစိမ်းတွေလို ပြုမှုနေတာမြင်တော့ ရင်ဘတ်ထဲက ဆူးပြီးအောင့်လာတယ်။

ဘာဖြစ်ဖြစ် ပျင်းစရာကောင်းတဲ့ဒီသူငယ်ချင်းကို စွန့်ပစ်လိုက်ရမလား တွေးနေမိတယ်။

သူ မကာကွယ်ပေးလည်း Sehun ရှိနေပြီလေ။

★"★"

22.11.23 🍎

ZAW...

« Doh Kyung Soo !! မင္းနဲ႔ငါ သူငယ္ခ်င္း မလုပ္ႏိုင္ေတာ့ဘူး »

(၁၀)ႏွစ္သား Park Chanyeol ေလးက ဆူးခနဲ႔ ေအာ္တယ္။စိတ္တိုလြန္းအားႀကီးၿပီး ရဲတတ္လာသည့္နား႐ြက္ကားကားေလးေတြကိုလည္း စိတ္႐ႈပ္စြာ ပြတ္ဆြဲလိုက္ေသးတယ္။သူမွာ သူငယ္ခ်င္းေလးတစ္ေယာက္ ႐ွိပါတယ္။အၿမဲတမ္း စာပဲလုပ္ေနၿပီး သူကို ႐ွိသည့္မထင္ပါ။

«ဒါဆိုရင္ ၿပီးေရာေလ »

စာအုပ္ အထူးႀကီးလက္မွာပိုက္ၿပီး ခ်ာခနဲ႔လွည့္ထြက္လာခဲ့တယ္။ဆူေထာ္ခ်င္လာသည့္ႏႈတ္ခမ္းေတြကိုေတာ့ Chanyeol မျမင္ေအာင္ သိမ္းဆည္းထားလိုက္တယ္။ၿပီးမွ ႏႈတ္ခမ္းလႈပ္႐ုံေလး ေျပာလိုက္တယ္။အ႐ူးေကာင္။ငါက မင္းကို အာကာသအေၾကာင္းေျပာျပဖို႔ လာခဲ့တာ။

ျခံေပါက္ဝကေန ခ်က္ခ်င္းလွည့္ထြက္သြားတဲ့Kyungsoo ကို ၾကည့္ၿပီး ေဆြ႕ေဆြ႕ခုန္ေအာင္ ေဒါသထြက္ရတယ္။သူလိုသူငယ္ခ်င္းေကာင္းတစ္ေယာက္ဆုံး႐ႈံးသြားတာကို မႏွေျမာဘူးလား။နည္းနည္းေလး ေျပာလိုက္တာနဲ႔ နာခံတတ္တဲ့ အဲ့ဒီအက်င့္ေတြကို မႀကိဳက္တာ။ၿပီးေတာ့ ေျပာေသးတယ္။အိမ္မက္က လယ္သမားတဲ့ေလ။႐ြာေသးေသးေလးမွာ လယ္စိုက္ရင္း ဘဝကို ျဖတ္သန္းမယ္ေျပာခဲ့တဲ့ဒီသူငယ္ခ်င္းက သူနဲ႔ နည္းနည္းေလးမွ မကိုက္ညီဘူး။အခုကတည္းက သူငယ္ခ်င္းသံေယာဇဥ္ျပတ္သြားလည္း ေကာင္းတယ္။

ဒါေပမယ့္ သူ မ႐ွိရင္ ဒီသူငယ္ခ်င္းေသးေသးေလးကို ဘယ္သူ ကာကြယ္ေပးမလဲ။

ေတြးၾကည့္႐ုံႏွင့္ ႏႈတ္ခမ္းေလးေတြ ေကာ္ၫႊန္႔သြားရတယ္။ Kyungsoo မွာ သူအျပင္ ဘယ္သူမွ မ႐ွိဘူး။ Kyungsoo လို ပ်င္းစရာေကာင္းတဲ့လူကို သူအျပင္ ဘယ္သူမွမေပါင္းဘူး။

«မင္း ငါ့တန္ဖိုး ေကာင္းေကာင္းသိလိမ့္မယ္ Kyungsoo »

အသက္မ႐ြယ္ႏွင့္မလိုက္ ေလႀကီးေလက်ယ္‌
ေျပာ‌ေသာChanyeol မျမင္ေအာင္ ႏွာေခါင္း႐ႈံ႕လိုက္တယ္။ အ႐ူးေကာင္ မင္းသာ ငါ့တန္ဖိုး သိမွာ။ငါ မ႐ွိရင္ မင္းကို အာကာသေတြအေၾကာင္းေတြ ဘယ္သူေျပာျပမလဲ။

Chanyeol ကို တစ္လမ္းလုံး က်ိန္ဆဲၿပီး အိမ္ျပန္လာတဲ့လမ္းမွာ အခ်ိန္အခါမဟုတ္႐ြာေသာမိုးေၾကာင့္ KyungSoo မွာ ေျပးပုန္းစရာေနရာ႐ွာရတယ္။

မိုးခိုစရာ ေနရာအတိအက်မ႐ွိ၍ သူမ်ားဆိုင္ခန္းေလးေဘးေျပးဝင္ကာ စာအုပ္ကို ရင္ဘတ္ထဲမွာ က်စ္က်စ္ပါေအာင္ ပိုက္ထားရတယ္။ဒီစာအုပ္က ဖတ္ေတာင္ မဖတ္ရေသးဘူး။ Chanyeolကို အာကာသအေၾကာင္းေတြေျပာျပရင္း အတူဖတ္မယ္ဆိုၿပီး ယူလာခဲ့တဲ့စာအုပ္ျဖစ္တယ္။

မိုးက ေတာ္ေတာ္ႏွင့္ မတိတ္သည့္အျပင္ ေလၾကမ္းတိုက္၍ Kyungsoo တစ္ကိုယ္လုံးဟာ ေရေတြျဖင့္ စို႐ြဲလို႔လာတယ္။သို႔ေသာ္ ေပေတၿပီး ထိုေနရာမွာ ရပ္ေနဆဲ။ဆိုင္ခန္းသာ မပိတ္ထားလွ်င္ အထဲဝင္ၿပီးမိုးခိုလို႔ရတယ္ဆိုေပမယ့္ အခုေတာ့ မိုးေရထဲမွာ ရပ္ေနသလိုပင္။တစ္ကိုယ္လုံးတုန္ရီကာ ခ်မ္းလာတယ္။

မိုး႐ြာထဲေျပးသြားဖို႔ သတၱိမ႐ွိေလေတာ့ ဆိုင္နံရံဆီ ပိုမိုတိုးကပ္မိတယ္။တစ္ျခားကေလးေတြႏွင့္ မတူဘဲ မိုးသည္းလာလွ်င္ ေၾကာက္အားႀကီးၿပီးငိုတတ္သည့္အက်င့္ေၾကာင့္ Chanyeolဆီက အၿမဲအေျပာခံရတယ္။မင္းက ပ်င္းစရာေကာင္းၿပီးေၾကာက္တတ္တဲ့ကေလးတဲ့ေလ။

တကယ္လည္း ဟုတ္တယ္။သူမွာ သူမ်ားေတြလို ေပ်ာ္႐ြင္မႈကို ခံစားတတ္တဲ့ႏွလုံးသားမပါလာဘူး။အၿမဲတမ္း အာကသစာအုပ္ေတြ ဖတ္ၿပီး ပတ္ဝန္းက်င္ကို လ်စ္လ်ဴ႐ႈထားတတ္တယ္။
အဲ့လိုလူတစ္ေယာက္ကို Chanyeolက ဘယ္လိုလုပ္ၿပီး သူငယ္ခ်င္းလုပ္ခ်င္မလဲ။

« Kyungsoo !!! »

ခပ္က်ယ္က်ယ္ေအာ္ၿပီး Kyungsoo ဆီ အေျပးသြားလိုက္တယ္။ျပန္သြားတာ တစ္နာရီေက်ာ္ေနၿပီ။ အခုထိ ဒီနားမွာ ႐ွိေနတုန္းပဲလား။

« ထ »

ဆြဲထူလိုက္ေတာ့ Kyungsoo က သူ႕လက္ေတြၾကားထဲပါလာၿပီး အေရာင္လဲ့ေနေသာမ်က္လုံးေတြျဖင့္ ၾကည့္လာတယ္။အ႐ူးေကာင္။အၿမဲတမ္း စိတ္ပူရေအာင္လုပ္တယ္။

«ငါ ေၾကာက္တယ္ Chanyeol »

ေျပာရင္း ရင္ခြင္ထဲ ဝင္လာသည့္ကိုယ္လုံးေလးကို ဖက္ထားေပးလိုက္တယ္။သို႔ေသာ္ မိုးေရလာေဆာ့တဲ့ခႏၶာကိုယ္က အဝတ္မကပ္သည့္အျပင္ ေအးစက္ေနသည့္အတြက္ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနေသာ Kyungsoo ကို ထင္သေလာက္
အေႏြးဓာတ္မေပးႏိုင္ခဲ့ပါ။

« လာ။ ငါ အိမ္လိုက္ပို႔ေပးမယ္ »

Kyungsoo လက္ကို ဆြဲၿပီး မိုးေရထဲ ေျပးထြက္ခဲ့လာခဲ့တယ္။အေၾကာက္သန္တဲ့‌ Kyungsoo ကေတာ့ မိုးသည္းလာသည့္ႏွင့္သမွ် ငိုမဲ့မဲ့မ်က္ႏွာေလးႏွင့္။မငိုမိေအာင္ ထိန္းခ်ဳပ္ထားသည့္အတြက္ KyungSoo မ်က္ႏွာေလးက ရဲတတ္ေနၿပီး မိုးစက္ေတြ‌ႏွင့္အၿပိဳင္ လွပေနခဲ့တယ္။

« ေပး ။ လက္ထဲက စာအုပ္ »

ေၾကာက္စိတ္ကလႊဲၿပီး ဘာမွမသိေတာ့တဲ့Kyungsooလက္ထဲမွာ စာအုပ္ကို လႊဲေျပာင္းယူၿပီး မိုးစက္ေတြရန္မွကာကြယ္ေပးလိုက္တယ္။ Kyungsoo ဆံပင္ေတြက ထူၿပီးမ်ားတဲ့အတြက္‌ ေသခ်ာမေျခာက္လွ်င္ ေခါင္းကိုက္ၿပီး အဖ်ားဝင္သြားလိမ့္မယ္။

မိုး႐ြာထဲမွာ အျမန္ေျပးေနေသာေျခလွမ္းေတြကို အမွီလိုက္ရင္း KyungSoo မ်က္ႏွာေလး နီရဲလာခဲ့တယ္။ဒီေန႔မွ အိမ္ျပန္လမ္းက ၾကာေနသည့္အျပင္ မိုးကပါ တျဖည္းျဖည္းသည္းလာေလေတာ့ အေၾကာက္သန္ေလးက ငိုမဲ့မဲ့ေလးႏွင့္ သူကို အားကိုးတႀကီး ၾကည့္လာတယ္။ဘယ္လိုလုပ္ၿပီး ဒီအေၾကာက္သန္တဲ့သူငယ္ခ်င္းကို စြန္႔ပစ္ဖို႔ ေတြးခဲ့မိတာလဲ။ Kyungsoo က တစ္ေန႔မွာ သုံးႀကိမ္ေလာက္ ေရေလာင္းၿပီး အၿမဲဂ႐ုစိုက္ေပးရမဲ့သစ္ပင္ေလးႏွင့္ တူတယ္။ဒါေပမယ့္ အခ်ိန္တစ္ခုေရာက္ရင္ ဂ႐ုစိုက္ေပးစရာမလိုေတာ့ဘဲ သန္မာလာမဲ့ကေလးေလးျဖစ္တယ္။

Kyungsooရဲ႕အိမ္အေရာက္မွာ သူ႕ကိုယ္တိုင္ အဝတ္အစားလဲေပးၿပီး ေခါင္းကိုလည္း ေျခာက္ေအာင္ သုတ္ေပးလိုက္တယ္။ေမေမက ေျပာတယ္။ကိုယ္ထက္ လူေကာင္ေသးတဲ့သူေတြကို ကာကြယ္ေပးရမယ္တဲ့ေလ။

« Chanyeol ငါ့စာအုပ္ »

မိုးေရေတြႏွင့္ စို႐ြဲေနေသာစာအုပ္ေလးကို ၾကည့္ၿပီး ဆိုလာတယ္။မ်က္လုံးကေလးေတြကလည္း ႏွေျမာတသျဖစ္ေနၿပီး ဝမ္းနည္းေနတာကိုျမင္ေတာ့ သက္ျပင္း ခိုးခ်လိုက္တယ္။ Kyungsoo ကအသက္ႏွင့္မလိုက္ေအာင္ အာကာသအေၾကာင္း စိတ္ဝင္စားလြန္းတယ္။

« ငါ ျပန္ဝယ္ေပးမယ္ »

၁၀ႏွစ္သားေလးက ကတိကို လြယ္လြယ္ေပးလိုက္တယ္။ Chanyeol မွာ ေမေမတို႔ေပးထားတဲ့မုန္႔ဖိုးေတြအမ်ားႀကီး႐ွိတယ္။ Kyungsoo ကို မုန္႔ဝယ္ေကြၽးဖို႔အတြက္ စုထားခဲ့တာ။ဒါေပမယ့္ Kyungsoo ကိုစာအုပ္ဝယ္ေပးဖို႔ တစ္ခါမွ မေတြးခဲ့ဖူးဘူး။အဲ့စာအုပ္ေတြေၾကာင့္ Kyungsoo သူကို ပစ္ထားတာကို မႀကိဳက္ဘူး။

«တကယ္လား »

ေမာ့ၾကည့္လာသည့္မ်က္လုံးေလးေတြက ‌ၾကယ္စင္ေတြအလား။တဖ်တ္ဖ်တ္လဲ့ေနတဲ့မ်က္ဝန္းတစ္စုံကိုျမင္ေတာ့ သိပ္လွတယ္လို႔ ေတြးလိုက္မိတယ္။

« Chanyeol တကယ္လားလို႔ »

«အင္း တကယ္ တကယ္ »

လက္ေမာင္းတစ္ဖက္ကို အတင္းဆြဲရင္းေမးလာေလေတာ့ ေခါင္းတဆက္ဆက္ၿငိမ့္ျပလိုက္ရတယ္။

ခုန္ေပါက္ကာ ေပ်ာ္႐ႊင္ေနတဲ့သူငယ္ခ်င္းကို ေငးၾကည့္ေနရင္း ျပဳံးလိုက္မိတယ္။Kyungsoo သာ တတ္ႂကြတဲ့ကေလးေလးတစ္ေယာက္ဆို အရမ္းခ်စ္ဖို႔ေကာင္းမွာ ေသခ်ာတယ္။

★"★"

7 years ago...

စကားမ်ား၊ရန္ျဖစ္ထားေသာဆက္ဆံေရးမွာ မေနႏိုင္သူက Park Chanyeol ျဖစ္တယ္။အခုလည္း အခန္းထဲ စာအုပ္ထိုင္ဖတ္ေနေသာ Kyungsoo အနား ရစ္ဝဲရစ္ဝဲလုပ္ေနေသာ အလယ္တန္း ဒုတိယႏွစ္က ဂ်ီေယာင္းကို ၾကည့္ၿပီး မ်က္ႏွာႀကီးမႈန္ကုတ္လို႔ေနတယ္။အာကာသစာအုပ္ေတြ ဖတ္လွ်င္ ဘယ္မွစိတ္မေရာက္ေတာ့ဘဲ ပတ္ဝန္းက်င္ကို ေမ့သြားတတ္တဲ့ Kyungsoo အက်င့္ကိုသိေလေတာ့ အေဝးကေန ဂ်ီေယာင္းကိုပဲ ေလဆာေတြပစ္ေနရတယ္။ေက်းဇူးမသိတတ္တဲ့သူငယ္ခ်င္း။ရန္ျဖစ္ထားတာေတာင္ ကာကြယ္ေပးေနရတယ္။

Sehun ဂိမ္းေဆာ့ေနရင္းမွ မ်က္စိေထာင့္ကေန ျမင္ေနရတဲ့ Chanyeolပုံစံကို ၾကည့္ၿပီး ေခါင္းခါလိုက္တယ္။ေနႏိုင္တာလည္း မဟုတ္ဘဲ ေကာက္ေနၾကျပန္ၿပီ။

« Kyungsoo နဲ႔ ရန္ျဖစ္ထားျပန္ၿပီလား »

ဂိမ္းေဆာ့မပ်က္ေမးလာတဲ့ Sehun အသံၾကားမွ မ်က္ႏွာအေနအထားကို ျပင္ၿပီး ေခ်ာင္းဟန္႔လိုက္ရတယ္။သူ႕မ်က္ႏွာႀကီး တစ္ခ်ိန္လုံး ဆူပုတ္ထားတာ Sehun ရိပ္မိသြားၿပီ။

« ဟုတ္တယ္။ ငါ အဲ့ေကာင္နဲ႔ သူငယ္ခ်င္း မလုပ္ႏိုင္ေတာ့ဘူး »

ၾကားရပါမ်ား၍ ႐ိုးေနေသာစကားတစ္ခြန္းကို Sehunထူးၿပီး ဘာမွမတုံ႔ျပန္ခဲ့ဘူး။ဒီႏွစ္ေယာက္အေၾကာင္း သူ ေနာေၾကေနၿပီ။

« ထပ္ၿပီး မင္းကို အာကာသအေၾကာင္းေတြ ေျပာျပျပန္ၿပီလား »

«ဟုတ္တယ္။ အဲ့ေကာင္က အရမ္းပ်င္းစရာေကာင္းတယ္။ သူ ႀကီးလာရင္ အဲ့စာအုပ္ေတြနဲ႔ပဲ လက္ထပ္လိမ့္မယ္ »

« မင္းက ေ႐ွ႕ျဖစ္ေဟာလား ။ ဘာလို႔ Kyungsoo အေၾကာင္း အတပ္ေျပာေနရတာလဲ အ့! »

ပတ္ခနဲ႔ျပန္ေျပာလိုက္ေတာ့ လက္ေမာင္းတစ္ဖက္က အီစိမ့္သြားသည္။လက္ထဲမွာဖုန္းကလည္း လႊတ္က်မလိုျဖစ္သြား၍ စိတ္ဆိုးကာ Chanyeolလက္ေမာင္းကို ျပန္ထုပစ္လိုက္တယ္။အလကားေကာင္။ Kyungsoo နဲ႔ ရန္ျဖစ္ထားရင္ အဲ့လိုပဲ။ဟိုလူ ပတ္မဲ၊ဒီလူ ပတ္မဲနဲ႔။

« သြားစမ္းပါ။ငါနဲ႔ ေဝးေဝး !! »

အတင္း ထုကာ ေအာ္ပစ္လိုက္တယ္။သူ႕အသံက်ယ္က်ယ္ၾကားေတာ့ Kyungsoo က ေမာ့ၾကည့္လာတယ္။ၿပီးေတာ့ လူေကာင္ႀကီးသေလာက္ အသည္းငယ္တဲ့ Chanyeolကို စိတ္ပူသလို ၾကည့္လာတယ္။ဪ။သူ ထု႐ုံေလးကို Park Chanyeol က ေသသြားမွာက်လို႔။

« မင္းတို႔ေတြ ရန္မျဖစ္ၾကနဲ႔။ငါ အတန္းဆရာနဲ႔ တိုင္ေျပာလိုက္ရမလား »

အတန္းေခါင္းေဆာင္ပီပီ ေလသံမာမာႏွင့္ေျပာလာေသာ Kyungsoo အေျပာမွာ Chanyeolက မ်က္ႏွာငယ္ေလးႏွင့္ ဒီေကာင္ အရင္လုပ္တာတဲ့ေလ။ထိုစကားၾကားၿပီး စိတ္ဆိုးသြားေသာ Sehun ကေတာ့ Chanyeolရဲ႕ လက္ေမာင္းေတြကို တဖ်တ္ဖ်တ္႐ိုက္ကာ ဆဲေလတယ္။သူတို႔သုံးေယာက္ထဲမွာ Chanyeol က လူေကာင္အႀကီးဆုံးျဖစ္ၿပီး အသည္းငယ္ဆုံးျဖစ္တယ္။ Kyungsoo ကိုလည္း အႏိုင္က်င့္ဆုံးတယ္။ေတြးရင္း အျမင္ကပ္လာတာေၾကာင့္ Kyungsoo အစား ႏွစ္ဆထု႐ိုက္လိုက္တယ္။

« ေဟ့ေကာင္ Oh Sehun နာတယ္ကြ !»

« နာေအာင္ ႐ိုက္တာေလ ! ေသ »

« Ya!! မင္း ေသၿပီမွတ္ပါ»

ေျပာရင္း ေက်ာျပင္ကို လာထုတယ္။သို႔ေသာ္ အရင္လက္ဦးမႈရသြားသူက Sehunျဖစ္ၿပီး Chanyeol လက္ေတြကို ခ်ဳပ္၍ လက္ေမာင္းကို ဆက္တိုက္ထု႐ိုက္ပစ္လိုက္တယ္။နည္းနည္းဆို မ်ားမ်ားအကဲပိုေသာ Park Chanyeolကေတာ့ Sehun လက္ေတြၾကားမွာ ေအာ္ဟစ္ရင္း ႐ုန္းကန္ေနျပန္တယ္။

Chanyeolရဲ႕ ေအာ္ဟစ္သံ ၾကားၿပီး ရန္မျဖစ္ၾကနဲ႔ဆိုကာ အတန္းပိုင္ဆရာ ေျပးေခၚေသာ KyungSoo ေက်းဇူးႏွင့္ ႏွစ္ေယာက္သား အခန္းေ႐ွ႕မွာ ‌လက္ေျမာက္၊ဒူးေထာက္လိုက္ရသည့္မွာ အတန္းခ်ိန္တစ္ခ်ိန္လုံးျဖစ္တယ္။ထိုအက်ိဳးအဆက္အေနႏွင့္ နာက်င္သြားေသာဒူးေတြကို ေဘာင္းဘီေခါက္၍ ၾကည့္လိုက္ေတာ့ ညိဳမဲပင္စြဲေနၿပီ။

« Sehun »

ခပ္တိုးတိုးေခၚသံေလးႏွင့္အတူ မ်က္ႏွာငယ္ေလးႏွင့္ Kyungsoo က Sehun ကို လိမ္းေဆးဘူးေလး ေပးတယ္။ Chanyeol မေက်မနပ္ျဖစ္ကာ Kyungsoo ကို ဘုၾကည့္၊ၾကည့္လိုက္တယ္။သူလည္း လူပဲ ။ နာက်င္တတ္တယ္။ Sehun တစ္ေယာက္တည္း အသက္ပါတာ မဟုတ္ဘူး။

« ငါအတြက္ေရာ »

«မင္းက ငါ့သူငယ္ခ်င္းမွ မဟုတ္တာ »

တစ္လုံးတည္းႏွင့္ အင့္ခနဲ႔ျဖစ္သြားတယ္။အ႐ူးေကာင္။ ဒါမ်ိဳးက် အကုန္မွတ္ထားတယ္။ အာကာသအေၾကာင္းေတြ လာမေျပာနဲ႔၊ မသိခ်င္ဘူး ေျပာလည္း မရဘူး။

« Kyungsoo ငါကို လိမ္းေပး »

လိမ္းေဆးဘူးအဖုံဖြင့္လ်က္ ေျပာလာေသာ Sehun ကို ေပေစာင္းေစာင္းတစ္ခ်က္ၾကည့္‌ေပးလိုက္တယ္။အားမ႐ွိေတာ့သည့္ပုံစံႏွင့္ Kyungsoo ကို ကပ္ခြၽဲေနတာျမင္ေတာ့ နားရင္း ထအုပ္ခ်င္လာတယ္။သူနဲ႔ Kyungsoo ရန္ျဖစ္ထားရင္ Sehunက အဲ့လိုပဲ။Kyungsooအနားမွာ ကပ္ၿပီး ခြၽဲေနေရာ။

ဒုန္း!!

ခပ္က်ယ္က်ယ္ တံခါးေဆာင့္ပိတ္ၿပီး ထြက္လာခဲ့တယ္။အခန္းထဲက လူေတြက ႐ူးသြားလားဟု လွမ္းေအာ္ဆဲၾကေပမယ့္ ျပန္မေျပာဘဲ ေက်ာင္းေခါင္မိုးထပ္ကို ထြက္လာခဲ့တယ္။ငယ္ငယ္ကတည္းက အခုထိ ရန္ျဖစ္ၿပီး စကားမ်ားတိုင္း Kyungsoo ဘက္က စေခ်ာ့ေလ့မ႐ွိပါ။

သူကိုယ္တိုင္လည္း မသိေတာ့ပါ။ဘာလို႔ ဒီေလာက္ထိ ပ်င္းစရာေကာင္းတဲ့အ႐ူးေကာင္ကို သူငယ္ခ်င္းေတာ္ထားလဲ ဆိုတာ။‌သူႏွင့္ ဆန္က်င္ဘက္ အၿမဲတမ္းတိတ္ဆိတ္ၿပီး ပ်င္းစရာေကာင္းတဲ့ဒီသူငယ္ခ်င္းကို ၁၀ႏွစ္သားအ႐ြယ္ေလာက္ကတည္းကစၿပီး စြန္႔ပစ္ဖို႔ ခဏ ခဏ ႀကိဳးစားဖူးတယ္။ဒါေပမယ့္ တစ္ႀကိမ္၊တစ္ခါမွ မေအာင္ျမင္ခဲ့ဘူး။အခ်ိန္တန္လွ်င္ Kyungsoo အနား အလိုလိုေရာက္သြားတတ္တယ္။

အခုလည္း ရန္ျဖစ္ေနတာကို လာခြဲေပးလို႔ရပါလ်က္ႏွင့္ စာအုပ္ႀကီးအတိုင္း အတန္းပိုင္ဆရာကို သြားတိုင္ေျပာတယ္။တကယ္ကို တုံးအ၊ၿပီး ပ်င္းစရာေကာင္းတဲ့ဒီသူငယ္ခ်င္းကို သူ စြန္႔ပစ္လိုက္လွ်င္ တစ္ျခား‌သူေတြ အႏိုင္က်င့္မွာကို ေၾကာက္ရတယ္။ထို႔ေၾကာင့္လည္း Kyungsooအနားက မခြာႏိုင္တာျဖစ္လိမ့္မယ္။

ေျခလွမ္းေတြကို ေနာက္ဆုတ္ကာ အခန္းျပင္ရန္ ဦးတည္လိုက္ေတာ့ တံခါး႐ြက္ဒုန္းခနဲ႔ ပြင့္လာသံက သူကိုပင္ ထိန္႔လန္႔ေစတယ္။

« Chanyeol »

မေမွ်ာ္လင့္ဘဲ ျမင္လိုက္ရေသာသူကို မွင္သတ္စြာ ေငးၾကည့္ေနမိတယ္။ရန္ျဖစ္ထားတဲ့အေျခအေနမွာ Kyungsoo က အရင္လာေခၚတယ္တဲ့လား။

« ေဆးလိပ္ေတြ ေသာက္ေနတာလား »

Kyungsoo က သံသယမ်က္လုံးေတြျဖင့္ ၾကည့္လာတယ္။ထို႔အျပင္ မကြယ္မဝွက္ထားသည့္လက္ေတြကိုလည္း ျပဴးၿပဲၿပီး ၾကည့္လိုက္ေသးတယ္။ေဆးလိပ္ေသာက္တာက ‌က်န္းမာေရးအတြက္ မေကာင္းဘူးဆိုေပမယ့္ သူကေတာ့ သေဘာက်တယ္။စိတ္ထြက္ေပါက္ျဖစ္ေစၿပီး အေတြးေတြကို လြတ္လပ္စြာ အေျဖ႐ွာႏိုင္တယ္။ဒါကို Kyungsooလို ပ်င္းစရာေကာင္းတဲ့သူေတြ သိမွမဟုတ္ဘူး။အၿမဲတမ္း သူက မွားၿပီး Kyungsoo က မွန္ေနတဲ့သူေလ။

«မင္းနဲ႔မွ မဆိုင္တာ။ဘာလို႔ လာေမးေနတာလဲ »

‌Kyungsooကိုယ္လုံးေသးေသးေလးကို အားႏွင့္ မညႇာမတာ ဝင္တိုက္လိုက္တယ္။အားျပင္းျပင္းႏွင့္ဝင္တိုက္ခံလိုက္ရတာေၾကာင့္ Kyungsoo လက္ထဲမွာ ခပ္ေသးေသးအရာေလးက ေအာက္ျပဳတ္က်သြားတယ္။ငုံၾကည့္လိုက္ေတာ့ Kyungsooလက္ထဲမွခုန္ဆင္းလာေသာဘူးေသးေသးက သူ႕ဖိနပ္ထိပ္နားမွာ ႐ွိေနခဲ့တယ္။ထိုဘူးေလးကို မမွိတ္မသုန္စိုက္ၾကည့္ၿပီး Kyungsoo ကို ျပန္ၾကည့္လိုက္တယ္။ Kyungsoo က အခု သူကို စိတ္လိုလက္ရာ ေခ်ာ့ဖို႔ ေရာက္လာတာလား။

«မင္း ငါကို လာေခ်ာ့တာလား »

«လာ ငါ ေဆးလိမ္းေပးမယ္ »

‌Kyungsoo ‌ဆြဲေခၚသြားသည့္အတိုင္း ပါသြားၿပီး လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားသည့္လက္‌ေလးေတြကို ေငးစိုက္ၾကည့္ေနမိတယ္။ဟုတ္တယ္။Kyungsooနဲ႔သူက အကုန္ဆန္႔က်င္ဘက္ေတြ။ခႏၶာကိုယ္အေနအထား၊စိတ္ေနစိတ္ထားကအစ တစ္ခုမွ မတူဘူး။‌ Kyungsoo က အခုထိ အာကာသစာအုပ္ေတြဖတ္ၿပီး ေ႐ွ႕ေဟာင္းဆန္ေနတုန္း။သူကေတာ့ အသစ္အဆန္းမွန္သမွ် သေဘာက်ၿပီး တတ္ႂကြၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့လူငယ္တစ္ေယာက္။

ေတြးၾကည့္ၿပီးမွ ေလးလံလာသည့္စိတ္ေတြ
ကို ပင့္သက္႐ႈ႐ိႈက္ၿပီး ေဆးလိမ္းေပးေနတဲ့ Kyungsooထံပါးမွ အၾကည့္လႊဲလိုက္တယ္။

ဘာျဖစ္ျဖစ္ မညီတဲ့ဘဝေနထိုင္မႈေတြကို လိုက္မညႇိခ်င္ဘူး။

အခ်ိန္တန္လွ်င္ သူတို႔ႏွစ္ေယာက္က ကိုယ့္လမ္း ကိုယ္ေလွ်ာက္ၿပီး ေဝးကြာသြားမဲ့သူငယ္ခ်င္းေတြ မဟုတ္လား။

.
.
.

«မင္းတို႔ႏွစ္ေယာက္ တည့္သြားၿပီလား »

စကားေျပာရင္း အခန္းဘက္‌ေလွ်ာက္လာတဲ့ႏွစ္ေယာက္ကို မ်က္ေမွာက္ၾကဳတ္၍ ေမးလိုက္တယ္။ျပန္တည့္သြားၾကေတာ့လည္း မိုးမျမင္၊
ေလမျမင္ေတြ။လူကို ဝင္တိုက္မိေတာ့မယ္။မျမင္ၾကဘူး။

«ဟီး »

Sehun အေမးကို ရယ္ျပရင္း ေခါင္းၿငိမ့္ျပလိုက္တယ္။ Chanyeol လား။သူကို တကယ္ႀကီး မေခၚ၊မေျပာဘဲ ေနႏိုင္မဲ့လူ။အၿမဲတမ္း စိတ္မေကာင္းျဖစ္ေအာင္ စကားၾကမ္းၾကမ္းေတြ ေျပာၿပီး အရင္လာေခၚတတ္တယ္။

«မင္းတို႔ေကာင္ေတြ ၾကင္စဦးဇနီးေမာင္ႏွံေတြ က်ေနတာပဲ။ရန္ျဖစ္လိုက္၊ျပန္ခ်စ္လိုက္နဲ႔ »

Chanyeol က ထိုစကားကို ဘာမွမျဖစ္ေပမယ့္ သူကေတာ့ နား႐ြက္ေတြ နီရဲလာရတယ္။သူမ်ားထက္ အ႐ွက္ပိုတဲ့အက်င့္ေၾကာင့္ Chanyeol ဆီမွာ ခဏခဏ အဆူခံရ‌တယ္။ဘာမဟုတ္တာေလးကအစ ႐ွက္ေနလို႔တဲ့ေလ။

Chanyeol အတြက္ ဘာမွမထူးဆန္းတဲ့သာမန္ကိစၥေလးေတြမွာေတာင္ နား႐ြက္ေတြ ရဲတတ္ၿပီး အ႐ွက္သည္းေနတဲ့ Kyungsoo ကို ၾကည့္ၿပီး ေခါင္းအသာရမ္းလိုက္တယ္။အ႐ွက္တရားနဲ႔ အေၾကာက္တရားကို လက္ကိုင္ျပဳၿပီး အသက္ဆက္ေနတဲ့ဒီသူငယ္ခ်င္းကို ဘယ္လိုျပဳျပင္ေျပာင္းလဲေပးရမွန္း မသိေတာ့ဘူး။

« Kyungsoo မင္းနား႐ြက္ေတြ နီေနတယ္»

« သြားမထိနဲ႔ »

ေျပာရင္း ထိရန္ျပင္ေနေသာ Sehun လက္ကို ႐ိုက္ခ်ပစ္လိုက္တယ္။အလ‌ကားေကာင္။သူ
ကိုဆို အၿမဲအႏိုင္က်င့္ၿပီး Kyungsoo အနားမွာ ေၾကာင္ေပါက္ေလးလို ကပ္ခြၽဲဖို႔ေလာက္ပဲ သိတယ္။

« လာ သြားမယ္ »

«ဘာလဲဟ»

Sehun မွာ ပါးစပ္ေလး ဟ႐ုံပဲ ႐ွိေသးတယ္။ Kyungsooလက္ကို ဆြဲၿပီး ေခၚသြားတဲ့ Chanyeol ကို ေၾကာင္ေတာင္ေတာင္ေလး ရပ္ၾကည့္ရင္း က်န္ေနခဲ့ရတယ္။ဘာအမွားလုပ္လိုက္မိလို႔ သူကိုမ်က္ေမွာက္ၾကဳတ္ၿပီး ဝါးစားမတတ္ၾကည့္သြားရတာလဲ။

★"★"

စာမွလႊဲ၍ စိတ္မဝင္စားေသာ Kyungsooဟာ အားကစားအခ်ိန္ကို စာေမးပြဲအမွတ္အတြက္သာ ကစားေလ့႐ွိၿပီး က်န္အတန္းခ်ိန္ေတြဆို ေပ်ာက္ခ်င္မလွ ေပ်ာက္သြားတတ္တယ္။ထိုအခ်ိန္ေတြဆို Chanyeolမွာ ေနရာအႏွံ႔လိုက္႐ွာရတယ္။ကိုယ္တိုင္က တတ္ႂကြၿပီး အားကစားဝါသနာပါသူဆိုေပမယ့္ Kyungsooကိုေတာ့ မ်က္စိေအာက္က အေပ်ာက္မခံႏိုင္။ဒီသူငယ္ခ်င္းေသးေသးေလး တစ္ခုခုျဖစ္သြားရင္ ရင္က်ိဳးရလိမ့္မယ္။

« Kyungsoo!! »

ခပ္ျမန္ျမန္ေျပးလာေသာ အေဝးက အရိပ္ေသးေသးေလးကိုျမင္၍ ေအာ္ေခၚလ်က္ အေျပးသြားလိုက္တယ္။ Chanyeol ကို ျမင္ေတာ့ Kyungsoo မ်က္လုံးေလးျပဴးက်ယ္လ်က္ ပါးစပ္ေလးပြင့္‌အ,သြားရတယ္။

« Chanyeol အားကစားခ်ိန္ မတတ္ဘူးလား »

«ဟင့္အင္း။မင္း ဘယ္ကျပန္လာတာလဲ »

« Sehun ဆီက »

အလိုမက်စြာ မ်က္ေမွာက္ၾကဳတ္မိတယ္။

«ဘာသြားလုပ္တာလဲ»

«သူ ေလက်င့္တာ သြားၾကည့္တာ »

«သူတို႔နည္းျပ ဘယ္ေလာက္ အေပါက္ဆိုးလဲ မင္း သိလား။ဘာလို႔ သူမ်ား ျမႇားပစ္တာ သြားၾကည့္ရတာလဲ။ မိသြားရင္ မင္းကို စာေတာ္တဲ့ေက်ာင္းသားဆိုၿပီး လႊတ္ထားမယ္ ထင္လို႔လား »

«ဒီေန႔ သူတို႔နည္းျပ မလာပါဘူး »

ခပ္ေအးေအးေျပာလာတဲ့ Kyungsooကို ထုသာ ႐ိုက္ပစ္လိုက္ခ်င္ေတာ့တယ္။သူ Basketball
ကစားရင္ တစ္ခါမွလာမၾကည့္တဲ့လူက Sehun ဆီက် တကူးတခန္႔သြားတယ္တဲ့ေလ။

« လာ ျပန္မယ္။ ေနာက္တစ္ခ်ိန္က အဂၤလိပ္ ..ငါစာမရရင္ မင္းေၾကာင့္ပဲ »

ဆြဲေခၚတဲ့အတိုင္းပါလာတဲ့ Kyungsoo က အူတူတူေလးႏွင့္ မင္း စာမရရင္ ငါ ႐ွင္းျပပါ့မယ္တဲ့ေလ။အ႐ူး။မင္း အဲ့လို႔တုံး,အ ေနလို႔ စိတ္မခ်ျဖစ္ေနရတာ။

အတန္းထဲအေရာက္မွ ကိုင္ထားတဲ့ေသးေသးေလးကို လႊတ္ေပးလိုက္တယ္။အားအမ်ားႀကီးမသုံးထားေပမယ့္ ရဲတတ္ေနေသာလက္ကေလးေတြကိုျမင္ေတာ့ စိတ္မေကာင္း။ Kyungsoo ကို တယုတယေလးႏွင့္ ဂ႐ုစိုက္ေပးမွာျဖစ္ေတာ့
မယ္။

«အရမ္း နာသြားလား »

«ဟင့္အင္း ရပါတယ္»

Kyungsoo က နီရဲေနတဲ့သူ႕လက္ကေလးကို ပြတ္၍ ကြယ္ဝွက္လိုက္တယ္။ၿပီးမွ စိတ္မေကာင္းျဖစ္ေနတဲ့Chanyeol ကို အသည္းပုံႏႈတ္ခမ္းေတြျဖင့္ ခ်စ္စဖြယ္ေလး ျပဳံးျပလိုက္တယ္။ထိုအျပဳံးေတြျမင္ၿပီး Chanyeol တစ္ကိုယ္လုံး ေတာင့္တင္းသြားတယ္။

«အ႐ူး ! ဘာလို႔ အဲ့ေလာက္ျပဳံးေနရတာလဲ»

အားလုံးက ခ်စ္ဖို႔ေကာင္းတယ္ေျပာတဲ့အျပဳံးႏုႏုေလးေတြကို Chanyeolက မ်က္ေမွာက္ႀကီးၾကဳတ္ၾကည့္ၿပီး မႀကိဳက္သည့္ေလသံႏွင့္ေျပာလာတယ္။အျပဳံးေတြကို အလ်င္အျမန္ ႐ုပ္သိမ္းၿပီး Chanyeol ဆီမွ အၾကည့္လႊဲလိုက္တယ္။
ဒီမေကာင္းတဲ့သူငယ္ခ်င္းက အၿမဲတမ္း လူကို စိတ္မေကာင္းျဖစ္ေစတဲ့စကားလုံးေတြပဲ ေ႐ြးေျပာေနတယ္။

«ဘာျဖစ္သြားတာလဲ အဲ့ဒါ »

ေက်ာပိုးအိတ္ထဲမွာ အာကာသစာအုပ္ႀကီးထုတ္ၿပီး ဖတ္ေနေသာ Kyungsoo ကို Chanyeol ပိတ္ေအာ္လိုက္တယ္။အဲ့လိုမ်က္ႏွာေလးငယ္ၿပီး ၿငိမ္က်သြားရင္ မေနတတ္၊မထိုင္တတ္ျဖစ္ရတာကို
မသိဘူးလား။

«ငါ ေမးေနတယ္ေလ Doh Kyungsoo »

«မင္း ဘာလို႔ KyungSoo ကို ရန္လိုေနရတာလဲ။ သူက ဒီလိုအတိုင္းေလး ေအးခ်မ္းေနတာ။ပ်င္းစရာေကာင္းတယ္ ထင္ရင္လည္း လာမေပါင္းနဲ႔ »

အသံမာမာႏွင့္ ဆိုလိုက္ေလေတာ့ အခုမွ အခန္းထဲဝင္လာတဲ့ Sehun က သူ႕အနားအျမန္ေရာက္လာၿပီး Kyungsoo ဘက္က ကာကြယ္ေပးတယ္။သူ ဘာမွမေျပာရေသးဘူး။ဇြတ္အတင္းနားလည္မႈလႊဲၿပီး Kyungsoo ကို ဆြဲေခၚသြားတဲ့ဒေကာင့္သားကိုၾကည့္ၿပီး လက္သီးကို ေလထဲ ပစ္ထိုးလိုက္တယ္။အ႐ူးေကာင္ Oh Sehun!!ငါက Kyungsoo မ်က္ႏွာမေကာင္းလို႔ ဒီအတိုင္းေမးလိုက္တာ။ေဒါသထြက္ေနတာ မဟုတ္ဘူး။

.
.
.

Sehun ေခၚရာေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားတဲ့ Kyungsoo က ေတာ္ေတာ္ႏွင့္ ျပန္မလာပါ။အၿမဲ စာမွ စာ။စာပဲ ဖိလုပ္ေနသူက အတန္းခ်ိန္တစ္ခ်ိန္ၿပီးမွ ျပန္ေရာက္လာတယ္။ Sehun က ဘယ္ေတြနားခ်လိုက္လဲ မသိပါ။သူကို ေယာင္လို႔ပင္ မၾကည့္ေတာ့။ေရာက္ကတည္း မ်က္လႊာေလးခ်ၿပီး ေခါင္းငုံေနတယ္။

Sehun ကိုၾကည့္လိုက္ေတာ့လည္း မ်က္ေမွာက္ႀကီးၾကဳတ္ၿပီး ျပတင္းေပါက္ကို ၾကည့္ေနတယ္။ႏွစ္ေယာက္လုံး သူကို စိတ္ဆိုးေနတာ သိလိုက္ရေတာ့ ၿငိမ္ၿငိမ္ေလး ေနလိုက္တယ္။

Kyungsoo မ်က္ႏွာမေကာင္းလွ်င္ ဘာမွန္းမသိ ေဒါသထြက္ကာ ထိုအရာကို သိခ်င္လာတယ္။ထိုမေကာင္းသည့္စိတ္ေၾကာင့္ အၿမဲ Kyungsoo အေပၚ အႏိုင္ယူေနသလိုျဖစ္ေနတာကိုလည္း သိတယ္။ဒါေပမယ့္ သူေမးမွ အရာအားလုံးကို ေျပာျပတတ္သည့္Kyungsooအက်င့္ေၾကာင့္ ထိုသို႔ ဆက္ဆံရတယ္။ေလသံေပ်ာ့ေနလွ်င္ Kyungsoo က သူကို မေၾကာက္ပါ။လပိုင္းေလာက္ႀကီးသည့္ကို အခြင့္ေကာင္းယူကာ Kyungsooအေပၚ အၿမဲဆရာႀကီးလုပ္ခဲ့သည့္သူက Kyungsoo ဆီက ဦးစားမေပးခံရလွ်င္ ကေလးႀကီးတစ္ေယာက္လို စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းရတယ္။

ထို႔အျပင္ Kyungsooကို Sehun ႏွင့္ အတူတူပူးတြဲျမင္ရလွ်င္ အလိုလိုဝမ္းနည္းလာတယ္။အရာအားလုံးကို ဆုံး႐ႈံးလိုက္ရသလိုမ်ိဳး တစ္ေလာကလုံးကို အ႐ြဲ႕တိုက္ပစ္လိုက္ခ်င္တယ္။အခု Kyungsooက Sehun စကားနားေယာင္ၿပီး သူကို သူစိမ္းေတြလို ျပဳမႈေနတာျမင္ေတာ့ ရင္ဘတ္ထဲက ဆူးၿပီးေအာင့္လာတယ္။

ဘာျဖစ္ျဖစ္ ပ်င္းစရာေကာင္းတဲ့ဒီသူငယ္ခ်င္းကို စြန္႔ပစ္လိုက္ရမလား ေတြးေနမိတယ္။

သူ မကာကြယ္ေပးလည္း Sehun ႐ွိေနၿပီေလ။

★"★"

22.11.23🍎

Continue Reading

You'll Also Like

561K 12.4K 39
In wich a one night stand turns out to be a lot more than that.
239K 5.9K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1.1M 48.7K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1K 92 10
နာကျင်ရမယ်မှန်းသိရင် ဆူး အစကတည်းက Darling ကိုရော ၊ မောင့်ကိုရော ဆူးချစ်ခဲ့မိမှာမဟုတ်ဘူး။ နာကျင်မှု့ကင်းမဲ့စွာနဲ့ ဆူး သေဆုံးပစ်လိုက်မှာ။ ••• နာက်င္ရမ...