My beloved school president (...
By 95blackcoffee95
9.4K 1K 101
ကျွန်တော်ချစ်ရတဲ့ကျောင်းသားဥက္ကဌလေး More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း (၁၀)
final (Unicode)
Final (Zawgyi)
အပိုင်း(၅)
684 100 5
By 95blackcoffee95
Unicode
"ဟဲ့ နင်တို့ကြားပြီးပြီလား စီနီယာဂျီအွန်းက ကျောင်းပြန်တက်တော့မှာတဲ့ "
"ဟုတ်လား ? နိုင်ငံလက်ရွေးစင်အသင်းထဲပါကတည်းက
ကျောင်းနားလိုက်တာမလား "
"ဟုတ်တယ်လေ သူ့ပြိုင်ပွဲတွေဆိုအရမ်းကြည့်ကောင်းတာပဲ
ရုပ်လည်းချောတယ် ၊ ပိုက်ဆံလည်းရှိတယ်၊ အရည်အချင်း
ကလည်းရှိသေးတယ် "
"ဟုတ်ပါရဲ့ လောကကြီးက မတရားလိုက်တာ "
စတဲ့ စတဲ့ စီနီယာဂျီအွန်းဆိုတဲ့ လူအကြောင်းနဲ့ပတ်သတ်ပြီး
ဟာအိုကျောင်းထဲကိုဝင်လာတာနဲ့ကြားရတဲ့စကားတွေထဲက
တချို့ဖြစ်ပြီး ကျောင်းကကောင်မလေးတွေစုပြီးပြောနေကြတဲ့ခေါင်းစဥ်ကတော့ ဒီတစ်မျိုးထဲပင် ။
"ရစ်ကီ မင်းရော စီနီယာဂျီအွန်းဆိုတဲ့လူအကြောင်းကြားသေးလား"
"မကြားစရာလား ဒီတစ်မနက်လုံးလူတိုင်းဒီအကြောင်းကိုပြောနေကြတာလေ "
"ဟုတ်လား ? ကြည့်ရတာ အရမ်းတော်တဲ့လူဖြစ်မယ် "
"မင်းက အားကစားပွဲတွေမကြည့်လို့သိမှာမဟုတ်ဘူး
သူက နိုင်ငံ့ဘတ်စကတ်ဘောလက်ရွေးစင်အသင်းထဲကလေ
နာမည်အပြည့်အစုံက ကင်ဂျီအွန်းတဲ့ "
"ဝိုး....သိလှချည်လား "
"ငါလည်းဘတ်စကတ်ဘော ကစားနေတဲ့လူလေ
နိုင်ငံ့ပွဲတွေမကြည့်ဘူးပဲ ဘယ်နေပါ့မလဲ "
ရစ်ကီရဲ့စကားကိုဟာအို ခေါင်းညိတ်ထောက်ခံလိုက်ပြီ
စာအုပ်ထုတ်ကာ စာလေ့လာရန်ဆုံးဖြတ်လိုက်တော့သည်။
အတန်းခေါင်းဆောင်ဖြစ်သွားတဲ့နောက်ပိုင်းဟာအိုမှာ
အားရင်အားသလိုစာလုပ်ထားရသည်။ မဟုတ်လျှင်
အစည်းအဝေးခဏခဏ ခေါ်တတ်တဲ့ ဟန်ဘင်းကြောင့်
သူစာနောက်ကျရပေါင်းလဲများပြီ ။
နဂိုတည်းက သူတို့နှစ်ယောက်ရဲ့ကောလဟာလတွေကထွက်
နေပါတယ်ဆိုမှ ဆရာမက ရုတ်တရက်အတန်းခေါင်းဆောင်
ခန့်လိုက်တော့ အခုဆို ဟန်ဘင်းနဲ့မတွေ့ဖို့ကိုဘယ်လိုမှရှောင်မရအဲ့တာကြောင့်မထူးဇာတ်ခင်းပြီး ဒီအတိုင်းနေနေလိုက်တော့
တယ် ။လူတွေထင်ချင်သလိုထင်ကြပါစေတော့။
"ကဲ ကလေးတို့ "
အတန်းပိုင်ဆရာမက ရောက်လာတာကြောင့် ဟာအိုဆရာမဆီအကြည့်ပို့လိုက်တော့ ဆရာမဘေးမှာ လူတစ်ယောက်ကို
တွေ့လိုက်ရတယ် (တစ်နည်းအားဖြင့်ပြောရရင် အရမ်း
ကြည့်ကောင်းတဲ့လူပေါ့ )။
"အားလုံးလဲ သိပြီးလောက်ပြီဖြစ်ပေမယ့် ဒါက
မင်းတို့အားလုံးရဲ့စီနီယာအစ်ကိုကြီး နိုင်ငံ့ဘတ်စကတ်ဘော
လက်ရွေးစင်အသင်းထဲပါသွားလို့ ကျောင်းပြီးအောင်မတက်
ခဲ့ရဘူး ၊ ဒီနှစ်မှ အသင်းကခွင့်ပြုပေးလို့ ကျောင်းလာတက်တာစာသင်ရင်း လေ့ကျင့်ရမှာမို့ စာမလိုက်နိုင်ရင်ကူလိုက်ကြဦးနော်"
"ဟုတ်ကဲ့ပါ "
ဆရာမစကားကိုအားလုံးတစ်ညီတစ်ညာတည်းထောက်ခံလိုက်ကြသည်။ ဘယ်သူက နိုင်ငံ့လက်ရွေးစင်ကစားသမားနဲ့
မရင်းနှီးချင်ဘဲနေမှာလဲ ။
"အားလုံးပဲ အစ်ကိုက ကင်ဂျီအွန်းလို့ခေါ်ပါတယ် "
နာမည်လေးမိတ်ဆက်လိုက်ရုံနဲ့ လက်ခုပ်သံက ဟာအိုတို့ပြောင်းလာတုန်းကနဲ့ခြားနားစွာ အခန်းကြီးပါပွင့်ထွက်မတတ်ကျယ်လောင်တာမို့ ဟာအို ထိုလူကိုဘဲ ကြည့်နေမိတော့သည်။
"ဂျီအွန်းလေး လွတ်တဲ့နေရာတွေရှိတာမို့ ကိုယ်ကြိုက်တဲ့နေရာကိုဝင်ထိုင်လိုက်နော် ဆရာမ ရုံးခန်းခဏသွားလိုက်ဦးမယ် "
"ဟုတ်ကဲ့ဆရာမ "
ထို့နောက်ဂျီအွန်းဝင်လာတော့ ကိုယ့်ဘေးမှာနေရာလွတ်ရှိတဲ့
လူတွေက ဂျီအွန်းဘယ်သူ့နားထိုင်မယ်ဆိုတာ ရင်ခုန်ရင်း
သူတို့နားမှာလာထိုင်ဖို့ကိုလည်းတိတ်တိတ်လေးဆုတောင်းနေကြသည်။
သို့သော်ဂျီအွန်းက လွတ်တဲ့ ခုံဆီကိုမသွားဘဲ ဟာအိုနောက်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ရှေ့ကိုသွားရပ်ပြီး
"ဒီကညီလေး အဆင်ပြေရင် အစ်ကို့ကိုနေရာဖယ်ပေးလို့ရမလားအစ်ကိုပြတင်းပေါက်နားမှာထိုင်ချင်လို့ "
ဂျီအွန်းက ယဥ်ယဥ်ကျေးကျေးပင်တောင်းဆိုလာတာမို့တစ်ဖက်လူက ရကြောင်းပြောပြီး တခြားနေရာလွတ်ခုံဆီကိုရွှေ့သွားလိုက်တော့သည်။
ဟာအိုတို့ကျောင်းက နှစ်ထပ်ဖြစ်ပြီး ဟာအိုရဲ့အခန်းကနေ
ဆို ဘောလုံးကွင်းကိုလှမ်းမြင်ရသည်။ ဟာအိုက
ပြတင်းပေါက်ဘေး နောက်ဆုံးခုံရဲ့ ရှေ့တန်းမှာထိုင်တာမို့
ဂျီအွန်းရဲ့နေရာက ဟာအိုရဲ့ နောက်မှာဖြစ်သည်။
စာရေးစားပွဲတွေက တစ်ယောက်ခုံတွေဖြစ်တာကြောင့်
ဂျီအွန်းလိုအားကစားသမားတွေအနေနဲ့ စာသင်ချိန်အခန်းထဲမှာမှောက်အိပ်ရင် ဘယ်သူ့မှအနှောင့်ယှက်ပေးလို့မရဘဲ
အေးအေးချမ်းချမ်းအိပ်နိုင်မည့် နေရာပင်ဖြစ်သည်။
ဂျီအွန်းက ထိုနေရာကိုရွေးလိုက်တဲ့အချိန်ဟာအိုလက်သီးလေး
တွေပင်ဆုပ်ထားမိသေးသည် ။ နာမည်ကြီးတစ်ယောက်က
သူ့နောက်က ခုံမှာထိုင်မှာမလား ဘယ်သူကစိတ်မလှုပ်ရှားဘဲ
နေမှာလဲ ။
နဂိုထိုင်နေကျကောင်လေးက နေရာရွှေ့ပြီးတာနဲ့ ဂျီအွန်းက
ဝင်ထိုင်လိုက်ပြီး ပထမဆုံးလုပ်တဲ့အရာက ဟာအိုကို
လှမ်းခေါ်ခြင်းပင် ။ အရင်ကဆိုဆရာမမရှိတာနဲ့ ဝက်ဝက်ကွဲ
ဆူညံနေတတ်တဲ့လူတွေပင် ဒီနေ့ငြိမ်နေပြီး ဂျီအွန်းရဲ့အပြုအမူတွေကိုပဲစောင့်ကြည့်နေကြသည်။
ဒါကြောင့် ဂျီအွန်းက ဟာအိုကိုလှမ်းခေါ်တာကို အားလုံးရှင်းရှင်းလင်းလင်းကြားကြရသည်။
"နာမည်ဘယ်လိုခေါ်လဲ ?"
ဒါက ဂျီအွန်းက ဟာအိုကိုပထမဆုံးစကားစပြောတာကြောင့်
ဟာအိုမှာ သူ့ရဲ့ထိုင်ခုံလေးကိုအနည်းငယ်ရွှေ့လိုက်ပြီး
ဂျီအွန်းဘက်ကိုအနည်းငယ်လှည့်ကာ သူ့နာမည်က
ကျန်းဟာအိုဖြစ်ကြောင်းပြောလိုက်တော့သည်။
"အာ.... တရုတ်လူမျိုးကိုး ! ကိုယ့်ကိုသိလား ?"
ဂျီအွန်းရဲ့ လျှက်တစ်ပြက် မေးခွန်းကြောင့်ဟာအိုရုတ်တရက်
ဘာပြန်ဖြေရမှန်းမသိ ၊ သိတယ်လို့ဖြေရင်လည်း လိမ်ရာကျသလို၊မသိဘူးလို့ဖြေလိုက်ပြန်ရင်လည်း စီနီယာပါဝါနဲ့ သူ့ကို
ပစ်မှတ်ထားအနိုင်ကျင့်လာမှာကို ဟာအိုသိပ်သိပ်ကြောက်ပါသည်။ဘာလို့လဲဆိုတော့ တောင်ကိုးရီိးယားမှာက စီနီယာတွေကသြဇာရှိသည်မလား?
"ဒီလောက်တောင်စဥ်းစားနေပုံထောက်ရင် ကိုယ့်ကိုမသိဘူးပဲ
....အဟက် "
ဂျီအွန်းက အသံထွက်ရုံသာရယ်လောက်ပေမယ့် ထိုရယ်သံက
တစ်ခန်းလုံးကြားသွားစေရန်လုံလောက်ခဲ့ပြီး နဂိုတိတ်နေတဲ့
အခန်းက ပို၍ပင် တိတ်သွားတော့သည်။
"တောင်း...တောင်းပန်ပါတယ် ကျွန်တော် စီနီယာ့ပွဲတွေ
ရှာပြီးကြည့်ထားလိုက်ပါ့မယ် "
"ဟား ဟား "
ဂျီအွန်းရဲ့ရယ်သံက ပိုပြီးကျယ်လာတာကြောင့် ဟာအိုသူ့ကိုယ်သူနောင်တရမိသွားတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ်လိမ်လိုက်ရင်ပြီးပြီကို ဒီပါးစပ်ကဘယ်လိုထွက်မလာဘူး ။ပြီးတော့အရေးနဲ့အကြောင်းဆို ရစ်ကီက သူ့နားမှာမရှိဘူး ။
ရစ်ကီရှိရင် ရစ်ကီက အနေအေးပြီး ဘာသိဘာသာနေတတ်ပေမယ့်ဟာအိုကိုတော့ အခုအလိုအခြေနေကနေကယ်တင်ပေးမှာပင်။
"ကိုယ့်ကိုကြောက်နေတာလား ?"
"ဟုတ်! "
ဟာအို 'ဟုတ်'လို့ဖြေပြီးသွားမှာပဲ မဟုတ်ဘူးဆိုတဲ့အကြောင်း
အသည်းသန်ပြန်ရှင်းပြတော့ ဂျီအွန်းက ဘာမှမပြောလာပဲ
ရယ်ရုံသာရယ်နေတော့သည်။
"မကြောက်ပါနဲ့ ကိုယ်ကဒီအတိုင်းသိချင်လို့မေးလိုက်တာ
စီနီယာပါဝါပြဖို့မဟုတ်တာမို့ မကြောက်လည်းရတယ် "
ဂျီအွန်းရဲ့စကားကြောင့် ဟာအို ဂျီအွန်းရဲ့မျက်လုံးတွေကိုကြည့်မိသွားသည်။ ဟာအိုဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲမှာပြောထားတယ်
လူတစ်ယောက်စကားပြောရင်မျက်လုံးကိုကြည့်ပါတဲ့
အဲ့တာဆိုရင် အဲ့လူပြောတဲ့စကားက အမှန်လားလိမ်နေတာလားဆိုတာသိရလိမ့်မယ်တဲ့ ။ ဂျီအွန်းရဲ့တည်ငြိမ်နေတဲ့မျက်လုံးတွေအရ
ဂျီအွန်းအမှန်တိုင်းပြောနေတာဖြစ်ကြောင်းသိရမှပဲ ဟာအို
သက်ပြင်းကိုအသာလေးချပြီး ထိုင်ခုံကို ဂျီအွန်းဘက်
နည်းနည်းလေးထပ်မကာလှည့်လိုက်ပြီး ဒုတိယအကြိမ်
ကိုယ့်ကိုယ်ကိုတရားဝင်မိတ်ဆက်လိုက်တော့သည်။
"မင်္ဂလာပါ စီနီယာ ကျွန်တော့်နာမည်က ကျန်းဟာအိုပါ
တရုတ်ပြည်ဖူကျန့်ကလာတာ ၊ ဒီကိုရောက်တာ တစ်လခွဲလောက်ပဲရှိပါသေးတယ် "
"ဟုတ်လား ? ဒါဆို ကိုးရီးယားကိုနေရာစုံမရောက်ဖူးလောက်
သေးဘူးပဲ ရင်းရင်းနှီးနှီးနေကြရအောင်လေ ပိတ်ရက်တွေကျရင်မသွားဖူးတဲ့နေရာတွေနဲ့ စားကောင်းတဲ့ဆိုင်တွေကိုလိုက်ပို့ပေးမယ်"
"အာ..! ရပါတယ် စီနီယာကိုအနှောင့်ယှက်မပေးတော့ပါဘူး "
"အနှောင့်ယှက်ဆိုတာ ကိုယ်ကမလိုချင်မှလေ ကိုယ်ကိုယ်တိုင်ကလိုလားနေရင် ဆုလာဘ်လို့ခေါ်တယ် ၊ ကိုယ်က
ကျန်းဟာအိုကိုလိုလိုလားလားလိုက်ပို့ပေးချင်တာပါ
မိတ်ဖြစ်ဆွေဖြစ်ပေါ့"
"အဲ့ဒါက !"
အခုမှမြင်ဖူးတဲ့လူဆီက ဒီလိုစကားမျိုးတွေကြားရတာမို့
ဟာအိုအတွက် စိမ်းသက်နေပေသည် ။ပုံမှန်ဆို ဒီစကားတွေကခင်ပြီးတစ်လလောက်နေမှပြောသင့်တာမလား ?
"ဘာလို့လဲ ကိုယ်နဲ့မခင်ချင်လို့လား ?"
"မဟုတ်ပါဘူး ? အဲ့လိုတော့ "
"ဒါမှမဟုတ် ချစ်သူက တခြားလူနဲ့ရင်းနှီးခွင့်မပြုလို့လား ?"
"အဲ့လိုလည်းမဟုတ်ပါဘူး ကျွန်တော့်မှာချစ်သူမရှိပါဘူး"
"တကယ်လားဒါဆိုအဆင်ပြေသွားတာပေါ့ ရော့ မင်းဖုန်းနံပါတ်ထည့်ပေး "
ဂျီအွန်းကမ်းပေးလာတဲ့ဖုန်းကို ဟာအိုက လှမ်းယူမလို့လုပ်လိုက်ပေမယ့် ဟာအိုလက်ထဲကိုမရောက်ခင် တစ်စုံတစ်ယောက်ဆွဲလု
လိုက်ခြင်းကိုခံလိုက်ရတော့ တရားခံကို ဂျီအွန်းရော
ဟာအိုရော နှစ်ယောက်လုံးကပြိုင်တူကြည့်လိုက်ကြသည်။
"ဟန်ဘင်း "
ဟာအိုကို ပြောစရာရှိရင်တောင် အပြင်ကနေပဲလှမ်းခေါ်တတ်တဲ့ဟန်ဘင်းက အခုလိုအခန်းထဲရောက်လာပြီး သူများဖုန်းကိုပါဆွဲယူသွားတာမို့ ဟာအိုလန့်သွားတော့သည်။ ပြီးတော့လည်းဟန်ဘင်းကိုကြည့်ရတာဒေါသထွက်နေသလိုလို ။
"ရော့ ဒီမှာခင်ဗျားဖုန်း ဟာအိုဟျောင်းက ဖုန်းမသုံးဘူး "
ဟုပြောကာ ဟာအိုဘက်လှည့်၍
"ဟျောင်းက ခနလိုက်ခဲ့ "
ပြီးတော့ ဟာအိုဘာမှမပြောနိုင်သေးခင်မှာပင် ဟန်ဘင်းက
ဟာအိုလက်ကို အတင်းဆွဲခေါ်တာမို့ ဟာအိုမှာ ကျန်ရစ်ခဲ့သူ
စီနီယာအား တစ်ချက်လောက်သွားဦးမည်ဖြစ်ကြောင်း
လှမ်းပြောလိုက်ရသေးသည် ။
ထို့နောက် ဟန်ဘင်းရဲ့ဦးတည်ရာက ကျောင်းခေါင်မိုးထပ်ဆီ
"ဟန်ဘင်း နေပါဦး ဘာလို့ ဒီလောက်တောင်ဆွဲနေရတာလဲ
ငါ့လက်တွေနာနေပြီး လွှတ်တော့ !"
နောက်ဆုံး လူရှင်းတဲ့ခေါင်မိုးထပ်ကိုရောက်မှသာ ဟန်ဘင်း
ဟာအိုကိုလွှတ်ပေးလိုက်တော့သည်။
"ဟျောင်း ဘာတွေလုပ်နေတာလဲ ?"
"ငါ ဘာတွေလုပ်နေလို့လဲ ?"
"ဘာတွေလုပ်နေလို့လဲ ? ဟုတ်လား ? ဒီမှာကြည့် "
ဟန်ဘင်းက သူ့ဖုန်းကိုထိုးပြတာကြောင့် ဟာအိုကြည့်လိုက်တော့ကျောင်းဖိုရမ်မှာတင်ထားတဲ့သတင်းတစ်ခု
"နိုင်ငံ့လက်ရွေးစင် ဘတ်စကတ်ဘောအားကစားသမား
ကင်ဂျီအွန်းသည် ချစ်သူဖြစ်သူပညာသင်ဆုရကျောင်းသားသစ်ကျန်းဟာအိုကြောင့် နိုင်ငံခြားပွဲစဥ်များကို
ခေတ္တရပ်ဆိုင်းပြီး ကျောင်းပြန်တက်ခြင်းဖြစ်ကြောင်း
ခန့်မှန်းရ "
"ဟမ် "
သတင်းဖတ်ပြီး ဟာအိုသည် ဟန်ဘင်းအားကြည့်လိုက်ပြီး
"ငါက သူနဲ့စကားပြောတာ ဆယ်မိနစ်တောင်မရှိသေးဘူးလေ
အဲ့တာကို ဘယ်လိုဖြစ်လို့ ချစ်သူတွေဖြစ်သွားရတာလဲ
အဲ့ဒါကြောင့်ဒေါသထွက်ပြီး ငါ့ကိုဒီအထိဆွဲခေါ်လာတာလား?
ငါ့လက်တွေကိုကြမ်းကြမ်းတမ်းတမ်းကိုင်ပြီးတော့လေ "
ဟာအိုပြောမှပဲ ဟန်ဘင်းသူဆွဲလာခဲ့တဲ့ ဟာအိုရဲ့
လက်ကောက်ဝတ်ဆီိကိုအကြည့်ပို့လိုက်မိတော့ ဟာအိုရဲ့
လက်ကောက်ဝတ်နေရာလေးနီရဲနေတာကိုတွေ့လိုက်ရသည်။
"ဟျောင်း! "
ဟန်ဘင်းက ဟာအိုကိုခေါ်ကာ လက်ကိုကိုင်မယ်အပြု
ရှောင်လိုက်တဲ့ဟာအိုကြောင့် ဟန်ဘင်း ဟာအိုရဲ့မျက်နှာ
ကိုကြည့်လိုက်မိပြီး သူ့ရဲ့စိတ်လိုက်မာန်ပါလုပ်လိုက်မိတဲ့
ကိစ္စကြောင့် ပထမဆုံးနောင်တရမိသည်ပင်။
"တောင်းပန်ပါတယ်ဟျောင်း ~ ကျွန်တော်မရည်ရွယ်ပါဘူး
ဒီအတိုင်း... ပိုစ့်ကိုတွေ့လိုက်ရလို့ ထူပူသွားပြီးတော့
လုပ်မိလုပ်ရာလုပ်လိုက်မိတာ ...ဟျောင်းကိုနာကျင်သွားစေဖို့
မရည်ရွယ်ပါဘူး တကယ်ပြောတာပါ "
ဒီအချိန်မှာ ဟာအို ဟန်ဘင်းရဲ့နောက်ထပ်မျက်နှာ
နောက်တစ်မျိုးကို ထပ်မံမြင်တွေ့လိုက်ရလေသည်။
သူ့ကိုယ်သူအပြစ်တင်နေတဲ့မျက်နှာမျိုး အခုချိန်ဟာအို
နောက်လှည့်လိုက်လျှင် ဆောင်းဟန်ဘင်းကသူ့ကိုယ်သူ
ထိခိုက်အောင်လုပ်တော့မယ်လို့ ဟာအိုခံစားနေရတယ် ။
"ဟျောင်း အတန်းပြန်တော့လေ "
"မင်းကရော "
"ကျွန်တော် ခဏနေပြီးမှပြန်မယ် "
"ဒါဆိုငါသွားနှင့်ပြီ "
ဟန်ဘင်းတစ်ယောက်တည်း နေခဲ့ပြီးဘာလုပ်မလဲဆိုတာသိချင်တာကြောင့် ဟာအိုတိတ်တိတ်လေး စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်ပြီး အောက်ဆင်းတဲ့လှေကားဘက်ကိုထွက်လာခဲ့လိုက်တော့သည်။
ဟာအိုထင်တဲ့အတိုင်းပင် ဟာအိုထွက်သွားပြီးမကြာခင်
ဟန်ဘင်းက ဟာအိုကိုနာကျင်အောင်လုပ်
တာကြောင့် သူ့ကိုယ်သူအပြစ်တင်စကားများပြောပြီး
နံရံကိုအချက်ပေါင်းများစွာ
ထိုးနှက်တော့သည်။ဟာအိုလည်းစောင့်ကြည့်ပြီးမျက်ရည်ကျရုံသာတတ်နိုင်ခဲ့သည် ။
အကယ်၍သူသွားတားခဲ့လျှင် ဟန်ဘင်းကို
ပိုပြီးစိတ်မကောင်းဖြစ်အောင်သာ လုပ်မိမှာမို့
သူ့ကိုယ်သူအပြစ်တင်နေသူအား သွားရောက်တားဆီးရန်
မကြိုးပမ်းတော့ပဲ အတန်းကိုသာပြန်လာခဲ့လိုက်တော့သည်။
TBC~~~~~
Zawgyi
တော့မှာတဲ့ "
ကလည်းရှိသေးတယ် "
ကြတာလေ "
"ဝိုး....သိလှချည်လား "
"ကဲ ကလေးတို့ "
"ဟုတ်ကဲ့ပါ "
"ဟုတ်ကဲ့ဆရာမ "
သည်။
သည်။
စာရေးစားပွဲတွေက တစ်ယောက်ခုံတြွေဖစ်တာကြောင့်
နေမှာလဲ ။
လင်းလင်းကြားကြရသည်။
"နာမည်ဘယ်လိုခေါ်လဲ ?"
သြဇာရှိသည်မလား?
....အဟက် "
"ဟား ဟား "
"ဟုတ်! "
ရှိပါသေးတယ် "
လိုလားနေရင် ဆုလာဘ်လို့ခေါ်တယ် ၊ ကိုယ်က ကျန်းဟာအိုလေး
ကိုလိုလိုလားလားလိုက်ပို့ပေးချင်တာပါ မိတ်ဖြစ်ဆြွေဖစ်ပေါ့"
"အဲ့ဒါက !"
အခုမြှမင်ဖူးတဲ့လူဆီက ဒီလိုစကားမျိုးတွေကြားရတာမို့
ထည့်ပေး "
"ဟန်ဘင်း "
"ဟျောင်းက ခနလိုက်ခဲ့ "
"ငါ ဘာတွေလုပ်နေလို့လဲ ?"
ခန့်မှန်းရ "
"ဟမ် "
အဲ့တာကို ဘယ်လိုဖြစ်လို့ ချစ်သူတြွေဖစ်သွားရတာလဲ
"ဟျောင်း! "
"မင်းကရော "
"ကျွန်တော် ခဏနေပြီးမြှပန်မယ် "
"ဒါဆိုငါသွားနှင့်ပြီ "
TBC~~~~~
Continue Reading
You'll Also Like
72.5K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
210K 12.3K 15
#Unicode သူဌေးကြီးတစ်ယောက်ရဲ့ တရားမဝင်သားအဖြစ်နဲ့ မွေးဖွားလာတဲ့ကောင်လေး... ဘဝကိုဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ကောင်လေး... အချစ်ဆုံးသူငယ်ချင်းနဲ့ချစ်...
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
110K 4.8K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...