မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်...

By Ssinlet_aeri

17.3K 2.7K 221

Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Ho... More

Description
အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂ : ဂျန်နရေးရှင်းကွာဟချက်
အပိုင်း ၃ : စိတ်ဝိညာဉ်
အပိုင်း ၄ : ရှဲ့ဝမ်း
အပိုင်း ၅ : ပုံတူပန်းချီကား
အပိုင်း ၆ : အရုပ်
အပိုင်း ၇ : ကြည့်မှန်
အပိုင်း ၈ : အံဆွဲ
အပိုင်း ၉ : မှတ်စုစာအုပ်
အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း
အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း
အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း
အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း
အပိုင်း ၁၄ : ဧည့်သည်ဖိတ်ခေါ်ခြင်း
အပိုင်း ၁၅ : သုံးဆောင်ခြင်း
အပိုင်း ၁၆ : ညဉ့်နက်လမ်း
အပိုင်း ၁၇ : အခက်ကြုံခြင်း
အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ
အပိုင်း ၂၀ : ဆန့်ကျင်ဘက်
အပိုင်း ၂၁ : ဒဏ္ဍာရီလာ
အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း
အပိုင်း ၂၃ : အိမ်ပြန်ခြင်း
အပိုင်း ၂၄ : ကျန်းလန်
အပိုင်း ၂၅ : မမျှော်မှန်းထားသော
အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း
အပိုင်း ၂၇ : အတိတ်နေ့စွဲများ
အပိုင်း ၂၈ : ခြေရာလက်ရာ
အပိုင်း ၂၉ : ရေစက်ဆုံခြင်း

အပိုင်း ၁၈ : ကြမ္မာရေစက်

379 80 4
By Ssinlet_aeri

[Unicode ]

ကောင်းလိုက်တဲ့ နည်းစနစ် ။ လက်ဆင့်မကမ်းလိုက်ရရင် နှမြောစရာပဲ ။ အချိန်ရရင် ငါ့ကိုလဲ ‌သင်ပေးပါအုံး

အဲ့တာ ဝဋ်လည်တာပဲ ။

ဝမ်းရှီ စိတ်ထဲတွင် ထိုသို့ ပြောလိုက်သည့်တိုင် သူသည် အင်မတန် တည်ငြိမ်စွာဖြင့် ရှင်းပြလာသည် ။ "ငါတမင်လုပ်တာ မဟုတ်ဘူး "

"*ရှောင်---" ရှဲ့ဝမ်းတစ်ယောက် တစ်ခုခုနင်သွားပုံရပြီး ဒေါသထွက်ရာမှ ဖြစ်တည်လာသော ရယ်သံဖြစ်ဖို့များသည် ။ "မင်းအဲ့လိုပြောတာ စိတ်မကောင်းလေးတောင်မဖြစ်ဘူးလား  ? "

『*ရှောင် -နာမည်ရှေ့မှာခေါ်တဲ့ ရှောင်(小)လေးပါ 』

"မဖြစ်ပါဘူး " ဝမ်းရှီသည် စကားအများကြီး မပြောတတ်သော်လည်း လူတစ်ယောက်ကို ပြောစရာစကားပျောက်ရှသွားအောင်တော့ ပိတ်ပြောပစ်နိုင်၏ ။ "ယုံချင်ယုံ မယုံချင်နေ "

"....."

ကိုယ်တစ်ပိုင်းဟန်ပြရုပ်၏ သွင်ပြင်အစိတ်အပိုင်းကင်းမဲ့နေသည့်မျက်နှာက သူ့ကို တည့်တည့်မျက်နှာမူနေသည် ။

ဘယ်သူ့မှာရော ဘဲဥပုံမျက်နှာ မရှိလို့လဲ ။

ဝမ်းရှီသည် ခေါင်းမာမာနှင့် ရှဲ့ဝမ်းကို အသံတိတ် ထိပ်တိုက်ရင်ဆိုင်နေလိုက်တော့သည် ။

သိသိသာသာကို အလွန်တရာ ထူးဆန်းလှသည့် မြင်ကွင်းဖြစ်သော်ငြား သူဌေးရှဲ့ကို စိတ်အနှောင့်အယှက်ဖြစ်သွားစေပုံပင် ။ သူ၏ လည်ချောင်းထဲမှ မရေမရာရယ်သံထွက်ပေါ်လာပြီး တစ်ဖက်လှည့်သွားကာ အသံတိုးတိုးဖြင့် "စည်းကမ်းနဲ့ကိုမညီဘူး "

ဝမ်းရှီ သူပြောသည်ကို အသေအချာ မကြားလိုက်ရပေ ။

ရှဲ့ဝမ်းက သူနှင့် မျက်နှာချင်းပြန်ဆိုင်လိုက်ကာ သော့ခတ်ထားသော မှန်တံခါးကို ညွှန်ပြလျက် ဖြည်းညင်းစွာ ပြောလာခဲ့သည် ။ "ဟုတ်ပါပြီ ။ ငါက စိတ်သဘောထားကောင်းတော့ မင်းသတိလက်လွတ်ဖြစ်သွားတာကြောင့်လို့ပဲ တွေးပေးလိုက်မယ် ။ အဲ့တော့ ငါ့ပုံက ဒီလိုဖြစ်နေတဲ့အချိန် ဒီတံခါးကနေ ငါဘယ်လိုထွက်သွားနိုင်မလဲဆိုတာ မင်းမှာ အကြံဉာဏ်လေးဘာလေး မရှိဘူးလား ? "

အမူအရာကင်းမဲ့စွာဖြင့် ဝမ်းရှီပါးစပ်မှ စကားတစ်ခွန်းထွက်ကျလာသည် ။ "တွားသွား "

ရှဲ့ဝမ်း : "....."

ယခုတစ်ခေါက်တွင်တော့ သူသည် အမှန်အကန် ရယ်မောလာတော့သည် ။ သူရယ်ပြီးသွားသည့်အချိန် ဆိုင်ခန်းမှာ တစပြင်တမျှ တိတ်ဆိတ်သွားပြန်၏ ။

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဝမ်းရှီသည် နောက်ဆုံးတော့ သူ့လက်ကို ရှဲ့ဝမ်းထံသို့ တွန့်ဆုတ်စွာ ဆန့်တန်းပေးလိုက်သည် ။ လက်တွဲခြင်းက အနည်းငယ် မိန်းကလေးဆန်သည်ဟု သူခံစားလိုက်ရသဖြင့် ပြောလိုက်သည် ။ "ထားလိုက်တော့ ။ ငါမင်းကို ဆွဲသွားမယ် "

'ဆွဲသွားမယ်'ဟူသည် ကြားကောင်းအောင်သာ ပြောလိုက်ခြင်းဖြစ်ပြီး လက်တွေ့တွင်တော့ ဝမ်းရှီသည် သူ့ကို တရွတ်တိုက်ဆွဲခေါ်သွားမည်ဟု ဆိုလိုသည် ။

ရှဲ့ဝမ်းက မလွှဲသာမရှောင်သာဖြင့် တုပ်တုပ်မျှ မလှုပ်လာခဲ့ချေ ။

ဝမ်းရှီ သူ့ကို ဆက်လက်ပြီး စောင့်ဆိုင်းမနေတော့ဘဲ နောက်လှည့်ကာ တံခါးထံသို့ လျှောက်သွားလိုက်တော့သည် ။

ကိုယ်ဟန်ပြအရုပ်၏ လက်ချောင်းများမှာ အလွန်တရာ တောင့်တင်းလွန်းနေသဖြင့် လက်ချောင်းမရှိသော အရုပ်နှင့် ဘာမျှမကွာခြားပေ ။ အပ်ချည်ကြိုးမျှင်ကို ထိန်းချုပ်ပြီး တံခါးအပြင်ဘက်ရှိ သတ္တုသော့ခလောက်ကိုဖွင့်ရန် မှန်တံခါးအဟကြားထဲမှ ကြိုးအား ဆန့်ထုတ်ရသည်ကိုပင် ဝမ်းရှီတစ်ယောက် အတော်ကြိုးစားအားထုတ်လိုက်ရသည် ။

သော့ခလောက်မှာ အချိန်အတော်ကြာ အသံမြည်ရိုက်ခတ်နေပြီး နောက်ဆုံးတွင်တော့ နှစ်ခြမ်းကွဲကာ ဆိုင်တံခါးရှေ့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည် ။ စက္ကန့်ပိုင်းအတွင်း သူခိုးအချက်ပေးစနစ်မှာ စတင်၍ အသံမြည်လာပြီး အနီနှင့်အပြာ မီးအလင်းရောင်များက ဆိုင်အတွင်း တဖျတ်ဖျတ်လင်းလာတော့၏ ။

ထိုအချက်ပေးဆူညံသံမှာ ရုတ်တရက်ဆန်ကာ ကျယ်လောင်စူးရှလှပြီး ပြောင်ရှင်းနေသော‌ ဈေးဝယ်စင်တာထဲ ပဲ့တင်ထပ်နေလျက် ။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် သံပန်းတံခါးကို တစ်ဝက်သာ ချထားသော ဖွင့်လှစ်ဆဲ ဆိုင်တစ်ဆိုင်ရှိနေသည် ။ အဘွားအိုတစ်ယောက်က တံခါးဝရှိ သစ်သားခုံတန်းတွင် ထိုင်နေပြီး ရှေးဟောင်းဆံထုံးအတုတစ်ခုနှင့်အတူ အနက်ရောင်အထက်အောက်ဝမ်းဆက် ဝတ်ဆင်ထားသဖြင့် သူမ မျက်နှာမှာ ခြောက်ခြားဖွယ် ဖြူစုတ်နေ၏ ။

အချက်ပေးသံကို ကြားသော် သူမသည် သူတို့ရှိရာသို့ လှမ်းကြည့်လာပြီးနောက် မတ်တပ်ထရပ်လိုက်လေသည် ။

ဝမ်းရှီသည် ခပ်တိုးတိုး ကျိန်ဆဲမိသွားရပြီး ချက်ချင်းပင် ဘေးတိုက်စောင်းလိုက်ကာ လက်ကိုမြှောက်လျက် လှုပ်ရှားမှုအလျဥ်းကင်းမဲ့စွာဖြင့် ဆိုင်ခန်းအဝင်ဝမှ အလှပြအရုပ်တစ်ခုနှယ် ဟန်ဆောင်လိုက်သည် ။

အမျိုးသမီးအိုကြီးက အနားသို့ လျှောက်လာလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း သူမသည် မီးသီးကိုသာ ပိတ်လိုက်ကာ ဆိုင်ထဲသို့ တုံ့နှေးနှေးခြေလှမ်းစိပ်များဖြင့် ဝင်သွားတော့သည် ။ သူမ လမ်းလျှောက်သည့်ပုံစံမှာ အင်မတန်ထူးဆန်းနေလျက် လမ်းလျှောက်သည်ထက် ခြေထောက်နှစ်ချောင်းလုံးကို တစ်ပြိုင်နက်တည်း တရွတ်တိုက်ဆွဲနေသည်နှင့် ပိုတူနေခဲ့ပြီး......

မမြင်နိုင်သော ကြိုးတစ်ချောင်းက သူမကို တန်းလန်းချိတ်ဆွဲကာ အရှေ့သို့ ဆွဲခေါ်နေသည့်အလား ပွတ်တိုက်ဆွဲငင်နေသည့် ခြေသံများ ထွက်ပေါ်လာ၏ ။

ဆိုင်ထဲသို့ ဝင်သွားပြီးနောက် သူမသည် ပြန်လှည့်လာကာ သံချိတ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး သံပန်းဆွဲတံခါးတွင် ချိတ်၍ အောက်သို့ ဆွဲပိတ်ချလိုက်တော့သည် ။ စက္ကန့်အနည်းငယ်အတွင်း၌ပင် ဆိုင်ထဲတွင် သူမကိုယ်သူမ ပိတ်လှောင်လိုက်လေ၏ ။

ဒါက ဘာအဓိပ္ပာယ်လဲ ?

ဝမ်းရှီသည် တံခါးဘေးတွင် အတောင့်လိုက်ရပ်နေရင်း အနည်းငယ် နားမလည်နိုင်ဖြစ်နေခဲ့သည် ။

များမကြာမီပင် ဘေးချင်းကပ်ဆိုင်ခန်းမှလည်း လှုပ်ရှားသံများ ထွက်ပေါ်လာ၏ ။ ဆိုင်ပိုင်ရှင်မှာ ဖောရောင်နေသော မျက်နှာနှင့် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်‌ယောက်ဖြစ်ပြီး မျက်လုံးအောက်တွင် မျက်ကွင်းများ ညိုမည်းနေကာ သူ့အသားအရည်အား သရဲတစ္ဆေတမျှ ကြက်သီးထဖွယ် ကောင်းနေစေလျက် ။

ထိုယောက်ျားသည် လက်ရန်းထံ လျှောက်လှမ်းသွားကာ ရှော့ပင်းမော၏ အောက်အလွှာသို့ တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ နောက်ပြန်လှည့်လာခဲ့သည် ။ သူသည် လက်ထဲရှိ နေ့လယ်စာထမင်းဘူးကို တည့်တည့်စိုက်ကြည့်နေရင်း ရေရွတ်လာ၏ ။ "တစ်ယောက်ယောက်ကို လာရှာပြန်ပြီ ။ သူ တစ်ယောက်ယောက်ကို လာရှာပြန်ပြီ ။ ဖမ်းမိသွားလို့ မဖြစ်ဘူး ။ ဖမ်းမိ....ငါ စားတောင် မစားရသေးတာ ။ ငါ မစားရသေးဘူး...."

ဝမ်းရှီ၏ အမြင်ရှုထောင့်မှ ကြည့်လျှင် ထိုအမျိုးသား၏နေ့လယ်စာထမင်းဘူးထဲ မည်သည့်အရာများ ပါဝင်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ ။

ထိုအမျိုးသားသည် သူ၏ကုတ်အင်္ကျီထဲသို့ နေ့လယ်စာဘူးကို ထိုးထည့်လိုက်ကာ ဘေးကပ်လျက်ရှိ ဆိုင်ထဲသို့ ဦးတည်လျှောက်သွားတော့သည် ။

တစ်ခဏမျှအကြာ ခပ်ဖောဖော အမျိုးသားလည်း သူ၏ဆိုင်ကိုပိတ်လိုက်သဖြင့် သံပန်းတံခါးဆွဲချသံက ထပ်မံ ပဲ့တင်ထပ်သွားလေသည် ။

ပြန့်ကျဲနေသော ဆိုင်ခန်းပိုင်ရှင်များမှာလည်း တစ်ဆိုင်ပြီးတစ်ဆိုင် သူတို့၏ဆိုင်ခန်းများကို ပိတ်လိုက်ကြပြီး ဈေးဝယ်စင်တာမှာ တစတစပိုမို မှောင်မည်းလာသည် ။

ဘာတွေ ဖြစ်ပျက်နေမှန်း ဝမ်းရှီ မသိသေးသော်လည်း တစ်စုံတစ်ယောက်ထံမှ သူတို့အားလုံး ပုန်းကွယ်နေကြခြင်းဖြစ်ကြောင်း သူခန့်မှန်းနိုင်၏ ။

လှောင်အိမ်ပိုင်ရှင်လား ?

အကယ်၍ တကယ်တမ်းသာ လှောင်အိမ်ပိုင်ရှင်ဖြစ်နေခဲ့လျှင် သည်လောက်အစောကြီး ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းက ကောင်းမွန်သော အကြံဉာဏ်မဟုတ်ပေ ။

ဆိုင်ထဲရှိ သူခိုးအချက်ပေးသံက ဆက်လက် အော်မြည်နေဆဲ ။

ဝမ်းရှီသည် မှန်တံခါးကိုသာ ကန်ဖွင့်ကာ ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည် ။

သူသည် ဆိုင်ပြင်သို့ ခြေလှမ်းတစ်လှမ်းပင် လှမ်းပြီးသော်ငြား ဆိုင်ထဲသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်လာကာ ရှဲ့ဝမ်း၏ကိုယ်တစ်ပိုင်းဟန်ပြအရုပ်ကို ပွေ့ချီလိုက်လေ၏ ။

ရှဲ့ဝမ်းက သူပြန်လှည့်လာမည်ကို အပြည့်အဝ မျှော်လင့်ထားပြီးဖြစ်ပုံရကာ ခပ်တိုးတိုး ရယ်မောလာသည် ။

မင်းဖင်ကြီးကို ရယ်နေတာလား ။

ဝမ်းရှီ တွေးလိုက်မိသည် ။

"မင်းမှာ အသိစိတ်တော့ ရှိသေးသားပဲ " ရှဲ့ဝမ်းက ဆိုသည် ။

ဝမ်းရှီသည် ခြေလှမ်းနှစ်လှမ်းသာ လှမ်းလိုက်ရပြီးနောက် ရှဲ့ဝမ်း၏စကားသံမှာ အလွန်နီးကပ်နေပြီး သူ့မျက်နှာကိုပင် ထိကပ်လုနီးဖြစ်နေကြောင်း ကြားလိုက်ရသည် ။ တကယ့်လူသားစင်စစ်သာ ဖြစ်နေခဲ့လျှင် ရှဲ့ဝမ်း၏ ဝင်သက်ထွက်သက်များက ဝမ်းရှီမျက်လုံးထောင့်ကိုပင် ပွတ်တိုက်ဖြတ်သန်းသွားလောက်၏ ။

ထိုအချိန်မှသာ အချင်းချင်း မျက်နှာချင်းဆိုင် ဖက်တွယ်ထားသည့် အနေအထားမှာ အနည်းငယ် ထူးဆန်းနေသလို ဝမ်းရှီခံစားလိုက်ရသည်ပေ...လူအစစ်မဟုတ်ဘဲ အတုဖြစ်နေခဲ့လျှင်တောင် ထူးဆန်းနေသေးဆဲ ။

ဝမ်းရှီ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ရပ်တန့်လိုက်ကာ ရှဲ့ဝမ်းမျက်နှာကို အရှေ့သို့မျက်နှာမူစေကာ ဦးခေါင်းအနောက်ဘက်ကို သူ့ဘက်ရှိနေစေရန် နေရာတွင်ပင် ရှဲ့ဝမ်းအား လှစ်ခနဲ အရှေ့လှည့်လိုက်လေ၏ ။

သို့နှယ်ပုံစံမျိုးဖြင့် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူရပ်တန့်လိုက်ပြန်သည် ။ ဤသည်ကလည်း မဟုတ်သေးဟု သူခံစားနေရသည် ။

ယခုအနေအထားက သူ့ဉာဏ်ရည်၌ ပြဿနာရှိနေသည်ဟု ထင်ရစေပြီး သူ့မြင်ကွင်းကိုလည်း ကွယ်နေသည်ပင် ။

သို့ဖြစ်၍ ဒေါသကိုထိန်းကာ နေရာထပ်လဲလိုက်ပြီး ကိုယ်တစ်ပိုင်းဟန်ပြအရုပ်ကို သူ့ကျောပေါ်  သယ်လိုက်၏ ။

တကယ်တမ်း သူ့အပြုအမူများတွင် ရှဲ့ဝမ်းကို ပြဿနာရှာချင်နေသည့် အကြံအစည် ရှိနေ‌ကြောင်း မည်သူမဆို ပြောနိုင်၏ ။ သို့တိုင် ရှဲ့ဝမ်းက တစ်ခွန်းတစ်ပါဒမျှ ဆိုမလာခဲ့ ။ အရွှေ့အပြောင်းလုပ်နေသည့် တစ်လျှောက်လုံး သူသည် ပုံမှန်မဆန်စွာပင် တိတ်ဆိတ်နေခဲ့သည် ။ သည်အတိုင်း ပွဲကြည့်နေသည်လား ၊ သို့မဟုတ် တခြားအကြောင်းအရာတစ်ခုကို အတွေးလွန်ကာ စိတ်ပျံ့လွင့်နေသည်လား မသိရချေ ။

ဤခံစားချက်က အနည်းငယ် ထူးဆန်းနေသည် ။ ဝမ်းရှီသည် တစ်ဖက်လူမှာ ပျောက်ကွယ်သွားပြီဟုပင် ထင်မိသွားလုမတတ်ပင် ။ ဝမ်းရှီ ဆိုင်ထဲမှထွက်လာချိန် မတတ်သာဘဲ မေးလိုက်မိတော့သည် ။ "မင်းရှိနေလား ? "

သူ့နောက်ကျောထက်ရှိလူမှာ နောက်ဆုံးတွင်တော့ လှုပ်ရှားလာ၏ ။

ရှဲ့ဝမ်းသည် ချောင်းနှစ်ကြိမ်မျှ ဆိုးလိုက်ပြီးနောက် အနည်းငယ်ကွဲရှနေသောအသံဖြင့် ပြန်‌အဖြေပေးလာသည် ။ "အင်း...ဘာလုပ်ချင်ပြန်ပြီလဲ ? "

သူ့အသံမှာ အင်မတန် ဩရှပြီး ဝမ်းရှီနားရွက်နှင့်လည်း အလွန်နီးကပ်နေသည် ။

ဝမ်းရှီ၏ ခြေလှမ်းများက တုန့်ခနဲ ရပ်ဆိုင်းသွားကာ သူ့ခေါင်းကို ဘေးဘက်သို့ အနည်းငယ်စောင်းလိုက်တော့သည် ။

အချိန်အနည်းငယ်အကြာတွင် သူ တည်ငြိမ်စွာ ညွှန်ကြားလိုက်၏ ။ "မင်း တစ်ချက်တစ်ချက် အသံနည်းနည်းထွက်ပေးရင် ကောင်းမယ် "

ရှဲ့ဝမ်း : "ဘာလို့လဲ ? မင်းရဲ့ဒေါသနဲ့ဆို ငါစကားအများကြီးပြောမိရင် ငါ့ကိုထပ်ပြီး ပါးစပ်ပိတ်ထားဖို့ပဲ ပြောမှာမဟုတ်လား ? "

ဝမ်းရှီ : "....."

ရှဲ့ဝမ်း : "အခုတောင် မင်းအဲ့လို အရမ်းပြောချင်နေပြီမှန်း ငါသိတယ် "

ဝမ်းရှီ : "....."

"မင်း တွားပဲသွားလိုက်တော့ " ဝမ်းရှီ ပြောလိုက်တော့သည် ။

"အလုပ်ဖြစ်တော့မှာမဟုတ်ဘူး " ရှဲ့ဝမ်းက ရယ်လျက် "ငါအခု အပေါ်ကိုရောက်နေမှတော့ အဲ့လောက်လွယ်လွယ် အောက်မဆင်းနိုင်တော့ဘူး ။ မင်းအခုတော့ အစာသွပ်အရုပ်ဖြစ်ရတာ အဲ့လောက်လဲ မဆိုးပါဘူးလို့ မထင်မိဘူးလား ? "

"....."

ဝမ်းရှီသည် သူ့ကိုအာရုံမထားတော့ဘဲ လူသူကင်းမဲ့နေသော လျှောက်လမ်းထံသို့သာ ဦးတည်လျှောက်လှမ်းလိုက်တော့သည် ။

စင်္ကြံလမ်းရှိ မီးအလင်းရောင်များမှာ အလွန်‌နေရာကျဲနေကာ ကြားထဲတွင် "ထွက်ပေါက်" သင်္တေတအနည်းငယ်ဖြင့် ခြားနားထားပြီး ဖြူစုတ်စုတ် မီးအလင်းရောင်များမှာ အစိမ်းရောင်သမ်းကာ တောက်ပနေလျက် ။

အရေးပေါ်ထွက်ပေါက်နှစ်ခု၏ တံခါးများမှာ ခပ်ကျယ်ကျယ် ပွင့်ဟနေပြီး လှေကားတွင် မီးအလင်းရောင် တစ်ခုတစ်လေမျှ မရှိသဖြင့် မျက်ဝန်းနက်များသဖွယ် ထင်ရစေ၏ ။

ဝမ်းရှီသည် လက်ရန်းကို မှီကာ အောက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည် ။

သူတို့သည် တတိယထပ်တွင်ဖြစ်ပြီး အောက်နှစ်လွှာလုံးရှိ ‌ဆိုင်ခန်းများ အားလုံးမှာလည်း ပိတ်သွားခဲ့လေပြီ ။ ‌ထိုအထပ်များမှာ ရှင်းလင်းခြောက်ကပ်နေလျက် လူတစ်ယောက်၏အရိပ်အယောင်မြင်ရန်မဆိုထားနှင့် ၊ သရဲဝိညာဉ်များ၏ ခြေရာလက်ရာကိုပင် မမြင်ရချေ ။

ဒါဆို အဲ့ဒီဆိုင်ပိုင်ရှင်တွေအကုန် ဘယ်သူ့ကို ပုန်းနေကြတာလဲ ?

ရုတ်တရက် အောက်ထပ်တစ်နေရာမှ တစ်စုံတစ်ခု တိတ်တဆိတ်အသက်ဝင်လာသယောင် တုန်ခါသံထွက်ပေါ်လာခဲ့သည် ။

ဝမ်းရှီသည် အောက်ထပ်ကို ကြည့်ရှုလိုက်သောအခါ ပထမထပ်မှ ဒုတိယထပ်သို့ ဦးတည်သော စက်လှေကားက ဖြည်းညင်းစွာ စတင်လှုပ်ရှားလာသည်ကို မြင်လိုက်ရလေ၏ ။

ရှဲ့ဝမ်းက သူ့နားရွက်နား ခပ်တိုးတိုးဆိုလာသည် ။ "တစ်ခုခု တက်လာပြီ "

ဝမ်းရှီသည် စက်လှေကားကို စိုက်ကြည့်‌နေလိုက်ပြီး နောက်ဆုံးတွင်မူ စက်လှေကားနှင့်အတူ အပေါ်သို့ တဖြည်းဖြည်းတက်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည် ။

ပခုံးတစ်ဝိုက် ဆံပင်အရှည်ရှိကာ အလယ်အလတ်ခန္ဓာကိုယ် အရွယ်အစားနှင့် အမျိုးသမီးတစ်ယောက် ဖြစ်ပုံပင် ။ သူမက ပါးလျသော အနီရင့်ရင့်ဆွယ်တာနှင့် ဘောင်းဘီအနက်ကို ဝတ်ဆင်ထားလျက် ။ မီးအလင်းရောင်ကြောင့်ဖြစ်နိုင်၏ ၊ သူမ၏လည်ပင်းနှင့် လက်မောင်းသားများမှာ ပြာနှမ်းနေသည် ။

ဝမ်းရှီ၏အမြင်အာရုံမှာ ကောင်းမွန်လှသည်ဖြစ်ရာ စက်လှေကားလက်ရန်းပေါ်၌ တင်ထားသော သူမ၏လက်ကို မြင်နေရလေ၏ ။ သူမက လက်စွပ်အဝတ်များသောကြောင့် ဖြစ်နိုင်သည် ၊ တင်းကျပ်မှုကြောင့် လက်ဆစ်များမှာ အနည်းငယ် ယောင်ရမ်းနေကာ သူမ၏လက်ချောင်းအရင်းများကို တုတ်ခိုင်ပုံပေါ်စေပြီး သူမ၏လက်ချောင်းထိပ်ဖျားများကတော့ အလွန်သွယ်လျနေသည် ။

စက်လှေကားမှာ ထိပ်အထိ တရွေ့ရွေ့တက်လာခဲ့ပြီး သူမက စက်လှေကားပေါ်မှ ဆင်းလာကာ ဒုတိယထပ်မှ တတိယထပ်သို့ ဦးတည်သည့် စက်လှေကားထံသို့ လှည့်လာတော့သည် ။

သူမ ထို့သို့ လှည့်လိုက်ခြင်းမှာ သူတို့ဘက်သို့ မျက်နှာမူနေရာမှ ကျောပေးသည့်အနေအထားသို့ ရောက်သွားစေသည်။

ဝမ်းရှီသည် သူမ၏ဦးခေါင်းအနောက်ဘက်နှင့် ပခုံးများကို ကြည့်နေပြီးနောက် "ဪ"ဟု ခပ်တိုးတိုးအသံပြုလိုက်၏ ။

"ဘာဖြစ်လို့လဲ ? " ရှဲ့ဝမ်းက တိုးညှင်းစွာ မေးလာသည် ။

"ငါ သူ့ကိုတွေ့ဖူးတယ် " ဝမ်းရှီ ပြောလိုက်သည် ။

"ဘယ်တုန်းကလဲ ? "

"မင်းဆိုင်ကို လာတုန်းက "

သူက အဲ့မျက်နှာဝိုင်းဝိုင်းနဲ့ ယာဉ်မောင်းအမျိုးသမီးဖြစ်လောက်တယ် ၊ အနည်းဆုံးတော့ နောက်ကကြည့်ရင် တူနေတာပဲ ။ ဝမ်းရှီတွေးလိုက်သည် ။

ဝမ်းရှီ သူမကို မှတ်မိသွားသည်နှင့် အနီရင့်ရောင်အဝတ်အစားနှင့် အမျိုးသမီးမှာ တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေသည်အား ခံစားမိသွားပုံရပြီး ရုတ်ချည်းပင် သူတို့ရှိရာ ပြန်လှည့်ကြည့်လာ၏ ။

ဝမ်းရှီသည် သူမတွင် မျက်နှာမရှိဟု မှန်းဆထားပြီးဖြစ်သော်ငြား မမျှော်လင့်ထားစွာပင် ထိုအမျိုးသမီးထံ၌ မျက်နှာတစ်ခုရှိနေခဲ့သည်။

တစ်ခုတည်းသော ပြဿနာက--မျက်နှာမှာ တစ်စုံတစ်ယောက်က စုတ်တံဖြင့် ရေးခြစ်ထားသကဲ့သို့ အင်မတန် ထူးဆန်းနေခြင်းပင် ။ ရေးဆွဲထားသည့်နည်းလမ်းမှာ အနည်းငယ်အကြမ်းဖျင်းဆန်ကာ ဖြစ်ကတတ်ဆန်းနိုင်လှပြီး မျက်ခုံးများမှာ အလွန်တရာ မည်းနက်နေ၏ ။ မျက်ခုံးအောက်တွင် မျက်ဆန်အဖြူသားများမရှိဘဲ  အနက်ရောင်မျက်လုံးဝိုင်းကြီးနှစ်လုံးသာရှိနေကာ နှုတ်ခမ်းများမှာလည်း ထိတ်လန့်ဖွယ် နီရဲနေသည် ။

အနှီမျက်လုံးများက ဘေးတိုက်ဘယ်ညာ ရွေ့လျားနိုင်ပုံမရဘဲ တန်းတန်းမတ်မတ်သာ ဦးတည်စိုက်ကြည့်နေလျက်--

ဝမ်းရှီထံသို့ တိုက်ရိုက် ဦးတည်နေခဲ့သည် ။

ရုတ်တရက်ဆန်စွာပင် အမျိုးသမီးက စတင်လှုပ်ရှားလာပြီး သူမ၏ခြေထောက်ကို မြှောက်ကာ စက်လှေကားပေါ်သို့ လမ်းလျှောက်တက်လာရင်း တဖြည်းဖြည်းအရှိန်အဟုန်မြင့်ကာ ပိုမိုလျင်မြန်လာခဲ့သည် ။

ဝမ်းရှီသည် နည်းနည်းလေးမျှ တုန့်ဆိုင်းမနေဘဲ ချက်ချင်း နောက်လှည့်ကာ ထွက်သွားတော့သည် !

ကိုယ်ဟန်ပြအရုပ်၏ ခြေထောက်များမှာ အင်မတန် တောင့်တင်းနေသည့်အတွက် သူ မပြေးနိုင်ချေ ။

သူ့အနောက်တွင်တော့ အမျိုးသမီးက တတိယအလွှာသို့ ရောက်လာခဲ့လေပြီ ။ သူမ၏ခြေသံများမှာ ဝမ်းရှီနှင့် တစ်ထပ်တည်းနီးပါး ထပ်တူကျလာပြီး သူ့အနောက်မှ အနီးကပ် လိုက်ပါနေသည့် ပဲ့တင်သံများအလားပင် ။

"စက်လှေကားနဲ့ အောက်ကိုဆင်း " ရှဲ့ဝမ်းက ပြောလာသည် ။

ဝမ်းရှီ သူနှင့် အနီးဆုံးတွင်ရှိသော စက်လှေကားကို တစ်ချက်ကြည့်လိုက်ကာ လေသံတင်းတင်းနှင့် ပြောလိုက်၏ ။ "အဲ့မှာ ပွင့်မနေဘူးလေ ! "

ရှဲ့ဝမ်း : "....."

သူသည် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် "မင်းတက်လိုက်ရင် ပွင့်သွားလိမ့်မယ် "

ဝမ်းရှီ : "???"

သူသည် "မပွင့်ရင်တော့ မင်းသေပြီပဲ "ဟု တွေးလိုက်သည့်တိုင် ဒုတိယထပ်သို့ ဆင်းသော စက်လှေကားပေါ်သို့ ခြေလှမ်းလိုက်ဆဲ ။

အသေအချာပင် ၊ သူတက်လိုက်သည်နှင့် စက်လှေကားက ဖြည်းညင်းစွာ စတင်အသက်ဝင်လာတော့သည် ။ စက်လှေကားပွင့်လာချိန် အမျိုးသမီးကလည်း သူတို့နှင့် ပိုမိုနီးကပ်လာခဲ့သည် ။

"သူပြေးနိုင်လား ကြည့်ပေး " ဝမ်းရှီ ပြောလိုက်သည် ။

ရှဲ့ဝမ်းက သူ့ကျောပေါ်တွင် လှုပ်ရှားနေ၏ ။ တစ်ခဏမျှအကြာ သူသည် ခေါင်းပြန်ငုံ့လာကာ ပြောလာသည် ။ "သူ့ခြေထောက်တွေက တော်တော်လေး ပုံမှန်ပဲ ။ ငါတို့ရဲ့ ခြေထောက်အတုတွေလိုမဟုတ်ဘူး ။ ဒါပေမဲ့ ပြေးတော့ပြေးမနေဘူး "

ရလဒ်အနေဖြင့် သူစကားပြောပြီးသည်နှင့် အမျိုးသမီး၏ခြေလှမ်းများမှာ ပို၍မြန်ဆန်လာခဲ့သည် ။

ဝမ်းရှီ စိတ်ထဲမှ ဆဲရေးလိုက်တော့သည် ။ ဒုတိယထပ် စက်လှေကားအနီးတွင် ယာယီဆိုင်ခန်းငယ်များနှင့် အရောင်းလှည်းတချို့ရှိနေ၏ ။ ထိုအရာဝတ္ထုများကို အခွင့်ကောင်းယူကာ ဝမ်းရှီသည် အကြိမ်ပေါင်းများစွာ ကွေ့ဝိုက်ပတ်လျှောက်နေပြီးနောက် အနောက်သို့ လှမ်းကြည့်လိုက်သည် ။

စက္ကန့်ပိုင်းအလိုကတင် ၁၀မီတာ‌ကျော် အကွာအဝေးတွင်ရှိနေသော အမျိုးသမီးမှာ ယခုတော့ သူနှင့် ခြေလှမ်းသုံးလှမ်းပင် မကွာတော့ပေ !

အနက်ရောင်မင်စက်သဖွယ် မျက်လုံးဝိုင်းကြီးနှစ်လုံးကို အနီးကပ်မြင်လိုက်ရသည်က ပို၍ပင် သွေးပျက်ခြောက်ခြားဖွယ် ကောင်းလှသည် ။

ဝမ်းရှီ တံခါးဖွင့်ရန် အသုံးပြုခဲ့သော ကြိုးချည်မျှင်မှာ သူ့လက်ချောင်းများတစ်ဝိုက် ရစ်ပတ်ထားဆဲပင် ။ တကယ်တမ်း လှောင်အိမ်ထဲသို့ ဝင်ရောက်ပြီးပြီးချင်း လှောင်အိမ်ပိုင်ရှင်ကို တိုက်ခိုက်ခြင်းက သိပ်တော့မကောင်းလှသော်လည်း သူ့အနောက်ဘက်ဆီသို့ လက်ကို လွှဲယမ်းလိုက်ဆဲ ။

ထောင့်ချိုးအကွေ့တွင် အမှိုက်ပုံးတစ်ပုံးရှိနေလေရာ အဟန့်အတားဖြစ်အောင် သူမှောက်လှဲပစ်လိုခဲ့သည် ။ သို့တိုင် အမှိုက်ပုံးလဲသွားသည့်အချိန် မြောက်များစွာသော ပြုတ်ကျခိုက်မိသံများကို ကြားလိုက်ရ၏ ။

သူသည် စိတ်မထိန်းနိုင်ဘဲ နောက်လှည့်ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်လဲကျနေသော အမှိုက်ပုံးနှင့်အတူ ယာယီဆိုင်ခန်းငယ်မှ အရောင်းကောင်တာပါ ပြုတ်ကျနေကာ အမျိုးသမီးကို အကြိမ်‌ရေအနည်းငယ် ခြေချော်ယိုင်လဲသွားစေသည် ။

"ကောင်တာက ဘယ်လိုလုပ်ပြုတ်ကျသွားတာလဲ ? " ဝမ်းရှီရေရွတ်လိုက်မိသည် ။

"သတိမထားမိလိုက်ဘူး ။ အမှိုက်ပုံးနဲ့တိုက်မိသွားတာ နေမယ် " ရှဲ့ဝမ်းက သူ့ပခုံးအား အသာအယာပုတ်ကာ ပြောလာ၏ ။ "အာရုံလွင့်မနေနဲ့ ။ ပြေးတော့ "

ဝမ်းရှီ : "....."

ဝမ်းရှီ၏ စိတ်ကောင်းစေတနာလေးကြောင့်သာမဟုတ်ပါက အပြောပဲရှိပြီး အလုပ်မရှိသော အနှီသ‌ကောင့်သားမှာ သရဲများနှင့် တိုက်ခိုက်ရန် ပစ်ပေါက်ခံနေရလောက်ပြီဖြစ်သည် ။

ရှဲ့ဝမ်းက လောနေသဖြင့် ဝမ်းရှီသည် သွားနေသော လမ်းကြောင်းကို အာရုံမရဘဲ တတိယထပ်သို့ တက်သည့် စက်လှေကားထံ ပြန်လည်ရောက်ရှိသွားခဲ့သည် ။ နောက်ကလိုက်နေသည့် အမျိုးသမီးထံမှ စက်ဝိုင်းသဖွယ် ပတ်ပြေးမိကာ ယခုတော့ စမှတ်ကို ပြန်ရောက်သွားသည့်အလား ....

သူမ ရည်ရွယ်ချက်ရှိရှိလုပ်သည်လား ၊ မတော်တဆလား မည်သူသိလိမ့်မည်နည်း ။

ဝမ်းရှီသည် ဘေးပတ်ဝန်းကျင်တစ်ဝိုက် လှည့်လည်ကြည့်ရှုလိုက်ကာ သူမကို မျက်ခြေဖြတ်နိုင်မည့် နည်းလမ်းအား ရှာဖွေရန် ကြိုးပမ်းနေမိသည် ။ ရုတ်တရက်ပင် တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် အရှေ့မှ လှမ်းခေါ်လာသည်ကို ကြားလိုက်ရ၏ ။ "ဒီကိုလာခဲ့ ! "

ထိုအသံက ရှချောင်ဟု ဝမ်းရှီအလိုအလျောက် တွေးမိသွားသည် ။

အသံနောက်ကို လိုက်လာခဲ့ပြီးနောက် ဘယ်ဘက်ခြမ်းရှိ ဆိုင်တစ်ဆိုင်၏ ဆွဲတံခါးမှာ တစ်ဝက်ပွင့်လျက်ရှိကြောင်း သူမြင်လိုက်ရ၏ ။ ကရောသောပါးနိုင်သည့်တဒင်္ဂ သူသည် တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ အထဲသို့ လျှောဝင်လိုက်တော့သည် ။

အမျိုးသမီး၏ခြေသံများက သူ့အနောက်မှ အနီးကပ်ပဲ့တင်ထပ်နေလျက် ။

စက္ကန့်ပိုင်းအတွင်း သံပန်းတံခါးမှာ ဂျိန်းခနဲအသံဖြင့် ကြမ်းပြင်အထိ ဆွဲချခံလိုက်ရသည် ။

အမျိုးသမီးမှာ မပျော်မရွှင်ဖြစ်သွားပုံရပြီး တံခါးကို ကြိမ်ဖန်များစွာ ခပ်ပြင်းပြင်း ရိုက်နှက်နေတော့သည် ။

မိနစ်အနည်းငယ်မျှ ကုန်လွန်သွားပြီးနောက် သူမ၏တရွတ်ဆွဲ ခြေသံများမှာ အဆုံး၌ ထွက်ခွာသွားခဲ့ပြီး ဘေးကပ်လျက် ဆိုင်ခန်းသို့ သွားနေပုံပင် ။

သို့မှသာ ဝမ်းရှီသည် မတ်မတ်ရပ်လိုက်ပြီး ဘေးဘီကြည့်ရန် လှည့်လိုက်လေ၏ ။

မူလက သူသည် ရှချောင် ဝင်ရောက်တွယ်ကပ်နေသော ကိုယ်ဟန်ပြအရုပ်ကို မြင်ရမည်ဟု ထင်ထားခဲ့သော်လည်း ထိုအစား ဆိုင်အနောက်ဘက်အစွန်ဆုံး၌ ပူးကပ်စုပြုံကာ မတ်တပ်ရပ်လျက်တစ်မျိုး ၊ ဆောင့်ကြောင့်ထိုင်လျက်တစ်ဖုံ ရှိနေကြသော မရင်းနှီးသည့် အမျိုးသား ၊ အမျိုးသမီး ၇ယောက် ၊ ၈ယောက်လောက်ကို မြင်လိုက်ရသည် ။ သူတို့သည် သူ့ကို အပြစ်ကင်းကာ ကြောက်ရွံ့နေသော မျက်လုံးများဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏ ။

တစ္တေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်နှယ် ထူးမခြားနားပင် ။

"ဘာတွေဖြစ်နေတာလဲ ? " ဝမ်းရှီသည် သူ့အတွေးများကို မသိစိတ်အလျောက် ထုတ်ပြောမိသွား၏ ။

"ဒီလှောင်အိမ်က နည်းနည်းပြဿနာရှိနေတာ ။ လူတွေအများကြီးကို ဆွဲသွင်းပစ်ပြီး အခုဆို သူတို့ဒီမှာ ပိတ်မိနေကြတာ ရက်တောင်အတော်ကြာနေပြီ " တစ်စုံတစ်ယောက်က ရှင်းပြလာသည် ။

ဤအသံကို တစ်မျိုးတစ်ဖုံ ရင်းနှီးကျွမ်းဝင်နေသည်ပေ ။

ဝမ်းရှီ လှည့်ကြည့်လိုက်သောအခါ စကားပြောလာသည့်သူမှာ ကျန်းပိလင်ဖြစ်နေကြောင်း နားလည်သွား၏ ။

သူမ၏နံဘေးတွင်မူ ငုတ်တုတ်ထိုင်နေသော ဆယ်ကျော်သက်အရွယ် ကောင်ငယ်လေးတစ်ယောက်လည်းရှိနေပြီး ဝမ်းရှီကို ပေစုတ်စုတ် ကြည့်နေသည် ။

ထိုကောင်လေးမှာ ချန်ပူသောက်က "အသေဆိုးနှင့် သေခဲ့သည်"ဟု ပြောခဲ့ဖူးသော သူမ၏ ဆိုးပေသည့် သားစုတ်ကလေးပင် ။

"ဘာလို့ ဒီရောက်နေတာလဲ ? " ဝမ်းရှီ မေးလိုက်သော်ငြား သူချက်ချင်း အမှတ်ရသွားခဲ့သည် ။ "ထီးယူသွားတာ ခင်ဗျားလား ? "

ကျန်းပိလင်သည် အနည်းငယ် ရှက်ရွံ့သွားပုံရသည် ။ သူမက ခါးသက်စွာပြုံးလာပြီး သူမ၏သားစုတ်လေး၏ ဦးခေါင်းကို ပုတ်လိုက်ကာ "ငါ့ရဲ့သားက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒီထဲ မှားဝင်သွားမိလို့...."

သူမသည် ရှန်ချောင်ကို လိုက်မပို့နိုင်တော့ဘဲ အနားကပ်မှ လုပ်စရာပေါ်လာသည်ဟု ပြောခဲ့သည်မှာ မဆန်းတော့ချေ ။

ဝမ်းရှီသည် ခေါင်းညိတ်လိုက်ကာ ထပ်မံမေးလိုက်၏ ။ "ခုနက ရှချောင်ရဲ့အသံ ကြားလိုက်တာလားလို့ ? "

"အာ...ဟုတ်တယ် " ကျန်းပိလင်က ပြောသည် ။ "ခုနက မင်းကိုခေါ်လိုက်တာ သူလေ ။ တခြားတစ်ယောက်က ခေါ်လိုက်ရင် မင်းသတိချပ်မိပြီး ဝင်မလာတော့မှာစိုးတာနဲ့ "

"သူ ဘယ်မှာလဲ ? " ဝမ်းရှီသည် ဆိုင်ခန်းထဲ လှည့်ပတ်ကြည့်လိုက်သည် ။

"ဒီဘက်မှာ...ကော " ရှချောင်၏စကားသံမှာ အသက်စွမ်းအင် လုံးလုံးကင်းမဲ့နေကာ သူခံစားနေရကြောင်း အသံနှင့်ပင် ဝမ်းရှီ ပြောနိုင်သည် ။

ဝမ်းရှီ အသံလာရာသို့ လှည့်ကြည့်လိုက်တော့သည်.....

ထို့နောက် နံရံတစ်လျှောက် စီတန်းထားသော အရာဝတ္ထုများကို မြင်လိုက်ရ၏ ။

ဘယ်လိုပြောရပါ့--၎င်းမှာ ကွဲပြားခြားနားချက်သိပ်မရှိဘဲ အလားတူ လူသားကိုယ်ဟန်ပြအရုပ်အမျိုးအစားပင် ။ သို့ရာတွင် ဂျင်းဘောင်းဘီဆိုင်များတွင်သာ အထူးတလည်အသုံးပြုသည့် အမျိုးအစား ဖြစ်နေသည်မှတစ်ပါး ။ ထိုအရာတွင် ခြေထောက်များသာရှိပြီး လှုပ်ရှား၍မရပေ ။

အကယ်၍ လှုပ်ရှားနိုင်ပါက ခြေထောက်နှစ်ချောင်းပြဲကာ ဂွကြားကို တိုက်ရိုက်ထိသွားမည်သာ ။

ရှချောင်သည် ထိုနေရာတွင်သာ အတောင့်လိုက်ရပ်နေရင်း သူ့ခြေထောက်များမှာ ကားနေလျက်ဖြင့် ဝမ်းနည်းပက်လက်မေးလာသည် ။ "ဝမ်းကော..သူဌေးရှဲ့ရော ? "

ဝမ်းရှီ : ".....ငါ့ကျောပေါ်မှာ "

ရှချောင်ခမျာ မှင်သက်သွားတော့သည် ။

ရှဲ့ဝမ်းသည် ဝမ်းရှီကျောထက်တွင် တုန်ရီလို့နေပြီး သူ့အသံက ရင်ဘတ်ထဲမှ ဗလုံးဗထွေးထွက်ပေါ်လာခဲ့သည် ။ သူသည် အချိန်အတော်ကြာ ရယ်မောနေလေ၏ ။

ရှဲ့ဝမ်းသည် ခေါင်းငုံ့ကာ ဝမ်းရှီသာ ကြားနိုင်သည့် အသံဖြင့် ပြောလာသည်က "ကောင်းလိုက်တဲ့ နည်းစနစ် ။ လက်ဆင့်မကမ်းလိုက်ရရင် နှမြောစရာပဲ ။ မင်းအချိန်ရရင် ငါ့ကိုလဲ ‌သင်ပေးပါအုံး "

ဝမ်းရှီ : "....."

မင်းသေချင်နေပြီလား ?

***

[Zawgyi ]

ကာင္းလိုက္တဲ့ည္းစနစ္ ။ လက္င့္မကမ္းလိုက္ရရင္ ႏွေျမာစရာပဲ ။ အခ်ိန္ရရင္ ငါ့ကိုလဲ ‌သင္ေပးပါအုံး

အဲ့တာဋ္ည္တာပဲ

ဝမ္းရွီ စိတ္ထဲတြင္ ထိုသို႔ ေျပာလိုက္သည့္တိုင္ သူသည္ အင္မတန္ တည္ၿငိမ္စြာျဖင့္ ရွင္းျပလာသည္ ။ "ငါတမင္လုပ္တာ မဟုတ္ဘူး "

"*ေရွာင္---" ရွဲ႕ဝမ္းတစ္ေယာက္ တစ္ခုခုနင္သြားပုံရၿပီး ေဒါသထြက္ရာမွ ျဖစ္တည္လာေသာ ရယ္သံျဖစ္ဖို႔မ်ားသည္ ။ "မင္းအဲ့လိုေျပာတာ စိတ္မေကာင္းေလးေတာင္မျဖစ္ဘူးလား  ? "

『*ေရွာင္ -နာမည္ေရွ႕မွာေခၚတဲ့ ေရွာင္(小)ေလးပါ 』

"မျဖစ္ပါဘူး " ဝမ္းရွီသည္ စကားအမ်ားႀကီး မေျပာတတ္ေသာ္လည္း လူတစ္ေယာက္ကို ေျပာစရာစကားေပ်ာက္ရွသြားေအာင္ေတာ့ ပိတ္ေျပာပစ္နိုင္၏ ။ "ယုံခ်င္ယုံ မယုံခ်င္ေန "

"....."

ကိုယ္တစ္ပိုင္းဟန္ျပ႐ုပ္၏ သြင္ျပင္အစိတ္အပိုင္းကင္းမဲ့ေနသည့္မ်က္ႏွာက သူ႔ကို တည့္တည့္မ်က္ႏွာမူေနသည္ ။

ယ္သူ႔မွာေရာ ဘဲဥပုံမ်က္ႏွာရွိလို႔လဲ

ဝမ္းရွီသည္ ေခါင္းမာမာႏွင့္ ရွဲ႕ဝမ္းကို အသံတိတ္ ထိပ္တိုက္ရင္ဆိုင္ေနလိုက္ေတာ့သည္ ။

သိသိသာသာကို အလြန္တရာ ထူးဆန္းလွသည့္ ျမင္ကြင္းျဖစ္ေသာ္ျငား သူေဌးရွဲ႕ကို စိတ္အေႏွာင့္အယွက္ျဖစ္သြားေစပုံပင္ ။ သူ၏ လည္ေခ်ာင္းထဲမွ မေရမရာရယ္သံထြက္ေပၚလာၿပီး တစ္ဖက္လွည့္သြားကာ အသံတိုးတိုးျဖင့္ "စည္းကမ္းနဲ႔ကိုမညီဘူး "

ဝမ္းရွီ သူေျပာသည္ကို အေသအခ်ာ မၾကားလိုက္ရေပ ။

ရွဲ႕ဝမ္းက သူႏွင့္ မ်က္ႏွာခ်င္းျပန္ဆိုင္လိုက္ကာ ေသာ့ခတ္ထားေသာ မွန္တံခါးကို ညႊန္ျပလ်က္ ျဖည္းညင္းစြာ ေျပာလာခဲ့သည္ ။ "ဟုတ္ပါၿပီ ။ ငါက စိတ္သေဘာထားေကာင္းေတာ့ မင္းသတိလက္လြတ္ျဖစ္သြားတာေၾကာင့္လို႔ပဲ ေတြးေပးလိုက္မယ္ ။ အဲ့ေတာ့ ငါ့ပုံက ဒီလိုျဖစ္ေနတဲ့အခ်ိန္ ဒီတံခါးကေန ငါဘယ္လိုထြက္သြားနိုင္မလဲဆိုတာ မင္းမွာ အႀကံဉာဏ္ေလးဘာေလး မရွိဘူးလား ? "

အမူအရာကင္းမဲ့စြာျဖင့္ ဝမ္းရွီပါးစပ္မွ စကားတစ္ခြန္းထြက္က်လာသည္ ။ "တြားသြား "

ရွဲ႕ဝမ္း : "....."

ယခုတစ္ေခါက္တြင္ေတာ့ သူသည္ အမွန္အကန္ ရယ္ေမာလာေတာ့သည္ ။ သူရယ္ၿပီးသြားသည့္အခ်ိန္ ဆိုင္ခန္းမွာ တစျပင္တမၽွ တိတ္ဆိတ္သြားျပန္၏ ။

အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ၿငိမ္သက္ေနၿပီးေနာက္ ဝမ္းရွီသည္ ေနာက္ဆုံးေတာ့ သူ႔လက္ကို ရွဲ႕ဝမ္းထံသို႔ တြန႔္ဆုတ္စြာ ဆန႔္တန္းေပးလိုက္သည္ ။ လက္တြဲျခင္းက အနည္းငယ္ မိန္းကေလးဆန္သည္ဟု သူခံစားလိုက္ရသျဖင့္ ေျပာလိုက္သည္ ။ "ထားလိုက္ေတာ့ ။ ငါမင္းကို ဆြဲသြားမယ္ "

'ဆြဲသြားမယ္'ဟူသည္ ၾကားေကာင္းေအာင္သာ ေျပာလိုက္ျခင္းျဖစ္ၿပီး လက္ေတြ႕တြင္ေတာ့ ဝမ္းရွီသည္ သူ႔ကို တရြတ္တိုက္ဆြဲေခၚသြားမည္ဟု ဆိုလိုသည္ ။

ရွဲ႕ဝမ္းက မလႊဲသာမေရွာင္သာျဖင့္ တုပ္တုပ္မၽွ မလႈပ္လာခဲ့ေခ် ။

ဝမ္းရွီ သူ႔ကို ဆက္လက္ၿပီး ေစာင့္ဆိုင္းမေနေတာ့ဘဲ ေနာက္လွည့္ကာ တံခါးထံသို႔ ေလၽွာက္သြားလိုက္ေတာ့သည္ ။

ကိုယ္ဟန္ျပအ႐ုပ္၏ လက္ေခ်ာင္းမ်ားမွာ အလြန္တရာ ေတာင့္တင္းလြန္းေနသျဖင့္ လက္ေခ်ာင္းမရွိေသာ အ႐ုပ္ႏွင့္ ဘာမၽွမကြာျခားေပ ။ အပ္ခ်ည္ႀကိဳးမၽွင္ကို ထိန္းခ်ဳပ္ၿပီး တံခါးအျပင္ဘက္ရွိ သတၱဳေသာ့ခေလာက္ကိုဖြင့္ရန္ မွန္တံခါးအဟၾကားထဲမွ ႀကိဳးအား ဆန႔္ထုတ္ရသည္ကိုပင္ ဝမ္းရွီတစ္ေယာက္ အေတာ္ႀကိဳးစားအားထုတ္လိုက္ရသည္ ။

ေသာ့ခေလာက္မွာ အခ်ိန္အေတာ္ၾကာ အသံျမည္ရိုက္ခတ္ေနၿပီး ေနာက္ဆုံးတြင္ေတာ့ ႏွစ္ျခမ္းကြဲကာ ဆိုင္တံခါးေရွ႕ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားခဲ့သည္ ။ စကၠန႔္ပိုင္းအတြင္း သူခိုးအခ်က္ေပးစနစ္မွာ စတင္၍ အသံျမည္လာၿပီး အနီႏွင့္အျပာ မီးအလင္းေရာင္မ်ားက ဆိုင္အတြင္း တဖ်တ္ဖ်တ္လင္းလာေတာ့၏ ။

ထိုအခ်က္ေပးဆူညံသံမွာ ႐ုတ္တရက္ဆန္ကာ က်ယ္ေလာင္စူးရွလွၿပီး ေျပာင္ရွင္းေနေသာ‌ ေဈးဝယ္စင္တာထဲ ပဲ့တင္ထပ္ေနလ်က္ ။

သူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ သံပန္းတံခါးကို တစ္ဝက္သာ ခ်ထားေသာ ဖြင့္လွစ္ဆဲ ဆိုင္တစ္ဆိုင္ရွိေနသည္ ။ အဘြားအိုတစ္ေယာက္က တံခါးဝရွိ သစ္သားခုံတန္းတြင္ ထိုင္ေနၿပီး ေရွးေဟာင္းဆံထုံးအတုတစ္ခုႏွင့္အတူ အနက္ေရာင္အထက္ေအာက္ဝမ္းဆက္ ဝတ္ဆင္ထားသျဖင့္ သူမ မ်က္ႏွာမွာ ေျခာက္ျခားဖြယ္ ျဖဴစုတ္ေန၏ ။

အခ်က္ေပးသံကို ၾကားေသာ္ သူမသည္ သူတို႔ရွိရာသို႔ လွမ္းၾကည့္လာၿပီးေနာက္ မတ္တပ္ထရပ္လိုက္ေလသည္ ။

ဝမ္းရွီသည္ ခပ္တိုးတိုး က်ိန္ဆဲမိသြားရၿပီး ခ်က္ခ်င္းပင္ ေဘးတိုက္ေစာင္းလိုက္ကာ လက္ကိုေျမႇာက္လ်က္ လႈပ္ရွားမႈအလ်ဥ္းကင္းမဲ့စြာျဖင့္ ဆိုင္ခန္းအဝင္ဝမွ အလွျပအ႐ုပ္တစ္ခုႏွယ္ ဟန္ေဆာင္လိုက္သည္ ။

အမ်ိဳးသမီးအိုႀကီးက အနားသို႔ ေလၽွာက္လာလိမ့္မည္ဟု သူထင္ထားခဲ့ေသာ္လည္း သူမသည္ မီးသီးကိုသာ ပိတ္လိုက္ကာ ဆိုင္ထဲသို႔ တုံ႔ေႏွးေႏွးေျခလွမ္းစိပ္မ်ားျဖင့္ ဝင္သြားေတာ့သည္ ။ သူမ လမ္းေလၽွာက္သည့္ပုံစံမွာ အင္မတန္ထူးဆန္းေနလ်က္ လမ္းေလၽွာက္သည္ထက္ ေျခေထာက္ႏွစ္ေခ်ာင္းလုံးကို တစ္ၿပိဳင္နက္တည္း တရြတ္တိုက္ဆြဲေနသည္ႏွင့္ ပိုတူေနခဲ့ၿပီး......

မျမင္နိုင္ေသာ ႀကိဳးတစ္ေခ်ာင္းက သူမကို တန္းလန္းခ်ိတ္ဆြဲကာ အေရွ႕သို႔ ဆြဲေခၚေနသည့္အလား ပြတ္တိုက္ဆြဲငင္ေနသည့္ ေျခသံမ်ား ထြက္ေပၚလာ၏ ။

ဆိုင္ထဲသို႔ ဝင္သြားၿပီးေနာက္ သူမသည္ ျပန္လွည့္လာကာ သံခ်ိတ္တစ္ခုကို ဆြဲထုတ္လိုက္ၿပီး သံပန္းဆြဲတံခါးတြင္ ခ်ိတ္၍ ေအာက္သို႔ ဆြဲပိတ္ခ်လိုက္ေတာ့သည္ ။ စကၠန႔္အနည္းငယ္အတြင္း၌ပင္ ဆိုင္ထဲတြင္ သူမကိုယ္သူမ ပိတ္ေလွာင္လိုက္ေလ၏ ။

ဒါက ဘာဓိပၸာယ္လဲ ?

ဝမ္းရွီသည္ တံခါးေဘးတြင္ အေတာင့္လိုက္ရပ္ေနရင္း အနည္းငယ္ နားမလည္နိုင္ျဖစ္ေနခဲ့သည္ ။

မ်ားမၾကာမီပင္ ေဘးခ်င္းကပ္ဆိုင္ခန္းမွလည္း လႈပ္ရွားသံမ်ား ထြက္ေပၚလာ၏ ။ ဆိုင္ပိုင္ရွင္မွာ ေဖာေရာင္ေနေသာ မ်က္ႏွာႏွင့္ သက္လတ္ပိုင္းအရြယ္ ေယာက္်ားတစ္‌ေယာက္ျဖစ္ၿပီး မ်က္လုံးေအာက္တြင္ မ်က္ကြင္းမ်ား ညိဳမည္းေနကာ သူ႔အသားအရည္အား သရဲတေစၧတမၽွ ၾကက္သီးထဖြယ္ ေကာင္းေနေစလ်က္ ။

ထိုေယာက္်ားသည္ လက္ရန္းထံ ေလၽွာက္လွမ္းသြားကာ ေရွာ့ပင္းေမာ၏ ေအာက္အလႊာသို႔ တစ္ခ်က္ငုံ႔ၾကည့္လိုက္ၿပီးေနာက္ ျဖည္းညင္းစြာ ေနာက္ျပန္လွည့္လာခဲ့သည္ ။ သူသည္ လက္ထဲရွိ ေန႔လယ္စာထမင္းဘူးကို တည့္တည့္စိုက္ၾကည့္ေနရင္း ေရရြတ္လာ၏ ။ "တစ္ေယာက္ေယာက္ကို လာရွာျပန္ၿပီ ။ သူ တစ္ေယာက္ေယာက္ကို လာရွာျပန္ၿပီ ။ ဖမ္းမိသြားလို႔ မျဖစ္ဘူး ။ ဖမ္းမိ....ငါ စားေတာင္ မစားရေသးတာ ။ ငါ မစားရေသးဘူး...."

ဝမ္းရွီ၏ အျမင္ရႈေထာင့္မွ ၾကည့္လၽွင္ ထိုအမ်ိဳးသား၏ေန႔လယ္စာထမင္းဘူးထဲ မည္သည့္အရာမ်ား ပါဝင္ေနသည္ကို ရွင္းရွင္းလင္းလင္း မျမင္ရေခ် ။

ထိုအမ်ိဳးသားသည္ သူ၏ကုတ္အကၤ်ီထဲသို႔ ေန႔လယ္စာဘူးကို ထိုးထည့္လိုက္ကာ ေဘးကပ္လ်က္ရွိ ဆိုင္ထဲသို႔ ဦးတည္ေလၽွာက္သြားေတာ့သည္ ။

တစ္ခဏမၽွအၾကာ ခပ္ေဖာေဖာ အမ်ိဳးသားလည္း သူ၏ဆိုင္ကိုပိတ္လိုက္သျဖင့္ သံပန္းတံခါးဆြဲခ်သံက ထပ္မံ ပဲ့တင္ထပ္သြားေလသည္ ။

ျပန႔္က်ဲေနေသာ ဆိုင္ခန္းပိုင္ရွင္မ်ားမွာလည္း တစ္ဆိုင္ၿပီးတစ္ဆိုင္ သူတို႔၏ဆိုင္ခန္းမ်ားကို ပိတ္လိုက္ၾကၿပီး ေဈးဝယ္စင္တာမွာ တစတစပိုမို ေမွာင္မည္းလာသည္ ။

ဘာေတြ ျဖစ္ပ်က္ေနမွန္း ဝမ္းရွီ မသိေသးေသာ္လည္း တစ္စုံတစ္ေယာက္ထံမွ သူတို႔အားလုံး ပုန္းကြယ္ေနၾကျခင္းျဖစ္ေၾကာင္း သူခန႔္မွန္းနိုင္၏ ။

လွာင္အိမ္ပိုင္ရွင္လား ?

အကယ္၍ တကယ္တမ္းသာ ေလွာင္အိမ္ပိုင္ရွင္ျဖစ္ေနခဲ့လၽွင္ သည္ေလာက္အေစာႀကီး ရန္သူႏွင့္ထိပ္တိုက္ရင္ဆိုင္ျခင္းက ေကာင္းမြန္ေသာ အႀကံဉာဏ္မဟုတ္ေပ ။

ဆိုင္ထဲရွိ သူခိုးအခ်က္ေပးသံက ဆက္လက္ ေအာ္ျမည္ေနဆဲ ။

ဝမ္းရွီသည္ မွန္တံခါးကိုသာ ကန္ဖြင့္ကာ ထြက္ခြာရန္ ဆုံးျဖတ္လိုက္ေတာ့သည္ ။

သူသည္ ဆိုင္ျပင္သို႔ ေျခလွမ္းတစ္လွမ္းပင္ လွမ္းၿပီးေသာ္ျငား ဆိုင္ထဲသို႔ တိတ္တဆိတ္ ျပန္လည္ဝင္ေရာက္လာကာ ရွဲ႕ဝမ္း၏ကိုယ္တစ္ပိုင္းဟန္ျပအ႐ုပ္ကို ေပြ႕ခ်ီလိုက္ေလ၏ ။

ရွဲ႕ဝမ္းက သူျပန္လွည့္လာမည္ကို အျပည့္အဝ ေမၽွာ္လင့္ထားၿပီးျဖစ္ပုံရကာ ခပ္တိုးတိုး ရယ္ေမာလာသည္ ။

င္းင္ႀကီးကိုယ္ေတာလား

ဝမ္းရွီ ေတြးလိုက္မိသည္ ။

"မင္းမွာ အသိစိတ္ေတာ့ ရွိေသးသားပဲ " ရွဲ႕ဝမ္းက ဆိုသည္ ။

ဝမ္းရွီသည္ ေျခလွမ္းႏွစ္လွမ္းသာ လွမ္းလိုက္ရၿပီးေနာက္ ရွဲ႕ဝမ္း၏စကားသံမွာ အလြန္နီးကပ္ေနၿပီး သူ႔မ်က္ႏွာကိုပင္ ထိကပ္လုနီးျဖစ္ေနေၾကာင္း ၾကားလိုက္ရသည္ ။ တကယ့္လူသားစင္စစ္သာ ျဖစ္ေနခဲ့လၽွင္ ရွဲ႕ဝမ္း၏ ဝင္သက္ထြက္သက္မ်ားက ဝမ္းရွီမ်က္လုံးေထာင့္ကိုပင္ ပြတ္တိုက္ျဖတ္သန္းသြားေလာက္၏ ။

ထိုအခ်ိန္မွသာ အခ်င္းခ်င္း မ်က္ႏွာခ်င္းဆိုင္ ဖက္တြယ္ထားသည့္ အေနအထားမွာ အနည္းငယ္ ထူးဆန္းေနသလို ဝမ္းရွီခံစားလိုက္ရသည္ေပ...လူအစစ္မဟုတ္ဘဲ အတုျဖစ္ေနခဲ့လၽွင္ေတာင္ ထူးဆန္းေနေသးဆဲ ။

ဝမ္းရွီ ေခတၱမၽွ ေတြးေတာလိုက္ၿပီးေနာက္ ရပ္တန႔္လိုက္ကာ ရွဲ႕ဝမ္းမ်က္ႏွာကို အေရွ႕သို႔မ်က္ႏွာမူေစကာ ဦးေခါင္းအေနာက္ဘက္ကို သူ႔ဘက္ရွိေနေစရန္ ေနရာတြင္ပင္ ရွဲ႕ဝမ္းအား လွစ္ခနဲ အေရွ႕လွည့္လိုက္ေလ၏ ။

သို႔ႏွယ္ပုံစံမ်ိဳးျဖင့္ ေျခလွမ္းအနည္းငယ္ လွမ္းၿပီးေနာက္ သူရပ္တန႔္လိုက္ျပန္သည္ ။ ဤသည္ကလည္း မဟုတ္ေသးဟု သူခံစားေနရသည္ ။

ယခုအေနအထားက သူ႔ဉာဏ္ရည္၌ ျပႆနာရွိေနသည္ဟု ထင္ရေစၿပီး သူ႔ျမင္ကြင္းကိုလည္း ကြယ္ေနသည္ပင္ ။

သို႔ျဖစ္၍ ေဒါသကိုထိန္းကာ ေနရာထပ္လဲလိုက္ၿပီး ကိုယ္တစ္ပိုင္းဟန္ျပအ႐ုပ္ကို သူ႔ေက်ာေပၚ  သယ္လိုက္၏ ။

တကယ္တမ္း သူ႔အျပဳအမူမ်ားတြင္ ရွဲ႕ဝမ္းကို ျပႆနာရွာခ်င္ေနသည့္ အႀကံအစည္ ရွိေန‌ေၾကာင္း မည္သူမဆို ေျပာနိုင္၏ ။ သို႔တိုင္ ရွဲ႕ဝမ္းက တစ္ခြန္းတစ္ပါဒမၽွ ဆိုမလာခဲ့ ။ အေရႊ႕အေျပာင္းလုပ္ေနသည့္ တစ္ေလၽွာက္လုံး သူသည္ ပုံမွန္မဆန္စြာပင္ တိတ္ဆိတ္ေနခဲ့သည္ ။ သည္အတိုင္း ပြဲၾကည့္ေနသည္လား ၊ သို႔မဟုတ္ တျခားအေၾကာင္းအရာတစ္ခုကို အေတြးလြန္ကာ စိတ္ပ်ံ႕လြင့္ေနသည္လား မသိရေခ် ။

ဤခံစားခ်က္က အနည္းငယ္ ထူးဆန္းေနသည္ ။ ဝမ္းရွီသည္ တစ္ဖက္လူမွာ ေပ်ာက္ကြယ္သြားၿပီဟုပင္ ထင္မိသြားလုမတတ္ပင္ ။ ဝမ္းရွီ ဆိုင္ထဲမွထြက္လာခ်ိန္ မတတ္သာဘဲ ေမးလိုက္မိေတာ့သည္ ။ "မင္းရွိေနလား ? "

သူ႔ေနာက္ေက်ာထက္ရွိလူမွာ ေနာက္ဆုံးတြင္ေတာ့ လႈပ္ရွားလာ၏ ။

ရွဲ႕ဝမ္းသည္ ေခ်ာင္းႏွစ္ႀကိမ္မၽွ ဆိုးလိုက္ၿပီးေနာက္ အနည္းငယ္ကြဲရွေနေသာအသံျဖင့္ ျပန္‌အေျဖေပးလာသည္ ။ "အင္း...ဘာလုပ္ခ်င္ျပန္ၿပီလဲ ? "

သူ႔အသံမွာ အင္မတန္ ဩရွၿပီး ဝမ္းရွီနားရြက္ႏွင့္လည္း အလြန္နီးကပ္ေနသည္ ။

ဝမ္းရွီ၏ ေျခလွမ္းမ်ားက တုန႔္ခနဲ ရပ္ဆိုင္းသြားကာ သူ႔ေခါင္းကို ေဘးဘက္သို႔ အနည္းငယ္ေစာင္းလိုက္ေတာ့သည္ ။

အခ်ိန္အနည္းငယ္အၾကာတြင္ သူ တည္ၿငိမ္စြာ ညႊန္ၾကားလိုက္၏ ။ "မင္း တစ္ခ်က္တစ္ခ်က္ အသံနည္းနည္းထြက္ေပးရင္ ေကာင္းမယ္ "

ရွဲ႕ဝမ္း : "ဘာလို႔လဲ ? မင္းရဲ့ေဒါသနဲ႔ဆို ငါစကားအမ်ားႀကီးေျပာမိရင္ ငါ့ကိုထပ္ၿပီး ပါးစပ္ပိတ္ထားဖို႔ပဲ ေျပာမွာမဟုတ္လား ? "

ဝမ္းရွီ : "....."

ရွဲ႕ဝမ္း : "အခုေတာင္ မင္းအဲ့လို အရမ္းေျပာခ်င္ေနၿပီမွန္း ငါသိတယ္ "

ဝမ္းရွီ : "....."

"မင္း တြားပဲသြားလိုက္ေတာ့ " ဝမ္းရွီ ေျပာလိုက္ေတာ့သည္ ။

"အလုပ္ျဖစ္ေတာ့မွာမဟုတ္ဘူး " ရွဲ႕ဝမ္းက ရယ္လ်က္ "ငါအခု အေပၚကိုေရာက္ေနမွေတာ့ အဲ့ေလာက္လြယ္လြယ္ ေအာက္မဆင္းနိုင္ေတာ့ဘူး ။ မင္းအခုေတာ့ အစာသြပ္အ႐ုပ္ျဖစ္ရတာ အဲ့ေလာက္လဲ မဆိုးပါဘူးလို႔ မထင္မိဘူးလား ? "

"....."

ဝမ္းရွီသည္ သူ႔ကိုအာ႐ုံမထားေတာ့ဘဲ လူသူကင္းမဲ့ေနေသာ ေလၽွာက္လမ္းထံသို႔သာ ဦးတည္ေလၽွာက္လွမ္းလိုက္ေတာ့သည္ ။

စႀကႍလမ္းရွိ မီးအလင္းေရာင္မ်ားမွာ အလြန္‌ေနရာက်ဲေနကာ ၾကားထဲတြင္ "ထြက္ေပါက္" သေတၤတအနည္းငယ္ျဖင့္ ျခားနားထားၿပီး ျဖဴစုတ္စုတ္ မီးအလင္းေရာင္မ်ားမွာ အစိမ္းေရာင္သမ္းကာ ေတာက္ပေနလ်က္ ။

အေရးေပၚထြက္ေပါက္ႏွစ္ခု၏ တံခါးမ်ားမွာ ခပ္က်ယ္က်ယ္ ပြင့္ဟေနၿပီး ေလွကားတြင္ မီးအလင္းေရာင္ တစ္ခုတစ္ေလမၽွ မရွိသျဖင့္ မ်က္ဝန္းနက္မ်ားသဖြယ္ ထင္ရေစ၏ ။

ဝမ္းရွီသည္ လက္ရန္းကို မွီကာ ေအာက္သို႔ တစ္ခ်က္လွမ္းၾကည့္လိုက္သည္ ။

သူတို႔သည္ တတိယထပ္တြင္ျဖစ္ၿပီး ေအာက္ႏွစ္လႊာလုံးရွိ ‌ဆိုင္ခန္းမ်ား အားလုံးမွာလည္း ပိတ္သြားခဲ့ေလၿပီ ။ ‌ထိုအထပ္မ်ားမွာ ရွင္းလင္းေျခာက္ကပ္ေနလ်က္ လူတစ္ေယာက္၏အရိပ္အေယာင္ျမင္ရန္မဆိုထားႏွင့္ ၊ သရဲဝိညာဥ္မ်ား၏ ေျခရာလက္ရာကိုပင္ မျမင္ရေခ် ။

ဒါဆို အဲ့ဒီဆိုင္ပိုင္ရွင္ေတြကုန္ယ္သူ႔ကို ပုန္းေနၾကတာလဲ ?

႐ုတ္တရက္ ေအာက္ထပ္တစ္ေနရာမွ တစ္စုံတစ္ခု တိတ္တဆိတ္အသက္ဝင္လာသေယာင္ တုန္ခါသံထြက္ေပၚလာခဲ့သည္ ။

ဝမ္းရွီသည္ ေအာက္ထပ္ကို ၾကည့္ရႈလိုက္ေသာအခါ ပထမထပ္မွ ဒုတိယထပ္သို႔ ဦးတည္ေသာ စက္ေလွကားက ျဖည္းညင္းစြာ စတင္လႈပ္ရွားလာသည္ကို ျမင္လိုက္ရေလ၏ ။

ရွဲ႕ဝမ္းက သူ႔နားရြက္နား ခပ္တိုးတိုးဆိုလာသည္ ။ "တစ္ခုခု တက္လာၿပီ "

ဝမ္းရွီသည္ စက္ေလွကားကို စိုက္ၾကည့္‌ေနလိုက္ၿပီး ေနာက္ဆုံးတြင္မူ စက္ေလွကားႏွင့္အတူ အေပၚသို႔ တျဖည္းျဖည္းတက္လာေသာ လူတစ္ေယာက္ကို ျမင္လိုက္ရသည္ ။

ပခုံးတစ္ဝိုက္ ဆံပင္အရွည္ရွိကာ အလယ္အလတ္ခႏၶာကိုယ္ အရြယ္အစားႏွင့္ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ပုံပင္ ။ သူမက ပါးလ်ေသာ အနီရင့္ရင့္ဆြယ္တာႏွင့္ ေဘာင္းဘီအနက္ကို ဝတ္ဆင္ထားလ်က္ ။ မီးအလင္းေရာင္ေၾကာင့္ျဖစ္နိုင္၏ ၊ သူမ၏လည္ပင္းႏွင့္ လက္ေမာင္းသားမ်ားမွာ ျပာႏွမ္းေနသည္ ။

ဝမ္းရွီ၏အျမင္အာ႐ုံမွာ ေကာင္းမြန္လွသည္ျဖစ္ရာ စက္ေလွကားလက္ရန္းေပၚ၌ တင္ထားေသာ သူမ၏လက္ကို ျမင္ေနရေလ၏ ။ သူမက လက္စြပ္အဝတ္မ်ားေသာေၾကာင့္ ျဖစ္နိုင္သည္ ၊ တင္းက်ပ္မႈေၾကာင့္ လက္ဆစ္မ်ားမွာ အနည္းငယ္ ေယာင္ရမ္းေနကာ သူမ၏လက္ေခ်ာင္းအရင္းမ်ားကို တုတ္ခိုင္ပုံေပၚေစၿပီး သူမ၏လက္ေခ်ာင္းထိပ္ဖ်ားမ်ားကေတာ့ အလြန္သြယ္လ်ေနသည္ ။

စက္ေလွကားမွာ ထိပ္အထိ တေရြ႕ေရြ႕တက္လာခဲ့ၿပီး သူမက စက္ေလွကားေပၚမွ ဆင္းလာကာ ဒုတိယထပ္မွ တတိယထပ္သို႔ ဦးတည္သည့္ စက္ေလွကားထံသို႔ လွည့္လာေတာ့သည္ ။

သူမ ထို႔သို႔ လွည့္လိုက္ျခင္းမွာ သူတို႔ဘက္သို႔ မ်က္ႏွာမူေနရာမွ ေက်ာေပးသည့္အေနအထားသို႔ ေရာက္သြားေစသည္။

ဝမ္းရွီသည္ သူမ၏ဦးေခါင္းအေနာက္ဘက္ႏွင့္ ပခုံးမ်ားကို ၾကည့္ေနၿပီးေနာက္ "ဪ"ဟု ခပ္တိုးတိုးအသံျပဳလိုက္၏ ။

"ဘာျဖစ္လို႔လဲ ? " ရွဲ႕ဝမ္းက တိုးညႇင္းစြာ ေမးလာသည္ ။

"ငါ သူ႔ကိုေတြ႕ဖူးတယ္ " ဝမ္းရွီ ေျပာလိုက္သည္ ။

"ဘယ္တုန္းကလဲ ? "

"မင္းဆိုင္ကို လာတုန္းက "

သူက အဲ့မ်က္ႏွာဝိုင္းဝိုင္းနဲ႔ ယာဥ္ေမာင္းမ်ိဳးမီးျစ္ေလာက္ယ္ ၊ အနည္းဆုံးေတာ့နာက္ကၾကည့္င္ တူေတာပဲ ဝမ္းရွီေတြးလိုက္သည္ ။

ဝမ္းရွီ သူမကို မွတ္မိသြားသည္ႏွင့္ အနီရင့္ေရာင္အဝတ္အစားႏွင့္ အမ်ိဳးသမီးမွာ တစ္စုံတစ္ေယာက္က သူမကို ေစာင့္ၾကည့္ေနသည္အား ခံစားမိသြားပုံရၿပီး ႐ုတ္ခ်ည္းပင္ သူတို႔ရွိရာ ျပန္လွည့္ၾကည့္လာ၏ ။

ဝမ္းရွီသည္ သူမတြင္ မ်က္ႏွာမရွိဟု မွန္းဆထားၿပီးျဖစ္ေသာ္ျငား မေမၽွာ္လင့္ထားစြာပင္ ထိုအမ်ိဳးသမီးထံ၌ မ်က္ႏွာတစ္ခုရွိေနခဲ့သည္။

တစ္ခုတည္းေသာ ျပႆနာက--မ်က္ႏွာမွာ တစ္စုံတစ္ေယာက္က စုတ္တံျဖင့္ ေရးျခစ္ထားသကဲ့သို႔ အင္မတန္ ထူးဆန္းေနျခင္းပင္ ။ ေရးဆြဲထားသည့္နည္းလမ္းမွာ အနည္းငယ္အၾကမ္းဖ်င္းဆန္ကာ ျဖစ္ကတတ္ဆန္းနိုင္လွၿပီး မ်က္ခုံးမ်ားမွာ အလြန္တရာ မည္းနက္ေန၏ ။ မ်က္ခုံးေအာက္တြင္ မ်က္ဆန္အျဖဴသားမ်ားမရွိဘဲ  အနက္ေရာင္မ်က္လုံးဝိုင္းႀကီးႏွစ္လုံးသာရွိေနကာ ႏႈတ္ခမ္းမ်ားမွာလည္း ထိတ္လန႔္ဖြယ္ နီရဲေနသည္ ။

အႏွီမ်က္လုံးမ်ားက ေဘးတိုက္ဘယ္ညာ ေရြ႕လ်ားနိုင္ပုံမရဘဲ တန္းတန္းမတ္မတ္သာ ဦးတည္စိုက္ၾကည့္ေနလ်က္--

ဝမ္းရွီထံသို႔ တိုက္ရိုက္ ဦးတည္ေနခဲ့သည္ ။

႐ုတ္တရက္ဆန္စြာပင္ အမ်ိဳးသမီးက စတင္လႈပ္ရွားလာၿပီး သူမ၏ေျခေထာက္ကို ေျမႇာက္ကာ စက္ေလွကားေပၚသို႔ လမ္းေလၽွာက္တက္လာရင္း တျဖည္းျဖည္းအရွိန္အဟုန္ျမင့္ကာ ပိုမိုလ်င္ျမန္လာခဲ့သည္ ။

ဝမ္းရွီသည္ နည္းနည္းေလးမၽွ တုန႔္ဆိုင္းမေနဘဲ ခ်က္ခ်င္း ေနာက္လွည့္ကာ ထြက္သြားေတာ့သည္ !

ကိုယ္ဟန္ျပအ႐ုပ္၏ ေျခေထာက္မ်ားမွာ အင္မတန္ ေတာင့္တင္းေနသည့္အတြက္ သူ မေျပးနိုင္ေခ် ။

သူ႔အေနာက္တြင္ေတာ့ အမ်ိဳးသမီးက တတိယအလႊာသို႔ ေရာက္လာခဲ့ေလၿပီ ။ သူမ၏ေျခသံမ်ားမွာ ဝမ္းရွီႏွင့္ တစ္ထပ္တည္းနီးပါး ထပ္တူက်လာၿပီး သူ႔အေနာက္မွ အနီးကပ္ လိုက္ပါေနသည့္ ပဲ့တင္သံမ်ားအလားပင္ ။

"စက္ေလွကားနဲ႔ ေအာက္ကိုဆင္း " ရွဲ႕ဝမ္းက ေျပာလာသည္ ။

ဝမ္းရွီ သူႏွင့္ အနီးဆုံးတြင္ရွိေသာ စက္ေလွကားကို တစ္ခ်က္ၾကည့္လိုက္ကာ ေလသံတင္းတင္းႏွင့္ ေျပာလိုက္၏ ။ "အဲ့မွာ ပြင့္မေနဘူးေလ ! "

ရွဲ႕ဝမ္း : "....."

သူသည္ ႏွစ္စကၠန႔္မၽွ တိတ္ဆိတ္သြားၿပီးေနာက္ "မင္းတက္လိုက္ရင္ ပြင့္သြားလိမ့္မယ္ "

ဝမ္းရွီ : "???"

သူသည္ "မပြင့္ရင္ေတာ့ မင္းေသၿပီပဲ "ဟု ေတြးလိုက္သည့္တိုင္ ဒုတိယထပ္သို႔ ဆင္းေသာ စက္ေလွကားေပၚသို႔ ေျခလွမ္းလိုက္ဆဲ ။

အေသအခ်ာပင္ ၊ သူတက္လိုက္သည္ႏွင့္ စက္ေလွကားက ျဖည္းညင္းစြာ စတင္အသက္ဝင္လာေတာ့သည္ ။ စက္ေလွကားပြင့္လာခ်ိန္ အမ်ိဳးသမီးကလည္း သူတို႔ႏွင့္ ပိုမိုနီးကပ္လာခဲ့သည္ ။

"သူေျပးနိုင္လား ၾကည့္ေပး " ဝမ္းရွီ ေျပာလိုက္သည္ ။

ရွဲ႕ဝမ္းက သူ႔ေက်ာေပၚတြင္ လႈပ္ရွားေန၏ ။ တစ္ခဏမၽွအၾကာ သူသည္ ေခါင္းျပန္ငုံ႔လာကာ ေျပာလာသည္ ။ "သူ႔ေျခေထာက္ေတြက ေတာ္ေတာ္ေလး ပုံမွန္ပဲ ။ ငါတို႔ရဲ့ ေျခေထာက္အတုေတြလိုမဟုတ္ဘူး ။ ဒါေပမဲ့ ေျပးေတာ့ေျပးမေနဘူး "

ရလဒ္အေနျဖင့္ သူစကားေျပာၿပီးသည္ႏွင့္ အမ်ိဳးသမီး၏ေျခလွမ္းမ်ားမွာ ပို၍ျမန္ဆန္လာခဲ့သည္ ။

ဝမ္းရွီ စိတ္ထဲမွ ဆဲေရးလိုက္ေတာ့သည္ ။ ဒုတိယထပ္ စက္ေလွကားအနီးတြင္ ယာယီဆိုင္ခန္းငယ္မ်ားႏွင့္ အေရာင္းလွည္းတခ်ိဳ႕ရွိေန၏ ။ ထိုအရာဝတၳဳမ်ားကို အခြင့္ေကာင္းယူကာ ဝမ္းရွီသည္ အႀကိမ္ေပါင္းမ်ားစြာ ေကြ႕ဝိုက္ပတ္ေလၽွာက္ေနၿပီးေနာက္ အေနာက္သို႔ လွမ္းၾကည့္လိုက္သည္ ။

စကၠန႔္ပိုင္းအလိုကတင္ ၁၀မီတာ‌ေက်ာ္ အကြာအေဝးတြင္ရွိေနေသာ အမ်ိဳးသမီးမွာ ယခုေတာ့ သူႏွင့္ ေျခလွမ္းသုံးလွမ္းပင္ မကြာေတာ့ေပ !

အနက္ေရာင္မင္စက္သဖြယ္ မ်က္လုံးဝိုင္းႀကီးႏွစ္လုံးကို အနီးကပ္ျမင္လိုက္ရသည္က ပို၍ပင္ ေသြးပ်က္ေျခာက္ျခားဖြယ္ ေကာင္းလွသည္ ။

ဝမ္းရွီ တံခါးဖြင့္ရန္ အသုံးျပဳခဲ့ေသာ ႀကိဳးခ်ည္မၽွင္မွာ သူ႔လက္ေခ်ာင္းမ်ားတစ္ဝိုက္ ရစ္ပတ္ထားဆဲပင္ ။ တကယ္တမ္း ေလွာင္အိမ္ထဲသို႔ ဝင္ေရာက္ၿပီးၿပီးခ်င္း ေလွာင္အိမ္ပိုင္ရွင္ကို တိုက္ခိုက္ျခင္းက သိပ္ေတာ့မေကာင္းလွေသာ္လည္း သူ႔အေနာက္ဘက္ဆီသို႔ လက္ကို လႊဲယမ္းလိုက္ဆဲ ။

ေထာင့္ခ်ိဳးအေကြ႕တြင္ အမွိုက္ပုံးတစ္ပုံးရွိေနေလရာ အဟန႔္အတားျဖစ္ေအာင္ သူေမွာက္လွဲပစ္လိုခဲ့သည္ ။ သို႔တိုင္ အမွိုက္ပုံးလဲသြားသည့္အခ်ိန္ ေျမာက္မ်ားစြာေသာ ျပဳတ္က်ခိုက္မိသံမ်ားကို ၾကားလိုက္ရ၏ ။

သူသည္ စိတ္မထိန္းနိုင္ဘဲ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ ၾကမ္းျပင္ေပၚလဲက်ေနေသာ အမွိုက္ပုံးႏွင့္အတူ ယာယီဆိုင္ခန္းငယ္မွ အေရာင္းေကာင္တာပါ ျပဳတ္က်ေနကာ အမ်ိဳးသမီးကို အႀကိမ္‌ေရအနည္းငယ္ ေျခေခ်ာ္ယိုင္လဲသြားေစသည္ ။

"ေကာင္တာက ဘယ္လိုလုပ္ျပဳတ္က်သြားတာလဲ ? " ဝမ္းရွီေရရြတ္လိုက္မိသည္ ။

"သတိမထားမိလိုက္ဘူး ။ အမွိုက္ပုံးနဲ႔တိုက္မိသြားတာ ေနမယ္ " ရွဲ႕ဝမ္းက သူ႔ပခုံးအား အသာအယာပုတ္ကာ ေျပာလာ၏ ။ "အာ႐ုံလြင့္မေနနဲ႔ ။ ေျပးေတာ့ "

ဝမ္းရွီ : "....."

ဝမ္းရွီ၏ စိတ္ေကာင္းေစတနာေလးေၾကာင့္သာမဟုတ္ပါက အေျပာပဲရွိၿပီး အလုပ္မရွိေသာ အႏွီသ‌ေကာင့္သားမွာ သရဲမ်ားႏွင့္ တိုက္ခိုက္ရန္ ပစ္ေပါက္ခံေနရေလာက္ၿပီျဖစ္သည္ ။

ရွဲ႕ဝမ္းက ေလာေနသျဖင့္ ဝမ္းရွီသည္ သြားေနေသာ လမ္းေၾကာင္းကို အာ႐ုံမရဘဲ တတိယထပ္သို႔ တက္သည့္ စက္ေလွကားထံ ျပန္လည္ေရာက္ရွိသြားခဲ့သည္ ။ ေနာက္ကလိုက္ေနသည့္ အမ်ိဳးသမီးထံမွ စက္ဝိုင္းသဖြယ္ ပတ္ေျပးမိကာ ယခုေတာ့ စမွတ္ကို ျပန္ေရာက္သြားသည့္အလား ....

သူမ ရည္ရြယ္ခ်က္ရွိရွိလုပ္သည္လား ၊ မေတာ္တဆလား မည္သူသိလိမ့္မည္နည္း ။

ဝမ္းရွီသည္ ေဘးပတ္ဝန္းက်င္တစ္ဝိုက္ လွည့္လည္ၾကည့္ရႈလိုက္ကာ သူမကို မ်က္ေျချဖတ္နိုင္မည့္ နည္းလမ္းအား ရွာေဖြရန္ ႀကိဳးပမ္းေနမိသည္ ။ ႐ုတ္တရက္ပင္ တစ္စုံတစ္ေယာက္က အသံတိုးတိုးျဖင့္ အေရွ႕မွ လွမ္းေခၚလာသည္ကို ၾကားလိုက္ရ၏ ။ "ဒီကိုလာခဲ့ ! "

ထိုအသံက ရွေခ်ာင္ဟု ဝမ္းရွီအလိုအေလ်ာက္ ေတြးမိသြားသည္ ။

အသံေနာက္ကို လိုက္လာခဲ့ၿပီးေနာက္ ဘယ္ဘက္ျခမ္းရွိ ဆိုင္တစ္ဆိုင္၏ ဆြဲတံခါးမွာ တစ္ဝက္ပြင့္လ်က္ရွိေၾကာင္း သူျမင္လိုက္ရ၏ ။ ကေရာေသာပါးနိုင္သည့္တဒဂၤ သူသည္ ေတြေဝတုန္႔ဆိုင္းျခင္းမရွိဘဲ အထဲသို႔ ေလၽွာဝင္လိုက္ေတာ့သည္ ။

အမ်ိဳးသမီး၏ေျခသံမ်ားက သူ႔အေနာက္မွ အနီးကပ္ပဲ့တင္ထပ္ေနလ်က္ ။

စကၠန႔္ပိုင္းအတြင္း သံပန္းတံခါးမွာ ဂ်ိန္းခနဲအသံျဖင့္ ၾကမ္းျပင္အထိ ဆြဲခ်ခံလိုက္ရသည္ ။

အမ်ိဳးသမီးမွာ မေပ်ာ္မရႊင္ျဖစ္သြားပုံရၿပီး တံခါးကို ႀကိမ္ဖန္မ်ားစြာ ခပ္ျပင္းျပင္း ရိုက္ႏွက္ေနေတာ့သည္ ။

မိနစ္အနည္းငယ္မၽွ ကုန္လြန္သြားၿပီးေနာက္ သူမ၏တရြတ္ဆြဲ ေျခသံမ်ားမွာ အဆုံး၌ ထြက္ခြာသြားခဲ့ၿပီး ေဘးကပ္လ်က္ ဆိုင္ခန္းသို႔ သြားေနပုံပင္ ။

သို႔မွသာ ဝမ္းရွီသည္ မတ္မတ္ရပ္လိုက္ၿပီး ေဘးဘီၾကည့္ရန္ လွည့္လိုက္ေလ၏ ။

မူလက သူသည္ ရွေခ်ာင္ ဝင္ေရာက္တြယ္ကပ္ေနေသာ ကိုယ္ဟန္ျပအ႐ုပ္ကို ျမင္ရမည္ဟု ထင္ထားခဲ့ေသာ္လည္း ထိုအစား ဆိုင္အေနာက္ဘက္အစြန္ဆုံး၌ ပူးကပ္စုျပဳံကာ မတ္တပ္ရပ္လ်က္တစ္မ်ိဳး ၊ ေဆာင့္ေၾကာင့္ထိုင္လ်က္တစ္ဖုံ ရွိေနၾကေသာ မရင္းႏွီးသည့္ အမ်ိဳးသား ၊ အမ်ိဳးသမီး ၇ေယာက္ ၊ ၈ေယာက္ေလာက္ကို ျမင္လိုက္ရသည္ ။ သူတို႔သည္ သူ႔ကို အျပစ္ကင္းကာ ေၾကာက္ရြံ့ေနေသာ မ်က္လုံးမ်ားျဖင့္ မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေန၏ ။

တေစၲတစ္ေကာင္ကို ျမင္ေတြ႕လိုက္ရသည့္ႏွယ္ ထူးမျခားနားပင္ ။

"ဘာေတြျဖစ္ေနတာလဲ ? " ဝမ္းရွီသည္ သူ႔အေတြးမ်ားကို မသိစိတ္အေလ်ာက္ ထုတ္ေျပာမိသြား၏ ။

"ဒီေလွာင္အိမ္က နည္းနည္းျပႆနာရွိေနတာ ။ လူေတြအမ်ားႀကီးကို ဆြဲသြင္းပစ္ၿပီး အခုဆို သူတို႔ဒီမွာ ပိတ္မိေနၾကတာ ရက္ေတာင္အေတာ္ၾကာေနၿပီ " တစ္စုံတစ္ေယာက္က ရွင္းျပလာသည္ ။

ဤအသံကို တစ္မ်ိဳးတစ္ဖုံ ရင္းႏွီးကၽြမ္းဝင္ေနသည္ေပ ။

ဝမ္းရွီ လွည့္ၾကည့္လိုက္ေသာအခါ စကားေျပာလာသည့္သူမွာ က်န္းပိလင္ျဖစ္ေနေၾကာင္း နားလည္သြား၏ ။

သူမ၏နံေဘးတြင္မူ ငုတ္တုတ္ထိုင္ေနေသာ ဆယ္ေက်ာ္သက္အရြယ္ ေကာင္ငယ္ေလးတစ္ေယာက္လည္းရွိေနၿပီး ဝမ္းရွီကို ေပစုတ္စုတ္ ၾကည့္ေနသည္ ။

ထိုေကာင္ေလးမွာ ခ်န္ပူေသာက္က "အေသဆိုးႏွင့္ ေသခဲ့သည္"ဟု ေျပာခဲ့ဖူးေသာ သူမ၏ ဆိုးေပသည့္ သားစုတ္ကေလးပင္ ။

"ဘာလို႔ ဒီေရာက္ေနတာလဲ ? " ဝမ္းရွီ ေမးလိုက္ေသာ္ျငား သူခ်က္ခ်င္း အမွတ္ရသြားခဲ့သည္ ။ "ထီးယူသြားတာ ခင္ဗ်ားလား ? "

က်န္းပိလင္သည္ အနည္းငယ္ ရွက္ရြံ့သြားပုံရသည္ ။ သူမက ခါးသက္စြာျပဳံးလာၿပီး သူမ၏သားစုတ္ေလး၏ ဦးေခါင္းကို ပုတ္လိုက္ကာ "ငါ့ရဲ့သားက ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဒီထဲ မွားဝင္သြားမိလို႔...."

သူမသည္ ရွန္ေခ်ာင္ကို လိုက္မပို႔နိုင္ေတာ့ဘဲ အနားကပ္မွ လုပ္စရာေပၚလာသည္ဟု ေျပာခဲ့သည္မွာ မဆန္းေတာ့ေခ် ။

ဝမ္းရွီသည္ ေခါင္းညိတ္လိုက္ကာ ထပ္မံေမးလိုက္၏ ။ "ခုနက ရွေခ်ာင္ရဲ့အသံ ၾကားလိုက္တာလားလို႔ ? "

"အာ...ဟုတ္တယ္ " က်န္းပိလင္က ေျပာသည္ ။ "ခုနက မင္းကိုေခၚလိုက္တာ သူေလ ။ တျခားတစ္ေယာက္က ေခၚလိုက္ရင္ မင္းသတိခ်ပ္မိၿပီး ဝင္မလာေတာ့မွာစိုးတာနဲ႔ "

"သူ ဘယ္မွာလဲ ? " ဝမ္းရွီသည္ ဆိုင္ခန္းထဲ လွည့္ပတ္ၾကည့္လိုက္သည္ ။

"ဒီဘက္မွာ...ေကာ " ရွေခ်ာင္၏စကားသံမွာ အသက္စြမ္းအင္ လုံးလုံးကင္းမဲ့ေနကာ သူခံစားေနရေၾကာင္း အသံႏွင့္ပင္ ဝမ္းရွီ ေျပာနိုင္သည္ ။

ဝမ္းရွီ အသံလာရာသို႔ လွည့္ၾကည့္လိုက္ေတာ့သည္.....

ထို႔ေနာက္ နံရံတစ္ေလၽွာက္ စီတန္းထားေသာ အရာဝတၳဳမ်ားကို ျမင္လိုက္ရ၏ ။

ဘယ္လိုေျပာရပါ့--၎မွာ ကြဲျပားျခားနားခ်က္သိပ္မရွိဘဲ အလားတူ လူသားကိုယ္ဟန္ျပအ႐ုပ္အမ်ိဳးအစားပင္ ။ သို႔ရာတြင္ ဂ်င္းေဘာင္းဘီဆိုင္မ်ားတြင္သာ အထူးတလည္အသုံးျပဳသည့္ အမ်ိဳးအစား ျဖစ္ေနသည္မွတစ္ပါး ။ ထိုအရာတြင္ ေျခေထာက္မ်ားသာရွိၿပီး လႈပ္ရွား၍မရေပ ။

အကယ္၍ လႈပ္ရွားနိုင္ပါက ေျခေထာက္ႏွစ္ေခ်ာင္းျပဲကာ ဂြၾကားကို တိုက္ရိုက္ထိသြားမည္သာ ။

ရွေခ်ာင္သည္ ထိုေနရာတြင္သာ အေတာင့္လိုက္ရပ္ေနရင္း သူ႔ေျခေထာက္မ်ားမွာ ကားေနလ်က္ျဖင့္ ဝမ္းနည္းပက္လက္ေမးလာသည္ ။ "ဝမ္းေကာ..သူေဌးရွဲ႕ေရာ ? "

ဝမ္းရွီ : ".....ငါ့ေက်ာေပၚမွာ "

ရွေခ်ာင္ခမ်ာ မွင္သက္သြားေတာ့သည္ ။

ရွဲ႕ဝမ္းသည္ ဝမ္းရွီေက်ာထက္တြင္ တုန္ရီလို႔ေနၿပီး သူ႔အသံက ရင္ဘတ္ထဲမွ ဗလုံးဗေထြးထြက္ေပၚလာခဲ့သည္ ။ သူသည္ အခ်ိန္အေတာ္ၾကာ ရယ္ေမာေနေလ၏ ။

ရွဲ႕ဝမ္းသည္ ေခါင္းငုံ႔ကာ ဝမ္းရွီသာ ၾကားနိုင္သည့္ အသံျဖင့္ ေျပာလာသည္က "ေကာင္းလိုက္တဲ့ နည္းစနစ္ ။ လက္ဆင့္မကမ္းလိုက္ရရင္ ႏွေျမာစရာပဲ ။ မင္းအခ်ိန္ရရင္ ငါ့ကိုလဲ ‌သင္ေပးပါအုံး "

ဝမ္းရွီ : "....."

င္းေခ်င္ေနၿပီလား ?

***

Continue Reading

You'll Also Like

6.1K 760 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...
357K 38K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
21K 3K 34
Web Novel (CN) Name- How To Say I Love You Original Author: Feng Liu Shu Dai/ 风流书呆 Artists: N/A Year-2017 Status in COO- 136 Chapters +1 Extra [Comp...