အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
540K 15.3K 587
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၃၀)uni & zg
9.9K 324 68
By EmmaRine9820
Unicode
မနက်ဖြန်ဆို ခန်မှူးလွင်တို့ကို အကိုdinner ကျွေးဖို့ချိန်းထားတဲ့ရက် အကိုက ခုထိ စိုင်းခက်ကိို ဘာမှလှမ်းမပြောပေ ။ တကယ်ကို အကိုနဲ့ဝေးကွာသွားပြီပဲ ကောင်းပါတယ် လျှောက်လမ်းတွေခြင်းမှမတူတာ ကိုယ့်လမ်းကိုယ်ရှေ့ဆက်ရုံပေါ့။
Tv ဖွင့်ထားပြီး tv ဆီသို့စိတ်မရှိ ဖုန်းကိုသာကြည့် ၍ မခေါ်တဲ့အဝင် call ကိုတစ်မျှော်မျှော် ။
"စိုင်းခက် ဇာတ်ကားမကြည့်ပဲ ဘာလုပ်နေတာလဲ၊ ပြောတော့ ဒီကားအရမ်းကြည့်ချင်နေတာပါဆို"
ဆိုဖာပေါ်မှာထိုင်ကာဇာတ်ကားကြည့်နေတဲ့ ဟိန်းက ကနာမငြိမ်ဖြစ်နေတဲ့ စိုင်းခက်ကို ကြည့်၍
မေးလိုက်တော့သည်။
"ဘာမှမဟုတ်ပါဘူး ငါကြည့်နေပါတယ် ဟိန်းရဲ့"
စိုင်းခက် ဖုန်းလေးဘေးချကာ ဇာတ်ကားကို
ပြန်လည်အာရုံစိုက်ထားလိုက်သည်။ ၉နာရီခွဲလောက်ကျ ဇာတ်ကားလဲပြီး၍ စာတန်းပင်ထိုးနေပြီ ထိုစဉ်
Ring ! Ring !
ဖုန်းကိုကြည့်လိုက်တော့ အကို ဆီက
စိုင်းခက် ဟိန်း အားတစ်ချက်ကြည့်တော့ စားပွဲပေါ်က သောက်လက်စ အအေးခွက်များအားကောက်သိမ်းနေသည်။ စိုင်းခက် ကုတင်ပေါ်မှ ထကာ ခေါင်းရင်းပြတင်းပေါက်ဆီလာလိုက်ပြီး ဖုန်းကိုင်လိုက်သည်။
"ဟယ်လို အကို "
"အင်းစိုင်းခက် ကိုယ့်တိုက်လေးကို အာလုံး
အဆင်ပြေအောင် လုပ်ပေးကြလို့ dinner လေးကျွေးချင်လို့ပါ အဲတာ မနက်ဖြန် ၇ နာရီလောက် အားမလား"
"ဟုတ်အကို ခန့်မှူးပြောလို့ သိထားပါတယ်
ကျွန်တော်အားပါတယ် "
"အင်းအဲတာဆို ဟိန်းကိုရောကိုယ့်အစားဖိတ် ပေးပါအုန်း လိပ်စာကို ကိုယ် message ပို့ထားပေးမယ်နော် "
"ဟုတ်ကဲ့ပါ အကို "
"ဒါဆို ကိုယ်ဖုန်းချလိုက်ပြီနော် "
"...."
အကိုသာ ဖုန်းမဆက်ရင်စိုင်းခက်တကယ်ကို သွားဖို့အစီအစဉ်မရှိပါ ။ ခုဖုန်းဆက်တော့
စိုင်းခက် အနည်းငယ်တော့ပျော်သွားရသည်
လုံးဝ မပတ်သတ်တော့တာမျိုးမဟုတ်ဘူးမို့လား စိုင်းခက် ဒီဘက် ပြန်အလှည့် ဟိန်းက ကုတင်
စွန်းတွင် ထိုင်၍ စိုင်းခက်အားကြည့်နေသည်က ဘာကိစ္စလဲဆိုတာ ပြောစေချင်တဲ့ မျက်ဝန်းတွေနှင့်
"ဟို အကိုက ငါတို့သူ့ရဲ့ တိုက်ကိစ္စအတွက်
ကျေးဇူးတင်တဲ့အနေနဲ့ dinner ကျွေးမလို့တဲ့ အဲတာ မင်းကိုပါ ဖိတ်ခိုင်းလိုက်တယ်
မင်းလိုက်ချင်လား "
"ဘာလို့လဲ မင်းကငါ့ကို မလိုက်စေချင်လို့လား "
"မဟုတ်ပါဘူး အဲလိုပွဲတွေ မင်းကမကြိုက်လို့ စိတ်ကျဉ်းကြပ်နေမှာစိုးလို့ပါ မလိုက်ချင်လဲအားနာစရာမရှိဘူး "
"ရတယ် ငါလိုက်ခဲ့မယ် "
ဟိန်းရဲ့အကြည့်တွေက တစ်ခုခုကို စိုးရိမ်နေတဲ့ပုံရနေသည်။ ဒီအတောအတွင်း သူအကို့ဆီရောက် နေတဲ့ စိတ်တွေကို ဟိန်းရှေ့မှာဆိုရအောင်ထိန်းချူပ်ခဲ့ပါသည်။ ဟိန်းရိပ်မိနေတာများလား ဒီအကြည့်တွေက တစ်ခုခုကို ကြိုသိနေသလို
စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ။
"ဟိန်း ဘာတွေတွေးနေတာလဲ ငါ့ကိုတစ်ခုခုပြော
ချင်တာရှိလို့လား "
"ဟင့်အင်း မရှိပါဘူး အိပ်ကြရအောင်လေ
ငါအိပ်ချင်ပြီ "
"....."
ဒီနေ့လဲ အတွေးကိုယ်စီနဲ့ လူနှစ်ယောက်ရဲ့ အခန်းလေးဟာ အရင်လိုရယ်သံများပျောက်
ကင်းနေခဲ့ပြီး တိတ်ဆိတ်မှုတွေသာ ကြီးစိုးနေရ
ပြန်သည်။
*******🌸🌸🌸🌸********
Starry Bar ၏ အပြင်ဘက်ဝိုင်းရှိခုံရှည်တွင်
ခန့်မှူးလွင် ၊ လေပြေသွေး နှင့် ထိုက်ဘုန်းရှိန်တို့က ၁ဖက် ဟိန်းထက်နှင့်စိုင်းခက်လျှံ တို့က ၁ဖက် မျက်နှာချင်းဆိုင်အနေအထားတွင် နေရာယူထားကြသည်။စားပွဲတွင် tiger beer 1 tower နှင့် shishar 1အိုး ၊ စားသောက်ဖွယ်ရာများအစုံ
အလင်ဖြင့် စားပွဲတွင်ပြည့်နေသည် ။
"ကဲအာလုံး cheer one shotနော် မကုန်ရင် ၂ခွက်
ပြန်သောက်ရမယ်"
ခန့်မှူးလွင်မှ စတင်၍ တက်ကြွစွာ ပြောလေသ
ဖြင့် ကျန် ၄ ယောက်လဲ ခွက်ချင်းတိုက်ကာမော့လိုက်ကြသည်။
အဟွတ်အဟွတ် " လေပြေသွေး နှင့် ဟိန်းဆီမှ
သံပြိုင်ထွက်လာသည်။ လေပြေသွေးဆို သီးသွားသဖြင့် မျက်ရည်များပင်ဝဲလာတော့တယ် ။ ဟိန်း မှာလဲ သောက်လေ့သောက်ထမရှိသဖြင့် မျက်နှာပင်ရဲသွားလေသည်။
"ဟာ ကလေး ရာ မသောက်နိုင်ပဲ တစ်ကျိုက်ထဲ
မော့စရာလား ခုတော့ဖြစ်ပြီ "
လေပြေသွေးက တစ်ရူးဖြင့် မျက်ရည်စများကိုသုတ်ပေးနေသော ခန့်မှူးလွင်ကို မျက်စောင်းထိုးကာ ဗိုက်အား လိမ်ဆွဲလျက်
"အားးးကလေးလေး နာတကယ်ကွ "
"ကိုကိုကြောင့် ဖြစ်တာလေ ခုမှဘာလို့လာဆူနေတာလဲ ဟွန်း သွားမခေါ်တော့ဘူး "
"ကိုကိုတောင်းပန်ပါတယ် ကလေးရယ်
ရွှေစိတ်တော်မကောက်လိုက်ပါနဲ့နော်"
ဘေးမှထိုက်ကတော့ အကဲပိုနေတဲ့ နှစ်ယောက် ကို ကြည့်ကာ ခေါင်းတရမ်းရမ်းဖြင့်သာ ပြုံးပြီးကြည့်နေလိုက်သည်။ စိုင်းခက် မှာမြင်ပြင်းကပ်စွာသာ တစ်ချက်ကြည့်၍
"ဟိန်းရရဲ့လား ဒါမသောက်ချင်ရင်၊ ငါ cocktails မှာပေးရမလား "
စိုင်းခက်က တစ်ရူးလေးကန်းပေးရင်းမေးလိုက်သည်။
"အင်း beer က gas ပါတော့ ငါသိပ်မသောက်
နိုင်ဘူး "
"ညီလေး ခန "
စိုင်းခက် waiter ကောင်လေးအားလှမ်းခေါ်၍
"Tequila ၁ခွက် သံပုရာသီး လေးပါချပေး "
"ကျေးဇူးပဲစိုင်းခက် ငါ့အကြိုက်တွေ မှတ်ထားပေးလို့"
ဟိန်းက သူ့အပိုင်ဆိုတဲ့ မာန်လေးနဲ့ စကားဆို
လိုက်ပြီး စိုင်းခက်ပါးအား ခပ်ဖွဖွ ညစ်သည်။
စိုင်းခက်မှာ မလုံမလဲဖြင့် ထိုက်ကို မသိမသာ လှမ်းကြည့်မိတော့ beer နောက် ၁ခွက်ထည့်ကာ သူတို့ကိုကြည့်မနေ ။
ထိုက် ဘီယာအားမော့သောက်၍ ခပ်ဖွဖွသာပြုံးရင်းသက်ပြင်းချမိသည် ။ ဟိန်းကသူ့ရှေ့မှာ မို့တမင်လုပ် နေမှန်းသိပါသည်။ထိုက် စိတ်အိုက်လာသဖြင့် toilet သို့ထွက်လာခဲ့လိုက်သည်။
"အင်းပါ စိတ်မကောက်နဲ့ ဒီအပတ် ကိုကိုလာဖြစ်
အောင်လာခဲ့ပါမယ် "
"......."
"သတိရပါတယ်ကွာ ၊ ကဲမရစ်နဲ့နော်
ကိုကို ဧည့်သည်တွေနဲ့ အပြင်ရောက်နေလို့ပါ "
စိုင်းခက် ခြေလှမ်းတို့ရပ်တန့်သွားကာ ရင်ထဲမှာလဲ ဗလောင်ဆူသွားတော့သည် ။ toilet ဝင်ဖို့လာတုန်းအထဲကထိုက်အသံကြားလို့ရပ်နားထောင် နေစဉ်ပြောနေသောစကားတွေကြောင့်ရှေ့ကနေ ချက်ချင်းလှည့်ထွက်ခဲ့သည်။
ခြေလှမ်းသွက်သွက်သူတို့ ဝိုင်းရှိရာသို့ ပြန်လာကာ ဘီယာ ၁ခွက် မြန်မြန်ငဲ့၍ တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်သည်။ ရင်ထဲမှအပူများက်ို ဘီယာအေးအေးဖြင့် မျှောချသည်။
"ဟျောင့် ဘာဖြစ်တာလဲ သေနေအုံးမယ် ဘယ်သူမှလုမသောက်ဘူး "
ရူးရူးရဲရဲဖြင့်ရောက်လာတာ ဘီယာ ၁ခွက်ပီး၁ခွက်မော့နေသဖြင့် ခန့်မှူးလွင်က ပြောရတော့သည်။
"စိုင်းခက် တဖြည်းဖြည်းသောက်လေ ဘာဖြစ် နေတာလဲ "
နောက်တစ်ခွက်မော့ဖို့ပြင်နေတဲ့ စိုင်းခက် လက်တွေကို ဆွဲတားလိုက်ရသည်။
"ဖယ်စမ်းဟိန်းရာ ငါမူးချင်လို့ "
စိုင်းခက် ဟိန်း လက် အား ပုတ်ချကာ ဆက်သောက်နေလိုက်သည် ။ ၅ခွက်ဆက်တိုက် သောက်လိုက်သဖြင့် ပုံမှန်ထပ် ပို၍ မူးဝေသွားကာ ထိုင်လျက် ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။
"ဟင် စိုင်းခက်ကဘယ်လိုဖြစ်တာလဲ"
သူသွားတဲ့ခနလေးအတွင်း စိုင်းခက်ရှေ့မှ ဘီယာခွက်များနှင့် ခေါင်းငိုက်စိုက်ကျနေသော
စိုင်းခက်ကြောင့် ထိုက် ခုံတွင် ဝင်ထိုင်ကာ ခန့်မှူးကိုမေးလိုက်သည်။
"မသိပါဘူး ကိုထိုက်ရာ ဒီကောင်လုပ်လိုက်ရင်အဲလိုတွေချည်းပဲ "
ထိုစဉ် စိုင်းခက်က မျက်လုံးပွင့်လာကာ စားပွဲတွင် လက်ထောက်လျက် မေးအားတင်ကာ ထိုက် ကို ပြုံးပြုံးကြီး စိုက်ကြည့်သည်။ ပြုံး၍ကြည့်
လိုက် မဲ့၍ကြည့်လိုက် မျက်ရည်ဝဲသွားလိုက်နှင့် အကြည် မျိုးစုံဖြင့် စိုက်ကြည့်သည်။ ခေတ္တခဏလည်းမဟုတ်၅ မိနစ်လောက်ဆက်တိုက်။ ခန့်မှူးလွင်သာမက ဝိုင်းတဝိုင်းလုံး သတိထားမိနေပြီ။ ထိုက်လည်း မျက်နှာဘယ်နားထားရမလဲမသိ။ ဟိန်းက တော့ ဘာမျှပင်မပြောနိုင်။မျက်နှာ
လည်းဇီးရွက်လောက်ပင်ကျန်တော့သည်။ အတန်ကြာ စိုက်ကြည့်ပြီးနောက်
"အကို ဘာလုပ်နေလို့အဲလောက်ကြာနေတာလဲ "
အာလေးလျှာလေးဖြင့် လေသံက ရစ်တဲ့ဘက်ကိုသွားနေလေပြီ ။
"ဟို ကိုယ်ဖုန်းပြောနေလို့ ကြာသွားတာပါ "
"ဪ ၊ ကျွန်တော့်ဆီကိုကျ ဖုန်းလဲမဆက် စာလဲမပြန် ၊ အခြားသူကိုကျ ခုလို အပြင်ရောက် နေတဲ့အချိန်မှာတောင် ဖုန်းပြောဖို့အချိန်ပေး
တယ်ပေါ့"
"ဟားဟား "
စိုင်းခက်ရုတ်တရက်ထရီကာ ထိုက်ကို အကြည့်မလွဲ ခနဲ့သလိုဖြစ်ပြောနေသဖြင့် ထိုက်မှာ အတော်ပင်နေရခက်ကာ မျက်နှာပူလှပြီ ။ ဟိန်းကိုကြည့်တော့လဲ ပျက်ယွင်းနေသော မျက်နှာပင် ဟန်ဆောင်၍ မထိန်းနိုင်တော့ ၊ ခန့်မှူးလွင်တို့လဲ ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့ပေ။
စိုင်းခက် မှာ မြိုသိပ်ထားသမျှ မူးမှဖွဟချ
နေသည်။
"ရည်းစားရနေပြီလား "
"ဟင် မဟုတ် ...."
" ငြင်းမနေစမ်းပါနဲ့ဗျာ ရည်းစားရသွားတော့
ကျွန်တော့်ကို စောက်ရေးကိုမလုပ်တော့ဘူးနော် ၊ အစကတော့ ငါဘာများမှားသွားလို့ ရုတ်တရက်
ရှောင်နေတာလဲလို့တွေးနေမိတာ တကယ်က
ရည်းစားရသွားလို့ကို ဟားဟား "
ထိုက်ပင်စကားဆုံးအောင်မပြောလိုက်ရ ဟားဟားရီ၍ သူ့အားရီဝေဝေကြည့်ကာ လေသံခတ် ဆက်ဆက် ဖြင့် တရဆက် ဆိုပြီး မျက်ရည်များပင်ကျလာလေသည်။ ထိုက်ဘာဆက်ပြောရမှန်းကို မသိအောင် ဆွံ့အကာ ဟိန်းကို မျက်နှာပင်မပြဝံ့တော့ပေ။
" စိုင်းခက် မင်းမူးနေပြီပြန်ရအောင်နော်
ကိုထိုက်ကိုအားနာဖို့ကောင်းတယ်လေ "
"မင်း ဖယ်စမ်း ဟိန်း ငါဒီလူနဲ့ရှင်းမှဖြစ်မယ် ငါသိချင် တာ သိရမှဖြစ်မယ် "
စိုင်းခက်ကိုလက်မောင်းမှဆွဲထူကာ မတ်တပ်ထရပ် တဲ့ ဟိန်းရင်ဘက်ကိုဆောင့်တွန်းလိုက်သဖြင့် နောက် သို့ ထိုင်လျက် လဲကျသွားတော့သည်။
ထိုအခါ ခန့်မှူးလွင်က ဆက်ကြည့်မနေနိုင်တော့ပဲ
" ဒီကောင်ဂျိုကြွနေတာပဲ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားပြီး ရိတိရားတားလုပ်နေတာ ငါထိုးမိတော့
မယ် "
ခန့်မှူးလွင် စိုင်းခက်ဘက်သွားကာ အကျီကော်လံကို ဆွဲကိုင်ပြီးလက်ရွယ်လိုက်သဖြင့် လေပြေသွေးမှာခန့်မှူးလက်မောင်းအားဆွဲထိန်းထားရသည်။ ဟိန်းက ထိုင်ရာကနေ ထကာ
"မလုပ်ပါနဲ့ကွာ သူမူးနေလို့ပါ ငါပြန်ခေါ်သွား
လိုက်ပါမယ် ၊ အားလုံးကိုတောင်းပန်ပါတယ် "
ဟိန်း ထိုက် ဘက်လှည့်ကာ ပြောသဖြင့် ထိုက်မှာ ခေါင်းသာငြိမ့်ပြ၍ ဘာမှပြန်မပြောနိုင်လောက်အောင်ပင် မှင်သက် နေရတော့သည် ဒီအခြေအနေကဘာတွေပါလိမ့်။
"ငါ့ကို လွတ်ကြ အကို ကျွန်တော်အကိုနဲ့ပဲပြန်
မယ်နော် အကို့နဲ့ဒီနေ့လိုက်အိပ်မယ်လေ အကို့အခန်းမှာကျွန်တော့်အတွက်ဝယ်ထားတဲ့ အကျီတွေ လွတ်မပစ်ရသေးဘူးမို့လား ၊ ကျွန်တော့်ကိုခေါ်သွားပါနော်"
ထိုက် ဟိန်းကို အားနာလွန်း၍ ထိုနေရာမှ ထွက်ပြေးချင်စိတ်သာပေါက်တော့သည်။
"ဟိုလေ ဟိန်း အထင်မလွဲနဲ့နော် အဲတာ အရင်က
စိုင်းခက်အိမ်လာလည်ရင် အဆင်ပြေအောင်ဝယ် ထားတာပါ ငါ့ညီနဲ့ အဆင်ပြေပြီးနောက်ပိုင်း
သူတကယ်မလာပါဘူး "
ထိုက်မှာပြာပြာသလဲရှင်းပြလာသဖြင့် ....
"ရပါတယ် ကိုထိုက်ရာ ကျွန်တော်အရာအားလုံးနားလည်ပြီးသားပါ"
မျက်နှာလေးညှိုးငယ်စွာဖြင့် စိုင်းခက်ကိုငေး
ကြည့်၍ ပြန်ပြောလာသော ဟိန်းရဲ့ မျက်ဝန်းတွေဟာ ဘယ်လိုခံစားနေရမလဲ ထိုက် သိ
ပါသည်။
ထိုစဉ်ခန့်မှူးလွင်မှ ထိုက်အနားကပ်ကာ
စိုင်းခက်ကို အပြင်သို့ခေါ်ထုတ်ပေးရန်ပြော
သဖြင့် ဟိန်းကလဲလက်ခံကြောင်း ခေါင်းငြိမ့်ပြသည်။
"လာနော် စိုင်းခက် ကိုယ်တို့အတူပြန်ကြမယ် "
ခေါင်းငိုက်စိုက်ချကာ တောင့်တောင့်ကြီးရပ်နေတဲ့ စိုင်းခက်လက်မောင်းကို ဆွဲကိုင်လိုက်တော့မှာခေါင်းမော့ကာ
"ဟင် အကိုလား အကို "
စိုင်းခက် ထိုက်ရဲ့ ရင်ခွင်ထဲခေါင်းတိုးဝင်လျက် ငြိမ်သက်သွားတော့သည် ။ ထိုက်လဲ ပခုံးမှထိန်းကိုင်ကာ စိုင်းခက်ကားဆီသို့ လျှောက်လာပြီး lover seat တွင်နေရာယူစေလိုက် သည်။ ဟိန်းက driver seat တွင်ဝင်ထိုင်ကာ အားလုံးကို တောင်းပန်စကားဆိုလျက်ထွက်လာခဲ့လိုက်တော့သည်။ စိုင်းခက်ကတော့ ကားပေါ်ရောက်သည်နှင့်
ငြိမ်ကျကာ အိပ်ပျော်သွားသည်။
အိပ်ပျော်နေသော စိုင်းခက်၏ မျက်နှာသည် အေးချမ်းလို့နေသည်။ စောနကသူ၏ နှလုံးသားကို တစစီဆွဲဖြုတ်ထားတဲ့ လူတစ်ယောက်
မဟုတ်တော့သလိုပင် ။ ဟိန်း လက်တွေပင် တဆက်ဆက်တုန်နေမိသည်။ နှလုံးထဲမှ အောင့်သက်မှုကြောင့် အသက်ပင်မနည်းရှူနေရသည်။ မျက်ရည်များကတော့ အဆက်မပြတ်ပေါ့။
ဟိန်း တစ်လမ်းလုံး ကြိတ်၍ ငိုမိသည်။
သူ စိုင်းခက်ကိုနိုးမလာစေချင်ပါ။
သူ ချစ်ရပါသော ၊ သိပ်ချစ်ရပါသော၊ သိပ်သိပ် ချစ်ရပါသော စိုင်းခက်က သူ့ကိုတောင်တစ်ခါမှ မကြည့်ဖူးသောမျက်ဝန်းများ ဖြင့် ထိုက်ဘုန်းရှိန် ကိုကြည့်နေသည်လေ။ သူ သိပ်မြတ်နိုးခဲ့သော
စိုင်းခက်၏ထိုမျက်ဝန်းများ က ယခုအခါတွင် တော့ သူ့အတွက်နေရာမရှိတော့ချေ၊ ထို့အတူ
စိုင်းခက်၏နှလုံးသားရောပင်။ တွေးလေလေ
ပိုနာကျင်လေလေ ဖြစ်နေပြီမို့ ဟိန်းတစ်ယောက် ကားကိုပင် ဆက်မမောင်းနိုင်တော့။ ထို့ကြောင့်လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ ထိန်းထားသမျှ မျက်ရည်များက အညှာတာကင်းမဲ့စွာ ရပ်တန့်ခြင်းမရှိ ကျနေသည်။
ဟိန်း အိပ်နေသော စိုင်းခက်၏ ပါးပြင်လေးအား နူးညံ့စွာပွတ်သပ်သည်။ ထို့နောက် နီရဲဖူးစက်နေသော နှုတ်ခမ်းမို့မို့လေးထံ အနမ်းပါးပါးတို့က ညင်သာစွာ ဟိန်း၏ မျက်ရည်အချို့ကတော့
စိုင်းခက်ပါးတဖကက်နေရာယူသည်။
သူ စိုင်းခက်အား လက်လွှတ်ချိန်တန်ခဲ့ပြီ......
မင်းကိုမစွန့်လွတ်နိုင်ဘူးလို့ ပြောနေပေမဲ့ ငါ့ဆီမှာမရှိတော့တဲ့ မင်းကိုပဲမြင်နေရတယ်။ နှလုံးသားခြင်းဝေးသွားတာမို့ ငါဘယ်လိုမှ လိုက်လို့မမှီတော့ဘူး စိုင်းခက်ရယ် .... မင်းပြေးပါတော့ မင်းပျော်ရာကိုပြေးတော့ ငါပြုံးပြပြီး နှုတ်ဆက် ပေးပါ့မယ်။.....
ငြိမ်းချမ်းစွာအိပ်ဆက်နေသော စိုင်းခက်ကတော့ ဟိန်း၏ နာကျင်မှု မမြင်နိုင်ခဲ့ချေ။ကားထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီဖြစ်တဲ့ လူတစ်ယောက် နှင့် နာကျင်စွာ ငိုကျွေးနေတဲ့ လူတစ်ယောက် ရှိနေလေသည်။
******🌸🌸🌸🌸********
ဟိန်းအတွက် ငိုနေမိပီ ❤️ အဆင်ပြေရင် cmt လေးမန့်ပေးပါအုံးသဲငယ်တို့
Zawgyi
မေးလိုက်တော့သည်။
Ring ! Ring !
"ဟယ်လို အကို "
ကျွန်တော်အားပါတယ် "
"ဟုတ်ကဲ့ပါ အကို "
"...."
မင်းလိုက်ချင်လား "
"ရတယ် ငါလိုက်ခဲ့မယ် "
ချင်တာရှိလို့လား "
ငါအိပ်ချင်ပြီ "
"....."
ပြန်သည်။
*******🌸🌸🌸🌸********
ပြန်သောက်ရမယ်"
နိုင်ဘူး "
"ညီလေး ခန "
အောင်လာခဲ့ပါမယ် "
"......."
တယ်ပေါ့"
"ဟားဟား "
နေသည်။
"ရည်းစားရနေပြီလား "
"ဟင် မဟုတ် ...."
မယ် "
သူတကယ်မလာပါဘူး "
ပါသည်။
"ဟင် အကိုလား အကို "
******🌸🌸🌸🌸********
Continue Reading
You'll Also Like
2.6M 152K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.2M 64.6K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.4M 34.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...