အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
491K 14.1K 548
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၂၉)uni & zg
8.3K 249 8
By EmmaRine9820
Unicode
စိုင်းခက်တို့အိမ်ပြန်ရောက်တော့ ည၁၁ နာရီ၊
ဟိန်းကတော့ရောက်ထဲကတန်းအိပ်သွားပေမဲ့
စိုင်းခက်ကတော့ခုထိအိပ်မပျော်နိုင် အိပ်ယာထဲတွင်ဟိုတွေးဒီတွေးလုပ်နေတာ ၁နာရီပင်ရှိပြီ၊
အကိုနဲ့မတွေ့ရတာ ၁လအတိအကျဆို ၁လနဲ့၅ရက်၊သူစာတွေပို့ပေမဲ့လဲ ဝင်သာဖတ်ပြီး စာကိုတော့မပြန် ၊ ခန့်မှုးကိုမေးကြည့်တော့ သူနဲ့အဆက်အသွယ်တော့အမြဲရှိတယ်ဟုသိရသည်။
စိုင်းခက် ဝမ်းနည်းသလို ၊ စိတ်လဲတိုလာရသည်။ ရုတ်တရက်ကြီးသူ့ကိုခုလိုဘာလို့လုပ်ရတာလဲ ။
အတွေးဆတွေကို ဖျက်လိုက်ကာ ဖုန်းကောက်ကိုင်လိုက်ပြီး အကို့ messenger ကိုဝင်လိုက်တော့ active now ဖြစ်နေသဖြင့် ခုထိဘာလို့မအိပ် သေးတာလဲတွေးကာ စိတ်ပေါက်ပေါက်ဖြင့်
စာပို့လိုက်သည်။
" အကို မအိပ်သေးဘူးလား "
"ဘာလို့ ကျွန်တော်စာတွေကိုမပြန်ရတာလဲ"
"ဘာလို့ ကျွန်တော့်ကိုရှောင်နေရတာလဲ "
လူကဒေါသထွက်လာရသည်။ ဝမ်းနည်းပေမဲ့ ခုလိုမျိုးစာမပြန် ဖုန်းမကိုင်နှင့်ရှောင်နေတာ ဘာသဘောလဲ။ ခုစာပို့တာရောက်သွားပေမဲ့ ခုထိတော့ seen မပြ ၊ ၁မိနစ်၊၂မိနစ်၊၃မိနစ် seen ပြပါပီ ၃မိနစ်ကြာတော့ seen ပြပီ ။ စိုင်းခက်အိပ် ယာထဲလှဲနေရာကနေ ထ၍ကုတင် ခေါင်းရင်းကိုခေါင်းအုံးခုကာ ထထိုင်လိုက်ရင်း reply ကိုရင်
ခုန်စွာစောင့်နေလိုက်သည်။ typing .... ပေါ်နေ
သည်မှာ စက္ကန့်ပိုင်း စိုင်းခက် စိတ်လှုပ်ရှားလာရသည်။
သို့ပေမဲ့ ထို typing .... က စာဆက်မရိုက်တော့
သဖြင့် ပေါ်မလာတော့ ဒါဘာသဘောပါလိမ့် စာပြန်ဖို့လုပ်ပြီးမှ ပြန်မပို့တော့တာလား။
စိုင်းခက်မနေနိုင်မထိုင်နိုင် စာထပ်ပို့ဖို့လုပ်တော့
1min ago တဲ့ ။
" ဟာ ဘာလဲကွာ "
စိုင်းခက်အသံပင်ထွက်၍ပြောမိလိုက်တော့ သည်။ ဟိန်းကြားသွားမှာလဲစိုးသဖြင့် အံ့ဆွဲထဲမှ ဆေးလိပ်နဲ့မီးခြစ်ယူကာ ဝရံတာသို့ ထွက်ခဲ့
လိုက်တော့သည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နှင့် ဆောင်းဝင်ပီဖြစ်သဖြင့်အေးမြ​သောလေကြောင့် ခနတာမျှစိတ်ကြည်လင်သွားရသည်။ ဆေးလိပ်မီးညှိကာ ရှူထုတ်လိုက်ပြီး ဘာမှစဉ်းစားမနေတော့ပဲ အကို ဆိုတဲ့ contact ကိုတန်းခေါ်လိုက်တော့သည်။
ပထမတစ်ကြိမ် ဝင်ပေမဲ့ မကိုင် ...
ဒုတိယတစ်ကြိမ် ၄ ခါလောက်ဖုန်းဝင်ပြီးမှ...
"ဟယ်လို"
တစ်ဖက်မှအာလေးလျှာလေးဖြင့်ထူးလာသည်။
"ဟင် အကို့အသံက ဘာလဲအရက်တွေသောက်နေတာလား ဒီချိန်ကြီးကိုလေ "
"အင်းနည်းနည်းပါ ၊ ပြောစရာရှိလို့လား "
"အင်း အကိုဘာလို့ ဖုန်းမကိုင်တာလဲဟင် ၊
စာလဲမပြန်ဘူး"
"ကိုယ်မအားလို့ပါ "
"မလိမ်ပါနဲ့အကိုရယ် စာပြန်ဖို့မအားလောက်
အောင်ထိတော့ မဟုတ်ပါဘူး ပွင့်ပွင့်လင်းလင်း
ကျွန်တော့်ကိုပြောပါ "
"ကိုယ်က ဘာကိုပြောရမှာလဲ "
"စကားကို ပတ်မပြောပါနဲ့ဗျာ ကျွန်တော်တို့
ဆက်ဆံရေးက အရင်ကဒီလိုမှမဟုတ်တာ "
"ဟူးး အရင်က ဒီလိုမဟုတ်ပေမဲ့ ခုဒီလိုပဲဖြစ်
သင့်တယ် ကိုယ်ထင်လို့ပါ ၊ မင်းအနားမှာကိုယ် ဆက် နေရင် ခံစားချက်တွေကို ရပ်တန့်ပစ်ဖို့ခက် တယ် ၊ ကိုယ့်အတွက်အချိန်လိုတယ် စိုင်းခက် မင်းမှာလဲ ဟိန်းရှိနေတာပဲ သူ့ကိုပဲအချိန်ပေး
လိုက်ပါ ခုလိုဖုန်းဆက်နေတာတောင်မသင့်တော်ဘူးလေ၊ စာမပြန်တာကလဲ ဟိန်းသိရင်
မင်းတို့ပြသာနာတက်မှာစိုးလို့ "
ထိုက်ရဲ့စကားသံတွေကို ခံနိုင်ရည်မရှိတော့ တစ်ဆစ်ဆစ်နာကျင်လာရသည်။ အကိုပြောတာဖြစ်သင့်ပါတယ် ၊ ဒါပေမဲ့ သူခုလိုမလုပ်နိုင်။
"ဘာဆိုင်လို့လဲအကိုရာ ကျွန်တော့်တို့ ဒီတိုင်း
မိတ်ဆွေတွေလိုဆက်နေ ".....
စိုင်းခက်စကားမဆုံးလိုက်တစ်ဖက်မှ ဒေါသ
သံဖြင့်
"ကိုယ်မနေနိုင်ဘူးစိုင်းခက် "
ပီးမှလေသံလျော့ကာ
"တော်ပါတော့စိုင်းခက်ရယ် ကိုယ်တောင်းပန်ပါ
တယ် ကိုယ်ထပ်မခံစားချင်တော့ဘူး မင်းအဆင် ပြေအောင်သာနေပါ မင်းပျော်နေရင် ကိုယ်
နာကျင်ခဲ့ရသမျှ လုံလောက်ပါတယ် "
"ဟို ကျွန်တော်ပြောချင်တာက ....."
"ကိုယ်ဖုန်းချလိုက်တော့မယ် "
တီတီတီ!!!
စိုင်းခက်ဘာမှဆက်မပြောလိုက်ရခင်ဖုန်းချသွားသည်။ ပြန်ခေါ်တော့ ဖုန်းမကိုင်တော့ပေ။
"ဟာကွာ "
စိုင်းခက်မျက်ရည်များဝဲတက်လာကာ အသံ
ထွက် အော်မိလိုက်တော့သည်။ ဖုန်းထပ် ခေါ်တော့မကိုင်တော့ပေ စက်ပင်ပိတ်သွားသည်။
ဟူးးးးအကိုက စိုင်းခက်တဲ့လေ ခက်လို့တောင်မခေါ် တော့ဘူး၊ ကျွန်တော်ရောမခံစားရဘူးထင် လို့လားအကိုရယ် အကို့ ကိုပေးခဲ့တဲ့နာကျင်မှုတွေ ကျွန်တော့်ဆီ ပြန်ရောက်နေပြီအကိုရဲ့
ဒီနှလုံးသားက နာကျင်လွန်းလို့ ချုပ်ထိန်းရလို့လို့ ရူးရတော့မယ်။ နှလုံးသားရဲ့အလိုကို လွတ်လပ် ခွင့်ပေးလို့မရလို့ မွန်းကြပ်လှပါပြီ၊ ခုအကိုက ကျွန်တော်တို့ဆက်ဆံရေးကိုပါ ရပ်တန့်ပစ်ချင် သည်ထိစိတ်နာသွားပြီလားဗျာ။ မျက်ရည်များ
ပင်ကျလာရသည်။
စိုင်းခက်နောက်ကျောဆီမှ ခြေသံနှင့်အတူ ဝရံတာတံခါးအားဆွဲဖွင့်လာသောကြောင့်
မျက်ရည်များကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ကာ မျက်နှာအား ဟန်ပြန်ထိန်းကာ လှည့်ကြည့်လိုက် သည်။
"စိုင်းခက် ခုချိန်ထိမအိပ်သေးပဲဒီမှာဘာလုပ်နေတာလဲ ၊ အပြင်မှာလဲအေးစက်နေတာကို
ဆေးလိပ် နံ့ကလဲမွှန်ထူလို့ "
"အဟမ်း ငါ Toilet ဝင်ပြီးပြန်အိပ်မပျော်တာနဲ့ ဆေးလိပ်ထွက်သောက်နေတာ "
ဝရံတာ မီးကဖွင့်မထားပေ သို့သော်အိမ်မီးတွေကြောင့် သဲကွဲစွာမမြင်ရပေမဲ့ စိုင်းခက်မျက်လုံးတွေ ကနာမငြိမ်ဖြစ်နေပြီး မျက်ခမ်းစပ်တွေက
ငိုထားသလိုရဲနေတာကိုတော့ ဟိန်းမြင်
ဖြစ်အောင်မြင်လိုက်ရသဖြင့်
"မင်းငိုထားတာလား စိုင်းခက် ဘာဖြစ်လို့လဲငါ့ကိုပြော"
ဟိန်း စိုင်းခက်အနားတိုးသွားကာ လက်မောင်းကိုဆွဲကိုင်၍ စိတ်ပူစွာမေးလိုက်သည်။
"ငါ .. ငါက ဘာလို့ငိုရမှာလဲ လေတိုက်တော့ ဆေးလိပ် အငွေ့ကပြန်ဟပ်လို့ မျက်လုံးစပ်ပြီး
ပွတ်လိုက်လို့ပါ "
စိုင်းခက်အကြောင်းပြချက်ကောင်းကောင်းပေးပြီးဟိန်းလက်တို့ကို ဖြုတ်ချ၍ အခန်းထဲပြန်ဝင် ခဲ့လိုက်သည်။ ဟိန်းလဲနောက်မှလိုက်ဝင်သည်။
"ငါအိပ်တော့မယ်နော် မင်းလဲပြန်အိပ်တော့ "
စိုင်းခက်က ကုတင်တွင်ဝင် ဘေးတိုက်ဝင်လှဲကာ
စောင်အားပခုံးထိ ခြုံကာ မျက်လုံးများတန်းမှိတ်
လိုက်တော့သည်။ ဟိန်းလဲ ဘာမှဆက်မမေး
ချင်တော့ပဲ ကုတင်တွင်နေရာယူလိုက်တော့သည်။
ယခုဆိုသူတို့အနေအထားက တစ်ယောက်နဲ့ တစ်ယောက် နောက်ကျောပေးအနေအထားဖြင့် ကုတင်တစ်ဖက်တစ်ချက်အစွန်းတွင် ရှိနေလေသည်။ အခန်းကျယ်ကြီးကလဲ တိတ်ဆိတ်လျက် ဆောင်းရာသီကလဲ ညဦးပိုင်းမို့အအေးပိုကာ အတွေးကိုယ်စီနှင့် လူနှစ်ယောက်ကတော့ ရင်ထဲက အပူမီးတွေကြောင့် ထိုအအေးဓာတ်က သူတို့အပေါ်သက်ရောက်မှုတောင်ရှိနေပမလား ....။
*အကိုရယ် ဒီဟန်ဆောင်မှုတွေကို မွန်းကြပ်လာပြီဗျာ အရင်ကအချိန်တွေကို ပြန်လိုချင်နေမိတယ် အကုန် ကျွန်တော့်အမှားတွေပါ ကျွန်တော့်ကြောင့်နဲ့ အကိုရော ဟိန်းကိုပါ ဒဏ်ရာတွေ ပေးမိနေပြီ *
အတွေးများနှင့် နာကျင်နေတဲ့နှလုံးသားကို အနားပေးရန်အိပ်စက်ဖို့ဦးတည်လိုက်တော့သည်။
စိုင်းခက်ကျောပြင်ကိုငေးလျက် ဟိန်းထက်မှာတော့ အတွေးတို့ဖြင့် အသံမထွက်အောင်ပါးစပ် ကို လက်ဖြင့်အုပ်ကာ ငိုကြွေးနေရပြန်သည်။
*စိုင်းခက်ရယ် မင်းမျက်ရည်ကျရလောက်
အောင် ထိတောင် ချစ်မိနေတာလားကွာ ။ ငါတို့ဘယ်လောက်ဝေးနေပြီလဲတော့ ငါမသိဘူး
ဒါပေမဲ့ ဒီအကွာအဝေးလောက်ဆို ငါတို့ပြန်မဆုံနိုင်လောက်တော့ဘူးထင်ပါရဲ့ ။ တစ်အိမ်ထဲ တစ်ကုတင်ထဲ မှာတူတူနေနေကြပေမဲ့ ငါတို့နှလုံးသားတွေကတော့ ဝေးနေကြတယ်နော် ဥပမာပြောရရင် စာအုပ်တွေလိုပေါ့ စာမျက်နှာတွေကအကုန် တူနေပေမဲ့လဲ နံပါတ်ခြင်းကတော့ဝေးနေတယ်လေ ဘယ်လိုမှပြန်ဆက်လို့မရတော့သလိုပေါ့*
*ဒါပေမဲ့လေ ငါနာကျင်ရမယ်ဆိုရင်တောင်
မင်းကိုဆွဲထားချင်သေးတယ်
မင်းလက်ကလေးကိုပဲ တွဲထားချင်သေးတယ်
အိမ်မက်တွေဟာ လက်တွေ့ဘဝမှာ
မပျော်ရွှင်ရဘူးဆိုရင်တောင်
မင်းအနားမှာရှိနေတာကြောင့် ငါမက်မောပါ
တယ်*
*****🌸🌸🌸🌸*****
မနက်ရုံးကိုရောက်တော့ခေါင်းကသိပ်မကြည်
ညက သောက်ထားတာရော အိပ်ရေးပျက်တာရောပေါင်းပြီး ခေါင်းတွေကိုက်နေ၍ စိုင်းခက် စားပွဲပေါ်တွင် ခေါင်းမှောက်ကာ အိပ်နေလေ
သည်။
"ဟျောင့် အိပ်ချင်အိမ်ပြန်အိပ် အလုပ်လာပီး
အိပ်နေရသလား design အသစ်အပ်ထားတာလဲ ခုထိငါ့ကို report မတင်သေးဘူးနော် "
ခန့်မှူးလွင်က စားပွဲရှေ့ဝင်ထိုင်ရင်းပြောလေမှ
အိပ်ချင်မူးတူးဖြင့်ခေါင်းထောင်ကြည့်လေကာ
"ငါမနေ့ညက အိပ်တာနောက်ကျသွားလို့ပါကွ၊ design က အကြမ်းပြီးပြီး အချောကို ဒီအပတ် ထဲအပြီးသတ်ပေးမယ် ဟုတ်ပလား ခုတော့ငါအေးဆေးနေပါရစေ "
ခေါင်းပြန်ချကာ အိပ်ဖို့ပြင်နေတဲ့စိုင်းခက်ခေါင်းကို လက်ဖြင့်ထိန်းက ပြန်ထောင်လိုက်ပြီး
"နေပါအုံးဟ ငါပြောစရာရှိလို့ "
"ဘာလဲကွာ "
"ကိုထိုက် အိမ်ကိစ္စကခုငါစီစဉ်တာပီးသလောက် ရှိပြီ ဆောက်လုပ်ရေးသမားတွေကိုအကုန်နေရာချထားပြီးပြီ ၊ အဲတာ ကိုထိုက်က နောက်အပတ် ထဲ ငါတို့ကို dinner လိုက်ကျွေးမလို့တဲ့ မင်းရောဟိန်းကိုပါ ဖိတ်ခိုင်းထားတယ် "
ခန့်မှူးလွင်အပြောကို စိုင်းခက် မကျေလည်ဖြစ် သွားရသည် ။ မနေ့ညကလဲ အနားမှာဆက်မနေနိုင်တော့ဘူးပြောတယ် ၊ ခုလဲ dinner ကို ကိုယ် တိုင် တောင်မဖိတ် တဲ့အပြင် ဟိန်းကိုပါခေါ်ခိုင်းသေးတယ် အကိုနဲ့ကျွန်တော် ဆက်ဆံရေးကအဲလိုတောင်ဖြစ်သွားပီလား ။ စိုင်းခက်စိတ်ရှုပ်စွာခေါင်းအား ကုပ်ကာ
"သူကိုယ်တိုင်မဖိတ်ပဲ ငါမလာဘူး ၊ မင်းပြော
ချင်တာဒါပဲမို့လား သွားတော့ ငါခေါင်းကိုက်နေလို့ နားချင်ပြီ "
ခန့်မှူးလွင်လဲ ကိုထိုက်နဲ့စိုင်းခက်အခြေအနေကို ရိပ်မိနေသဖြင့် ဘာမှမဆက်မပြောတော့ပဲ
ထွက်ခဲ့လိုက်တော့သည် ။
စိုင်းခက် ညနေရုံးဆင်းတာနဲ့အိမ်သို့တန်းပြန်ခဲ့
လိုက်သည်။ အိမ်သို့ရောက်တာနှင့် အခန်းထဲတန်းမသွားသေးပဲ ဧည့်ခန်းထဲဝင်ထိုင်ကာ အေးပုံကို သံပုရာရည်ဖျော်ခိုင်းကာ ဆိုဖာဝင်ခေါင်းမှီ၍ မှေးလိုက်သည်။ ထိုစဉ် မေမေကရောက်လာပြီး
"ငါ့သားလေး ပင်ပန်းနေတာလား "
မေ့မေ့အသံကြားတာနှင့်စိုင်းခက် မျက်လုံးသာ အသာဖွင့်ကြည့်ပြီး
"နည်းနည်းပါမေမေ ခုရက်ပိုင်း design ဆွဲရတာ များလို့ပါ "
"မေ့သားလေးကို ခုလိုအလုပ်နဲ့အကိုင်နဲ့မြင်ရတာ ဝမ်းသာပေမဲ့သားပင်ပန်းနေတော့လဲ
မကြည့်ရက် ပြန်ဘူးကွယ် "
"အမလေး မေကြီးရယ် မင်း သားခုမှအစရှိသေးတာ ၊ ကိုယ့်လို တသက်လုပ်ကိုင်ကျွေးမွေးလာရရင်ဘယ်လိုနေမလဲ "
ဦးစိုင်းပန်က နောက်မှရောက်လာကာ
ဒေါ်နန်းပန်ခမ်းအနားဝင်ထိုင်၍ ဆိုလေသည်။
"အိုရှင် တော်ကလဲ ကျွန်မကလေးမျက်နှာကို
ကြည့်ပါအုံး ခုရက်ပိုင်းသိသိသာသာ ကျသွားတာ ပိန်လဲပိန်သွားတယ် "
"သားဘာမှမဖြစ်ပါဘူးမေမေရယ် စိတ်မပူပါနဲ့ ၊ အော်ဒါနဲ့ဟိန်းရော "
"သားဟိန်းက အလုပ်ကိစ္စလို့ပြောသွားတယ်
နေ့လည်ကထဲက ထွက်သွားတာ "
"ဟိန်းဆိုမှ ဖေဖေသားကို မေးမယ်ဆိုပြီးမမေး
ဖြစ်တာ ငါ့သားနဲ့ ဖေကလဲ တစ်ယောက်ရှိတဲ့
ချိိန်တစ်ယောက်မရှိတော့ တွေ့ရတယ်ကိုမရှိဘူး "
စိုင်းခက် ဆိုဖာတွင်မှီနေရာမှ ထထိုင်ကာ အေးပုံလာချပေးသွားသော သံပုရည်အားမော့သောက် ပြီးမှ
"ဟုတ်ဖေဖေ ဘာများလဲမေးလေ "
" သားနဲ့ဟိန်းက ခုဘယ်လိုရှေ့ဆက်ဖို့စိတ်ကူးလဲ
အရင်လက သတင်းစာထဲမှာ ဟိန်းကို သူ့အဖေက သားအဖြစ်အမွှေဖြတ်စွန့်လွတ်ကြောင်းပါလာတယ်နော် ဖေဖေကတော့ ငါ့သားရဲ့ ဖြစ်တည်မှုကို လက်ခံပေးပြီးသားမို့ ဘာမှအပြစ်ပြောစရာရှိပါဘူး "
ဖေဖေ ထိုသို့ပြောလာမှာကို တွေးထားမိပေမဲ့ သူဟိန်းနဲ့ရှေ့ဆက်ရမဲ့ plan ကိုတွေးမထားခဲ့ပေ၊ မတွေးချင်၍လို့ပါသည်။ ဟိန်း ဖေဖေလုပ်ရပ် ကြောင့် ဟိန်းအပေါ် သူအပြစ်ရှိသလိုပိုခံစားရသည်။
"ဟုတ်ဖေဖေ အဲကိစ္စတွေသားရောဟိန်းရောသိပါတယ် ဟိန်း လဲစိတ်အခြေအနေကြောင့်ရော သူ့အဖေနဲ့ ပတ်သတ်တဲ့ နေရာတွေမှာ မလုပ်
ချင်တာကြောင့်ပါ ခုအလုပ်နားနေသေးတာ"
"ဟိန်းကသနားစရာပါကွယ် မိခင်ကလဲ မရှိတော့၊ သူ့အဖေကလဲ ကိုယ့်သွေးသားဘက်က မရပ်တည် ဒီကလေးဘယ်လောက်ဝမ်းနဲနေရှာမလဲ မေမေဖြင့် ကြားကြားခြင်းတုန်းကဆို မျက်
ရည်ပါကျရတယ် ဂရုစိုက်ပေးလိုက်ပါကွယ် "
ဒေါ်နန်းပန်ခမ်းက ဂရုနာကြီးစွာ ဝင်ပြောတော့
စိုင်းခက်ရော ဦးစိုင်းပန်ပါ စိတ်မကောင်းပိုဖြစ်
သွားရသည်။
"မင်းတို့လူငယ်တွေပဲ စဉ်းစားတွေးခေါ်တတ်ပါ
တယ် ရှေ့ဆက်ဘာလုပ်ကြမလဲ တွေးကြပေ့ါ
ဖေဖေတို့ကတော့ ထွေထွေထူးထူးမပြောလိုဘူး၊ ကဲထတော့ မေကြီး မင်းလဲ မျက်ရည်ကကျနေ
ပြန်ပြီ လာသွားမယ် "
ဟိန်းအပေါ်က မေမေက သံယောဇဉ်ရှိရှာသည်။ ခုလိုဖြစ်တော့ ပိုပြီး စိတ်မကောင်းဖြစ်နေရတဲ့
မေမေကတော့ မျက်ရေလေး စမ်းတမ်းစမ်းတမ်းဖြင့် ဖေဖေနောက်လိုက်သွားလေသည်။
စိုင်းခက်လဲ စိတ်တွေရှုပ်ပြီးရင်းရှုပ်လာသဖြင့် ရေချိုးရန်အိမ်ပေါ်သို့သာတက်ခဲ့လိုက်တော့ သည်။
*******🌸🌸🌸🌸*******
Zawgyi
စာပို့လိုက်သည်။
" အကို မအိပ်သေးဘူးလား "
1min ago တဲ့ ။
" ဟာ ဘာလဲကွာ "
"ဟယ်လို"
စာလဲမပြန်ဘူး"
"ကိုယ်မအားလို့ပါ "
ကျွန်တော့်ကိုပြောပါ "
မိတ်ဆွေတွေလိုဆက်နေ ".....
သံဖြင့်
ပီးမှလေသံလျော့ကာ
တီတီတီ!!!
"ဟာကွာ "
ပင်ကျလာရသည်။
ပွတ်လိုက်လို့ပါ "
လိုက်တော့သည်။ ဟိန်းလဲ ဘာမှဆက်မမေး
တယ်*
*****🌸🌸🌸🌸*****
သည်။
"ဘာလဲကွာ "
ထွက်ခဲ့လိုက်တော့သည် ။
ချိန်တစ်ယောက်မရှိတော့ တွေ့ရတယ်ကိုမရှိဘူး "
သွားရသည်။
တယ် ရှေ့ဆက်ဘာလုပ်ကြမလဲ တွေးကြပေါ့
ပြန်ပြီ လာသွားမယ် "
*******🌸🌸🌸🌸*******
Continue Reading
You'll Also Like
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ်တို့ရဲ့ခန္ဓာကိုယ်က အနီးကပ်ဆုံးနေရာတစ်ခုထိ ရောက်ရှိသွားတဲ့အခါ ခြေကိုစုံရပ်ကြမယ် ဒါမှမဟုတ် ........ မင်းရဲ့ဖိနပ်တွေနဲ့ ကိ...
22K 1K 15
အသက်​ကွာခြားပေမဲ့ အချစ်​တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်​ကန်​ကန်​ကောင်​လေးတျောက်​က လူတျောက်​ကြောင့်​ ပြောင်းလဲလာခဲ့ပီ...
100K 5.8K 30
This fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet
60.9K 3.3K 20
ဦးကိုကျန်တော်ချစ်တယ် ကျန်တော်ကိုပြန်ချစ်ပါ Wu yifan ငါမင်းကိုမချစ်ဘူးလို့ငါ့မှာလက်ထပ်ရမယ့်လူရှိတယ် Park Chanyeol