ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြ...

By Mortal-Edge

88.7K 12.3K 182

ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း (၂.၁)
အပိုင်း (၂.၂)
အပိုင်း (၃.၁)
အပိုင်း (၃.၂)
အပိုင်း (၄.၁)
အပိုင်း (၄.၂)
အပိုင်း (၅.၂)
အပိုင်း (၆.၁)
အပိုင်း (၆.၂)
အပိုင်း (၇.၁)
အပိုင်း (၇.၂)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း ( ၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇.၁)
အပိုင်း (၂၇.၂)
အပိုင်း (၂၇.၃)
အခန်း (၂၈) (က)
အပိုင်း (၂၈.၂)
အပိုင်း (၂၉)
အပိုင်း (၂၉.၂)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း ( ၃၄)
အခန်း (၃၄.၂)
အခန်း (၃၄.၃)
အပိုင်း (၃၅)
အခန်း (၃၅.၂)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အခန်း (၃၈.၂)
အပိုင်း (၃၉)
အခန်း (၃၉.၂)
အပိုင်း (၄၀)
အခန်း (၄၀.၂)
အပိုင်း (၄၁)
အခန်း (၄၁.၂)
အပိုင်း (၄၂)
အခန်း (၄၂.၂)
အပိုင်း (၄၃)
အခန်း (၄၃.၂)
အပိုင်း (၄၄)
အခန်း (၄၄.၂)
အခန်း (၄၄.၃)
အပိုင်း (၄၅)
အခန်း (၄၅.၂)
အပိုင်း (၄၆) (က)
အပိုင်း (၄၆) (ခ)
အပိုင်း (၄၆) (ဂ)
အပိုင်း (၄၇)
အပိုင်း (၄၇) (ခ)
အပိုင်း (၄၈)
အပိုင်း (၄၈) (ခ)
အပိုင်း (၄၉)
အခန်း (၄၉) (ခ)
အပိုင်း (၅၀)
အပိုင်း (၅၀) (ခ)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၂) (ခ)
အပိုင်း (၅၃)
အပိုင်း (၅၃) (ခ)
အပိုင်း (၅၄)

အပိုင်း (၅.၁)

1.4K 221 1
By Mortal-Edge

အပိုင်း (၅.၁)

ကျန်းယွင်ကျူးသည် ထိုလူ၏ မဟာဂုဏ်သတင်းကြောင့် သူ့ကို သိလေသည်။

ရှန်ဖုန်းမင်။ မင်းသမီးတန့်ယန်းရဲ့သား ။ လက်ရှိဧကရာဇ်ရဲ့ တူတော်။

သူ့အကြောင်း ပြောမယ်ဆိုရင် သူတာဝန်ယူထားတဲ့ ချီလင်အစောင့်တပ်ကလည်း မပါမဖြစ်ပဲ။ သူတို့တွေက မင်မင်းဆက်က ကျင်ရိဝေ့ (ကိုယ်ရံတော်တပ်) နဲ့တူမယ်ထင်တယ်။ သူတို့တွေက ဘုရင့်အမိန့်ကို တိုက်ရိုက်နာခံပြီး သက်တော်စောင့်၊ စုံစမ်းရေးနှင့် အကျဥ်းထောင်ဘက်မှာ အာဏာရှိကြတယ်။

မင်းဆက်တိုင်းမှာ ချီလင်သက်တော်စောင့်တွေရဲ့ တည်ရှိမှုက အားလုံးကို အသားမကျနိုင်အောင် ဖြစ်ရစေတယ်။ ရှန်ဖုန်းမင် အလှည့်ရောက်တော့ ပိုကြောက်စရာကောင်းလာပြီး ကျောချမ်းစရာ ဖြစ်သွားခဲ့တယ်။

သူ သွားလိုက်တဲ့နေရာတိုင်းမှာ အကျင့်ပျက်ခြစားနေတာ၊ ဥပဒေချိုးဖောက်နေတာ၊ အုပ်စုဖွဲ့ ခိုးဆိုးလုယက်နေတာနဲ့ ကိုယ်ကျိုးရှာတဲ့သူ ရှိနေတာမလို့ သွေးချောင်းစီးတဲ့ကိစ္စဖြစ်နေတာက မြေကြီးလက်ခတ်မလွဲ။ ကြက်ငှက် ခွေးတွေကိုတောင် အလွတ်မပေးဘူး။ ဒါကြောင့်ပဲ အားလုံးက သူအကြောင်းကို တိတ်တိတ်လေးပဲ ပြောကြပြီး သူ့ကို ရှန်ငရဲမင်းလို့ ခေါ်ကြတယ်။ တော်တော်လေးကို နာမည်ကြီး ကြောက်စရာကောင်းတဲ့ ဂုဏ်သတင်းတစ်ခုနဲ့ပေါ့။

ကျန်းယွင်ကျူးသည် သူ့ကို အိပ်မက်ထဲတွင် မြင်ခဲ့ဖူးသည်။ အဲဒီတုန်းက သူက လင်အိမ်တော်ကို ရုတ်တရက် ရောက်လာပြီး အိမ်တော်မှာ ရက်နည်းနည်းလောက် တည်းခိုခွင့်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။

လင်မိသားစုမှာ သူ့ကို မသိတဲ့သူ ဘယ်မှာရှိလဲ။ သူ တံခါးရှေ့ ရောက်လာတဲ့အချိန်မှာတော့ ဟေးဒီစ့်ဘုရင်(ငရဲမင်း)က အိမ်တံခါးကို လာခေါက်တဲ့အတိုင်းပဲ။ အားလုံးက ကပ်ဘေးကြီးတစ်ခု ဖြစ်တော့မယ်လို့ ရုတ်တရက် ခံစားလိုက်ရတော့သည်။ ကျန်းယွင်ကျူးကိုယ်တိုင်တောင် လင်မိသားစုတော့ သွားပါပြီ၊ သူမသာ ရာဇဝတ်သားတစ်ယောက်ဖြစ်လာရင် ဘယ်လို အသက်ရှင်နေထိုင်ရပါ့မလဲလို့စဥ်းစားခဲ့မိတယ်။

အဲဒီတုန်းကဆိုရင် လင်မိသားစုက တကယ့်ကို စိတ်ဓာတ်ကျနေတော့တာပေါ့။ လင်ထင်အန်းဆိုရင် နေ့တိုင်း သံသယစိတ်နေနဲ့ နေခဲ့ရတယ်။

တစ်နေ့ကျတော့ သူ ရုတ်တရက်ကြီး ထွက်သွားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ ထွက်သွားတာမှ တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ။

လင်မိသားစုဝင်အားလုံးက ဒီကိစ္စကို မယုံကြည်နိုင်လောက်အောင်ပဲ။ ဒီလူသ-တ်နတ်ဘုရားက ဒီအတိုင်း ထွက်သွားတာတဲ့လေ။ အစတုန်းကတော့ သူက မြွေကို တွင်းထဲက ထွက်လာအောင်မျှားပြီး တခြားသူတွေကို စိတ်ရှုပ်သွားအောင် လုပ်ခဲ့တာလို့ သူတို့တွေ ထင်ထားခဲ့တာ။

ဒါပေမဲ့ တစ်လလဲကြာပြီးရော အိမ်တော်က အေးအေးချမ်းချမ်း ဖြစ်နေအုံးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူ မြို့တော်ကို ပြန်ရောက်သွားပြီဆိုတဲ့ မြို့တော်က သတင်းရောက်လာခဲ့တယ်။

အဲဒီအချိန်ကျမှပဲ လင်အိမ်တော်က လူတွေက ရှန်ဖုန်းမင် သူတို့ကို တကယ် အလွတ်ပေးလိုက်ပြီး သူတို့တွေ အန္တရာယ်ကင်းသွားပြီလို့ ယုံကြည်သွားကြတော့တယ်။

ကပ်ဆိုးကြုံပြီးမှာ အသက်ပြန်ရှင်ခွင့်ရခဲ့တာက ဝမ်းသာပီတိတိုးလာစေတော့တယ်။

ဒါကြောင့်လည်း အန်းဖင်နယ်စားက နောက်ဆုံးတော့ သူမကို လင်ထင်အန်းရဲ့ ဇနီးအဖြစ် လက်ထပ်ပြီး နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေးအဖြစ် သဘောတူပေးခဲ့တာပဲ။

ဒါနဲ့ပတ်သက်ပြီး ပြောရရင်တော့ ကျန်ယွင်ကျူးက အိပ်မက်ထဲမှာ သူအမှတ်မထင် ပေါ်လာတာကနေ အမြတ်ထွက်သွားခဲ့တာပေါ့။

သူရုတ်တရက် ရောက်လာတဲ့အကြောင်းအရင်းနဲ့ ပြန်ထွက်သွားတဲ့အကြောင်းအရင်းကတော့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလိုပဲ ကျန်နေခဲ့တယ်။

ကျန်းယွင်ကျူး၏ သူအပေါ်ခံစားချက်ကို စကားတစ်လုံးတည်းနှင့် ဖော်ပြရမည်ဆိုလျှင် ကြောက်ရွံ့ခြင်းပင်။ အထူးသဖြင့် ယခုအချိန်တွင် သူတို့သည် ကပ်ဘေးဒုက္ခသည်များဖြစ်ပြီး လမ်းပြလည်းမရှိ၊ အိမ်ထောင်စုစာရင်းရှိသည့်နေရာနှင့်လည်း မိုင်ရာချီဝေးသည့်အရပ်တွင် ရောက်နေသည်။ သူတို့သည် ရှန်ဖုန်းမင်နှင့် တွေ့လိုက်ရသောအခါ ကြွက်တစ်ကောင်က ကြောင်တစ်ကောင်ကို တွေ့လိုက်ရသည့်နှယ်။

အခုတော့ သူမသည် ရှန်ဖုန်းမင်နှင့် သူ့အဖွဲ့က မြန်မြန်ထွက်သွားဖို့သာ ဆုတောင်းနေရတော့သည်။

သို့သော် မိုးနတ်မင်းက သူမ၏ဆုတောင်းကို ကြားဟန်မတူ။ လူအုပ်ကြီးသည် ဆိုင်နှင့် နီးလာသည်နှင့်အမျှ သည်နေရာတွင် သ-တ်ဖြတ်တော့မည့်နှယ် အမှန်ပင် အရှိန်လျှော့လိုက်ကြလေသည်။

ဆိုင်ရှင်မှာ ကြီးမားသည့်ဝင်ငွေတစ်ခုကို တွေ့လိုက်ရသောအခါ ဝမ်းသာသွားသလို စိတ်လည်းပူသွားတော့သည်။

ကျန်းယွင်ကျူးက စဥ်းစားလိုက်၏။ ငါတို့တွေ အခုနေထွက်သွားရင် အရမ်းနောက်ကျသွားပြီလား။

အလွန်နောက်ကျသွားလေပြီ။ ထိုချီလင်သက်တော်စောင့်များသည် အလွန်မှလျင်မြန်လှပြီး ဆိုင်ငယ်လေးရှေ့သို့ ရောက်နှင့်ပြီးဖြစ်နေတော့သည်။ သူတို့အားလုံးက မြင်းပေါ်မှ ဆင်းလိုက်ကြ၏။ သူတို့သည် ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်ထားကြဟန်တူသည်။

“ သူဌေး ရေနွေးအိုးနည်းနည်းနဲ့ စားစရာတချို့ ချပေး၊ ကျုပ်တို့တွေ အလျင်လိုနေတယ်၊ ဒါနဲ့ မြင်းတွေကို အစာကျွေး ရေတိုက်ပေးအုံး၊ ကျုပ်တို့တွေ ခင်ဗျားရဲ့ငွေကို အလကားမသုံးပါဘူး”

အရပ်မြင့်မြင့်နှင့်လူတစ်ယောက်က ဆိုင်ထဲဝင်လာပြီး သူဌေးကို ပြောလိုက်သည်။

သူ့နာမည်က ယန်ရှန့်။ ရှန့်ဖုန်းမင်ရဲ့လက်ထောက်။

“ ဟုတ်ကဲ့ ဟုတ်ကဲ့”

ဆိုင်ရှင်သူဌေးက မြန်မြန်သဘောတူလိုက်ပြီး တစ်ယောက်ကို မြင်းစာသွားကျွေးခိုင်းလိုက်ကာ သူကတော့ စားပွဲကို သုတ်ပေးရင်း လက်ဖက်ရည်ကို ချပေးလိုက်ပြီး မီးဖိုဆောင်ကို မြန်မြန် လောဆော်လိုက်လေသည်။

ဆိုင်က မကြီးပေ။ စားပွဲ ၇လုံး ၈လုံးသာရှိသည်။ စားပွဲနှစ်လုံးတွင် ဧည့်သည်များရှိနေသည်။ ထိုစားပွဲက ဧည့်သည်များကတော့ စားသောက်ပြီးခါနီးနေပြီဖြစ်သည်။ ကြီးမားသည့် လူအုပ်ကြီးတစ်ခုကို တွေ့လိုက်ရသဖြင့် သူတို့က ချက်ချင်းငွေချေကာ ထွက်သွားတော့သည်။ ဆိုင်ထဲတွင် ကျန်းယွင်ကျူးတို့ အဖွဲ့သာ ကျန်ခဲ့လေသည်။

ကျန်းယွင်ကျူးတို့အဖွဲ့က အခုမှ ရောက်စပင် ရှိသေးသည်။ သူတို့မှာ လက်ဖက်ရည်သောက်လက်စ ဖြစ်နေ၏။ သူတို့သည် ဇဝေဇဝါဖြစ်နစဥ်မှာပင် ထိုချီလင်သက်တော်စောင့်များက ဝင်လာပြီး ကျန်သည့်စားပွဲအားလုံးကို ယောက်ယက်ခတ်နေအောင် အပြည့်ထိုင်လိုက်ကြသည်။ ထိုအရာက ထောင့်တွင် ရှိနေသည့် သူတို့စားပွဲကို ပိတ်ထားလိုက်တော့သည်။

ရှန်ဖုန်းမင်ကတော့ တခြားဘက်က စားပွဲတစ်လုံးတွင် ထိုင်နေလိုက်သည်။ သူ့စားပွဲတွင် ယန်ရှန့်တစ်ယောက်သာ ထိုင်နေသည်။

သည်ဆိုင်လေးသည် ပေါင်မုန့်ပေါင်း၊ မန်ထိုနှင့် ချက်ပြီးသား သာမန်ဟင်းတချို့သာ ရောင်းချသည်။ သည်အစားအစာများက အဆင်ပြေလှသည်။ ခဏကြာပြီနောက်  ပေါင်မုန့်ပေါင်း တချို့ နှင့် ဟင်းပွဲတချို့ကို စားပွဲတစ်ခုစီတွင် ခင်းကျင်းထားလိုက်သည်။

“ ဘယ်လိုလဲ၊ ကျွန်တော်တို့လည်း သွားကြမယ်”

ဤမျှ ကြောက်လန့်ဖွယ်အရောင်အဝါနှင့် လူအုပ်ကြီးတစ်ခု၏ ဝိုင်းရံခံထားရသဖြင့် အဖေရွှီက ကျန်းချိန်ကို လေသံတိုးတိုးဖြင့် ပြောလိုက်ရင်း သူ့ခြေသလုံးကြွက်သားမှာ ဆတ်ခနဲဖြစ်သွားတော့သည်။

ကျန်းချိန်ကလည်း ပြဿနာတက်မည်စိုးသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ရှင်ဆီ ငွေသွားရှင်းရန် လွတ်နေသည့်ကြားနေရာတစ်ခုလောက်ကို ရှာလိုက်လေသည်။

သည်အခိုက်တွင် ယန်ရှန့်က ပါးစပ်အပြည့်ငုံထားသည့်ရေကို ထွေးထုတ်လိုက်၏။ အစပိုင်းတွင် သူသည် အလွန်မှ ရေဆာနေခဲ့သည်။ လက်ဖက်ရည်ပန်းကန် ရလာသည်နှင့် မစောင့်နိုင်တော့ဘဲ တစ်ငုံအပြည့် သောက်လိုက်တော့သည်။ ဒါပေမဲ့ ဒါက လက်ဖက်ရည်တဲ့လား။ တရုတ်ဆေးရည်နဲ့တောင် ပိုတူသေးတယ်။

“ ဆိုင်ရှင်ရေ ၊ ဆိုင်ရှင်” သူသည် လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်မြောက်ထားရင် ဆိုင်ရှင်ကို လှမ်းခေါ်လိုက်၏။

ဆိုင်ရှင်က မြန်မြန်ထွက်လာပြီး

“ ဘာဖြစ်လို့လဲ ဧည့်သည်ကြီး”

“ ဒါက ဘာလဲ”

ယန်ရှန်က မေးလိုက်သည်။ သူ့အဝတ်အစားနှင့် အသွင်အပြင်က ဒေါသထွက်ပြီး ခြိမ်းခြောက်နေသည့် အငွေ့အသက်တစ်ခု ဖြစ်နေလေသည်။

ဆိုင်ရှင်၏ခြေထောက်တို့မှာ ချိနဲ့သွားတော့သည်။ သူက သူ့လက်ထဲက လက်ဖက်ရည်ပန်းကန်လုံးကို ကြည့်လိုက်ပြီး

“လက်ဖက်ရည်ပါ”

သူက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“ ဒါက လက်ဖက်ရည် ဟုတ်လား၊ အရသာက ဘာလို့ ထူးဆန်းနေတာလဲ” ယန်ရှန့်က မေးလိုက်၏။

သူ့စကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်က သူတို့၏ဖုန်တက်နေသည့် အသွင်အပြင်ကို ကြည့်လိုက်ပြီး ခန့်မှန်းကာပြောလိုက်လေသည်။

“ အားလုံးက အဝေးကြီးကနေလာခဲ့တာ မလား၊ ချန်ဖုန်းကရေက ဒီလိုအရသာပဲလေ”

ယန်ရှန့်အမေးကို စောင့်မနေဘဲ သူက ဆက်ပြောလိုက်လေသည်။

“ ချန်ဖုန်းက ရေက အစတုန်းကတော့ ဒီလိုအရသာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက မိုးခေါင်ရေရှားတာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်မလား၊ မြစ်ရေနဲ့ ရေတွင်းတွေကလည်း ခမ်းကုန်ပြီလေ၊ အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ရေသောက်ရတာပဲ ဟုတ်နေပါပြီ၊ အရသာ ဘယ်လိုရှိရှိ ဘယ်သူက ဂရုစိုက်နေမှာလဲ”

“ ချန်ဖုန်းမှာ မိုးခေါင်တာ အရမ်းကို ဆိုးရွားနေတာလား”

ကြည်လင်သည့်အသံတစ်ခုက ရုတ်တရက် မေးလာ၏။ ရှန်ဖုန်းမင်ပင်။

“ ဆိုးရွားတာပေါ့၊ ဘယ့်နှယ် မဆိုးရွာဘဲ နေမလား၊ ပြည်သူတွေက သေအံ့ဆဲဆဲအဖြစ်ရောက်နေပြီ၊ အထူးသဖြင့် ဒီနှစ်ဆိုရင် ကျိုင်းကောင်ပလိပ်ရောဂါလည်း ဖြစ်လိုက်သေးတယ်၊ ဒါက....”

ဆိုင်ရှင်သည် သည်နေရာတွင် ဆိုင်တစ်ဆိုင် ဖွင့်ထားခဲ့သည်။ နေ့တိုင်း လူများ သွားလာနေသည်ကို မမြင်တော့ပေ။ သည်နှစ်၏ကပ်ဘေးအကြောင်းပြောရင်း သူသည် သက်ပြင်းချလို့မပြီးနိုင် ဖြစ်နေတော့သည်။

“တော်ဝင်ရုံးတော်က ကပ်ဘေးကယ်ဆယ်ရေးအတွက် ဆန်တွေ ဝေပေးတယ်မလား”

ရှန်ဖုန်းမင်၏အသံက ပိုပြီးအေးစက်လာလေသည်။

“ ဆန် လား၊ တခြားနေရာမှာ ဝေတာဖြစ်မှာပေါ့၊ ဒါပေမဲ့ ကျွန်တော်ကတော့ မတွေ့မိပါဘူး” ဆိုင်ရှင်က ပြန်ဖြေလိုက်၏။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးတို့အဖွဲ့ကို ကြည့်လိုက်လေသည်။ ဒီဆိုင်ထဲမှာ ဆိုင်ရှင်ကလွဲရင် သူတို့ပဲ ကျန်တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းအားလုံးကို ဆွဲလာတာဆိုတော့ ကပ်ဘေးဒုက္ခသည်တွေ ဖြစ်မယ်။

ယန်ရှန့်က သဘောပေါက်သွားပြီး ကျန်းယွင်ကျူးတို့အဖွဲ့နား ချက်ချင်း ကပ်လာတော့သည်။

ကျန်းယွင်ကျူးမှာ ခေါင်းကြီးသွားသလို ခံစားလိုက်ရတော့သည်။ သူမ စိုးရိမ်နေသည့်အရာက အမှန်ပင် ဖြစ်လာလေတော့သည်။

...

Zawgyi

အပိုင္း (၅.၁)

က်န္းယြင္က်ဴးသည္ ထိုလူ၏ မဟာဂုဏ္သတင္းေၾကာင့္ သူ႕ကို သိေလသည္။

ရွန္ဖုန္းမင္။ မင္းသမီးတန့္ယန္းရဲ႕သား ။ လက္ရွိဧကရာဇ္ရဲ႕ တူေတာ္။

သူ႕အေၾကာင္း ေျပာမယ္ဆိုရင္ သူတာဝန္ယူထားတဲ့ ခ်ီလင္အေစာင့္တပ္ကလည္း မပါမျဖစ္ပဲ။ သူတို႔ေတြက မင္မင္းဆက္က က်င္ရိေဝ့ (ကိုယ္ရံေတာ္တပ္) နဲ႕တူမယ္ထင္တယ္။ သူတို႔ေတြက ဘုရင့္အမိန့္ကို တိုက္ရိုက္နာခံၿပီး သက္ေတာ္ေစာင့္၊ စုံစမ္းေရးႏွင့္ အက်ဥ္းေထာင္ဘက္မွာ အာဏာရွိၾကတယ္။

မင္းဆက္တိုင္းမွာ ခ်ီလင္သက္ေတာ္ေစာင့္ေတြရဲ႕ တည္ရွိမႈက အားလုံးကို အသားမက်နိဳင္ေအာင္ ျဖစ္ရေစတယ္။ ရွန္ဖုန္းမင္ အလွည့္ေရာက္ေတာ့ ပိုေၾကာက္စရာေကာင္းလာၿပီး ေက်ာခ်မ္းစရာ ျဖစ္သြားခဲ့တယ္။

သူ သြားလိုက္တဲ့ေနရာတိုင္းမွာ အက်င့္ပ်က္ျခစားေနတာ၊ ဥပေဒခ်ိဳးေဖာက္ေနတာ၊ အုပ္စုဖြဲ႕ ခိုးဆိုးလုယက္ေနတာနဲ႕ ကိုယ္က်ိဳးရွာတဲ့သူ ရွိေနတာမလို႔ ေသြးေခ်ာင္းစီးတဲ့ကိစၥျဖစ္ေနတာက ေျမႀကီးလက္ခတ္မလြဲ။ ၾကက္ငွက္ ေခြးေတြကိုေတာင္ အလြတ္မေပးဘူး။ ဒါေၾကာင့္ပဲ အားလုံးက သူအေၾကာင္းကို တိတ္တိတ္ေလးပဲ ေျပာၾကၿပီး သူ႕ကို ရွန္ငရဲမင္းလို႔ ေခၚၾကတယ္။ ေတာ္ေတာ္ေလးကို နာမည္ႀကီး ေၾကာက္စရာေကာင္းတဲ့ ဂုဏ္သတင္းတစ္ခုနဲ႕ေပါ့။

က်န္းယြင္က်ဴးသည္ သူ႕ကို အိပ္မက္ထဲတြင္ ျမင္ခဲ့ဖူးသည္။ အဲဒီတုန္းက သူက လင္အိမ္ေတာ္ကို ႐ုတ္တရက္ ေရာက္လာၿပီး အိမ္ေတာ္မွာ ရက္နည္းနည္းေလာက္ တည္းခိုခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ဖူးတယ္။

လင္မိသားစုမွာ သူ႕ကို မသိတဲ့သူ ဘယ္မွာရွိလဲ။ သူ တံခါးေရွ႕ ေရာက္လာတဲ့အခ်ိန္မွာေတာ့ ေဟးဒီစ့္ဘုရင္(ငရဲမင္း)က အိမ္တံခါးကို လာေခါက္တဲ့အတိုင္းပဲ။ အားလုံးက ကပ္ေဘးႀကီးတစ္ခု ျဖစ္ေတာ့မယ္လို႔ ႐ုတ္တရက္ ခံစားလိုက္ရေတာ့သည္။ က်န္းယြင္က်ဴးကိုယ္တိုင္ေတာင္ လင္မိသားစုေတာ့ သြားပါၿပီ၊ သူမသာ ရာဇဝတ္သားတစ္ေယာက္ျဖစ္လာရင္ ဘယ္လို အသက္ရွင္ေနထိုင္ရပါ့မလဲလို႔စဥ္းစားခဲ့မိတယ္။

အဲဒီတုန္းကဆိုရင္ လင္မိသားစုက တကယ့္ကို စိတ္ဓာတ္က်ေနေတာ့တာေပါ့။ လင္ထင္အန္းဆိုရင္ ေန႕တိုင္း သံသယစိတ္ေနနဲ႕ ေနခဲ့ရတယ္။

တစ္ေန႕က်ေတာ့ သူ ႐ုတ္တရက္ႀကီး ထြက္သြားလိမ့္မယ္လို႔ ဘယ္သူထင္ထားမွာလဲ။ ထြက္သြားတာမွ တကယ့္ကို တိတ္တိတ္ဆိတ္ဆိတ္ပဲ။

လင္မိသားစုဝင္အားလုံးက ဒီကိစၥကို မယုံၾကည္နိုင္ေလာက္ေအာင္ပဲ။ ဒီလူသ-တ္နတ္ဘုရားက ဒီအတိုင္း ထြက္သြားတာတဲ့ေလ။ အစတုန္းကေတာ့ သူက ေႁမြကို တြင္းထဲက ထြက္လာေအာင္မွ်ားၿပီး တျခားသူေတြကို စိတ္ရႈပ္သြားေအာင္ လုပ္ခဲ့တာလို႔ သူတို႔ေတြ ထင္ထားခဲ့တာ။

ဒါေပမဲ့ တစ္လလဲၾကာၿပီးေရာ အိမ္ေတာ္က ေအးေအးခ်မ္းခ်မ္း ျဖစ္ေနအုံးမယ္လို႔ ဘယ္သူက ထင္ထားမွာလဲ။ သူ ၿမိဳ႕ေတာ္ကို ျပန္ေရာက္သြားၿပီဆိုတဲ့ ၿမိဳ႕ေတာ္က သတင္းေရာက္လာခဲ့တယ္။

အဲဒီအခ်ိန္က်မွပဲ လင္အိမ္ေတာ္က လူေတြက ရွန္ဖုန္းမင္ သူတို႔ကို တကယ္ အလြတ္ေပးလိုက္ၿပီး သူတို႔ေတြ အႏၲရာယ္ကင္းသြားၿပီလို႔ ယုံၾကည္သြားၾကေတာ့တယ္။

ကပ္ဆိုးႀကဳံၿပီးမွာ အသက္ျပန္ရွင္ခြင့္ရခဲ့တာက ဝမ္းသာပီတိတိုးလာေစေတာ့တယ္။

ဒါေၾကာင့္လည္း အန္းဖင္နယ္စားက ေနာက္ဆုံးေတာ့ သူမကို လင္ထင္အန္းရဲ႕ ဇနီးအျဖစ္ လက္ထပ္ၿပီး နယ္စားအိမ္ေတာ္ရဲ႕ သခင္မငယ္ေလးအျဖစ္ သေဘာတူေပးခဲ့တာပဲ။

ဒါနဲ႕ပတ္သက္ၿပီး ေျပာရရင္ေတာ့ က်န္ယြင္က်ဴးက အိပ္မက္ထဲမွာ သူအမွတ္မထင္ ေပၚလာတာကေန အျမတ္ထြက္သြားခဲ့တာေပါ့။

သူ႐ုတ္တရက္ ေရာက္လာတဲ့အေၾကာင္းအရင္းနဲ႕ ျပန္ထြက္သြားတဲ့အေၾကာင္းအရင္းကေတာ့ လွ်ို႔ဝွက္ဆန္းၾကယ္မႈတစ္ခုလိုပဲ က်န္ေနခဲ့တယ္။

က်န္းယြင္က်ဴး၏ သူအေပၚခံစားခ်က္ကို စကားတစ္လုံးတည္းႏွင့္ ေဖာ္ျပရမည္ဆိုလွ်င္ ေၾကာက္႐ြံ႕ျခင္းပင္။ အထူးသျဖင့္ ယခုအခ်ိန္တြင္ သူတို႔သည္ ကပ္ေဘးဒုကၡသည္မ်ားျဖစ္ၿပီး လမ္းျပလည္းမရွိ၊ အိမ္ေထာင္စုစာရင္းရွိသည့္ေနရာႏွင့္လည္း မိုင္ရာခ်ီေဝးသည့္အရပ္တြင္ ေရာက္ေနသည္။ သူတို႔သည္ ရွန္ဖုန္းမင္ႏွင့္ ေတြ႕လိုက္ရေသာအခါ ႂကြက္တစ္ေကာင္က ေၾကာင္တစ္ေကာင္ကို ေတြ႕လိုက္ရသည့္ႏွယ္။

အခုေတာ့ သူမသည္ ရွန္ဖုန္းမင္ႏွင့္ သူ႕အဖြဲ႕က ျမန္ျမန္ထြက္သြားဖို႔သာ ဆုေတာင္းေနရေတာ့သည္။

သို႔ေသာ္ မိုးနတ္မင္းက သူမ၏ဆုေတာင္းကို ၾကားဟန္မတူ။ လူအုပ္ႀကီးသည္ ဆိုင္ႏွင့္ နီးလာသည္ႏွင့္အမွ် သည္ေနရာတြင္ သ-တ္ျဖတ္ေတာ့မည့္ႏွယ္ အမွန္ပင္ အရွိန္ေလွ်ာ့လိုက္ၾကေလသည္။

ဆိုင္ရွင္မွာ ႀကီးမားသည့္ဝင္ေငြတစ္ခုကို ေတြ႕လိုက္ရေသာအခါ ဝမ္းသာသြားသလို စိတ္လည္းပူသြားေတာ့သည္။

က်န္းယြင္က်ဴးက စဥ္းစားလိုက္၏။ ငါတို႔ေတြ အခုေနထြက္သြားရင္ အရမ္းေနာက္က်သြားၿပီလား။

အလြန္ေနာက္က်သြားေလၿပီ။ ထိုခ်ီလင္သက္ေတာ္ေစာင့္မ်ားသည္ အလြန္မွလ်င္ျမန္လွၿပီး ဆိုင္ငယ္ေလးေရွ႕သို႔ ေရာက္ႏွင့္ၿပီးျဖစ္ေနေတာ့သည္။ သူတို႔အားလုံးက ျမင္းေပၚမွ ဆင္းလိုက္ၾက၏။ သူတို႔သည္ ကြၽမ္းကြၽမ္းက်င္က်င္ ေလ့က်င့္ထားၾကဟန္တူသည္။

“ သူေဌး ေရေႏြးအိုးနည္းနည္းနဲ႕ စားစရာတခ်ိဳ႕ ခ်ေပး၊ က်ဳပ္တို႔ေတြ အလ်င္လိုေနတယ္၊ ဒါနဲ႕ ျမင္းေတြကို အစာေကြၽး ေရတိုက္ေပးအုံး၊ က်ဳပ္တို႔ေတြ ခင္ဗ်ားရဲ႕ေငြကို အလကားမသုံးပါဘူး”

အရပ္ျမင့္ျမင့္ႏွင့္လူတစ္ေယာက္က ဆိုင္ထဲဝင္လာၿပီး သူေဌးကို ေျပာလိုက္သည္။

သူ႕နာမည္က ယန္ရွန့္။ ရွန့္ဖုန္းမင္ရဲ႕လက္ေထာက္။

“ ဟုတ္ကဲ့ ဟုတ္ကဲ့”

ဆိုင္ရွင္သူေဌးက ျမန္ျမန္သေဘာတူလိုက္ၿပီး တစ္ေယာက္ကို ျမင္းစာသြားေကြၽးခိုင္းလိုက္ကာ သူကေတာ့ စားပြဲကို သုတ္ေပးရင္း လက္ဖက္ရည္ကို ခ်ေပးလိုက္ၿပီး မီးဖိုေဆာင္ကို ျမန္ျမန္ ေလာေဆာ္လိုက္ေလသည္။

ဆိုင္က မႀကီးေပ။ စားပြဲ ၇လုံး ၈လုံးသာရွိသည္။ စားပြဲႏွစ္လုံးတြင္ ဧည့္သည္မ်ားရွိေနသည္။ ထိုစားပြဲက ဧည့္သည္မ်ားကေတာ့ စားေသာက္ၿပီးခါနီးေနၿပီျဖစ္သည္။ ႀကီးမားသည့္ လူအုပ္ႀကီးတစ္ခုကို ေတြ႕လိုက္ရသျဖင့္ သူတို႔က ခ်က္ခ်င္းေငြေခ်ကာ ထြက္သြားေတာ့သည္။ ဆိုင္ထဲတြင္ က်န္းယြင္က်ဴးတို႔ အဖြဲ႕သာ က်န္ခဲ့ေလသည္။

က်န္းယြင္က်ဴးတို႔အဖြဲ႕က အခုမွ ေရာက္စပင္ ရွိေသးသည္။ သူတို႔မွာ လက္ဖက္ရည္ေသာက္လက္စ ျဖစ္ေန၏။ သူတို႔သည္ ဇေဝဇဝါျဖစ္နစဥ္မွာပင္ ထိုခ်ီလင္သက္ေတာ္ေစာင့္မ်ားက ဝင္လာၿပီး က်န္သည့္စားပြဲအားလုံးကို ေယာက္ယက္ခတ္ေနေအာင္ အျပည့္ထိုင္လိုက္ၾကသည္။ ထိုအရာက ေထာင့္တြင္ ရွိေနသည့္ သူတို႔စားပြဲကို ပိတ္ထားလိုက္ေတာ့သည္။

ရွန္ဖုန္းမင္ကေတာ့ တျခားဘက္က စားပြဲတစ္လုံးတြင္ ထိုင္ေနလိုက္သည္။ သူ႕စားပြဲတြင္ ယန္ရွန့္တစ္ေယာက္သာ ထိုင္ေနသည္။

သည္ဆိုင္ေလးသည္ ေပါင္မုန့္ေပါင္း၊ မန္ထိုႏွင့္ ခ်က္ၿပီးသား သာမန္ဟင္းတခ်ိဳ႕သာ ေရာင္းခ်သည္။ သည္အစားအစာမ်ားက အဆင္ေျပလွသည္။ ခဏၾကာၿပီေနာက္  ေပါင္မုန့္ေပါင္း တခ်ိဳ႕ ႏွင့္ ဟင္းပြဲတခ်ိဳ႕ကို စားပြဲတစ္ခုစီတြင္ ခင္းက်င္းထားလိုက္သည္။

“ ဘယ္လိုလဲ၊ ကြၽန္ေတာ္တို႔လည္း သြားၾကမယ္”

ဤမွ် ေၾကာက္လန့္ဖြယ္အေရာင္အဝါႏွင့္ လူအုပ္ႀကီးတစ္ခု၏ ဝိုင္းရံခံထားရသျဖင့္ အေဖ႐ႊီက က်န္းခ်ိန္ကို ေလသံတိုးတိုးျဖင့္ ေျပာလိုက္ရင္း သူ႕ေျခသလုံးႂကြက္သားမွာ ဆတ္ခနဲျဖစ္သြားေတာ့သည္။

က်န္းခ်ိန္ကလည္း ျပႆနာတက္မည္စိုးသျဖင့္ ေခါင္းညိတ္ျပလိုက္ၿပီး ဆိုင္ရွင္ဆီ ေငြသြားရွင္းရန္ လြတ္ေနသည့္ၾကားေနရာတစ္ခုေလာက္ကို ရွာလိုက္ေလသည္။

သည္အခိုက္တြင္ ယန္ရွန့္က ပါးစပ္အျပည့္ငုံထားသည့္ေရကို ေထြးထုတ္လိုက္၏။ အစပိုင္းတြင္ သူသည္ အလြန္မွ ေရဆာေနခဲ့သည္။ လက္ဖက္ရည္ပန္းကန္ ရလာသည္ႏွင့္ မေစာင့္နိုင္ေတာ့ဘဲ တစ္ငုံအျပည့္ ေသာက္လိုက္ေတာ့သည္။ ဒါေပမဲ့ ဒါက လက္ဖက္ရည္တဲ့လား။ တ႐ုတ္ေဆးရည္နဲ႕ေတာင္ ပိုတူေသးတယ္။

“ ဆိုင္ရွင္ေရ ၊ ဆိုင္ရွင္” သူသည္ လက္ဖက္ရည္ပန္းကန္လုံးကို ကိုင္ေျမာက္ထားရင္ ဆိုင္ရွင္ကို လွမ္းေခၚလိုက္၏။

ဆိုင္ရွင္က ျမန္ျမန္ထြက္လာၿပီး

“ ဘာျဖစ္လို႔လဲ ဧည့္သည္ႀကီး”

“ ဒါက ဘာလဲ”

ယန္ရွန္က ေမးလိုက္သည္။ သူ႕အဝတ္အစားႏွင့္ အသြင္အျပင္က ေဒါသထြက္ၿပီး ၿခိမ္းေျခာက္ေနသည့္ အေငြ႕အသက္တစ္ခု ျဖစ္ေနေလသည္။

ဆိုင္ရွင္၏ေျခေထာက္တို႔မွာ ခ်ိနဲ႕သြားေတာ့သည္။ သူက သူ႕လက္ထဲက လက္ဖက္ရည္ပန္းကန္လုံးကို ၾကည့္လိုက္ၿပီး

“လက္ဖက္ရည္ပါ”

သူက အထစ္ထစ္အေငါ့ေငါ့ ေျပာလိုက္၏။

“ ဒါက လက္ဖက္ရည္ ဟုတ္လား၊ အရသာက ဘာလို႔ ထူးဆန္းေနတာလဲ” ယန္ရွန့္က ေမးလိုက္၏။

သူ႕စကားကို ၾကားလိုက္ရသျဖင့္ ဆိုင္ရွင္က သူတို႔၏ဖုန္တက္ေနသည့္ အသြင္အျပင္ကို ၾကည့္လိုက္ၿပီး ခန့္မွန္းကာေျပာလိုက္ေလသည္။

“ အားလုံးက အေဝးႀကီးကေနလာခဲ့တာ မလား၊ ခ်န္ဖုန္းကေရက ဒီလိုအရသာပဲေလ”

ယန္ရွန့္အေမးကို ေစာင့္မေနဘဲ သူက ဆက္ေျပာလိုက္ေလသည္။

“ ခ်န္ဖုန္းက ေရက အစတုန္းကေတာ့ ဒီလိုအရသာ မဟုတ္ပါဘူး၊ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္တုန္းက မိုးေခါင္ေရရွားတာ ဆိုးဆိုး႐ြား႐ြား ျဖစ္ခဲ့တယ္မလား၊ ျမစ္ေရနဲ႕ ေရတြင္းေတြကလည္း ခမ္းကုန္ၿပီေလ၊ အမွန္အတိုင္း ေျပာရရင္ အခုအခ်ိန္မွာ ေရေသာက္ရတာပဲ ဟုတ္ေနပါၿပီ၊ အရသာ ဘယ္လိုရွိရွိ ဘယ္သူက ဂ႐ုစိုက္ေနမွာလဲ”

“ ခ်န္ဖုန္းမွာ မိုးေခါင္တာ အရမ္းကို ဆိုး႐ြားေနတာလား”

ၾကည္လင္သည့္အသံတစ္ခုက ႐ုတ္တရက္ ေမးလာ၏။ ရွန္ဖုန္းမင္ပင္။

“ ဆိုး႐ြားတာေပါ့၊ ဘယ့္ႏွယ္ မဆိုး႐ြာဘဲ ေနမလား၊ ျပည္သူေတြက ေသအံ့ဆဲဆဲအျဖစ္ေရာက္ေနၿပီ၊ အထူးသျဖင့္ ဒီႏွစ္ဆိုရင္ က်ိဳင္းေကာင္ပလိပ္ေရာဂါလည္း ျဖစ္လိုက္ေသးတယ္၊ ဒါက....”

ဆိုင္ရွင္သည္ သည္ေနရာတြင္ ဆိုင္တစ္ဆိုင္ ဖြင့္ထားခဲ့သည္။ ေန႕တိုင္း လူမ်ား သြားလာေနသည္ကို မျမင္ေတာ့ေပ။ သည္ႏွစ္၏ကပ္ေဘးအေၾကာင္းေျပာရင္း သူသည္ သက္ျပင္းခ်လိဳ႕မၿပီးနိုင္ ျဖစ္ေနေတာ့သည္။

“ေတာ္ဝင္႐ုံးေတာ္က ကပ္ေဘးကယ္ဆယ္ေရးအတြက္ ဆန္ေတြ ေဝေပးတယ္မလား”

ရွန္ဖုန္းမင္၏အသံက ပိုၿပီးေအးစက္လာေလသည္။

“ ဆန္ လား၊ တျခားေနရာမွာ ေဝတာျဖစ္မွာေပါ့၊ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ မေတြ႕မိပါဘူး” ဆိုင္ရွင္က ျပန္ေျဖလိုက္၏။

ရွန္ဖုန္းမင္က က်န္းယြင္က်ဴးတို႔အဖြဲ႕ကို ၾကည့္လိုက္ေလသည္။ ဒီဆိုင္ထဲမွာ ဆိုင္ရွင္ကလြဲရင္ သူတို႔ပဲ က်န္တယ္။ သူတို႔ရဲ႕ ပိုင္ဆိုင္မႈပစၥည္းအားလုံးကို ဆြဲလာတာဆိုေတာ့ ကပ္ေဘးဒုကၡသည္ေတြ ျဖစ္မယ္။

ယန္ရွန့္က သေဘာေပါက္သြားၿပီး က်န္းယြင္က်ဴးတို႔အဖြဲ႕နား ခ်က္ခ်င္း ကပ္လာေတာ့သည္။

က်န္းယြင္က်ဴးမွာ ေခါင္းႀကီးသြားသလို ခံစားလိုက္ရေတာ့သည္။ သူမ စိုးရိမ္ေနသည့္အရာက အမွန္ပင္ ျဖစ္လာေလေတာ့သည္။

...

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
22.1K 2.3K 53
Name - I Want To Retire From the Circle but Become Famous by Acting Poor Type - Web novel (CN) Genre - Comedy Fantasy Romance Shoujo Tags - Acting Be...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...