၇၀ ခုနှစ်စုံတွဲ၏ နေ့စဥ် ပုံမှ...

By NyeinHlaingZin123

22.5K 2.6K 51

Name - Seventy Couple's Daily Routine Type - Web novel (CN) Genre - romance Tags - childcare, 1970s, military... More

Description
အပိုင်း ၁
အပိုင်း ၂
paid gp
အပိုင်း ၃
သီတင်းကျွတ်🎇🎆🎇
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁ / ၂၂
အပိုင္း ၂၁ / ၂၂
အပိုင်း၂၃ / ၂၄
အပိုင္း ၂၃ / ၂၄
အပိုင်း ၂၅ / ၂၆
အပိုင္း ၂၅ / ၂၆

အပိုင်း ၈

777 113 1
By NyeinHlaingZin123

Unicode

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

အပိုင်း ၈





လင်းဝေ့လည်း ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။ " ရှင်ပြောတော့ ကျွန်မ အိမ်ပြုပြင်တာနဲ့ အိမ်သာဆောက်တာက ဖြုန်းတာဆို။ ဒါနဲ့ ကျွန်မက အိမ်ပြုပြင်တာ အိမ်သာ သက်သက်ဆောက်တာက ဖြုန်းတာဆိုရင် ပြုပြင်စရိတ်ဖြတ်သင့်တဲ့ အကြောင်းပြောတော့ ရှင်က အာ့လိုပြောချင်တာ မဟုတ်ဘူးဘပြောပြန်တယ်။ ဒါဆို ကျွန်မ နားမလည်နိုင်တော့ဘူး။ ရှင်က အိမ်ပြုပြင်တာနဲ့ အိမ်သာဆောက်တာကို ဖြုန်းတယ်လို့ထင်တာလား ဒါမှမဟုတ် ကျွန်မကို အပြစ်ရှာနေတာလား" 

ကောင်းရှို့လျန်က သူမ ပြောခဲ့သည်များကို ဝန်ခံမည်မဟုတ်ချေ။ သူမ ခေါင်းငြိမ့်ဝန်ခံလိုက်သည်နှင့် လူအတော်များများကို စိတ်အနှောက်အယှက် ပေးမိလိမ့်မည်။ သူမ ယောက်ျားက ဒုတပ်မှုးဖြစ်လျှင်ပင် ဤကိစ္စကို ဝန်ခံရန် မဖြစ်နိုင်ချေ။ ဤကိစ္စပျံ့နံ့သွားလျှင် သူမ သိက္ခာသည်လည်း ရစရာရှိတော့မည် မဟုတ်ချေ။

နောက်ဆုံးတွင် ကောင်းရှို့လျန်သည် အိမ်ရှိကိစ္စတစ်ခုခုအကြောင်းပြကာ သူမအိမ်ဆီ ပြန်သွားတော့သည်။ 

ကောင်းရှို့လျန် ပြန်သွားပြီးနောက် လီချင်လည်း အမြန်ပြန်သွားတော့သည်။ ဝမ်ဖန်းလီသာ လင်းဝေ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ကျန်နေခဲ့သည်။

ဝမ်ဖန်းလိသည်လည်း ကောင်းရှို့လျန်ကို ကြည့်မရပါ။ လင်းဝေ့သည် ဒုတပ်ရင်းမှုး၏ ဇနီးဖြစ်သော်လည်း သူမတို့ကို ရင်းနှီးစွာပြောဆိုဆက်ဆံသည်။ သူမ ယောက်ျားရာထူးကို အားကိုးကာ အထက်စီးကနေ ဆက်ဆံခြင်းလဲမရှိပါ။

ကောင်းရှို့လျန်ကတော့ သူမ ယောက်ျားရာထူးအဆင့်အတန်းကိုသုံးကာ ခွဲခြားဆက်ဆံလေ့ရှိသည်။ လူတိုင်းကလည်း သူမကို မြောက်ပင့်ပြောဆိုကြသည်။

လင်းဝေ့အိမ်သို့ ကောင်းရှို့လျန်ကို အလည်ခေါ်လာသည်မှာ တစ်ခြား ရည်ရွယ်ချက်တော့ မရှိပေ။ ကောင်းရှို့လျန်က သာမန်ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည့်မှုလွန်ကဲနေသည့်ဟန်ကို ကြည့်မရ၍ သူမ မျက်နှာဖြတ်ရိုက်ခံရသည်ကိုတော့ မြင်နိုင်ရန် ဆန္ဒရှိမိသည်။

လင်းဝေ့ကိုလည်း ကောင်းရှို့လျန်ကို ထွက်ပြေးသွားစေသည်အထိ စကားစစ်ထိုးရာတွင် ကျွမ်းလိမ့်မည်ဟု မထင်ခဲ့မိပေ။

ကောင်းရှို့လျန်၏ ဖင်ပူစွာပြန်ပြေးသွားသည်ကို ကြည့်ကာ ဝမ်ဖန်းလိမျက်လုံးများက တောက်ပလာပြီး.လင်းဝေ့ကို သဘောကျသွားတော့သည်။

လင်းဝေ့ အမြင်တွင်တော့ ကောင်းရှို့လျန်တွင် တစ်လွဲမာနရှိကာ အိမ်နီးချင်းများ အရေးကိုလည်း ဝင်ရောက်စွက်ဖက်တတ်သူဖြစ်ပြီး နောက်ပိုင်းတွင် ပြသနာများဖြစ်လာနိုင်သည်။

သို့သော် ကောင်းရှို့လျန်ကို ဝမ်ဖန်းလိ ရန်တိုက်ပေးခဲ့ခြင်းလဲ မဟုတ်ပါ။ ကောင်းရှို့လျန်သည် တစ်ဖက်မိသားစု၏ အခြေအနေကို သေချာခွဲခြားမသ်ိပဲ ဝင်ရောက် စွက်ဖက်ပြီး စကားများတတ်သောကြောင့်ဖြစ်သည်။

အခုတော့ ဝမ်ဖန်းလိက ပြဇာတ်​ကောင်းကိုလည်း ကြည့်လိုက်ရကာ ကောင်းရှို့လျန်ကိုလည်း စိတ်အနှောက်အယှက်ပေးနိုင်ခဲ့သည်။

လင်းဝေ့က ကြောက်တတ်သူတစ်ဦး မဟုတ်သော်လည်း ကောင်းရှို့လျန် နောက်ကွယ်ရှိ ဒုတပ်မှုးကို တွေးမိတဲ့အခါ ခေါင်းကိုက်လာမိသည်။

ထို့ကြောင့် ဝမ်ဖန်းလီကို မဧည့်ခံနိုင်တော့ဘဲ " ကျွန်မ အိမ်မှာ လုပ်စရာတွေက များတော့လေ...." ဟုပြောရုံရှိသေး ဝမ်ဖန်းလိလည်း လင်းဝေ့ပြောလိုက်သည့်စကားကိုနားလည်လိုက်ကာ ပြောလဲ့သည်။ "အချိန်တောင်ကျပြီဆိုတော့ ကျွန်မလည်း ပြန်လိုက်ပါဦးမယ်"

 ခဏအကြာတွင် ဝမ်ဖန်းလိက ပြန်ပြောလိုက်သည်။ "အစ်မကောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်မလည်း ဘာပြောရမယ်မှန်း မသိတော့ဘူး အဆင်ပြေသွားပါလိမ့်မယ်"

ဤကဲ့သို့ ဖြစ်ပျက်သွားပြီးနောက် လင်းဝေ့ ဘာပြောနိုင်မည်နည်း။ သူမခေါင်းခါကာ "ရပါတယ်" ဟုသာ​ပြန်ပြောလိုက်သည်။

ဝမ်ဖန်းလိလည်း ခေါင်းငြိမ့်ကာ "ဒါဆိုနောက်ရက်မှ ထပ်လာလည်မယ်နော်" ဟုပြောကာ ပြန်သွားခဲ့သည်။

ဝမ်ဖန်းလိ ပြန်သွားသည်ကိုကြည့်ရင်း သူမပြန်လှည့်လိုက်ရာ ကျုံးရှောက် လှေကားအဆင်းနားမှာ ရပ်နေသည်ကို တွေ့လိုက်ရပြီး တအံတသြ မေးလိုက်သည်။" ရှင်ဘယ်တုန်းက အောက်ဆင်းလာတာလဲ"

"နည်းနည်းတော့ကြာပြီ"

"ကျွန်မနဲ့ ကောင်းရှို့လျန်တို့စကားများတာ ကြားလိုက်တယ်ပေါ့"

"ကြားလိုက်တယ်"

" ဒါဆို ဘာလို့ လာပြီး ကျွန်မဘက်ကနေ ကူမပြောပေးလဲ "ဟု မေးလိုက်သည်။

ကျုံးရှောက် - "….."

အောက်ထပ်မှ ကျယ်လောင်သည့် စကားများ အသံများကြားရစဥ် သူ့ဇနီးဘက်က ပြောကူရန် ဆင်းလာခဲ့သော်လည်း သူ မရောက်ခင်မှာပင် သူ့ဇနီးက ကောင်းရှို့လျန်ကို ပါးစပ်ပိတ်သွားအောင် ပြောနိုင်ခဲ့သည်။

အမှန်တော့ လင်းဝေ့သည် ကျုံးရှောက် လာမကူ၍ အပြစ်တင်ခြင်းမဟုတ်ပဲ သည်အတိုင်း မေးလိုက်ခြင်းသာဖြစ်သည်။

ယနေ့ စကားများသောဖြစ်စဥ်မှာ ကောင်းရှို့လျန် ရန်စခြင်းကြောင့် ဖြစ်လာရတာပင်။ ကောင်းရှို့လျန် မှားကာ ဒေါသတကြီး ပြောနေသော်လည်း လင်းဝေ့ပြန်ပြောသည်က ပိုပြီး ကျိုးကြောင်းဆီလျော်သည်။

အကယ်၍ ကျုံးရှောက်သာ ဝင်ရောက်ဖြန်ဖြေလိုက်ပါက လင်မယားနှစ်ယောက်ပေါင်းကာ သူများကို အနိုင်ကျင့်သကဲ့သို့ ဖြစ်လာကာ ဖြေရှင်းချက်များကလည်း ကျိုးကြောင်းဆီလျော်မှု မရှိနိုင်တော့ချေ။

ကောင်းရှို့လျန် ယောက်ျားသာ ထက်မြတ်သည့်လူ ဖြစ်ပါက သူ့မိန်းမကို အပြစ်မတင်ပဲ ကျုံးရှောက်ကိုသာ အပြစ်ဆိုလာနိုင်ဖွယ်ရှိသည်။

ထိုကဲ့သို့တွေးမိကာ လင်းဝေ့လည်း ကျုံးရှောက်ကို မေးလိုက်သည်။ "ကျွန်မ ကောင်းရှို့လျန်ကို စိတ်အနှောက်အယှက်ပေးလိုက်မိတော့ အနာဂတ်မှာ သူ့ယောက်ျားက ရှင့်ကို လိုက်နှောက်ယှက်နိုင်မလား"

ကျုံးရှောက်ကလည်း " အဆင်ပြေပါတယ်" ဟုပြန်ဖြေကာ အငြင်းပွားခဲ့သည့်ကိစ္စကို မေးလိုက်သည်။

လင်းဝေ့က အဖြစ်အပျက်ကို ဖုန်းကွယ် မထားသလို ချဲ့ကားလည်း မပြောဘဲ ကျုံးရှောက်ကို အမှန်တိုင်း ပြောလိုက်သည်။

ကျုံးရှောင် နားထောင်ရင်း နားထောင်ရင်း မျက်မှောင်ပိုကျုံ့လာခဲ့သည်။ သူသည် အိမ်သာနှင့်မီးဖိုဆောင်ပြုပြင်ရန်မှာ ဖြစ်သလို စဥ်းစားကာပြင်ခဲ့ခြင်းမဟုတ်ပေ။ ဆောင်လုပ်ရေးမစခင်မှာ ဖြစ်နိုင်မဖြစ်နိုင် နားလည် တတ်ကျွမ်းသူများကို မေးမြန်းခဲ့ကာ ခေါင်းဆောင်ဆီကိုလည်း သတင်းပို့ခဲ့သည်။

အိမ်ပြုပြင်ရာမှ အပိုကုန်ကျစရိတ်ကိုလည်း တင်ပြခဲ့သည်။ အပိုကုန်ကျစရိတ် ထောက်ပံ့ငွေကိုလည်း မယူခဲ့ပါ။ ခေါင်းဆောင် သိသွားသော်လည်း ဘာမျှ မပြောခဲ့ပေ။

ကောင်းရှို့လျန်ရဲ့ စွပ်စွဲချက်တွေက သူ့ဇနီးလင်းဝေ့ရဲ့ ပြောဆိုတတ်မှုကြောင့်သာ မဟုတ်ရင် သူ့မိသားစုက သူတစ်ပါးရဲ့ အပြောအဆို ခံနေရမည်ဖြစ်သည်။

ကျုံးရှောက် မျက်နှာ သိပ်မကောင်းတာကို တွေ့လိုက်တာကြောင့် "အဆင်ပြေရဲ့လား"လို့ ချီတုန်ချတုန်မေးလိုက်သည်။

ကျုံးရှောက်က အဆင်ပြေကြောင်း ခေါင်း​ငြိမ့်ပြလိုက်သည်။ သို့သော် လင်းဝေ့ကို ကြည့်ရင်းစိုးရ်ိမ်လာကာ "ဒုတပ်မှုးကျောက်ကို ကြုံရင် ဒီအကြောင်း ပြောပြလိုက်မယ်" ဟု အသံနက်ကြီးဖြင့် ရေရွတ်လိုက်သည်။ 

နောက်ဆုံးတော့ လင်းဝေ့လည်း စိတ်သက်သာရာရသွားတော့သည်။

ကျောက်ဖုန်း တစ်​ယောက် သူ့ခြံထဲ ပြန်လာစဥ် ဘေးခြံကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ မီးဖိုချောင် မိီးခိုးခေါင်းတိုင်မှ မီးခိုးထွက်နေကာ အိမ်တံခါးပွင့်နေသော်လည်း လူတစ်ယောက်ကိုမျှ မတွေ့ချေ။ သူ့အိမ်ထဲဝင်လိုက်ကာ သူ့မိန်းမကို မေးလိုက်သည်။ "ကျုံးရှောက် သူ့မိန်းမကို ခေါ်လာပြီလား"

ကျောက်ဖုန်း မေးလိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာ၍ မီးဖိုထဲသွားပြီး လူရှာလိုက်ရာ အဝတ်စုတ်ဖြင့်မီးဖိုကို ကြမ်းကြမ်းတမ်းတမ်းသုတ်နေသော သူ့မိန်းမကို တွေ့လိုက်ရသည်။

ကျောက်ဖုန်း မျက်ခုံး ပင့်လိုက်ကာ မေးလိုက်သည်။ "ဘာဖြစ်ပြန်ပြီလဲ ဘယ်သူက မင်းကိုစိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီလဲ" 

ကျောက်ဖုန်း မေးသည်ကို ကောင်းရှို့လျန် ကြားသောအခါ အဝတ်စုတ်ကို မီးဖိုဆီ ပစ်ချပြီး ပြောလိုက်သည်။ "ဘယ်သူရှိမှာလဲ အသစ်ရောက်လာတဲ့အိမ်နီးချင်းပဲပေါ့"

 ကျောက်ဖုန်း အံ့သြသွားပြီး မေးခဲ့သည်။ "အိမ်နီးချင်း? ကျုံးရှောက်ရဲ့ မိန်းမလား"

"သူ့အပြင် တပ်ထဲရောက်လာတာ နောက်ဘယ်သူရှိလို့လဲ"ဟု စိတ်ဆိုးကာပြောလိုက်သည်။ "ကျွန်မတော့ အာ့လိုမျိုး ဘာလုပ်ရမယ်ဆိုတာ မသိတဲ့သူမျိုးကို မြင်ကိုမမြင်ဖူးပါဘူး။ ကျုံးရှောက်က ဘယ်လိုလူမျိုးပါလိမ့်။ လော့ယွင် လိုကောင်းတဲ့ မိန်းကလေးလို မယူပဲ ဒီလိုမျိုးလူကို ယူလာတယ်"

"အရင်တုန်းက အကြောင်းတွေကို ဘာလို့ပြောနေတာလဲ"ဟု ကျောက်ဖုန်း မျက်မှောင်ကြုံ့ကာပြောလိုက်သည်။

ကောင်းရှို့လျန် မကျေမနပ်ဖြစ်ကာ "ဘာအရမ်းကြာတဲ့ကိစ္စတွေလဲ လော့ယွင်ပြောင်းလာတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ ကျုံးရှောက်ကို ဖွင့်မပြောရဲတာကို စိတ်တိုလိုက်တာ အခုတော့ သူက တစ်ခြားတစ်ယောက်ကိုတောင်လက်ထပ်သွားပြီ"

အမှန်တော့ ကောင်းရှို့လျန်လည်း လော့ယွင်နှင့်လည်း ဆက်ဆံရေး သိပ်မကောင်းပါ။ သူမ ကလေးတွေကို ကာကွယ်ဆေးထိုးရန် စစ်ဆေးရုံ ခေါ်သွားချိန်များတွင် တွေ့သည်သာဖြစ်သည်။

လော့ယွင်က ကျုံးရှောက်ကို နှစ်သက်သဘောကျကြောင်း အခြားအရာရှိဇနီးများမှ တစ်ဆင့်ကြားသိခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်များတွင် ကောင်းရှို့လျန်သည် လော့ယွင်၏ အရှက်ကြီးမှု အိန္ဒြေကြီးမှုကို အားမရကာ အထင်အမြင်သေးခဲ့သည်။ ကျုံးရှောက် လက်ထပ်သွားတော့လည်း သူ့ကို သတိရနေဆဲဖြစ်၍ အထင်သေးမိပြန်၏။

အတိတ်တုန်းက သူမယောကျာ်း အဆင့်အတန်းအားကိုးကာ လော့ယွင်ကို အထင်သေးခဲ့သည်။ အခု လင်းဝေ့နှင့် စာလျှင် လော့ယွင်က သူမ စိတ်ထဲ သနားစရာ အစွန့်ပစ်ခံလေးလို ခံစားလိုက်ရသည်။

ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကျောက်ဖုန်းလဲ သိပါသည်။ လော့ယွင်က ကျုံးရှောက်ကို ကြိုက်ခဲ့သည်မှာ မှန်သည်။ ထိုစဥ်က လော့ယွင်၏ အဒေါ်သည် သူမတို့ကို အောင်သွယ်ပေးခဲ့သော်လည်း ကျုံးရှောက်က လက်မခံခဲ့ပေ။ ထိုကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ကျုံးရှောက် ခွင့်ယူကာ ဇာတိမြို့ဆီ ပြန်သွားခဲ့သည်။ပြန်လာတော့ အိမ်ထောင်ရှင်ဖြစ်နေပေပြီ။

ထိုအချိန်က ကျောက်ဖုန်းသည်လည်း ကျုံးရှောက်ဘာတွေတွေးခဲ့မှန်း မသိကြောင်း သူများကိုပြောခဲ့ဖူးသည်။ အသက်နှစ်ဆယ် ဝန်းကျင် ငယ်ရွယ်သည့်လော့ယွင်သည်လည်း အခြေအနေမဆိုးပါ။ သူမက ဘွဲ့ရပြီး ဆန်းလင်ရေတပ် ပြည်သူ့ကျန်းမာရေးဌာနမှာလဲ တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်သာမက သူမဦးလေးကလည်း နိုင်ငံရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

ကျုံးရှောက်ကသာ လော့ယွင်ကို သဘောမကျခဲ့သော်လည်း ကျုံးရှောက်၏ အခြေအနေရ လော့ယွင်သည် ပို၍ ကောင်းမွန်သော အခြေအနေရှိခဲ့သည်။

ငယ်ရွယ်သေးသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းရှုံ့လျန် စိတ်ခံစားချက်အရ လော့ယွင်အကြောင်းဝေဖန်ရန် အကြောင်းမရှိပါ။

ထို့ကြောင့် ကောင်းရှို့လျန်၏ ဘက်လိုက်သည့်စကားများကိုကြားလျင် ကျောက်ဖုန်း မျက်မှောင်ကြုံ့မိသည်။ သို့သော် သူ့မိန်းမနှင့် ပြိုင်မပြောတော့ပါ။

လင်နှင့်မယားသည် တစ်ခုတည်းဖြစ်၍ သူသာဝင်ပြောမိလျင် လူအများက သူသည် ကျုံးရှောက်ကို တမင်သိက္ခာချသည်ဟု ပြောကြမည်ဖြစ်ကာ ပြသနာတက်လာနိုင်သည်။

ကောင်းရှို့လျန်ကလည်း သူ့စကားတွင် အမှားပါမှန်းမသိချေ။ သူ့ယောက်ျား၏ မျက်နှာကို မြင်လျင် တံတွေးမြိုချလိုက်ကာ "ဘာလို့လဲ"ဟု မေးလိုက်ရင်းပြန်ရှင်းပြ၏။ "ရှင် ကျုံးရှောက်မိန်းမ ရဲ့မျက်နှာကို မမြင်လို့နော်။ ကျွန်မက စေတနာနဲ့ အိမ်က ဝင်နေလို့ရနေတာကို မလိုအပ်ပဲ အလှဆင်ပြီး ငွေမဖြုန်းနဲ့လို့ ပြောတာကို ခွေးက ကြွက်တွေကိစ္စ မဆိုင်ပဲ လိုက်နှောက်ယှက်တယ် ဆိုပြီးပြောလွတ်တယ်ကော။ အာ့တာသူ့အမှားမဟုတ်ဘူးလား ရှင်ကောစိတ်မတိုမိဘူးလား" ဟုပြောလိုက်သည်။

•••••••••••

Zawgyi

၇၀ ခုႏွစ္ စုံတြဲ၏ ေန႔စဥ္ပုံမွန္စီအစဥ္

ပိုင္း





လင္းေဝ့လည္း ႐ႈပ္ေထြးဟန္ျဖင့္ ေမးလိုက္သည္။ " ႐ွင္ေျပာေတာ့ ကြၽန္မ အိမ္ျပဳျပင္တာနဲ႔ အိမ္သာေဆာက္တာက ျဖဳန္းတာဆို။ ဒါနဲ႔ ကြၽန္မက အိမ္ျပဳျပင္တာ အိမ္သာ သက္သက္ေဆာက္တာက ျဖဳန္းတာဆိုရင္ ျပဳျပင္စရိတ္ျဖတ္သင့္တဲ့ အေၾကာင္းေျပာေတာ့ ႐ွင္က အာ့လိုေျပာခ်င္တာ မဟုတ္ဘူးဘေျပာျပန္တယ္။ ဒါဆို ကြၽန္မ နားမလည္ႏိုင္ေတာ့ဘူး။ ႐ွင္က အိမ္ျပဳျပင္တာနဲ႔ အိမ္သာေဆာက္တာကို ျဖဳန္းတယ္လို႔ထင္တာလား ဒါမွမဟုတ္ ကြၽန္မကို အျပစ္႐ွာေနတာလား" 

ေကာင္း႐ိႈ႕လ်န္က သူမ ေျပာခဲ့သည္မ်ားကို ဝန္ခံမည္မဟုတ္ေခ်။ သူမ ေခါင္းၿငိမ့္ဝန္ခံလိုက္သည္ႏွင့္ လူအေတာ္မ်ားမ်ားကို စိတ္အေႏွာက္အယွက္ ေပးမိလိမ့္မည္။ သူမ ေယာက်္ားက ဒုတပ္မႈးျဖစ္လွ်င္ပင္ ဤကိစၥကို ဝန္ခံရန္ မျဖစ္ႏိုင္ေခ်။ ဤကိစၥပ်ံ႕နံ႔သြားလွ်င္ သူမ သိကၡာသည္လည္း ရစရာ႐ွိေတာ့မည္ မဟုတ္ေခ်။

ေနာက္ဆုံးတြင္ ေကာင္း႐ိႈ႕လ်န္သည္ အိမ္႐ွိကိစၥတစ္ခုခုအေၾကာင္းျပကာ သူမအိမ္ဆီ ျပန္သြားေတာ့သည္။ 

ေကာင္း႐ိႈ႕လ်န္ ျပန္သြားၿပီးေနာက္ လီခ်င္လည္း အျမန္ျပန္သြားေတာ့သည္။ ဝမ္ဖန္းလီသာ လင္းေဝ့ကို ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ကာ က်န္ေနခဲ့သည္။

ဝမ္ဖန္းလိသည္လည္း ေကာင္း႐ိႈ႕လ်န္ကို ၾကည့္မရပါ။ လင္းေဝ့သည္ ဒုတပ္ရင္းမႈး၏ ဇနီးျဖစ္ေသာ္လည္း သူမတို႔ကို ရင္းႏွီးစြာေျပာဆိုဆက္ဆံသည္။ သူမ ေယာက်္ားရာထူးကို အားကိုးကာ အထက္စီးကေန ဆက္ဆံျခင္းလဲမ႐ွိပါ။

ေကာင္း႐ိႈ႕လ်န္ကေတာ့ သူမ ေယာက်္ားရာထူးအဆင့္အတန္းကိုသုံးကာ ခြဲျခားဆက္ဆံေလ့႐ွိသည္။ လူတိုင္းကလည္း သူမကို ေျမာက္ပင့္ေျပာဆိုၾကသည္။

လင္းေဝ့အိမ္သို႔ ေကာင္း႐ိႈ႕လ်န္ကို အလည္ေခၚလာသည္မွာ တစ္ျခား ရည္႐ြယ္ခ်က္ေတာ့ မ႐ွိေပ။ ေကာင္း႐ိႈ႕လ်န္က သာမန္ျဖစ္ေပမယ့္ ကိုယ့္ကိုယ္ကို ယုံၾကည့္မႈလြန္ကဲေနသည့္ဟန္ကို ၾကည့္မရ၍ သူမ မ်က္ႏွာျဖတ္႐ိုက္ခံရသည္ကိုေတာ့ ျမင္ႏိုင္ရန္ ဆႏၵ႐ွိမိသည္။

လင္းေဝ့ကိုလည္း ေကာင္း႐ိႈ႕လ်န္ကို ထြက္ေျပးသြားေစသည္အထိ စကားစစ္ထိုးရာတြင္ ကြၽမ္းလိမ့္မည္ဟု မထင္ခဲ့မိေပ။

ေကာင္း႐ိႈ႕လ်န္၏ ဖင္ပူစြာျပန္ေျပးသြားသည္ကို ၾကည့္ကာ ဝမ္ဖန္းလိမ်က္လုံးမ်ားက ေတာက္ပလာၿပီး.လင္းေဝ့ကို သေဘာက်သြားေတာ့သည္။

လင္းေဝ့ အျမင္တြင္ေတာ့ ေကာင္း႐ိႈ႕လ်န္တြင္ တစ္လြဲမာန႐ွိကာ အိမ္နီးခ်င္းမ်ား အေရးကိုလည္း ဝင္ေရာက္စြက္ဖက္တတ္သူျဖစ္ၿပီး ေနာက္ပိုင္းတြင္ ျပသနာမ်ားျဖစ္လာႏိုင္သည္။

သို႔ေသာ္ ေကာင္း႐ိႈ႕လ်န္ကို ဝမ္ဖန္းလိ ရန္တိုက္ေပးခဲ့ျခင္းလဲ မဟုတ္ပါ။ ေကာင္း႐ိႈ႕လ်န္သည္ တစ္ဖက္မိသားစု၏ အေျခအေနကို ေသခ်ာခြဲျခားမသ္ိပဲ ဝင္ေရာက္ စြက္ဖက္ၿပီး စကားမ်ားတတ္ေသာေၾကာင့္ျဖစ္သည္။

အခုေတာ့ ဝမ္ဖန္းလိက ျပဇာတ္​ေကာင္းကိုလည္း ၾကည့္လိုက္ရကာ ေကာင္း႐ိႈ႕လ်န္ကိုလည္း စိတ္အေႏွာက္အယွက္ေပးႏိုင္ခဲ့သည္။

လင္းေဝ့က ေၾကာက္တတ္သူတစ္ဦး မဟုတ္ေသာ္လည္း ေကာင္း႐ိႈ႕လ်န္ ေနာက္ကြယ္႐ွိ ဒုတပ္မႈးကို ေတြးမိတဲ့အခါ ေခါင္းကိုက္လာမိသည္။

ထို႔ေၾကာင့္ ဝမ္ဖန္းလီကို မဧည့္ခံႏိုင္ေတာ့ဘဲ " ကြၽန္မ အိမ္မွာ လုပ္စရာေတြက မ်ားေတာ့ေလ...." ဟုေျပာ႐ုံ႐ွိေသး ဝမ္ဖန္းလိလည္း လင္းေဝ့ေျပာလိုက္သည့္စကားကိုနားလည္လိုက္ကာ ေျပာလဲ့သည္။ "အခ်ိန္ေတာင္က်ၿပီဆိုေတာ့ ကြၽန္မလည္း ျပန္လိုက္ပါဦးမယ္"

 ခဏအၾကာတြင္ ဝမ္ဖန္းလိက ျပန္ေျပာလိုက္သည္။ "အစ္မေကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္မလည္း ဘာေျပာရမယ္မွန္း မသိေတာ့ဘူး အဆင္ေျပသြားပါလိမ့္မယ္"

ဤကဲ့သို႔ ျဖစ္ပ်က္သြားၿပီးေနာက္ လင္းေဝ့ ဘာေျပာႏိုင္မည္နည္း။ သူမေခါင္းခါကာ "ရပါတယ္" ဟုသာ​ျပန္ေျပာလိုက္သည္။

ဝမ္ဖန္းလိလည္း ေခါင္းၿငိမ့္ကာ "ဒါဆိုေနာက္ရက္မွ ထပ္လာလည္မယ္ေနာ္" ဟုေျပာကာ ျပန္သြားခဲ့သည္။

ဝမ္ဖန္းလိ ျပန္သြားသည္ကိုၾကည့္ရင္း သူမျပန္လွည့္လိုက္ရာ က်ံဳးေ႐ွာက္ ေလွကားအဆင္းနားမွာ ရပ္ေနသည္ကို ေတြ႕လိုက္ရၿပီး တအံတၾသ ေမးလိုက္သည္။" ႐ွင္ဘယ္တုန္းက ေအာက္ဆင္းလာတာလဲ"

"နည္းနည္းေတာ့ၾကာၿပီ"

"ကြၽန္မနဲ႔ ေကာင္း႐ိႈ႕လ်န္တို႔စကားမ်ားတာ ၾကားလိုက္တယ္ေပါ့"

"ၾကားလိုက္တယ္"

" ဒါဆို ဘာလို႔ လာၿပီး ကြၽန္မဘက္ကေန ကူမေျပာေပးလဲ "ဟု ေမးလိုက္သည္။

က်ံဳးေ႐ွာက္ - "….."

ေအာက္ထပ္မွ က်ယ္ေလာင္သည့္ စကားမ်ား အသံမ်ားၾကားရစဥ္ သူ႕ဇနီးဘက္က ေျပာကူရန္ ဆင္းလာခဲ့ေသာ္လည္း သူ မေရာက္ခင္မွာပင္ သူ႕ဇနီးက ေကာင္း႐ိႈ႕လ်န္ကို ပါးစပ္ပိတ္သြားေအာင္ ေျပာႏိုင္ခဲ့သည္။

အမွန္ေတာ့ လင္းေဝ့သည္ က်ံဳးေ႐ွာက္ လာမကူ၍ အျပစ္တင္ျခင္းမဟုတ္ပဲ သည္အတိုင္း ေမးလိုက္ျခင္းသာျဖစ္သည္။

ယေန႔ စကားမ်ားေသာျဖစ္စဥ္မွာ ေကာင္း႐ိႈ႕လ်န္ ရန္စျခင္းေၾကာင့္ ျဖစ္လာရတာပင္။ ေကာင္း႐ိႈ႕လ်န္ မွားကာ ေဒါသတႀကီး ေျပာေနေသာ္လည္း လင္းေဝ့ျပန္ေျပာသည္က ပိုၿပီး က်ိဳးေၾကာင္းဆီေလ်ာ္သည္။

အကယ္၍ က်ံဳးေ႐ွာက္သာ ဝင္ေရာက္ျဖန္ေျဖလိုက္ပါက လင္မယားႏွစ္ေယာက္ေပါင္းကာ သူမ်ားကို အႏိုင္က်င့္သကဲ့သို႔ ျဖစ္လာကာ ေျဖ႐ွင္းခ်က္မ်ားကလည္း က်ိဳးေၾကာင္းဆီေလ်ာ္မႈ မ႐ွိႏိုင္ေတာ့ေခ်။

ေကာင္း႐ိႈ႕လ်န္ ေယာက်္ားသာ ထက္ျမတ္သည့္လူ ျဖစ္ပါက သူ႕မိန္းမကို အျပစ္မတင္ပဲ က်ံဳးေ႐ွာက္ကိုသာ အျပစ္ဆိုလာႏိုင္ဖြယ္႐ွိသည္။

ထိုကဲ့သို႔ေတြးမိကာ လင္းေဝ့လည္း က်ံဳးေ႐ွာက္ကို ေမးလိုက္သည္။ "ကြၽန္မ ေကာင္း႐ိႈ႕လ်န္ကို စိတ္အေႏွာက္အယွက္ေပးလိုက္မိေတာ့ အနာဂတ္မွာ သူ႕ေယာက်္ားက ႐ွင့္ကို လိုက္ေႏွာက္ယွက္ႏိုင္မလား"

က်ံဳးေ႐ွာက္ကလည္း " အဆင္ေျပပါတယ္" ဟုျပန္ေျဖကာ အျငင္းပြားခဲ့သည့္ကိစၥကို ေမးလိုက္သည္။

လင္းေဝ့က အျဖစ္အပ်က္ကို ဖုန္းကြယ္ မထားသလို ခ်ဲ႕ကားလည္း မေျပာဘဲ က်ံဳးေ႐ွာက္ကို အမွန္တိုင္း ေျပာလိုက္သည္။

က်ံဳးေ႐ွာင္ နားေထာင္ရင္း နားေထာင္ရင္း မ်က္ေမွာင္ပိုက်ံဳ႕လာခဲ့သည္။ သူသည္ အိမ္သာႏွင့္မီးဖိုေဆာင္ျပဳျပင္ရန္မွာ ျဖစ္သလို စဥ္းစားကာျပင္ခဲ့ျခင္းမဟုတ္ေပ။ ေဆာင္လုပ္ေရးမစခင္မွာ ျဖစ္ႏိုင္မျဖစ္ႏိုင္ နားလည္ တတ္ကြၽမ္းသူမ်ားကို ေမးျမန္းခဲ့ကာ ေခါင္းေဆာင္ဆီကိုလည္း သတင္းပို႔ခဲ့သည္။

အိမ္ျပဳျပင္ရာမွ အပိုကုန္က်စရိတ္ကိုလည္း တင္ျပခဲ့သည္။ အပိုကုန္က်စရိတ္ ေထာက္ပံ့ေငြကိုလည္း မယူခဲ့ပါ။ ေခါင္းေဆာင္ သိသြားေသာ္လည္း ဘာမွ် မေျပာခဲ့ေပ။

ေကာင္း႐ိႈ႕လ်န္ရဲ႕ စြပ္စြဲခ်က္ေတြက သူ႕ဇနီးလင္းေဝ့ရဲ႕ ေျပာဆိုတတ္မႈေၾကာင့္သာ မဟုတ္ရင္ သူ႕မိသားစုက သူတစ္ပါးရဲ႕ အေျပာအဆို ခံေနရမည္ျဖစ္သည္။

က်ံဳးေ႐ွာက္ မ်က္ႏွာ သိပ္မေကာင္းတာကို ေတြ႕လိုက္တာေၾကာင့္ "အဆင္ေျပရဲ႕လား"လို႔ ခ်ီတုန္ခ်တုန္ေမးလိုက္သည္။

က်ံဳးေ႐ွာက္က အဆင္ေျပေၾကာင္း ေခါင္း​ၿငိမ့္ျပလိုက္သည္။ သို႔ေသာ္ လင္းေဝ့ကို ၾကည့္ရင္းစိုးရ္ိမ္လာကာ "ဒုတပ္မႈးေက်ာက္ကို ၾကဳံရင္ ဒီအေၾကာင္း ေျပာျပလိုက္မယ္" ဟု အသံနက္ႀကီးျဖင့္ ေရ႐ြတ္လိုက္သည္။ 

ေနာက္ဆုံးေတာ့ လင္းေဝ့လည္း စိတ္သက္သာရာရသြားေတာ့သည္။

ေက်ာက္ဖုန္း တစ္​ေယာက္ သူ႕ျခံထဲ ျပန္လာစဥ္ ေဘးျခံကို တစ္ခ်က္ငဲ့ၾကည့္လိုက္သည္။ မီးဖိုေခ်ာင္ မိီးခိုးေခါင္းတိုင္မွ မီးခိုးထြက္ေနကာ အိမ္တံခါးပြင့္ေနေသာ္လည္း လူတစ္ေယာက္ကိုမွ် မေတြ႕ေခ်။ သူ႕အိမ္ထဲဝင္လိုက္ကာ သူ႕မိန္းမကို ေမးလိုက္သည္။ "က်ံဳးေ႐ွာက္ သူ႕မိန္းမကို ေခၚလာၿပီလား"

ေက်ာက္ဖုန္း ေမးလိုက္ေသာ္လည္း မည္သည့္အသံမွ် ထြက္မလာ၍ မီးဖိုထဲသြားၿပီး လူ႐ွာလိုက္ရာ အဝတ္စုတ္ျဖင့္မီးဖိုကို ၾကမ္းၾကမ္းတမ္းတမ္းသုတ္ေနေသာ သူ႕မိန္းမကို ေတြ႕လိုက္ရသည္။

ေက်ာက္ဖုန္း မ်က္ခုံး ပင့္လိုက္ကာ ေမးလိုက္သည္။ "ဘာျဖစ္ျပန္ၿပီလဲ ဘယ္သူက မင္းကိုစိတ္ဆိုးေအာင္ လုပ္လိုက္ျပန္ၿပီလဲ" 

ေက်ာက္ဖုန္း ေမးသည္ကို ေကာင္း႐ိႈ႕လ်န္ ၾကားေသာအခါ အဝတ္စုတ္ကို မီးဖိုဆီ ပစ္ခ်ၿပီး ေျပာလိုက္သည္။ "ဘယ္သူ႐ွိမွာလဲ အသစ္ေရာက္လာတဲ့အိမ္နီးခ်င္းပဲေပါ့"

 ေက်ာက္ဖုန္း အံ့ၾသသြားၿပီး ေမးခဲ့သည္။ "အိမ္နီးခ်င္း? က်ံဳးေ႐ွာက္ရဲ႕ မိန္းမလား"

"သူ႕အျပင္ တပ္ထဲေရာက္လာတာ ေနာက္ဘယ္သူ႐ွိလို႔လဲ"ဟု စိတ္ဆိုးကာေျပာလိုက္သည္။ "ကြၽန္မေတာ့ အာ့လိုမ်ိဳး ဘာလုပ္ရမယ္ဆိုတာ မသိတဲ့သူမ်ိဳးကို ျမင္ကိုမျမင္ဖူးပါဘူး။ က်ံဳးေ႐ွာက္က ဘယ္လိုလူမ်ိဳးပါလိမ့္။ ေလာ့ယြင္ လိုေကာင္းတဲ့ မိန္းကေလးလို မယူပဲ ဒီလိုမ်ိဳးလူကို ယူလာတယ္"

"အရင္တုန္းက အေၾကာင္းေတြကို ဘာလို႔ေျပာေနတာလဲ"ဟု ေက်ာက္ဖုန္း မ်က္ေမွာင္ၾကဳံ႕ကာေျပာလိုက္သည္။

ေကာင္း႐ိႈ႕လ်န္ မေက်မနပ္ျဖစ္ကာ "ဘာအရမ္းၾကာတဲ့ကိစၥေတြလဲ ေလာ့ယြင္ေျပာင္းလာတာ တစ္ႏွစ္ေက်ာ္ပဲ႐ွိေသးတယ္။ က်ံဳးေ႐ွာက္ကို ဖြင့္မေျပာရဲတာကို စိတ္တိုလိုက္တာ အခုေတာ့ သူက တစ္ျခားတစ္ေယာက္ကိုေတာင္လက္ထပ္သြားၿပီ"

အမွန္ေတာ့ ေကာင္း႐ိႈ႕လ်န္လည္း ေလာ့ယြင္ႏွင့္လည္း ဆက္ဆံေရး သိပ္မေကာင္းပါ။ သူမ ကေလးေတြကို ကာကြယ္ေဆးထိုးရန္ စစ္ေဆး႐ုံ ေခၚသြားခ်ိန္မ်ားတြင္ ေတြ႕သည္သာျဖစ္သည္။

ေလာ့ယြင္က က်ံဳးေ႐ွာက္ကို ႏွစ္သက္သေဘာက်ေၾကာင္း အျခားအရာ႐ွိဇနီးမ်ားမွ တစ္ဆင့္ၾကားသိခဲ့ရျခင္းျဖစ္သည္။ ထိုအခ်ိန္မ်ားတြင္ ေကာင္း႐ိႈ႕လ်န္သည္ ေလာ့ယြင္၏ အ႐ွက္ႀကီးမႈ အိေႁႏၵႀကီးမႈကို အားမရကာ အထင္အျမင္ေသးခဲ့သည္။ က်ံဳးေ႐ွာက္ လက္ထပ္သြားေတာ့လည္း သူ႕ကို သတိရေနဆဲျဖစ္၍ အထင္ေသးမိျပန္၏။

အတိတ္တုန္းက သူမေယာက်ာ္း အဆင့္အတန္းအားကိုးကာ ေလာ့ယြင္ကို အထင္ေသးခဲ့သည္။ အခု လင္းေဝ့ႏွင့္ စာလွ်င္ ေလာ့ယြင္က သူမ စိတ္ထဲ သနားစရာ အစြန္႔ပစ္ခံေလးလို ခံစားလိုက္ရသည္။

ျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းအရာမ်ားကို ေက်ာက္ဖုန္းလဲ သိပါသည္။ ေလာ့ယြင္က က်ံဳးေ႐ွာက္ကို ႀကိဳက္ခဲ့သည္မွာ မွန္သည္။ ထိုစဥ္က ေလာ့ယြင္၏ အေဒၚသည္ သူမတို႔ကို ေအာင္သြယ္ေပးခဲ့ေသာ္လည္း က်ံဳးေ႐ွာက္က လက္မခံခဲ့ေပ။ ထိုကိစၥျဖစ္ၿပီး မၾကာခင္မွာပဲ က်ံဳးေ႐ွာက္ ခြင့္ယူကာ ဇာတိၿမိဳ႕ဆီ ျပန္သြားခဲ့သည္။ျပန္လာေတာ့ အိမ္ေထာင္႐ွင္ျဖစ္ေနေပၿပီ။

ထိုအခ်ိန္က ေက်ာက္ဖုန္းသည္လည္း က်ံဳးေ႐ွာက္ဘာေတြေတြးခဲ့မွန္း မသိေၾကာင္း သူမ်ားကိုေျပာခဲ့ဖူးသည္။ အသက္ႏွစ္ဆယ္ ဝန္းက်င္ ငယ္႐ြယ္သည့္ေလာ့ယြင္သည္လည္း အေျခအေနမဆိုးပါ။ သူမက ဘြဲ႕ရၿပီး ဆန္းလင္ေရတပ္ ျပည္သူ႕က်န္းမာေရးဌာနမွာလဲ တာဝန္ထမ္းေဆာင္ရေတာ့မည္ျဖစ္သည္သာမက သူမဦးေလးကလည္း ႏိုင္ငံေရးေကာ္မ႐ွင္ အဖြဲ႕ဝင္ တစ္ဦးျဖစ္သည္။

က်ံဳးေ႐ွာက္ကသာ ေလာ့ယြင္ကို သေဘာမက်ခဲ့ေသာ္လည္း က်ံဳးေ႐ွာက္၏ အေျခအေနရ ေလာ့ယြင္သည္ ပို၍ ေကာင္းမြန္ေသာ အေျခအေန႐ွိခဲ့သည္။

ငယ္႐ြယ္ေသးသည္။

ဘယ္လိုပဲ ျဖစ္ျဖစ္ ေကာင္း႐ႈံ႕လ်န္ စိတ္ခံစားခ်က္အရ ေလာ့ယြင္အေၾကာင္းေဝဖန္ရန္ အေၾကာင္းမ႐ွိပါ။

ထို႔ေၾကာင့္ ေကာင္း႐ိႈ႕လ်န္၏ ဘက္လိုက္သည့္စကားမ်ားကိုၾကားလ်င္ ေက်ာက္ဖုန္း မ်က္ေမွာင္ၾကဳံ႕မိသည္။ သို႔ေသာ္ သူ႕မိန္းမႏွင့္ ၿပိဳင္မေျပာေတာ့ပါ။

လင္ႏွင့္မယားသည္ တစ္ခုတည္းျဖစ္၍ သူသာဝင္ေျပာမိလ်င္ လူအမ်ားက သူသည္ က်ံဳးေ႐ွာက္ကို တမင္သိကၡာခ်သည္ဟု ေျပာၾကမည္ျဖစ္ကာ ျပသနာတက္လာႏိုင္သည္။

ေကာင္း႐ိႈ႕လ်န္ကလည္း သူ႕စကားတြင္ အမွားပါမွန္းမသိေခ်။ သူ႕ေယာက်္ား၏ မ်က္ႏွာကို ျမင္လ်င္ တံေတြးၿမိဳခ်လိုက္ကာ "ဘာလို႔လဲ"ဟု ေမးလိုက္ရင္းျပန္႐ွင္းျပ၏။ "႐ွင္ က်ံဳးေ႐ွာက္မိန္းမ ရဲ႕မ်က္ႏွာကို မျမင္လို႔ေနာ္။ ကြၽန္မက ေစတနာနဲ႔ အိမ္က ဝင္ေနလို႔ရေနတာကို မလိုအပ္ပဲ အလွဆင္ၿပီး ေငြမျဖဳန္းနဲ႔လို႔ ေျပာတာကို ေခြးက ႂကြက္ေတြကိစၥ မဆိုင္ပဲ လိုက္ေႏွာက္ယွက္တယ္ ဆိုၿပီးေျပာလြတ္တယ္ေကာ။ အာ့တာသူ႕အမွားမဟုတ္ဘူးလား ႐ွင္ေကာစိတ္မတိုမိဘူးလား" ဟုေျပာလိုက္သည္။





#3.11.2023

Continue Reading

You'll Also Like

89.1K 12.4K 91
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
10K 76 1
ရှေ့ခေတ်ကာလမှ ယနေ့ခေတ်ထိတိုင် တရုတ်ကျင့်ကြံသူများနှင့် ဂရိနတ်ဘုရားများအကြားတွင် သဘောထားကွဲလွဲမှု့များရှိနေခဲ့သည်။ အခြားတစ်ဖက်၌ တရုတ်မိဘမဲ့ကောင်လေးတစ်...
292K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...