ငါ့မှာ အပတ်တိုင်း အလုပ်အသစ်ရှိတယ်
ဘာသာပြန် - ထွန်းလင်းအောင်
အခန်း (၇)
လင်းရီ ထို အဆောက်အဦးထံ ကားမောင်းမသွားမီ အ၀တ်စားလဲ၍ သူ၏ အိပ်ခန်းမှ ထွက်လာခဲ့သည်။
သူရောက်ရှိသွားသောအခါ ကျီချင်းရန်မှာ တံခါးရှေ့၌ စောင့်နေခဲ့၏။
"စောင့်ခိုင်းမိတဲ့အတွက် ဆောရီးနော်...လမ်းမှာ ယာဉ်နဲနဲကြပ်နေလို့.."
"အဆင်ပြေပါတယ်..သွားစို့လေ..."
ကားထဲသို့ ၀င်ထိုင်လိုက်ပြီး ကျီချင်းရန် ခေါင်းဖြီးလိုက်သောအခါ မွှေးပျံ့သော သင်းရနံ့လေးက ကားတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
"ဥက္ကဌကျီ အရင်ဆုံး အော်ဒါမတင်ချင်ဘူးလား...."
"ဟမ်..ဘာအော်ဒါလဲ..."ကျီချင်းရန်မှာ ယခုထက်ထိ အော်ဒါမှာရသည်ကို နေသားမကျသေးပေ။
လင်းရီ သူ၏ ဖုန်းကို ထုတ်လိုက်ပြီး "Di Di ပေါ်မှာ အော်ဒါတင်ရမှာလေ...ကျွန်တော့်မှာလည်း ထောက်ပံ့ရမယ့် မိသားစုက ရှိသေးတာဘေ..တကယ်လို့ ခင်များကသာ အော်ဒါမတင်ဘူးဆိုရင် ကျုပ်က ဘယ်နားက ပိုက်ဆံသွားရမှာလဲ..အဲ့လိုဆိုရင်တော့ နောင်ကျ ကျုပ် နေစရာမရှိလို့ လေထဲမှာပဲ နေရတော့မှာ..."
"ငါလေ...နင့်ကိုတော့ တကယ်ကို မတတ်နိုင်တော့ဘူး..."
ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။ ကြည့်ရသလောက်တော့ ထိုငနဲမှာ DiDiနှင့် ပတ်သက်၍ လွန်စွာ လေးနက်ပုံပင်။
သို့သော်လည်း သူမ စိတ်သက်သာသလို ခံစားလိုက်ရသည်။ ၁၀ မီလီယမ်ကျော် တန်ကြေးရှိသော ဇိမ်ခံကားကို ပိုင်ဆိုင်ထားသော်လည်း နိမ့်ချ၍ သူမ၏ ကုမ္ပဏီတွင် အရောင်းသမား လာလုပ်သည်ကိုလည်း လေးစားမိ၏။
ယခု သူ အလုပ်ထုတ်ခံလိုက်ရပြီဆိုတော့ Di Di ၌ လာ၍ ဘ၀အတွေ့အကြုံကို ရှာဖွေနေ၏။
မကြာမီ လင်းရီ သူ၏ ဖုန်းပေါ်တွင် ကျီချင်းရန်၏ အော်ဒါကို တောင်းဆိုမှုကို ရရှိပြီး ချက်ချင်း လက်ခံလိုက်သည်။
ထိုအချိန်တွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။
[ပိုင်ရှင်က ဒုတိယမြောက်အော်ဒါကို အောင်မြင်စွာ လက်ခံပြီးပါပြီ..စနစ်၏ ၈၅ မှတ်နှင့်အထက် အလှလေးနှစ်ယောက်ကို ခေါ်တင်ခြင်း မစ်ရှင် ကို အစပျိုးမိသွားပါသည်...မစ်ရှင်သာ အောင်မြင်ပါက သင်၏ ဆုလဒ်မှာ အတွေ့ကြုံမှတ် ၁၀၀,၀၀၀ ဖြစ်ပါတယ်....]
[မစ်ရှင် ပြီးမြောက်နှုန်း : ၁/၂]
စိတ်ထဲရှိ ထိုမစ်ရှင်ကို မြင်သောအခါ ကူကယ်ရာမဲ့သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီမစ်ရှင်က နည်းနည်းတော့ ရုတ်တရက်ကြီး ဖြစ်သွားတာပဲ....
ဘယ်လို အလှလေးက ၈၅ မှတ်အထက် ရှိနိုင်တာလဲဟ....
သူ၏ အလှရသနှင့် စနစ်၏ လှပမှု ရသ မတူညီခဲ့လျင်ကော....
ထိုသို့ ဆိုလျင်တောင် စနစ်၏ အကြောင်းကြားစာကို ကြည့်ခြင်းအားဖြင့် ကျီချင်းရန်မှာ ၈၅ မှတ်ထက် ပိုသော အလှလေးတစ်ယောက်ဖြစ်ကြောင်းသိနိုင်သည်။
စနစ်မစ်ရှင်မှာ တစ်၀က်ပြီးမြောက်ပြီးဖြစ်၍ သူဆက်လက် စိတ်ပူမနေတော့ဘဲ အော်ဒါပြီးရန်သာ အာရုံစိုက်လိုက်သည်။
"ဥက္ကဌကျီ ကုမ္ပဏီကို ပြန်သွားမှာလား ..."လင်းရီ အော်ဒါပေါ်ရှိ ချောင်ရန်အုပ်စု ဟူသော လိပ်စာကို တွေ့သောအခါ မေးကြည့်လိုက်သည်။
"ငါအလုပ်ဆင်းတော့မှာ ..ပြန်သွားမနေတော့ဘူး..အိမ်မှာလည်း ကွန်ပျူတာရှိတယ်လေ..ဒီတော့ အဲ့ဒီကနေပဲ လုပ်လိုက်တော့မယ်...."
"ကောင်းပြီလေ ..ဒါဆိုလည်း အဲ့ကို လိုက်ပို့ပေးရတာပေါ့"
"အိုး..ဒါနဲ့ ငါနင့်ကို မေးချင်နေတာ တော်တော်ကြာနေပြီ..နင်ဘာလို့ အလုပ်ထုတ်ခံခဲ့ရတာလဲ...."
"ကျုပ် အလုပ်မှာ ပြဿနာ နည်းနည်းရှိခဲ့လို့...အဲ့ဒါကြောင့် အထုတ်ခံလိုက်ရတာ..."
ယခု သူ့တွင် စနစ်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ဘ၀မှာ မတူညီသော လမ်းကြောင်းဆီသို့ ဦးတည်သွားတော့မည်။
လင်းရီ အတိတ်ရှိ အရေးမပါသော ကိစ္စများ အပေါ်တွင် ဆက်လက်မဆွေးနွေးလိုတော့ပေ။
အကယ်၍ သူသာ တစ်စုံတစ်ယောက်၏ နောက်၌ မကောင်းကြောင်းပြောမည်ဆိုပါကသူသာ သဘောထား ကြီးလိုက်လျင် ထိုကိစ္စမှာ မပြောပလောက်တော့ချေ။
"အဲ့လောက်ကြီးတော့ မဆိုးရွားလောက်ဘူးမလား..ငါအရင်ရက်တွေတုန်းက နင့်ရဲ့ ရောင်းအားကို တွေ့ပါတယ်..နင်က ဒီလရဲ့ အရောင်း ချန်ပီယံ မဟုတ်လား ..ဘာတွေများ မှားသွားလို့ အထုတ်ခံလိုက်ရတာလဲ"
ကျီချင်းရန် ပြုံးလျက် မေးလိုက်သည်။
"ဥက္ကဌကျီ..မေးမနေပါနဲ့တော့..ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့် အမှားတွေပါပဲ..."
ကျီချင်းရန် ဤဖြစ်ရပ်၌ တစ်ခုခု ဖုံးကွယ်ထားကြောင်း ခံစားမိပြီး မျက်လုံးလှန်လိုက်သည်။ သူမနောက်ကျမှ ဤက်စ္စကို သေချာ စုံစမ်းရပေမည်။
ကလင်..ကလင်..ကလင်...
ထိုအချိန်တွင် ကျီချင်းရန်၏ ဖုန်းသံ မြည်လာခဲ့၏။
"နင် သူတို့အားလုံးကို ဆက်သွယ်ကြည့်ပြီးပြီလား..."
"ငါတစ်ခုခု ကြည့်စီစဉ်လိုက်မယ်..နင့်ဘက်ကလည်း ဆက်ပြီး စုံစမ်းကြည့်ဦး..တခြားဟိုတယ် တစ်ခုခုများ ရနိုင်မလားလို့..."
"အိုကေ..ဒါပဲ..ဖုန်းချလိုက်တော့မယ်"
ကျီချင်းရန် ဖုန်းချပြီးနောက် သူမမျက်နှာ မလှကြောင်း သတိထားမိသော အခါ လင်းချီ မေးလိုက်သည်။
"ဘာဖြစ်တာလဲတဲ့..."
"ငါတို့ ကုမ္ပဏီက စုံညီ အစည်းအဝေး ကျင်းပချင်နေတာ ..ဒါပေမယ့် ဟိုတယ်အားလုံးမှာ အချိန်နဲ့ နေရာတွေကလည်း တစ်ခုမှ ငါတို့အတွက် မကျန်တော့ဘူး..အကုန်ပြည့်နေပြီတဲ့...ငါအဲ့ကိစ္စကို ဘယ်လို စီစဉ်ရမလဲ မသိလို့ ခေါင်းစားနေတာဟ..."
"အစည်းဝေးကို နည်းနည်း နောက်ဆုတ်လိုက်လို့ မရဘူးလား..."
"ဒီ အစည်းအဝေးက အရမ်းအရေးကြီးတာ...ငါတို့ အချိန်ထပ်ဆွဲ လို့ မရတော့ဘူး...မဟုတ်ရင်ငါ အဲ့လောက်ထိ လောနေမှာမှ မဟုတ်တာ..."
"ငါတို့ ပန်နီဆူလာ ဟိုတယ်ဆီ သွားလို့ ရတာပဲလေ..အဲ့တာက ပိုပြီး သင့်တော်သလားလို့..."လင်းရီ အကြံပြုလိုက်သည်။
"နောက်မနေစမ်းပါနဲ့ဟယ်...ပန်နီဆူလာဟိုတယ်က ကျုံးဟိုင်မှာ ကြယ်ငါးပွင့် စူပါ ဟိုတယ်ကြီးကို....ငါက ငွေသုံးရမှာ ကြောက်တာမဟုတ်ဘူး...ငါတို့ အတွက် သီးသန့်နေရာ မရမှာဘဲ ကြောက်တာ...."ကျီချင်းရန် ခေါင်းရမ်းလိုက်သည်။
ပြဿနာက အလွယ်တကူ ဖြေရှင်းနိုင်ကြောင်း လင်းရီ တွေ့သွားသည်။
သူမ၏ ကုမ္ပဏီမှာ စက်မှုလုပ်ငန်းတွင် ငါးသေးသေးလေး တစ်ကောင်ဟု သတ်မှတ်၍ ရ၏။၎င်းမှာ အခြား ကုမ္ပဏီကြီးများနှင့်တော့ မယှဉ်နိုင်ချေ။
ပန်နီဆူလာဟိုတယ်၏ အဆင့်အတန်းနှင့် ဆိုပါက သူမတို့ကုမ္ပဏီကို တစ်ချက်ပင် လှည့်ကြည့်မည် မဟုတ်ချေ။ အကယ်၍ သူမအနေဖြင့် စီအီးအို ရာထူးနှင့် ထိုနေရာသို့ သွားမည်ဆိုလျင်တောင် အသုံး၀င်မည် မဟုတ်။
"အဲ့တာက လုံး၀ကြီးတော့ မမှန်ဘူးလေ..ဘ၀ဆိုတာက အံ့ဖွယ်မျိုးစုံနဲ့ ပြည့်နှက်နေတာ... ဘယ်သိနိုင်မှာ မင်းအဲ့ဒီကိုသွားလို့ အံ့အားသင့်စရာတွေ ကြုံရင်လည်း ကြုံနိုင်တာပဲ"
"နင်က စကား အရမ်းပြောတတ်တာပဲ...ဒီတစ်ကြိမ်တော့ နင့်ကို နားထောင်လိုက်မယ်..လှည့်ပြီးတော့ ပန်နီဆူလာဟိုတယ် ကို သွားကြရအောင်..."ကျီချင်းရန် အပြုံးလေးနှင့် ပြောလိုက်သည်။
"ဒါပေမယ့် ရှင်းအောင် ပြောထားမယ်နော်..တကယ်လို့ ကိစ္စတွေက အဆင်မပြေဘူးဆိုရင် ဒို့ကတော့ တက္ကစီခ ပေးမှာမဟုတ်ဘူး..ရှင့်အပေါ်မှာပဲ မူတည်တယ်..."
"တကယ်လို့ သူတို့က သဘောတူခဲ့တယ် ဆိုရင်ကော...?"လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။
"တကယ်လို့ သူတို့ သဘောတူမယ် ဆိုရင် ငါနင့်ကို ထမင်း တစ်နပ် လိုက်ကျွေးမယ်လေ..."
"စားရတာက ပျင်းဖို့ကောင်းတယ်...ငါ့ကိုလည်း ကြည့်ပါဦး စားဖို့ ငတ်နေတဲ့ သူလားလို့...."
"နင်က အရမ်းလောဘကြီးတာပဲ..."ကျီချင်းရန် ပြုံးလိုက်ပြီး "အဲ့တာဆိုလည်း ငါကိုယ်တိုင် နင့်ကို ထမင်းတစ်နပ် ချက်ကျွေးမယ် ..ဘယ်လိုလဲ"
"မင်းက ချက်တတ်တယ်ပေါ့...မဖြစ်နိုင်တာ..."
"မဖြစ်နိုင်ဘူး....?."
"အဲ့တာဆို မင်းချက်တဲ့ဟာတွေက စားလို့ကော ရရဲ့လား..."
ကျီချင်းရန် လင်းရီကို မျက်လုံးလှန်လိုက်သည်။ "အဲ့တာက အဓိက မဟုတ်ဘူး..ငါတို့ ဆွေးနွေးလို့ အဆင်မပြေဘူးဆိုမှတော့ နင်ဖြစ် စေချင်တာငါလုပ်မယ်လေ..အဲ့တာဆို ချက်စရာလည်း မလိုတော့ဘူး"
"ဒါဆိုလည်း တစ်ခုခု အံ့ဖွယ်ဖြစ်ရပ်များ ဖြစ်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့..."
"တကယ်လို့ အဲ့လိုသာ ဖြစ်ခဲ့မယ်ဆိုရင် တစ်နပ်ကို အသာထားဦး..ဆယ်နပ်ဆိုရင် တောင် ကိစ္စမရှိဘူး.."
"မင်းလည်း အရင်က ဟင်းမချက်ဖူးဘူးမလား..ငါကလည်း မစားချင်ဘူး..ဒီတော့ S ပုံစံ ထိုင်ထ လုပ်ပြမယ် ဆိုရင်ကော ဘယ်လိုလဲ...."
"S ပုံစံ ထိုင်ထ...."
"မင်းက အဲ့တာ ဘာလဲဆိုတာတောင် မသိဘူးပေါ့...အဲ့တာက အမျိုးသမီး စထွင်မာတွေရဲ့ စံချိန်တင် အရည်အချင်းပဲ.... "
"ခဏလောက်နော်..ငါတစ်ချက် ရှာကြည့်ကြည့်ဦးမယ်.."ကျီချင်းရန် ပိုင်သု(Baidu)ကို ဖွင့်ပြီး ရှာကြည့်လိုက်သည်။
"ဒီပုံစံက နည်းနည်းတော့....."
လင်းရီ ပြုံးလိုက်ပြီး.. "မင်းသာ သဘောမတူဘူးဆိုရင်တော့ အံ့ဖွယ်တွေက ဖြစ်လာမှာ မဟုတ်ဘူးနော်...."
ချင်းရန် သူမ နှုတ်ခမ်းကို အုပ်၍ ပြုံးလိုက်ပြီး "ကိစ္စ မရှိပါဘူး...ငါ တူညီတာကိုပဲ ထပ်ပြောလိုက်မယ် ..အံ့ဖွယ်ဖြစ်ရပ်တွေသာ ဖြစ်ခဲ့မယ်ဆိုရင် တစ်ခါတောင် မဟုတ်ဘူး...ဆယ်ခါတောင် လုပ်ပြလိုက်ဦးမယ်..."
ချင်းရန် မှာယုံကြည်မှုများ ပြည့်နှက်နေ၏။ သူမ
စောနတုန်းက ဟိုတယ် မန်နေဂျာကို ဖုန်းဆက်၍ စုံစမ်းထားပါသော်လည်း သူမတို့၏ အချိန်စာရင်းမှာ နောက်ထပ် လ၀က်ခန့် ဘာမျှ ကျန်မည် မဟုတ်ကြောင်း ပြောကြားလာခဲ့သည်။
ထို့ကြောင့် ယခု တစ်ကြိမ်တွင်တော့ သူမ လက်ဗလာနှင့် ပြန်လာရမည်မှာ သေချာနေသောကြောင့် ယုံကြည်မှုများနှင့် ပြည့်နှက်နေ၏။
သူမတွင် အခြား လုပ်စရာလည်း မရှိ။တစ်စုံတစ်ဦးမှ သူမကို အလကား ပို့ပေးရန် တောင်းဆိုလာမှတော့ စိတ်အပမ်းဖြေသည့်အနေဖြင့် သဘောတူလိုက်၏။
ထို့ကြောင့် သူမ ထို S ပုံစံ ထိုင်ထ လုပ်ရန် တောင်းဆို ခံရလျင်ပင် စိတ်မရှိချေ။
မကြာမီ လင်းရီ ကားကို ပန်နီဆူလာ ဟိုတယ်သို့ ဦးတည်လိုက်၏။
လင်းရီ၏ ကားကိုမြင်သောအခါ ဟိုတယ်ရှေ့ရှိ ဟိုတယ်၀န်ထမ်းများမှ ပြေးကြိုရန် လာခဲ့သော်လည်း လင်းရီ၏ အကြည့်တို့ကြောင့် ရပ်တန့်လိုက်ရ၏။
အကယ်၍ သူမသာ သူမည်သူဖြစ်ကြောင်း သိရှိသွားပါက ဂိမ်းမှာ ပျော်ဖို့ကောင်းတော့မည် မဟုတ်ပေ။
ကားပါကင်ထိုးပြီးနောက် နှစ်ဦးသား ဟိုတယ်ထဲသို့ ၀င်သွားကြ၏။
"ဟဲလို..ကျွန်တော်တို့ မန်နေဂျာ ၀မ်ထျန်းလုံနဲ့ တွေ့ချင်လို့ပါ..."
စားပွဲရှေ့ရှိ စာရေးမလေးမှာ ကျီချင်းရန်ကို တစ်လှည့် သူမ၏ ဘော့စ်ကို တစ်လှည့်ကြည့်ပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ဟဲလို ဧည့်ကြိုခန်းထဲ သွားရအောင်ပါ...ကျွန်မ မန်နေဂျာ ၀မ်ဆီ သတင်းပို့ပေးပါ့မယ်..."
"ဟုတ်ကဲ့..ကျေးဇူးပါ..."
စာရေးမလေး၏ ဦးဆောင်မှုဖြင့် သူတို့ နှစ်ဦးလုံး ဧည့်ကြိုခန်းထဲသို့ ရောက်ရှိသွားပြီး မကြာမီ ကော်ဖီ နှင့် လက်ဖက်ရည် ရောက်လာခဲ့၏။
ထိုကဲ့သို့ နွေးနွေးသော ကြိုဆိုမှုမှာ ကျီချင်းရန်ကို ဆွံ့အသွားစေ၏။
သူမ အရင်က တစ်ခေါက်လာခဲ့ဖူးသော်လည်း ယခုကဲ့သို့ မဆက်ဆံခဲ့ရချေ။
မကြာမီ ၀မ်ထျန်းလုံ ရောက်ရှိလာပြီး အားတက်သရောဖြင့် နှုတ်ဆက်လိုက်သည်။
"ဟဲလို ...ဥက္ကဌ ကျီ...."