My beloved school president (...

By 95blackcoffee95

9.4K 1K 101

ကျွန်တော်ချစ်ရတဲ့ကျောင်းသားဥက္ကဌလေး More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း (၁၀)
final (Unicode)
Final (Zawgyi)

အပိုင်း(၄)

744 107 13
By 95blackcoffee95

ဟာအိုအခန်းလေးထုံးစံအတိုင်း တံခါးထုသံကြားရတော့
လက်သည်ကဘယ်သူမှန်းတွေးကြည့်စရာရော ချောင်းကြည့်စရာပါ
မလိုတာမို့ ဟာအို တံခါးဖွင့်ပေးလိုက်တော့ အထုပ်ပေါင်း
များစွာဆွဲပြီး ဝင်လာတဲ့ဟန်ဘင်းကိုတွေ့လိုက်ရသည်။

"ဘာအထုပ်တွေလဲ ?"

ဟာအိုကတော့ သူ့အခန်းကိုပြောင်းလာတာကိုမရိပ်မိဘဲ
ပစ္စည်းတွေကိုအခန်းထဲတောင်ကူရွှေ့ပေးလိုက်သေးသည်။

"ကျွန်တော့်ပစ္စည်းတွေလေ ဒါအကုန်ဘဲ ဒီနေ့ကစပြီး
ကျွန်တော် ဟျောင်းနဲ့ပဲနေတော့မှာ "

"ဘာလို့လဲ ? မနေရပါဘူး ၊ မင်းအခန်းကဘာဖြစ်လို့လဲ ?"

မေးခွန်းများစွာနဲ့ဟာအိုကို ဟန်ဘင်းက အရေးမလုပ်ပဲ
သူ့အိမ်သူ့ရာလိုပင် ဟာအိုရဲ့အခန်းထဲဝင်ကာ သူ့ပစ္စည်း
တွေကိုနေရာချရင်း

"ဘာဖြစ်ရမှာလဲ ဟျောင်းဘဲပြောတော့ကျောင်းမှာမသိသလို
နေရမှာဆို "

"အေးလေ အဲ့တာနဲ့ဘာဆိုင်လို့လဲ ?"

"ဟျောင်းဘဲစဥ်းစားကြည့်လေ ကျွန်တော်တို့တွေ့ရတဲ့အချိန်က
နေ့ဘက်မှပိုရမှာကို ဟျောင်းက ကျွန်တော့်ကိုကျောင်းမှာတွေ့ရင်
မခေါ်ခိုင်းဘူးလေ အဲ့ဒါကြောင့် ဟျောင်းအခန်းထဲလာနေတာ
တူတူနေတဲ့အချိန်ပိုရအောင်လို့ "

"မင်းညဘက်လည်း တစ်ချိန်လုံးငါ့အခန်းထဲမှာပဲလေ
အိပ်ချိန်ရောက်မှပြန်သွားတာမလား "

"အဲ့ဒါကြောင့်လေ ဟိုဘက်အခန်းကို ပြန်ပြန်အိပ်နေရတာ
အဆင်မပြေလို့ ဒီမှာပဲအိပ်တော့မယ် "

ပြောရင်းနဲ့ ဟန်ဘင်းက အဝတ်အိတ်ကိုဖြည်ကာ ဟာအိုရဲ့
အင်္ကျီတွေကိုဘေးကပ်ပြီး သူ့အင်္ကျီတွေထည့်နေလေပြီ။

"ဒီမှာအိပ်လို့မရဘူး ငါ့အခန်းမှာကုတင်ကတစ်လုံးတည်းရှိတာ"

"ကိစ္စမရှိဘူး ကျွန်တော်ဆိုဖာပေါ်သွားအိပ်လိုက်မယ် "

ဆုံးဖြတ်ချက်ပြတ်သားပုံရတဲ့ ဟန်ဘင်းကိုကြည့်ပြီး
ကန်ထုတ်ရင်တောင်ထွက်သွားမယ့်ပုံမပေါ်တာမို့
ဟာအို ဘာမှဆက်ပြောမနေတော့ဘဲလက်ခံလိုက်တော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ခါတိုင်းလည်း တစ်ညလုံးနေနေတာပဲ
အခုက အိပ်တာလေးပဲပိုသွားတာ ဆိုပြီး
ဟန်ဘင်းကိုလွှတ်ထားဖို့သာဆုံးဖြတ်လိုက်သည်။

"တစ်ခုတော့ရှိတယ် ငါ့အခန်းမှာကပ်နေမယ်ဆို ဒီအတိုင်း
နေလို့မရဘူး အိမ်အလုပ်တွေကူလုပ်ရမယ် "

"OK သဘောတူတယ် "

"ကျောင်းမှာ မရင်းနှီးတဲ့သူတွေလိုနေရမှာနော် "

"သိပါပြီဆို!"

******************
"မင်းအရှေ့ကသွား ငါနောက်ကလိုက်ခဲ့မယ် "

ဟာအိုတို့နေတဲ့နေရာက ကျောင်းနဲ့သိပ်မဝေးတာကြောင့်
နှစ်ယောက်သား လမ်းအတူတူလျှောက်လာပြီးမှ ကျောင်းရောက်
ခါနီးတွင် ဟာအိုက ဟန်ဘင်းအား ရှေ့ကလျှောက်ရန်
ပြောလိုက်သည်။

"ဟျောင်းကလည်း လမ်းတူတူလျှောက်တာလောက်က
ဘာမှမဖြစ်ပါဘူး တခြားသူတွေလည်းဒီလိုပဲလျှောက်နေကြတာကို"

"တခြားသူတွေဘယ်လိုနေနေ မင်းနဲ့ငါကမတူဘူး
ပြောတာနားမထောင်ရင် အထုပ်ဆွဲပြီး ထွက်သွားတော့
ငါ့အခန်းမှာလာမနေနဲ့ "

"ဟျောင်း !"

နှုတ်ခမ်းစူပြီးမျက်စောင်းထိုးကာ ခြေထောက်ပါဆောင့်ပြီး
ဟာအိုကို ဆောင့်ကြီးအောင့်ကြီး ခေါ်နေတဲ့ဟန်ဘင်းရဲ့
အခုလိုပုံစံကို ကျောင်းကလူတွေ စိတ်ကူးထဲတောင်
တွေးကြည့်ဖူးမှာမဟုတ်ပေ ။

"ငါ မင်းရဲ့ဒီပုံစံကို ကျောင်းကလူတွေကိုမြင်စေချင်လိုက်တာ "

"ဘာလို့လဲ ? အရမ်းချစ်စရာကောင်းလို့လား ?"
ဟန်ဘင်းကပြောရင်းနဲ့ ဟာအိုနားကပ်လာပြီး
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်လာပြီးခွေးပေါက်လေးနဲ့တူအောင်
လုပ်ပြတော့သည်။

ဟန်ဘင်းရဲ့ချစ်စရာကောင်းတဲ့ပုံစံကို ကြည့်ပြီး
ဟာအိုရင်ထဲဘာမှမခံစားရဘူးထင်ရင်မှားသွားပါလိမ့်မည်။
ဟန်ဘင်းက ဟာအိုနားကိုကပ်ပြီး လာလာချွဲတဲ့အခါတိုင်း
ဟာအိုရဲ့ ရင်တွေအကြမ်းပတမ်းလှုပ်ရှားရပါသည်။

လုယက်သူတွေရဲ့ရန်မှ လွတ်ပြီးတဲ့နောက် ဟာအိုက
ဟန်ဘင်းရဲ့ပုံစံအမျိုးမျိုးကိုတွေ့လာရတော့သည်။
တတ်လည်းတတ်နိုင်တဲ့ဆောင်းဟန်ဘင်းပါပေ ၊၊ ကျောင်းသား
တွေရှေ့မှာဆို သြဇာရှိပြီး စည်းကမ်းကြီးတဲ့ပုံစံမျိုးနဲ့နေပြီး၊
ဆရာတွေရှေ့မှာကျတော့ လိမ္မာရေးခြားရှိပြီးနာခံတတ်တဲ့
ပုံလေးပေါက်သွားပြန်တယ် ၊၊ လူဆိုးကောင်တွေနဲ့တွေ့ရင်
တော့ သူကမာဖီယားဂိုဏ်ချုပ်လိုရက်စက်တတ်ပေမယ့်
ဟာအိုနဲ့ရှိနေချိန်မှာဆို ချွဲတတ်တဲ့ခွေးပေါက်လေးလိုဖြစ်သွား
ပြန်ရော ။

ဟန်ဘင်းနဲ့ရင်းနှီးခဲ့တဲ့အချိန်တွေမှာ ဟာအိုကိုယ့်ကိုယ်ကို
ပြန်မေးလေ့ရှိတဲ့မေးခွန်းတစ်ခုက "ဆောင်းဟန်ဘင်းက
ဘာဖြစ်ချင်နေတာလဲ ?" ဆိုတဲ့မေးခွန်းပဲ ။

ဟုတ်တယ်လေ တခြားဘယ်သူ့ပေါ်မှမပြတဲ့အပြုမူတွေကို
ဘာလို့သူ့ရှေ့လာလာလုပ်ပြနေရတာလဲ ? သူ့ကိုအရမ်းခင်လို့လား?
ဒါမှမဟုတ် မိဘတွေက ဂရုမစိုက်ကြတာမို့ သူ့အပေါ်မှာ
မိဘလို ၊ အစ်ကိုလိုသဘောထားပြီးလာလာချွဲနေတာလား ?
ဒါမှမဟုတ် ဥတစ်လုံးတစ်ကောင်ကြွက်လား? ၊
ဆွေမရှိမျိုးမရှိ ညီအစ်ကိုမောင်နှမတွေမရှိဘဲ တစ်ယောက်တည်း
ကြီးပြင်းလာရလို့များလား ? ဒါကြောင့်မေတ္တာငတ်ပြီး
သူ့ကို တအားခင်တွယ်နေတာလား?

ဟာအိုသေချာစဥ်းစားလိုက်တော့မှပဲ ဟန်ဘင်းက သူ့မိသားစု
အကြောင်းတစ်ခါမှမပြောဘူးတာကိုဟာအိုသတိရသွားပြီး
တော်တော်လေးစိတ်မကောင်းဖြစ်သွားသည် ။

သို့သော်အခုကကျောင်းနားရောက်နေပြီဖြစ်လို့ သဘောတူညီချက်
အတိုင်းတော့လုပ်ရမည်။ အိမ်မှာပိုကောင်းပေးရင်ဖြစ်တာပဲလေ။

"ဝိုး .... ကျွန်တော့်ရဲ့ချစ်စရာကောင်းမှုကြီးမှာနစ်မြောသွားလို့
ဟျောင်း စကားတောင်ပြန်မပြောနိုင်တော့ဘူးပဲ "

"ဟင့်အင်း ....မင်းရဲ့အခုလိုပုံစံကိုမြင်ပြီးကျောင်းကလူတွေ
သူတို့ရဲ့ဥက္ကဌက စိတ်မနှံ့တဲ့အကြောင်းသိသွားအောင်လို့ "

"ဟျောင်း!!"

ခြေထောက်ကိုထပ်ဆောင့်လိုက်တဲ့ဟန်ဘင်းကြောင့်
ဟာအိုရယ်လိုက်မိတော့သည် ။

"ညနေကျရင် ဟင်းကောင်းကောင်းချက်ကျွေးမှာမို့
အခုတော့ ကျောင်းထဲရောက်အောင်မြန်မြန်သွားရအောင်
တော်ကြာကျောင်းနောက်ကျတဲ့ ကျောင်းသားဥက္ကဌဆိုပြီး
နာမည်ထပ်ကြီးသွားဦးမယ် ၊ ပြီးတော့ သဘောတူညီချက်
ကို မမေ့နဲ့နော် "

ပြောပြီးတာနဲ့ ဟာအိုက ရှေ့ကအရင်ပြေးထွက်သွားတော့သည်။
ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း ဟန်ဘင်း
ပြုံးလိုက်မိတော့သည်။

"ဘယ်လိုလုပ်မလဲဟျောင်း? ကျွန်တော်က ဟျောင်းကို
အချိန်တိုင်းတွေ့ချင်နေတဲ့ဟာကို"

ထို့နောက်ဟန်ဘင်းက အဓိပ္ပါယ်ရှိတဲ့ အပြုံးတစ်ခုပြုံးရင်း

"အဲ့ဒီတော့ သဘောတူညီချက်ကိုချိုးဖောက်ပါမယ် !!"

**************
"ကဲကဲ အားလုံးနားထောင် ဒီနေ့ကစပြီး ဒီအခန်းရဲ့အတန်း
ခေါင်းဆောင်က ကျန်းဟာအိုဖြစ်သွားပြီ "

အတန်းပိုင်ဆရာမရဲ့ စကားကြောင့် အတန်းသားများအားလုံး
အာမေဍိတ်သံပေါင်းစုံထွက်လာပေမယ့် တစ်ဦးတည်းသော
အသံမထွက်နိုင်သူက ဟာအိုပင် ...

"နဂိုအတန်းခေါင်းဆောင်က ကျန်းမာရေးသိပ်မကောင်းလို့
အတန်းကိစ္စတွေ ဆက်ပြီးမလုပ်နိုင်ပါဘူးဆိုပြီး
လာပြောလို့ ဆရာမကဟာအိုကိုရွေးလိုက်တာ ၊
အားလုံးသဘောတူတယ်မလား ? "

အတန်းပိုင်က သူကိုယ်တိုင်ရွေးလိုက်ကြောင်းပြောတာမို့
ဘယ်သူကမှကန့်ကွက်သူမရှိပဲ ဟာအိုသည်
အထက်တန်းနောက်ဆုံးနှစ် တန်းခွဲ(၁)ရဲ့ အတန်းခေါင်းဆောင်
ဖြစ်လာခဲ့တော့သည် ။

"ဟာအို အတန်းချိန်ပြီးရင် အိမ်စာစာအုပ်တွေ
ဆရာမတို့နားနေခန်းကိုလာပို့ပေးပါဦး "

"ဟုတ်ကဲ့ "

အတန်းခေါင်းဆောင်မလုပ်ချင်ပါဘူးလို့တောင် ပြောဆိုခွင့်
မရလိုက်တဲ့ အတန်းခေါင်းဆောင်အသစ်လေးသည် အခုချိန်တွင်
မျက်နှာသေနှင့်အိမ်စာစာအုပ်များကို လိုက်ကောက်နေရ
ပေသည်။ထို့နောက် ဆရာမနားနေခန်းကို စာအုပ်သွားပို့ရာ
လမ်းတွင် သူ့နည်းတူ စာအုပ်လာထပ်ပုံရတဲ့ ဟန်ဘင်းကိုလည်း
တွေ့လိုက်ရသည်။

"ဟျောင်း ! ဘာလို့စာအုပ်လာထပ်တာလဲ ? ဟျောင်းတို့အခန်းက
အတန်းခေါင်းဆောင်ရော ?"

ကျောင်းမှာမသိသလိုနေရမယ်ဆိုတဲ့သဘောတူညီချက်ကို
ဟန်ဘင်းကချိုးဖောက်လိုက်ပေမယ့် အတန်းခေါင်းဆောင်
မလုပ်ချင်တဲ့ဟာအိုက ဟန်ဘင်းအားရန်တွေ့မအား
အရင်လိုလှည့်ပြေးရန်လည်း အဆင်ပြေမနေခဲ့ပါချေ ။

"ငါဒီနေ့ပဲ အတန်းခေါင်းဆောင်ဖြစ်သွားတာ "

"ဟုတ်လား ? ဂုဏ်ပြုပါတယ် "

ဟာအိုကိုဂုဏ်ပြုစကားပြောပြီး အရင်သွားဖို့ပြင်လိုက်တဲ့
ဟန်ဘင်းရဲ့ခြေလှမ်းတွေက တစ်စုံတစ်ခုကိုပြောဖို့သတိရသွား
တဲ့ပုံနဲ့ ပြန်ရပ်လိုက်ပြီး

"ဒါဆိုဘယ်လိုလုပ်မလဲ ကျွန်တော်တို့နှစ်ယောက်လုံး
ကျောင်းကောင်စီအဖွဲ့ဝင်တွေဖြစ်သွားပြီဆိုတော့
အချင်းချင်းမသိချင်ယောင်ဆောင်ပြီးနေလို့မရလောက်တော့ဘူး
မဟုတ်ရင် လူတွေပိုပြီးအထင်လွဲသွားလိမ့်မယ် ၊
ကျွန်တော်တို့နှစ်ယောက် ခိုးတွဲနေတယ်ဆိုပြီးတော့ပေါ့ "

ပြောပြီးတာနဲ့ ဟန်ဘင်းက ဟာအိုအား မျက်လုံးတစ်ဖက်မှိတ်ပြကာ
ဆရာမနားနေခန်းကို အရင်ဆုံးဝင်သွားလိုက်တော့သည်။
ဟန်ဘင်းရဲ့စကားပြောဆိုပုံ
လေထုက ထူးဆန်းနေတာမို့ ဟာအိုသူအတန်းခေါင်းဆောင်
ဖြစ်သွားသည့်ကိစ္စကို ဟန်ဘင်းရဲ့လက်ချက်ဟုပင်တွေးမိသွား
သေးသည် ။

'မဖြစ်နိုင်ပါဘူး ဟန်ဘင်းက ငါတို့အတန်းပိုင်ဆရာမရဲ့
ဆုံးဖြတ်ချက်ကိုပြောင်းအောင်ဘယ်လိုလုပ်နိုင်မှာလဲ'

ဟာအိုသူ့အတွေးတွေကို ခေါင်းခါရင်းရှင်းထုတ်လိုက်ပြီး
အခန်းထဲကိုလိုက်ဝင်သွားတော့သည် ။

သို့သော်ဟာအိုမသိလိုက်တာက ဟန်ဘင်းက အတန်းပိုင်
ဆရာမရဲ့ဆုံးဖြတ်ချက်ကိုမပြောင်းနိုင်ပေမယ့် ဟန်ဘင်းရဲ့အဖေက
တော့ အတန်းပိုင်ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းအောင်လုပ်နိုင်တယ်
ဆိုတာကိုပေါ့ ။ပြီးတော့ ဟန်ဘင်းကလည်း
နဂိုအတန်းခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းအောင်လုပ်
နိုင်သည်လေ။

TBC~~~~~

Zawgyi

ဟာအိုအခန္းေလးထံုးစံအတိုင္း တံခါးထုသံၾကားရေတာ့
လက္သည္ကဘယ္သူမွန္းေတြးၾကၫ့္စရာေရာ ေခ်ာင္းၾကၫ့္စရာပါ
မလိုတာမို႔ ဟာအို တံခါးဖြင့္ေပးလိုက္ေတာ့ အထုပ္ေပါင္း
မ်ားစြာဆဲြၿပီး ဝင္လာတဲ့ဟန္ဘင္းကိုေတြ့လိုက္ရသည္။

"ဘာအထုပ္ေတြလဲ ?"

ဟာအိုကေတာ့ သူ႔အခန္းကိုေျပာင္းလာတာကိုမရိပ္မိဘဲ
ပစၥည္းေတြကိုအခန္းထဲေတာင္ကူေရႊ့ေပးလိုက္ေသးသည္။

"ကၽြန္ေတာ့္ပစၥည္းေတြေလ ဒါအကုန္ဘဲ ဒီေန့ကစၿပီး
ကၽြန္ေတာ္ ေဟ်ာင္းနဲ႔ပဲေနေတာ့မွာ "

"ဘာလို႔လဲ ? မေနရပါဘူး ၊ မင္းအခန္းကဘာျဖစ္လို႔လဲ ?"

ေမးခြန္းမ်ားစြာနဲ႔ဟာအိုကို ဟန္ဘင္းက အေရးမလုပ္ပဲ
သူ႔အိမ္သူ႔ရာလိုပင္ ဟာအိုရဲ့အခန္းထဲဝင္ကာ သူ႔ပစၥည္း
ေတြကိုေနရာခ်ရင္း

"ဘာျဖစ္ရမွာလဲ ေဟ်ာင္းဘဲေျပာေတာ့ေက်ာင္းမွာမသိသလို
ေနရမွာဆို "

"ေအးေလ အဲ့တာနဲ႔ဘာဆိုင္လို႔လဲ ?"

"ေဟ်ာင္းဘဲစဥ္းစားၾကၫ့္ေလ ကၽြန္ေတာ္တို႔ေတြ့ရတဲ့အခ်ိန္က
ေန့ဘက္မွပိုရမွာကို ေဟ်ာင္းက ကၽြန္ေတာ့္ကိုေက်ာင္းမွာေတြ့ရင္
မေခၚခိုင္းဘူးေလ အဲ့ဒါေၾကာင့္ ေဟ်ာင္းအခန္းထဲလာေနတာ
တူတူေနတဲ့အခ်ိန္ပိုရေအာင္လို႔ "

"မင္းညဘက္လည္း တစ္ခ်ိန္လံုးငါ့အခန္းထဲမွာပဲေလ
အိပ္ခ်ိန္ေရာက္မျွပန္သြားတာမလား "

"အဲ့ဒါေၾကာင့္ေလ ဟိုဘက္အခန္းကို ျပန္ျပန္အိပ္ေနရတာ
အဆင္မေျပလို႔ ဒီမွာပဲအိပ္ေတာ့မယ္ "

ေျပာရင္းနဲ႔ ဟန္ဘင္းက အဝတ္အိတ္ကိုျဖည္ကာ ဟာအိုရဲ့
အက်ႌေတြကိုေဘးကပ္ၿပီး သူ႔အက်ႌေတြထၫ့္ေနေလၿပီ။

"ဒီမွာအိပ္လို႔မရဘူး ငါ့အခန္းမွာကုတင္ကတစ္လံုးတည္းရိွတာ"

"ကိစၥမရိွဘူး ကၽြန္ေတာ္ဆိုဖာေပၚသြားအိပ္လိုက္မယ္ "

ဆံုးျဖတ္ခ်က္ျပတ္သားပံုရတဲ့ ဟန္ဘင္းကိုၾကၫ့္ၿပီး
ကန္ထုတ္ရင္ေတာင္ထြက္သြားမယ့္ပံုမေပၚတာမို႔
ဟာအို ဘာမွဆက္ေျပာမေနေတာ့ဘဲလက္ခံလိုက္ေတာ့သည္။
ဘယ္လိုပဲျဖစ္ျဖစ္ ခါတိုင္းလည္း တစ္ညလံုးေနေနတာပဲ
အခုက အိပ္တာေလးပဲပိုသြားတာ ဆိုၿပီး
ဟန္ဘင္းကိုလႊတ္ထားဖို႔သာဆံုးျဖတ္လိုက္သည္။

"တစ္ခုေတာ့ရိွတယ္ ငါ့အခန္းမွာကပ္ေနမယ္ဆို ဒီအတိုင္း
ေနလို႔မရဘူး အိမ္အလုပ္ေတြကူလုပ္ရမယ္ "

"OK သေဘာတူတယ္ "

"ေက်ာင္းမွာ မရင္းႏွီးတဲ့သူေတြလိုေနရမွာေနာ္ "

"သိပါၿပီဆို!"

******************
"မင္းအေရ႔ွကသြား ငါေနာက္ကလိုက္ခဲ့မယ္ "

ဟာအိုတို႔ေနတဲ့ေနရာက ေက်ာင္းနဲ႔သိပ္မေဝးတာေၾကာင့္
ႏွစ္ေယာက္သား လမ္းအတူတူေလ်ွာက္လာၿပီးမွ ေက်ာင္းေရာက္
ခါနီးတြင္ ဟာအိုက ဟန္ဘင္းအား ေရ႔ွကေလ်ွာက္ရန္
ေျပာလိုက္သည္။

"ေဟ်ာင္းကလည္း လမ္းတူတူေလ်ွာက္တာေလာက္က
ဘာမွမျဖစ္ပါဘူး တျခားသူေတြလည္းဒီလိုပဲေလ်ွာက္ေနၾကတာကို"

"တျခားသူေတြဘယ္လိုေနေန မင္းနဲ႔ငါကမတူဘူး
ေျပာတာနားမေထာင္ရင္ အထုပ္ဆဲြၿပီး ထြက္သြားေတာ့
ငါ့အခန္းမွာလာမေနနဲ႔ "

"ေဟ်ာင္း !"

ႏႈတ္ခမ္းစူၿပီးမ်က္ေစာင္းထိုးကာ ေျခေထာက္ပါေဆာင့္ၿပီး
ဟာအိုကို ေဆာင့္ႀကီးေအာင့္ႀကီး ေခၚေနတဲ့ဟန္ဘင္းရဲ့
အခုလိုပံုစံကို ေက်ာင္းကလူေတြ စိတ္ကူးထဲေတာင္
ေတြးၾကၫ့္ဖူးမွာမဟုတ္ေပ ။

"ငါ မင္းရဲ့ဒီပံုစံကို ေက်ာင္းကလူေတြကိုျမင္ေစခ်င္လိုက္တာ "

"ဘာလို႔လဲ ? အရမ္းခ်စ္စရာေကာင္းလို႔လား ?"
ဟန္ဘင္းကေျပာရင္းနဲ႔ ဟာအိုနားကပ္လာၿပီး
မ်က္လံုးဝိုင္းဝိုင္းေလးနဲ႔ၾကၫ့္လာၿပီးေခြးေပါက္ေလးနဲ႔တူေအာင္
လုပ္ျပေတာ့သည္။

ဟန္ဘင္းရဲ့ခ်စ္စရာေကာင္းတဲ့ပံုစံကို ၾကၫ့္ၿပီး
ဟာအိုရင္ထဲဘာမွမခံစားရဘူးထင္ရင္မွားသြားပါလိမ့္မည္။
ဟန္ဘင္းက ဟာအိုနားကိုကပ္ၿပီး လာလာခၽဲြတဲ့အခါတိုင္း
ဟာအိုရဲ့ ရင္ေတြအၾကမ္းပတမ္းလႈပ္ရွားရပါသည္။

လုယက္သူေတြရဲ့ရန္မွ လြတ္ၿပီးတဲ့ေနာက္ ဟာအိုက
ဟန္ဘင္းရဲ့ပံုစံအမ်ိဳးမ်ိဳးကိုေတြ့လာရေတာ့သည္။
တတ္လည္းတတ္ႏိုင္တဲ့ေဆာင္းဟန္ဘင္းပါေပ ၊၊ ေက်ာင္းသား
ေတြေရ႔ွမွာဆို ၾသဇာရိွၿပီး စည္းကမ္းႀကီးတဲ့ပံုစံမ်ိဳးနဲ႔ေနၿပီး၊
ဆရာေတြေရ႔ွမွာက်ေတာ့ လိမၼာေရးျခားရိွၿပီးနာခံတတ္တဲ့
ပံုေလးေပါက္သြားျပန္တယ္ ၊၊ လူဆိုးေကာင္ေတြနဲ႔ေတြ့ရင္
ေတာ့ သူကမာဖီယားဂိုဏ္ခ်ဳပ္လိုရက္စက္တတ္ေပမယ့္
ဟာအိုနဲ႔ရိွေနခ်ိန္မွာဆို ခၽဲြတတ္တဲ့ေခြးေပါက္ေလးလိုျဖစ္သြား
ျပန္ေရာ ။

ဟန္ဘင္းနဲ႔ရင္းႏွီးခဲ့တဲ့အခ်ိန္ေတြမွာ ဟာအိုကိုယ့္ကိုယ္ကို
ျပန္ေမးေလ့ရိွတဲ့ေမးခြန္းတစ္ခုက "ေဆာင္းဟန္ဘင္းက
ဘာျဖစ္ခ်င္ေနတာလဲ ?" ဆိုတဲ့ေမးခြန္းပဲ ။

ဟုတ္တယ္ေလ တျခားဘယ္သူ႔ေပၚမွမျပတဲ့အျပဳမူေတြကို
ဘာလို႔သူ႔ေရ႔ွလာလာလုပ္ျပေနရတာလဲ ? သူ႔ကိုအရမ္းခင္လို႔လား?
ဒါမွမဟုတ္ မိဘေတြက ဂရုမစိုက္ၾကတာမို႔ သူ႔အေပၚမွာ
မိဘလို ၊ အစ္ကိုလိုသေဘာထားၿပီးလာလာခၽဲြေနတာလား ?
ဒါမွမဟုတ္ ဥတစ္လံုးတစ္ေကာင္ႂကြက္လား? ၊
ေဆြမရိွမ်ိဳးမရိွ ညီအစ္ကိုေမာင္ႏွမေတြမရိွဘဲ တစ္ေယာက္တည္း
ႀကီးျပင္းလာရလို႔မ်ားလား ? ဒါေၾကာင့္ေမတၲာငတ္ၿပီး
သူ႔ကို တအားခင္တြယ္ေနတာလား?

ဟာအိုေသခ်ာစဥ္းစားလိုက္ေတာ့မွပဲ ဟန္ဘင္းက သူ႔မိသားစု
အေၾကာင္းတစ္ခါမွမေျပာဘူးတာကိုဟာအိုသတိရသြားၿပီး
ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္သြားသည္ ။

သို႔ေသာ္အခုကေက်ာင္းနားေရာက္ေနၿပီျဖစ္လို႔ သေဘာတူညီခ်က္
အတိုင္းေတာ့လုပ္ရမည္။ အိမ္မွာပိုေကာင္းေပးရင္ျဖစ္တာပဲေလ။

"ဝိုး .... ကၽြန္ေတာ့္ရဲ့ခ်စ္စရာေကာင္းမႈႀကီးမွာနစ္ေျမာသြားလို႔
ေဟ်ာင္း စကားေတာင္ျပန္မေျပာႏိုင္ေတာ့ဘူးပဲ "

"ဟင့္အင္း ....မင္းရဲ့အခုလိုပံုစံကိုျမင္ၿပီးေက်ာင္းကလူေတြ
သူတို႔ရဲ့ဥကၠဌက စိတ္မႏွံ႔တဲ့အေၾကာင္းသိသြားေအာင္လို႔ "

"ေဟ်ာင္း!!"

ေျခေထာက္ကိုထပ္ေဆာင့္လိုက္တဲ့ဟန္ဘင္းေၾကာင့္
ဟာအိုရယ္လိုက္မိေတာ့သည္ ။

"ညေနက်ရင္ ဟင္းေကာင္းေကာင္းခ်က္ကၽြေးမွာမို႔
အခုေတာ့ ေက်ာင္းထဲေရာက္ေအာင္ျမန္ျမန္သြားရေအာင္
ေတာ္ၾကာေက်ာင္းေနာက္က်တဲ့ ေက်ာင္းသားဥကၠဌဆိုၿပီး
နာမည္ထပ္ႀကီးသြားဦးမယ္ ၊ ၿပီးေတာ့ သေဘာတူညီခ်က္
ကို မေမ့နဲ႔ေနာ္ "

ေျပာၿပီးတာနဲ႔ ဟာအိုက ေရ႔ွကအရင္ေျပးထြက္သြားေတာ့သည္။
ထြက္သြားတဲ့ေက်ာျပင္ေလးကိုၾကၫ့္ရင္း ဟန္ဘင္း
ႃပံုးလိုက္မိေတာ့သည္။

"ဘယ္လိုလုပ္မလဲေဟ်ာင္း? ကၽြန္ေတာ္က ေဟ်ာင္းကို
အခ်ိန္တိုင္းေတြ့ခ်င္ေနတဲ့ဟာကို"

ထို႔ေနာက္ဟန္ဘင္းက အဓိပၸါယ္ရိွတဲ့ အႃပံုးတစ္ခုႃပံုးရင္း

"အဲ့ဒီေတာ့ သေဘာတူညီခ်က္ကိုခ်ိဳးေဖာက္ပါမယ္ !!"

**************
"ကဲကဲ အားလံုးနားေထာင္ ဒီေန့ကစၿပီး ဒီအခန္းရဲ့အတန္း
ေခါင္းေဆာင္က က်န္းဟာအိုျဖစ္သြားၿပီ "

အတန္းပိုင္ဆရာမရဲ့ စကားေၾကာင့္ အတန္းသားမ်ားအားလံုး
အာေမဍိတ္သံေပါင္းစံုထြက္လာေပမယ့္ တစ္ဦးတည္းေသာ
အသံမထြက္ႏိုင္သူက ဟာအိုပင္ ...

"နဂိုအတန္းေခါင္းေဆာင္က က်န္းမာေရးသိပ္မေကာင္းလို႔
အတန္းကိစၥေတြ ဆက္ၿပီးမလုပ္ႏိုင္ပါဘူးဆိုၿပီး
လာေျပာလို႔ ဆရာမကဟာအိုကိုေရြးလိုက္တာ ၊
အားလံုးသေဘာတူတယ္မလား ? "

အတန္းပိုင္က သူကိုယ္တိုင္ေရြးလိုက္ေၾကာင္းေျပာတာမို႔
ဘယ္သူကမွကန႔္ကြက္သူမရိွပဲ ဟာအိုသည္
အထက္တန္းေနာက္ဆံုးႏွစ္ တန္းခဲြ(၁)ရဲ့ အတန္းေခါင္းေဆာင္
ျဖစ္လာခဲ့ေတာ့သည္ ။

"ဟာအို အတန္းခ်ိန္ၿပီးရင္ အိမ္စာစာအုပ္ေတြ
ဆရာမတို႔နားေနခန္းကိုလာပို႔ေပးပါဦး "

"ဟုတ္ကဲ့ "

အတန္းေခါင္းေဆာင္မလုပ္ခ်င္ပါဘူးလို႔ေတာင္ ေျပာဆိုခြင့္
မရလိုက္တဲ့ အတန္းေခါင္းေဆာင္အသစ္ေလးသည္ အခုခ်ိန္တြင္
မ်က္ႏွာေသႏွင့္အိမ္စာစာအုပ္မ်ားကို လိုက္ေကာက္ေနရ
ေပသည္။ထို႔ေနာက္ ဆရာမနားေနခန္းကို စာအုပ္သြားပို႔ရာ
လမ္းတြင္ သူ႔နည္းတူ စာအုပ္လာထပ္ပံုရတဲ့ ဟန္ဘင္းကိုလည္း
ေတြ့လိုက္ရသည္။

"ေဟ်ာင္း ! ဘာလို႔စာအုပ္လာထပ္တာလဲ ? ေဟ်ာင္းတို႔အခန္းက
အတန္းေခါင္းေဆာင္ေရာ ?"

ေက်ာင္းမွာမသိသလိုေနရမယ္ဆိုတဲ့သေဘာတူညီခ်က္ကို
ဟန္ဘင္းကခ်ိဳးေဖာက္လိုက္ေပမယ့္ အတန္းေခါင္းေဆာင္
မလုပ္ခ်င္တဲ့ဟာအိုက ဟန္ဘင္းအားရန္ေတြ့မအား
အရင္လိုလွၫ့္ေျပးရန္လည္း အဆင္ေျပမေနခဲ့ပါေခ် ။

"ငါဒီေန့ပဲ အတန္းေခါင္းေဆာင္ျဖစ္သြားတာ "

"ဟုတ္လား ? ဂုဏ္ျပဳပါတယ္ "

ဟာအိုကိုဂုဏ္ျပဳစကားေျပာၿပီး အရင္သြားဖို႔ျပင္လိုက္တဲ့
ဟန္ဘင္းရဲ့ေျခလွမ္းေတြက တစ္စံုတစ္ခုကိုေျပာဖို႔သတိရသြား
တဲ့ပံုနဲ႔ ျပန္ရပ္လိုက္ၿပီး

"ဒါဆိုဘယ္လိုလုပ္မလဲ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး
ေက်ာင္းေကာင္စီအဖဲြ႔ဝင္ေတျြဖစ္သြားၿပီဆိုေတာ့
အခ်င္းခ်င္းမသိခ်င္ေယာင္ေဆာင္ၿပီးေနလို႔မရေလာက္ေတာ့ဘူး
မဟုတ္ရင္ လူေတြပိုၿပီးအထင္လဲြသြားလိမ့္မယ္ ၊
ကၽြန္ေတာ္တို႔ႏွစ္ေယာက္ ခိုးတဲြေနတယ္ဆိုၿပီးေတာ့ေပါ့ "

ေျပာၿပီးတာနဲ႔ ဟန္ဘင္းက ဟာအိုအား မ်က္လံုးတစ္ဖက္မိွတ္ျပကာ
ဆရာမနားေနခန္းကို အရင္ဆံုးဝင္သြားလိုက္ေတာ့သည္။
ဟန္ဘင္းရဲ့စကားေျပာဆိုပံု
ေလထုက ထူးဆန္းေနတာမို႔ ဟာအိုသူအတန္းေခါင္းေဆာင္
ျဖစ္သြားသၫ့္ကိစၥကို ဟန္ဘင္းရဲ့လက္ခ်က္ဟုပင္ေတြးမိသြား
ေသးသည္ ။

'မျဖစ္ႏိုင္ပါဘူး ဟန္ဘင္းက ငါတို႔အတန္းပိုင္ဆရာမရဲ့
ဆံုးျဖတ္ခ်က္ကိုေျပာင္းေအာင္ဘယ္လိုလုပ္ႏိုင္မွာလဲ'

ဟာအိုသူ႔အေတြးေတြကို ေခါင္းခါရင္းရွင္းထုတ္လိုက္ၿပီး
အခန္းထဲကိုလိုက္ဝင္သြားေတာ့သည္ ။

သို႔ေသာ္ဟာအိုမသိလိုက္တာက ဟန္ဘင္းက အတန္းပိုင္
ဆရာမရဲ့ဆံုးျဖတ္ခ်က္ကိုမေျပာင္းႏိုင္ေပမယ့္ ဟန္ဘင္းရဲ့အေဖက
ေတာ့ အတန္းပိုင္ရဲ့ဆံုးျဖတ္ခ်က္ကိုေျပာင္းေအာင္လုပ္ႏိုင္တယ္
ဆိုတာကိုေပါ့ ။ၿပီးေတာ့ ဟန္ဘင္းကလည္း
နဂိုအတန္းေခါင္းေဆာင္ရဲ့ဆံုးျဖတ္ခ်က္ကိုေျပာင္းေအာင္လုပ္
ႏိုင္သည္ေလ။

TBC~~~~~

Continue Reading

You'll Also Like

13.1K 1.8K 24
"ခင်​​​ဗျားကျွန်တော့်ကို တစ်ခါလောက်ပဲ ငှဲ့ကြည့်ပေးစမ်းပါHuangRenjun" "Jeno..ငါတို့က ဆရာနဲ့ တပည့် ဆက်ဆံရေးပဲ အဲ့ဒီထက်မပိုဘူး " Main OTP - Noren ______...
211K 12.3K 15
#Unicode သူဌေးကြီးတစ်ယောက်ရဲ့ တရားမဝင်သားအဖြစ်နဲ့ မွေးဖွားလာတဲ့ကောင်လေး... ဘဝကိုဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ကောင်လေး... အချစ်ဆုံးသူငယ်ချင်းနဲ့ချစ်...
54.3K 9.5K 46
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
155K 23K 17
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."