Unicode
ထိုနေ့ကနေစပြီး ဟာအိုနဲ့ဟန်ဘင်းရဲ့ဆက်ဆံရေးက
တစ်ပတ်အတွင်းသိသိသာသာပြောင်းလဲသွားတော့သည်။
ဟန်ဘင်းနဲ့ခင်ပြီးနောက်ပိုင်းတွင်ဟာအိုသိလာတာတစ်ခုက
ထိုကျောင်းသားဥက္ကဌလေးသည် လူအတော်ကပ်တာပင်။
ဟာအိုရဲ့အခန်းတံခါးကိုတစ်နေ့သုံးခါလောက်အနည်းဆုံး
လာထုတတ်ပြီး ၊ အစားအသောက်ကိုလည်း ဟာအိုရဲ့
အခန်းနံပါတ်နှင့်အမြဲလိုလိုမှာစားတတ်သည်၊၊
သို့သော်အစားအသောက်ဖိုးကိုတော့
ဟာအိုကိုမရှင်းခိုင်း၍သာတော်တော့သည်ဟုပြောရမည်။
ဟာအိုဒီနေ့တာဝန်ကျပြန်လို့အမှိုက်သွားပစ်ရာတွင်
ခါးကိုဓားထိထားတဲ့လူက လူကိုရိုက်နှက်
ဆုံးမနေပြန်တာကြောင့် ဒဏ်ရာကပိုပြဲသွားလို့
ဟာအို စူပုတ်ပုတ်နဲ့ ဆေးထည့်ပေးနေရပြန်သည်။
"မင်းက တကယ်ပဲကျောင်းသားဥက္ကဌလား "
ဟာအိုရဲ့အမေးကို ဟန်ဘင်းက လေထွက်ရုံလောက်လေးရယ်ရင်း
"ဟျောင်း က ဘယ်လိုထင်လို့လဲ ?"
"ငါကတော့ မင်းကိုတွေ့လိုက်တိုင်းရန်ဖြစ်နေတာပဲ "
"ကျွန်တော်လည်း ရန်မဖြစ်ချင်ပါဘူးဟျောင်းရဲ့
အခုကောင်တွေက တခြားကျောင်းကပြောင်းလာပြီး
လူပါးလာဝနေလို့နည်းနည်းဆုံးမလိုက်တာပါ "
"အေး ... အဲ့မှာကြပ်ကြပ်ဆုံးမ မင်းတစ်ကိုယ်လုံးလည်း
ဒဏ်ရာတွေချည်းပဲ မျက်နှာတွေလည်းထိထားသေးတယ်
ဒဏ်ရာဟောင်းလည်းပြန်ထိသေးတယ် အဲ့တာကို
ရယ်ချင်နေသေးတာလား "
"အင်း ... ပျော်လို့ "
"ဘာ??"
"ဟုတ်တယ်လေ ကိုယ်ဒဏ်ရာရတဲ့အချိန်မှာ ဆေးထည့်ပေးမယ့်လူ
ရှိတာလောက် ပျော်ဖို့ကောင်းတဲ့ကိစ္စဘယ်မှာရှိဦးမှာလည်း "
ဟာအိုက စိတ်ပူလို့ပြောနေတာကို ရွှတ်နောက်နောက်နဲ့
ပြန်ပြောနေတဲ့ဟန်ဘင်းကြောင့် ဟာအိုစိတ်ပေါက်ပေါက်နဲ့
ဒဏ်ရာပေါ်ကို အရက်ပျံတို့ပေးလိုက်တော့ ဟန်ဘင်းတစ်ယောက်
ငယ်သံပါအောင်ထအော်မိမတတ်ဖြစ်သွားတော့သည်။
"အားလားလား ...ရက်စက်လိုက်တာဟျောင်းရယ် "
"ရက်စက်ရမှာပဲ မင်းက အကောင်းပြောနေတာကို လက်မှမခံတာ"
ထို့နောက်ဟာအိုကဒဏ်ရာကိုလေလေးမှုတ်ပေးပြီး
ဆေးထည့်ကာ အပေါ်က ပလာစတာလေးကပ်
ပေးလိုက်တော့သည် ။
"ပြီးပြီ အတန်းသွားတော့မယ် ကျောင်းသားဥက္ကဌကနေ
ကျောင်းလူမိုက်လို့ပြောင်းခေါ်မခံချင်ရင် လူရိုက်တာကိုလျှော့ "
"ဟျောင်းကလည်းစွပ်စွပ်စွဲစွဲဗျာ လူရိုက်တာမဟုတ်ပါဘူး
ဆုံးမတာပါဆိုနေ "
ဒီတစ်ခေါက်တော့ ဟန်ဘင်းစကားကိုဟာအိုအဖတ်မလုပ်တော့
ပဲထွက်သွားတာမို့ ကျန်ခဲ့တဲ့လူမှာ နေ့လယ်စာအတူစားရန်
လှမ်းအော်လိုက်ရသေးသည်။
**************
"ဟောက်ဟောက် ဘယ်ကပြန်လာတာလဲ "
အမှိုက်ပုံးကိုင်ပြီးပြန်ရောက်လာတဲ့ ဟာအိုကို ရစ်ကီက
ဆီးကြိုပြီးမေးတော့ ဟာအိုပါးစပ်ကပြန်မဖြေဖြစ်ဘဲ
လက်ထဲက အမှိုက်ပုံးကိုသာမြှောက်ပြလိုက်တော့
ရစ်ကီက ထိုင်ရာမှထလာပြီး ဟာအိုကို အတင်းဆွဲချကာ
ထိုင်ခုံပေါ်ထိုင်ခိုင်းပြီး အခုလေးတင်တက်လာတဲ့
ကျောင်းဖိုရမ်က ပိုစ့်ကိုဟာအိုအားပြလိုက်သည်။
"ဟောက်ဟောက် ဒါမင်းလား ?"
ရစ်ကီရဲ့မေးခွန်းကြောင့် ဟာအိုဖုန်းကိုသေချာကြည့်လိုက်တော့
သူဟန်ဘင်းကို ဆေးထည့်ပေးနေတုန်းရိုက်ပေးထားတဲ့
ပုံပင် ။ ဒါပေမယ့် ဒီပုံတွေက အနည်းငယ်ထူးဆန်းတဲ့
ရှူထောင့်ကနေရိုက်ထားတာကြောင့် ပုံထဲမှာ
ဟန်ဘင်းက သူ့ကိုငုံ့ကြည့်နေပြီး သူကလည်းဟန်ဘင်းကို
ပြန်လည်မော့ကြည့်နေတာကြောင့် သေချာပေါက်ချစ်ကြည်နူး
နေတဲ့စုံတွဲလိုပင်၊ ထိုပုံကတော်သေးပေမယ့်
ရစ်ကီထပ်ပြတဲ့နောက်တစ်ပုံကြောင့် ဟာအိုမျက်စိများ
ပြာဝေမတတ်ဖြစ်သွားသည် ။
"ဘာလို့ဒီပုံက တစ်မျိုးကြီးဖြစ်နေသလိုခံစားနေရတာလဲ "
"မင်းတကယ်ပဲ မလုပ်ခဲ့ဘူးမလား ?"
"ဘာကိုလဲ ?"
"** လေ "
"ဟျောင့် မင်းရူးနေလား ငါက ဘာလို့ကျောင်းထဲမှာအဲ့တာမျိုး
လုပ်ရမှာလဲ "
"အဲ့တာဆို ဘာလို့ဒါမျိုးပုံတက်လာရတာလဲ ရှင်းလေ "
"အဲ့တာက ဓာတ်ပုံရှူထောင့်ကြောင့်လေ ငါကသေချာပေါက်
သူ့ကိုဆေးထည့်ပေးရုံလေးကို ဒါမျိုးခိုးရိုက်တဲ့သူရှိမယ်မှန်း
ငါကဘယ်သိမှာလည်း "
"ဆေးထည့်တာ ဒီအတိုင်းထည့်လေ ဘာလို့မင်းမျက်နှာက
သူ့အောက်ပိုင်းနားရောက်နေတာလဲ "
"သူ့ဒဏ်ရာက ခါးမှာလေ !!!"
"သူ့ဒဏ်ရာက ခါးမှာဆိုလည်း မင်းလက်နဲ့ဒီအတိုင်းထည့်ပေး
လိုက်ပေါ့ "
"အဲ့တာက သူ့ဒဏ်ရာပေါ် ငါအရက်ပြန်နဲ့တို့မိလိုက်လို့
အစပ်သက်သာအောင် မှုတ်ပေးတာလေ !!"
နှစ်ယောက်သားစကားပြောရင်းအသံကျယ်လာတဲ့အပြင်
ပုံတွေက ကျောင်းဖိုရမ်မှာ တင်ထားတာကြောင့်
အတန်းထဲကလူတိုင်းကမြင်ပြီးသွားပြီဖြစ်၍ လူတိုင်း
ဟာအိုနဲ့ရစ်ကီရဲ့စကားဝိုင်းကို စိတ်ဝင်တစားကြည့်ရှုရင်း
တိတ်တိတ်လေးနားထောင်နေကြရင်း သူတို့ရဲ့လက်တွေကတော့
ပိုစ့်အောက်မှာ မန့်လေးတွေရိုက်နေကြတော့သည်။
ထို့နောက်တွင် ဘယ်သူကထပ်တင်လိုက်မှန်းမသိပေမယ့်
နောက်ထပ်ရှူထောင့်ကနေရိုက်ထားတဲ့ပုံတွေထပ်တက်လာတာ
ကြောင့် ဟာအိုက ဟန်ဘင်းကိုဆေးထည့်ပေးနေသည်မှာအမှန်
တရားဖြစ်ကြောင်းသိသွားပြီး နှလုံးသားကျကွဲသူများက
သူတို့နှလုံးကိုတိတ်တိတ်လေးပြန်ကောက်လိုက်ကြတော့သည်။
ဒီတစ်ခေါက်အဖြစ်ပျက်တွင် ဟာအိုနားလည်လိုက်သည်က
ဟန်ဘင်းနဲ့အတူရှိချိန်တွင် ချောင်းရိုက်ကင်မရာများကို
သတိထားရန်နှင့် လူအထင်လွဲစေမည့်မည်သည့်အပြုအမူမျိုးကို
မှ မလုပ်မိစေရန်ပင်ဖြစ်သည်။
ငါလေး ဆောင်းဟန်ဘင်းရဲ့ နာမည်ကြီးမှုကြီးကိုမေ့သွားတာပဲ။
ပုံအမှန်တွေမြန်မြန်ပြန်တက်လာလို့တော်ပါသေးတယ်။
မဟုတ်ရင် ကျောင်းကအမျိုးသမီးထုတွေလက်ချက်နှင့်
ဟာအို မိမိခေါင်းမှဆံပင်မွှေးတွေပြောင်ထွက်သွားသည်အထိ
ဆွဲနှုတ်ခံရမည့်အရေးတွေးမိပြီး ကြက်သီးဖြန်းဖြန်းထသွားသည်။
မဖြစ်ဘူး ဆောင်းဟန်ဘင်းကိုသူနဲ့ဝေးဝေးနေခိုင်းမှရတော့မယ်။
အသက်ငယ်ငယ်နဲ့သူကတုံးမတုံးချင်သေးပါ။
နေ့လည်ထမင်းစားချိန်ရောက်တော့ ကန်တင်းကလူတွေက
သိသိသာသာပင် ဟာအိုတို့ဝိုင်းကိုကြည့်နေကြတော့သည်။
"ရစ်ကီ ဘာလို့လူတွေက ငါတို့ဝိုင်းကိုကြည့်နေကြတာလဲ "
"ဆောင်းဟန်ဘင်းရဲ့ဒဏ်ရာကို ဆေးထည့်ခွင့်ရတဲ့
တစ်ဦးတည်းသောကံကောင်းသူက ဘယ်လိုပုံမျိုးလဲဆိုတာ
စူးစမ်းနေကြတာဖြစ်မှာပေါ့ "
"ဟမ်!!!! သူခိုင်းတာလုပ်ရတာ ဘယ်လိုလုပ်ကံကောင်းသူဖြစ်
မှာလဲ ပေါက်ပေါက်ရှာရှာ "
"မင်းဒီကန်တင်းပတ်ပတ်လည်ကိုသေချာလေး ကြည့်လိုက်
မိန်းကလေးအကုန်လုံးနီးပါးက
ဆောင်းဟန်ဘင်းရဲ့ဒဏ်ရာကိုဆေးထည့်
ပေးချင်နေတဲ့သူတွေချည်းပဲ ယောကျာ်းလေးတစ်ချို့တောင်
ပါသေးတယ် ဒါပေမယ့် ဆောင်းဟန်ဘင်းက
မျက်နှာချိုပေမယ့် သူ့နားကျတော့ ဘယ်မိန်းကလေးမှအကပ်
မခံဘူးလေ ပြီးတော့ ငါတို့ကျောင်းမပြောင်းလာခင်
သက်တမ်းတွေမှာလည်း သူ့ဒဏ်ရာကို ဆေးထည့်ပေးခဲ့လူ
မရှိဖူးဘူး "
"သူ့သူငယ်ချင်းတွေကိုထည့်ခိုင်းတာ လူမမြင်လို့နေမှာပေါ့
ငါ့ကျမှပဲ ဓာတ်ပုံချောင်းရိုက်ခံရတယ် "
"အဲ့တာကြောင့် လူတွေကမင်းကိုစိတ်ဝင်စားနေကြတာပေါ့
ဟိုမှာ ပြောရင်းဆိုရင်းနဲ့ ဆောင်းဟန်ဘင်း ငါတို့ဝိုင်းဘက်ကို
လျှောက်လာပြီ "
ဟာအိုနဲ့ရစ်ကီက မျက်နှာချင်းဆိုင်ထိုင်နေတာမို့
ဟာအိုက ဝင်ပေါက်ကိုကျောခိုင်းထားသလိုဖြစ်ပြီး
ဟန်ဘင်းလာတာကိုမမြင်ရပေမယ့် ရစ်ကီကတော့တန်းကနဲ
မြင်ရသည်။
"ဘာ!!!!"
အဲ့ဒီနောက် ဟာအိုလည်း ပန်းကန်ထဲမှာကျန်သေးတဲ့
သူ့ထမင်းတွေကိုပါးစပ်ထဲသိပ်ထည့်ကာ ပန်းကန်ကိုင်ပြီး
ထပြေးသွားတော့သည် ။
ဒီနေ့နေ့လယ်ထမင်းစားခါနီးအချိန် ဆရာကခေါ်တာကြောင့်
ဟန်ဘင်းက ကန်တင်းကိုနည်းနည်းနောက်ကျမှရောက်လာလို့
သူ့ဟျောင်းသေးသေးလေးက သူ့ကိုစောင့်နေမယ်လို့
ထင်ထားပေမယ့် ဟန်ဘင်းထမင်းထည့်ပြီး
ဟာအိုစားနေတဲ့ စားပွဲဆီကိုမရောက်သေးခင်မှာပင်
ပါးစပ်ထဲထမင်းတွေအတင်းထိုးထည့်နေတာကိုတွေ့ရတော့
ဘာများဖြစ်လဲဆိုပြီး ဟန်ဘင်းသူ့ခြေလှမ်းတွေကိုအရှိန်တင်
လိုက်ပေမယ့် သူမရောက်ခင်မှာပင် ထပြေးသွားပြီဖြစ်တဲ့
နောက်ကျောလေးကိုပဲမြင်လိုက်ရတာမို့ ဟန်ဘင်းစိတ်ထဲ
သိပ်မကျေနပ် ။
အဲ့တာနဲ့ ဟျောင်းနဲ့အတူထမင်းစားနေတဲ့ သူရဲ့အနားကိုသွားရပ်
လိုက်တော့ သူက ဟန်ဘင်းကို မကြည်ကြည့်ကြည့်လာတာမို့
ဟန်ဘင်းလည်း သူကြည့်သလိုပြန်ကြည့်ပေးလိုက်သည် ။
သူကများလူကိုမကျေနပ်သလိုလာကြည့်နေသေးတယ်
အမှန်ဆိုငါကကြည့်ရမှာလေ~
ဟာအိုဟျောင်းနဲ့ကျောင်းမှာအမြဲတမ်းတစ်တွဲတွဲမြင်နေရတဲ့
ဒီဆံပင်ဖြူဖြူနဲ့ကောင်ကို ဟန်ဘင်းဘယ်လိုမှကြည့်မရပါ ။
အမှန်ဆို သူလည်းဟျောင်းနဲ့တစ်တန်းတည်းဖြစ်နေရမှာ
အမေက တစ်နှစ်နောက်ကျပြီးမှမွေးလို့ပေါ့ ။
အဲ့တာအမေ့ကြောင့်။
အဲ့လိုနဲ့ ဟန်ဘင်းထမင်းစားပြီးတော့ နောက်ဆုံးနှစ်တွေရဲ့အခန်း
ဘက်ကို လျှောက်လာလိုက်တော့သည် ။ထမင်းစားနေတုန်း
ဟာအိုဟျောင်းက ကမန်းကတန်းထသွားရတဲ့အကြောင်းရင်း
ကိုမေးရမည် ။ ဟာအိုတို့အခန်းက အလယ်လောက်မှာဖြစ်
တာကြောင့် ဟန်ဘင်းလှေကားကနေတက်ပြီး တော်တော်
လျှောက်လိုက်ရသေးသည် ။ထိုအချိန်တိုက်တိုက်ဆိုင်ဆိုင်
အခန်းပြင်ထွက်လာတဲ့ဟျောင်းကြောင့် ဟန်ဘင်းဝမ်းသာ
အားရနဲ့လက်ပြလိုက်ပေမယ့် သူ့ကိုမြင်ပြီးတာနဲ့
လှည့်ပြေးသွားပြန်တာကြောင့် တစ်ခုခုမှားနေပြီဖြစ်မှန်း
ဟန်ဘင်းသတိထားမိတာနဲ့ ထွက်ပြေးသွားတဲ့လူရဲ့
နောက်ကို ဟန်ဘင်းပြေးလိုက်တော့သည်။
ဟာအိုပြေးနေရင်းနဲ့နောက်လှည့်ကြည့်လိုက်တော့ သူ့နောက်
ပြေးလိုက်လာတဲ့ ဟန်ဘင်းကို မြင်လိုက်ရတာကြောင့်
ခြေထောက်ကိုအစွမ်းကုန်အရှိန်တင်ပြီး သန့်စင်ခန်းဘက်ကို
ဦးတည်လိုက်တော့သည် ။ ဟာအို သန့်စင်ခန်းရောက်ပြီး
သိပ်မကြာခင်ဟန်ဘင်းကပါရောက်လာလေသည်။
နှစ်ယောက်လုံးမောနေတာမို့ တစ်ယောက်မှစကားစမပြောသေး
ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
အရင်ဆုံးအမောဖြေပြီးမှ ဟန်ဘင်းကစကားစလိုက်တော့သည်။
"အခုကရော ဘာဖြစ်ပြန်တာလဲ ?"
"ဘာကိုလဲ ?"
"ကျွန်တော့်ကိုတွေ့တိုင်း ဟျောင်းထွက်ထွက်ပြေးနေတာလေ ...
ကန်တင်းမှာတုန်းကလည်းဒီလိုပဲ "
"မ....မပြေးပါဘူး မင်းစိတ်ထင်နေတာပါ "
"အဲ့တာဆို ဘာလို့စကားထစ်နေတာလဲ ?"
"မ....မထစ်...ထစ် "
ထစ်ထစ်အအနဲ့ပြောနေတဲ့ ဟာအိုစကားမဆုံးသေးခင်မှာ
ဟန်ဘင်း ဟာအိုရဲ့ လက်ကိုဆွဲပြီး သန့်စင်ခန်းနံရံနဲ့
သူ့ကိုယ်လုံးနဲ့ကြား ဟာအိုကို ညှပ်ထားလိုက်ပြန်သည်။
ဒီပုံစံ ဒီအနေထားမျိုးက ဟာအိုမှတ်မိရသလောက်ဆို
နှစ်ကြိမ်မြောက်ရှိနေပြီ ။
ဟန်ဘင်းက စကားပြောတော့မယ်ဆို ဘာလို့ ဒီလိုအနေထား
မျိုးရောက်အောင်လုပ်ရတာလဲ ။
"ထွက်ပြေးရတဲ့အကြောင်းရင်းအမှန်ကိုပြောနော် ၊
မဟုတ်ရင် ကျွန်တော့်အကြောင်းသိတယ်မလား ?"
သိတာပေါ့ လူကိုရိုက်နှက်ဆုံးမရတာကိုစွဲလမ်းနေတဲ့သူ~
ဒါပေမဲ့ဟာအိုသူ့ရင်ထဲက စကားကိုတိတ်တိတ်လေးသိမ်းထား
လိုက်ပြီး ဟန်ဘင်းကိုအကြောင်းစုံရှင်းပြလိုက်တော့သည်။
"အဲ့ဒီတော့ လူတွေကျွန်တော်တို့နှစ်ယောက်ကိုအထင်လွဲမှာစိုးလို့
ကျွန်တော့်ကိုရှောင်နေတာပေါ့ "
"အင်း .... ငါ တစ်ကျောင်းလုံးကမိန်းကလေးတွေရဲ့ရန်သူ
မဖြစ်ချင်ဘူး ၊ အဲ့ဒီတော့ ကျောင်းမှာဆို ငါတို့တစ်ယောက်နဲ့
တစ်ယောက်မသိသလိုနေကြရအောင် ၊ တောင်းဆိုတာပါ၊
အိမ်မှာဆိုရင်တော့ ပုံမှန်အတိုင်းပဲနေကြမယ်လေ~ "
ဟာအိုရဲ့စကားကို ဟန်ဘင်းက အင်တင်တင်နဲ့ပဲ
လက်ခံလိုက်ရတော့သည် ။ မဟုတ်ရင် ဟန်ဘင်းကို
တွေ့တိုင်းဟာအိုက အသည်းအသန်ထွက်ပြေးနေမှာ။
ဤသို့နှင့် သူတို့နှစ်ယောက်ရဲ့ ကျောင်းမှာမသိသလိုနေကြမယ့်
သဘောတူညီချက်အဆင်ပြေသွားပေမယ့် သူတို့မသိလိုက်တာက
သန့်စင်ခန်းရှေ့မှာ သူတို့ပြောတာကိုခိုးနားထောင်နေတဲ့
လူအုပ်ကြီးရှိပြီး ထိုလူအုပ်ကြီးရဲ့အတွေးထဲမှာတော့
ကျောင်းသားဥက္ကဌဆောင်းဟန်ဘင်းနှင့် စကော်လားရှစ်
ကျောင်းသားသစ်ကျန်းဟာအိုတို့သည် တိတ်တိတ်လေးတွဲ
နေသော ကျောင်းတွင်းစုံတွဲဖြစ်ပြီး တစ်အိမ်ထဲတွင်အတူတူ
နေထိုင်နေကြပြီး ဟူ၍မှတ်ယူလိုက်ကြသည်ကိုပင်။
TBC~~~~~
ဖတ်ရတာအဆင်ပြေရဲ့လားဟင်။
Zawgyi
ထိုေန့ကေနစၿပီး ဟာအိုနဲ႔ဟန္ဘင္းရဲ့ဆက္ဆံေရးက
တစ္ပတ္အတြင္းသိသိသာသာေျပာင္းလဲသြားေတာ့သည္။
ဟန္ဘင္းနဲ႔ခင္ၿပီးေနာက္ပိုင္းတြင္ဟာအိုသိလာတာတစ္ခုက
ထိုေက်ာင္းသားဥကၠဌေလးသည္ လူအေတာ္ကပ္တာပင္။
ဟာအိုရဲ့အခန္းတံခါးကိုတစ္ေန့သံုးခါေလာက္အနည္းဆံုး
လာထုတတ္ၿပီး ၊ အစားအေသာက္ကိုလည္း ဟာအိုရဲ့
အခန္းနံပါတ္ႏွင့္အၿမဲလိုလိုမွာစားတတ္သည္၊၊
သို႔ေသာ္အစားအေသာက္ဖိုးကိုေတာ့
ဟာအိုကိုမရွင္းခိုင္း၍သာေတာ္ေတာ့သည္ဟုေျပာရမည္။
ဟာအိုဒီေန့တာဝန္က်ျပန္လို႔အမိႈက္သြားပစ္ရာတြင္
ခါးကိုဓားထိထားတဲ့လူက လူကိုရိုက္ႏွက္
ဆံုးမေနျပန္တာေၾကာင့္ ဒဏ္ရာကပိုၿပဲသြားလို႔
ဟာအို စူပုတ္ပုတ္နဲ႔ ေဆးထၫ့္ေပးေနရျပန္သည္။
"မင္းက တကယ္ပဲေက်ာင္းသားဥကၠဌလား "
ဟာအိုရဲ့အေမးကို ဟန္ဘင္းက ေလထြက္ရံုေလာက္ေလးရယ္ရင္း
"ေဟ်ာင္း က ဘယ္လိုထင္လို႔လဲ ?"
"ငါကေတာ့ မင္းကိုေတြ့လိုက္တိုင္းရန္ျဖစ္ေနတာပဲ "
"ကၽြန္ေတာ္လည္း ရန္မျဖစ္ခ်င္ပါဘူးေဟ်ာင္းရဲ့
အခုေကာင္ေတြက တျခားေက်ာင္းကေျပာင္းလာၿပီး
လူပါးလာဝေနလို႔နည္းနည္းဆံုးမလိုက္တာပါ "
"ေအး ... အဲ့မွာၾကပ္ၾကပ္ဆံုးမ မင္းတစ္ကိုယ္လံုးလည္း
ဒဏ္ရာေတြခ်ည္းပဲ မ်က္ႏွာေတြလည္းထိထားေသးတယ္
ဒဏ္ရာေဟာင္းလည္းျပန္ထိေသးတယ္ အဲ့တာကို
ရယ္ခ်င္ေနေသးတာလား "
"အင္း ... ေပ်ာ္လို႔ "
"ဘာ??"
"ဟုတ္တယ္ေလ ကိုယ္ဒဏ္ရာရတဲ့အခ်ိန္မွာ ေဆးထၫ့္ေပးမယ့္လူ
ရိွတာေလာက္ ေပ်ာ္ဖို႔ေကာင္းတဲ့ကိစၥဘယ္မွာရိွဦးမွာလည္း "
ဟာအိုက စိတ္ပူလို႔ေျပာေနတာကို ရႊတ္ေနာက္ေနာက္နဲ႔
ျပန္ေျပာေနတဲ့ဟန္ဘင္းေၾကာင့္ ဟာအိုစိတ္ေပါက္ေပါက္နဲ႔
ဒဏ္ရာေပၚကို အရက္ပ်ံတို႔ေပးလိုက္ေတာ့ ဟန္ဘင္းတစ္ေယာက္
ငယ္သံပါေအာင္ထေအာ္မိမတတ္ျဖစ္သြားေတာ့သည္။
"အားလားလား ...ရက္စက္လိုက္တာေဟ်ာင္းရယ္ "
"ရက္စက္ရမွာပဲ မင္းက အေကာင္းေျပာေနတာကို လက္မွမခံတာ"
ထို႔ေနာက္ဟာအိုကဒဏ္ရာကိုေလေလးမႈတ္ေပးၿပီး
ေဆးထၫ့္ကာ အေပၚက ပလာစတာေလးကပ္
ေပးလိုက္ေတာ့သည္ ။
"ၿပီးၿပီ အတန္းသြားေတာ့မယ္ ေက်ာင္းသားဥကၠဌကေန
ေက်ာင္းလူမိုက္လို႔ေျပာင္းေခၚမခံခ်င္ရင္ လူရိုက္တာကိုေလ်ွာ့ "
"ေဟ်ာင္းကလည္းစြပ္စြပ္စဲြစဲြဗ်ာ လူရိုက္တာမဟုတ္ပါဘူး
ဆံုးမတာပါဆိုေန "
ဒီတစ္ေခါက္ေတာ့ ဟန္ဘင္းစကားကိုဟာအိုအဖတ္မလုပ္ေတာ့
ပဲထြက္သြားတာမို႔ က်န္ခဲ့တဲ့လူမွာ ေန့လယ္စာအတူစားရန္
လွမ္းေအာ္လိုက္ရေသးသည္။
**************
"ေဟာက္ေဟာက္ ဘယ္ကျပန္လာတာလဲ "
အမိႈက္ပံုးကိုင္ၿပီးျပန္ေရာက္လာတဲ့ ဟာအိုကို ရစ္ကီက
ဆီးႀကိဳၿပီးေမးေတာ့ ဟာအိုပါးစပ္ကျပန္မေျဖျဖစ္ဘဲ
လက္ထဲက အမိႈက္ပံုးကိုသာၿမွောက္ျပလိုက္ေတာ့
ရစ္ကီက ထိုင္ရာမွထလာၿပီး ဟာအိုကို အတင္းဆဲြခ်ကာ
ထိုင္ခံုေပၚထိုင္ခိုင္းၿပီး အခုေလးတင္တက္လာတဲ့
ေက်ာင္းဖိုရမ္က ပိုစ့္ကိုဟာအိုအားျပလိုက္သည္။
"ေဟာက္ေဟာက္ ဒါမင္းလား ?"
ရစ္ကီရဲ့ေမးခြန္းေၾကာင့္ ဟာအိုဖုန္းကိုေသခ်ာၾကၫ့္လိုက္ေတာ့
သူဟန္ဘင္းကို ေဆးထၫ့္ေပးေနတုန္းရိုက္ေပးထားတဲ့
ပံုပင္ ။ ဒါေပမယ့္ ဒီပံုေတြက အနည္းငယ္ထူးဆန္းတဲ့
ရႉေထာင့္ကေနရိုက္ထားတာေၾကာင့္ ပံုထဲမွာ
ဟန္ဘင္းက သူ႔ကိုငံု႔ၾကၫ့္ေနၿပီး သူကလည္းဟန္ဘင္းကို
ျပန္လည္ေမာ့ၾကၫ့္ေနတာေၾကာင့္ ေသခ်ာေပါက္ခ်စ္ၾကည္ႏူး
ေနတဲ့စံုတဲြလိုပင္၊ ထိုပံုကေတာ္ေသးေပမယ့္
ရစ္ကီထပ္ျပတဲ့ေနာက္တစ္ပံုေၾကာင့္ ဟာအိုမ်က္စိမ်ား
ျပာေဝမတတ္ျဖစ္သြားသည္ ။
"ဘာလို႔ဒီပံုက တစ္မ်ိဳးႀကီးျဖစ္ေနသလိုခံစားေနရတာလဲ "
"မင္းတကယ္ပဲ မလုပ္ခဲ့ဘူးမလား ?"
"ဘာကိုလဲ ?"
"** ေလ "
"ေဟ်ာင့္ မင္းရူးေနလား ငါက ဘာလို႔ေက်ာင္းထဲမွာအဲ့တာမ်ိဳး
လုပ္ရမွာလဲ "
"အဲ့တာဆို ဘာလို႔ဒါမ်ိဳးပံုတက္လာရတာလဲ ရွင္းေလ "
"အဲ့တာက ဓာတ္ပံုရႉေထာင့္ေၾကာင့္ေလ ငါကေသခ်ာေပါက္
သူ႔ကိုေဆးထၫ့္ေပးရံုေလးကို ဒါမ်ိဳးခိုးရိုက္တဲ့သူရိွမယ္မွန္း
ငါကဘယ္သိမွာလည္း "
"ေဆးထၫ့္တာ ဒီအတိုင္းထၫ့္ေလ ဘာလို႔မင္းမ်က္ႏွာက
သူ႔ေအာက္ပိုင္းနားေရာက္ေနတာလဲ "
"သူ႔ဒဏ္ရာက ခါးမွာေလ !!!"
"သူ႔ဒဏ္ရာက ခါးမွာဆိုလည္း မင္းလက္နဲ႔ဒီအတိုင္းထၫ့္ေပး
လိုက္ေပါ့ "
"အဲ့တာက သူ႔ဒဏ္ရာေပၚ ငါအရက္ျပန္နဲ႔တို႔မိလိုက္လို႔
အစပ္သက္သာေအာင္ မႈတ္ေပးတာေလ !!"
ႏွစ္ေယာက္သားစကားေျပာရင္းအသံက်ယ္လာတဲ့အျပင္
ပံုေတြက ေက်ာင္းဖိုရမ္မွာ တင္ထားတာေၾကာင့္
အတန္းထဲကလူတိုင္းကျမင္ၿပီးသြားၿပီျဖစ္၍ လူတိုင္း
ဟာအိုနဲ႔ရစ္ကီရဲ့စကားဝိုင္းကို စိတ္ဝင္တစားၾကၫ့္ရႈရင္း
တိတ္တိတ္ေလးနားေထာင္ေနၾကရင္း သူတို႔ရဲ့လက္ေတြကေတာ့
ပိုစ့္ေအာက္မွာ မန႔္ေလးေတြရိုက္ေနၾကေတာ့သည္။
ထို႔ေနာက္တြင္ ဘယ္သူကထပ္တင္လိုက္မွန္းမသိေပမယ့္
ေနာက္ထပ္ရႉေထာင့္ကေနရိုက္ထားတဲ့ပံုေတြထပ္တက္လာတာ
ေၾကာင့္ ဟာအိုက ဟန္ဘင္းကိုေဆးထၫ့္ေပးေနသည္မွာအမွန္
တရားျဖစ္ေၾကာင္းသိသြားၿပီး ႏွလံုးသားက်ကဲြသူမ်ားက
သူတို႔ႏွလံုးကိုတိတ္တိတ္ေလးျပန္ေကာက္လိုက္ၾကေတာ့သည္။
ဒီတစ္ေခါက္အျဖစ္ပ်က္တြင္ ဟာအိုနားလည္လိုက္သည္က
ဟန္ဘင္းနဲ႔အတူရိွခ်ိန္တြင္ ေခ်ာင္းရိုက္ကင္မရာမ်ားကို
သတိထားရန္ႏွင့္ လူအထင္လဲြေစမၫ့္မည္သၫ့္အျပဳအမူမ်ိဳးကို
မွ မလုပ္မိေစရန္ပင္ျဖစ္သည္။
ငါေလး ေဆာင္းဟန္ဘင္းရဲ့ နာမည္ႀကီးမႈႀကီးကိုေမ့သြားတာပဲ။
ပံုအမွန္ေတျြမန္ျမန္ျပန္တက္လာလို႔ေတာ္ပါေသးတယ္။
မဟုတ္ရင္ ေက်ာင္းကအမ်ိဳးသမီးထုေတြလက္ခ်က္ႏွင့္
ဟာအို မိမိေခါင္းမွဆံပင္ေမႊးေတြေျပာင္ထြက္သြားသည္အထိ
ဆဲြႏႈတ္ခံရမၫ့္အေရးေတြးမိၿပီး ၾကက္သီးျဖန္းျဖန္းထသြားသည္။
မျဖစ္ဘူး ေဆာင္းဟန္ဘင္းကိုသူနဲ႔ေဝးေဝးေနခိုင္းမွရေတာ့မယ္။
အသက္ငယ္ငယ္နဲ႔သူကတံုးမတံုးခ်င္ေသးပါ။
ေန့လည္ထမင္းစားခ်ိန္ေရာက္ေတာ့ ကန္တင္းကလူေတြက
သိသိသာသာပင္ ဟာအိုတို႔ဝိုင္းကိုၾကၫ့္ေနၾကေတာ့သည္။
"ရစ္ကီ ဘာလို႔လူေတြက ငါတို႔ဝိုင္းကိုၾကၫ့္ေနၾကတာလဲ "
"ေဆာင္းဟန္ဘင္းရဲ့ဒဏ္ရာကို ေဆးထၫ့္ခြင့္ရတဲ့
တစ္ဦးတည္းေသာကံေကာင္းသူက ဘယ္လိုပံုမ်ိဳးလဲဆိုတာ
စူးစမ္းေနၾကတာျဖစ္မွာေပါ့ "
"ဟမ္!!!! သူခိုင္းတာလုပ္ရတာ ဘယ္လိုလုပ္ကံေကာင္းသူျဖစ္
မွာလဲ ေပါက္ေပါက္ရွာရွာ "
"မင္းဒီကန္တင္းပတ္ပတ္လည္ကိုေသခ်ာေလး ၾကၫ့္လိုက္
မိန္းကေလးအကုန္လံုးနီးပါးက
ေဆာင္းဟန္ဘင္းရဲ့ဒဏ္ရာကိုေဆးထၫ့္
ေပးခ်င္ေနတဲ့သူေတြခ်ည္းပဲ ေယာက်ာ္းေလးတစ္ခ်ိဳ႕ေတာင္
ပါေသးတယ္ ဒါေပမယ့္ ေဆာင္းဟန္ဘင္းက
မ်က္ႏွာခ်ိဳေပမယ့္ သူ႔နားက်ေတာ့ ဘယ္မိန္းကေလးမွအကပ္
မခံဘူးေလ ၿပီးေတာ့ ငါတို႔ေက်ာင္းမေျပာင္းလာခင္
သက္တမ္းေတြမွာလည္း သူ႔ဒဏ္ရာကို ေဆးထၫ့္ေပးခဲ့လူ
မရိွဖူးဘူး "
"သူ႔သူငယ္ခ်င္းေတြကိုထၫ့္ခိုင္းတာ လူမျမင္လို႔ေနမွာေပါ့
ငါ့က်မွပဲ ဓာတ္ပံုေခ်ာင္းရိုက္ခံရတယ္ "
"အဲ့တာေၾကာင့္ လူေတြကမင္းကိုစိတ္ဝင္စားေနၾကတာေပါ့
ဟိုမွာ ေျပာရင္းဆိုရင္းနဲ႔ ေဆာင္းဟန္ဘင္း ငါတို႔ဝိုင္းဘက္ကို
ေလ်ွာက္လာၿပီ "
ဟာအိုနဲ႔ရစ္ကီက မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတာမို႔
ဟာအိုက ဝင္ေပါက္ကိုေက်ာခိုင္းထားသလိုျဖစ္ၿပီး
ဟန္ဘင္းလာတာကိုမျမင္ရေပမယ့္ ရစ္ကီကေတာ့တန္းကနဲ
ျမင္ရသည္။
"ဘာ!!!!"
အဲ့ဒီေနာက္ ဟာအိုလည္း ပန္းကန္ထဲမွာက်န္ေသးတဲ့
သူ႔ထမင္းေတြကိုပါးစပ္ထဲသိပ္ထၫ့္ကာ ပန္းကန္ကိုင္ၿပီး
ထေျပးသြားေတာ့သည္ ။
ဒီေန့ေန့လယ္ထမင္းစားခါနီးအခ်ိန္ ဆရာကေခၚတာေၾကာင့္
ဟန္ဘင္းက ကန္တင္းကိုနည္းနည္းေနာက္က်မွေရာက္လာလို႔
သူ႔ေဟ်ာင္းေသးေသးေလးက သူ႔ကိုေစာင့္ေနမယ္လို႔
ထင္ထားေပမယ့္ ဟန္ဘင္းထမင္းထၫ့္ၿပီး
ဟာအိုစားေနတဲ့ စားပဲြဆီကိုမေရာက္ေသးခင္မွာပင္
ပါးစပ္ထဲထမင္းေတြအတင္းထိုးထၫ့္ေနတာကိုေတြ့ရေတာ့
ဘာမ်ားျဖစ္လဲဆိုၿပီး ဟန္ဘင္းသူ႔ေျခလွမ္းေတြကိုအရိွန္တင္
လိုက္ေပမယ့္ သူမေရာက္ခင္မွာပင္ ထေျပးသြားၿပီျဖစ္တဲ့
ေနာက္ေက်ာေလးကိုပဲျမင္လိုက္ရတာမို႔ ဟန္ဘင္းစိတ္ထဲ
သိပ္မေက်နပ္ ။
အဲ့တာနဲ႔ ေဟ်ာင္းနဲ႔အတူထမင္းစားေနတဲ့ သူရဲ့အနားကိုသြားရပ္
လိုက္ေတာ့ သူက ဟန္ဘင္းကို မၾကည္ၾကၫ့္ၾကၫ့္လာတာမို႔
ဟန္ဘင္းလည္း သူၾကၫ့္သလိုျပန္ၾကၫ့္ေပးလိုက္သည္ ။
သူကမ်ားလူကိုမေက်နပ္သလိုလာၾကၫ့္ေနေသးတယ္
အမွန္ဆိုငါကၾကၫ့္ရမွာေလ~
ဟာအိုေဟ်ာင္းနဲ႔ေက်ာင္းမွာအၿမဲတမ္းတစ္တဲြတဲြျမင္ေနရတဲ့
ဒီဆံပင္ျဖဴႁဖူနဲ႔ေကာင္ကို ဟန္ဘင္းဘယ္လိုမွၾကၫ့္မရပါ ။
အမွန္ဆို သူလည္းေဟ်ာင္းနဲ႔တစ္တန္းတည္းျဖစ္ေနရမွာ
အေမက တစ္ႏွစ္ေနာက္က်ၿပီးမွေမြးလို႔ေပါ့ ။
အဲ့တာအေမ့ေၾကာင့္။
အဲ့လိုနဲ႔ ဟန္ဘင္းထမင္းစားၿပီးေတာ့ ေနာက္ဆံုးႏွစ္ေတြရဲ့အခန္း
ဘက္ကို ေလ်ွာက္လာလိုက္ေတာ့သည္ ။ထမင္းစားေနတုန္း
ဟာအိုေဟ်ာင္းက ကမန္းကတန္းထသြားရတဲ့အေၾကာင္းရင္း
ကိုေမးရမည္ ။ ဟာအိုတို႔အခန္းက အလယ္ေလာက္မွာျဖစ္
တာေၾကာင့္ ဟန္ဘင္းေလွကားကေနတက္ၿပီး ေတာ္ေတာ္
ေလ်ွာက္လိုက္ရေသးသည္ ။ထိုအခ်ိန္တိုက္တိုက္ဆိုင္ဆိုင္
အခန္းျပင္ထြက္လာတဲ့ေဟ်ာင္းေၾကာင့္ ဟန္ဘင္းဝမ္းသာ
အားရနဲ႔လက္ျပလိုက္ေပမယ့္ သူ႔ကိုျမင္ၿပီးတာနဲ႔
လွၫ့္ေျပးသြားျပန္တာေၾကာင့္ တစ္ခုခုမွားေနၿပီျဖစ္မွန္း
ဟန္ဘင္းသတိထားမိတာနဲ႔ ထြက္ေျပးသြားတဲ့လူရဲ့
ေနာက္ကို ဟန္ဘင္းေျပးလိုက္ေတာ့သည္။
ဟာအိုေျပးေနရင္းနဲ႔ေနာက္လွၫ့္ၾကၫ့္လိုက္ေတာ့ သူ႔ေနာက္
ေျပးလိုက္လာတဲ့ ဟန္ဘင္းကို ျမင္လိုက္ရတာေၾကာင့္
ေျခေထာက္ကိုအစြမ္းကုန္အရိွန္တင္ၿပီး သန႔္စင္ခန္းဘက္ကို
ဦးတည္လိုက္ေတာ့သည္ ။ ဟာအို သန႔္စင္ခန္းေရာက္ၿပီး
သိပ္မၾကာခင္ဟန္ဘင္းကပါေရာက္လာေလသည္။
ႏွစ္ေယာက္လံုးေမာေနတာမို႔ တစ္ေယာက္မွစကားစမေျပာေသး
ဘဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္ကာ
အရင္ဆံုးအေမာေျဖၿပီးမွ ဟန္ဘင္းကစကားစလိုက္ေတာ့သည္။
"အခုကေရာ ဘာျဖစ္ျပန္တာလဲ ?"
"ဘာကိုလဲ ?"
"ကၽြန္ေတာ့္ကိုေတြ့တိုင္း ေဟ်ာင္းထြက္ထြက္ေျပးေနတာေလ ...
ကန္တင္းမွာတုန္းကလည္းဒီလိုပဲ "
"မ....မေျပးပါဘူး မင္းစိတ္ထင္ေနတာပါ "
"အဲ့တာဆို ဘာလို႔စကားထစ္ေနတာလဲ ?"
"မ....မထစ္...ထစ္ "
ထစ္ထစ္အအနဲ႔ေျပာေနတဲ့ ဟာအိုစကားမဆံုးေသးခင္မွာ
ဟန္ဘင္း ဟာအိုရဲ့ လက္ကိုဆဲြၿပီး သန႔္စင္ခန္းနံရံနဲ႔
သူ႔ကိုယ္လံုးနဲ႔ၾကား ဟာအိုကို ၫွပ္ထားလိုက္ျပန္သည္။
ဒီပံုစံ ဒီအေနထားမ်ိဳးက ဟာအိုမွတ္မိရသေလာက္ဆို
ႏွစ္ႀကိမ္ေျမာက္ရိွေနၿပီ ။
ဟန္ဘင္းက စကားေျပာေတာ့မယ္ဆို ဘာလို႔ ဒီလိုအေနထား
မ်ိဳးေရာက္ေအာင္လုပ္ရတာလဲ ။
"ထြက္ေျပးရတဲ့အေၾကာင္းရင္းအမွန္ကိုေျပာေနာ္ ၊
မဟုတ္ရင္ ကၽြန္ေတာ့္အေၾကာင္းသိတယ္မလား ?"
သိတာေပါ့ လူကိုရိုက္ႏွက္ဆံုးမရတာကိုစဲြလမ္းေနတဲ့သူ~
ဒါေပမဲ့ဟာအိုသူ႔ရင္ထဲက စကားကိုတိတ္တိတ္ေလးသိမ္းထား
လိုက္ၿပီး ဟန္ဘင္းကိုအေၾကာင္းစံုရွင္းျပလိုက္ေတာ့သည္။
"အဲ့ဒီေတာ့ လူေတြကၽြန္ေတာ္တို႔ႏွစ္ေယာက္ကိုအထင္လဲြမွာစိုးလို႔
ကၽြန္ေတာ့္ကိုေရွာင္ေနတာေပါ့ "
"အင္း .... ငါ တစ္ေက်ာင္းလံုးကမိန္းကေလးေတြရဲ့ရန္သူ
မျဖစ္ခ်င္ဘူး ၊ အဲ့ဒီေတာ့ ေက်ာင္းမွာဆို ငါတို႔တစ္ေယာက္နဲ႔
တစ္ေယာက္မသိသလိုေနၾကရေအာင္ ၊ ေတာင္းဆိုတာပါ၊
အိမ္မွာဆိုရင္ေတာ့ ပံုမွန္အတိုင္းပဲေနၾကမယ္ေလ~ "
ဟာအိုရဲ့စကားကို ဟန္ဘင္းက အင္တင္တင္နဲ႔ပဲ
လက္ခံလိုက္ရေတာ့သည္ ။ မဟုတ္ရင္ ဟန္ဘင္းကို
ေတြ့တိုင္းဟာအိုက အသည္းအသန္ထြက္ေျပးေနမွာ။
ဤသို႔ႏွင့္ သူတို႔ႏွစ္ေယာက္ရဲ့ ေက်ာင္းမွာမသိသလိုေနၾကမယ့္
သေဘာတူညီခ်က္အဆင္ေျပသြားေပမယ့္ သူတို႔မသိလိုက္တာက
သန႔္စင္ခန္းေရ႔ွမွာ သူတို႔ေျပာတာကိုခိုးနားေထာင္ေနတဲ့
လူအုပ္ႀကီးရိွၿပီး ထိုလူအုပ္ႀကီးရဲ့အေတြးထဲမွာေတာ့
ေက်ာင္းသားဥကၠဌေဆာင္းဟန္ဘင္းႏွင့္ စေကာ္လားရွစ္
ေက်ာင္းသားသစ္က်န္းဟာအိုတို႔သည္ တိတ္တိတ္ေလးတဲြ
ေနေသာ ေက်ာင္းတြင္းစံုတဲြျဖစ္ၿပီး တစ္အိမ္ထဲတြင္အတူတူ
ေနထိုင္ေနၾကၿပီး ဟူ၍မွတ္ယူလိုက္ၾကသည္ကိုပင္။
TBC~~~~~
ဖတ္ရတာအဆင္ေျပရဲ့လားဟင္။