Unicode
"သက်ပိုင်…ညနေဘုရားသွားမလို့ လိုက်ခဲ့"
ပန်းရုံ၏မေးငေါ့သံနှင့်အတူ ခွေးကြီးရောင်နီအား အစာကျွေးနေသော လေးရုံ၏လည်တိုင်ကတစ်ချက်ဆတ်သွားပြီး တပြိုင်နက်ထဲပင် မျက်ခုံးနှစ်ဖက်ကမြင့်တက်သွားသည်။ဒါ သူစိတ်ဝင်စားနေပါသည်ဆိုသည့် အဓိပ္ပါယ်ပေါ့။
ဒီနေ့ကစနေနေ့…။ဒီလိုနေ့တွေဆို သက်ပိုင်က ဒီအိမ်မှာပဲနေဖြစ်တာများသည်။သူ့ကိုစတွေ့ကတည်းက သားနွေး၊သွားနွေး ဟူ၍ပါးစပ်ဖျားမှမချနိုင်အောင် တသသဖြစ်လွန်းသော ပန်းရုံတို့မိခင် ဒေါ်ထားသက်ရီ ကြောင့်လေ။သူ့ကိုပင် မေမေထားဟုခေါ်ရန်ပြောထားပြီး ရပ်ရွာထဲတွင်လည်းသက်ပိုင်သည်သူ၏ဝမ်းမနာသားလေးဟု၍ လိုက်ပြောဆိုတတ်သေးသည်။
"ဘုရားက ဘာဖြစ်လို့"
"ဟော သက်ပိုင်ရယ် ဒီနေ့ကတန်ဆောင်မုန်း
လပြည့်လေ"
"အာ…ဟုတ်သားပဲ ကျွန်တော်မေ့နေတာ…ဒါဆိုလိုက်ခဲ့မယ်လေ"
"ကျွန်တော်လဲလိုက်မယ်"
စကားဆုံးဆုံးချင်းပင် စီခနဲထွက်ပေါ်လာသည့် အသံ။
"နင်ကဘာလို့လိုက်မှာ"
"မမ ဒါနင်ဘာသဘောလဲ ငါ့ကိုမလိုက်စေချင်တာလား"
"အဲ့လိုမဟုတ်ဘူးလေ ခါတိုင်းနှစ်တွေဆိုနင်ကရိုက်ခေါ်တောင်မလာ……"
"တော် တော် တော် ဒီညနေငါလိုက်မယ် ဘာပြောချင်တာရှိသေးလဲ"
"ကယ် လိုက်ချင်သပဆိုလည်းလိုက်ပေါ့ "
မြတ်ပန်းရုံ အပြင်ထွက်သွားသည်။
"သားနွေးရေ "
အိမ်ထဲမှ မေမေထား၏ခေါ်သံ။သက်ပိုင်ခေါင်းကလေးဆတ်၍ ထူးလိုက်သည်။
"ဗျာ"
"အေ သားနွေးအိမ်ထဲဝင်လာရင် နောက်ဖေးကလှမ်းထားတဲ့ အင်္ကျီသုံးထည်ဟာလေ အဲဒါရုတ်ခဲ့စမ်းလေ"
"ဟုတ်ကဲ့ မေမေထား"
ဒီကို ရောက်ခါစတုန်းကဆိုလျှင် ကသိကအောက်ဖြစ်ခဲ့ရသည်များအထဲတွင် ထိုအသုံးအနှုန်းလည်းပါသည်။တစ်ခုခုဆိုလျှင် ယူပေးစမ်းလေ၊လုပ်ခဲ့စမ်း ဟူ၍ပြောဆိုမှုများသည် သူ့လိုအောက်ပြည်အောက်သားအတွက်တော့ အမိန့်ဆန်၍အနည်းငယ်တင်စီးသဖွယ်ခံစားခဲ့ရသည်။ယခုမူ သူပင်တစ်ခါတလေဆိုလျှင်ထိုသို့ပြောတတ်နေချေပြီ။မေမေထား၏ စကားအတိုင်းနောက်ဖေးသို့သွား၍ အဝတ်များအားသိမ်းရန်လုပ်သော်လည်း အမောင်လေးရုံမှ ပြာပြာသလဲလာတားရှာသည်။
"နေနေ ဆရာနွေးကျွန်တော်လုပ်မယ်"
"ရပါတယ် ကိုယ်လုပ်လိုက်ပါ့မယ်"
"ကျွန်တော်လုပ်မယ်"
"ကိုယ်လုပ်မယ်"
"ကျွန်တော်လုပ်မယ်လို့"
"ကိုယ်လုပ်မယ်လို့"
"ဟုတ်ပါပြီဗျာ ကျွန်တော်မျိုးအရှုံးပေးပါတယ် ဆရာနွေးပဲလုပ်လိုက်ပါတော့"
"ဟား ဟား"
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်နေမိကြသည်။ဘာကြောင့်မှန်းလည်းမသိ သိဖို့ရန်လည်းမကြိုးစား။ဒီအခြေအနေကလေးကို သူချစ်သည်။ဒီရွာကလေးတွင် သူနေပျော်သည်။ဒီလမ်း၊ဒီလေ၊ဒီရေကို သူမြတ်နိုးသည်။
"ကယ် ရယ်နေတာတော်လောက်ပြီ လာအထဲဝင်မယ်…အော်ဒါနဲ့ခဏနေ ဂန့်ဂေါသွားရအောင်လေ"
"ဘာလုပ်ဖို့လဲဗျ"
"စာအုပ်သွားဝယ်မို့လေ "
"အိုခေလေ"
ထို့နောက် အိမ်ထဲတွင်အဝတ်များထားပြီး အမေ့အားခွင့်တောင်းပြီးမှ ဆိုင်ကယ်ကိုယူကာထွက်လာခဲ့လိုက်ကြတော့သည်။အရင်ကဆို လေးရုံအပြင်ထွက်လျှင်ဘယ်တော့မှ ခွင့်မတောင်း။ယခုတော့ သူသည်ပင်ပြောင်းလဲမှုများ များပြားလာခဲ့ချေပြီ။ယခုတော့ မြတ်လေးရုံဟာ တစ်ရွာလုံးရဲ့ချဉ်ဖတ်ကလေးမဟုတ်တော့။အရင်ကကြားနေကျ လေးရုံကတော့ ဘယ်သူနဲ့ရန်ဖြစ်လို့ ဘယ်သူကလာတိုင်လို့ လျော်လိုက်ရပါတယ် ဆိုတာတွေလည်း ရှားပါးလာခဲ့ချေပြီ။ နေ့တိုင်းကျောင်းသွားသည်။ကျောင်းလည်းမပြေးတော့ ဖြစ်နိုင်လျှင် ကျောင်းမှာပင်နေချင်နေသည့်ပုံ။ဒါဟာ ရွာကိုအစမ်းသင်ရောက်လာသည့်ဆရာငယ်လေးကြောင့်ဆိုတာ တစ်မျိုးလုံးသိကြသည်။
"ဆရာနွေး တင်းတင်းကိုင်ထားနော်"
"ကိုယ်တို့စတွေ့တုန်းကလည်း မြတ်လေးအဲ့လိုပဲပြောခဲ့တာနော်"
ထိုနေ့က သူ့ပုံစံအားပြန်တွေးမိတော့ ပြန်ပြုံးမိသည်။သူတကယ်ထိုနေ့က ကြောင်တောင်တောင်ဖြစ်နေခဲ့သည်ကိုး။
"အဲ့နေ့က မြတ်လေးက တကယ်ကြီးရှိန်စရာကောင်းတာ"
"အဲ့နေ့က ကျွန်တော်"
"ရပါတယ်ကိုယ်နားလည်ပါတယ်"
ထိုသို့ပြောပြီး မျက်လုံးတို့ကိုမှိတ်ချလိုက်ကာ တိုးဝှေ့လာသည့် စကားရနံ့သင်းသင်းကိုသာ အားပါးတရရှုရှိုက်လိုက်မိတော့သည်။မြစ်ကူးကြိုးတံတားသို့ရောက်လုနီးပြီလေ။ သူပထမဦးဆုံးအကြိမ်သွားတုန်းကဆိုလျှင် လိပ်ပြာပါလွင့်မတတ် ပျဉ်ချပ်များကိုကြိုးဖြင့်ဆွဲထားသည့် ကြိုးတံတားပေါ်တွင် ဆိုင်ကယ်ကိုလိုက်ပါစီးနင်းနေရသည့် ခံစားချက်က ရိုလာကိုစတာစီးနေရသလိုပင်။လေးရုံကတော့ ဒီနယ်သားမို့ပေလားမသိ ဘာမျှခံစားရဟန်မတူပါ။
"မြတ်လေး မြစ်သာမြစ်ကြီးက ဘာလို့ပြောင်းပြန်စီးဆင်းနေတာလဲဟင်"
"ကျွန်တော်မသိဘူး "
"အော် အင်းပါ"
"ဒါပေမယ့် ကျွန်တော်သိတာတစ်ခုတော့ရှိတယ် ဆရာနွေးရောသိချင်လား"
"အင်း"
"ချစ်ခြင်းမေတ္တာဆိုတာ သတမတ်တည်းမရှိဘူးဆရာနွေးရဲ့… ဒီမြစ်သာမြစ်ကြီးလိုပေါ့ မြောက်မှတောင်ရယ်လို့မဟုတ်ပဲ…တောင်ကနေမြောက်ကိုလဲစီးချင်စီးမှာပေါ့…ဒီလိုပဲချစ်ခြင်းမေတ္တာမှာလည်း ကျွန်တော်တို့ချစ်ချင်တဲ့သူကိုချစ်မှာပေါ့ …သဘာဝကျတယ်မကျဘူးဆိုတာမရှိပါဘူးဆရာနွေးရယ်"
"မြတ်လေးပြောတာကိုယ်နားမလည်"
"နားမလည်ချင်တာပါ ဆရာနွေးရယ်…ကိုယ့်ကိုယ်ကိုယ်မညာပါနဲ့…ဒါဆိုဆရာနွေးနားလည်သွားမှာပါ"
"ကိုယ်"
"ရောက်ပြီ"
ရုတ်တရက်အေးစက်သွားသောလေထုသည် သူ့အားမသက်မသာဖြစ်စေလိုက်ပုံများ အသက်ရှုပင်ကြပ်ချင်လာသည်။သူကဘာကိုနားလည်ရမည်နည်း။သူငြင်းဆန်သည်။သို့သော်မရ သူဒီခံစားချက်ကိုအမှန်ဟုသတ်မှတ်လိုက်ရမည်လား။ဟင့်အင်း သူမသတ်မှတ်ချင်၊သို့သော် ထိုကောင်ငယ်လေးအကြောင်းတွေးတိုင်းခုန်နေတတ်သည့် နှလုံးသားကရော။သူဘာမျှမတွေးချင်တော့ပါ။ထိုအချိန်ဝင်လာသည့်ဖုန်းကြောင့် သက်ပိုင်ပိုက်ဆံအိတ်ထဲမှ ဖုန်းကလေးအားထုတ်ယူလိုက်သည်။
"အေး နေလတ်ပြော"
"ဟေ့ကောင် မင်းအဆင်ပြေနေရဲ့လား"
"ပြေပါ့ဗျာ"
"အေးအေး "
"မင်းရော "
"အေးငါကတော့ သိပ်တော့မပြေလှဘူးကွ အစက အညာဘက်သွားရမယ်ဆိုတာ သွားခါနီးမှပြောင်းလိုက်လို့ ခုနမ့်ပန်ကိုရောက်နေတာ"
"ဟေ ဟုတ်လားကွ ခုရောမင်းဘယ်ရောက်နေတာလဲ"
"အိမ်မှာ ဟင်းချက်ပျင်းလို့ ဆိုင်လာထိုင်နေတာ…ဒါနဲ့ဒီဇင်ဘာပိတ်ရက်မင်းတို့ဘက်ငါလာခဲ့မယ်"
"အေးလာခဲ့လေ…"
"ကင်းစင်နဲ့ရော အဆက်အသွယ်ရရဲ့လား"
"အေးဒီရောက်ကတည်းက အဆက်အသွယ်မရဘူးကွ"
ကင်းစင်။တိမ်ကင်းစင်ဆိုသည့် သူမက သက်ပိုင်၏ငယ်သူငယ်ချင်းလေဆိုလည်းမမှား။အသက်သခင်ကျေးဇူးရှင်ဆိုလည်းဟုတ်သည်။သက်ပိုင်ငယ်ငယ်က ကျောက်ကပ်တွေမကောင်းတော့၍ သေလုဆဲဆဲအခြေအနေတွင် ကင်းစင်ကသူမ၏ကျောက်ကပ်တခြမ်းကို သက်ပိုင်အားကြည်ကြည်ဖြူဖြူဖြင့်ပေးခဲ့သည်။သူငယ်တန်းမှအထက်တန်းအောင်သည်အထိ အတူတက်ခဲ့ရသော်လည်း ကင်းစင်ကဆရာဝန်လိုင်းဘက်ရောက်သွားသောကြောင့် သိပ်မတွေ့ဖြစ်ကြတော့။
"ဒီဇင်ဘာကျရင် သူ့ပါခေါ်လာခဲ့လိုက်မယ်"
"အေး ဒါပဲနော် ငါမအားသေးလို့"
"အေးအေး"
သူဖုန်းချလိုက်ပြီး ဘေးဘီသို့ဝေ့ကြည့်လိုက်တော့ စာအုပ်ဆိုင်တံခါးဝတွင် လက်ပိုက်၍ရပ်နေသောအမောင်။သူဘာမှမပြောတော့ပဲ ဆိုင်ထဲသို့ဝင်ကာစာအုပ်များရွေးနေလိုက်တော့သည်။
"အစ်မ အစ်မ ကျွန်တော်တစ်ခုလောက်မေးချင်လို့"
"မေးပါရှင့်"
အရောင်းဝန်ထမ်းမလေး၏ဖြေသံနှင့်အတူ လေးရုံ သက်ပိုင်အားတစ်ချက်စွေကြည့်လိုက်ပြိးမှ
"ဟိုလေ လူကိုစကားမပြောပဲပစ်ထားလို့ အလောင်းဖျောက်ပစ်တဲ့စာအုပ်ရှိလားဗျ"
"အယ်မရှိပါဘူးနော် မောင်လေး"
"ဪဒါဆို ရွဲ့နေတာကိုသိရဲ့နဲ့မသိချင်ယောင်ဆောင်တဲ့သူကို တံတားပေါ်ကနေပစ်ချလိုက်တဲ့စာအုပ်လေးရောရှိလား"
"ဟုတ်မောင်လေး ပြောတာတွေ အစ်မတို့ဆိုင်မှာမရှိပါဘူးနော်"
"အော်…ဟုတ်ကဲ့ခင်ဗျ"
"ညီမ ငွေရှင်းမယ်"
သက်ပိုင်ဝယ်လာသောစာအုပ်များကို အရောင်းဝန်ထမ်းမလေးအားပြလိုက်သည်။
"ဟုတ် ငါးသောင်းခြောက်ထောင်ကျပါတယ်ရှင့်"
"ဒီမှာပါခင်ဗျ"
"ဟုတ်ကဲ့ဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင့်"
သူတို့ဆိုင်ထဲကထွက်လာပြီးမှ လေးရုံအားအတော်ပင်ေချာ့လိုက်ရသည်။ဘာကိုကောက်လို့ကောက်မှန်းလည်းမသိပါပဲ။အပြန်တွင် မြို့မဈေးတွင်ညနေစာအတွက်တစ်ခါတည်းဝယ်ခြမ်းသွားလိုက်ကြတော့သည်။အိမ်သို့ပြန်ရောက်ချိန်တွင်တော့ ညနေလေးနာရီပင်ရှိချေပြီ။
"ဝေး မောင်လေး"
အပြင်မှခေါ်သံကြောင့် ခြံဝသို့မျှော်ကြည့်လိုက်တော့ ဟိုဘက်တိုက်ကအပျိုကြီး မအေးကြည်။သူခြံဝသို့ရောက်သွားတော့ လှိုင်ခနဲထလာသည့်ရေမွှေးနံ့ကြောင့်နှာခေါင်းပင်ရှုတ်လိုက်မိသည်။ဒီအပျိုကြီးဘာလာလုပ်တာပါလိမ့်။လက်ထဲတွင်လည်း ငါးဆင့်ချိုင့်ကြီးအားကိုင်ထားပြီး ပြင်ထားဆင်ထားသည်ကလည်းကြော့လို့။
"ဘာလဲ"
"မောင်လေးကလည်း…ဆရာလေးရှိလား"
"ရှိတယ်"
"ဟယ်ဟုတ်လား ခေါ်ပေးစမ်းပါအေ"
"ဘာလို့ခေါ်ပေးရမှာလဲ "
"ဟုတ်ပါပြီရှင် ဒါဆိုဆရာလေးကဒီအိမ်မှာစားတာမလား"
"စားစားမစားစား ခင်ဗျားအပူပါလို့လား"
"စိတ်ကြီးပဲဟယ် ဒီမှာထမင်းခိုင့်လာပို့တာဆရာလေးအတွက်"
"ပေး"
"အယ် မမပဲအိမ်ထဲဝင်ထား…"
"ပေး ငါ့ကိုပေး ပြီးရင်ပြန် "
""အေးပါဟယ် အေးပါ ဒါနဲ့ဆရာလေးကိုပြောပေးဦးနော် မမအေးကြည်ကအချစ်တွေအပြည့်နဲ့ချက်ပေးထားတာလို့…အဟိဟိ"
"အော် သွားမှာမသွားဘူးသွားပြန်တော့"
ထိုအခါမှ မအေးကြည့်မှာတွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြန်သွားတော့သည်။ဒါတောင်မှ သက်ပိုင်ကိုတွေ့ရလေမလားဟု လည်တပြန်ပြန်ဖြင့်မျှော်ကြည့်နေသေးသည်။
"မြတ်လေး ဘာလုပ်နေတာတုန်း"
နောက်မှ ဆရာနွေး၏အသံကြောင့် သူနောက်လှည့်၍ပြုံးပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူးဆရာနွေးရဲ့ ဆရာနွေးအထဲဝင်နှင့်လိုက်တော့လေ"
"အင်း အင်း မြတ်လေးခြေလက်ဆေးပြီးရင်ဝင်လာခဲ့လိုက်တော့နော်"
"ဟုတ်ကဲ့ပါခင်ဗျ"
ဆရာနွေးအိမ်ထဲဝင်သွားတော့မှ သူခြံနောက်ဖေးသို့ထွက်လာခဲ့လိုက်သည်။ထို့နောက်လက်ထဲမှချိုင့်အားဖြုတ်လိုက်သည်။အထဲတွင် အသားဟင်းတွေကစားချင်စဖွယ်။သူလက်ဖြောက်တစ်ချက်တီးလိုက်သည်။
"ရောင်နီရေ ဝေ့ဝေ့ရောင်နီ"
"ဝုတ် ဝုတ်"
သူ့ခေါ်သံကြားကြားချင်းအနားသို့ အပြေးတပိုင်းရောက်လာသော ခွေးကြီးရောင်နီ၏ ခေါင်းကလေးအားပွတ်သတ်ပေးလိုက်သည်။ထို့နောက်ချိုင့်ကိုမြေကြီးပေါ်သို့ချကာ
"ဖေ့သားကြီး များများစား ဒါမှအားရှိမှာ…မအေးကြည်ကလာပေးသွားတာစားစား"
ဝေ့အသဲတို့ ကြိုက်တယ်ဆိုreviewလေးဘာလေးရေးပေးသွားကြဦးနော်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၅.၁၁.၂၀၂၃
ည၉နာရီ၁၅မိနစ်
Zawgyi
"သက္ပိုင္…ညေနဘုရားသြားမလို႔ လိုက္ခဲ့"
ပန္း႐ုံ၏ေမးေငါ့သံႏွင့္အတူ ေခြးႀကီးေရာင္နီအား အစာေကြၽးေနေသာ ေလး႐ုံ၏လည္တိုင္ကတစ္ခ်က္ဆတ္သြားၿပီး တၿပိဳင္နက္ထဲပင္ မ်က္ခုံးႏွစ္ဖက္ကျမင့္တက္သြားသည္။ဒါ သူစိတ္ဝင္စားေနပါသည္ဆိုသည့္ အဓိပၸါယ္ေပါ့။
ဒီေန႔ကတဂၤေႏြေန႔…။ဒီလိုေန႔ေတြဆို သက္ပိုင္က ဒီအိမ္မွာပဲေနျဖစ္တာမ်ားသည္။သူ႔ကိုစေတြ႕ကတည္းက သားေႏြး၊သြားေႏြး ဟူ၍ပါးစပ္ဖ်ားမွမခ်ႏိုင္ေအာင္ တသသျဖစ္လြန္းေသာ ပန္း႐ုံတို႔မိခင္ ေဒၚထားသက္ရီ ေၾကာင့္ေလ။သူ႔ကိုပင္ ေမေမထားဟုေခၚရန္ေျပာထားၿပီး ရပ္႐ြာထဲတြင္လည္းသက္ပိုင္သည္သူ၏ဝမ္းမနာသားေလးဟု၍ လိုက္ေျပာဆိုတတ္ေသးသည္။
"ဘုရားက ဘာျဖစ္လို႔"
"ေဟာ သက္ပိုင္ရယ္ ဒီေန႔ကတန္ေဆာင္မုန္း
လျပည့္ေလ"
"အာ…ဟုတ္သားပဲ ကြၽန္ေတာ္ေမ့ေနတာ…ဒါဆိုလိုက္ခဲ့မယ္ေလ"
"ကြၽန္ေတာ္လဲလိုက္မယ္"
စကားဆုံးဆုံးခ်င္းပင္ စီခနဲထြက္ေပၚလာသည့္ အသံ။
"နင္ကဘာလို႔လိုက္မွာ"
"မမ ဒါနင္ဘာသေဘာလဲ ငါ့ကိုမလိုက္ေစခ်င္တာလား"
"အဲ့လိုမဟုတ္ဘူးေလ ခါတိုင္းႏွစ္ေတြဆိုနင္က႐ိုက္ေခၚေတာင္မလာ……"
"ေတာ္ ေတာ္ ေတာ္ ဒီညေနငါလိုက္မယ္ ဘာေျပာခ်င္တာရွိေသးလဲ"
"ကယ္ လိုက္ခ်င္သပဆိုလည္းလိုက္ေပါ့ "
ျမတ္ပန္း႐ုံ အျပင္ထြက္သြားသည္။
"သားေႏြးေရ "
အိမ္ထဲမွ ေမေမထား၏ေခၚသံ။သက္ပိုင္ေခါင္းကေလးဆတ္၍ ထူးလိုက္သည္။
"ဗ်ာ"
"ေအ သားေႏြးအိမ္ထဲဝင္လာရင္ ေနာက္ေဖးကလွမ္းထားတဲ့ အက်ႌသုံးထည္ဟာေလ အဲဒါ႐ုတ္ခဲ့စမ္းေလ"
"ဟုတ္ကဲ့ ေမေမထား"
ဒီကို ေရာက္ခါစတုန္းကဆိုလွ်င္ ကသိကေအာက္ျဖစ္ခဲ့ရသည္မ်ားအထဲတြင္ ထိုအသုံးအႏႈန္းလည္းပါသည္။တစ္ခုခုဆိုလွ်င္ ယူေပးစမ္းေလ၊လုပ္ခဲ့စမ္း ဟူ၍ေျပာဆိုမႈမ်ားသည္ သူ႔လိုေအာက္ျပည္ေအာက္သားအတြက္ေတာ့ အမိန႔္ဆန္၍အနည္းငယ္တင္စီးသဖြယ္ခံစားခဲ့ရသည္။ယခုမူ သူပင္တစ္ခါတေလဆိုလွ်င္ထိုသို႔ေျပာတတ္ေနေခ်ၿပီ။ေမေမထား၏ စကားအတိုင္းေနာက္ေဖးသို႔သြား၍ အဝတ္မ်ားအားသိမ္းရန္လုပ္ေသာ္လည္း အေမာင္ေလး႐ုံမွ ျပာျပာသလဲလာတားရွာသည္။
"ေနေန ဆရာေႏြးကြၽန္ေတာ္လုပ္မယ္"
"ရပါတယ္ ကိုယ္လုပ္လိုက္ပါ့မယ္"
"ကြၽန္ေတာ္လုပ္မယ္"
"ကိုယ္လုပ္မယ္"
"ကြၽန္ေတာ္လုပ္မယ္လို႔"
"ကိုယ္လုပ္မယ္လို႔"
"ဟုတ္ပါၿပီဗ်ာ ကြၽန္ေတာ္မ်ိဳးအရႈံးေပးပါတယ္ ဆရာေႏြးပဲလုပ္လိုက္ပါေတာ့"
"ဟား ဟား"
ႏွစ္ေယာက္သားတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ရယ္ေနမိၾကသည္။ဘာေၾကာင့္မွန္းလည္းမသိ သိဖို႔ရန္လည္းမႀကိဳးစား။ဒီအေျခအေနကေလးကို သူခ်စ္သည္။ဒီ႐ြာကေလးတြင္ သူေနေပ်ာ္သည္။ဒီလမ္း၊ဒီေလ၊ဒီေရကို သူျမတ္ႏိုးသည္။
"ကယ္ ရယ္ေနတာေတာ္ေလာက္ၿပီ လာအထဲဝင္မယ္…ေအာ္ဒါနဲ႔ခဏေန ဂန႔္ေဂါသြားရေအာင္ေလ"
"ဘာလုပ္ဖို႔လဲဗ်"
"စာအုပ္သြားဝယ္မို႔ေလ "
"အိုေခေလ"
ထို႔ေနာက္ အိမ္ထဲတြင္ပဝတ္မ်ားထားၿပီး အေမ့အားခြင့္ေတာင္းၿပီးမွ ဆိုင္ကယ္ကိုယူကာထြက္လာခဲ့လိုက္ၾကေတာ့သည္။အရင္ကဆို ေလး႐ုံအျပင္ထြက္လွ်င္ဘယ္ေတာ့မွ ခြင့္မေတာင္း။ယခုေတာ့ သူသည္ပင္ေျပာင္းလဲမႈမ်ား မ်ားျပားလာခဲ့ေခ်ၿပီ။ယခုေတာ့ ျမတ္ေလး႐ုံဟာ တစ္႐ြာလုံးရဲ႕ခ်ဥ္ဖတ္ကေလးမဟုတ္ေတာ့။အရင္ကၾကားေနက် ေလး႐ုံကေတာ့ ဘယ္သူနဲ႔ရန္ျဖစ္လို႔ ဘယ္သူကလာတိုင္လို႔ ေလ်ာ္လိုက္ရပါတယ္ ဆိုတာေတြလည္း ရွားပါးလာခဲ့ေခ်ၿပီ။ ေန႔တိုင္းေက်ာင္းသြားသည္။ေက်ာင္းလည္းမေျပးေတာ့ ျဖစ္ႏိုင္လွ်ဂ္ ေက်ာင္းမွာပင္ေနခ်င္ေနသည့္ပုံ။ဒါဟာ ႐ြာကိုအစမ္းသင္ေရာက္လာသည့္ဆရာငယ္ေလးေၾကာင့္ဆိုတာ တစ္မ်ိဳးလုံးသိၾကသည္။
"ဆရာေႏြး တင္းတင္းကိုင္ထားေနာ္"
"ကိုယ္တို႔စေတြ႕တုန္းကလည္း ျမတ္ေလးအဲ့လိုပဲေျပာခဲ့တာေနာ္"
ထိုေန႔က သူ႔ပုံစံအားျပန္ေတြးမိေတာ့ ျပန္ၿပဳံးမိသည္။သူတကယ္ထိုေန႔က ေၾကာင္ေတာင္ေတာင္ျဖစ္ေနခဲ့သည္ကိုး။
"အဲ့ေန႔က ျမတ္ေလးက တကယ္ႀကီးရွိန္စရာေကာင္းတာ"
"အဲ့ေန႔က ကြၽန္ေတာ္"
"ရပါတယ္ကိုယ္နားလည္ပါတယ္"
ထိုသို႔ေျပာၿပီး မ်က္လုံးတို႔ကိုမွိတ္ခ်လိုက္ကာ တိုးေဝွ႔လာသည့္ စကားရနံ႔သင္းသင္းကိုသာ အားပါးတရရႈရႈိက္လိုက္မိေတာ့သည္။ျမစ္ကူးႀကိဳးတံတားသို႔ေရာက္လုနီးၿပီေလ။ သူပထမဦးဆုံးအႀကိမ္သြားတုန္းကဆိုလွ်င္ လိပ္ျပာပါလြင့္မတတ္ ပ်ဥ္ခ်ပ္မ်ားကိုႀကိဳးျဖင့္ဆြဲထားသည့္ ႀကိဳးတံတားေပၚတြင္ ဆိုင္ကယ္ကိုလိုက္ပါစီးနင္းေနရသည့္ ခံစားခ်က္က ႐ိုလာကိုစတာစီးေနရသလိုပင္။ေလး႐ုံကေတာ့ ဒီနယ္သားမို႔ေပလားမသိ ဘာမွ်ခံစားရဟန္မတူပါ။
"ျမတ္ေလး ျမစ္သာျမစ္ႀကီးက ဘာလို႔ေျပာင္းျပန္စီးဆင္းေနတာလဲဟင္"
"ကြၽန္ေတာ္မသိဘူး "
"ေအာ္ အင္းပါ"
"ဒါေပမယ့္ ကြၽန္ေတာ္သိတာတစ္ခုေတာ့ရွိတယ္ ဆရာေႏြးေရာသိခ်င္လား"
"အင္း"
"ခ်စ္ျခင္းေမတၱာဆိုတာ သတမတ္တည္းမရွိဘူးဆရာေႏြးရဲ႕… ဒီျမစ္သာျမစ္ႀကီးလိုေပါ့ ေျမာက္မွေတာင္ရယ္လို႔မဟုတ္ပဲ…ေတာင္ကေနေျမာက္ကိုလဲစီးခ်င္စီးမွာေပါ့…ဒီလိုပဲခ်စ္ျခင္းေမတၱာမွာလဲ သဘာဝက်တယ္မက်ဘူးဆိုတာမရွိပါဘူးဆရာေႏြးရယ္"
"ျမတ္ေလးေျပာတာကိုယ္နားမလည္"
"နားမလည္ခ်င္တာပါ ဆရာေႏြးရယ္…ကိုယ့္ကိုယ္ကိုယ္မညာပါနဲ႔…ဒါဆိုဆရာေႏြးနားလည္သြားမွာပါ"
"ကိုယ္"
"ေရာက္ၿပီ"
႐ုတ္တရက္ေအးစက္သြားေသာေလထုသည္ သူ႔အားမသက္မသာျဖစ္ေစလိုက္ပုံမ်ား အသက္ရႈပင္ၾကပ္ခ်င္လာသည္။သူကဘာကိုနားလည္ရမည္နည္း။သူျငင္းဆန္သည္။သို႔ေသာ္မရ သူဒီခံစားခ်က္ကိုအမွန္ဟုသတ္မွတ္လိုက္ရမည္လား။ဟင့္အင္း သူမသတ္မွတ္ခ်င္၊သို႔ေသာ္ ထိုေကာင္ငယ္ေလးအေၾကာင္းေတြးတိုင္းခုန္ေနတတ္သည့္ ႏွလုံးသားကေရာ။သူဘာမွ်မေတြးခ်င္ေတာ့ပါ။ထိုအခ်ိန္ဝင္လာသည့္ဖုန္းေၾကာင့္ သသ္ပိုင္ပိုက္ဆံအိတ္ထဲမွ ဖုန္းကေလးအားထုတ္ယူလိုက္သည္။
"ေအး ေနလတ္ေျပာ"
"ေဟ့ေကာင္ မင္းအဆင္ေျပေနရဲ႕လား"
"ေျပပါ့ဗ်ာ"
"ေအးေအး "
"မင္းေရာ "
"ေအးငါကေတာ့ သိပ္ေတာ့မေျပလွဘူးကြ အစက အညာဘက္သြားရမယ္ဆိုတာ သြားခါနီးမွေျပာင္းလိုက္လို႔ ခုနမ့္ပန္ကိုေရာက္ေနတာ"
"ေဟ ဟုတ္လားကြ ခုေရာမင္းဘယ္ေရာက္ေနတာလဲ"
"အိမ္မွာ ဟင္းခ်က္ပ်င္းလို႔ ဆိုင္လာထိုင္ေနတာ…ဒါနဲ႔ဒီဇင္ဘာပိတ္ရက္မင္းတို႔ဘက္ငါလာခဲ့မယ္"
"ေအးလာခဲ့ေလ…"
"ကင္းစင္နဲ႔ေရာ အဆက္အသြယ္ရရဲ႕လား"
"ေအးဒီေရာက္ကတည္းက အဆက္အသြယ္မရဘူးကြ"
ကင္းစင္။တိမ္ကင္းစင္ဆိုသည့္ သူမက သက္ပိုင္၏ငယ္သူငယ္ခ်င္းေလဆိုလည္းမမွား။အသက္သခင္ေက်းဇူးရွင္ဆိုလည္းဟုတ္သည္။သက္ပိုင္ငယ္ငယ္က ေက်ာက္ကပ္ေတြမေကာင္းေတာ့၍ ေသလုဆဲဆဲအေျခအေနတြင္ ကင္းစင္ကသူမ၏ေက်ာက္ကပ္တျခမ္းကို သက္ပိုင္အားၾကည္ၾကည္ျဖဴျဖဴျဖင့္ေပးခဲ့သည္။သူငယ္တန္းမွအထက္တန္းေအာင္သည္အထိ အတူတက္ခဲ့ရေသာ္လည္း ကင္းစင္ကဆရာဝန္လိုင္းဘက္ေရာက္သြားေသာေၾကာင့္ သိပ္မေတြ႕ျဖစ္ၾကေတာ့။
"ဒီဇင္ဘာက်ရင္ သူ႔ပါေခၚလာခဲ့လိုက္မယ္"
"ေအး ဒါပဲေနာ္ ငါမအားေသးလို႔"
"ေအးေအး"
သူဖုန္းခ်လိုက္ၿပီး ေဘးဘီသို႔ေဝ့ၾကည့္လိုက္ေတာ့ စာအုပ္ဆိုင္တံခါးဝတြင္ လက္ပိုက္၍ရပ္ေနေသာအေမာင္။သူဘာမွမေျပာေတာ့ပဲ ဆိုင္ထဲသို႔ဝင္ကာစာအုပ္မ်ားေ႐ြးေနလိုက္ေတာ့သည္။
"အစ္မ အစ္မ ကြၽန္ေတာ္တစ္ခုေလာက္ေမးခ်င္လို႔"
"ေမးပါရွင့္"
အေရာင္းဝန္ထမ္းမေလး၏ေျဖသံႏွင့္အတူ ေလး႐ုံ သက္ပိုင္အားတစ္ခ်က္ေစြၾကည့္လိုက္ၿပိးမွ
"ဟိုေလ လူကိုစကားမေျပာပဲပစ္ထားလို႔ အေလာင္းေဖ်ာက္ပစ္တဲ့စာအုပ္ရွိလားဗ်"
"အယ္မရွိပါဘူးေနာ္ ေမာင္ေလး"
"ဪဒါဆို ႐ြဲ႕ေနတာကိုသိရဲ႕နဲ႔မသိခ်င္ေယာင္ေဆာင္တဲ့သူကို တံတားေပၚကေနပစ္ခ်လိုက္တဲ့စာအုပ္ေလးေရာရွိလား"
"ဟုတ္ေမာင္ေလး ေျပာတာေတြ အစ္မတို႔ဆိုင္မွာမရွိပါဘူးေနာ္"
"ေအာ္…ဟုတ္ကဲ့ခင္ဗ်"
"ညီမ ေငြရွင္းမယ္"
သက္ပိုင္ဝယ္လာေသာစာအုပ္မ်ားကို အေရာင္းဝန္ထမ္းမေလးအားျပလိုက္သည္။
"ဟုတ္ ငါးေသာင္းေျခာက္ေထာင္က်ပါတယ္ရွင့္"
"ဒီမွာပါခင္ဗ်"
"ဟုတ္ကဲ့ဝယ္ယူအားေပးမႈအတြက္ေက်းဇူးတင္ပါတယ္ရွင့္"
သူတို႔ဆိုင္ထဲကထြက္လာၿပီးမွ ေလး႐ုံအားအေတာ္ပင္ေခ်ာ့လိုက္ရသည္။ဘာကိုေကာက္လို႔ေကာက္မွန္းလည္းမသိပါပဲ။အျပန္တြင္ ၿမိဳ႕မေဈးတြင္ညေနစာအတြက္တစ္ခါတည္းဝယ္ျခမ္းသြားလိုက္ၾကေတာ့သည္။အိမ္သို႔ျပန္ေရာက္ခ်ိန္တြင္ေတာ့ ညေနေလးနာရီပင္ရွိေခ်ၿပီ။
"ေဝး ေမာင္ေလး"
အျပင္မွေခၚသံေၾကာင့္ ၿခံဝသို႔ေမွ်ာ္ၾကည့္လိုက္ေတာ့ ဟိုဘက္တိုက္ကအပ်ိဳႀကီး မေအးၾကည္။သူၿခံဝသို႔ေရာက္သြားေတာ့ လႈိင္ခနဲထလာသည့္ေရေမႊးနံ႔ေၾကာင့္ႏွာေခါင္းပင္ရႈတ္လိုက္မိသည္။ဒီအပ်ိဳႀကီးဘာလာလုပ္တာပါလိမ့္။လက္ထဲတြင္လည္း ငါးဆင့္ခ်ိဳင့္ႀကီးအားကိုင္ထားၿပီး ျပင္ထားဆင္ထားသည္ကလည္းေၾကာ့လို႔။
"ဘာလဲ"
"ေမာင္ေလးကလည္း…ဆရာေလးရွိလား"
"ရွိတယ္"
"ဟယ္ဟုတ္လား ေခၚေပးစမ္းပါေအ"
"ဘာလို႔ေခၚေပးရမွာလဲ "
"ဟုတ္ပါၿပီရွင္ ဒါဆိုဆရာေလးကဒီအိမ္မွာစားတာမလား"
"စားစားမစားစား ခင္ဗ်ားအပူပါလို႔လား"
"စိတ္ႀကီးပဲဟယ္ ဒီမွာထမင္းခိုင့္လာပို႔တာဆရာေလးအတြက္"
"ေပး"
"အယ္ မမပဲအိမ္ထဲဝင္ထား…"
"ေပး ငါ့ကိုေပး ၿပီးရင္ျပန္ "
""ေအးပါဟယ္ ေအးပါ ဒါနဲ႔ဆရာေလးကိုေျပာေပးဦးေနာ္ မမေအးၾကည္ကအခ်စ္ေတြအျပည့္နဲ႔ခ်က္ေပးထားတာလို႔…အဟိဟိ"
"ေအာ္ သြားမွာမသြားဘူးသြားျပန္ေတာ့"
ထိုအခါမွ မေအးၾကည့္မွာတြန႔္ဆုတ္တြန႔္ဆုတ္ျဖင့္ျပန္သြားေတာ့သည္။ဒါေတာင္မွ သက္ပိုင္ကိုေတြ႕ရေလမလားဟု လည္တျပန္ျပန္ျဖင့္ေမွ်ာ္ၾကည့္ေနေသးသည္။
"ျမတ္ေလး ဘာလုပ္ေနတာတုန္း"
ေနာက္မွ ဆရာေႏြး၏အသံေၾကာင့္ သူေနာက္လွည့္၍ၿပဳံးျပလိုက္သည္။
"ဘာမွမဟုတ္ပါဘူးဆရာေႏြးရဲ႕ ဆရာေႏြးအထဲဝင္ႏွင့္လိုက္ေတာ့ေလ"
"အင္း အင္း ျမတ္ေလးေျခလက္ေဆးၿပီးရင္ဝင္လာခဲ့လိုက္ေတာ့ေနာ္"
"ဟုတ္ကဲ့ပါခင္ဗ်"
ဆရာေႏြးအိမ္ထဲဝင္သြားေတာ့မွ သူၿခံေနာက္ေဖးသို႔ထြက္လာခဲ့လိုက္သည္။ထို႔ေနာက္လက္ထဲမွခ်ိဳင့္အားျဖဳတ္လိုက္သည္။အထဲတြင္ အသားဟင္းေတြကစားခ်င္စဖြယ္။သူလက္ေျဖာက္တစ္ခ်က္တီးလိုက္သည္။
"ေရာင္နီေရ ေဝ့ေဝ့ေရာင္နီ"
"ဝုတ္ ဝုတ္"
သူ႔ေခၚသံၾကားၾကားခ်င္းအနားသို႔ အေျပးတပိုင္းေရာက္လာေသာ ေခြးႀကီးေရာင္နီ၏ ေခါင္းကေလးအားပြတ္သတ္ေပးလိုက္သည္။ထို႔ေနာက္ခ်ိဳင့္ကိုေျမႀကီးေပၚသို႔ခ်ကာ
"ေဖ့သားႀကီး မ်ားမ်ားစား ဒါမွအားရွိမွာ…မေအးၾကည္ကလာေပးသြားတာစားစား"
ေဝ့အသဲတို႔ ႀကိဳက္တယ္ဆိုreviewေလးဘာေလးေရးေပးသြားၾကဦးေနာ္
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၅.၁၁.၂၀၂၃
ည၉နာရီ၁၅မိနစ်