အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
501K 14.5K 560
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၂၈) uni & zg
8.8K 268 10
By EmmaRine9820
Unicode
စာမပို့ရတာ ကြာပြီဖြစ်သောconversationလေး၊အလုပ်ကိစ္စကလွဲရင် ဖုန်းလဲမဆက်ဖြစ်တော့ ၊
အရင်လိုလျှောက်သွားဖို့ဆိုပိုလို့တောင်မဖြစ်နိုင် သေးပေ ၊ သူ့ရုံးခန်း ဆိုဖာပေါ်မှာ ဂိမ်းထိုင်ဆော့နေတတ် သော ပုံရိပ်ငယ် ၊ အစားအသောက်မျိုးစုံ မှာစားတတ် သောကောင်လေး ထိုအရာအားလုံး ပျောက်ကွယ်သွားခဲ့တာ လအတော်ကြာခဲ့ပီ၊ သူနဲ့စိုင်းခက် ရင်းနှီးခဲ့ကြတဲ့ လတွေအတွင်း
အမှတ်တရတွေအတော်ပင် များလှသည်။
သူ့ဘက်ကသာ စိုင်းခက်ဆီ အလုပ်သာ မအပ်ခဲ့လျှင် ဒီကောင်လေး နဲ့ တွေ့ရဖို့တောင်မသေချာတော့ဘူးမို့လား။ သူ့ဘက်ကသာချီ ကပ်တွယ်မိနေတာ သူများအပိုင်ကိုမှ အရှက်မရှိ ဆက်ချစ်မိနေတာ။
သို့ပေမဲ့ ဘယ်တော့မှရှေ့ဆက်တိုးမှာမဟုတ်ပေ၊
မရိုးသားတဲ့ အပြုအမူအပြောအဆိုတွေလဲ
အကုန်ဆင်ခြင်ဖြစ်သည်။ ဒီတိုင်း ... ဒီတိုင်းလေး
မြင်နေချင်ရုံလေးပါ။ ဘာမျှော်လင့်ချက်မှ မထားတော့သလို ပိုင်ဆိုင်ဖို့လဲမကြိုးစားတော့ပါ၊ ငေးကြည့်နေရုံလေးနဲ့ပဲ သူ့ကိုမမေ့နိုင်ရင် တောင် တဖြည်းဖြည်း move on နိုင်အောင်သာကြိုးစားဖို့ ဆုံးဖြတ်ထားသည်။ သူ့ကြောင့်နဲ့ တစ်ဖက် သားစိတ် အနှောင့်အယှက်ဖြစ်စေမဲ့
လုပ်ရပ်မျိုးတွေကို ဘယ်တော့မှလုပ်မည်မဟုတ် လို့ အရာအာလုံးကို စည်း ဘောင်တွေအတွင်းကပဲနေဖြစ်သည်။
ချက်ချင်းမေ့ပစ်ဖို့မဖြစ်နိုင်လို့ မင်းအနားမှာ နေမိနေရုံလေးပါ ။ ကိုယ့်မှာ အခြားရည်ရွယ်ချက်မရှိရပါဘူး ၊ ကိုယ့်စိတ်ကို တည်ငြိမ်အောင် လုပ်နိုင် တဲ့တစ်နေ့တော့ မင်းအနားကနေ တဖြည်းဖြည်းပျောက်ကွယ်ပေးပေ့ါမယ်။တကယ်တော့ မင်းက ကိုယ့်ဘဝထဲကို ဧည့်သည်အဖြစ်ခဏဝင်လာခဲ့တာ ဖြစ်သလို ၊ ကိုယ်ကလဲ မင်းဘဝထဲကို ဧည့်သည်အဖြစ်ခဏဝင်လာခဲ့တာ မိတာပဲလေ ။ ရှေ့ဆက်ပြီးမင်းအနားမှာ ကိုယ်နေရင် ဒီငြိုတွယ်မှုတွေ အချစ်တွေက ရပ်တည့်လို့ရတော့မှာမဟုတ် ဘူး ၊ ကိုယ့်အချစ်တွေကို တသက်လုံးသိမ်းထားပြီး ကိုယ်အဝေးကနေပဲ ချစ်နေပါ့မယ်။
Phone wallpaper က နောက်ကျောပြင် လေးကို
စိုက်ကြည့်နေရင်း အတွေးများစွာဖြင့် သက်ပြင်းချမိတာ အကြိမ်ကြိမ်ပင် ၊ အတွေးတို့ကို အဆုံးသတ်လျက် ထို wallpaper လေးကို change ပစ်လိုက်တော့သည်။
Ring ! Ring !
Wallpaper အသစ်ပေါ်မှ ခက် ဆိုတဲ့ contact လေး .... ခတ္တမျှ စိုက်ကြည့်ပီးမှ ကိုင်လိုက်သည်။
" အင်းခက်"
"ဟို ခုထိမလာသေးလို့လေ ဘယ်ချိန်လောက် လာဖြစ်မလဲ သိချင်လို့ ဆက်လိုက်တာ "
"အင်း ကိစ္စရှိလို့လား ခက် "
"ဟင် ကိစ္စတော့မရှိပါဘူး ဒီနေ့က ကျွန်တော့်ဆီ အကိုလာနေကြမို့ မလာသေးလို့ ဒီတိုင်းမေး
ကြည့်တာ "
" အင်း ကိုယ် ဒီနေ့ရုံးမှာနဲနဲအလုပ်ရှုပ်နေလို့ မလာ
ဖြစ်လောက်တော့ဘူး ၊ အိမ်ကလဲ ဖောင်ဒင်းရှင်းချ ( အုတ်မြစ်ချခြင်း ) ပြီးပြီးဆိုတော့ လိုအပ် တာတွေ ခန့်မှူးလွင်ကို ကိုယ်အားလုံးပြောထားတယ် ခက်အေးဆေးနားလို့ရပါပြီ "
"အင်းပါ"
"ဒါဆို ကိုယ်ဖုန်းချပြီနော် "
"ဟုတ်ကဲ့"
ထိုက်ဖုန်းချပြီးတာနဲ့ ရင်ထဲ မွန်းကြပ်လာပြီး အသက်ရူကြပ်လာရသလိုပါ ခံစားလာရ၍ Necktieကိုင်ခပ် လျော့လျော့ဖြည်ချကာ စားပွဲပေါ်တွင် အဆင်သင့်ရှိသော ရေတစ်ခွက်မေ့ာသောက် လိုက်ရသည် ။ သူစိုင်းခက်ကို ဒီလို
တစ်ခါမျှမဆက်ဆံဖူးပေ၊ ဟန်ဆောင်ရတာ
အတော်ပင်ပန်းပါလား၊ သို့ပေမဲ့ ဒီလိုမှမလုပ်ရင် သူပဲနာကျင်ပြီး ရုန်းထွက်ဖို့ခက်ခဲနေမှာမို့လား ၊ တဖြည်းဖြည်း နေတတ်အောင်နေပြီး စိုင်းခက်
အနားကနေ ထွက်သွားနိုင်အောင်ကြိုးစားရတော့မည်။....
လူတွေကပြောတယ်
"မဖြစ်နိုင်တာမရှိပါဘူး
မဖြစ်သေးတာပဲရှိတာပါတဲ့ "
တကယ်တော့
မဖြစ်တော့မယ့် အရာတွေလည်းရှိပါတယ်။
ဥပမာ မင်း နဲ့ ကိုယ့် လိုပေါ့ ။...
*****🌸🌸🌸*****
စိုင်းခက် ချသွားသော ဖုန်းလေးကိုခုထိကြည့်မိနေတုန်းပင်၊ တကယ်ဆိုဒီနေ့က ထိုက်လာတဲ့ရက် ဖြစ် ပြီး နေ့လည် ၁နာရီထိုးသည်အထိရောက်မလာသေး၍ ဘာကြောင့်မှန်းမသိဖုန်းဆက်ချင် လာသဖြင့် ဖုန်းခေါ်မိလိုက်ခြင်းပင် ။ သို့ပေမဲ့ တစ်ဖက် က ပြန်ပြောလာသောအပြောအဆိုတွေက စိုင်းခက်အတွက် အသားမကျသေးပေ ထိုက် ခုရက်ပိုင်း သူ့ကိုရှောင်လာသည်က အလွန်ပင်သိသာလာသည်။ ပြောတာဆိုတာတွေကလဲ ပြောင်းလဲလာသည်။ ထိုက်သူ့အပေါ်ထို့သို့ဆက်ဆံလာတာတွေကို လိုက်ခံစားနေမိသည်။ ခုဆို သူရဲ့ desing ပိုင်းကပြီးပြီဆိုတော့ ထိုက်နဲ့တွေ့ဖို့ရာအကြောင်းကသိပ်မရှိတော့၊ ခန့်မှူးလွင်ရဲ့ စီမံရေးအပိုင်းမို့ စိုင်းခက်ဘာမှလုပ်စရာမလိုတော့။မနေတတ်ပေ၊ သူ့အပေါ်အေးတိအေးစက်ဖြင့် ဖာသိဖာသာ ဆက်ဆံလာတဲ့အပေါ် နှလုံးသားက နာကျင်သလိုခံစားလာရသည်။
ဟိန်းရှိနေပါလျက်နဲ့ခုလိုခံစားမှုတွေ ဖြစ်ပေါ်နေတာ ရပ်တန့်လို့မရပေ ၊ ဟိန်းကိုသနားပေမဲ့ သူ့ခံစားချက် တွေက ထိုက် အပေါ်တစ်ရက်ထပ်တစ် ရက် ငြိုတွယ် နေမိပြီသည်။ သို့ပေမဲ့ဟိန်းဆီကိုပဲ ရအောင်စိတ်နှစ် ကြည့်ပေမဲ့ အချည်းအနှီးသာ၊ ဟိန်းကို အရမ်းပြန်လိုချင်လွန်းခဲ့ပြီး ခုပြန်ရတော့မှ နှလုံးသားက ဦးတည်ချက်မှားနေမှန်း ဟိန်းနဲ့အနီးကပ်နေရင်းမှတဖြည်းဖြည်းသိလာခဲ့ရသည်။ ဟိန်းအပေါ်မှာ တစ်ခုတည်းသော ကျန်ရှိသည့်အရာမှာ သံယောဇဉ်မျှင်တို့သာ။ ဒါကလည်း သူဟိန်းနှင့်အတူ ရှိနေရသည့် တစ်ခုတည်းသော အကြောင်းပြချက်။
အစက အကို နဲ့ အနေနီးလို့ စိတ်လှုပ်ရှားတယ်
ထင်ခဲ့ပေမဲ့ ခုအကိုက သူနဲ့ဝေးရာကိုရောက်သွားတော့မှ သူ့စိတ်အစုံကို အရင်ကထဲက အကိုက လွှမ်းမိုးနေခဲ့မှန်းသေချာသိလာရသည်။ သို့ပေမဲ့ ထိန်းချုပ်ရမည် ၊ အတတ်နိုင်ဆုံးတော့ ထိန်းချုပ် ရမည်။ ဟိန်းရှိသေးသည် ဟိန်းကိုသနားသည်၊ ခုဆိုဟိန်းဘဝမှာ သူကလွဲရင်ဘယ်သူမှမရှိတော့ပေ၊ သူရှိပေးမှသာဖြစ်မည်။သူ့နှလုံးသားကို ထိန်းချုပ်နေရတာပင် ပန်းလှပြီ ။
ဒုန်းး !!!! စားပွဲပေါ်သို့ ဖိုင်တွဲအပုံလိုက်ကြီး ပစ်ချလာသော ခန့်မှူးလွင်ကြောင့် စိုင်းခက်အတွေး
ဆတို့ ပျောက်ပျက်သွားရသည်။ ခန့်မှူးလွင်ကို ဒါဘာလဲ ဆိုတော့ သဘောဖြင့် မော့ကြည့်ကာ မျက်စပ်ပစ်ပြလိုက်တော့ ...
" မင်းရေသာခိုနေလို့လေ အဲဖိုင်တွေ ဒီ၁ပတ်
အတွင်းအပြီးစစ်နော် ငါခု ကလေး ကိုသွားကြိုပြီး ဟိုအပတ်က အပ်ထားတဲ့ ဆိုက် ထဲသွားကြည့်မလို့ အဲတာပြီးရင်းအိမ်တန်းပြန်မှာ တံခါးတွေသေချာပိတ်ခဲ့ "
"အေးပါ ငါလုပ်ထားပါမယ် "
ခန့်မှူးကို ဘာမှ စကားနာပြန်မထိုးပဲ လေသံပျော့ပျော့နှင့်သာစကားဆိုပြီး ဖိုင်တွေကို ကောက်
ကိုင်လိုက်သဖြင့်
" ငါကြည့်နေတာကြာပြီ မင်းခုတလောဘာဖြစ်နေတာလဲ ၊ ဟိန်း နဲ့ အဆင်မပြေတာလား ကိုထိုက်နဲ့ အဆင်မပြေတာလား "
"မသိတော့ပါဘူးကွာ ငါဘာမှမပြောချင်ဘူး "
"ငါမင်းကိုပြောခဲ့သားပဲ ကိုယ်ဇာတ်ကိုနိုင်အောင် ကလို့ ငါဘာမှတော့ကြားမဝင်ချင်ဘူး ဒါမဲ့တစ်ခုတော့ ပြောမယ် လောကမှာ အပင်ပန်းဆုံးက တစ်ယောက်နဲ့တစ်ယောက်မချစ်ကြပဲ တူတူနေရတာရယ် ၊ ကိုယ့်ချစ်ရသူက အခြားသူဆီစိတ်
ရောက်နေပြီး သူ့ဆီမှာ လူသာရှိပီး စိတ်မရှိတဲ့ လူနဲ့ တူတူနေရတာရယ် အဲနှစ်မျိုးက လူတွေရဲ့ နှလုံးသားအတွက် အပင်ပန်းဆုံးပဲ "
စိုင်းခက် "အေးပါ" ကလွဲရင် ဘာမျှမပြောနိုင်။ ခန့်မှူးလွင် ကစကားဆက်သည်။
"မင်းစဉ်းစားပေါ့ ငါပြောတာ ဟိန်းအတွက်ရော ပါတယ်နော် ဒီတစ်ခါ ရွေးချယ်မှုတွေ နောက်မကျပါစေနဲ့ ငါသွားပြီ "
စိုင်းခက် ပခုံးကို ပုတ်ကာ ထွက်သွားပြီဖြစ်သော ခန့်မှူးစကားလုံးတွေဟာ နားထဲထပ်ခါထပ်ခါ ပြန်ကြားယောင်နေမိသည်။ သူ့စိတ်တွေ အကို့ဆီရောက်နေတာ ဟိန်းများရိပ်မိနေပြီလား ဟိန်းနာကျင်နေရပြီလား ၊ ဟိန်းကို သနားလို့ သူ့ဘေးမှာ ဆက်ထားနေတာက နာကျင်မှုတွေများပိုပေး
သလို ဖြစ်နေပြီလား .....
စိတ်တွေအရမ်းရှုပ်ထွေးလာရသဖြင့် စားပွဲပေါ်
တွင် လက်ပေါ်ခေါင်းတင်၍ မှောက်ကာ မျက်စိစုံမှိတ် ပြီးမှေးနေလိုက်သည်။ မိနစ်အနဲငယ်ကြာတော့ ရုံးခန်းတံခါးဖွင့်သာနှင့် အတူ ကော်ဖီနံ့
သင်းသင်းပါရောပါလာသဖြင့် စိုင်းခက် ခေါင်းထောင်မကြည့်သေးမျက် လုံးမှိတ်ထားလျက်ပင် ပြုံးနေမိသည်။ ခြေလှမ်းခပ်ဖွဖွလျှောက်လာပြီး သူ့စားပွဲရှေ့ရောက်မှ ခေါင်းမော့လျက်
တစ်ဆက်ထဲ ပြုံးကာ ပြောလိုက်သည်က
" အကို ပြောတော့ ဒီနေ့မလာတော့ဘူးဆို ခုမှ
ဘာလာလုပ်တာလဲ "
သူ့ရှေ့မှကော်ဖီခွက်လေးနှင့် မုန့်ထုပ်လေးကိုင် ကာ ရပ်နေသောလူကြောင့် စိုင်းခက် ရုတ်တရက် အံ့ဩသွားကာ
"ဟင် ဟိန်း "
ဟိန်းက တည်ငြိမ်စွာ နှုတ်ခမ်းလှုပ်ရုံမျှသာပြုံးပြရင်း ခုံတွင်ဝင်ထိုင်လိုက်တော့ ....
" ဟို ငါက အကိုထင်လို့ sorry နော် ဟိန်း မင်းကဒီချိန် မလာဖူးလို့ လေ "
သူ့ရှေ့တွေ စိတ်လှုပ်ရှားဟန်ဖြင့် ဂနာမငြိမ်စွာ
ရှင်းပြနေသောစိုင်းခက် ကြောင့် မသိမသာ သက်ပြင်းခပ်ဖွဖွချရင်း ....
"အင်း ငါစာအုပ်ထွက်ဝယ်ရင်း မင်းအတွက်
ကော်ဖီနဲ့ မုန့်လာပို့တာ ၊ ကိုထိုက်နဲ့ကချိန်းထားတာရှိလို့စောင့်နေတာလား "
ဟိန်းသိချင်စိတ်ကိုမထိန်းနိုင်တော့၍ မေးလိုက်မိသည် ၊ လူကိုကြည့်စရာတောင်မလိုပဲ ဒီကော်ဖီရနံ့တွေကို ရလိုက်တာနဲ့ ဒီလူဆိုတာ သေချာသည် အထိ မင်းနှလုံးသားထဲမှာနေရာယူနေပြီလား ၊ ငါကော်ဖီရနံ့တွေကိုတောင် မုန်းချင်လာပီ
စိုင်းခက်ရယ် ။
"ဟို .. အင်း.. ဒီလိုပါ ငါအကိုရဲ့ခြံကိစ္စ ပြောဖို့
ချိန်းထားတာ အခြားဘာမှမရှိပါဘူး "
စိုင်းခက် သူ့ဘာသာသူ မလုံမလဲဖြစ်ကာ စကားတွေက အိုးတို့အန်းတန်း ဖြစ်သွားရမည်။
" အင်းပါ ၊ ရော့ကော်ဖီနဲ့မုန့်လေးစားအုံး"
ပုံမှန်သာပြောနေပြီး စိတ်ဆိုးဟန်မရှိတဲ့ ဟိန်းကြောင့် စိုင်းခက်စိတ်သက်သာရာရသွားတော့
သည်။
"ဟိန်းတစ်ယောက်ထဲ မပြန်နဲ့တော့နော် ငါနဲ့တူတူပြန်မယ် ငါခနပဲ ဒီဖိုင်လေးတစ်ချို့တစ်ဝက်စစ် ပြီးရင်ပြီးပြီ "
"ငါက ရပါတယ် လုပ်စရာရှိတာလုပ် ငါစာအုပ်
ဖတ်ရင်းစောင့်မယ်နော် "
"....."
ဟိန်းလဲ ဧည့်သည်တွေအတွက်ထားတဲ့ စားပွဲသို့ရွေ့ကာ ထိုင်ပြီး၊ ဖိုင်တွဲတွေကြည့်နေတဲ့ စိုင်းခက် ကို ငေးကြည့်နေမိရင်း မင်းစိတ်တွေ တကယ်ကို သူ့ဆီရောက် နေပါပီလား စိုင်းခက်ရယ် ၊ ရင်ခုန် သံတွေနှေးလာတယ် ငါတို့တဖြည်းဖြည်းဝေး
မှန်းမသိဝေးလာနေပြီလား ငါမဝေးချင်ဘူးသေးဘူးကွာ ။ မင်းကို ပျော်ရာကို ပြေးစေချင်ပြီး ငါဆက်မလိုက်ပဲ နေချင်ပါတယ် ဒါမဲ့ ငါမလုပ်
နိုင်သေးဘူး စိုင်းခက် ငါအတ္တတွေကြီးနေမိလား ငါမင်းကို ချစ်လို့ မစွန့်လွတ်သေးလို့ ခွင့်လွတ် ပေးပါ ။ ငါဆက်ဆွဲထားကြည့်ချင်သေးတယ် တစ်ခါလောက်လေးပဲဖြစ်ဖြစ်ပေါ့ ။
*****🌸🌸🌸*****
ဒီနေ့ဆိုစိုင်းခက် ထိုက်နဲ့မတွေ့ရတာ ၁လတောင် ရှိလေပြီ၊ နောက်ဆုံးတွေ့ခဲ့ရသည်က မိုးတွေရွာတဲ့နေ့ ထိုနေ့က ထိုက်၏ ပုံစံမှာ သာမာန်အတိုင်းသာ သူ့အပေါ်ဘာမှထွေထွေထူးထူးမပြောင်းလဲ ၊ သို့ပေမဲ့ အဲရက်နောက်ပိုင်း ထိုက်ကသူ့ကို မခေါ်မပြောတော့ သူ့အလုပ်တာဝန်ကလဲပြီးသွားတော့ လုံးဝကိုမတွေ့ဖြစ်။
စာမပို့တာဆို ဟိန်းနဲ့ပြန်တွဲကထဲက၊ ဒါကလဲ သူမပို့နဲ့လို့ပြောထားလို့များ ၊ မတွေ့ရတဲ့ ၁လအတွင်း အလွမ်းစိတ်ကြောင့် စိတ်နဲ့လူနဲ့
ကို မကပ် ၊ ဘာမှလုပ် ချင်ကိုင်ချင်စိတ်လဲမရှိ ၊ ဒီနေ့တော့ သူရုံးကိုမသွားဖြစ် လေပြေသွေးလဲ ရှိနေတာကြောင့် ခန့်မှူးကိုပြောပီး ၁ရက်နားလိုက် သည် ။
ဟိန်းတစ်ယောက်စိုင်းခက်ဒီနေ့နားသဖြင့် ပျော်နေတော့သည်။ သူတို့နှစ်ယောက် လျှောက် မလည်ဖြစ် တာကြာ၍ ဒီနေ့ date ရန်ပြောသဖြင့် ခု ocean ရောက်နေခြင်းဖြစ်သည်။
" စိုင်းခက် ဒီမှာပဲစားမလား ငါတို့ကြေးအိုးမစားတာကြာပီ "
"အင်းစားကြမယ်လေ ငါလဲ ဝက်ဆာတေးစား
ချင်နေတာ"
Ocean အပေါ်ဆုံးထပ်ကို တက်လာပြီး YKKO တွင် ကြေးအိုးစားဖို့ရွေးချယ်လိုက်သည်။ဆိုင်ထဲဝင်ကာ နေရာယူပီးနောက် ဟိန်းက ဝိတ်တာအားလှမ်းခေါ်လိုက်ကာ
"ကြေးအိုး၁ပွဲ ဝက်သားနဲ့ ၊ ပီးတော့
စိုင်းခက် ဘာစားမလဲ "
"အင်း ငါက ဆီချက်ကို ဝက်သားနဲ့ ပီးတော့ ဝက်ဆာတေး "
"ဒါဆိုရင် ကြေးအိုး ရယ် ဆီချက်ရယ် ဆာတေးရယ် အကုန်ဝက်သားတွေနဲ့ပဲ လုပ်ပေးနော်"
ဟိန်းက ဝိတ်တာလေးအားမှာစရာရှိတာများမှာ
လိုက်ပြီး စိုင်းခက်ကို စကားဆက်လိုက်သည်။
" ဒါပီးရင်ငါတို့ရုပ်ရှင်ကြည့်ကြမယ်လေ မင်းကြိုက်တဲ့ကား ကြည့်ကြမယ် ပီးရင် အောက်ထပ်က MK မှာ မင်းကြိုက်တဲ့ Shirt လက်တို နဲ့ polo shirt ဒီဇိုင်းအသစ်တွေ ရောက်တယ် ငါလိုက်
ဝယ်ပေးမယ် ၊ ညကျရင် Starry bar သွား
ထိုင်ကြမယ်လေ "
ဟိန်းက သူကြိုက်တာချီပဲ အားတက်သရော
ပြုံးရွှင်စွာပြောလာသဖြင့် အားနာစိတ်တွေက ဝင်ရောက်လာရပြန်သည်။ ဟိန်းက ခုနောက်ပိုင်းသူ့ကိုပိုပြီး ဂရုစိုက်အလိုလိုက်လာသည်မှာ အသိအသာပင်၊ ခုလိုတွေ ဟိန်းကြိုးစားပြုပြင်
နေသည်ကိုမြင်ရတော့ သနားစိတ်ပိုကာ မထားခဲ့နိုင်ဖြစ်ရသည်။
"အင်းသွားကြတာပေါ့ ငါတို့ခုလို မလည်ရတာကြာပီ"
စိုင်းခက် အတတ်နိုင်ဆုံး ဟိန်းအပေါ်
ပြန်ကောင်းပေးရမည်။သူထိုက်ကိုချစ်နေမိတော့လဲအချိန်တွေလွန်နေခဲ့ပီမို့လား။သူတို့စကားပြောနေတုန်း စားစရာများလာချသဖြင့် အရင်စား
လိုက်ကြသည်။
စားလို့ပြီးတာနှင့် အရင်ဆုံးရုပ်ရှင်လက်မှတ်
ဖြတ်လိုက်သည်။ ရုပ်ရှင်ချိန်က နေ့လည် ၂နာရီဖြစ်သဖြင့် ၁နာရီလောက်လိုသေး၍ MK ကိုအရင်သွားလိုက်ကြသည်။ ဆိုင်ကိုရောက်တာနှင့်
ဟိန်းက သူ့ဖုန်းထဲက save ထားတဲ့ပုံတွေကို ဝန်ထမ်းကောင်လေးအားပြလိုက်တော့
ကောင်လေးက ထိုအထည်များ ရှိသည့်
အတန်းကို ခေါ်သွားပေးသည်။
"စိုင်းခက် ဒီမှာကြည့်လေ မင်းကြိုက်တဲ့အသား နဲ့ အရောင်တွေ ဘယ်လိုလဲသဘောကျလား ၊
လိုချင် တာရွေးလိုက် "
ဟိန်းအပြောကြောင့် စိုင်းခက်ကြည့်လိုက်တော့ တကယ်ပင်သူအကြိုက်ဆုံး shirt တွေ အသားကအိပီး ဝတ်ရတာပေါ့ပါးလို့ အမြဲဝယ်ဖြစ်သည်
ဒီအထည်တွေက ရောက်ကုန်ဖြစ်တာများသည် preorder ကြိုတင်မှသာ ရဖို့သေချာသည်။
"ငါအရမ်းကြိုက်တယ် ငါလာတိုင်းကုန်နေလို့preorder တောင်တင်မလို့လုပ်နေတာ "
"ငါသိတာပေါ့ အဲတာကြောင့် သူတို့ဆီရောက် ရောက် ခြင်းငါမင်းကိုတန်းခေါ်လာတာ၊ ကဲရွေး "
စိုင်းခက် လိုချင်တဲ့အရောင်နဲ့ size တွေကိုရွေးကာ ဝန်ထမ်းကောင်လေးကိုထည့်ခိုင်းလိုက်သည်။ ပြီးသည်နှင့် ဟိန်းကငွေထုတ်ရှင်းသည်။ ရုပ်ရှင်ချိန်ကလဲနီးလာသဖြင့် အပေါ်ထပ်သို့ ပြန်တက်လာခဲ့လိုက် ပြီး မုန့်တစ်ချို့ဝယ်ကာ ရုံထဲဝင်လိုက်ကြသည် ဟိန်းဖြတ် ထားသည်က အတွဲခုံဖြစ်နေ၍ အံ့ဩသလိုစိုင်းခက်က ကြည့်လိုက်တော့ သဘောပေါက်စွာဖြင့် ရီကျဲကျဲပြောလာသည်က
" ရည်းစားဖြစ်ခါစကလို ရင်ခုန်စရာကောင်းအောင် လို့တဲ့လေ"
ဟိန်းကစကားတွေအရမ်းတတ်လာတာ
အရင်တုန်းကစိတ်နဲ့သာဆို ရင်ခုန်ပီးပျော်မိမှာ
မှန်ပေမဲ့ ခုတော့ ဟိန်းအပြုအမူအပြောအဆိုတွေက သူ့အတွက်ဝန်ထုပ်ဝန်ပိုး၁ခုလိုဖြစ်လာရ
သည်။
သူတို့ထိုင်ရမဲ့နေရာတွင် ဝင်ထိုင်လိုက်သည်။ ရုပ်ရှင် ကခုထိမပြသေး ကြော်ညာတွေသာအရင် ပြနေသည်။ ကြော်ညာတွေကို ကြည့်နေတဲ့ စိုင်းခက်ဘက်ကို လှည့်လိုက်ပြီး လက်တို့ကို ဆွဲယူ၍ ဆုပ်ကိုင်လိုက်ကာ
"စိုင်းခက် ငါလေ ခုအရမ်းရင်ခုန်နေတယ်သိလား ငါတို့ခုလိုအတွဲခုံထိုင်ပြီး ရုပ်ရှင်မကြည့်ရတာ ဘယ်လောက်ကြာပီလဲတောင်မမှတ်မိတော့ဘူး"
ဟိန်း သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော
စိုင်းခက်လက်ကို သူ့ရင်ဘက်ပေါ်တင်လိုက် ကာ ရင်ခုန်သံတွေကို အတည်ပြုစေသည်။ တစ်ဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံက လက်ကိုတောင်တုန်ခါယယောင်ဖြစ်နေရသဖြင့် ....
"မင်းတကယ် စိတ်ရှုပ်ရှားနေတာပဲဟိန်းရဲ့ ဟားဟား မသိရင် ခုမှ ရည်းစားစဖြစ်တဲ့သူတွေကျလို့"
သူ့ရင်ဘက်ကို ပုပ်ကာ ရီ၍ပြောနေသောစိုင်းခက် ရဲ့ အပြုံးတွေက ဒီတစ်ခါတော့ တကယ့်အစစ်တွေပဲ အခြားလူဆီစိတ်မရောက်ပဲ သူပြောတဲ့စကားတွေကိုတော့ စိတ်လိုလက်ရ ရီနေသောကြောင့် ဟိန်းရင်ထဲ ဝမ်းနည်းဝမ်းသာ ဖြစ်သွားရသည်။ ဟိန်း စိုင်းခက်မေးလေးအား ကိုင်ကာ နဖူးကိုခပ်ဖွဖွနမ်း၍
" ငါကအရင်ကထက် ခုအခြေအနေမှာ
မင်းအတွက် ပိုကြိုးစားချင်တယ် ၊ မင်းကြိုက် တာတွေ အကုန်လုပ် ဖြည့်ဆည်းပေးမယ် ၊
ငါမင်းကိုအရမ်းချစ်တယ် မင်းအနားမှာပဲ တသက်လုံးကပ်တွယ်နေမှာ ငါ့ကိုနှင်မထုတ်ပါနဲ့နော် "
ဟိန်း ပြောရင်းပင်အသံက ဝမ်းနည်းမှူများကြီးစိုးလာရသည် ။ စိုင်းခက် ဟိန်းကိုကြည့်၍
" ငါကမင်းကိုနှင်ထုတ်စရာလား ဘာတွေ
လျှောက်တွေးနေတာလဲဟိန်းရဲ့ မင်းမျက်နှာကြီးက ငိုတော့မဲ့အတိုင်းပဲ "
" အင်းပါ ငါဘာမှမတွေးတော့ဘူးနော် ၊
ရုပ်ရှင်လဲစနေပြီ ကြည့်ကြစို့ "
"အင်းအင်း"
ဟိန်းက စိုင်းခက်ဆီ အပ်ချည်လေးတစ်မျှင်တစ်မျှင်ပဲကျန် တော့မည်ဆိုတောင် ဆွဲထားချင်မိသည်။ စိုင်းခက်မျက်ဝန်းတွေမှာ သူ့အတွက်နေရာတစ်နေရာတော့ကျန်သေးမည်ဟု ယုံကြည်မိသည်။ဒီနေရာလေးကို ဟိန်း နေမည်။ စိုင်းခက် သူ့အတွက်ချန်ထားတဲ့နေရာလေး။ စိုင်းခက် ချန်ခဲ့ရင်လည်း သူကျန်ခဲ့ရုံသာ။ ဒါပေမဲ့သူ့ဘက်ကတော့ စိုင်းခက် ကိုအဆုံးရှုံးမခံနိုင်။ သူ စိုင်းခက်ပေါ် အချစ်တဲ့ အချစ်က စိုင်းခက် ထက်အများကြီး ပိုမှန်းသိသည်။ စိုင်းခက်သူ့ကိုချစ်သေးရဲ့လားမသေချာတော့ပေမဲ့လဲ သူတို့ကြားမှာ သံယောဇဉ်လေးတော့ရှိသေးသည်လေ။ သူပိုပိုပြီး စိုင်းခက်ကို ချစ်ရုံမှတစ်ပါးမရှိတော့။
******🌸🌸🌸🌸********
Zawgyi
အကုန်ဆင်ခြင်ဖြစ်သည်။ ဒီတိုင်း ... ဒီတိုင်းလေး
Ring ! Ring !
" အင်းခက်"
ကြည့်တာ "
"အင်းပါ"
"ဟုတ်ကဲ့"
ထိုက်ဖုန်းချပြီးတာနဲ့ ရင်ထဲ မွန်းကြပ်လာပြီး အသက်ရူကြပ်လာရသလိုပါ ခံစားလာရ၍ Necktieကိုင်ခပ် လျော့လျော့ဖြည်ချကာ စားပွဲပေါ်တွင် အဆင်သင့်ရှိသော ရေတစ်ခွက်မော့သောက် လိုက်ရသည် ။ သူစိုင်းခက်ကို ဒီလို
လူတွေကပြောတယ်
တကယ်တော့
*****🌸🌸🌸*****
"အေးပါ ငါလုပ်ထားပါမယ် "
ကိုင်လိုက်သဖြင့်
သလို ဖြစ်နေပြီလား .....
ဘာလာလုပ်တာလဲ "
"ဟင် ဟိန်း "
စိုင်းခက်ရယ် ။
သည်။
"....."
*****🌸🌸🌸*****
ချင်နေတာ"
စိုင်းခက် ဘာစားမလဲ "
ထိုင်ကြမယ်လေ "
လိုက်ကြသည်။
လိုချင် တာရွေးလိုက် "
သည်။
"အင်းအင်း"
******🌸🌸🌸🌸********
Continue Reading
You'll Also Like
2.7K 89 12
9.6K 506 16
MewGulf fanfiction.. ဒီficသည်စိတ်ကူးသက်သက်ဖြင့်သာဖန်တီးခြင်းဖြစ်ပါသည် By winterdaisy88
109K 5.2K 22
ဒီနေ့fbမှာfriတစ်ယောက်လက်ခံလိုက်တယ်ကောင်မလေးတစ်ယောက်ကိုပေါ့ .... တစ်နေ့သူမကပြောလာခဲ့တယ်ယောကျားလေးတစ်ယောက်တဲ့~~~ cover photo by @kyiNuuPwintWai24
3.2M 204K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...