My beloved school president (...
By 95blackcoffee95
10.4K 1.1K 101
ကျွန်တော်ချစ်ရတဲ့ကျောင်းသားဥက္ကဌလေး More
အပိုင်း (၁)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း (၁၀)
final (Unicode)
Final (Zawgyi)
အပိုင်း(၂)
860 112 9
By 95blackcoffee95
"ဒီမှာ အဆင်ပြေရဲ့လား ... "
ဟာအိုနားထဲတွင်အသံဆူဆူညံညံကြားရတာကြောင့်
အသိဝင်လာပြီး မျက်လုံးဖွင့်ကြည့်ရာ သူ့ကိုလှုပ်နိုးနေတဲ့
ဟန်ဘင်းဆိုတဲ့ကျောင်းလူဆိုးကိုတွေ့လိုက်တာကြောင့်
ကမန်းကတန်းထပြီး
"မင်း ခုနက ဓားထိသွားတယ်မဟုတ်လား ?"
မေ့မြောနေရာက ရုတ်တရက်ထလာပြီး ဟန်ဘင်းကိုဓားထိသွား
ကြောင်းအလန့်တကြားပြောကာ ဟန်ဘင်းရဲ့ခန္ဓာကိုယ်ကို
သေချာစစ်ဆေးနေတဲ့ အခန်းဘေးကလူထူးဆန်းကို
ကြည့်ပြီး ဟန်ဘင်းပြုံးမိမလိုပင်ဖြစ်သွားရသည်။
အမှန်တော့ဟန်ဘင်းသူ့ရှေ့ကလူ၊တစ်နည်းအားဖြင့်
သူ့အခန်းဘေးကလူကိုသတိထားမိနေ
တာကြာပြီ ၊ အိမ်ထဲမှာရှိပါလျှက်နဲ့ လူမရှိဘူးလို့ဖြေတဲ့လူထူးဆန်း
က ဟန်ဘင်းနဲ့လည်းတစ်ကျောင်းဖြစ်ကြောင်း
တစ်ပတ်လောက်နေမှဟန်ဘင်းသတိထားမိတာပင်၊
ကျောင်းမှာထိပ်တိုက်တွေ့လျှင်အကြည့်လွှဲသွားတတ်ပြီး
နှစ်ယောက်တည်းထိပ်တိုက်တွေ့ရင်တော့နောက်လှည့်ပြီး
ထွက်ပြေးသွားတာကခပ်များများပင်၊
အိမ်မှာဆိုလျှင်တော့ သူ့အခန်းထဲကထွက်တိုင်း
ဟန်ဘင်းအခန်းကို သေချာကြည့်ပြီးမှ ကမန်းကတန်းပြေး
ထွက်သွားတတ်တာကို ဟိုတစ်နေ့ ဟန်ဘင်းကျောင်းက
ပြန်လာမှ သတိထားမိတာဖြစ်သည်။
ဘာလို့သူ့ကိုရှောင်နေသလိုဖြစ်နေရတာလဲဆိုတာ ဟန်ဘင်းလည်း
မခန့်မှန်းတတ်ပါချေ။
"ဓားက ခါးဘေးကိုရှပ်ထိသွားတာ ထွေထွေထူးထူးမဟုတ်ဘူး၊
ပစ္စည်းတွေဘာတွေပါသွားသေးလား "
"ဟင့်အင်းမပါသွားဘူး "
"လမ်းလျှောက်လို့နိုင်လား အိမ်ကိုဒီအတိုင်းပြန်နိုင်လား
ကျွန်တော်က ရဲစခန်းကိုသွားပြီး ထွက်ဆိုချက်သွားပေးရဦး
မှာမို့ "
"ငါလည်း လိုက်ခဲ့မယ်လေ ပြဿနာက ငါ့ဆီကစတာမို့လား"
"အဲ့လိုလုပ်လို့အဆင်ပြေရဲ့လား "
ဖြူဖျော့နေပုံပေါ်တဲ့ လူကိုကြည့်ပြီး ဟန်ဘင်းထပ်ဆင့်
အတည်ပြုကြည့်လိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် ရဲစခန်းကိုတော့
သူတို့နှစ်ယောက်လုံးသွားရမှာပင် ဟာအိုက တအားလန့်သွားပုံ
ရတာမို့ ရဲစခန်းထိ ဟန်ဘင်းခေါ်မသွားချင်တာလည်းပါသည်။
"ပြေတယ် ငါလိုက်ခဲ့မယ် "
ထို့နောက်နှစ်ယောက်လုံးရဲစခန်းကို သွားပြီးထွက်ဆိုချက်ပြုလုပ်
ချိန် ဟာအိုသိလိုက်တဲ့အမှန်တရားတစ်ခုက ဟန်ဘင်းသည်
သူထင်ထားသလို ကျောင်းလူဆိုးမဟုတ်ဘဲ ကျောင်းသားဥက္ကဌ
ဖြစ်နေခဲ့သည်ပင် ။ပြီးတော့ သူ့ထက်တစ်နှစ်ငယ်တဲ့
ဂျူနီယာလေးတဲ့လေ ။ ဂျူနီယာက ဘယ်လိုလုပ်ကျောင်းသား
ဥက္ကဌဖြစ်ရတာလဲ အဲ့ရာထူးကိုစီနီယာတန်းကနေရွေးရမှာမဟုတ်လား။
ဟန်ဘင်းရဲ့ ထွက်ဆိုချက်တွေကိုနားထောင်ရင်းနဲ့ ဟိုတစ်ခေါက်
ကျောင်းနောက်မှာတွေ့ခဲ့တဲ့အဖြစ်အပျက်က ထိုကျောင်းသား
ငါးယောက်က တခြားကျောင်းသားတွေဆီကလုထားသည်များ
ကို ဟန်ဘင်းက ပြန်လည်တောင်းပေးနေခြင်းဖြစ်ကြောင်း...
အမှန်တရားကိုသိလိုက်ရတဲ့ ဟာအိုမှာ တစ်လနီးပါးလောက်
ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးထားမိကြောင်းနှင့်
ဟန်ဘင်းကို ကြိတ်ပြီး ရွံ့ကြောက်နေခဲ့မိတဲ့အချိန်တွေပြန်အမှတ်
ရမိကာ ဟန်ဘင်းအပေါ်လည်းအားနာမိရင်း
ပတ်ဝန်းကျင်လေ့လာမှုအားနည်းတဲ့သူ့ကိုယ်သူအလွန်ရှက်ရွံ့မိသွား
တော့သည်။
"အဲ့ဒီတော့ တစ်ဖက်ကျောင်းသားတွေ အခုလိုအမြဲလုယက်
နေတာကို ကျောင်းက မသိဘူးလား "
"သူတို့တွေကို ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေနဲ့
ခဏခဏ သတိပေးခဲ့ပါတယ် ဒါပေမယ့် သူတို့ကမကောင်းတာ
တွေဆက်လုပ်နေတုန်းပဲ ဆရာတွေလည်းသူတို့ကိုအမြဲတမ်း
ဆုံးမပါတယ် ၊ သူတို့ကိုယ်တိုင်ကိုကပြောင်းလဲချင်စိတ်မရှိတာ
နောက်ဆိုဒီထက်ဆိုးတဲ့အပြုအမူတွေဖြစ်လာနိုင်မလားဆိုတာ
မသိတာမို့ သူတို့ကိုရဲစခန်းကိုပဲအပ်လိုက်ပါ့မယ်
သက်သေတွေလိုအပ်ရင်တော့ ကျွန်တော်တို့ကိုဆက်သွယ်လိုက်ပါ
အချိန်မရွေးပူးပေါင်းပေးပါ့မယ် "
အထက်တန်းကျောင်းသားလေးဖြစ်ပေမယ့် တည်ငြိမ်ရင့်ကျက်
လွန်းတဲ့အသွင်ပြင်နဲ့ ပြောဆိုဟန်တွေကြောင့် ရဲတွေက
ဟန်ဘင်းစကားကိုလေးလေးနကနက်နားထောင်ပေးနေသည်ကို
မြင်ပြီး ဟာအို ဖွဖွလေးပြုံးလိုက်မိတော့သည်။
တစ်ဆက်တည်းမှာပဲ ဘာကြောင့်ကျောင်းသားဥက္ကဌဖြစ်ရလဲ
ဆိုတာပါ နားလည်လာခဲ့သည်။
တည်ငြိမ်ရင့်ကျက်မှု ၊ လေးနက်မှု ၊ရဲရင့်မှု ၊ အမှန်တရားရဲ့
ဘက်တော်သားဖြစ်နေတဲ့ ဟန်ဘင်းကလွဲပြီး တခြားဘယ်သူက
ကျောင်းသားဥက္ကဌရာထူးကိုသူနဲ့အပြိုင်လုရဲမှာလည်း၊
ပြီးတော့ ဆောင်းဟန်ဘင်းက သေလောက်အောင်လည်း
ချောမောလွန်းသည်လေ...
ရဲတွေနဲ့ဒိုင်ခံပြောနေတဲ့ဟန်ဘင်းကို တောက်လျှောက်ထိုင်ကြည့်နေ
ရင်းက နောက်ဆုံးထွက်ဆိုချက်ပြီးသွားတော့ နှစ်ယောက်သား
စခန်းအပြင်ကိုသာ ထွက်လာခဲ့တော့သည်။ သူတို့နှစ်ယောက်
လုံးက မိသားစုနဲ့ အတူတူနေကြတာမဟုတ်တာမို့
သူတို့အိမ်ပြန်နောက်ကျလို့ ထွေထွေထူးထူးဖုန်းခေါ်လာမည့်သူ
လည်းမရှိပါ။
"ကျေးဇူးပဲ "
"ကျေးဇူးတင်ရင် အိမ်မှာဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်
မရှောင်တော့ရင်ကောင်းမှာပဲ "
"ဟင် ..."
မျက်လုံးလှလှလေးတွေပြူးထွက်လာတဲ့ပုံက
ရယ်ချင်စရာကောင်းပေမယ့် အခုမှစသိတဲ့ဆက်ဆံရေးမို့
ဟန်ဘင်းမရယ်ရဲပါ။ တော်ကြာ အရင်နေ့တွေတုန်းကလို
ထွက်ပြေးသွားရင်ဒုက္ခ ။
"သိ....သိနေတာလား ?"
"သိပ်မကြာသေးပါဘူး "
"တောင်းပန်ပါတယ် ဒီအတောတွင်းအထင်လွဲခဲ့မိလို့ "
"အထင်လွဲတာ !"
"အင်း ငါဒီအတောတွင်းမင်းကို ကျောင်းတွင်းလုယက်သူလို့
ထင်နေခဲ့တာ "
"ဘာ!!!! "
"မင်းကျောင်းနောက်မှာ လူငါးယောက်နဲ့ ရန်ဖြစ်နေတာကို
တွေ့ပြီးကတည်းက "
"ဘာလဲ ? ဒါဆိုကျွန်တော့်ကိုကျောင်းလူဆိုးဆိုပြီးရှောင်နေခဲ့တာ
ပေါ့ "
ဟန်ဘင်းရဲ့အမေးကို ဟာအိုက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို အခုရော ကျွန်တော့်အပေါ်ဘယ်လိုမြင်သေးလဲ "
"အခုက လုံးဝအမြင်တွေရှင်းလင်းသွားပြီ ပြီးတော့မင်းက
အရမ်းမိုက်တယ်လို့လည်းထင်တယ်၊ကျောငါးသားဥက္ကဌဆိုတဲ့
ရာထူးကမင်းနဲ့လိုက်ဖက်တယ် "
"ဟုတ်လား ...ဒါဆို ..."
ဟန်ဘင်းက စကားကိုပြီးအောင်မပြောဘဲ ဟာအိုရှိတဲ့ဘက်ကိုမျက်နှာလှည့်ပြီး တဖြည်းဖြည်းတိုးကပ်လာတော့
ဟာအိုလည်း အနောက်ကိုတစ်လှမ်းဆီဆုတ်ရင်းက
လမ်းဘေးက အုတ်နံရံကိုကျောမှီလျက်သားဖြစ်သွားပြီး
ဟာအိုရဲ့ မျက်နှာဘေးတွင် ဟန်ဘင်းက နံရံပေါ်ကိုလက်တစ်ဖက်
ထောက်လိုက်ပြီး ဟာအိုမျက်နှာနားကို တိုးကပ်လာတော့သည်။
နေ...နေပါဦး ဘာ...ဘာလို့ ရုတ်တရက်ကြီး ဒီလိုအခြေအနေမျိုး
ဖြစ်သွားရတာလဲ ။ အခုငါက ဘာလုပ်ရမှာလဲ မျက်လုံးတွေမှိတ်
ထားပေးရမှာလား ။ မသိတော့ဘူးကွာ ဆောင်းဟန်ဘင်း
မျက်နှာက တောက်ပလွန်းလို့ဆက်မကြည့်နိုင်တော့ဘူး
မျက်လုံးမှိတ်လိုက်တော့မယ်။
မျက်လုံးမှိတ်သွားတဲ့ဟာအိုကိုကြည့်ပြီး ဟန်ဘင်းကိုယ်တိုင်
လည်း ဘာလို့ ဒီအနေထားမျိုးဖန်တီးလိုက်မိမှန်းတောင်
ကိုယ့်ကိုယ်ကို မတွေးတတ်ပါချေ။ ဒါပေမယ့်
လျှက်တစ်ပြက်ပဲ မြင်မြင်ရတဲ့ ဒီမျက်နှာလေးက အခုလို
သူ့အရှေ့မှာ အကြာကြီးနဲ့ ငြိမ်ငြိမ်လေးရှိနေတာကြောင့်
နောက်မဆုတ်သေးဘဲ အခွင့်ရေးရတုန်းလေး ခဏလောက်
ဆက်ကြည့်နေရန် ဆုံးဖြတ်လိုက်ပြီး ဟာအိုရဲ့နဖူးကစပြီး
မျက်ခုံး၊မျက်တောင် ၊မျက်လုံးအောက်ကမှဲ့လေးအပါအဝင်
နှုတ်ခမ်းလေးတွေအထိ တစိမ့်စိမ့်ကြည့်လိုက်တော့သည်။
ရင်းတောင်မရင်းနှီးသေးတဲ့လူကို ဒီလိုကြည့်တာ ရိုင်းရာကျ
တယ်ဆိုတာသိပေမယ့် ဒီအတောတွင်းသူ့ကို အထင်လွဲ
ထားတဲ့ အဖိုးအခလို့သတ်မှတ်လိုက်ရင်ကျေပြီမလား ။
ဟာအိုက အချိန်တစ်ခုလောက်ကြာတော့ မျက်လုံးကိုအသာလေး
ဖွင့်ကြည့်လိုက်ချိန် သူ့မျက်လုံးတွေကိုစိုက်ကြည့်နေတဲ့
ဟန်ဘင်းကြောင့် ဂျို့ထိုးမိတော့သည်။ ဟာအိုဆီကဂျို့ထိုးသံထွက်
လာမှပဲ အသိပြန်ဝင်သွားပုံရတဲ့ဟန်ဘင်းက
"အာ....တောင်းပန်ပါတယ် ကျွန်တော်ကအခန်းပြန်ရောက်ရင်
ဆေးထည့်ပေးပါလို့ပြောမလို့ "
ဟန်ဘင်းက စကားလမ်းကြောင်းကိုသိသိသာသာပြောင်းရင်း
နောက်ပြန်ဆုတ်သွားမှပဲ ဟာအိုအသက်ရှူချောင်သလိုဖြစ်သွားပြီး
ဂျို့ထိုးတာရပ်သွားတော့သည်။
"အင်း ရတယ်လေ ဆေးထည့်ပေးမယ် "
ထို့နောက် ဟန်ဘင်းက သူ့လည်ပင်းသူပွတ်ပြီးရှေ့က
သွက်သွက်ထွက်သွားသလို ၊ ဟာအိုကလည်း
လက်သည်းချင်းဖဲ့ကာ နောက်ကနေ ကုပ်ကုပ်လေးလိုက်ခဲ့တော့
သည်။
အဲ့ဒီအချိန်ကစလို့ သူတို့နှစ်ဦး၏ဆက်ဆံရေးသည်မျက်လှည့်
ပြလိုက်သလိုချက်ချင်းလက်ငင်းပြောင်းလဲသွားတော့သည် ။
TBC~~~~~
ဖတ်ပေးကြလို့ဝမ်းသာပါတယ် ။😘😘😘
Zawgyi
"ဒီမှာ အဆင်ပြေရဲ့လား ... "
ကမန်းကတန်းထပြီး
မခန့်မှန်းတတ်ပါချေ။
"ဟင့်အင်းမပါသွားဘူး "
မှာမို့ "
"ပြေတယ် ငါလိုက်ခဲ့မယ် "
ဟန်ဘင်းကို ကြိတ်ပြီး ရွံ့ကြောက်နေခဲ့မိတဲ့အချိန်တြွေပန်အမှတ်
တော့သည်။
နောက်ဆိုဒီထက်ဆိုးတဲ့အပြုအမူတြွေဖစ်လာနိုင်မလားဆိုတာ
ချောမောလွန်းသည်လေ...
လည်းမရှိပါ။
"ကျေးဇူးပဲ "
"ဟင် ..."
မျက်လုံးလှလှလေးတြွေပူးထွက်လာတဲ့ပုံက
"သိ....သိနေတာလား ?"
"သိပ်မကြာသေးပါဘူး "
"အထင်လွဲတာ !"
ထင်နေခဲ့တာ "
"ဘာ!!!! "
တွေ့ပြီးကတည်းက "
ပေါ့ "
"ဟုတ်လား ...ဒါဆို ..."