ကိုယ်ရံတော်လေးယောက်ကသူ့ကိုအလှည့်ကျစောင့်ရှောက်ပေးပြီးသတိုးကျော်စွာကတော့အမှုဖြေရှင်းပြီးသည်နှင့်သူ့နားပြေးလာတတ်သည်။ဘယ်ကစမှားယွင်းခဲ့မှန်းမသိပေမယ့်သူနေသားကျလာသလိုခံစားနေရသည်။အမတ်ချုပ်ကြီးမှာတကယ်ကိုငြိမ်ကျသွားပြီးဘာသံမှထပ်မကြားရတော့။ပုံမှန်ဆိုအလုပ်ရှုပ်နေသင့်တာကို။အင်းလေစစ်တပ်အင်အား,အားလုံးကသူ့ဘက်မှာခိုင်ခိုင်မာမာရှိနေမှတော့ဘယ်လိုလုပ်,လှုပ်ရှားရဲတော့ပါ့မလဲ။နန်းလုပွဲတောင်ဖြစ်မလာတော့လောက်ဟုတွေးမိပေမယ့်သူ့အတွေးသက်သက်သာဖြစ်သည်။
သူနေ့လည်စာသုံးဆောင်နေတုန်းသတိုးကျော်စွာကငြိုးငယ်သောမျက်နှာနှင့်ရောက်လာခဲ့သည်။ဘာမပြောညာမပြောနှင့်သူ့ပေါင်ပေါ်ခေါင်းချအိပ်လိုက်ပြီးမျက်လုံးတွေမှိတ်ထားကာအလွန်ပင်ပန်းနေပုံပေါ်နေတာကြောင့်ပန်ဒိုရာကကြက်သားကိုဖဲ့ယူလိုက်ပြီးပါးစပ်ထဲထည့်ပေးလိုက်သည်။သတိုးကျော်စွာကပြုံးစိစိဖြင့်ကြက်သားကိုဝါးစားလိုက်ပြီးအကြိမ်ပေါင်းများစွာပါးစပ်ထပ်ဟလာခဲ့တော့သည်။
'ဟုတ်ပြီဒါကငါ့အမှားပဲ'
ပန်ဒိုရာ,သတိုးကျော်စွာရဲနားထင်လေးကိုဖြည်းငြင်းစွာနိပ်နယ်ပေးလိုက်တော့သတိုးကျော်စွာကမျက်လုံးဖွင့်ကြည့်လာပြီးပြန်မှိတ်သွားသည်။နောက်ဆုံးမှာတော့သူကအသက်ရူသံမှန်မှန်ဖြင့်အိပ်ပျော်သွားတော့သည်။
သတိဝင်လာချိန်မှာတော့ပန်ဒိုရာလက်ကိုအလန့်တကြားခါထုတ်လိုက်မိသည်။သူကဒါကိုထပ်ခါတလဲလဲပြုလုပ်ဖူးသလိုမျိုး၊ရင်းနှီးနေသလိုမျိုးဘာလို့ခံစားနေရတာလဲ။
နေသွေးမဂ္ဂအခန်းထဲဝင်လာတော့သတိုးကျော်စွာကအရှင့်သားပေါင်ပေါ်မှာအိပ်နေတာကိုမြင်လိုက်ရတာကြောင့်နှာခေါင်းရှုံ့လိုက်ပြီးခြေထောက်ဖြင့်ဆာင့်ကန်လိုက်ပေမယ့်ထိုလူပွစိပွစိရေရွတ်ပြီးအရှင့်သားရဲ့လက်ကိုဖမ်းဆွဲကာပြန်အိပ်ပျော်သွားတော့သည်။
"ဟွန့်..အရှက်မရှိတဲ့ကောင်ဉာဏ်ကောင်းတာကလွှဲပြီးဘာမှသုံးစားမရဘူးစစ်မြေပြင်မှာဆိုသေတာကြာပေါ့"
"သူကစစ်သားမှမဟုတ်ပဲ"
"အရှင့်သားကသူ့ဘက်ကာပြောလိုက်တယ်!"
နေသွေးမဂ္ဂကမယုံနိုင်စွာသူ့ကိုကြည့်လာပြီးမျက်နှာကပြိုတော့မယ့်မိုးလိုဖြစ်လာသည်။
"မဟုတ်ပါဘူးကွာ..သူကမင့်လိုထူးချွန်တဲ့စစ်သားမဟုတ်ဘူးလို့ပြောချင်တာပါအဲ့တာကြောင့်မင်းကပဲနည်းနည်းလေးသည်းခံပေးလိုက်ပါလား"
"ဟွန့်..အသုံးမကျတဲ့ကောင်!"
နေသွေးမဂ္ဂကမဲ့ရွဲ့ပြောဆိုပြီးပန်ဒိုရာရဲ့လွှတ်နေတဲ့ပေါင်တစ်ခြမ်းပေါ်ခေါင်းအုံးချလိုက်သည်။
"အရှင့်သား..သီချင်းဆိုပြ!"
"ရစ်မနေနဲ့အိပ်တော့ကင်းလှည့်ရတာပင်ပန်းတယ်မလား"
"သီချင်းဆိုပြ!"
"သတိုးအိပ်နေတယ်လေ"
"ကျွန်တော်မျိုးလဲကြားချင်တယ်"
သတိုးကအိပ်ချင်မူးတူးနှင့်ဝိုးတိုးဝါးတားရေရွတ်လာသည်။
ပန်ဒိုရာဘာသီချင်းဆိုရမှန်းမသိတာကြောင့်ကုန်းကုန်းဆိုပြနေကျသားချော့တေးကိုသာဆိုပြရင်းလက်ကလည်းခေါင်းနှစ်လုံးကိုပွတ်သပ်ပေးလိုက်သည်။နှစ်ယောက်စလုံးအိပ်ပျော်သွားမှသီချင်းဆိုတာကိုရပ်တန့်လိုက်ပြီးထမင်းပွဲကိုလာသိမ်းဖို့အချက်ပြလိုက်သည်။
အပျိုတော်တွေကထမင်းဝိုင်းကိုသိမ်းဆည်းပြီးထွက်သွားကြတော့မှကုန်းကုန်းနှင့်ပန်ဒိုရာတစ်ယောက်ကိုတစ်ယောက်မသင်္ကာမှုများစွာနှင့်စိုက်ကြည့်နေကြသည်။မည်သူကမှအရှုံးပေးဖို့စိတ်ကူးမရှိကြ။အရှင့်သားကကုန်းကုန်းကိုမင်္သကာသလို..ကုန်းကုန်းကလည်းအရှင့်သားကိုမင်္သကာ။
"ကုန်းကုန်းဒီနေ့ခမည်းတော်ဆီမှင်သွေးပေးဖို့မသွားဘူးတော့လား"
"အရှင့်သားကရောဒီနေ့ကိုယ်လုပ်တော်တွေနဲ့အိပ်ဆောင်မဝင်ဘူးလား"
သူတို့နှစ်ယောက်ကအပြန်အလှန်စူးစိုက်ကြည့်နေခဲ့ကြပေမယ့်ဘာမှတော့မပြောဖြစ်ကြ။
'အားလုံးကသံသယအဆင့်မှာပဲရှိသေးတယ်'
ဒီနေ့က,ကလေးတွေရဲ့ပထမအဆင့်သင်တန်းဆင်းဂုဏ်ပြုပွဲနေ့ဖြစ်သည်။
ပန်ဒိုရာက,လေဘောလုံးကစားနည်းကိုသင်ပြပေးနေပြီးဘယ်ခေတ်နေနေဘောလုံးကိုရူးသွပ်တတ်သောအမျိုးသားတို့မှာမျက်လုံးများပင်မီးထတောက်မတတ်။
"အရှင့်သားကဉာဏ်ကောင်းလိုက်တာ!"
ယောကျ်ားလေးတစ်ယောက်ကအံ့သြတကြီးရေရွှတ်လိုက်တာကြောင့်ပန်ဒိုရာအနည်းငယ်ရှက်ရွံ့သွားမိသည်။
ဒါကသူများဦးနှောက်ဖောက်စားတာနဲ့အတူတူပဲလေ။
လေဘောလုံးကန်ခြင်းကစားနည်းကိုတစ်လကြာလေ့ကျင့်ထားတဲ့လူငယ်တွေကအားတက်သရောပါဝင်ကစားကြပြီးလူကြီးတွေကလည်းသရေတမြားမြားဖြစ်နေကြသည်။အရှေ့တပ်ဖွဲ့၊အနောက်တပ်ဖွဲ့၊တောင်တပ်ဖွဲ့နှင့်မြှောက်တပ်ဖွဲ့တို့ကအကြိတ်အနယ်ယှဥ်ပြိုင်ကြပြီးအရှင့်သားပေးတဲ့ရွှေတံဆိပ်ပြားကြီးကိုရဖို့ကြိုးစားနေကြသည်။တခြားကစားနည်းမျိုးစုံရှိပေမယ့်ဘောလုံးကတကယ့်ကိုလူကြိုက်အများဆုံးအားကစားနည်းပင်။
အခုဆိုလေဘောလုံးကစားနည်းကတိုင်းပြည်အနှံ့ပျံ့နှံ့နေပြီးရပ်တိုင်းရွာတိုင်းရဲ့ကစားနည်းပင်ဖြစ်လာပြီဖြစ်ကာအိမ်ရှေ့စံရဲ့ဂုဏ်သတင်းကလည်းပြည်သူများအကြားရေပန်စားလာတော့သည်။
တောင်တပ်ဖွဲ့ကအနိုင်ရသွားတာကြောင့်ခေါင်းဆောင်ဖြစ်တဲ့သူရမြတ်သူကမြှောက်ကြွမြှောက်ကြွဖြစ်နေပြီးသူ့ရဲ့ရွှေတံဆိပ်ပြားကြီးကိုလူတိုင်းရှေ့လှုပ်ရမ်းပြနေသည်။
သူကပန်ဒိုရာနားကပ်လိုက်ကာ
"အရှင့်သားကျွန်တော်မျိုးရဲ့အဖွဲ့ကပထမရတဲ့အတွက်အရှင့်သားကျွန်တော်မျိုးကိုသီးသန့်ဆုပေသင့်တယ်ထင်တယ်နော်"
"ငါပေးပြီးသွားပြီလေ"
သူရမြတ်သူမျက်မှောင်ကျုံ့လိုက်ပြီး
"ကျွန်တော်မျိုးကိုသီးသန့်မပေးရသေးဘူးလေ"
"သီးသန့်ပေးဖို့အစီအစဥ်မရှိဘူး"
"အိုး!"
ထိန်ထိန်သာနေတဲ့လရောင်အောက်မှာပန်ဒိုရာတစ်ယောက်အဖိခံထားရပြီးချွေးတွေလဲစိုချွဲနေသည်။
"ဖယ်..ဖယ်တော့တစ်ယောက်ယောက်မြင်သွားလိမ့်မယ်"
"တော်ဝင်ဥယာဥ်နားကိုဘယ်သူကလာရဲမှာလဲ"
"မင်းဘာတွေဒီလောက်ဒေါသထွက်နေတာလဲကွ!"
"အရှင့်သားကနေသွေးမဂ္ဂနဲ့သတိုးကျော်စွာကိုတော့ပေါင်ပေါ်သိပ်ပြီးကျွန်တော်မျိုးကိုတော့သီးသန့်ဆုလေးတောင်မပေးချင်ဘူးလေကျွန်တော်မျိုးဒေါသမထွက်သင့်ဘူးလား"
"ဟမ်း!ဖြည်း..ဖြည်းဖြည်း!"
ကြမ်းပြင်ကကျွန်းခင်းဖြစ်တာမို့ပန်ဒိုရာရဲ့ဒူးခေါင်းတွေနီရဲလာတာကိုသူရမြတ်သူမြင်တော့,ဆွဲမလိုက်ပြီးသူ့ရဲ့အပေါ်ကိုတင်ပေးလိုက်သည်။
ကြားပန့်နံ့သင်းသင်းလေးကမျိုးမြတ်ရည်ရဲ့ရနံ့များနှင့်ရောယှက်လျှက်။
"အရှင့်သား..ဘာလို့ငြိမ်နေတာလဲ"
"ငါမလုပ်ချင်ဘူး!"
"အရှင့်သား!"
"ငါဒီပုံစံကြီးကိုမကြိုက်ဘူး"
"အရှင့်သားကိုအောက်ချလိုက်ရင်အောက်ကကျွန်းတွေတိုက်မိပြီးဒဏ်ရာရကုန်လိုက်မယ်"
"...."
"ဒါဆိုတော်ဝင်အိပ်ဆောင်ထဲသွားချင်လား"
"ရူးနေလား..ကုန်းကုန်းရှိနေတယ်!"
"ဒါဆိုအရှင့်သားကလှုပ်ရှားပေးလေ"
"မလုပ်ချင်ဘူး!"
ဆူပုတ်ပုတ်ဖြစ်နေတဲ့အရှင့်သားကိုသူရမြတ်သူအသဲယားလာကာနုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်ပြီး
"အရှင့်သားရယ်လိမ်မာပါနော်!"
"ငါမလုပ်ချင်ဘူးလိုပြောနေတယ်လေ!"
သူရမြတ်သူ,အရှင့်သားရဲ့နားရွက်ဖျားလေးကိုအသာကိုက်လိုက်ကာ
"နန်းတက်ပွဲကနည်းနည်းပဲလိုတော့တယ်လေစစ်တပ်တစ်တပ်ရဲ့အင်အားလျှော့သွားရင်အရှင့်သားရဲ့ထီးနန်းကခြိမ်းခြောက်ခံရလိမ့်မယ်အဲ့လိုဖြစ်ရင်မကောင်းဘူးမလား...."
"မင်း!.."
ပန်ဒိုရာဒေါသထွက်ထွက်ဖြင့်ဆောင့်ချလိုက်ပေမယ့်နာကျင်ရသူမှာသူသာဖြစ်တာကြောင့်စိတ်လျှော့ချလိုက်ပြီးဖြည်းဖြည်းချင်းစီသာလှုပ်ရှားနေလိုက်သည်။အောက်ကပြုံးစိစိဖြစ်နေတဲ့လူကိုအမြင်ကပ်ကပ်ဖြင့်ဗိုက်ကိုလက်သီးဖြင့်ထိုးချလိုက်ပေမယ့်ထိုလူကအပြုံးပင်မပျက်။
"အရှင့်သားကဆိုးလိုက်တာ!"
"ငါအင်အားကြီးလာရင်မင့်ကိုအရင်ဆုံးသတ်ပြစ်မယ်!"
"အခုလည်းကျွန်တော်မျိုးကိုသတ်နေတာပဲလေ"
"မင်း!ခွေးလိုကောင်!"
"မြင်းလောက်တော့လုပ်ပါအရှင့်သားရယ်"
"ငါ-ိုးမသား!"
"ဟား..ဟား..."
သတိုးကျော်စာအမှုတွဲများကိုဒေါသတကြီးပြစ်ချလိုက်သည်။လူနှစ်ယောက်ရဲ့ညည်းငြူသံတွေကသူ့နားထဲကိုသံရည်ပူနှင့်လောင်းချနေသလို။
'အရှင့်သားနန်းတက်ပွဲပြီးရင်လေးယောက်လုံးကိုအမှုဆင်ပြီးသတ်ပြစ်မယ်မသေမချင်းမှတ်ထားအရှင့်သားငါ့တစ်ယောက်ထဲရဲ့အပိုင်!'
ဒေါသတကြီးထွက်ခွာသွားတဲ့ပုံရိပ်ကိုကြည့်ပြီးသူရမြတ်သူလှောင်ပြုံး,ပြုံးလိုက်သည်။
'အရှင့်သားနန်းမတက်ရသေးလို့သည်းခံနေတာကိုအကောင်းမှတ်နေတယ်တရားရုံးထဲမှာပဲသွားထိုင်နေစမ်းပါနန်းတက်ပွဲပြီးတာနဲ့တစ်ယောက်ချင်းစီရှင်းပြစ်မှာအရှင့်သားကိုငါတစ်ယောက်ထဲပိုင်တာ!'
______________________________________
614❤️
______________________________________