အချစ်တို့ မြစ်ဖျားခံရာ ( comp...
Oleh EmmaRine9820
499K 14.4K 556
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... Lebih Banyak
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၂၇)uni & zg
8.5K 296 12
Oleh EmmaRine9820
Unicode
နံနက် နေအလင်းရောင်သည် မျက်နှာထက်ကျရောက် လာသည်။ အချိန်ကို ကြည့်တော့ ၇ ခွဲ။
စိုင်းခက် အိပ်ယာဘေးတွင်တော့ ဟိန်း ကရှိမနေတော့။ ဟိန်း အလုပ်အင်တာဗျူးရှိလို့သွားသည် ထင်၏။ ဖုန်းကိုကောက်ကိုင်ကြည့်တော့ facebook တွင် ဘာnotification မှရှိမနေချေ။ တစ်စုံတစ်ခုကိုတော့ လွမ်းဆွတ်မိသား။ထို့
နောက်အလုပ်သွားရန်ပြင်ဆင်တော့သည်။
အလုပ်ရောက်တော့ စိုင်းခက် ထွေထွေထူးထူးမရှိသေး။ မနေ့က လက်ကျန်အလုပ်တို့ကလက်စသက်ပြီး အကိုနှင့် ထပ်ဆွေးနွေးဖို့သာရှိသည်။
ယနေ့တော့ ကွင်းဆင်းလေ့လာပြီး ဆွေးနွေးရ
မည်ဖြစ် သည်။ ဆောက်လုပ်မည့်ပုံစံတို့ကို အသေးစိတ်နေရာနှင့်တကွ ပေါ့။ အချိန်အားဖြင့် ၈ နာရီခွဲ။ ဒါနှင့် စိုင်းခက် မနက်စာကို food pandaမှ ရှမ်းခေါက်ဆွဲလှမ်းမှာလိုက်ကာ final design ကို အကို့ဆီ email ကနေ ပို့လိုက်ပြီးဖုန်းလှမ်းဆက်သည်။
" အကို ကျွန်တော် emailကို file တွေပို့ထားပြီးပြီနော်တစ်ချက်စစ်ကြည့်ပါဦး"
" အင်း "
မပီမသထွက်ပေါ်လာသော အကို့ အသံ။ သာမာန်အချိန်များထက် ပို၍ အက်ရှသည်။ အကိုခုထိမနိုးသေးတာလား။
" ကိုယ် ပြီးရင် စစ်ကြည့်လိုက်မယ်နော် ခက်"
ထိုဝါကျကို ဆိုသော အကို့ရဲ့အသံ ယခင်ကလို
တည်ကြည်မှုတော့ရှိမနေ။ သို့သော် နက်နဲပြီး အက်ရှနေသည်။ ဒါက အကို့ရဲ့ morning voice .... ဆွဲဆောင်နိုင်လွန်းသည်။ အသံတစ်ခုက လူတစ်ယောက်ကို ငြို့ငင်နိုင်စွမ်း ရှိလွန်း
တယ်ဆိုတာ ခဗျားတို့ယုံနိုင်ပါလား။
အထူးသဖြင့် "ခက်" ဟုခေါ်လိုက်သည့် အကို့အသံ ။ စိုင်းခက်တစ်ယောက် ခေတ္တပင် ဆွံ့အသွားရသည်။
မိနစ်ပိုင်းခန့် ပြန်သံမကြားသောကြောင့်
" ဟယ်လို ခက် ကြားရလား"
ထိုက် သတိပေးသံကြောင့် စိုင်းခက်တစ်ယောက်
" အာ ဟုတ်ဟုတ် အကို ဒါ ဒါဆိုရင် ပြီးရင်
စစ်ကြည့်နော်အကိုခုထိ မထသေးတာလား"
" အင်းဟုတ်တယ် ကိုယ် ညက အိပ်ယာဝင်တာနောက်ကျသွားတယ်"
" အော် ဟုတ်ကဲ့ ဒါဆို ဒါပဲနော် အကို"
ခက် စကားသိပ်မဆက်ပဲ ဖုန်းချလိုက်သည်။
အကို့အသံက သူ့အား အင်မတန်ဆွဲဆောင်လွန်းနေသည်။ ဒီရက်ပိုင်းများအတွင်း ပိုပို၍သိသာလာသည် က စိုင်းခက် အကို့ပေါ်မှာ မြင်တဲ့အမြင်တွေ။ အကိုနဲ့ပတ်သတ်သမျှအရာအားလုံးက
စိုင်းခက်၏ တည်ငြိမ်မှုကို ပျက်ယွင်းစေသည် လေ။ အကို့ရဲ့ အဖြူရောင်ကျောပြင်ကျယ်ကပင် စိုင်းခက်၏ အပြုံးတို့ကို ဖန်ဆင်းပေးသည်။ ဒါတွေဟာ ဘာကြောင့်များပါလိမ့်။
တစ်နာရီခန့်ကြာအပြီးမှာ အကို ရောက်လာသည်။ ကမန်းကတန်း လာရလို့ထင်၍အကို့
ဆံပင်တို့က အရင်ရက်များလို ပုံကျမနေ။ ခပ်ဖွဖွာဖြစ်နေသည်။
"အင်း အကို့ ဆံပင်လေးတွေက အိနေမှာ"
ဘဲဟု မဆီမဆိုင်တွေးမိလိုက်သေးသည်။ အကိုကတော့ သူဝတ်နေကြ လက်ရှည်အဖြူကို တံတောင်ဆစ်တွင်ခေါက်ထား၍ စတိုင်ပန် အနက်နှင့်တွဲဝတ်ဆင်ထားသည်။ စိုင်းခက် အကို့ကို စက္ကန့်အတန်ကြာအောင် ငေးမောမိသည်။
" ခက် ဒါဆို ကိုယ်တို့ သွားကြစို့လေ"
"ဟုတ် အကို"
စိုင်းခက် စားပွဲပေါ်မှ ဖိုင်အချို့ကိုဆွဲယူကာ အကို့နောက်ပြေးလိုက်သည်။ ခြေတံရှည်များဖြင့် ခြေလှမ်းကျဲကျဲလျှောက်တတ်သော အကို့ နောက်ကို ခက် အမြဲမှီအောင်လိုက်ရသည်။
****🌸🌸🌸🌸******
မိနစ်၂၀ ခန့်ကြာပြီးနောက် ထိုက်၏ ခြံထဲသို့
ရောက်သည်။  ခြံထဲတယ် မြက်ရှင်းနေသူများ
ရယ် အလုပ်သမားများနေရန် ဆောက်ယာယီတဲ ဆောက်နေသောပန်းရံသမားများလဲရှိလေသည်။ စိုင်းခက်တို့လည်း ကားပေါ်ကမဆင်းသေးပဲ
" အကို ကျွန်တော်မနက်ကပို့တဲ့ file လေးကြည့်ပြီးပြီလား"
စိုင်းခက်က ဖိုင် တစ်ချို့ကိုထုတ်ရင်းပြောသည်။ထို့နောက်မှ ကားပေါ်ကဆင်းကာ ထုတ်ပြီးသားဖိုင်တို့ကို ထိုက် အား ကမ်းသည်။ ထိုက်လည်း
ဖိုင်တို့ကိုတစ်ချက်ကြည့်ပြီး
" အင်း ခက် ကိုယ် နိုးနိုးချင်းပဲ ကြည့်လိုက်တယ်
ခက်ပြောပုံအရဆို ဟိုထောင့်မှာ နဲ့ အလည်မှာက
Main buildingပေါ့"
ထိုက်က မြေကွက်နေရာကို လက်ညိုးထိုးရင်း ဆက် မေးသည်။
" ဒါပေါ့အကို အဆောက်အအုံပုံစံကိုလည်း ကျွန်တော် အားစိုက်ထုတ်ထားတယ် အကို ပြောတဲ့ပုံစံအတိုင်းကိုမှနည်းနည်းဆန်းသစ်တာလေးပေါ့"
" အင်း ကိုယ်သဘောကျတယ် ခက်
ကိုယ့်အကြိုက်ကို သိပ်သိတယ်နော်"
" ဒီလိုဘဲဖြစ်ရမာလေ KMH ရဲ့အတော်ဆုံး desinger ဆီအပ်ထားမှတော့ ဟီးဟီး "
စိုင်းခက်၏ ကလေးဆန်ဆန်အဖြေကို ထိုက်က ပြုံးသည်။ စိုင်းခက် သတိထားမိတဲ့နောက်အချက်ကသူက ထိုက်ရှေ့တွင် ကလေးတစ်ယောက် အတိုင်းသာ။ စိုင်းခက်ရဲ့ အရာအားလုံးဟာ
ထိုက်အပေါ်ကို ယုံကြည်လို့ရနိုင်သလို။ ထိုက်၏ ဦးဆောင်မှုတွေကိုပဲအသားကျနေသလို။
စိုင်းခက် ဟန်ဆောင်ရန်မလိုအပ်တော့သလိုခံစားရသည်။ စိုင်းခက် သူ့ကိုယ်သူ သန်မာဖို့ ဖိအားပေးစရာမလိုအပ်သလို။ အရာအားလုံးက လွယ်ကူနေသယောင်။ ပေါ့ပါးသယောင်။ ဟန်ဆောင်ခြင်းမဲ့သယောင်။ဟိန်းနဲ့ပြန်တွဲပြီးနောက်ပိုင်း အကိုပေါ်ထားတဲ့ စိတ်တွေကအရင် ကထပ်ပိုပီးသိသာလာသည်။ ဟိန်း နဲ့ထက်စာရင် အကို့နဲ့သာပို၍နေချင်လာမိသည်။ ဒါကမဖြစ်
သင့်မှန်းသိပါသည်။ ကိုယ်မချစ်တော့တဲ့လူနဲ့အတူနေလိုက်ရတဲ့အခါ ဘယ်သူ့ကို တကယ်ချစ်နေမှန်းအဖြေဟာ ကွက်ကွက်ကွင်းကွင်းပေါ်လာလေသည်။
တကယ်တော့ စိုင်းခက်က ဦးဆောင်သည်ကိုခံလိုသည့် ကလေးမျိုး။ မိဘကလည်း သည်းတုန် အောင်ချစ်သူမို့ သူ့ကိုအလိုက် ချစ်ပေး အနိုင် ပေး မည့် သူမျိုးကသာ စိုင်းခက် ideal typeဖြစ်နေသည်။ ဒါကိုတော့ စိုင်းခက်က လွဲရင် သူ၏ သူငယ်ချင်းများပင်မသိ။ ဟန်ဆောင်ခြင်းကိုသာ အသားကျနေပြီဖြစ်လေရာ။
ခြံကျယ်တွင် ပတ်၍ ပြရသည်မို့ စိုင်းခက်မောလာ၍ အရိပ်အောက်တွင်ထိုင်သည်။ မိုးအုံ့သေး၍တော်သေးသည်။ ပူမနေချေ။ ထိုက်ကတော့ ခနနော် ခက် ဟုဆို၍ ထွက်သွားသဖြင့်
ထိုက်နောက်ကိုလိုက်ကြည့်တော့ ပန်းရံ ဆရာတို့၏ကလေးငယ် တို့အား အနီးနား မုန့်ဆိုင်မှ မုန့်များစိတ်ကြိုက်ဝယ်ပေးနေသည်။ ကလေးများအား ဂရုတစိုက်နှင့် မုန့်ဝယ်ကျွေးသော ထိုက်၏
နှုတ်ခမ်းထက်တွင် လှပသော အပြုံးနုနု ကနေရာယူသည်။
သိသိသာသာ ရဲနေသော ထိုက်၏ တည်ကြည် သော နှုတ်ခမ်းတို့၏ အပြုံးက စိုင်းခက်၏ ပါးတို့အား ရဲခြင်းကူးစက်စေသည်။ မသိမသာ ခုန်ခုန်လာတက်သော နှလုံးခုန်သံခပ်တိုးတ်ိုးကို ဖုံးဖိထားမိသည်။ အမ်း ရာသီဥတု ပူလို့နေမှာပါဟုတ် တယ်မလား။စိုင်းခက် သူ့ကိုယ်သူပြန်တွေးနေ
သည်။ သို့သော် ထို့နေ့က ပူမနေပါ။
" ခက်"
ထိုက်က ကလေးတွေကိုမုန့်ဝယ်ကျွေးပြီးနောက် သူတို့အတွက် ရေခဲချောင်းနှစ်ချောင်းလည်းဝယ် လာခဲ့သည်။
" ခက်ကြိုက်တဲ့ နို့အရသာ"
စိုင်းခက် နှုတ်ခမ်းထောင့်တို့မသိသာ ကွေးလျော့မိသည်။ သူနှင့်ပတ်သတ်သည့် အချက်သေးသေးကအစ မှတ်မိသတိရတတ်သူ~~~~~။ နှလုံးသားလေးကတော့ နွေးကနဲ။ စိုင်းခက်
တစ်ယောက် ထိုက်ပေးတဲ့ ရေခဲချောင်းကိုသာ ပြုံးပြုံးလေးထိုင်စားနေတော့သည်။
ခြံထဲတွင် သေချာပတ်၍ နေရာချထားနေရသည် မို့ မွန်းတည့်ချိန်ပင်ကျော်လာခဲ့သည်။
၁ နာရီလောက်ရောက်နေပြီဖြစ်ရာ ဗိုက်လည်းဆာလာသည်။ ဒါနဲ့ စိုင်းခက်လည်း ထိုက်နား တိုးတိုးကပ်ပြောတော့ ထိုက်လည်း အလုပ်တို့ကို
လက်စသပ်၍ နေ့လည်စာ စားမည့်ဆိုင်သို့ ဍဦးတည်တော့သည်။
ဆိုင်ရောက်ရောက်ချင်း ထိုက်က ဦးဆောင်၍
ဆိုင်တံခါးကို ခက် အတွက်ဖွင့်ပေးသည်။ ခက်ထိုင်မည့် စားပွဲကို သုတ်ပေးသည်။
သန့်စင်ပြီးဖြစ်သော်လည်းဇွန်းက အစ တစ်ရှုးလေးဖြင့်သုတ်ပေးသည်။ ဒါတွေက သူတို့နှစ်ဦးအတွက်အထူးတလည်မဟုတ်တော့။
စတွေ့ပြီးမကြာကတည်းက ထိုက်က ခက်အတွက် လုပ်ပေးနေကြ ကိစ္စများသာ။ ခက်ကတော့ ဂရုစိုက်မှုများကို အသားကျနေပြီးဖြစ်နေလေ
သည်။
" ကျွန်တော့်အတွက်က ကြက်သားချက်နဲ့
နောက်တစ်ပွဲက အမဲသားချက်နဲ့"
မြန်မာထမင်းဆိုင်ရောက်နေသည်။ ဝိတ်တာလာတော့လည်း ခက်အကြိုက်ကိုတမ်းမှာသည်။ ခက်က ဆိုင်ရောက်တိုင်း ဖုန်းသာသုံးသည်။ ကျန်တာ အကုန်က ထိုက်အလုပ်။ ဒါတွေက သူတို့နှစ်ဦး ရဲ့ လိုက်ဖက်ညီမှုလို့ပြောရရင်
စိုင်းခက် လွန်ရာကြမလား။
" အဆောက်အအုံရဲ့ ဒီဇိုင်းအရဆို ဆောက်
ချိန်ကြာမယ်နဲ့တူတယ်ခက်"
" လူနိုင်နိုင်သုံးရင်မကြာဖူးအကိုလူတော့ တော်တော်ခေါ်ရမယ်"
သူတို့နှစ်ဦးစားရင်း အလုပ်ကိစ္စ တို့ကသာပြော
ဖြစ်ကြသည်။ သူတို့နှစ်ဦးကြား အလုပ်ကိစ္စကလွဲရင် ပြောစရာမရှိကြတော့ဖူးလား။ ဒါနဲ့စိုင်းခက် မဆီမဆိုင်တစ်ခုထပြောတော့သည်။
" အကို့ အကြိုက်ဆုံးအစားအစာကဘာလဲ"
အလုပ်ကိစ္စ ကနေ ရုတ်တရက် personal ထမေးတာမို့ ထိုက်လည်း အနည်းငယ်ကြောင်သွား
သည်။
" အကို့ အကြိုက်ဆုံးအစားအစာကဘာလဲလို့"
စိုင်းခက်က ထပ်မေးသည်။
" အာ အကြိုက်ဆုံးရယ််လို့တော့မရှိပါဘူး သဘောကျပြီးစားဖြစ်တာကတော့
အုန်းနို့ခေါက်ဆွဲ၊ မာလာရှမ်းကောတို့ hotpot တို့ sushiတို့ပေါ့"
" ကျွန်တော်နဲ့အမြဲအကုန်တူတာပဲနော်"
" အင်း ၁ခုတော့မတူဘူး"
" ဟင် ဘာများလဲ "
စိုင်းခက် ဘာများလဲဆိုတဲ့သိချင်စိတ်ကြောင့် မျက်လုံးဝိုင်းများဖြင့် ထိုက်ကိုစိုက်ကြည့်နေကာ ပြောလာမဲ့စကားကိုနားထောင်နေလိူက်သည် ။...
" ဆေးလိပ်လေ ကိုယ်ကတစ်ခါတစ်လေမှသောက်တာလေ၊ ခက်က အမြဲသောက်တယ် မသောက်ပါနဲ့ပြောလို့လဲမရဘူး လူဆိုးလေး"
"အကိုကလဲ ခုနောက်ပိုင်းလျော့သောက်ပါတယ်
ကျွန်တော်က စွဲနေတာမျိုးတော့မဟုတ်ပါဘူး မသောက်ပဲလဲနေနိုင်တယ် "
"နေနိုင်ရင်မသောက်ပဲနေပါ့လား ခက်ရယ် နော်"
" အင်းပါ ကျွန်တော်မသောက်တော့ဘူး ဟုတ်ပြီလား "
"လိမ္မာလိုက်တာ ကောင်လေးက "
ထိုက်ထို့သို့ပြောလိုက်တိုင်း စိုင်းခက်ရင်ထဲနွေးထွေးရသည်။ လူကြီးတစ်ယောက်လို ဆုံးမသည့်အခါတိုင်း ထိုကိစကားတွေကို လိုက်နာချင်လာ
သည်။ တစ်ခါတစ်လေကျတော့လဲ ကလေး
တစ်ယောက်လိုလဲ ကလန်ကဆန်လုပ်ချင်မိသည်။ သေချာသည် က ထိုက်အနားမှာရှိနေ
ရင်အလိုလို စိတ်အေးချမ်းရသည်။
စိုင်းခက်အတွေးများနေစဉ်အကိုက ပိုက်ဆံ
ထုတ်ရှင်းကာ
" လာ စားပြီးပြီဆိုတော့ ဟိုဘက်နားမှာ တွန်းလှည်းနဲ့ရောင်းတဲ့ ကော်ဖီဆိုင်လေးရှိတယ် လမ်းလျှောက်ပီးသွားကြမလားမိုးလည်းအုံ့နေတာဆိုတော့"
ထိုက်ကဆိုသည်။ ဒါနဲ့ နှစ်ဦးသား ထမင်းဆိုင် ဘေးက လမ်းကြားထဲသို့လမ်းလျှောက်ကြသည်။
အကြာကြီးမလျှောက်လိုက်ရ
"မေမြို့နှပ်ကော်ဖီ" ဆိုတဲ့ ဆိုင်လေးကိုရောက် တော့ ထိုက်က ကော်ဖီ အပူ ၂ခွက်မှာကာ
စိုင်းခက်ကို ၁ခွက်ကမ်းပေးရင်း လမ်းနဲနဲဆက် လျှောက်မယ်ဟုဆိုသောကြောင့်ဆက်လျှောက် လာခဲ့လိုက်သည်။
" အကိုက အမြဲ ကော်ဖီသောက်တယ်နော်
ဒါကရော favorite ထဲက တစ်ခုပဲလား "
စိုင်းခက်က ကော်ဖီခွက်လေး ကိုင်လျက်
ထိုက်ဘက်လှည့်ကြည့်ပြီး ဆိုလိုက်သည်။
"အင်းအရင်ကအဲလောက်မဟုတ်ဘူး ဒါမဲ့ခုနောက် ပိုင်းပိုပြီးသောက်ဖြစ်တယ် ကော်ဖီချိုချင်လဲ ဆောင် ထားတယ်လေ ကော်ဖီနံ့က စိတ်လန်းဆန်းတယ်လို့ ကိုယ်ခံစားရလို့ "
" အဲတာကြောင့် အရင်ကထက် ခုနောက်ပိုင်းမှ အကို့ဆီက ကော်ဖီနံ့အမြဲရနေတတ်တာကို "
"ဟုတ်လား .. ခက်ရော ကြိုက်လား "
" အင်း အရင်ကသိပ်မကြိုက်ပေမဲ့ ခုတော့ကြိုက် သွားပီ"
ဟုတ်ပါတယ် စိုင်းခက် ကော်ဖီသိပ်မကြိုက်ပါ ၊ သို့ပေမဲ့ ခုတော့ကြိုက်နေပါပီ အကို့ဆီက ကပ်ပါလာတဲ့ ကော်ဖီရနံ့တွေကို ပိုကြိုက်တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မည်။
စကားတို့ဆိုကြရင်း ဝဿန်မိုးက အလုံးလိုက်အခဲလိုက်ထရွာတော့သည်။ အတန်ကြာလမ်းလျှောက် ထားသည်မို့ ကားနှင့်လည်းအလှမ်းဝေးသည်။
" ခက် ရေ မိုးတွေရွာနေပြီ မြန်မြန်ပြေးကြစို့"
မိုးစိုမှာ စိတ်ပူနေသော ထိုက်က စိုင်းခက်ကိုလှမ်းပြောတော့ စိုင်းခက်ကတော့ စိုးရိမ်ဟန်မရှိ။ ကောင်းကင်ထက် မျက်နှာမော့ထားကာ မိုးတို့ကိုလက်ဖြင့်ခံယူနေသည်။
" အကို ကျွန်တော့်ကိုလိုက်ဖမ်း"
စိုင်းခက် ပြောပြောဆိုဆိုနဲ့ပြေးသည်မို့ ထိုက် ခဗျာ ဟမ် ဆိုပြီးတောင် အသံထွက်မိသွားသည်။ ထို့နောက် စဉ်းစားချိန်တောင်မရ မိုးရေထဲ ထွက်ပြေးသွားသော အနှီကောင်လေးကို
လိုက်ဖမ်းရတော့သည်။ ခြေတံရှည်တို့ဖြင့်ပြေးလိုက်တာမို့စိုင်းခက်ကို မှီဖို့ဆိုတာ ထိုက်
အတွက်တော့ အသာလေး။
" ဟိတ် မိပြီ"
ထိုက်က ခက်၏ လက်အား နောက်က အရှိန်ပြေးရင်း လှမ်းဆွဲလိုက်တော့ ခက် ကိုယ်လေးက
ထိုက်ရဲ့ ရင်ခွင် ထဲထိ ။ မိုးရေတို့ကြား စက္ကန့်ပိုင်းမျှ ရင်ခုန်သံတို့ထပ် တူကျသွားသည်။ ထိုက် ဆံနွယ်တို့ထက်မှ စီးကျနေနေသော မိုးရေတို့။ ရဲတက်နေသော တည်ကြည်သည့်နှုတ်ခမ်း။မိုးသံ ပျင်းပျင်းကလွဲ၍ ဘာမျှ မကြားနိုင်။
ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာ ထွက်ပေါ်နေတဲ့ အသံက စိုင်းခက်ရဲ့ ရင်ခုန်သံ။ထိန်းချုပ်မနိုင် အဆက်မပြတ် တဒုတ်ဒုတ် ခုန်နေသော စိုင်းခက် ၏ နှလုံးသား။ထိုအခိုက်တန့်က စိုင်းခက်
ထိုက်အပေါ် ဘယ်လောက်ချစ်မိသွားသလဲဆိုတာ ကို ဖော်ပြပေးသွားသည် ။
စိုင်းခက် အကို့ကို ထိန်းချုပ်လို့မရနိုင်အောင် ၊ဟန်ဆောင်၍ မရနိုင်အောင် ချစ်မိနေပြီ။ ဟုတ်ပါသည် သူ့ကိုယ်သူ လိမ်ထားတဲ့ ခံစားချက်တွေဟာ ခုဖုံးကွယ်၍ မရနိုင်တော့ပါ
အကြိမ်ကြိမ် မသိကျေးကျွန်ပြုခဲ့သမျှ ခုဆိုမသိချင်ယောင်ဆောင် လို့မရအောင် သေချာသွားခဲ့ပြီ သူတကယ်ချစ််မိနေတာ အကို့ ကိုပင်ဖြစ်
သည်။ သို့ပေမဲ့ ဒီအချစ် တွေဟာ မဖြစ်သင့်မှန်းလဲ စိုင်းခက်သိပါသည် ။
****🌸🌸🌸*****
စိုင်းခက်က သူ့စိတ်သူ နားလည်သွားပါပီ ❤️
ကိုယ်မချစ်တော့တဲ့သူနဲ့တူတူနေလိုက်ရတဲ့အခါ တကယ်ချစ်မိနေသူကို တမ်းတမိနေတော့ သူ့အတွက် သေချာသွားခဲ့တာပါ ။ ဟိန်းအပေါ်
အချစ်မဟုတ်ပဲ သံယောဇဉ်ကျန်ရှိနေတာပါ။
Zawgyi
" အင်း "
" ဟယ်လို ခက် ကြားရလား"
"ဟုတ် အကို"
****🌸🌸🌸🌸******
Main buildingပေါ့"
သည်။
သည်။
စိုင်းခက်က ထပ်မေးသည်။
" အာ အကြိုက်ဆုံးရယ်လို့တော့မရှိပါဘူး သဘောကျပြီးစားဖြစ်တာကတော့
" အင်း ၁ခုတော့မတူဘူး"
" ဟင် ဘာများလဲ "
စိုင်းခက် ဘာများလဲဆိုတဲ့သိချင်စိတ်ကြောင့် မျက်လုံးဝိုင်းများဖြင့် ထိုက်ကိုစိုက်ကြည့်နေကာ ပြောလာမဲ့စကားကိုနားထောင်နေလိုက်သည် ။...
ထုတ်ရှင်းကာ
အတွက်တော့ အသာလေး။
" ဟိတ် မိပြီ"
အကြိမ်ကြိမ် မသိကျေးကျွန်ပြုခဲ့သမျှ ခုဆိုမသိချင်ယောင်ဆောင် လို့မရအောင် သေချာသွားခဲ့ပြီ သူတကယ်ချစ်မိနေတာ အကို့ ကိုပင်ဖြစ်
****🌸🌸🌸*****
Lanjutkan Membaca
Kamu Akan Menyukai Ini
1.8M 117K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
3.2M 262K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
22.1K 1K 15
အသက်​ကွာခြားပေမဲ့ အချစ်​တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်​ကန်​ကန်​ကောင်​လေးတျောက်​က လူတျောက်​ကြောင့်​ ပြောင်းလဲလာခဲ့ပီ...
9.6K 506 16
MewGulf fanfiction.. ဒီficသည်စိတ်ကူးသက်သက်ဖြင့်သာဖန်တီးခြင်းဖြစ်ပါသည် By winterdaisy88