𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒...

By georgia_20ikj

2.5K 302 42

​ကောင်ငယ်​လေးရဲ့ နှလုံးသားတံခါးက ကျွန်​တော့်အတွက် မဖွင့်​ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။ More

✩ Prologue ✩
✩ Chapter-1 ✩
✩ Chaptar - 2 ✩
☆ Chapter - 3 ☆
☆ Chapter - 5 ☆
☆ Chapter - 6 ☆
☆ Chapter - 7 ☆
☆ Chapter - 8 ☆
☆ Chapter - 9 ☆
☆ Chapter 10 ☆
☆ Chapter - 11 ☆
☆ Chapter - 12 ☆

☆ Chaptar - 4 ☆

232 24 3
By georgia_20ikj

ဂျုံ​ဆောင်း၏ ကားလေးသည် "GBK" ဟူ​သော အ​ဆောက်အအုံကြီးကြီးတစ်ခု​ရှေ့တွင် ထိုးရပ်လိုက်သည်။ ဂျုံ​ဆောင်းအခု​ရောက်​နေသည်မှာ ဥက္ကဌရှင်မ်၏ ကုမ္ပဏီတွင်ဖြစ်​လေသည်။ ဒီ​နေ့တွင် ဥက္ကဌရှင်မ်သည် သူ့အား​တွေ့ချင်သည်ဟု​ပြော​ကြောင်း ဂျိတ်ခ်​ပြော၍ လာခဲ့ခြင်းဖြစ်သည်။

ဂျုံ​ဆောင်းသည် ကုမ္ပဏီသို့​ရောက်​ရောက်ချင်း အတွင်း​ရေးမှူးဖြစ်ပုံရ​သော ​ကောင်မ​လေးသည် သူ့အား ဥက္ကဌရှင်မ်၏ ရုံးခန်းသို့လိုက်ပို့​ပေးသည်။ သူလည်း ​ကျေးဇူးတင်​ကြောင်း​ပြောကာ တံခါးအား ​ခေါက်လိုက်သည်။

"​ဒေါက်..​ဒေါက်..​ဒေါက်"

ထိုအခါ အခန်းတွင်းမှ

"၀င်ခဲ့ပါ"

ထို့​ကြောင့် ဂျုံ​ဆောင်းသည်အခန်းတွင်းသို့၀င်၍ ဥက္ကဌရှင်မ်အား ရို​သေစွာနှုတ်ဆက်​လေသည်။

"မ​တွေ့ရတာကြာပါပြီ ဥက္ကဌ ​နေ​ကောင်းရဲ့လား"

ဂျုံ​ဆောင်းသည် ​တွေ့​တွေ့ချင်းပင် တရိုတ​သေနှုတ်ဆက်လာသည်။ သို့​သော် သူဒီ​နေ့စိတ်ထဲ ​လေးလံ​နေမိသည်။ ဥက္ကဌရှင်မ် သူနှင့်​တွေ့ချင်သည်မှာ စီးပွား​ရေးကိစ္စသာမက အခြားအ​ကြောင်းတစ်ခုခု ရှိ​နေသလိုပင်။

"​ကောင်းပါတယ်ကွယ်။ အသက်ရလာလို့ ဟိုနာဒီနာ​တော့ရှိတာ​ပေါ့ကွာ"

ထိုသို့​ဖြေပြီးပြီးချင်တွင် ​လေထုသည် ဆိတ်ငြိမ်သွားခဲ့သည်။ ထို့​ကြောင့် ဂျုံ​ဆောင်းကပင် စကားစ​ပေးလိုက်​လေသည်။

"​ဥက္ကဌ ဘာကိစ္စများရှိလို့လဲ။ ဥက္ကဌရှင်မ်က ကျွန်​တော်နဲ့​ စီးပွား​ရေးကိစ္စ​ပြောစရာရှိတယ်လို့​ပြောလို့လာခဲ့တာပါ"

ထိုအခါ ဥက္ကဌရှင်မ်က.....

"အန်ကယ် အခု​တွေ့ချင်တာ စီးပွား​ရေးကိစ္စမဟုတ်ဘူး။ တစ်ခြားကိစ္စပါ။ အန်ကယ့်သားကိစ္စ​ပေါ့"

ဂျိတ်ခ်အ​ကြောင်း ပြောလာသည်​ကြောင့် ဂျုံ​ဆောင်းစိတ်၀င်စားမိသည်။ ထို့​ကြောင့်.....

"ဟုတ်ကဲ့ပါ ဥက္ကဌ"

ထိုသို့​ ဂျုံ​ဆောင်း​ဖြေလိုက်ချိန်တွင် ဥက္ကဌရှင်မ် စကားပြန်စလာခဲ့သည်။

"အန်ကယ့်သားမှာ ချစ်သူရှိတာ ​မောင်ရင်သိတယ်မဟုတ်လား"

ဂျုံ​ဆောင်း ပင့်သက်ရှိုက်လိုက်မိသည်။ တစ်ချိန်တည်းတွင်လည်း ဂျိတ်ခ်တွင်ချစ်သူ​ကောင်မ​လေးရှိမှန်းသိလျက်နှင့် သူ့အားလက်ထက်ရန်လက်ခံ​ပေးခဲ့သည်ကို အံ့အားသင့်မိသည်။

သို့​သော် ထိုအရာများအား ဖုံးဖိ၍ ​အ​ဖြေအား  ဂျုံ​ဆောင်း အားယူကာ​ဖြေလိုက်သည်။

"ကျွန်​တော် သိပါတယ်"

ထိုအ​​ဖြေ​ကြောင့် ဥက္ကဌရှင်မ် စကားထပ်စလာသည်။

"သားရဲ့​ကောင်မ​လေးက အိုယွန်းအာ ​လေ။ သူ့အ​ဖေက နိုင်ငံ​ရေးသမား။ လွှတ်​​တော်အမတ်​လေ"

​ဂျေးက အသိအမှတ်ပြုသည်ကို ​ခေါင်းငြိမ့်ကာ ​ဖော်ပြသည်။ ထို့​နောက် ဥက္ကဌရှင်မ်က....

"​မောင်ရင်နှင့် လက်ထက်​ပေးတယ်ဆိုတာ ဂျိတ်ခ်နှင့် အိုယွန်းအာကို ကွဲ​စေချင်လို့ဘဲ"

ဂျုံ​ဆောင်း မျက်၀န်း​လေး​တွေ လှုပ်ခတ်သွားသည်။ ထို့​နောက် ဥက္ကဌရှင်မ်အားကြည့်လိုက်မိသည်။

ဥက္ကဌရှင်မ်က ဆက်​ပြောလာသည်။

"အိုယွန်းအာက အန်ကယ့်သားဆီက​နေ ပိုက်ဆံအတွက် ကပ်ဖား​နေတာ။ ပြီး​တော့ သူ့အ​ဖေဆိုတာကလည်း လွှတ်​တော်အမတ်လို့သာ အမည်ခံထားတာ။ ​နောက်ကွယ်မှာ အန်ကယ့်ဆီက ရှယ်ယာ​တွေခိုး​နေတာ။ ပြီး​တော့ သူကုမ္ပဏီ​တွေ ​ထောင်မလို့​ပေါ့။ အန်ကယ်ဒီကိစ္စကို ရှင်းပစ်လို့ရတယ်ဆိုတာ မင်းသိမှာပါ"

ထိုအချိန် ဂျုံ​ဆောင်း​ မေးခွန်း​မေးလိုက်မိသည်၊

"ဒါဆို ဘာလို့ ဂျိတ်ခ်ကို....."

စကားပင်မဆုံး​သေး ဥက္ကဌရှင်မ်က စကားဖြတ်​ပြောသည်။

"မ​ပြောတာလည်းလို့ ​မေးမလို့လား။ ဒီမှာ​မောင်ရင် မင်းကိုအန်ကယ်ကအခွင့်အ​ရေး​ပေးတယ်ဆိုတဲ့ သ​​ဘောပဲ"

ဂျုံ​ဆောင်း နားမလည်ပါ။ မည်သို့ဤသို့ ​ပြောသနည်း။ သို့​သော် ဂျုံ​ဆောင်း၏ အမူအရာကိုကြည့်၍ ဥက္ကဌရှင်မ်​ပြောလာ​သောစကားသည် သူ့အား​မျှော်လင့်ချက်​ရောင်ခြည်​လေး ဖြစ်လာခဲ့သည်။

"မင်း အန်ကယ့်သားကို ချစ်​နေပြီမဟုတ်လားကွ။ ဂျိတ်ခ်ကို ကာကွယ်ပါ။ ဒီအခွင့်အ​ရေးကို အသုံးချပြီး ဂျိတ်ခ်ရဲ့စိတ်ကိုရ​အောင်ယူပါ။ မင်းအချစ်သာ စစ်မှန်ရင် အန်ကယ့်သား ​သေချာ​ပေါက် မင်းကိုပြန်ချစ်လာလိမ့်မယ်။ အကူအညီလိုရင်လည်း​ပြော​ပေါ့ကွယ်"

ထိုသို့​ပြောသွား​သော ဥက္ကဌရှင်မ်သည် ပြုံး​ယောင်​လေးသန်း​နေ​လေသည်။ ဂျုံ​ဆောင်းလည်း ထပ်တူလိုက်ပြုံးမိသည်။ ထို့​နောက် ဂျုံ​ဆောင်း​ပြောလိုက်​သော စကားသည်။

"ဂျိတ်ခ်ကို အခြားအ​ကြောင်းအရင်းတစ်စုံတရာ​ကြောင့် မဟုတ်ဘဲ ကျွန်​တော်​မေတ္တာသန်သန့်နဲ့ မြတ်နိုးတာပါ။ အဲ့တာ​ကြောင့် ကျွန်​တော်ချစ်ရတဲ့လူ အန္တရာယ်မဖြစ်​အောင် မပင်ပန်းရ​အောင် ကျွန်​တော်ကြိုးစားမှာပါ"

ဥက္ကဌရှင်မ် ပြုံးလိုက်ကာ....

"မင်းကို အန်ကယ် သမက်အဖြစ်ရတာ သိပ်ကံ​ကောင်းတယ်ကွာ"

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

ဂျုံ​ဆောင်း ည​နေ​စောင်း​လောက်မှ အိမ်ပြန်​ရောက်သည်။ ဥက္ကဌရှင်မ်နှင့် စကား​ပြောတာ အချိန်ကြာသွားခဲ့သည်ထင်။ ထို့​နောက် အိမ်ထဲသို့၀င်၀င်ချင်း သူ့နာမည်အား ဧည့်ခန်းရှိ ဆိုဖာ​ပေါ်တွင် ထိုင်​နေ​သော ​ကောင်​လေးက လှမ်း​ခေါ်သည်။

"ပတ်ခ်ဂျုံ​ဆောင်း ခင်ဗျား ကျုပ်ဒယ်ဒီနှင့် ဘာအ​ကြောင်း​တွေ​ပြောလာတာလဲ"

ခပ်​အေး​အေး​လေသံ​လေးနှင့် သူ့အား​မော့ကြည့်​နေ​သော​ကောင်​လေး။ သူလည်း.....

"ကိုယ်တို့လုပ်ငန်း​​​တွေအ​ကြောင်းပါ ဂျိတ်ခ်ရဲ့"

ထိုအခါ ​ကောင်​လေးက.....

"​ကောင်းပီ"

ထို့​နောက် ဂျုံ​ဆောင်း ဂျိတ်ခ်၏ မျက်နှာချင်းဆိုင်ဖက်တွင် ထိုင်လိုက်ကာ.....

"ကိုယ်မင်းကို ​​ပြောစရာရှိတယ်"

​ကောင်​လေးက ဖုန်းကိုသာ အာရုံစိုက်လျက် စိတ်မရှည်ဟန် ​ပြောဆိုသည့်သ​ဘောဖြင့် ​မေး​​ငေါ့ပြ​လေသည်။

"ဂျိတ်ခ်......ကိုယ်နှင့်ည​နေကျရင် တစ်​နေရာလိုက်ခဲ့​ပေးမလား"

​ကောင်​လေးက စိတ်ရှုပ်​ထွေးစွာ စိတ်ရှုပ်ဟန်ပြလာသည်။

ဂျုံ​ဆောင်းက စကားဆက်သည်။

"ကိုယ့်ကုမ္ပဏီကိုပါ။ ကိုယ့် ကုမ္ပဏီဆီ မင်းမ​ရောက်ဖူးဘူးမလား။ အဲ့တာ....."

ထိုအချိန်တွင် ဂျိတ်ခ်စကားစဖြတ်​ပြောလိုက်သည်။

"ကျုပ်မအားဘူး။ ချိန်းထားတာရှိတယ်"

ထိုသို့​ပြောလိုက်​တော့ ဂျုံ​ဆောင်းထပ်မ​ပြောဖြစ်ပါ။ အတင်းလည်းမ​ခေါ်ချင်။ စိတ်ပါမှသာ သူ​ခေါ်ချင်ပါသည်။ ဂျိတ်ခ်ကို စိတ်မညစ်​စေချင်ပါ။ သို့​သော် ဒီအခွင့်အ​ရေးကို အသုံးချ၍ ဂျိတ်ခ်အ​ကြောင်းလည်းပိုသိချင်သလို ရင်းနှီးမှုလည်း ပိုရချင်ပါသည်။

သို့​သော် သူပြုံး၍.......

"ဟုတ်ပါပြီ။ မင်းမလာချင်ရင် ကိုယ်အတင်းမ​ခေါ်ပါဘူး။ ​နောက်​တော့လာ​ပေါ့"

​ကောင်​လေးက ဖုန်းကိုသာ အာရုံစိုက်လျက် သူ​ပြောသည်ကို ကြားမှန်းမကြားမှန်း​တောင်မသိ။

ဂျုံ​ဆောင်း ဖွဖွ​လေးပြုံးလိုက်မိသည်။

"ကိုယ်က မင်းကို ချစ်​နေသူမို့ ဘယ်​လောက်ဘဲ​စောင့်ရ​စောင့်ရ စိတ်ရှည်ရှည်နဲ့ ကိုယ်​စောင့်မှာပါ"

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

ည​နေခင်းအချိန်တွင် ဂျုံ​ဆောင်း ကုမ္ပဏီသို့လာခဲ့သည်။ ည​နေ ငါးနာရီ​လောက်တွင် ​ရောက်ခဲ့သည်ဖြစ်​သော်ငြား ယခုမူ ညရှစ်နာရီပင် ရှိ​နေ​ချေပြီ။ သို့​သော် အလုပ်များမပြီးပြတ်​သေး၍ ပြန်ဖြစ်​သေးမည်မထင်။  ထိုအချိန် တံခါး​ခေါက်သံ ​ပေါ်ထွက်လာသည်။

"၀င်ခဲ့ပါ"

ထိုသို့အသံပြုလိုက်ချိန်တွင် အတွင်း​ရေးမှူး​ကောင်မ​လေးသည် သူ့အား​တိုးလျစွာ ​ပြောလာသည်။

"​​ဥက္ကဌကြီးက ​တွေ့ချင်လို့ပါတဲ့"

ဂျုံ​ဆောင်း သက်ပြင်းဖွဖွချလိုက်မိသည်။ သူ၏ပ​ထွေးဖြစ်သူသည် ပြသာနာတစ်ခုခုဖြစ်​ပေါ်မှသာ သူ့အားအ​ရေးတယူ​တွေ့သည်ဖြစ်ရာ သူစိတ်ပူရပြန်သည်။ ယခု သူတို့ကုမ္ပဏီသည် နလန်ပြန်ထူ​နိုင်​အောင်မနည်းကြိုးစား​နေရသည်ဖြစ်သည်။ သူ၏ပ​ထွေးသည် မည်သည့်ပြသာနာများ ရှာခဲ့ပါသနည်း။

ဂျုံ​ဆောင်း သူ၏ပ​ထွေးရုံးခန်းထဲသို့ တံခါး​ခေါက်၍၀င်လိုက်သည်။

"ကျွန်​တော့်ကို ​ပြောစရာရှိလို့ဆို"

၀င်၀င်ချင်း ထိုသို့​ပြောလိုက်သည်ကို လက်ဖက်ရည်အား ဆင်​ပြေန​ပြေ ​သောက်​နေ​သော ထိုလူက ​မော့ကြည့်သည်။ ထို့​နောက် ​ပြောလိုက်​သော စကားသည် ဂျုံ​ဆောင်းအား ဆွံ့အသွား​စေသည်။

"ငါ့ကိုသိန်း ၁၀၀၀ ​လောက်ထုတ်​ပေး။ ထုတ်ကုန်အသစ် project မှာ မှားသွားတာ​တွေရှိတယ်။ အစက​နေ ပြန်လုပ်ရမယ်"

ဂျုံ​ဆောင်း ချက်ချင်းစကားပင်ပြန်မ​ပြောနိုင်။ သိန်း ၁၀၀၀ ဆိုတာနည်းသည့်ပမာဏလား။ ယခု ကုမ္ပဏီ၏ အ​ခြေအ​နေကိုမသိ၍လား။ သူ​ဒေါသထွက်မိသွား၍.....

"အခု ကျွန်​တော့် ထုတ်ကုန်​တွေကုန်ပြီ။ အဲ့တာ​ကြောင့် ကျွန်​တော်ကိုယ်တိုင် လုပ်မယ်​ပြောတာ။ ပြီး​တော့ သိန်း ၁၀၀၀ ဆိုတာနည်းတဲ့ပမာဏလား။ အခု​တောင် ကုမ္ပဏီရဲ့ ရန်ပုံ​ငွေထဲကသုံး​နေရတာ"

ထိုအခါ ထိုလူက....

"မင်းငါ့ကို အပြစ်လာတင်မ​နေနဲ့။ ငါလည်းဖြစ်ချင်လွန်းလို့ မဟုတ်ဘူး။ အခု မင်းပိုက်ဆံ သိန်း ၁၀၀၀ မ​ပေးနိုင်ရင် ငါ့ကုမ္ပဏီသွားမှာ။ ရ​အောင်ရှာခဲ့။ မရရင် ငါ့အဆိုးမဆိုနဲ့။ မနက်ဖြန်အပြီးလိုချင်တယ်။ ထွက်သွား​တော့"

ဂျုံ​ဆောင်း ရုံးခန်းတွင်းသို့ပြန်​ရောက်သည်နှင့် toilet ထဲ၀င်ကာ မျက်နှာအား အကြမ်းပတမ်းသစ်မိသည်။ ဤကုမ္ပဏီသည် သူ့အသက်ဖြစ်သည်။ ထိုလူ၏ ကြိုးစားအားထုတ်မှု တစ်ခုမျှမပါ။ ဒါ​တောင် ဒါသည်သး့ကုမ္ပဏီတဲ့လား။ ဂျုံ​ဆောင်း သူ၏ကုမ္ပဏီကို အလဲလဲအပြိုပြိုအဖြစ်မခံနိုင်ပါ။ ယခုအချိန်တွင် ပိုက်ဆံသိန်း ၁၀၀၀ အားမနက်ဖြန်အမှီ မည်သို့ရှာရမည်နည်း။

ဂျုံ​ဆောင်း ညဆယ့်တစ်နာရီ​လောက်တွင် အိမ်ပြန်လာခဲ့သည်။ အိမ်တွင် ဂျိတ်ခ်ရှိပုံမ​ပေါ်။ ထို့​ကြောင့် ဂျုံ​ဆောင်းသူ၏ အိပ်ခန်းအတွင်းသို့၀င်ကာ မှိန်း​နေလိုက်​လေသည်။ မနက်တစ်နာရီခန့်တွင် ဂျိတ်ခ်ပြန်​ရောက်လာပုံ​ပေါ်သည်။ နဂိုပင် အိပ်ဖို့ခက်ခဲသူမို့ အိပ်မ​ပျော်​သေး။ ထို့​ကြောင့် ​အောက်ထပ်ဆင်းလာခဲ့သည်။ သို့​သော် သူမြင်လိုက်ရသည့်မြင်ကွင်း​ကြောင့် နှလုံးသားတစ်ခုလုံး ကွဲ​ကြေစုတ်ပြတ်သွားသ​ယောင်ပင်။

31.10.2023

Continue Reading

You'll Also Like

3.8K 551 12
Hong Jisoo × Lee Seokmin
29.9K 2.6K 15
*SHORLISTED - WATTPAD INDIA AWARD 2020 * He lives with his daughter far away from everyone. Why is he apart from his wife whom he loves more than an...
1M 55.1K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.4K 242 6
While the throne may exert its influence through subtle whispers of power, the symphony of emotions within the heart cannot be controlled.... ဘုရင်အာ...