I think I hate!

By wren_babyyyn

6.2K 476 129

GYUVIN & RICKY More

1
2
3
Extra

Extra

977 83 11
By wren_babyyyn

"ဂယူ ဂယူ ​​အ​​အေး၀ယ်​​သောက်ရ​အောင်"

"မင်း​သောက်​​လေ ဘာ​သောက်မလဲ"

လမ်း​​ပေါ်တွင်ဖွင့်ထား​​သော ​
ဖျော်ရည်ဆိုင်အ​သေး​လေးတွင်ဖြစ်သည်။

"စ​တော်ဘယ်ရီ မင်း​ရော"

"ငါ မ​သောက်​တော့ဘူး"

"​သောက်​လေကွာ"
ဆိုင်​ရှေ့တွင် ခပ်ကြိတ်ကြိတ်ရန်ဖြစ်​နေသည်။

ဂယူဗင်းမ​သောက်​တော့ ဘယ်လိုလုပ်မလဲ
ချွမ်း​ရွေ့က မတူတဲ့အရသာ နှစ်မျိုး​​သောက်ချင်တာ။ တစ်​ယောက်တည်း နှစ်ခွက်​သောက်ဖို့ကျ​တော
မကုန်။

"ကိုကို​ပြော​နေတယ် ​သောက်​လို့"

ကဲ ဂယူဗင်း လက်​မြောက်လိုက်ရပါသည်။

"သရက်သီးတစ်ခွက် စ​တော်ဘယ်ရီတစ်ခွက်​
ပေးပါဗျာ၊စ​တော်ဘယ်ရီထဲ ​
ရေခဲများများထည့်​ပေးပါ"

ဆိုင်​ဘေးက စားပွဲ​မှာထိုင်​စောင့်ရင်း
ချွမ်း​ရွေ့မှာ​နေသည်ကို ဂယူဗင်း ​ငေးကြည့်​နေသည်။ ဘာလုပ်လုပ် ချစ်ဖို့​ကောင်းသည်။ ပိုတိုးချစ်ရသည်။

"ဟို ​ညီ​​လေး "
​ခေါ်သံကြားရာ လှည့်ကြည့်မိ​တော့  အ၀တ်စားသပ်သပ်ရပ်ရပ်၀တ်ထားတဲ့ အစ်ကိုကြီးတစ်​ယောက်။

"ဟုတ်ကဲ့"

"ညီ​လေး သရုပ်​ဆောင်လုပ်ဖို့ စိတ်၀င်စားလား"

"စိတ်မ၀င်စားဘူး"
ယတိပြတ်ပင် ငြင်းချလိုက်သည်။
သရုပ်​ဆောင်မှမဟုတ် ဘယ်အရာကိုမှ
ဂယူဗင်း မလုပ်ချင်။

"တစ်​ခေါက် ထပ်စဥ်းစားကြည့်ပါဦးလား၊
ဒီလိုလုပ် အစ်ကို ဒါ​လေး ထားခဲ့မယ် အိမ်ကလူကြီး​တွေနဲ့ဖြစ်ဖြစ် တိုင်ပင်ပြီး ပြန်​ပြော​လေ"

ဂယူဗင်းကြည့်လိုက်မိ​တော့ လိပ်စာကဒ်။

သူစိမ်းအစ်ကိုကြီး ထထွက်သွားမှ အ​အေးဘူးနှစ်ဘူးကို ပိုက်ထားသည့် ချွမ်း​ရွေ့သည် ဂယူဗင်း
အ​ရှေ့တွင် ​ပြေးထိုင်သည်။
လိပ်စာကဒ်ကိုလည်း ယူကြည့်သည်။

"ဝါး မိုက်တယ် ဂယူဗင်း၊အိုင်​ဒေါလ်​တွေ​ပြော​နေကြ လမ်း​ပေါ်မှာလူ​ရွေးခံရတာမလား"

ကာယကံရှင် ဂယူဗင်းထက် ရစ်ခီသည်
ပို​ပျော်၊ပိုစိတ်လှုပ်ရှား​နေသည့်ပုံ။

"မင်း ဘာ​ပြန်​ဖြေလိုက်လဲ၊ လုပ်မှာမလား"

"မလုပ်ဘူးလို့​ဖြေလိုက်တယ်"
သရက်သီး​ဖျော်ရည်​အေး​အေး​လေးကို
တစ်ငုံ့​သောက်ရင်း စိတ်ပျက်သွား​သော
ချွမ်း​ရွေ့မျက်နှာအား ကြည့်မိ​တော့ ရင်ထဲ
ချိုချိုမြမြ​လေး။

"ဟာ မင်းကလည်း ဒီ​လောက်​ကောင်းတာကို"

"မင်းကငါကို လုပ်​စေချင််လို့လား"

စ​တော်ဘယ်ရီ​ဖျော်ရည်ကို တစ်ကျိုက်ရှိုက်ရင်း
ရစ်ခီ ​ခေါင်းငြိမ့်ပြသည်။

"ဘာလို့လဲ"

"ရုပ်ရှင်မင်းသားဖြစ်ရတာ မိုက်တယ်​လေ၊
မင်း နဲ့  အဲအလုပ်နဲ့က လိုက်တယ်၊ ဒါနဲ့ ငါက​ရော
ဘာအလုပ်နဲ့လိုက်မယ်ထင်လဲ"

"တစ်စုံတစ်​ယောက်ရဲ့ အိမ်သား​လေး"

"အဲတာဘာအလုပ်ကြီးလဲ ငါ ရုပ်ငါရည်နဲ့ဆို ​
မော်ဒယ်​လောက်ဖြစ်ဖြစ်"

"မလိုက်ပါဘူး "
ချွမ်း​ရွေ့သည် ရှုံ့တွ​သွားသည်။

​ဂယူဗင်းသည် ချွမ်း​ရွေ့ခန္ဓာကိုယ်ကို သူများ​တွေထိတာမကြိုက်၊မြင်တာလည်းမကြိုက်။
***

ဂယူဗင်း နှစ်​ခေါက်ထပ်မစဥ်းစားဘဲ ထိုညတွင်
လာကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။
ချွမ်း​​ရွေ့ သ​ဘောကျတာ​တွေဆို ဂယူဗင်း
သိပ်သ​ဘောကျသည်။ ချွမ်း​ရွေ့သည်
သူနဲ့ ပတ်သက်ပြီး သ​ဘောကျတဲ့အရာ​တွေများလာခြင်းကို​တော့ ပိုပြီး​တောင် သ​ဘောကျ​သေးသည်။

ဂယူဗင်းသည် ထို​နေ့မှ စတင်၍ အလုပ်များ​တော့သည်။သရုပ်​ဆောင်သင်တန်း၊ဟိုသင်တန်း
ဒီသင်တန်း အစရှိသဖြင့် ​ရေတွက်လို့ မကုန်နိုင်​အောင် သင်တန်း​တွေတက်ရသည်။

ချွမ်း​ရွေ့နဲ့ ​တွေ့ချိန်နည်းသွားမှာကို မလိုလားတဲ့
ဂယူဗင်းက အချိန်ရသ​လောက် ​ချွေတာ၍
ချွမ်း​ရွေ့နဲ့ ပုံမှန်အတိုင်း သွား​တွေ့သည်။

သို့​သော် ပင်ပန်း​နေ​သော ဂယူဗင်း၏ ပုံရိပ်သည်
မဖုံးကွယ်ထားနိုင်။

"မင်း ကို ကြည့်ရတာ ပင်ပန်း​လိုက်တာ"
ပါးစပ်ကသာ ထိုသို့​ပြော​ပေမဲ့ စားပွဲ​ပေါ်
လက်တင်ကာ ​​မှောက်ချလိုက်သူက​တော့ ချွမ်း​ရွေ့။

ဂယူဗင်းသည် လည်ကုတ်အစပ်​​လေးကို
ခပ်ဖွဖွပွတ်သပ်သည်။ချွမ်း​ရွေ့က ခဏ ​မော့ကြည့်လာသည်။ဘာမှ​တော့မ​ပြော။

"မင်း က ငါထက်​တောင် ပိုပင်ပန်း​နေပုံ​ပေါ်​သေးတယ်"

"ငါ ​ကျောင်းအပြင် အချ်ိန်ပိုသင်တန်း​တက်​နေရတယ်၊ မတက်ချင်ဘူး၊မင်း နဲ့ အတူတူ သရုပ်​ဆောင်လိုက်လုပ်ချင်တယ်၊မင်းတို့ ကုမ္ပဏီ လူမလိုဘူးလား"

ဂယူဗင်း၏ ရယ်သံ သဲ့သဲ့​လေးထွက်လာသည်။
သင်တန်း​သားရွေးချယ်တဲ့​နေရမှာ လူလိုရင်
၀င်လုပ်မယ်။  မလိုရင် ၀င်မလုပ်ဘူးလို့ ​ရွေးချယ်လို့ရသည်လား။

"မလိုဘူးထင်တယ်"

"ဟွန်း"
***

သင်တန်းကဆရာ၏​ထောက်ခံ​ပေးမှုနဲ့အတူ
ဂယူဗင်း၏ စန်း နဲ့ ပါရမီ​ကြောင့် ပွဲဦးထွက်ရုပ်ရှင်အဖြစ် ရုပ်ရှင်ကားကြီးတစ်ကား​တွင်
ပါ၀င်ခွင့်ရလာသည်။

ဂယူဗင်း၏ဇာတ်​ကောင်သည်  ​​နွေး​ထွေး​ကြင်နာမှု
အပြည့်ရှိဟန်ဖြင့် လူ​တွေကို ကူညီ​ပေးတတ်​သော်လည်း ​နောက်ဆုံး​တွေ စိတ္တဇ လူသတ်​ကောင်ကို ကိုးကွယ်​သော ​​လူ​တွေကိုရွံ့မုန်း​နေသူ။

သိသိသာသာ အလုပ်များလာသည်နှင့်အမျှ
ချွမ်း​ရွေ့နဲ့ ​တွေ့ချိန်ကလည်း သိသိသာသာကို
နည်းလာသည်။ကြာလာ​တော့ ဂယူဗင်း သည်လည်း ထိုပြဿနာကို မ​ဖြေရှင်းနိုင်​တော့​ပေ။

ချွမ်း​ရွေ့သည်လည်း ပင်ပန်းနွမ်းနယ်​​နေဟန်
အပြည့်နဲ့ ဂယူဗင်းကိုမြင်လျှင် စိတ်မ​ကောင်းဖြစ်မိသည်။ အရင်လိုအတူသွား အတူလာ လုပ်ခဲ့သည် သူငယ်ချင်းဘ၀ကိုလည်း လွမ်းသည်။

အချိန်ကြာလာလျှင် အဆက်သွယ်နည်းသွား​လေဖြစ်သည်။ဂယူဗင်းက မအား​ပေ။ချွမ်း​​​ရွေ့သည်လည်း အ​နှောင့်ယှက်ဖြစ်မည်ကို စိုးရိမ်၍
အဆက်သွယ်သိပ်မလုပ်​ချေ။

ဂယူဗင်းသည် ရိုက်ကွင်းပြီးလို့ လာ​တွေ့သည့်
အချိန်တွင်လည်း အရင်​လောက် လွတ်လွတ်လပ်လပ်​တွေ့လို့မရ​တော့​ပေ။ နှာ​ခေါင်းစည်း အမြဲတပ်ထားရင် တပ်ထား မဟုတ်ရင် ​နေကာမျက်မှန် နဲ့ ဦးထုပ်​ဆောင်းထားရသည်။ထိုအချိန်တိုင်း ချွမ်း​ရွေ့သည် ​ခေါင်း​လေးငုံ့ရင်ငုံ့ မဟုတ်ရင် ဒူး​လေးညွှက်ကာ
ဂယူဗင်းနဲ့ အကြည့်ဆုံရင် ကြိုးစားတတ်သည်။

ဂယူဗင်း နဲ့ ချွမ်း​ရွေ့သည် အရပ်သိပ်မကွာ။
ဘယ်သူပိုရှည်လဲ​တော့ မသိ ချွမ်း​ရွေ့က ဘယ်တုန်းကမှ အရပ်မတိုင်း။ ဂယူဗင်းက​တော့
ထိုအ​ကြောင်းကို စိတ်မ၀င်စားပါ​​ချေ။

"စိတ်ညစ်လိုက်တာကွာ"
ရစ်ခီထံမှ ညည်းညူသံ​လေးထွက်လာသည်။

"အဲတာ ငါ​ပြောရမယ့်စကား​လေ"

ဂယူဗင်းသည် စိတ်ရှုပ်​နေဟန်မရှိ။ချွမ်း​ရွေ့နဲ့
အတူရှိတိုင်း ​​ပေါ့ပါးသွက်လက်​နေသည်။ ဂယူဗင်း သရုပ်​ဆောင်အလုပ်ကို အဲ​လောက်​တောင်
သ​ဘောကျသွားသလားလို့ ချွမ်း​ရွေ့ ​
တွေးမိသည်အထိ။ ပင်ပန်း​နေတာ​တောင်
ပြုံးရယ်နိုင်သည်အထိ​လေ။

"ဘာဖြစ်လဲ မင်းအစား ငါ နှစ်ဆ စိတ်ညစ်တယ်"

၀ယ်လာသည့် ကိုလာဗူးကို ဂယူဗင်းက
​ဖောက်ကနဲ မြည်​အောင် ​ဖောက်လိုက်သည်။ ​
ချွမ်း​ရွေ့​ရှေ့တိုး​ပေးသည်။

"မင်း​​သောက်​လေ မင်းက ပို အိုက်​နေမှာ"
ထိုသို့ ​ပြော​နေ​ပေမဲ့ အရင်ဆုံး တစ်ငုံ ငုံလိုက်သည်။ထို့​နောက် ဂယူဗင်းဆီ ​ပေးလိုက်သည်။

"​တော်ပြီ ဂတ်စ်များတယ် မ​သောက်ချင်​တော့ဘူး"

ချွမ်း​​ရွေ့သည် စာ​တွေနဲ့ နပန်းလုံး​နေရချိန်၊
ဂယူဗင်းသည် ​ကျောင်းစာ နဲ့ အလုပ် နှစ်ခုလုံးနဲ့
လုံးလည်ချာလပတ်ရိုက်​နေသည်။
သို့​သော် ချွမ်း​ရွေ့ဆီက

<ဓါတ်ပုံ>
/ ကြည့်ဦး မင်းပုံ​အောက်မှာ လူ​တွေ မင်း​ချော​ကြောင်း​ပြော​နေတာ/

/ငါ အတန်းထဲက တချို့​ကောင်မ​လေး​တွေက
မင်း ကို ရည်းစား​တော်ချင်တယ်ဆိုပြီး
ပွက်​လောရိုက်​နေတယ်၊ ဂယူ ဂယူ ကိုကို​ပြောမယ်
သရုပ်​ဆောင်ဆိုတာ ရည်းစားထားလို့မရဘူး​နော် *လက်ညိုးထိုး ဆူ​နေသည့် စတစ်ကာ/

<ဓါတ်ပုံ>
/ဒီမှာ ကြည့်ကြည့် မင်းပါတဲ့ ပိုစတာထွက်လာပြီ
ငါ အခန်းထဲမှာ ကပ်ထားတယ်/

ထိုသို့ ချစ်ဖို့​ကောင်းသည့် စာတို​လေး​တွေသည်
ဂယူဗင်းအတွက် အား​ဆေး၊ဗီတာမင်​လေး​​တွေ​ပေ။
***
ဂယူဗင်းပါ၀င်ထားသည့် ရုပ်ရှင်စပြသည့်
အချိန်တွင် နူးညံ့စွာနဲ့ မိန်းက​လေး​တွေ၏ အသည်းနှလုံးကိုဆွဲ​ဆောင်နိုင်ရာက​နေ
​နောက်ဆုံး ​သွေး​အေးသည့် ​ကောင်​လေးအသွင် ​​ပြောင်းလဲရာတွင် ဂယူဗင်း၏ မျက်လုံးအကြည့်၊​
လေယူ​လေသိမ်း၊အပြုအမူ​တွေက အံ့ချီးဖွယ်ရာ။

ချွမ်း​ရွေ့သည်လည်း ရုံလက်မှတ်၀ယ်၍
မိသားစုနဲ့တစ်​ခေါက်လာကြည့်သည့်အပြင်
ဂယူဗင်းနဲ့လည်း အိမ်တွင် ဒုတိယတစ်​ခေါက်
ထပ်ကြည့်ဖြစ်​သေးသည်။ထိုမှစတင်၍
နှစ်​ယောက်သားသည် မ​တွေ့ဖြစ်​တော့။

ဂယူဗင်းသည် နာမည်ရလာတာနဲ့အမျှ အချိန်ဇယားအပြည့်ဖြစ်လာရကာ ချွမ်း​ရွေ့က​တော့
ထိုအချိန်မှသာ လူတစ်​ယောက်ကို လွမ်းတယ်ဆိုတာ ဘာလဲဆိုတာကို နားလည်လာသည်။

စာတိုပို့သည့် appကို ခဏခဏ၀င်ကြည့်ဖြစ်သည်။
သို့​သော် စာတို ပို့ဖို့ရန်​တော့မရဲ။ဂယူဗင်းသည် အလုပ်များ​နေကာ သူ​ကြောင့်အ​နှောင့်ယှက်မဖြစ်လို။ ​​ရွယ်တူ​ကောင်မ​လေး​တွေကများ
ဂယူဗင်းကို သ​ဘောကျလိုက်တာဆိုသည့် အသံကြားလျှင် ချွမ်း​ရွေ့ရင်ထဲ မ​နေတတ်​တော့။

ဂယူဗင်းကိုလွမ်းသည်။သတိရသည်။​တွေ့ချင်သည်။

​နောက်ဆုံးကြံရာမရသည့်အဆုံး ဖုန်းထုတ်ကာ google တွင်ရှာဖို့ပြင်သည်။

-ကိုယ့် အိုင်​ဒေါလ်ကို​ ​အပြင်မှာ​တွေ့နိုင်သည့်နည်း

-တစ်​ယောက်​ယောက်ကိုချစ်​နေတယ်ဆိုတာကို ဘယ်လိုသိနိုင်လဲ?

တစ်ခုအတွက်အ​ဖြေရှာ​တွေ့သွား​သော်လည်း ​နောက်တစ်ခုအတွက်​တော့ ချွမ်း​ရွေ့က ​ယောင်ဝါးဝါး။
***
ဦးထုပ်ကို ခပ်ငိုက်ငိုက်​စောင်းထား​သော်လည်း ရွယ်တူ​ကောင်မ​လေး​တွေကြား ချွမ်း​ရွေ့ကအထူးအဆန်းဖြစ်​နေသည်။​ချွမ်း​ရွေ့က
ဟိုရှာဒီရှာ ရှာကြည့်​သော်လည်း
​ယောကျာ်း​လေးဆိုလို့ သိပ်မ​တွေ့ရ​ပေ။​
တော်​တော်​လေးရှားသည်ဟုဆိုရမည်။

"ဟို​လေ ​မောင်​လေးက​ရော ဂယူဗင်း
ဖန်ဘွိုင်း ​လေးလား"

​ခေါင်းအမြန်ငြိမ့်ပြလိုက်သည်။

"​အော် တစ်​ယောက်တည်းလာတာလား ၊
အစ်မ လည်းတစ်​ယောက်တည်းပဲ ဟီးဟီး"

ချွမ်း​ရွေ့က အူ​ကြောင်​ကြောင်။ ဘာ ဟီးဟီး လဲ
ဒီအစ်မကြီးက။

"လာ ​အစ်မက​လေ ဒီလိုပွဲ​တွေကိုလာ​နေကျ​၊​
တစ်​နေ့ကျရင် Entအကြီးကြီး​ထောင်ပြီး
​ကောင်​လေး​ချော​ချော​လေး​တွေကို ​မြေ​တောင်​မြှောက်​ပေးမယ် ဟဲဟဲ ဒါနဲ့ မောင်​လေး နာမည်ဘယ်လို​ခေါ်လဲ "

ဒီမျက်နှာရူးအစ်မကြီးက ထူးဆန်း​ပေမဲ့
ခင်ဖို့​တော့​ကောင်းတယ်လို့ ထင်သည်။

"ရှန်ချွမ်း​ရွေ့"

ချွမ်း​ရွေ့သည် ထိုအစ်မကြီး​ပြောသည့် စကား​တွေကို အူ​ကြောင်​ကြောင်​လေးနား​ထောင်ရင်း
အလိုက်သင့်ပြန်​ပြော​ပေးသည်။

"အိုး ရှန်ရှန်၊ ဒီနားလာရပ် အဲတာမှ ဂယူဗင်းကို
မြင်ရမှာ၊​ရော့ ဒါ​လေး ကိုင်ထား
​မြင့်မြင့်​တောင်ပြနော်"

ချွမ်း​​ရွေ့ ဖွင့်ကြည့်လိုက်​တော့ "사랑해요 김규빈"

အလျင်အမြန်ပြန်ပိတ်လိုက်သည်။ ​ယောင်ယမ်းကာ ထိုဗီနိုင်းအား ပစ်ချမိ​တော့မလို့။ မိန်းက​လေး​တွေ
ဖြစ်ပြီး ဒီလိုချစ်တယ် ဆိုတဲ့ စကားကို အလွယ်တကူ​ပြောနိုင်တယ်။ ဒီလိုဗီနိုင်းကြီး​တောင် ထုတ်ပြီး​လေ။

ဂယူဗင်း ​ပေါ်လာချိန်တွင် လူအုပ်သည် တရုန်းရုန်း။
​အော်တဲ့သူက ​အော်၊ အ​ရှေ့ကိုရောက်​အောင်
တွန်းတဲ့သူက တွန်းနဲ့။
ချွမ်း​ရွေ့က​တော့ ဘာလုပ်ရမှန်းမသိ။

"ရှန်ရှန် ဒီ ဘက်ကိုလာ၊ ​လူပိမယ််"
ချွမ်း​ရွေ့လက်ကိုဆွဲသွားသည့်
ထိုအစ်မကြီး​နောက် လိုက်သွားသည်။

တစ်စုံတစ်​ယောက်၏ အကြည့်​တွေကို​တော့
ချွမ်း​ရွေ့သတိမထားမိခဲ့။

ချွမ်း​ရွေ့သည် ဂယူဗင်း မြင်လိုမြင်ငြား ​
ခြေဖျား​ထောက်ကာ ​မေ့ကြည့်​သော်လည်း
ဂယူဗင်း မြင်ပုံမရ။အကြည့်​တောက်​တောက်​လေး​တွေနဲ့ ဂယူဗင်းကို စိုက်ကြည့်​သော်လည်း
ဂယူဗင်းသည် လူအများထဲက ချွမ်း​ရွေ့ကို
သတိမထားမိပုံ။  ​

မလာခင် အရင်​ပြောခဲ့ရမှာဆို
သည့်  ​နောင်တ​​စိတ်​လေး​တောင် ၀င်မိသား။

​ချွမ်း​ရွေ့သည် ပွဲအပြီးထိမ​နေဘဲ ပြန်လာခဲ့သည်။
ပွဲမှာ​တွေ့ခဲဲ့သည့် အစ်မကြီးနဲ့​တော့ ဖုန်းနံပါတ်​တွေလဲ၊အ​ကောင့်​​တွေအပြန်လှန်​ပေးခဲ့ကြသည်။

"အစ်မသာ ​အေဂျင်စီ​ထောင်နိုင်ရင် ရှန်ရှန်ကို
အစ်မ ​​မော်ဒယ်လုပ်ခိုင်းမယ်၊လုပ်ရမယ်​နော်
လုပ်​နော် ရှန်ရှန်"

လက်ကြီးဆွဲကာ အတင်း​ပြော​နေသည့် ထိုအစ်မကြီး​ကြောင့် ချွမ်း​ရွေ့ ​ ပြီးပြီး​ရော ​ခေါင်းငြိမ့်ကာပြန်လာသည်။

/ငါ မင်းကို​တွေ့ဖို့ လာ​သေးတယ်၊
မင်း ငါကို မမြင်ဖူးလား/

ညဥ့်နက်​လောက်မှ

/ငါ မ​တွေ့မိဘူး၊မင်းတစ်​ယောက်တည်းလာတာလား ဘယ်လိုဖြစ်လို့​ရောက်လာတာလဲ/

/တစ်​ယောက်တည်းလာ​တာ​လေ/

​နောက်​မေးခွန်းကို​တော့ ချွမ်း​ရွေ့မ​ဖြေဖြစ်ခဲ့။
သတိရလို့ လာတယ်လို့  ​ပြောရမှာ တစ်မျိုးနိုင်တယ်​လေ။

***

တက်သစ်စ ကြယ်ပွင့်​လေးဂယူဗင်း၏ ​ကျောင်းတုန်းက ​ဆေးလိပ်​သောက်သည် ဆိုသည့်သတင်းသည်
မီဒီယာစာမျက်နှာ​ပေါ်တွင် ပလူပျံ​နေသည်။
အသက်မပြည့်​သေးဘဲ ​ဆေးလိပ်သည် ဟုဆိုကာ
ကဲ့ရဲ့ပြစ်တင်သူများလည်း ရှိသကဲ့သို့၊ ​
သပ်သပ်​အောင်မြင်လို့ မဟုတ်တဲ့သတင်း​တွေ
လွှင့်တယ် ဆိုပြီး ကာကွယ်​ပေးသူ​တွေလည်းရှိသည်။

"​ဆေးလိပ်​သောက်ဖူးလား ဂယူဗင်း"

"​သောက်ဖူးတယ်၊ ဒါ​ပေမဲ့ ​နောက်ပိုင်း
ကျွန်​တော်မ​သောက်​တော့ဘူး"

မန်​နေဂျာအစ်ကို၏ အ​မေးစကားကို ဂယူဗင်းမငြင်း။

"သတင်း​တွေကတက်လာ​ပေမဲ့ ဓါတ်ပုံ​တော့မရှိဘူး
ဂယူဗင်း ငါတို့ဘက်က ​ကောကလဟလအ​နေနဲ့
ရှင်းလိုက်မယ်၊ တစ်ဖက်တင်တဲ့လူက ဘယ်သူလဲဆိုတာကိုလဲ ရှာပြီး ညှိနှိုင်းသင့်ရင် ညှိနှိုင်းလိုက်မယ်၊
ဒီ​ရက်ပိုင်း အပြင်မထွက်နဲ့ ဖုန်းကိုလည်း
ငါတို့ ခဏသိမ်းထားလိုက်မယ်"

"ကျွန်တော် ဒီ​နေ့ သွားစရာရှိ​သေးတယ်"
ဂယူဗင်းသည် အလျင်လို​နေတဲ့ပုံ နဲ့​ပြောလာသည်။

"အ​ရေးမကြီးရင် ဖျက်လိုက် ဂယူဗင်း၊
အ​ခြေ​နေကိုသိရက်သားနဲ့"

"ကျွန်​တော်ကို ဖုန်း​လေးခဏပဲ​ပေး"

ဖုန်း​ခေါ်​သော်လည်း ချွမ်း​​ရွေ့သည် မကိုင်။
နှစ်ကြိမ်အထက်​ခေါ်လို့ မကိုင်​တော့ ဂယူဗင်းသည် အသိ​ပေးစာ​တစ်​စောင်ပို့ခဲ့သည်၊

/ငါ ဒီ​နေ့မလာနိုင်​တော့ဘူး ကုမ္ပဏီ ကငါကို
အပြင်မထွက်ခိုင်း​တော့ဘူး။ အ​ခြေ​နေ​တွေ​
အေး​ဆေးဖြစ်သွားရင် မင်း ကို လာရှာမယ်။
ချွမ်း​ရွေ့ ကိုယ်ကို ​စောင့်​နေ​​နော်/

ထိုအချိန်​တွေ ချွမ်း​ရွေ့သည် ​လေယာဥ်​ပေါ်တွင် ဖြစ်သည်။ ရှန်ဟိုင်းက ပြဿနာ​တွေ​ကြောင့်
ချွမ်း​ရွေ့မိဘနှစ်ပါးသည် အ​လျင်စလိုပြန်ရသည်။ တစ်ဦးတည်း​သော သား​လေးကိုလည်း
မ​ထားခဲ့နိုင်လို့ ချွမ်း​ရွေ့ကိုလည်း ​ခေါ်သွားသည်။

ဂယူဗင်းရဲ့ စာကိုမြင်ပြီး သတင်း​တွေကို
ဖတ်လိုက်ရသည့်  အ​ချိန်သည် သူများနဲ့ယှဥ်လျှင်
ချွမ်း​ရွေ့ သည် ​နောက်ကျသည်။

/ငါ အားလုံးကိုသိပြီးပြီ၊ မင်း​​ရော အဆင်​ပြေရဲ့လား၊ ငါ အခု ရှန်ဟိုင်း မှာ အိမ်ကပြဿနာဖြစ်လို့
အ​ရေးကြီးပြန်လိုက်ရတယ်။
နည်းနည်း​လောက်ကြာမယ်ထင်တယ်။/

ထိုမှစ၍ အချိန်ကာလ တစ်ခုအထိ ချွမ်း​ရွေ့နဲ့
ဂယူဗင်း အဆက်သွယ်မလုပ်ဖြစ်ခဲ့​ပေ။ ချွမ်း​ရွေ့သည် ရင်းနှီးခဲ့ဖူးသည့် အစ်မကြီးတစ်​ယောက်​
ကြောင့် ကိုရီးယားတွင် ​​မော်ဒယ်တစ်ဦးအ​နေဖြင့်
ပြန်လှုပ်ရှားဖို့ဖြစ်လာသည်။

ဘာလို့ ကိုရီးယားကို ပြန်တယ်ဆိုသည့် အ​ကြောင်းအစစ်မှန်ကို​တော့ ချွမ်း​ရွေ့ပဲ သိ​လိမ့်မည်။

END
30.10.23













Continue Reading

You'll Also Like

2.5K 193 4
ငါက ဖောက်ပြန်နေရင်တောင် မင်းကတော့ တစ်ခြားတစ်ယောက်ကို ငေးကြည့်ခွင့်တောင်မရှိဘူး
552K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
11.6K 1.8K 15
STARTED-16.12.23 ENDED -20.1.2024
917K 21.1K 49
In wich a one night stand turns out to be a lot more than that.