Zawgyi
"စီနီယာအဲလစ္"
ေက်ာင္းသားေတြ အမ်ိဳးသမီးေတြကိုျမင္တဲ့အခ်ိန္မွာ ေဘးကိုကပ္ေပးကာ လမ္းလုပ္ေပးလိုက္သည္၊ အဲလစ္ဟာ ဆရာအနီးနားေရာက္လာၿပီး အရိုအေသေပးလိုက္သည္၊
"တပ္ရင္းက ကုသေရးအေဆာင္ကို တာဝန္ယူထားတဲ့ အဲလစ္ ေနာ္ဘရက္စ္ပါ ဆရာ"
"အင္း ေက်ာင္းသားအဲလစ္ မင္းစကားက အမွန္ပဲလား၊ မင္းစကားကို မင္းတာဝန္ယူနိုင္လား"
ဆရာက ေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး အဲလစ္ကိုေမးလိုက္ခ်ိန္မွာ အဲလစ္ကေခါင္းညိတ္လိုက္ၿပီးေတာ့ ေျပာလိုက္သည္၊
"တျခားေက်ာင္းသားတစ္ေယာက္ဆိုရင္ ဒီကိစၥကို မွတ္မိဖို႔ခက္ခဲေပမယ့္ ေက်ာင္းသားရန္ဟြမ္က လြန္ခဲ့တဲ့သုံးႏွစ္က အမွတ္ေလးခံတပ္မွာ စစ္သူႀကီးအဆင့္ရွိတဲ့နတ္ဆိုးကို တိုက္ခိုက္ရာမွာဦးေဆာင္ၿပီးအရည္အခ်င္းရွိတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ ကြၽန္မက အခ်က္အလက္ေတြကို အေသအခ်ာမွတ္မိသားပါရွင့္"
"ေက်ာင္းသားရန္ဟြမ္ တပ္ရင္းရဲ႕ကုသေရးစခန္းကို ေရာက္လာခ်ိန္မွာ သူ႕ေပၚမွာ မည္သည့္ဒဏ္ရာမွမရွိေပမယ့္ သတိေမ့ေမ်ာေနတာေၾကာင့္ ကြၽန္မရဲ႕ကုသေရးေဆာင္မွာအနားယူဖို႔ အေစာင့္အေရွာက္တစ္ခ်ိဳ႕ကို အမိန့္ေပးခဲ့ပါတယ္၊ အဲ့အခ်က္အလက္ေတြကိုေကာ အဲ့ေန႕က အေစာင့္အေရွာက္ေတြကိုပါ ကြၽန္မျပန္လည္ရွာေဖြေပးနိုင္ပါတယ္ ဆရာ"
အဲလစ္စကားေၾကာင့္ ခ်ဲလ္ရဲ႕မ်က္ႏွာက ျဖဴဆုတ္သြားေတာ့သည္၊အဲလစ္ ေနာ္ဘရက္စ္ကိုလည္း ခ်ဲလ္သိတာေၾကာင့္ သူဟာ သူ႕ကံဆိုးမႈကို အျပစ္တင္မိသြားၿပီ၊
"အဲခ်ိန္တုန္းက ရန္ဟြမ္ကို ကုသေပးလိုက္တဲ့သူက ေကာလ္လင္းဆိုတာ ကြၽန္ေတာ္တာဝန္ခံေပးနိုင္တယ္" ေနာက္ထပ္ေက်ာင္းသားတစ္ဦးေရာက္လာခ်ိန္မွာ လူတိုင္းဟာစိတ္ရႈပ္ေထြးသြားေတာ့သည္၊ဘယ္လိုေတာင္ ႀကီးမားတဲ့ရႈပ္ေထြးမႈႀကီးလဲ၊
"ဘယ္လိုလုပ္ အဲ့ေကာင္ျဖစ္နိုင္မွာလဲ...!သူ႕လို နိမ့္ပါးတဲ့အလင္းစြမ္းအားရွင္က အျခားသူတစ္ေယာက္ကို ကယ္တင္နိုင္မွာလဲ!" ခ်ဲလ္က ထိုေက်ာင္းသားစကားေၾကာင့္ ေပါက္ကြဲသြားၿပီးေျပာလိုက္မိသည္၊
ေကာလ္လင္းကို ခ်ဲလ္မသိေပမယ့္ သူ႕ေရွ႕မွာတင္ အလင္းနတ္ဘုရားဆီကေန ေ႐ြးခ်ယ္ခံလိုက္ရတာကိုျမင္ေတာ့ မနာလိုျဖစ္မိသည္၊သူ႕လို လူမ်ိဳးကိုမေ႐ြးခ်ယ္ပဲ ဘာမွမဟုတ္တဲ့ေကာင္ကို အလင္းနတ္ဘုရားကေ႐ြးခ်ယ္ရတာလဲ၊
"ေက်ာင္းသားေကာလ္လင္းက တိုက္ရိုက္မကုသခဲ့ေပမယ့္ သူက တားျမစ္ေမွာ္ကို အသုံးျပဳခဲ့တာပါ ဆရာ" ထိုေက်ာင္းသားက ခ်ဲလ္ကိုအေလးမစိုက္ပဲ ဆရာကိုသာေျပာလိုက္သည္၊
"တားျမစ္ေမွာ္ မင္းမွာသက္ေသရွိလားေက်ာင္းသား"
"ဟုတ္ကဲ့ ရွိပါတယ္ဗ်၊ ကြၽန္ေတာ္က တတိယႏွစ္အတန္းက လန္ေဒးစ္၊ မွတ္တမ္းေရးရာမွာ ပညာသင္ၾကားေနတဲ့ေက်ာင္းသားပါဗ်၊ အဲ့တုန္းက မွတ္တမ္းကိုလည္း ကြၽန္ေတာ္ကိုယ္တိုင္ရိုက္ကူးခဲ့တာပါခဗ်"
"ပထမက ေက်ာင္းေရးရာကို မွတ္တမ္းေက်ာက္ေတြလာေရာက္ေပးေဆာင္ရင္း မထင္ထားတဲ့ကိစၥေတြေၾကာင့္ ဒီကိုေရာက္လာၿပီး သူတစ္ပါးေနရာကိုဝင္ယူၿပီး မ်က္ႏွာေကာင္းဝင္ယူခ်င္တာကိုျမင္ေတာ့ သည္းမခံနိုင္ေတာ့လို႔ ဝင္ပါရတာပါ ဆရာ"
လန္ေဒးစကားေၾကာင့္ ဆရာကေခါင္းညိတ္လိုက္ၿပီးေနာက္မွာ သူက ေကာလ္လင္းကိုေမးလိုက္သည္၊
"ဘယ္တားျမစ္ေမွာ္ကို မင္းအသုံးျပဳခဲ့တာလဲ ေက်ာင္းသားေကာလ္လင္း"
ေကာလ္လင္းက အနည္းငယ္တြန့္ဆုတ္သြားေပမယ့္ ေနာက္ဆုံးမွာေတာ့ ႏူတ္ခမ္းမ်ားဖြင့္ဟကာ ေျပာလိုက္ေတာ့သည္၊
"တန္ျပန္သက္ေရာက္ျခင္းေမွာ္"
"ဘာ!!!" ဒါက ရန္ဟြမ္ဆီကေနထြက္ေပၚလာတဲ့အသံျဖစ္ၿပီး ရန္ဟြမ္က ေကာလ္လင္းရဲ႕ပခုံးကိုဆုပ္ကိုင္ရင္း ေမးလိုက္သည္၊
"အဲ့ေမွာ္ကို မင္းတကယ္သုံးခဲ့တာလား ဘာေၾကာင့္လဲ!!! အဲ့ေမွာ္က ဘယ္ေလာက္ထိေပးဆပ္ရလဲ မင္းသိလား" ရန္ဟြမ္ရဲ႕မ်က္ႏွာဟာစိုးရိမ္ၿပီးေတာ့ ေဒါသလည္းထြက္ေနေတာ့သည္၊
"ခင္ဗ်ားကို ခ်စ္လို႔ေပါ့ဗ်!!!ခင္ဗ်ားအသက္ထက္ ဘယ္အရာက ငါ့အတြက္ တန္ဖိုးရွိမွာလဲ...!" ေကာလ္လင္းက ေအာ္ဟစ္ကာေျပာဆိုလိုက္ေတာ့သည္၊ လွပတဲ့မ်က္လုံးထဲကေန မ်က္ရည္မ်ားက ပါးေပၚကေနတစ္ဆင့္ စီးက်ေနေတာ့သည္၊ရန္ဟြမ္က ပထမကအနည္းငယ္ေၾကာင္သြားေပမယ့္ ေကာလ္လင္းကို ရင္ခြင္ထဲထည့္ကာဖက္လိုက္သည္၊
"ကိုယ္ေတာင္းပန္ပါတယ္..."
ေကာလ္လင္းက ထိုစကားေၾကာင့္ ရွိုက္ႀကီးတငင္ငိုလာေတာ့သည္၊ေကာလ္လင္းက အၿမဲတိတ္ဆိတ္ကာေနတတ္ၿပီး အေတာ္ကိုေအးတဲ့ေကာင္ေလးျဖစ္သည္၊ရန္ဟြမ္ရဲ႕သူငယ္ခ်င္းေတြဆိုေပမယ့္ သူတို႔ႏွစ္ဦးက တစ္ေယာက္ကိုတစ္ေယာက္ အေတာ္ကိုတန္ဖိုးထားၾကသည္၊ အခုခ်ိန္မွာေတာ့ ရန္ဟြမ္က ေကာလ္လင္းက သူ႕ကိုခ်စ္ေၾကာင္းေျပာလာခ်ိန္မွာ ေပ်ာ္႐ႊင္ေနေပမယ့္ သူေၾကာင့္ ေကာလ္လင္းအႀကိမ္ႀကိမ္နာက်င္ရသည္ကိုသိရေတာ့ ရင္ထဲမွာထပ္တူနာက်င္မိသည္၊
"ေက်ာင္းသားခ်ဲလ္ မင္းဘာေျပာခ်င္ေသးလဲ" ဆရာက ရန္ဟြမ္တို႔အတြဲကို လစ္လ်ဴရႈလိုက္ၿပီး ခ်ဲလ္ဘက္ကို လွည့္ကာေမးလိုက္သည္၊ခ်ဲလ္က ႏူတ္ခမ္းမ်ားပြင့္ဟသြားေပမယ့္ ျပန္ေစ့သြားကာ ဘာမွမေျပာေတာ့ေပ၊
"မိတ္ဆက္ဖို႔ေမ့ေနတာ ငါက ေက်ာင္းေတာ္ရဲ႕ႀကီးၾကပ္ေရးအပိုင္းကို တာဝန္ယူထားတဲ့ဆရာရိန္းပဲ" ဆရာစကားေၾကာင့္ ေက်ာင္းသားသစ္ေတြက မ်က္စိျပဴးသြားေတာ့သည္၊တစ္ခ်ိဳ႕စီနီယာအတန္းပိုင္းကသူေတြက ျမင္ဖူးေပမယ့္ မေသခ်ာျဖစ္ေနခဲ့ၿပီး အခုေတာ့ ေသခ်ာသြားၿပီျဖစ္တာေၾကာင့္ သူတို႔မွာပါးစပ္ေလးေတြပိတ္ကုန္ေတာ့သည္၊
'ေနာက္စရာမွမဟုတ္တာ ေက်ာင္းေတာ္မွာ ေၾကာက္စရာေကာင္းတဲ့ဆရာငါးဦးထဲမွာ ဆရာရိန္းကအဆင့္ႏွစ္ေနရာမွာ ရပ္တည္ေနခဲ့တာေလ၊စည္းကမ္းတင္းၾကပ္ၿပီးေတာ့ ဘက္လိုက္မႈမရွိပဲ အျပစ္ေပးသူျဖစ္တယ္ေလ'
ဆရာရိန္းရဲ႕နာမည္ေျပာင္က "ဘက္လိုက္မႈမရွိတဲ့ခ်ိန္ခြင္"ေလ၊ဒါေၾကာင့္ သူတို႔က ကိုယ္နဲ႕မပတ္သတ္တဲ့ထဲဝင္မပါေတာ့ပဲ ၿငိမ္ၿငိမ္ေလးသာဆက္ၾကည့္ေနေတာ့သည္၊
ခ်ဲလ္ရဲ႕မ်က္ႏွာကလည္း ေသြးေရာင္မရွိေတာ့သလို ျဖဴဆုတ္သြားေတာ့သည္၊ဒါေပမယ့္ သက္ေသေတြရွိေနတာေၾကာင့္ ခ်ဲလ္မွာ ဘာမွမေျပာနိုင္ေပ၊ဒါေပမယ့္ ဘယ္ေနရာကေနစၿပီးမွားေနလည္း ခ်ဲလ္နားမလည္ေပ၊
ရန္ဟြမ္က သူ႕ဘာသာသူေက်းဇူးရွင္ဆိုၿပီးသတ္မွတ္ၿပီး သူ႕ဘာသာသူကူညီတာေလ၊ သူ႕ဘက္က ဘာေတြမ်ားမွားေနလို႔လဲ၊
"ေကာင္းၿပီ ဒါဆိုရင္ ေက်ာင္းသားခ်ဲလ္ကို အျပစ္ေပးအေဆာင္ကို ေခၚသြားလိုက္"
"မရဘူး" ဒန္နာရီကေရာက္လာၿပီး ဆရာရိန္းကို ၾကည့္လိုက္ၿပီး ဆက္ေျပာလိုက္သည္၊
"သူ ဒူးေထာက္ဖို႔ သုံးရက္က်န္ေသးတယ္"
ဆရာရိန္းက ဒန္နာရီကိုၾကည့္လိုက္ၿပီးေနာက္မွာ ခ်ဲလ္ကိုၾကည့္လိုက္သည္၊ထို႔ေနာက္မွာ ၿပဳံးလိုက္ၿပီးေတာ့ ဒန္နာရီကိုေမးလိုက္သည္၊
"မင္းက သူ႕ကို ခုႏွစ္ရက္ဒူးေထာက္ဖို႔ပဲ ေျပာတာမလား ခုႏွစ္ရက္ဆက္တိုက္လို႔မေျပာခဲ့ဘူးမလား"
ဆရာရိန္းစကားေၾကာင့္ ဒန္နာရီလည္းေခါင္းညိတ္လိုက္ၿပီး အေလ်ာ့ေပးရန္စိတ္ကူးလိုက္သည္၊
"ဆရာရိန္း အျပစ္ဒဏ္ေပးၿပီးရင္ ေက်ာင္းသားခ်ဲလ္က သူရႉံးနိမ့္သြားတဲ့ေလာင္းေၾကးအတိုင္း ေနာက္သုံးရက္ကို ဒူးေထာက္ေပးရမယ္"
"ေကာင္းၿပီ မင္းနာမည္ဘယ္လိုေခၚလဲ ေက်ာင္းသား"
"ဒန္နာရီ ရိုစဲဆလပ္ပါဗ်"
"မင္းမွာ ဆရာရွိၿပီလား" ဆရာရိန္းရဲ႕စကားေၾကာင့္ အကုန္လုံးက အံ့ၾသသြားေတာ့သည္၊ထိုစကားကို ဆရာရိန္းက ဒန္နာရီကိုေမးျမန္းလိုက္တာ ဘာေၾကာင့္လဲဆိုတာ သူတို႔ကရိပ္မိလိုက္သည္၊ဆရာရိန္းက စိန္အဆင့္ဆရာတစ္ဦးျဖစ္ၿပီးေတာ့ ေက်ာင္းေတာ္မွာ အေတာ္ကိုအာဏာႀကီးလွသည္၊
"မရွိဘူး" ဒန္နာရီက ေခါင္းခါကာေျပာလိုက္ခ်ိန္မွာ ဆရာရိန္းရဲ႕မ်က္ႏွာထက္မွာ ေက်နပ္သြားေတာ့သည္၊
"ရည္႐ြယ္ထားတဲ့ဆရာေကာရွိလား"
"မရွိဘူး"
"ေက်ာင္းသားဒန္နာရီက ဘယ္လိုဆရာမ်ိဳးဆီမွာ တပည့္ခံခ်င္တာလဲ"
ဒန္နာရီက ဆရာရိန္းေမးခြန္းေၾကာင့္ၿငိမ္သက္သြားၿပီးေနာက္မွာ တစ္ခြန္းပဲ ျပန္ေျဖလိုက္သည္၊
"အလိုလိုက္ေပးမဲ့ဆရာမ်ိဳး" ထိုစကားေၾကာင့္ ဆရာရိန္းက က်ယ္ေလာင္စြာရယ္ေမာၿပီးေနာက္မွာေတာ့ သူက ဒန္နာရီဆံပင္မ်ားကို ဖြလိုက္ၿပီး ေက်ာင္းသားခ်ဲလ္ကို ေခၚေဆာင္ရန္ အျခားေက်ာင္းသားေတြကို ေစခိုင္းလိုက္ၿပီး ထြက္သြားေတာ့သည္၊
"မင္းလိုခ်င္တဲ့ဆရာက ငါျဖစ္နိုင္တယ္ "ထြက္မသြားခင္မွာေတာ့ ဆရာရိန္းေျပာသြားတဲ့စကားေၾကာင့္ ေနာက္ထပ္ေက်ာင္းေတာ္မွာ လူေျပာမ်ားေတာ့မည့္အေၾကာင္းအရာတိုးသြားျပန္ေတာ့သည္၊ဆရာရိန္းက ေကာလ္လင္းကို စိတ္မဝင္စားရတဲ့အေၾကာင္းအရင္းက ေကာလ္လင္းရဲ႕ေမွာ္အပိုင္းက သူနဲ႕မသက္ဆိုင္ေပ၊ ၿပီးေတာ့ ေကာလ္လင္းကို မ်က္စိက်ေနတဲ့ဆရာေတြကရွိၿပီးသားပင္၊
ဒန္နာရီတို႔လည္း ဘာမွဆက္လုပ္စရာမရွိေတာ့တာေၾကာင့္ ထြက္သြားခ်ိန္မွာ အန္ဒီးယားက ဒန္နာရီကိုမုန္းတီးစြာစိုက္ၾကည့္ေနေတာ့သည္၊ဒါေပမယ့္ ဒန္နာရီကို အဲ့ကိစၥကိုစိတ္မဝင္စားပဲ သူစိတ္ဝင္စားတာက အန္ဒီးယားက အလွမ္းေဝးတဲ့ေနရာမွာ ရပ္ေနၿပီး အနည္းငယ္နာက်င္ေနသလိုခံစားေနရသည္ကို သတိထားမိလိုက္သည္၊
'ေကာလ္လင္းရဲ႕အလင္းစြမ္းအားေၾကာင့္လား'
*အလင္းနတ္ဘုရားေၾကာင့္ပဲ* ေကာလ္လင္းကို အလင္းနတ္ဘုရားက အသိအမွတ္ျပဳခ်ိန္မွာ ေပၚလာတဲ့ေရာင္ဝါေတြကို ဒန္နာရီျပန္သတိရလိုက္မိသညိ၊ထိုေရာင္ဝါေၾကာင့္ အနီးနားမွာရွိေနတဲ့ အန္ဒီးယားက နာက်င္မႈေၾကာင္ ေရွာင္ထြက္သြားပုံရသည္၊
'အလင္းနတ္ဘုရားရဲ႕ေရာင္ဝါကို နတ္ဆိုးဘုရင္ေတာင္ သည္းမခံနိုင္ဘူးပဲ'
ဒါေပမယ့္ နတ္ဘုရားရဲ႕အေရာင္အဝါက ကန္စြန္း႐ြက္ေတြလို ေပါေပါပဲပဲရွိေနတာမဟုတ္တာေၾကာင့္ ထိုကိစၥကို ဒန္နာရီစိတ္ထဲသာထားလိုက္ၿပီး မူလအစီအစဥ္တိုင္းသာ သြားရန္ဆုံးျဖတ္လိုက္သည္၊
-*-*-*-*-*
Chapter-111ေမွ်ာ္
-*-*-*-*-*-*-*
Unicode
"စီနီယာအဲလစ်"
ကျောင်းသားတွေ အမျိုးသမီးတွေကိုမြင်တဲ့အချိန်မှာ ဘေးကိုကပ်ပေးကာ လမ်းလုပ်ပေးလိုက်သည်၊ အဲလစ်ဟာ ဆရာအနီးနားရောက်လာပြီး အရိုအသေပေးလိုက်သည်၊
"တပ်ရင်းက ကုသရေးအဆောင်ကို တာဝန်ယူထားတဲ့ အဲလစ် နော်ဘရက်စ်ပါ ဆရာ"
"အင်း ကျောင်းသားအဲလစ် မင်းစကားက အမှန်ပဲလား၊ မင်းစကားကို မင်းတာဝန်ယူနိုင်လား"
ဆရာက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အဲလစ်ကိုမေးလိုက်ချိန်မှာ အဲလစ်ကခေါင်းညိတ်လိုက်ပြီးတော့ ပြောလိုက်သည်၊
"တခြားကျောင်းသားတစ်ယောက်ဆိုရင် ဒီကိစ္စကို မှတ်မိဖို့ခက်ခဲပေမယ့် ကျောင်းသားရန်ဟွမ်က လွန်ခဲ့တဲ့သုံးနှစ်က အမှတ်လေးခံတပ်မှာ စစ်သူကြီးအဆင့်ရှိတဲ့နတ်ဆိုးကို တိုက်ခိုက်ရာမှာဦးဆောင်ပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ကျွန်မက အချက်အလက်တွေကို အသေအချာမှတ်မိသားပါရှင့်"
"ကျောင်းသားရန်ဟွမ် တပ်ရင်းရဲ့ကုသရေးစခန်းကို ရောက်လာချိန်မှာ သူ့ပေါ်မှာ မည်သည့်ဒဏ်ရာမှမရှိပေမယ့် သတိမေ့မျောနေတာကြောင့် ကျွန်မရဲ့ကုသရေးဆောင်မှာအနားယူဖို့ အစောင့်အရှောက်တစ်ချို့ကို အမိန့်ပေးခဲ့ပါတယ်၊ အဲ့အချက်အလက်တွေကိုကော အဲ့နေ့က အစောင့်အရှောက်တွေကိုပါ ကျွန်မပြန်လည်ရှာဖွေပေးနိုင်ပါတယ် ဆရာ"
အဲလစ်စကားကြောင့် ချဲလ်ရဲ့မျက်နှာက ဖြူဆုတ်သွားတော့သည်၊အဲလစ် နော်ဘရက်စ်ကိုလည်း ချဲလ်သိတာကြောင့် သူဟာ သူ့ကံဆိုးမှုကို အပြစ်တင်မိသွားပြီ၊
"အဲချိန်တုန်းက ရန်ဟွမ်ကို ကုသပေးလိုက်တဲ့သူက ကောလ်လင်းဆိုတာ ကျွန်တော်တာဝန်ခံပေးနိုင်တယ်" နောက်ထပ်ကျောင်းသားတစ်ဦးရောက်လာချိန်မှာ လူတိုင်းဟာစိတ်ရှုပ်ထွေးသွားတော့သည်၊ဘယ်လိုတောင် ကြီးမားတဲ့ရှုပ်ထွေးမှုကြီးလဲ၊
"ဘယ်လိုလုပ် အဲ့ကောင်ဖြစ်နိုင်မှာလဲ...!သူ့လို နိမ့်ပါးတဲ့အလင်းစွမ်းအားရှင်က အခြားသူတစ်ယောက်ကို ကယ်တင်နိုင်မှာလဲ!" ချဲလ်က ထိုကျောင်းသားစကားကြောင့် ပေါက်ကွဲသွားပြီးပြောလိုက်မိသည်၊
ကောလ်လင်းကို ချဲလ်မသိပေမယ့် သူ့ရှေ့မှာတင် အလင်းနတ်ဘုရားဆီကနေ ရွေးချယ်ခံလိုက်ရတာကိုမြင်တော့ မနာလိုဖြစ်မိသည်၊သူ့လို လူမျိုးကိုမရွေးချယ်ပဲ ဘာမှမဟုတ်တဲ့ကောင်ကို အလင်းနတ်ဘုရားကရွေးချယ်ရတာလဲ၊
"ကျောင်းသားကောလ်လင်းက တိုက်ရိုက်မကုသခဲ့ပေမယ့် သူက တားမြစ်မှော်ကို အသုံးပြုခဲ့တာပါ ဆရာ" ထိုကျောင်းသားက ချဲလ်ကိုအလေးမစိုက်ပဲ ဆရာကိုသာပြောလိုက်သည်၊
"တားမြစ်မှော် မင်းမှာသက်သေရှိလားကျောင်းသား"
"ဟုတ်ကဲ့ ရှိပါတယ်ဗျ၊ ကျွန်တော်က တတိယနှစ်အတန်းက လန်ဒေးစ်၊ မှတ်တမ်းရေးရာမှာ ပညာသင်ကြားနေတဲ့ကျောင်းသားပါဗျ၊ အဲ့တုန်းက မှတ်တမ်းကိုလည်း ကျွန်တော်ကိုယ်တိုင်ရိုက်ကူးခဲ့တာပါခဗျ"
"ပထမက ကျောင်းရေးရာကို မှတ်တမ်းကျောက်တွေလာရောက်ပေးဆောင်ရင်း မထင်ထားတဲ့ကိစ္စတွေကြောင့် ဒီကိုရောက်လာပြီး သူတစ်ပါးနေရာကိုဝင်ယူပြီး မျက်နှာကောင်းဝင်ယူချင်တာကိုမြင်တော့ သည်းမခံနိုင်တော့လို့ ဝင်ပါရတာပါ ဆရာ"
လန်ဒေးစကားကြောင့် ဆရာကခေါင်းညိတ်လိုက်ပြီးနောက်မှာ သူက ကောလ်လင်းကိုမေးလိုက်သည်၊
"ဘယ်တားမြစ်မှော်ကို မင်းအသုံးပြုခဲ့တာလဲ ကျောင်းသားကောလ်လင်း"
ကောလ်လင်းက အနည်းငယ်တွန့်ဆုတ်သွားပေမယ့် နောက်ဆုံးမှာတော့ နူတ်ခမ်းများဖွင့်ဟကာ ပြောလိုက်တော့သည်၊
"တန်ပြန်သက်ရောက်ခြင်းမှော်"
"ဘာ!!!" ဒါက ရန်ဟွမ်ဆီကနေထွက်ပေါ်လာတဲ့အသံဖြစ်ပြီး ရန်ဟွမ်က ကောလ်လင်းရဲ့ပခုံးကိုဆုပ်ကိုင်ရင်း မေးလိုက်သည်၊
"အဲ့မှော်ကို မင်းတကယ်သုံးခဲ့တာလား ဘာကြောင့်လဲ!!! အဲ့မှော်က ဘယ်လောက်ထိပေးဆပ်ရလဲ မင်းသိလား" ရန်ဟွမ်ရဲ့မျက်နှာဟာစိုးရိမ်ပြီးတော့ ဒေါသလည်းထွက်နေတော့သည်၊
"ခင်ဗျားကို ချစ်လို့ပေါ့ဗျ!!!ခင်ဗျားအသက်ထက် ဘယ်အရာက ငါ့အတွက် တန်ဖိုးရှိမှာလဲ...!" ကောလ်လင်းက အော်ဟစ်ကာပြောဆိုလိုက်တော့သည်၊ လှပတဲ့မျက်လုံးထဲကနေ မျက်ရည်များက ပါးပေါ်ကနေတစ်ဆင့် စီးကျနေတော့သည်၊ရန်ဟွမ်က ပထမကအနည်းငယ်ကြောင်သွားပေမယ့် ကောလ်လင်းကို ရင်ခွင်ထဲထည့်ကာဖက်လိုက်သည်၊
"ကိုယ်တောင်းပန်ပါတယ်..."
ကောလ်လင်းက ထိုစကားကြောင့် ရှိုက်ကြီးတငင်ငိုလာတော့သည်၊ကောလ်လင်းက အမြဲတိတ်ဆိတ်ကာနေတတ်ပြီး အတော်ကိုအေးတဲ့ကောင်လေးဖြစ်သည်၊ရန်ဟွမ်ရဲ့သူငယ်ချင်းတွေဆိုပေမယ့် သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် အတော်ကိုတန်ဖိုးထားကြသည်၊ အခုချိန်မှာတော့ ရန်ဟွမ်က ကောလ်လင်းက သူ့ကိုချစ်ကြောင်းပြောလာချိန်မှာ ပျော်ရွှင်နေပေမယ့် သူကြောင့် ကောလ်လင်းအကြိမ်ကြိမ်နာကျင်ရသည်ကိုသိရတော့ ရင်ထဲမှာထပ်တူနာကျင်မိသည်၊
"ကျောင်းသားချဲလ် မင်းဘာပြောချင်သေးလဲ" ဆရာက ရန်ဟွမ်တို့အတွဲကို လစ်လျူရှုလိုက်ပြီး ချဲလ်ဘက်ကို လှည့်ကာမေးလိုက်သည်၊ချဲလ်က နူတ်ခမ်းများပွင့်ဟသွားပေမယ့် ပြန်စေ့သွားကာ ဘာမှမပြောတော့ပေ၊
"မိတ်ဆက်ဖို့မေ့နေတာ ငါက ကျောင်းတော်ရဲ့ကြီးကြပ်ရေးအပိုင်းကို တာဝန်ယူထားတဲ့ဆရာရိန်းပဲ" ဆရာစကားကြောင့် ကျောင်းသားသစ်တွေက မျက်စိပြူးသွားတော့သည်၊တစ်ချို့စီနီယာအတန်းပိုင်းကသူတွေက မြင်ဖူးပေမယ့် မသေချာဖြစ်နေခဲ့ပြီး အခုတော့ သေချာသွားပြီဖြစ်တာကြောင့် သူတို့မှာပါးစပ်လေးတွေပိတ်ကုန်တော့သည်၊
'နောက်စရာမှမဟုတ်တာ ကျောင်းတော်မှာ ကြောက်စရာကောင်းတဲ့ဆရာငါးဦးထဲမှာ ဆရာရိန်းကအဆင့်နှစ်နေရာမှာ ရပ်တည်နေခဲ့တာလေ၊စည်းကမ်းတင်းကြပ်ပြီးတော့ ဘက်လိုက်မှုမရှိပဲ အပြစ်ပေးသူဖြစ်တယ်လေ'
ဆရာရိန်းရဲ့နာမည်ပြောင်က "ဘက်လိုက်မှုမရှိတဲ့ချိန်ခွင်"လေ၊ဒါကြောင့် သူတို့က ကိုယ်နဲ့မပတ်သတ်တဲ့ထဲဝင်မပါတော့ပဲ ငြိမ်ငြိမ်လေးသာဆက်ကြည့်နေတော့သည်၊
ချဲလ်ရဲ့မျက်နှာကလည်း သွေးရောင်မရှိတော့သလို ဖြူဆုတ်သွားတော့သည်၊ဒါပေမယ့် သက်သေတွေရှိနေတာကြောင့် ချဲလ်မှာ ဘာမှမပြောနိုင်ပေ၊ဒါပေမယ့် ဘယ်နေရာကနေစပြီးမှားနေလည်း ချဲလ်နားမလည်ပေ၊
ရန်ဟွမ်က သူ့ဘာသာသူကျေးဇူးရှင်ဆိုပြီးသတ်မှတ်ပြီး သူ့ဘာသာသူကူညီတာလေ၊ သူ့ဘက်က ဘာတွေများမှားနေလို့လဲ၊
"ကောင်းပြီ ဒါဆိုရင် ကျောင်းသားချဲလ်ကို အပြစ်ပေးအဆောင်ကို ခေါ်သွားလိုက်"
"မရဘူး" ဒန်နာရီကရောက်လာပြီး ဆရာရိန်းကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်၊
"သူ ဒူးထောက်ဖို့ သုံးရက်ကျန်သေးတယ်"
ဆရာရိန်းက ဒန်နာရီကိုကြည့်လိုက်ပြီးနောက်မှာ ချဲလ်ကိုကြည့်လိုက်သည်၊ထို့နောက်မှာ ပြုံးလိုက်ပြီးတော့ ဒန်နာရီကိုမေးလိုက်သည်၊
"မင်းက သူ့ကို ခုနှစ်ရက်ဒူးထောက်ဖို့ပဲ ပြောတာမလား ခုနှစ်ရက်ဆက်တိုက်လို့မပြောခဲ့ဘူးမလား"
ဆရာရိန်းစကားကြောင့် ဒန်နာရီလည်းခေါင်းညိတ်လိုက်ပြီး အလျော့ပေးရန်စိတ်ကူးလိုက်သည်၊
"ဆရာရိန်း အပြစ်ဒဏ်ပေးပြီးရင် ကျောင်းသားချဲလ်က သူရှူံးနိမ့်သွားတဲ့လောင်းကြေးအတိုင်း နောက်သုံးရက်ကို ဒူးထောက်ပေးရမယ်"
"ကောင်းပြီ မင်းနာမည်ဘယ်လိုခေါ်လဲ ကျောင်းသား"
"ဒန်နာရီ ရိုစဲဆလပ်ပါဗျ"
"မင်းမှာ ဆရာရှိပြီလား" ဆရာရိန်းရဲ့စကားကြောင့် အကုန်လုံးက အံ့သြသွားတော့သည်၊ထိုစကားကို ဆရာရိန်းက ဒန်နာရီကိုမေးမြန်းလိုက်တာ ဘာကြောင့်လဲဆိုတာ သူတို့ကရိပ်မိလိုက်သည်၊ဆရာရိန်းက စိန်အဆင့်ဆရာတစ်ဦးဖြစ်ပြီးတော့ ကျောင်းတော်မှာ အတော်ကိုအာဏာကြီးလှသည်၊
"မရှိဘူး" ဒန်နာရီက ခေါင်းခါကာပြောလိုက်ချိန်မှာ ဆရာရိန်းရဲ့မျက်နှာထက်မှာ ကျေနပ်သွားတော့သည်၊
"ရည်ရွယ်ထားတဲ့ဆရာကောရှိလား"
"မရှိဘူး"
"ကျောင်းသားဒန်နာရီက ဘယ်လိုဆရာမျိုးဆီမှာ တပည့်ခံချင်တာလဲ"
ဒန်နာရီက ဆရာရိန်းမေးခွန်းကြောင့်ငြိမ်သက်သွားပြီးနောက်မှာ တစ်ခွန်းပဲ ပြန်ဖြေလိုက်သည်၊
"အလိုလိုက်ပေးမဲ့ဆရာမျိုး" ထိုစကားကြောင့် ဆရာရိန်းက ကျယ်လောင်စွာရယ်မောပြီးနောက်မှာတော့ သူက ဒန်နာရီဆံပင်များကို ဖွလိုက်ပြီး ကျောင်းသားချဲလ်ကို ခေါ်ဆောင်ရန် အခြားကျောင်းသားတွေကို စေခိုင်းလိုက်ပြီး ထွက်သွားတော့သည်၊
"မင်းလိုချင်တဲ့ဆရာက ငါဖြစ်နိုင်တယ် "ထွက်မသွားခင်မှာတော့ ဆရာရိန်းပြောသွားတဲ့စကားကြောင့် နောက်ထပ်ကျောင်းတော်မှာ လူပြောများတော့မည့်အကြောင်းအရာတိုးသွားပြန်တော့သည်၊ဆရာရိန်းက ကောလ်လင်းကို စိတ်မဝင်စားရတဲ့အကြောင်းအရင်းက ကောလ်လင်းရဲ့မှော်အပိုင်းက သူနဲ့မသက်ဆိုင်ပေ၊ ပြီးတော့ ကောလ်လင်းကို မျက်စိကျနေတဲ့ဆရာတွေကရှိပြီးသားပင်၊
ဒန်နာရီတို့လည်း ဘာမှဆက်လုပ်စရာမရှိတော့တာကြောင့် ထွက်သွားချိန်မှာ အန်ဒီးယားက ဒန်နာရီကိုမုန်းတီးစွာစိုက်ကြည့်နေတော့သည်၊ဒါပေမယ့် ဒန်နာရီကို အဲ့ကိစ္စကိုစိတ်မဝင်စားပဲ သူစိတ်ဝင်စားတာက အန်ဒီးယားက အလှမ်းဝေးတဲ့နေရာမှာ ရပ်နေပြီး အနည်းငယ်နာကျင်နေသလိုခံစားနေရသည်ကို သတိထားမိလိုက်သည်၊
'ကောလ်လင်းရဲ့အလင်းစွမ်းအားကြောင့်လား'
*အလင်းနတ်ဘုရားကြောင့်ပဲ* ကောလ်လင်းကို အလင်းနတ်ဘုရားက အသိအမှတ်ပြုချိန်မှာ ပေါ်လာတဲ့ရောင်ဝါတွေကို ဒန်နာရီပြန်သတိရလိုက်မိသညိ၊ထိုရောင်ဝါကြောင့် အနီးနားမှာရှိနေတဲ့ အန်ဒီးယားက နာကျင်မှုကြောင် ရှောင်ထွက်သွားပုံရသည်၊
'အလင်းနတ်ဘုရားရဲ့ရောင်ဝါကို နတ်ဆိုးဘုရင်တောင် သည်းမခံနိုင်ဘူးပဲ'
ဒါပေမယ့် နတ်ဘုရားရဲ့အရောင်အဝါက ကန်စွန်းရွက်တွေလို ပေါပေါပဲပဲရှိနေတာမဟုတ်တာကြောင့် ထိုကိစ္စကို ဒန်နာရီစိတ်ထဲသာထားလိုက်ပြီး မူလအစီအစဥ်တိုင်းသာ သွားရန်ဆုံးဖြတ်လိုက်သည်၊
-*-*-*-*-*
Chapter-111မျှော်