Zawgyi
"ဒါက အလင္းတမန္ေတာ္အဆင့္မလား"
ေက်ာင္းသားတစ္ခ်ိဳ႕ေခၚေဆာင္လာတဲ့ဆရာေတြေကာ ဒန္နာရီတို႔ပါ ကာလ္လင္းကိုယ္ထဲကေနထြက္ေပၚလာတဲ့အရွိန္အဝါကို အံ့အားသင့္ေနေတာ့သည္၊
ဒန္နာရီအေနနဲ႕ ရႈ~ထက္ ပိုမိုျမင့္မားေသာအလင္းစြမ္းအားရွင္ကို မျမင္ဖူးတာအမွန္ေပ၊ဒါက အရင္တစ္ေခါက္က သူအသုံးျပဳခဲ့တဲ့အလင္းစြမ္းအားထက္ ပိုမိုျပင္းထန္ၿပီး ပိုမိုသန့္စင္သည္ဟုခံစားရသည္၊
ကာလ္လင္းေၾကာင့္ ရန္ဟြမ္ရဲ႕ကိုယ္ေပၚကဒဏ္ရာေတြလည္း အကင္းေပ်ာက္ကြယ္သြားေတာ့သည္၊
"ဒါက..." ရန္ဟြမ္လည္း မ်က္လုံးကို ျဖည္းညွင္းစြာ ဖြင့္လိုက္ၿပီး အံ့အားသင့္ေနေတာ့သည္၊လြန္ခဲ့တဲ့အခ်ိန္အနည္းငယ္က ခံစားခဲ့ရတဲ့နာက်င္မႈေတြက အိပ္မက္လိုပင္၊ သူ႕ကိုယ္ေပၚက ဒဏ္ရာမ်ားပင္ လုံးဝမရွိေတာ့တာေၾကာင့္ ရန္ဟြမ္တစ္ေယာက္ အိပ္မက္မက္ေနသလားေတာင္ ထင္သြားေတာ့သည္၊
"ဟြမ္...မင္းအဆင္ေျပရဲ႕လား"
ကာလ္လင္းရဲ႕အဝါေရာင္မ်က္ဝန္းမ်ားက ေမွ်ာ္လင့္ခ်က္ေၾကာင့္ေတာက္ပေနတဲ့မ်က္လုံးထဲကေနေတာ့ မ်က္ရည္မ်ား ယိုဖိတ္ေနၿပီး ရန္ဟြမ္ရဲ႕အဝတ္ေတြေပၚ တစ္ေပါက္ေပါက္နဲ႕ က်ေနေတာ့သည္၊ ကာလ္လင္းက ေအာက္ႏူတ္ခမ္းကို ကိုက္လိုက္ၿပီး ရန္ဟြမ္ရင္ခြင္ထဲပစ္ဝင္လိုက္ၿပီး ေျပာလိုက္သည္၊
"ေနာက္တစ္ခါ ခင္ဗ်ားအသက္ကို တန္ဖိုးထားစမ္းပါ!ဟြမ္!"
"ငါေတာင္းပန္ပါတယ္ လင္း" ရန္ဟြမ္ရဲ႕မ်က္လုံးမ်ားက ႏူးညံ့သြားၿပီးေတာ့ ကာလ္လင္းရဲ႕ခါးကို ျပန္ဖက္ထားလိုက္သည္၊ထို႔ေနာက္မွာေတာ့ ကာလ္လင္းက ရန္ဟြမ္ကို ေမာ့ၾကည့္လာခ်ိန္မွာ ရန္ဟြမ္ကလည္း ျပန္လည္စိုက္ၾကည့္ရင္းၿပဳံးေနတာေၾကာင့္ ကာလ္လင္းရဲ႕မ်က္ႏွာဟာ ရွက္ေသြးျဖာကာရဲတြတ္သြားေတာ့သည္၊
ရန္ဟြမ္ကလည္း ကာလ္လင္းရဲ႕ပါးေပၚက မ်က္ရည္ေတြကို ဖြဖြေလးသုတ္လိုက္ၿပီး တုန္ယင္ေနတဲ့ႏူတ္ခမ္းပါးေလးကို လက္မနဲ႕ဖိရင္း ေခါင္းကို ေရွ႕တိုးကာ ႏူတ္ခမ္းကိုနမ္းလိုက္ေတာ့သည္၊
ကာလ္လင္းမွာ စကၠန့္ပိုင္းေလာက္ ေၾကာင္အၿပီး ေတာင့္ေတာင့္ေလးျဖစ္သြားေပမယ့္ ႐ုန္းေတာ့မ႐ုန္းေပ၊အေပၚယံ ဖြဖြေလးအနမ္းဆိုေပမယ့္ ႏွစ္ေယာက္လုံးရဲ႕ႏွလုံးသားက ေျဗာင္းဆန္ေနေတာ့သည္၊
"အဟမ္း..." အနီးနားက ဆရာတစ္ဦးက က်ီဆယ္ေနတဲ့ေက်ာင္းသားႏွစ္ဦးကို ေဘးမွာ အျခားသူေတြပါရွိေၾကာင္း သတိေပးခ်င္တာေၾကာင့္ ေခ်ာင္းဟန့္ကာအသံျပဳလိုက္မွ ကာလ္လင္းက ရွက္႐ြံ႕သြားၿပီး ခ်က္ခ်င္းမတ္တပ္ရပ္လိုက္ေတာ့သည္၊ ရန္ဟြမ္ကေတာ့ ကာလ္လင္းအျပဳအမူေၾကာင့္ ၿပဳံးၿပီးေတာ့ သူလည္းထရပ္လိုက္သည္၊
ဒါေပမယ့္ အနီးနားမွာ သူတို႔ကိုစိုက္ၾကည့္ေနတဲ့ခ်ဲလ္ကိုျမင္ေတာ့ ရန္ဟြမ္ရဲ႕ျမျပာရင့္ေရာင္မ်က္ဝန္းမ်ားက ေအးစက္သြားေတာ့သည္၊
ကာလ္လင္း ကုသေပးေနခ်ိန္မွာ ခ်ဲလ္ဆီက လာေရာက္ကုသဖို႔လည္း ရန္ဟြမ္က မေမွ်ာ္လင့္ထားေပ၊လစ္လ်ဴရႈထားကို နားလည္ေပမယ့္ ခ်ဲလ္က သူ႕ကိုၾကည့္ကာ ေလွာင္ရီၿပီး အၾကည့္ေတြက 'ေသသြားပါေစ'လို႔ ေမွ်ာ္လင့္ေနသည္၊ ဒါေၾကာင့္ ခ်ဲလ္အေပၚမွာ ေနာက္ဆုံးမတင္မက်ျဖစ္ေနတဲ့အားနာမႈေတြက 'ေဖာက္'ဆိုၿပီး ျပတ္ေတာက္သြားေတာ့သည္၊
ထိုခ်ိန္က ငါ့ကို ကယ္ခဲ့တဲ့သူက ခ်ဲလ္ဆိုတာ ေသခ်ာရဲ႕လားပဲ၊ ရန္ဟြမ္ရဲ႕စိတ္က ခ်ဳပ္ေထြးသြားၿပီး အေတြးေတြနဲ႕ ဗ်ာမ်ားခ်ိန္မွာ ဆရာတစ္ဦးကလည္း ေက်ာင္းသားေတြကို အေၾကာင္းစုံေမးျမန္းေနေတာ့သည္၊
ဆရာက အေၾကာင္းစုံသိသြားခ်ိန္မွာေတာ့ ရန္ဟြမ္ကို ေမးျမန္းလိုက္သည္၊
" ဘာေၾကာင့္ မင္းကိုယ္မင္းထိခိုက္ေအာင္လုပ္တာလဲ ေက်ာင္းသားရန္ဟြမ္"
ရန္ဟြမ္က သက္ျပင္းခ်လိဳက္ၿပီးေတာ့ အမွန္တိုင္းေျပာလိုက္သည္၊
"လြန္ခဲ့တဲ့သုံးႏွစ္တုန္းက ေက်ာင္းသားခ်ဲလ္က စစ္ေျမျပင္ အမွတ္(ေလး)မွာ ကြၽန္ေတာ့္အသက္ကို ကယ္တင္ေပးဖူးတယ္၊ အဲ့တုန္းက အမွတ္ေလးခံတပ္ကို နတ္ဆိုးေတြဝိုင္းဝန္းတုန္းက ကြၽန္ေတာ္တို႔ကာကြယ္ေစာင့္ေရွာက္သူေတြ အျပင္းအထန္ဒဏ္ရာရခဲ့ၿပီး ကြၽန္ေတာ္လည္း ေသမလိုျဖစ္ခဲ့တယ္ ဆရာ"
"သူက မင္းကို ကယ္တင္ခဲ့ေၾကာင္း အေထာက္အထားရွိလား" ဆရာက ရန္ဟြမ္စကားကိုနားေထာင္ၿပီးေနာက္ အနည္းငယ္မ်က္ေမွာက္ၾကဳတ္သြားၿပီး ရန္ဟြမ္ကို ဆက္ေမးလိုက္သည္၊ရန္ဟြမ္က အနည္းငယ္တိတ္ဆိတ္သြားၿပီးေနာက္ ေျဖလိုက္သည္၊
"ကြၽန္ေတာ္ သတိရလာခ်ိန္မွာ တပ္ရင္းရဲ႕ကုသေဆာင္ကို ျပန္ေရာက္ေနၿပီး အနားမွာ ေက်ာင္းသားခ်ဲလ္ပဲရွိေနၿပီး သူကိုယ္တိုင္ကလည္း ဒုကၡေရာက္ေနတဲ့ကြၽန္ေတာ့္ကို ကယ္တင္ခဲ့ေၾကာင္းေျပာခဲ့ပါတယ္ ဆရာ"
"လြန္ခဲ့တဲ့သုံးႏွစ္က အဆင့္ႏွစ္ကပ္ေဘးကိုေျပာတာလား" ေက်ာင္းသူတစ္ဦးက ရန္ဟြမ္ကိုေမးလာေတာ့သည္၊ ရန္ဟြမ္ကလည္း ေခါင္းညိတ္လိုက္ခ်ိန္မွာ ထိုေက်ာင္းသူက မေရမရာအမူအရာနဲ႕ေျပာလာေတာ့သည္၊
" အဲ့တုန္းက ေက်ာင္းသားခ်ဲလ္က အမွတ္တစ္ဆယ္ခံတပ္မွာေလ"
ထိုေက်ာင္းသူစကားေၾကာင့္ ဒူးေထာက္ေနဆဲျဖစ္တဲ့ခ်ဲလ္က မ်က္ႏွာျဖဴေဖ်ာ့သြားေတာ့သည္၊အကုန္လုံးကလည္း ခ်ဲလ္ဘက္ကိုၾကည့္လိုက္သလို ဆရာကိုယ္တိုင္ကလည္း ခ်ဲလ္ကို မတ္တပ္ရပ္ခိုင္းလိုက္သည္၊ခ်ဲလ္က မနက္တည္းက ဒူးေထာက္ေနတာေၾကာင့္ မတ္တပ္ရပ္လိုက္ခ်ိန္မွာ အနည္းငယ္ယိုင္ယဲ့သြားၿပီး အနီးနားကရွိတဲ့လူငယ္ေပၚ မွီကာအားယူရန္ေတြးလိုက္ခ်ိန္မွာ ထိုလူငယ္က အေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္တာေၾကာင့္ မယ္လီရာကိုသာ အားကိုးလိုက္ရသည္၊
"ေက်ာင္းသားခ်ဲလ္ အဲ့တုန္းက မင္းဘယ္မွာလဲ"
" ခံတပ္တစ္ဆယ္မွာပါ..."
"မင္းက သူ႕ကို ကယ္တင္ခဲ့တယ္ဆိုတာ အမွန္လား"
ခ်ဲလ္ရဲ႕အျပာေရာင္မ်က္ဝန္းမ်ားက အနည္းငယ္ေကာက္က်စ္တဲ့အရိပ္မ်ားျဖတ္သန္းသြားေပမယ့္ သူက အာနည္းတဲ့အမူအရာနဲ႕ၿပဳံးလိုက္ၿပီး အသံတိမ္တိမ္ေလးနဲ႕ေျဖလိုက္သည္၊
"ကုသေရးေဆာင္ကို ေရာက္ခ်ိန္မွာ ေက်ာင္းသားရန္ဟြမ္က အျပင္းအထန္ထိခိုက္ဒဏ္ရာ ရေနတာေၾကာင့္ ကြၽန္ေတာ္က ကုသေပးခဲ့တာေတာ့ အမွန္ပါပဲ"
ခ်ဲလ္ရဲ႕စိတ္ထဲမွာ ယုံၾကည္ခ်က္အျပည့္ရွိၿပီးသားပင္၊အဲ့တုန္းက ဘယ္သူ႕မွ သူကုသတာ မျမင္ေပမယ့္ ကုသေရးေဆာင္က လူနာေတြကလည္း ဒဏ္ရာျပင္းထန္စြာရထားတဲ့သူေတြႀကီးပင္၊ထိုခ်ိန္တုန္းက သူကလည္း အလင္းစြမ္းအားအလြန္အကြၽံသုံးမိတာေၾကာင့္ မူးလဲၿပီးေတာ့ ကုသေရးေဆာင္မွာ အနားယူရန္ ျပန္အပို႔ခံလိုက္ရသည္မလား၊
ထိုခ်ိန္မွာ အမွတ္ေလးခံတပ္က အေစာင့္အေရွာက္သူရဲေကာင္းေတြက ေမ့ေမ်ာေနတဲ့လူငယ္တစ္ဦးကို ေခၚေဆာင္လာခဲ့သည္၊ပထမက သူက စိတ္မဝင္စားပဲ အိပ္ရန္ေတြးလိုက္ေပမယ့္ ထိုလူေတြစကားေၾကာင့္ အႀကံရသြားေတာ့သည္၊
ေက်ာင္းေတာ္မွာေကာ စစ္ေျမျပင္မွာ သူ႕ကို ကာကြယ္ေစာင့္ေရွာက္မည့္သူ သိပ္မရွိေပ၊ရွိေပမယ့္ အသုံးမက်တဲ့သူေတြသာ မ်ားလွသည္၊
ထိုလူေတြရဲ႕စကားအရဆိုရင္ ရန္ဟြမ္က အမွတ္ေလးခံတပ္မွာ ႀကီးမားတဲ့ေကာင္းမြန္သည့္လုပ္ေဆာင္ခ်က္ႀကီးလုပ္ခဲ့တာကို ၾကားလိုက္ရသည္၊ထိုလူေတြရဲ႕ေျပာဆိုခ်က္အရဆိုရင္ အလင္းစြမ္းအားရွင္တစ္ဦးက ရန္ဟြမ္ကို ကယ္တင္ၿပီးေတာ့ ထြက္သြားခဲ့တာေၾကာင့္ ဘယ္သူကယ္တင္ခဲ့လည္းဆိုတာ ဘယ္သူမွမသိေပ၊ပိုေကာင္းသြားခဲ့တာက ရန္ဟြမ္ျပန္သတိရခ်ိန္မွာ ရန္ဟြမ္က 'သူ႕ကို ကယ္တင္ခဲ့တာလား' ေမးလိုက္တဲ့ေမးခြန္းေၾကာင့္ပင္၊
အျခားသူေနရာကို အစားထိုးဝင္ေရာက္ခဲ့တဲ့ကိစၥနဲ႕ပတ္သတ္ၿပီးခ်ဲလ္က အားနာစိတ္ေသးေသးေလးေတာင္မခံစားရခဲ့ေပ၊ၿပီးေတာ့ ထိုတုန္းက လူေတြကလည္း ဒီမွာ ရွိမေနေပ၊
"ဟုတ္တယ္ အဲ့တုန္းက ခ်ဲလ္က အလင္းစြမ္းအားအလြန္အကြၽံသုံးမိလို႔ တပ္ရင္းကို ေခါင္းေဆာင္က ျပန္ခိုင္းလိုက္တယ္ဆိုတာကို ကြၽန္မေထာက္ခံေပးတယ္" မယ္လီရာစကားေၾကာင့္ ခ်ဲလ္ရဲ႕ႏူတ္ခမ္းမ်ားက ေက်နပ္စြာေကာ့တက္သြားေတာ့သည္၊မယ္လီရာက ပါရမီမရွိေပမယ့္ သစၥာရွိတဲ့ေခြးနဲ႕တူလွသည္၊
ဆရာက မယ္လီရာစကားေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး သူက ရန္ဟြမ္လုပ္ရပ္နဲ႕ပတ္သတ္ၿပီး အျပစ္ေပးရန္ေတြးလိုက္သည္၊အေၾကာင္းစုံသိၿပီးတာေၾကာင့္ ရန္ဟြမ္က အျခားသူဆီမွာ အေႂကြးမရွိေစခ်င္တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ထိခိုက္ေအာင္လုပ္ခဲ့တဲ့ကိစၥနဲ႕ပတ္သတ္ၿပီး ဆရာက အလြတ္ေပးမည္မဟုတ္ေပ၊
"အဲ့တုန္းက ရန္ဟြမ္ကို ကုသေပးခဲ့တဲ့သူက ခ်ဲလ္ မန္အလ္ရိမိုက္မဟုတ္ဘူးဆိုတာ ကြၽန္မသက္ေသခံေပးလို႔ရတယ္"
မီးလိုေတာက္ပေနတဲ့အနီေရာင္ဆံႏြယ္မ်ားနဲ႕လွပတဲ့အမ်ိဳးသမီးတစ္ဦးဟာ ေက်ာင္းသားေတြၾကားကေနထြက္လာေတာ့သည္၊
-*-*-*-*-*-*-*-*-*-*
Chapter -110ေမွ်ာ္
-*-*-*-*-*-*-*-*
Unicode
"ဒါက အလင်းတမန်တော်အဆင့်မလား"
ကျောင်းသားတစ်ချို့ခေါ်ဆောင်လာတဲ့ဆရာတွေကော ဒန်နာရီတို့ပါ ကာလ်လင်းကိုယ်ထဲကနေထွက်ပေါ်လာတဲ့အရှိန်အဝါကို အံ့အားသင့်နေတော့သည်၊
ဒန်နာရီအနေနဲ့ ရှု~ထက် ပိုမိုမြင့်မားသောအလင်းစွမ်းအားရှင်ကို မမြင်ဖူးတာအမှန်ပေ၊ဒါက အရင်တစ်ခေါက်က သူအသုံးပြုခဲ့တဲ့အလင်းစွမ်းအားထက် ပိုမိုပြင်းထန်ပြီး ပိုမိုသန့်စင်သည်ဟုခံစားရသည်၊
ကာလ်လင်းကြောင့် ရန်ဟွမ်ရဲ့ကိုယ်ပေါ်ကဒဏ်ရာတွေလည်း အကင်းပျောက်ကွယ်သွားတော့သည်၊
"ဒါက..." ရန်ဟွမ်လည်း မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အံ့အားသင့်နေတော့သည်၊လွန်ခဲ့တဲ့အချိန်အနည်းငယ်က ခံစားခဲ့ရတဲ့နာကျင်မှုတွေက အိပ်မက်လိုပင်၊ သူ့ကိုယ်ပေါ်က ဒဏ်ရာများပင် လုံးဝမရှိတော့တာကြောင့် ရန်ဟွမ်တစ်ယောက် အိပ်မက်မက်နေသလားတောင် ထင်သွားတော့သည်၊
"ဟွမ်...မင်းအဆင်ပြေရဲ့လား"
ကာလ်လင်းရဲ့အဝါရောင်မျက်ဝန်းများက မျှော်လင့်ချက်ကြောင့်တောက်ပနေတဲ့မျက်လုံးထဲကနေတော့ မျက်ရည်များ ယိုဖိတ်နေပြီး ရန်ဟွမ်ရဲ့အဝတ်တွေပေါ် တစ်ပေါက်ပေါက်နဲ့ ကျနေတော့သည်၊ ကာလ်လင်းက အောက်နူတ်ခမ်းကို ကိုက်လိုက်ပြီး ရန်ဟွမ်ရင်ခွင်ထဲပစ်ဝင်လိုက်ပြီး ပြောလိုက်သည်၊
"နောက်တစ်ခါ ခင်ဗျားအသက်ကို တန်ဖိုးထားစမ်းပါ!ဟွမ်!"
"ငါတောင်းပန်ပါတယ် လင်း" ရန်ဟွမ်ရဲ့မျက်လုံးများက နူးညံ့သွားပြီးတော့ ကာလ်လင်းရဲ့ခါးကို ပြန်ဖက်ထားလိုက်သည်၊ထို့နောက်မှာတော့ ကာလ်လင်းက ရန်ဟွမ်ကို မော့ကြည့်လာချိန်မှာ ရန်ဟွမ်ကလည်း ပြန်လည်စိုက်ကြည့်ရင်းပြုံးနေတာကြောင့် ကာလ်လင်းရဲ့မျက်နှာဟာ ရှက်သွေးဖြာကာရဲတွတ်သွားတော့သည်၊
ရန်ဟွမ်ကလည်း ကာလ်လင်းရဲ့ပါးပေါ်က မျက်ရည်တွေကို ဖွဖွလေးသုတ်လိုက်ပြီး တုန်ယင်နေတဲ့နူတ်ခမ်းပါးလေးကို လက်မနဲ့ဖိရင်း ခေါင်းကို ရှေ့တိုးကာ နူတ်ခမ်းကိုနမ်းလိုက်တော့သည်၊
ကာလ်လင်းမှာ စက္ကန့်ပိုင်းလောက် ကြောင်အပြီး တောင့်တောင့်လေးဖြစ်သွားပေမယ့် ရုန်းတော့မရုန်းပေ၊အပေါ်ယံ ဖွဖွလေးအနမ်းဆိုပေမယ့် နှစ်ယောက်လုံးရဲ့နှလုံးသားက ဗြောင်းဆန်နေတော့သည်၊
"အဟမ်း..." အနီးနားက ဆရာတစ်ဦးက ကျီဆယ်နေတဲ့ကျောင်းသားနှစ်ဦးကို ဘေးမှာ အခြားသူတွေပါရှိကြောင်း သတိပေးချင်တာကြောင့် ချောင်းဟန့်ကာအသံပြုလိုက်မှ ကာလ်လင်းက ရှက်ရွံ့သွားပြီး ချက်ချင်းမတ်တပ်ရပ်လိုက်တော့သည်၊ ရန်ဟွမ်ကတော့ ကာလ်လင်းအပြုအမူကြောင့် ပြုံးပြီးတော့ သူလည်းထရပ်လိုက်သည်၊
ဒါပေမယ့် အနီးနားမှာ သူတို့ကိုစိုက်ကြည့်နေတဲ့ချဲလ်ကိုမြင်တော့ ရန်ဟွမ်ရဲ့မြပြာရင့်ရောင်မျက်ဝန်းများက အေးစက်သွားတော့သည်၊
ကာလ်လင်း ကုသပေးနေချိန်မှာ ချဲလ်ဆီက လာရောက်ကုသဖို့လည်း ရန်ဟွမ်က မမျှော်လင့်ထားပေ၊လစ်လျူရှုထားကို နားလည်ပေမယ့် ချဲလ်က သူ့ကိုကြည့်ကာ လှောင်ရီပြီး အကြည့်တွေက 'သေသွားပါစေ'လို့ မျှော်လင့်နေသည်၊ ဒါကြောင့် ချဲလ်အပေါ်မှာ နောက်ဆုံးမတင်မကျဖြစ်နေတဲ့အားနာမှုတွေက 'ဖောက်'ဆိုပြီး ပြတ်တောက်သွားတော့သည်၊
ထိုချိန်က ငါ့ကို ကယ်ခဲ့တဲ့သူက ချဲလ်ဆိုတာ သေချာရဲ့လားပဲ၊ ရန်ဟွမ်ရဲ့စိတ်က ချုပ်ထွေးသွားပြီး အတွေးတွေနဲ့ ဗျာများချိန်မှာ ဆရာတစ်ဦးကလည်း ကျောင်းသားတွေကို အကြောင်းစုံမေးမြန်းနေတော့သည်၊
ဆရာက အကြောင်းစုံသိသွားချိန်မှာတော့ ရန်ဟွမ်ကို မေးမြန်းလိုက်သည်၊
" ဘာကြောင့် မင်းကိုယ်မင်းထိခိုက်အောင်လုပ်တာလဲ ကျောင်းသားရန်ဟွမ်"
ရန်ဟွမ်က သက်ပြင်းချလိုက်ပြီးတော့ အမှန်တိုင်းပြောလိုက်သည်၊
"လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကျောင်းသားချဲလ်က စစ်မြေပြင် အမှတ်(လေး)မှာ ကျွန်တော့်အသက်ကို ကယ်တင်ပေးဖူးတယ်၊ အဲ့တုန်းက အမှတ်လေးခံတပ်ကို နတ်ဆိုးတွေဝိုင်းဝန်းတုန်းက ကျွန်တော်တို့ကာကွယ်စောင့်ရှောက်သူတွေ အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ကျွန်တော်လည်း သေမလိုဖြစ်ခဲ့တယ် ဆရာ"
"သူက မင်းကို ကယ်တင်ခဲ့ကြောင်း အထောက်အထားရှိလား" ဆရာက ရန်ဟွမ်စကားကိုနားထောင်ပြီးနောက် အနည်းငယ်မျက်မှောက်ကြုတ်သွားပြီး ရန်ဟွမ်ကို ဆက်မေးလိုက်သည်၊ရန်ဟွမ်က အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်၊
"ကျွန်တော် သတိရလာချိန်မှာ တပ်ရင်းရဲ့ကုသဆောင်ကို ပြန်ရောက်နေပြီး အနားမှာ ကျောင်းသားချဲလ်ပဲရှိနေပြီး သူကိုယ်တိုင်ကလည်း ဒုက္ခရောက်နေတဲ့ကျွန်တော့်ကို ကယ်တင်ခဲ့ကြောင်းပြောခဲ့ပါတယ် ဆရာ"
"လွန်ခဲ့တဲ့သုံးနှစ်က အဆင့်နှစ်ကပ်ဘေးကိုပြောတာလား" ကျောင်းသူတစ်ဦးက ရန်ဟွမ်ကိုမေးလာတော့သည်၊ ရန်ဟွမ်ကလည်း ခေါင်းညိတ်လိုက်ချိန်မှာ ထိုကျောင်းသူက မရေမရာအမူအရာနဲ့ပြောလာတော့သည်၊
" အဲ့တုန်းက ကျောင်းသားချဲလ်က အမှတ်တစ်ဆယ်ခံတပ်မှာလေ"
ထိုကျောင်းသူစကားကြောင့် ဒူးထောက်နေဆဲဖြစ်တဲ့ချဲလ်က မျက်နှာဖြူဖျော့သွားတော့သည်၊အကုန်လုံးကလည်း ချဲလ်ဘက်ကိုကြည့်လိုက်သလို ဆရာကိုယ်တိုင်ကလည်း ချဲလ်ကို မတ်တပ်ရပ်ခိုင်းလိုက်သည်၊ချဲလ်က မနက်တည်းက ဒူးထောက်နေတာကြောင့် မတ်တပ်ရပ်လိုက်ချိန်မှာ အနည်းငယ်ယိုင်ယဲ့သွားပြီး အနီးနားကရှိတဲ့လူငယ်ပေါ် မှီကာအားယူရန်တွေးလိုက်ချိန်မှာ ထိုလူငယ်က အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တာကြောင့် မယ်လီရာကိုသာ အားကိုးလိုက်ရသည်၊
"ကျောင်းသားချဲလ် အဲ့တုန်းက မင်းဘယ်မှာလဲ"
" ခံတပ်တစ်ဆယ်မှာပါ..."
"မင်းက သူ့ကို ကယ်တင်ခဲ့တယ်ဆိုတာ အမှန်လား"
ချဲလ်ရဲ့အပြာရောင်မျက်ဝန်းများက အနည်းငယ်ကောက်ကျစ်တဲ့အရိပ်များဖြတ်သန်းသွားပေမယ့် သူက အာနည်းတဲ့အမူအရာနဲ့ပြုံးလိုက်ပြီး အသံတိမ်တိမ်လေးနဲ့ဖြေလိုက်သည်၊
"ကုသရေးဆောင်ကို ရောက်ချိန်မှာ ကျောင်းသားရန်ဟွမ်က အပြင်းအထန်ထိခိုက်ဒဏ်ရာ ရနေတာကြောင့် ကျွန်တော်က ကုသပေးခဲ့တာတော့ အမှန်ပါပဲ"
ချဲလ်ရဲ့စိတ်ထဲမှာ ယုံကြည်ချက်အပြည့်ရှိပြီးသားပင်၊အဲ့တုန်းက ဘယ်သူ့မှ သူကုသတာ မမြင်ပေမယ့် ကုသရေးဆောင်က လူနာတွေကလည်း ဒဏ်ရာပြင်းထန်စွာရထားတဲ့သူတွေကြီးပင်၊ထိုချိန်တုန်းက သူကလည်း အလင်းစွမ်းအားအလွန်အကျွံသုံးမိတာကြောင့် မူးလဲပြီးတော့ ကုသရေးဆောင်မှာ အနားယူရန် ပြန်အပို့ခံလိုက်ရသည်မလား၊
ထိုချိန်မှာ အမှတ်လေးခံတပ်က အစောင့်အရှောက်သူရဲကောင်းတွေက မေ့မျောနေတဲ့လူငယ်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်၊ပထမက သူက စိတ်မဝင်စားပဲ အိပ်ရန်တွေးလိုက်ပေမယ့် ထိုလူတွေစကားကြောင့် အကြံရသွားတော့သည်၊
ကျောင်းတော်မှာကော စစ်မြေပြင်မှာ သူ့ကို ကာကွယ်စောင့်ရှောက်မည့်သူ သိပ်မရှိပေ၊ရှိပေမယ့် အသုံးမကျတဲ့သူတွေသာ များလှသည်၊
ထိုလူတွေရဲ့စကားအရဆိုရင် ရန်ဟွမ်က အမှတ်လေးခံတပ်မှာ ကြီးမားတဲ့ကောင်းမွန်သည့်လုပ်ဆောင်ချက်ကြီးလုပ်ခဲ့တာကို ကြားလိုက်ရသည်၊ထိုလူတွေရဲ့ပြောဆိုချက်အရဆိုရင် အလင်းစွမ်းအားရှင်တစ်ဦးက ရန်ဟွမ်ကို ကယ်တင်ပြီးတော့ ထွက်သွားခဲ့တာကြောင့် ဘယ်သူကယ်တင်ခဲ့လည်းဆိုတာ ဘယ်သူမှမသိပေ၊ပိုကောင်းသွားခဲ့တာက ရန်ဟွမ်ပြန်သတိရချိန်မှာ ရန်ဟွမ်က 'သူ့ကို ကယ်တင်ခဲ့တာလား' မေးလိုက်တဲ့မေးခွန်းကြောင့်ပင်၊
အခြားသူနေရာကို အစားထိုးဝင်ရောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးချဲလ်က အားနာစိတ်သေးသေးလေးတောင်မခံစားရခဲ့ပေ၊ပြီးတော့ ထိုတုန်းက လူတွေကလည်း ဒီမှာ ရှိမနေပေ၊
"ဟုတ်တယ် အဲ့တုန်းက ချဲလ်က အလင်းစွမ်းအားအလွန်အကျွံသုံးမိလို့ တပ်ရင်းကို ခေါင်းဆောင်က ပြန်ခိုင်းလိုက်တယ်ဆိုတာကို ကျွန်မထောက်ခံပေးတယ်" မယ်လီရာစကားကြောင့် ချဲလ်ရဲ့နူတ်ခမ်းများက ကျေနပ်စွာကော့တက်သွားတော့သည်၊မယ်လီရာက ပါရမီမရှိပေမယ့် သစ္စာရှိတဲ့ခွေးနဲ့တူလှသည်၊
ဆရာက မယ်လီရာစကားကြောင့် ခေါင်းညိတ်လိုက်ပြီး သူက ရန်ဟွမ်လုပ်ရပ်နဲ့ပတ်သတ်ပြီး အပြစ်ပေးရန်တွေးလိုက်သည်၊အကြောင်းစုံသိပြီးတာကြောင့် ရန်ဟွမ်က အခြားသူဆီမှာ အကြွေးမရှိစေချင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဆရာက အလွတ်ပေးမည်မဟုတ်ပေ၊
"အဲ့တုန်းက ရန်ဟွမ်ကို ကုသပေးခဲ့တဲ့သူက ချဲလ် မန်အလ်ရိမိုက်မဟုတ်ဘူးဆိုတာ ကျွန်မသက်သေခံပေးလို့ရတယ်"
မီးလိုတောက်ပနေတဲ့အနီရောင်ဆံနွယ်များနဲ့လှပတဲ့အမျိုးသမီးတစ်ဦးဟာ ကျောင်းသားတွေကြားကနေထွက်လာတော့သည်၊
-*-*-*-*-*-*-*-*-*-*
Chapter -110မျှော်