KOOKJIN ONE SHOT COLLECTION

By Chi_Loon

17.9K 1.4K 633

Jeon jungkook × Kim seokjin ( Kookjin only ) 18 + (The Warning ) Fictions ⚠️ More

• Blue Side • 🌀
• စိတ်မဆိုးနဲ့ ပြုံးတော်မူ •
• စိတ်မဆိုးနဲ့ ပြုံးတော်မူ • 𝙵𝚒𝚗𝚊𝚕
• ကိုကို့ကို ချစ်တယ် •
• ကိုကို့ကို ချစ်တယ် • 𝙵𝚒𝚗𝚊𝚕
• ယောက္ခမကြီး ပို့တဲ့ ဟန်းနီးမွန်း •
• ချစ်ခွင့်တောင်းမယ် •
Unholy ~ The Warning !⚠️

• ချစ်ခွင့်တောင်းမယ် • 𝙵𝚒𝚗𝚊𝚕

1.2K 146 47
By Chi_Loon

မြို့အုပ်မင်း လည်း အတန်ကြာအောင်
ကြည့်ပြီးတော့ သူလည်း ဆော့ဂျင် ရှိရာ
သို့ သွားလိုက်သည် ။ သူတပည့်နှစ်ယောက်ကတော့ သူတို့နှင့် ဝေးရာကို ပို့ကာ ပြန်ခိုင်းစေလိုက်သည် ။

" အေးလား ဆော့ဂျင် ။ "

ချည်သားဘောင်းဘီ အပျော့လေးကို
ဒူးလောက်ထိ လိပ်ထင်ကာ ကျောက်ဆောင်
ထက်တွင် ထိုင်ပြီး ခြေထောက်တွေကို
ရေထဲသို့ တွဲလောင်းချထားသည် ။
ပါလာတဲ့ ဧည့်သည်ကိုတောင် ခဏတာ
မေ့သွားသည် အထိ သဘာဝထဲ ဆော့ဂျင်
နစ်မြောနေသည် ။ ထို့နစ်မြောမှုမှမြို့အုပ်မင်း
ရဲ့ အသံကြားမှ သူလည်း သတိပြန်ဝင်လာတော့သည် ။

" ဟုတ်ကဲ့ အေးတယ် မြို့အုပ်မင်း ။ "

" ကျုပ်လည်း စိမ်ကြည့်ချင်တယ် ။ "

" ကြွပါခင်ဗျ ။ "

မြို့အုပ်မင်း ကလည်း သူ့ဘောင်းဘီအား
လိပ်ကာ သူ့ဘေးနားသို့ ဝင်ထိုင်လာသည်
ဆော့ဂျင် လည်း အလိုက်သိစွာ ဘေးသို့
အနည်းငယ် တိုးပေးလိုက်တော့ မြို့အုပ်မင်း
ရဲအကြည့်တွေက အနည်းငယ် ပြောင်းသွား
သည် ။

" ဘာဖြစ်လို့လဲ ကျုပ် အနားမှာ ထိုင်လို့
ရပါတယ် ။ "

" အဲလို မဟုတ်ပါဘူး ကျွန်တော်က
မြို့အုပ်မင်း ....

" ကျုပ်က မောင်မင်းကို ဝေးဝေး
သွားခိုင်းနေလို့လား ။ "

" ......... "

" အနားမှာပဲ နေပါ အဆင်ပြေပါတယ် ။ "

မြို့အုပ်မင်း ရဲ့ အမိန့်အတိုင်း သူပထမ
နေရာကို ပြန်လာထိုင်ကာ နေပေးလိုက်
သည် ။ အနည်းငယ် အနေခက်ပေမယ့်
လို့ အဆင်ပြေပါတယ် ။

" အေးတယ် ရေက ။ "

အစီအစဉ်မရှိ ထွက်လာတဲ့ စကား ....
တကယ်ပဲ ဘာလုပ်ရမှန်း မသိပါလား

" ဟုတ်တယ် ရေက အေးတယ် ။
မြို့အုပ်မင်း ရေထဲဆင်းချင်လား ။ "

" ဟင့်အင်း ကျုပ်မဆင်းချင်ဘူး ။ "

" အာ .... ဟုတ်ကဲ့ ။ "

စကားပြောပုံက မာကျောသည် ထင်ရရုံ
မဟုတ် မာကျော ပြတ်သားပါသည် ။
ဒါဟာ သူ့ရဲ့ ပုံစံပဲ ။ အခုလည်း ဆော့ဂျင်
ကို မောကျောသည့် အသံနှင့် တုံ့ပြန်မိ
ပြန်သည် ။ လူမရှိတဲ့ နေရာကို ခေါ်လာတာ
ရည်းစားစကားပြောဖို့ ။ မဟုတ်ဘူး !
ချစ်ခွင့်တောင်းဖို့ ... အခုတော့ ဘာလုပ်ရမှန်းလည်း မသိသလို ဘယ်က စပြောရမှန်းလည်း
မသိဘူး တကယ်ပါ ။

" ရေတွေက အေးတယ် မင်းလိုပဲ ...

" ဗျာ ...."

" ဘာမှ မဟုတ်ဘူး မင်းရော အေးလားလို့
မေးတာ ။ "

" အာ ဟုတ်ကဲ့ အေးပေမယ့် နေလို့
ကောင်းပါတယ် ။ "

ထပ်ကြိုးစားလိုက်သည် ကျရှုံးသွားသည် ။
တကယ်ပဲ ဒီလိုနေရာတွေမှာ ပါရမီ မပါခဲ့ဘူး ။

ဒီလိုနဲ့ပဲ ရေစိမ်ပြီး စီးကျနေတဲ့ ရေတံခွန်
ကြီးကို ကြည့်ရင်းသာ အိမ်ပြန်ချိန်တွေ
ရောက်လာခဲ့တော့သည် ။ ဒီနေ့ အဆင်
မပြေလည်း ရသားပဲ မီးပုံးလွှတ်ပွဲတော်
ရှိသေးသားပဲ ။ အဲနေ့ညမှ မပြောဖြစ်ရင်တော့ မြို့တော်ကို မပြန်တော့ဘူး ။ တစ်ခါတည်းပဲ အတူနေလိုက်တော့မည် ။

••••••••••••

" မြို့အုပ်မင်း ဟို .... မြို့အုပ်မင်းရဲ့
တပည့်တွေရော ။ "

" အရင် ပြန်ခိုင်းလိုက်တယ် ။"

" ဘာလို့ပါလဲ မြို့အုပ်မင်း ။ "

" ရှုပ်လို့ "

" အန်ယ် ... ။ "

မြို့အုပ်မင်းရဲ့ ခပ်ပြတ်ပြတ် ခပ်ဆတ်ဆတ်
ပုံစံ အပြောတွေကြောင့်ဆော့ဂျင်
ရှေ့ဆက်ပြီး ဘာမှ မပြောရဲသူတို့
အခု နေဝင်ချိန်ကို ကြည့်ပြီးပြန်လာခဲ့ကြ
တာ ဖြစ်သည် ။ အချိန်တွေမြန်ပုံက
မိုးချုပ်တာတောင် မသိလိုက်သည့်အဖြစ်
အခု လမင်းကြီးတောင်သာနေလေပြီ ။
တော်သေးသည် လပြည့်ရက်မို့ လရောင်က
ထင်းလင်းနေလို့ ။ လမ်းတွေကို ဖြောင့်ဖြူးစွာ လျှောက်လို့ရသည် ။ သူတို့ လျှောက်လာရင်း ချယ်ရီ ပန်းခြံကြီး အနီးသို့ရောက်လာခဲ့သည် ။
လရောင်ရဲ့ အကူအညီနဲ့ ဟိုးအဝေးကြီး
ကတည်းက လှပစွာ မြင်နေရပါသည် ။
နှင်းရည်စွတ်သည့် သစ်ရွက် ကလေးများ
ပေါ်တွင်လည်း စိမ်းလဲ့လဲ့ရေစက်လေးများ
တင်နေသည် ။ ကျေးလက်ရဲ့ သဘာဝ
ကို အပြည့်အဝ ဖော်ပြကာ ခံစားရစေသည် ။

" ကင်မ်ဆော့ဂျင် မောင်မင်း ကျုပ်ကို
နေ့လည်က စကားမဖြေရသေးဘူးနော် "

ချယ်ရီခြံကြီးနား ရောက်လာတော့
မြို့အုပ်မင်း က နေ့လည်က မပြတ်
သေးတဲ့ စကားအား ထပ်၍ဆက်သည် ။

" မြို့အုပ်မင်းကရော ဘယ်သူက
အရင်သေဆုံးသွားတယ်လို့ ထင်မိလဲ "

" ကျုပ် မမှန်းတတ်ဘူး ။ "

" ဝဋ်ကျွေးမရှိတဲ့လူက အရင်ဆုံး စွန့်ခွာ
သွားရတာပေါ့ ။ သေသူမှာ ပျောက်ကွယ်
သွားပေမယ့် ရှင်သူကတော့ ကမ္ဘာတွေပျက်
ကျန်ခဲ့တာပေါ့ ။ အင်း ဝဋ်ကျွေးတွေ ကျန်
နေခဲ့တဲ့ အမျိုးသားကြီးက ဒီခြံထဲမှာ သူ့ရဲ့
ဇနီးနောက်ကို လိုက်ဖို့ အချိန်တွေကို
ပန်းတွေ ပျိုးရင်း စောင့်နေခဲ့လေရဲ့ .... ။ "

ဆော့ဂျင် ထိုရာဇဝင်ကို ပြောတိုင်း မျက်ရည်လည်တက်သည် ။ ဒါပေမယ့်
လည်း ဒါဟာ လောကနိယာမ ပဲလေ ။
တစ်နေ့တော့ လူတိုင်း ခွဲခွာကြရမှာပါပဲ ။
သူတို့လျှောက်လာရင်း ချယ်ရီခြံကြီးရဲ့
အနီးဆုံးနေရာသို့ ရောက်လာခဲ့လေပြီ ။
လမ်းပေါ်သို့ အကိုင်းအခက် တွေကလည်း
ဖြာကျနေသည် ။ ထို့နောက် မြို့အုပ်မင်း
က ဆက်လှမ်းမဲ့ ခြေလှမ်းတွေ ထိုချယ်ရီ
ပင်အောက်တွင် ရပ်တန့်ပစ်လိုက်သည် ။
ဘေးက ပါလာတဲ့ သူ့မှာလည်း ရှေ့ဆက်
မလျှောက်ရဲတော့ပဲ မြို့အုပ်မင်း မျက်နှာ
မူရာ သူပါ လှည့်လိုက်တော့ မျက်နှာချင်း
ဆိုင် ဖြစ်သွားသည် ။ ထို့နောက် သူ့ကို
မြို့အုပ်မင်း က ပခုံး တစ်ဖက်စီပေါ်ကို
လက်တင်ပြီး မျက်နှာချင်းဆိုင် သေချာ
ကြည့်သည် ။ လရောင်အောက်က
မျက်ဝန်းတွေဟာ အရောင် တလဲ့လဲ့
တောက်ပလျှက်ရှိသည် ။

" အကြည့်တွေကြောင့် ရင်ခုန်လိုက်တာ !
အာ အကြည့်တွေကြောင့် ရင်ခုန်လိုက်တာ !

သူတို့ နှစ်ယောက်စလုံးရဲ့ စိတ်ထဲက အတွေးနဲ့ ခံစားချက်သည် တစ်ထပ်တည်းကျနေ၏ ။
စိတ်ထဲက တိုးညှင်းစွာ စဥ်းစားခဲ့သည်
သည် ထပ်တူညီ၏ ။

" မောင်မင်း က ချယ်ရီတွေနဲ့ တူတယ်
ကင်မ်ဆော့ဂျင် ။ "

ထိုအချိန် လေနုလေးများ တိုက်ခိုက်သွား
ပြီး ချယ်ရီပွင့်ဖက်တွေ ပင်မြင့်ထံမှ ကြွေ
ကျလာသည် ။ ဆော့ဂျင် လည်း ရင်တွေ
ခုန်လွန်းလို့ အနည်းငယ်တောင် တုန်ရီနေ
သည် ။ ခံစားမိသည် မူမမှန်သည့်
မျက်ဝန်းများကို ....

" ဘာကို ဆိုလိုတာပါလဲ မြို့အုပ်မင်း ။"

" ကျုပ်ခံစားမိတာ မင်းက ဆောင်းဦး
လေးလို ၊ ချယ်ရီပွင့်ချပ်လေးလို နူးညံ့
ပြီး နှစ်သက်စရာ ကောင်းတယ် ။
မင်း က ချယ်ရီပန်းတွေနဲ့ အလိုက်ဖက်ဆုံး
ပဲလို့ ထင်တယ် ။ "

" ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်
မြို့အုပ်မင်း ကျွန်တော် ....

" ဆော့ဂျင် ! ကျုပ် ....
ဆော့ဂျင် ဆက်မေးမဲ့ အမေးတွေကို
မြို့အုပ်မင်း က တားဆီးလိုက်သည် ။
ပြီးတော့ ဆက်၍ ပြောရန် ပြင်သည်
ဒီလိုနဲ့ ချစ်ခွင့်တောင်းဖြစ်တော့မည်
ထင်ပါရဲ့ .....

"ကျုပ်ပြောတာကို သေချာနားထောင်ပါ
ကင်မ်ဆော့ဂျင် ကျုပ် မောင်မင်း ကို ....

" ဝုတ် ဝုတ် !!! ဝုတ် ဝုတ် !!!!!! "

ထိုစဥ် ခြံကြီးထဲက ထွက်လာသော
အိမ်စောင့်ခွေး နှစ်ကောင် ။ ခြံလုံအောင်
ထားထားသည်မို့ သေချာပေါက် ကိုက်တက်
တာပေါ့ ... မြို့အုပ်မင်း ရဲ့ စကားတွေကိုလည်း သူ ဆက်နားမထောင်နိုင်တော့ ပြေးဖို့သာ ခြေလှမ်းစနေတော့သည်

" ဝုတ် ဝုတ် !!! ဝုတ် ဝုတ် !!!!!!

ထိုခွေးတွေက သူတို့ကို ကြည့်ကာ
ပြင်းပြင်းထန်ထန် ဟောင် တော့သည် ။

" မြို့အုပ်မင်း ကျွန်တော် တို့
သွားကြရအောင် ။ "

ခွေးတွေက လန့်စရာတွေပဲ အဆွယ်တွေ
အပြည့်နဲ့ ပါးစပ်တွေကလည်း ပြဲလို့ပင် ။
တစ်ချက်ကိုက်ရုံနဲ့ အသက်ပျောက်လောက်
သည် ။ သူတို့ မတ်တပ်ရပ်နေသေးလို့
ခွေးတွေကလည်း ရပ်ပြီး ဟောင်နေတာ
သူတို့ ပြေးရင် လိုက်ကိုက်ခံရမှာ ။

" မြို့အုပ်မင်း ဘာလုပ်မလို့လဲ ! "

ထိုအချိန် မြို့အုပ်မင်း က ခါးကြားထဲက
သေနတ်ကို ထုတ်ကာ မောင်းတင်
လိုက်၍ အလန့်တကြား မေးကြည့်
မိသည် ။ သတ်မှာတော့ မဟုတ်လောက် !

"ကျုပ်တို့ ပြေးလို့ မလွှတ်နိုင်ဘူး ။ "

" အရင် ပြေးကြည့်ရအောင် ဘယ်လိုမှ
မလွှတ်နိုင်တော့မှ ပစ်ကြတာပေါ့နော်
မြို့အုပ်မင်း "

" ဒိုင်း !!! ဒိုင်း !!!!! "

ထိုစဥ်ထွက်ပေါ်လာ သေနတ်သံ
နှစ်ချက် ဆော့ဂျင် ကြောက်လွန်းလို့
မျက်လုံးမှိတ်ထားလိုက်သည် ။
ပြီးနောက် သူ့လက်တစ်ဖက်ကိုကိုင်ဆွဲခံလိုက်ရကာ သူတို့ စတင်ပြေးလွှား ကြရတော့သည် ။ သူက ဆွဲပြီး အပြေး ခံနေသူ ဖြစ်ကာ သူဟာ အနောက်ဘက် မှာ ပြေးနေရသည် ။ အရှေ့က
သူ့ကိုဆွဲ၍ ပြေးနေသူကတော့ မြို့အုပ်မင်း
ပေါ့ ။ သူ အနောက်ကိုလည်း လှည့်မကြည့်
ဖြစ်တော့ မြို့အုပ်မင်း ဆွဲခေါ်ရာကိုပဲ
အမှီပြေး၍ လိုက်ခဲ့တော့သည် ....

ခြေလှမ်းတစ်လှမ်း လှမ်းကာ ပြေးရင်း
ရင်ခုန်သံမျိုးစေ့တွေကိုလည်း လမ်းတစ်
လျှောက်လုံး စွန့်ကြဲခဲ့ကြလေသည် ။

" ဟူး .... ဟော ....
အား မောလိုက်တာ !! "

အချိန် တစ်နေရာရောက်တော့ သူ့တို့
နောက်မှာ ဘာမှ ပါမလာခဲ့တော့မှ
သူတို့ ပြေးလွှားနေတာကို ရပ်လိုက်
သည် ။ ဆော့ဂျင် ကတော့ တော်တော်
မောနေပြီ ။ မြို့အုပ်မင်း ကတော့
တပ်တွင်းလေ့ကျင့်ထားတဲ့ လူဆိုတော့
ဆော့ဂျင် လောက်တော့ ရုပ်မပျက်ပေ ။

" မောနေပြီလား ။ "

" မောတာပေါ့ဗျ ! ဟို ... မောပါတယ်ခင်ဗျ ။
မြို့အုပ်မင်း ကျွန်တော် တောင်းပန်ပါတယ် "

ဆော့ဂျင် မောမောနဲ့ ပြောလိုက်မိတော့
အသံမာသွားသည် ထင်မိ၍ မြန်မြန်
တောင်းပန်လိုက်သည် ။ မော နေတဲ့
လူကို မောနေလား မေးရက်သေးတယ်

" ကျုပ် ကျောပိုးပေးပါ့မယ် ။ "

" ဟမ် !! မဖြစ်ပါဘူး မြို့အုပ်မင်း
ကျွန်တော် အိမ်ရောက်အောင်
လျှောက်နိုင်ပါတယ် ရပါတယ် ရတာမို့
ကျောပိုးစရာမလိုပါဘူး ။ "

" တက်လိုက် "

ဒေါသံလား နည်းနည်းလေးမှ မပါဝင်
နေခဲ့ပါဘူး ပြောနေကျအတိုင်း ရိုးရိုး
လေးပါပဲ ။ တက်လိုက် ဆိုကာ ကျောထိုး
ပေးလာသူ ဘယ်လို လက်ခံလိုက်ရမလဲ
ဘယ်လို ငြင်းပယ်ရမှာလဲ !! အတွေးတို့
နဲ့ ရှုပ်ထွေးကာ ခေတ္တ ခဏတော့ လူက
ကျောက်ရုပ်ပါပဲ ။ မြို့အုပ်မင်း ရဲ့
ကျောပေါ်က သူ အိ့ယား နည်းနည်း
လေးမှတောင် စိတ်ကူးကြည့်လို့ မရဘူး ။

" မြို့အုပ်မင်း ကျွန်တော် ....

" အချိန်မရှိတော့ဘူး "

မလွန်ဆန်နိုင်သော စကားလုံးတွေက
ရိုးရိုးလေးဆိုရင်တောင် နာခံရပါသည်။
ဘယ်လိုမှ ပြောမရတဲ့ အဆုံး သူလည်း
ကျောပေါ်သို့ ရောက်သွားခဲ့ပြီ ။
တွေးမထားတဲ့ အရာတွေကလည်း
အမှန်ဖြစ်လာခဲ့ပေသည် ။ နီးနီးကပ်ကပ်
ရှိနေချိန်အသက်ရှူတွေပါ ကြပ်ရသည်။
အခုအမောက ပြေးလာတုန်းက မောရသည်
ထက် ဆယ်ဆ ပါပဲ .... ။

" သေချာဖက်ထားပါ ဆော့ဂျင် ။ "

" ဟုတ်ကဲ့ပါ မြို့အုပ်မင်း ။ "

လည်ပင်းထက်က လက်တွေ ပြယ်လျော့
နေတော့ တင်းကြပ်စေရန် အမိန့်ပေးလိုက်
သည် ။ ချစ်ခွင့်ကိုလည်း အမိန့်ပေးပြီး
တောင်းရတော့မှာလား ....
အခု ခံစားချက်က ပန်းခင်းလမ်းကြီး
အလယ်မှာ လျှောက်နေရသလိုပဲ ။
ပခုံးပေါ် မှီထားတဲ့ ဦးခေါင်းထက်က
ဆံနွယ်တွေဆီမှရနံ့မွှေးမွှေးလေး ရသည် ။
အိအိစက်စက်အသားတွေက သူ့ရဲ့
ပါးတစ်ခြမ်း အနီးမှာ ၊ရှက်လို့ ထင်ရဲ့
မျက်ဝန်းတွေကို မှေးမှိတ်ထားသေးသည် ။
ဒီခံစားချက် အရမ်းကောင်းသည် ။

___________________________

" မီးပုံးလွှတ်ဆုတောင်းပွဲတော် "

ဒီနေ့ဟာ မီးပုံးလွှတ်ဆုတောင်း ပွဲတော်နေ့
ဖြစ်သည် ။ ရိုးရာပွဲတော်မို့ လူအများအပြား
နှင့် စည်ကား သိုက်မြိုက် စွာကျင်းပပြုလုပ်
နေကြသည် ။ ဆော့ဂျင် တို့လည်းအလုပ်တွေ
ရှုပ်နေကြသည် ။ ထိုပွဲတော်တွင် စျေးသည် အစုံအလင်နှင့် ညစျေးများရှိသည် ။
အက အခုန် ရိုးရာအလှများပြသသည့်
အခန်း ကဏ္ဍ များလည်း ပါဝင်သည် ။
အခုက ပွဲစချိန်မို့ မြို့အုပ်မင်း ဟာ
အရေးပါ အရောက် သည့် နေရာတွင်
ပေးကာ ဖျော်ဖြေကပြနေကြသည်် ။
မြို့အုပ်မင်း လည်း ရိုးရာအလှအပ
ဖျော်ဖြေပွဲကို ကြည့်ရှူ့နေလေသည် ။

" မြို့အုပ်မင်း သုံးဆောင်ပါအုံး ။ "

ဆော့ဂျင် စားစရာတွေယူပြီး သွားချပေး
လိုက်ကာ သုံးဆောင်ရန် ပြောလိုက်သည်
မြို့အုပ်မင်း က ဘာကြောင့်ရယ်တော့ မသိ
အနည်းငယ် မျက်နှာက ပျက်ယွင်းနေပုံ
သူ့ကိုလည်း တစ်ချက်ပဲ ကြည့်ကာ
အကြည့်လွှဲသွားတော့ သူထက်၍
မေးမြန်းရန်တွေးလိုက်သည် ။

" ဘာများ လိုအပ်လို့ပါလဲ မြို့အုပ်မင်း ။ "

" ဒီနေရာက ထွက်လာချင်တယ် ။ ကျုပ်ကို
ပွဲစျေးထဲ လိုက်ပြပေးပါ ကင်မ်ဆော့ဂျင် ။”

မြို့အုပ်မင်းဂျွန် သူ ဘယ်လိုမှ ဒီနေရာမှာ
ဆက်၍ မထိုင်ချင်တော့ စိတ်မပါတဲ့
အကတွေကို ကြည့်ရတာ မျက်စိထဲတော့ ကိုးလိုးကန့်လန့် ပဲ မြင်သည် ။ သူ အခု
လုပ်ချင်နေတာ ကင်မ်ဆော့ဂျင် နဲ့အတူ
လျှောက်သွားဖို့ ။

" ရပါတယ် မြို့အုပ်မင်း ကြွပါ ။ "

" ကျေးဇူးတင်ပါတယ် ။"

သူ မြို့အုပ်မင်း ကို ခေါ်ခဲ့ကာ ပွဲစျေး
အတွင်းလိုက်ပြပြီး လျှောက်ကြည့်
နေကြသည် ။ သူတို့ နှစ်ယောက်စလုံးက
အခု ရိုးရာဝတ်ဆုံလေးတွေကို အတူ
ဝတ်ဆင်ထားကြသည် ။ ဆော့ဂျင် ရဲ့
ဝတ်ဆုံက ချယ်ရီပန်းလို အရောင်လေး
ဖြစ်ပြီး မြို့အုပ်မင်း ဂျွန်အီရန်ရဲ့ ဝတ်ဆုံ
က အဖြူ နှင့် မိုးပြာရောင် စပ်ထားတဲ့
ပုံစံလေးဖြစ်သည် ။ မြို့အုပ်မင်း က
ဒီလိုကျ သခင်လေးနဲ့ တူသည် ။
မျက်နှာကျောတင်းတဲ့ သခင်လေး ။
အဟင်း !

" မြို့အုပ်မင်း ဘာများ အလိုမကျ
လို့ပါလဲ ။ "

မြို့အုပ်မင်း ပုံစံဟာ ဂနာလုံးဝမငြိမ်နေတာ
သတိထားမိသည် ။တစ်ခုခု လိုအပ်နေတာ
လား ထင်မိသည် ။ ဒါကြောင့် သူ စ၍
အမေးပြုလိုက်သည် ။

" ကျုပ် ဒီဝတ်ဆုံနဲ့ နေရတာ အသားမကျလို့ပါ ။ ဆော့ဂျင် အမြင်မှာ ကျုပ် ကြည့်ကောင်းရဲ့လား ။ "

" ဟင် ... ဟင်း .... ဟီး "

" ဘာရယ်တာလဲ ကျုပ် ကြည့်လို့
မကောင်းဘူးလား ကြည့်ရ ဆိုးနေလား ။"

ဝတ်ဆုံကြောင့် လမ်းလျှောက်နေရတာ
တောင် တစ်မျိုးပုံစံ ဖြစ်နေတဲ့ မြို့အုပ်မင်း
ကို သူအကြောင်းသိပြီးမှ မထိန်းနိုင်ရယ်ချ
မိတော့ မြို့အုပ်မင်း က ခပ်ဆူဆူလေး
စကားဆိုသည် ။

" မဟုတ်ရပါဘူး မြို့အုပ်မင်း
လုံးဝ မဟုတ်ပါဘူး ဒီဝတ်ဆုံနဲ့
အရမ်းကြည့်လို့ ကောင်းနေပါတယ်
တကယ်ပါ ။ "

သူ ထိုသို့ပြောလိုက်တော့ ကျေနပ်သွား
တဲ့ မြို့အုပ်မင်း က နည်းနည်း ပိစိလေး
ပြုံးပြသွားပြီး လက်မှုအလှပစ္စည်း ဆိုင်
ရှေ့တွင် မတ်တပ်ရပ်လိုက်သည် ။
ထိုဆိုင်မှာ ကျောက်နဲ့ပတ်သတ်တာ ၊
ပယင်းလို ၊ ကျောက်စိမ်းလို လက်ကောက်
ဆွဲကြိုး ထိုသို့ ရတနာ သေးသေးနုပ်နုပ်
လေးများ ရောင်းချသည် ။ ပစ္စည်းအစုံ
အရောင်အဆင်း အစုံပါပဲ ။ ဆံထိုး ၊
ရင်ထိုး ထိုသို့ ပစ္စည်းများလည်း ရှိသည် ။

" တစ်ခုရွေး ။ "

" ဗျာ ... "

" သဘောကျတာ တစ်ခုရွေး ကျုပ်
လက်ဆောင် ဝယ်ပေးချင်လို့ ။ "

မြို့အုပ်မင်း က ပြောလည်းပြော
သူ့ဘာသာသူလည်း ပစ္စည်းတွေကို
ကြည့်နေလေသည် ။ ဘယ်လိုပြောပြီး
ငြင်းလိုက်ရမလဲ ။ ရပါတယ် မဝယ်ပေးပါ
နဲ့လို့လား ! မပေးပါနဲ့ ကျွန်တော့်မှာ
ပြည့်စုံပါတယ်လို့လား အဲလို ပြောလိုက်
ရင် ကောင်းမလား ။

" ဆော့ဂျင် မင်း နဲ့ ဒါလေး လိုက်မယ်
ထင်တယ် ။ "

" အယ် ...

သူ့ပါးစပ်က ဘာမှ မပြောလိုက်နိုင်
လည်ပင်းပေါ်သို့ ရောက်လာတဲ့ ဆွဲကြိုး
လေး ။


ဖန်လုံးလေးလိုထဲမှာ ချယ်ရီပန်းပွင့်တွေနဲ့
မြို့အုပ်မင်း က သူ့ကို ချယ်ရီပန်းတွေနဲ့
တင်စားဖူးသည် ဒါဟာ မြို့အုပ်မင်း
သဘောကျတဲ့ အရာများလား ။

" ကြိုက်ရဲ့လား ။ "

" ဟို ... ဟုတ်ကဲ့ သဘောကျပါတယ် ။"

" ချယ်ရီပန််းတွေက မင်း နဲ့ မှ
လိုက်ဖက်တာ ။ "

" ဒါပေမယ့် မြို့အုပ်မင်း ဒီဆွဲကြိုးက
အမျိုးသမီးတွေ ဝတ်တာနဲ့ တူတယ်
ကျွန်တော်နဲ့ မလိုက်ပါဘူး ။ "

သူ လက်ဆောင်ကို ဘယ်ကနေ ဘယ်လို
ငြင်းရမှန်း မသိတော့ ။ ဒါကြောင့် ဆင်ခြေ
တွေ စဥ်းစားရင်း ခေါင်းထဲ ပေါ်လာရာပြော
လိုက်သည် ။ မြို့အုပ်မင်း ရဲ့ တုံ့ပြန်မှုကို
သူ ရင်တမမနှင့် စောင့်နေမိသည် ။

" ကိုယ့်အထင်တော့ မင်း နဲ့ လိုက်ပါတယ်
မိန်းကလေးငယ်တွေ ဝတ်ဆင်တာတွေနဲ့
မတူပါဘူး ။ "

" ဆိုင်ရှင် ထပ်ပြီး ပြဖို့ ရှိသေးလား ။"

" ရှိပါတယ် ခင်ဗျ မြို့အုပ်မင်း စိတ်တိုင်းကျ
ဖြစ်စေရပါမယ် ။ "

" ဟုတ်ပြီ ချယ်ရီပန်းပွင့်လေးတွေနဲ့
လိုချင်တယ် ဘယ်လောက် ကုန်ကုန် ။ "

ဆော့ဂျင် ကတော့ ပြေးရလမ်းပေါက်
ပိတ်လေပြီ ဒီပုံစံတိုင်းသာဆို လက်ခံ
လိုက်ရုံကအပြင် မရှိတော့ဘူး ။ သူ
သူတစ်ပါးဆီက ဘာပစ္စည်းမှ မယူချင်ပါ
လောကကြီးမှာ ဘယ်အရာမှ အလကား
မရဘူး လူတိုင်းက အကျိုးလိုလို့ ညောင်
ရေလောင်းတာချည်းပဲ ။ ဒါပေမယ့်
မြို့အုပ်မင်း ဆီကတော့ အရာရှိ
တစ်ယောက်ထံကနေ ပိုတောင်
လက်မခံသင့်သေးတယ် မဟုတ်လား
သူ့အတွက်လည်း ‌ မလိုအပ်ဘူးလေ ။

" ဒီမှာပါ ခင်ဗျ ။ "   

ဆိုင်ရှင် အမျိုးသားဟာ ထပ်၍ ထုတ်ပြ
လာပြန်သည့် ချယ်ရီပန်း လက်ကောက်
လေး ။ သိပ်၍ လှပလွန်းပါသည် ။

" သဘောကျလား ဆော့ဂျင် ။ "

" ဟို .... ဟို သဘောကျပါတယ် ။ "

ဒီတစ်ခါတော့ သေချာပေါက် ငြင်းမရ
တော့ဘူး ။ အင်း လက်ခံလိုက်ရုံပဲ ရှိ
တော့မည် ။ မဟုတ်ရင် မြို့အုပ်မင်း
အမျက်ထွက်လိမ့်မည် ။

" ကျုပ် ဝတ်ပေးမယ် ။ "

ထိုစဥ် လက်တစ်စုံရဲ့ အတွင်း သူ့လက်
တွေ ဒုတိယအကြိမ် ပါသွားလေပြီ ။
လက်ကောက်ဝတ်အား နူးနူးညံ့ညံ့
ကိုင်ကာ လက်ကောက်အား သေချာ
ဝတ်ပေးရန် ပြင်နေသည် ။ မြို့အုပ်မင်း
ရဲ့ အာရုံစိုက်နေတဲ့ ပုံစံက လူကို
အားရုတ်စေသည် ။

" ပိုပြည့်စုံသွားပြီ ။ "

" ကျေးဇူးအများကြီးတင်ပါတယ်
မြို့အုပ်မင်း ။ "

ဆော့ဂျင် ခေါင်းငုံ့ကာ ကျေးဇူးတင်
စကားဆိုလိုက်သည် ။ မြို့အုပ်မင်း က
မလိုဘူးဆိုသည့် အကြည့်မျိုးနှင့်ကြည့်
ကာ ဆိုင်ရှင်ဘက်သို့ လှည့်သွားလေသည်

" ဒီဆွဲကြိုးလေးလည်း ကျုပ်ယူပါ့မယ် ။
ကျသင့်တဲ့ တန်ဖိုးကို ပြောပါ ။ "

ထို့နောက် သူတို့ ပိုက်ဆံရှင်းကာ ပွဲတော်
ဘက်သို့ ပြန်ထွက်လာခဲ့သည် ။
မီးပုံးလွှတ် ဆုတောင်းပွဲက စတော့မည်
ဖြစ်သည် ။ ဒါကြောင့် သူတို့လည်း
ပွဲကျင်းပမဲ့ နေရာသို့ ပြန်လာရန် လမ်းကို
ပြန်ခေါက်နေရတော့သည် ။

" ပွဲမစခင် တစ်နေရာကို အရင် လိုက်ခဲ့ပါ
ကင်မ်ဆော့ဂျင် ။ "

" ဘယ်ကို သွားမှာပါလဲ မြို့အုပ်မင်း ။ "

" ကျုပ်ခေါ်တဲ့ နေရာကို ခဏလေးလိုက်ခဲ့ပါ"

" မြို့အုပ်မင်း သဘောပါ ။ "

ဒီလိုနဲ့ သူတို့ လူအနည်းငယ်ရှင်းတဲ့
ပွဲခင်းအပြင်သို့ ရောက်လာခဲ့ကြသည်။
ထိုအချိန် မြို့အုပ်မင်း က ခြေလှမ်းတွေ
ဆက်မလှမ်းပဲ ရပ်တန့်ပစ်လိုက်သည် ။
မျက်နှာကလည်း စိတ်လှုပ်ရှားနေတဲ့ပုံ ၊
တစ်ခုခုကို ပြောဖို့ ကြိုးစားနေသည့်ပုံ ၊

" မြို့အုပ်မင်း ဒီနေရာမှာ ဘာလုပ်ဖို့လဲဟင် ။ "

" ကင်မ်ဆော့ဂျင် သေချာနားထောင်ပေးပါ
မောင်မင်း ကို ကျုပ် ! "

မြို့အုပ်မင်း စကားတွေ ရှေ့ဆက်
မထွက်လာခဲ့ ။ ဘာများပြောဖို့ပါလိမ့် ။
ထို့နောက် အရင်တစ်ခါကလို သူ့ပခုံးတွေ
ထက် လက်နှစ်ဖက် ထပ်၍ ရောက်လာပြန်
သည် ။ သူလည်း မျက်လုံးများ ထပ်၍
ပြူးသွားသည် ။ ဘာကိစ္စများပါလိမ့် ။

" ကျုပ် မောင်မင်း ကို သဘောကျတယ် ။
ဒါကြောင့် ကျုပ်ကို ပြန်ချစ်ပါ ။ "

ထိုစကားအား မြို့အုပ်မင်း ဟာ
တည်တင်းသောမျက်နှာ လေးနက်သည့်ပုံစံ
နှင့်ဆိုသည် ။ လေသံတွေကတော့
အမိန့်ဆန်နေပေမယ့် ဒါဟာ စိတ်ရင်းမှန်း
သိသာပါသည်။

" ကျွန်တော်မျိုး .....

" မငြင်းပါနဲ့ ကင်မ်ဆော့ဂျင် ။ "

ထပ်ပြီး အမိန့်ပေးပြန်သည် ။
မချစ်နိုင်ရင်တောင် မငြင်းရဲသူမို့
ပြန်ချစ်ရမှာလားမတရားလိုက်တာ ။

" မြို့အုပ်မင်း ....

" အခု " ချစ်တယ် " ဆိုတဲ့ စကားက
လွဲပြီးဘာမှ မကြားချင်ဘူး
ကင်မ်ဆော့ဂျင်  ....
ဒါကြောင့် ကျုပ်ကို ချစ်တယ် ပြောပါ ။ "

ဝမ်းဗိုက်ထံ ထောက်လာတဲ့ သေနတ်
ကြောင့်ဆော့ဂျင် မျက်လုံးပြူးသွားသည်
ပြန်မချစ်ရင် အပစ်ခံရတော့မှာလား ။
ဘုရားရေ ....

မြို့အုပ်မင်း မျက်နှာကို သူအကဲခတ်
လိုက်တော့ သူ့ထံက အဖြေကို အရမ်း
ကိုမှ စောင့်မျှော်ပုံပါ ။ သူ့ပုံစံအရ သာ
ဒီလိုတွေ လုပ်နေတာ တကယ်တော့
မြို့အုပ်မင်း က နှလုံးသား နူးညံ့သူပါ ။
ဒါပေမယ့် ချစ်ခွင့်ကိုတော့ သေနတ်ထောက်ပြီး တောင်းတာကြီးကကျ မဟုတ်သေးဘူး
မဟုတ်လား ။ ရင်ခုန်ရသည် ရင်ခုန်ရုံတင်
မဟုတ်ဘူးရင်ပါတုန်နေတာ ။ ဒီအတောအတွင်း
အတူရှိပြီး အကြောင်းသိလာလို့တော်သေးသည် ။

" မြို့အုပ်မင်း လူတစ်ယောက်ကို
ဒီလိုပုံစံ နဲ့ ချစ်ခွင့်တောင်းရတယ်လို့
ဘယ်သူက ပြောလိုက်တာပါလဲ ။ "

" ဘယ်သူ့မှ မပြောဘူး ကျုပ်
တွေးရတာကို လုပ်ကြည့်တာ ။
ဆော့ဂျင် မင်းက ကျုပ် အမိန့်ပေး
ရင်အမြဲ နာခံနေကြမဟုတ်လား ။ "

အေးပေါ့ အမြဲ အာဏာဆန်ကာ အမိန့်ပေး
နေသူတွေက တောင်းခံတယ်ဆိုတာထက်
ရအောင်ပဲယူတတ်ကြတာမဟုတ်လား ၊
မဆန်းပါဘူး ။ သူ အခုလိုတွေ ပြောနေတာ
မြို့အုပ်မင်း ကို ပြန်မချစ်နိုင်လို့ ပြန်မချစ်
လို့လည်း မဟုတ်ပြန်ဘူး ။ သူက နည်းလမ်း
အမှန်ကို ထောက်ပြ ပေးချင်တာ ။

" ချစ်တယ် လို့ ကျုပ် ကို မြန်မြန်ပြောပါ
ကင်မ်ဆော့ဂျင် ။ "

" သေချာစဥ်းစားပြီးပြီလား မြို့အုပ်မင်း။"

" ကျုပ်လိုလူက နှစ်ခါ မစဥ်းစားဘူး
မောင်မင်း ဘာကိုမှ မတွေးပဲ ကျုပ်
လက်ကို ရဲရဲတွဲပါ ။ "

ထို့နောက် ဆော့ဂျင် လည်း မြို့အုပ်မင်း
ရဲ့ လက်မောင်းတစ်ဖက်ကို ချိတ်တွယ်
လိုက်သည် ။ ဒီထက်ပိုပြီး တိကျတဲ့
အဖြေမရှိတော့ဘူး ထင်ပါရဲ့ ....
ထို့နောက် ချယ်ရီပန်းလက်ကောက်လေး
ပေါ်သို့လက်နွေးနွေးတစ်ဖက်ဟာလည်း
ထပ်၍အုပ်ကိုင်လာကာ အပြုံးနုနုတွေ
ထပ်တူကျသွားလေသည် ။ နောက်ဆုံးတော့
မြို့အုပ်မင်း လည်း ရွာသားလေးဆီက
အချစ်ကို ရခဲ့လေပြီ ။သေနတ်ထောက်
ပြီး ချစ်ခွင့်တောင်းတဲ့ မြို့အုပ်မင်း ကတော့
မျက်နှာမှာ အပြုံးပန်းတွေ ဝေကာ ပျော်လို့
ရွှင်လို့ .... ။

ဒီလိုနဲ့ သူတို့ မီးပုံးလွှတ်ဆုတောင်း
ပွဲတော်သို့ ပြန်ရောက်လာခဲ့ကြသည် ။
မီးပုံးလေး တစ်ခုကို အတူထွန်းညှိ့ကာ
လွှင့်တင်ရန် ပြင်ဆင်နေသည် ။
မီးပုံးရဲ့ မီးစာကို မီးညွှန့်တက်အောင်
အထိ မြို့အုပ်မင်း က မီးတိုက်နေသည် ။
ဆော့ဂျင် ကတော့ မီးပုံးကို ကိုင်ထားသည်
သူတို့လိုပဲ အိမ်ထောင်ရှင်တွေ ၊ မိသားစု
တွေ ၊ လူငယ်လူရွယ် ချစ်သူ ဆုံတွဲလေး
တွေ အသီးသီး ပါဝင်ဆင်နွှဲနေကြသည်
မထင်မှတ်ပဲ ချစ်သူတစ်ယောက် ရခဲ့
ပေမယ့် စိတ်ကျေနပ်မှု ရှိပါသည် ။

မြို့အုပ်မင်း မကလို့ ဘာကြီးပဲ ဖြစ်နေပါစေ
ကင်မ်ဆော့ဂျင် ဆိုတဲ့ သူကလည်း
မကြိုက်ရင် ငြင်းမှာပါ ။ အခုကတော့
သူလည်း သဘောကျလို့ ၊ ချစ်မိလို့ ။
သူတို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုစတင်
တဲ့ ပုံစံလေးက သူများတွေနဲ့ မတူပဲ
ထူးခြားတဲ့ အဖြစ်အပျက် ကလေးတွေ
ရောနှောနေသည် ။ ဒါလေးတွေကလည်း
ချစ်စရာကောင်းလွန်းလှသည် ထင်မိပါ
သည် ။ ဒီလိုနဲ့ပဲ ဒီပွဲတော်ကို သူချစ်ရတဲ့
သူနဲ့အတူ ဖြတ်သန်းခွင့်ရတော့မည် ။
သူတို့ နှစ်ယောက်ရဲ့ ပထမဆုံးဆုတောင်း
လေးဟာ အမှတ်တရများစွာနှင့် နောင်ဘဝ
အထိ အခက်အခဲ မရှိ ချစ်ခင်ဆုံမက်
နိုင်ပေလိမ့်မည် ။

" ဆုတောင်းပါ သက်လည် ။ "

" ဗျာ .... မြို့အုပ်မင်း ကျွန်တော့်ကို
ဘယ်လို ခေါ်လိုက်တာပါလဲ ။ "

" အဖေက အမေ့ကို အဲလိုခေါ်တာကြားဖူးလို့ ။ ဘာလို့လဲ မင်း မကြိုက်ဘူးလား ။"

" မဟုတ်ပါဘူး မြို့အုပ်မင်း အရမ်း
အရမ်း သဘောကျပါတယ် ။ "

" မီးပုံးလွှတ်တော့မယ် အတူဆုတောင်း
ရအောင် ။ "

ဆော့ဂျင် မြို့အုပ်မင်း အပြောအား
လက်ခံသလို ခေါင်းညိတ်ပြကာ
ဆုတောင်းခြင်းကို အာရုံပြုလိုက်ပြီး
မျက်ဝန်းများ မှိတ်ချလိုက်သည် ။
ထို့နောက် ဆုတောင်းခြင်းပြီးဆုံးတော့
မြို့အုပ်မင်း ရဲ့ အချက်ပေးသံနဲ့အတူ
မီးပုံးအား လွှတ်ပေးလိုက်သည် ။
သူကတော့ အခုထိ မျက်လွှာချတုန်း
ပါပဲ ။ ထို့နောက် သူ့ပါးထံ အေးစက်စက်
ထိတွေ့လာတဲ့ နှာသီးဖျားလေး ။
အထိအတွေ့အစိမ်းတွေမို့ ရင်ဘတ်ထဲ
လိပ်ပြာတွေ ပျံကုန်ရသည် ။ ဘာလုပ်
ရမှန်း မသိသေးလို့ အခုထိ မျက်လုံး
မဖွင့်ရဲသေး ။ အထိအတွေ့တွေ့သည်
ထိရုံနှင့် ပြန်ခွာသွားခဲ့ပေမယ့် .....
ရင်ဘတ်ထဲက ရင်ခုန်သံကတော့
စည်တီးတာထက် ကျယ်လောင်သွားရသည် ။
အစကတည်းက ရင်ခုန်ပါတယ် ပြောထား
တယ် မဟုတ်လား ။

" တကယ် ချစ်ပါရဲ့လား သက်လည် ။ "

မျက်နှာပြင်ပေါ်သို့ ကျရောက်လာတဲ့
လေငွေ့နွေးနွေး အသံအုပ်အုပ်လေး
ကြောင့် အနားမှာ နီးကပ်စွာ ရှိနေမှန်း
သိပါသည် ထို့ကြောင့် သူ့မျက်လုံးတွေ
ကို မှေးမှိတ်ထားရာက ဖွင့်လိုက်တော့
ပထမဆုံး မြင်ကွင်းထဲက မျက်နှာလေး
ပြုံး၍ကြည့်ကာ အဖြေတစ်ခု ပေးရန်
ပြင်လိုက်သည် ။

" တကယ်ချစ်တာပါ မြို့အုပ်မင်းဂျွန် "

" ဟင်း .... "

သူ့အဖြေကြောင့် မြို့အုပ်မင်း ပြုံးသွားသည် ။

" ကျုပ်နဲ့ တစ်သက်လုံးရှိနေပေးမှာလား
သက်လည် ။ "

" မြို့အုပ်မင်းသာ အတူရှိစေချင်တဲ့
ဆန္ဒရှိရင် နောက်ဘဝအထိလည်း
အတူရှိနေပေးပါ့မယ် ။ "

" သေချာပေါက် အတူရှိစေချင်တဲ့
ဆန္ဒ တွေရှိတာပေါ့ .... ။ "

" ကျွန်တော်ကလည်း အဲ့ဒီဆန္ဒ
တွေကို ဖြည့်ဆည်းပေးမှာပေါ့ ။ "

ထိုကဲ့သို့ အချစ်ခြင်းတွေ ထပ်တူကျကာ
လူနှစ်ယောက်ရဲ့ ချစ်ခြင်း စာမျက်နှာ
အသစ်ကလေး ဖွင့်လှစ်ကြတော့လေသည်။

ထို့နောက် သူ့လက်တွေကို ဆုပ်ကိုင် လာကာ
ပခုံးလေးကိုလည်းဖက်တွယ်ပြီး ရင်ခွင်ထဲ
နေရာချပေးတော့သူလည်း အလိုက်သင့်နေ
ကာ ရင်ငွေ့လှုံလိုက်သည် ။ မိုးပေါ်ရောက်
သွားကာကောင်းကောင်းပျံသန်းနေတဲ့
သူတို့ နှစ်ယောက်ရဲ့ အချစ်မီးပုံးလေးကို
ကြည့်ကာ ရင်ခုန်သံတွေရဲ့ စည်းချက်
ကို မှတ်သားနေမိတော့သည် ။
                    
                            • ပြီးပါပြီ •

” ပျော်ရွှင်စရာ သီတင်းကျွတ်လေး မှာ
  အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင် ။ ”
🕯️🎆 

( မုန့်ဖိုးတွေလည်း လက်ခံနေပါပြီညော် ! 😚 )

Note : ( ဒီတစ်ခါတော့ တရားထိုင်အုံး 😚🌚 )







Continue Reading

You'll Also Like

71.5K 7.5K 40
အကြားအာရုံချို့တဲ့နေတဲ့ ကောင်လေးနဲ့ IDOl တစ်ယောက်ရဲ့ ချစ်ခြင်း
201K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
11.6K 197 19
kyle has a sleepover and invites his three friends eric, Stan, and kenny over. Eric and Stan leave early for different reasons, but kenny stayed, and...
2.1K 202 6
"မင်း..နဲ့သူငယ်ချင်းဆက်မလုပ်ချင်တော့ဘူး.." "ဘာပြောတယ်...ငါတို့ကငယ်သူငယ်ချင်းတေနော် မင်းအဲ့လိုမပြောသင့်ဘူး.."