အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

497K 14.4K 556

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၂၆) uni & zg

8.8K 287 9
By EmmaRine9820

Unicode

ရုံးခန်းထဲတွင် စိုင်းခက်တစ်ယောက်ထဲ အတွေးများနေခြင်းဖြစ်သည် ။ မန္တလေးမိုးက ကုန်ခါနီးမို့
နှုတ်ဆက်နေသည်ထင်ရလောက်အောင် ခုရက် ပိုင်းရွာကျနေသည် ။ စိုင်းခက်အလုပ်စားပွဲကနေ အပြင် ကို လှမ်းကြည့်ရင်းရုံးရှေ့မှာချထားတဲ့ ပန်းအိုးလေးတွေရယ် လူအသွားလဲ အရမ်းမများလို့ ရှင်းနေတဲ့ လမ်းမကြီးရယ် မိုးလေးဖွဲဖွဲရယ်အေးချမ်းစေသည်။သူ design တွေဆွဲရလို့ မျက်လုံးအနားပေးလျှင် ထိုမှန်ပြင်တံခါးကနေအပြင် ကို လှမ်းကြည့်နေရခြင်းက စိတ်ကြည်
လင် စေသည်။ ဒီနေ့တော့ မိုးကမရွာပဲ အုံ့စိုင်းနေသည်။ မနက်ထဲက design ထိုင်ဆွဲနေရ၍
ညောင်းလာသဖြင့်စားပွဲတွင် လက်တစ်ဖက် ထောက်ကာ မေးလေးတင် ထားရင်းအပြင်ဘက် ကို ငေးကြည့်နေလိုက်စဉ်

ကျောပြင်ကျယ်တစ်ခု။
ထိုကျောပြင်ပိုင်ရှင်သည် လမ်းမဘက်ကို
ဖုန်းလှည့်ပြောနေသဖြင့် သူမြင်ရသည်က ထိုလူ၏ကျောပြင် ကိုသာ ....ထိုကျောပြင်မှာ ဖြောင့်မတ်သည်၊ဆွဲဆောင်မှုရှိသည်။ Shirt လက်ရှည်အဖြူကို လက်တစ်ဝက်ခေါက် တင်ထား
လက်အစုံ ၊ ထိုလူတံခါးဖွင့်ဝင်လာကာ သူ့အားနူးညံ့သောအပြုံးများဖြင့် သူ့ထံလာနေသည်ထိ ငေးကြည့်မိနေတုန်း ....

ထိုလူက သူ့ထံ ဖိုင် တစ်ခု ကမ်းလာသော လက်တစ်ဖက် အကျောစိမ်းများဖြင့် ဖြူနေသောအသားရောင်ပေါ်တွင် ထင်းနေသည့်ဆွဲဆောင်မှုရှိသောလက်ချောင်းများ ၊သူဝင်လာကတည်းက ကပ်ပါလာသောကော်ဖီနံ့သင်းသင်း အရာအားလုံးကဆွဲဆောင်မှုရှိနေသလိုပင် ၊ ထိုလူဆီမှ ထွက်ပေါ်လာသော အသံကအစ နူးညံ့ကာ ကြည်လင်နေသည်။ သူ၏ ရုံးခန်းအတွင်းထဲ တွင် ဆွဲကျန်နေကြ ကော်ဖီနံ့သင်းသင်းလေးနှင့် အလုပ်လုပ်ရသည်မှာ စိုင်းခက် အတွက် အလေ့ကျင့်တစ်ခု ဖြစ်လာခဲ့တာ ရက် အတန်ကြာချေပြီ။

"ကိုယ် ဒီနေ့လဲ ခက်ကို အလုပ်ပေးရအုံးမယ် ပင်ပန်းရင်လဲ ကြိုးစားပေးပါအုံးနော် ၊ အဲတာကအရေးကြီးလို့ "

"စိတ်ချပါ အကိုရဲ့ ကျွန်တော့်ကိုမယုံဘူးလားပြော"

"ကိုယ်က အဲသဘောပြောတာမဟုတ်ရပါဘူး "

" ဟွန့် "

မျက်စောင်းလေးပစ်ကာ စိတ်ဆိုးဟန်ဖြစ်နေသော စိုင်းခက်၍ မျက်နှာလေးမှာ အူယားစရာ
ပင်အလွန် ကောင်းနေသောကြောင့် စိုင်းခက်
ခေါင်းဆီသို့ ထိုက်လက်တို့သည် ဆံပင်တွေအား ဖွရန်လှမ်းလာမိသည်။ သို့သော် ထိုလက်တစ်စုံမှာ လေထဲတွင်သာ ရပ်တန့်သွားကာ ထိုက် လက်တို့ကို ပြန်လည်ရုတ်သိမ်းလိုက်၍ ချောင်းတစ်ချက်ဟက်ပြီး...

"အဟမ်း ဒါဆိုကိုယ်သွားတော့မယ်နော် "

စိုင်းခက် ပြန်တောင်နှုတ်မဆက်လိုက်ရ ၊ ချက်ချင်းလှည့်ထွက်သွားသော ကျောပြင်ကျယ် အား ငေးကာ ကြည့်ရင်း စိုင်းခက်စိတ်ထဲ
ဝမ်းနည်းတာလားမသိ ဘာမှန်းမသိသော ခံစားချက်တို့ တိုးယှက်ကာဝင်ရောက်လာသည်။
ထိုခံစားချက်တွေကဘာလဲဆိုတာ
စိုင်းခက်မသိ။ မသိချင်တာဆိုလျှင် ပိုမှန်မည်။

အခန်းတွင်ကျန်ခဲ့တော့ ကော်ဖီရနံ့သင်းသင်းလေးကို ရူလိုက်ရင်း စိတ်တို့ကို ပြန်လည်စုစည်းကာ ထိုက် ပေးခဲ့တဲ့ဖိုင်ကို စစ်ကြည့်လိုက်သည်။ထိုက်အိမ်အတွက် စိုင်းခက်ကို design အချောဆွဲခိုင်းတာ ပြီးလုရှိပြီ ထိုက်က ၁ပတ် ၃ရက်လောက်တော့ သူ့ဆီအမြဲရောက်လာတတ်သည်။ ဟိန်းနဲ့ပြန်တွဲပြီးနောက်ပိုင်း
ထိုက်က အပြုအမူအပြောအဆို အားလုံးဆင်ခြင်သည်။ နေ့တိုင်းနီးပါးတွေ့နေရပေမဲ့လဲ ဝေးကွာနေသလို ခံစားလာရသည် ။ ဒါကလဲ ဖြစ်သင့်ပါတယ်လေ ဒီလိုတွေဖြစ်အောင် သူကပဲ ဖန်တီးခဲ့တာ မို့လား ...

               *****🌸🌸🌸*****

ဟိန်း စိုင်းခက်ဆီရောက်နေတာ ၂လကျော်လေပြီ။ အလုပ်မဝင်ချင်သေးသဖြင့် အလုပ် လျှောက်မဲ့ကိစ္စကိုလဲ ရပ်ထားသည်။စိုင်းခက်
ရုံးသွားသည့်အချိန် တွေတွင် စာကြည့်တိုက်သို့သွားကာ စာဖတ်နေတတ် သည်။

ဒီနေ့ စိုင်းခက် အိမ်ပြန်ရောက်တော့ ၆ နာရီထိုးပြီ။ အိမ်ထဲ ဝင်ဝင်ခြင်း apron ဝတ်ထားပြီး မီးဖိုချောင်မှပြေးထွက်လာသော ဟိန်း က

" စိုင်းခက် မြန်မြန်လာ ငါမင်းအတွက်ဘာလုပ် ထားလဲလာကြည့် "

စိုင်းခက်လက်ကို ဇွတ်ဆွဲကာခေါ်သဖြင့်
ကြောင်တောင်တောင်မီးဖိုထဲပါသွားရသည်။ခုံတွင် ထိုင်ခိုင်းပြီး Ovem ထဲမှ cupcakes ဗန်းလေးအား ထုတ်ကာသူ့ရှေ့လာချရင်း .... ။

"ဒီမှာလေ မင်းအတွက် ငါကိုယ်တိုင်လုပ်ထားတာ မင်းကြိုက်တယ်မို့လား ၊ ငါနေ့တိုင်းတစ်နေ့တစ်မျိုးလုပ် ကျွေးမယ်သိလား "

Cake လေးတစ်ခုကို ယူပြီး စိုင်းခက်မျက်နှာရှေ့တိုးကာပြနေသော ဟိန်း ၊ ဂျုံမှုန့်တွေပေနေကာ အပြုံးများဖြင့် ရွှင်ပျနေသော ဟိန်းကိုကြည့်ရင်း စိုင်းခက်စိတ်ထဲမလုံမလဲ ဖြစ်လာရကာ ဟိန်းအပေါ်သနားစိတ်များ နှင့် အားနာစိတ်များ ရောပြွန်းလာပြီး ကိုယ့်ကိုယ်ကိုလဲ ရွံလာရသည်။
ခုရက်ပိုင်း ထိုက် ကသူ့စိတ်ထဲ သိသိသာသာနေရာယူနေသည်။ ဒီစိတ်တွေဖြစ်နေတဲ့ သူ့ကိုသူ စိတ်ပျက်မိသည်။ ဟိန်းတစ်ယောက်လုံးကို ဘေးမှာထားပြီး အခြားသူကို စိတ်ရောက်နေတာ ဘယ်လောက်ရွံစရာကောင်းတဲ့လုပ်ရပ်လဲ .....။

စိုင်းခက်မျက်နှာဟာ သိသိသာသာ မှေးမှိန်သွားသဖြင့် cake လေးကိုင်ကာ အားတတ်သရောဖြစ် နေသော ဟိန်းက အပြုံးများရပ်တန့်သွားကာ cake လေးအား စားပွဲတွင်ပြန်ချလိုက်ရင်း ...

"စိုင်းခက် ဘာဖြစ်သွားတာလဲ ဒီ cake မကြိုက် လို့လား ငါအန်တီကို သေချာမေးပြီးလုပ်ထားတာပါ၊အန်တီ တို့မသွားခင် မင်းအကြိုက်တွေငါအကုန်မေးထားတာ နေ့တိုင်းငါကိုယ်တိုင်ချက် ကျွေးမလို့လေ"

ဟိန်း၏ အပြောကြောင့် စိုင်းခက် သူ့ကိုယ်သူ ပို
အပြစ် တင်မိလေတော့သည်။ ဖေဖေနှင့်အမေမေက အလုပ်ကိစ္စ မိုးကုတ်သို့ ဒီနေ့မနက်က သွားကြသည်။ ၁ပတ်လောက်ကြာမည်ဖြစ်သဖြင့် ယောကျာ်းနှစ် ယောက်ထဲရှိသော အိမ်တွင် အေးပုံ တစ်ယောက် ထဲ မသင့်တော်သဖြင့်
ရွာခနပြန်ခိုင်းလိုက်ကာ ယခုအိမ် တွင်သူတို့နှစ် ယောက်ထဲသာ ။ စိုင်းခက် သူ့မျက်နှာသူပြင်
လိုက်ကာ ...

"မဟုတ်ပါဘူး ဟိန်းရ ဒါငါအရမ်းကြိုက်တာလေ မင်းလုပ်ပေးထားတာဆိုတော့ပိုတောင်ကြိုက်သေးတယ် ၊ ငါက မင်းပင်ပန်းသွားလို့ စိတ်မကောင်းဖြစ် သွားတာပါ "

"ငါမပင်ပန်းပါဘူး နောက်ရက်တွေလဲ လုပ်ပေးမယ် မင်းစားချင်တာရှိရင်လဲကြိုသာပြော ငါ
အန်တီဆီကနေ သေချာလိုက်မှတ်ထားတယ် ၊ ရော့မြည်းကြည့်"

ဟိန်းက ကိတ်ကိုပြန်ယူကာ စိုင်းခက်ကိုခွန့်ကျွေး
သည် ။ ဒီတစ်ခါတွင်တော့ အရွှင်ပျဆုံးပြုံးကာ
စားလိုက်သည်။

" ဝါးးး တကယ်စားကောင်းတာပဲ ငါ့ရဲ့ဟိန်းကတော်ချက် "

ဟိန်း ကျွေးသော ကိတ်မုန့်မှာ အရသာအပိုလို
ပင်မရှိသော ကိတ်မုန့်ဖြစ်နေသည်ကိုမငြင်းလို။

"ဟဲဟဲ ငါပဲလေ ဒီလောက်တော့ရှိရမှာပေ့ါ ၊ ငါတနေကုန် ဖုတ်နေတာလေ ။ ကြည့်ပါဦး ငါ့
လက်လေးအပူတောင်လောင်သွားသေးတယ်"

နှုတ်ခမ်းရဲရဲလေးအား ဆူပြီး သူ၏ လက်ညိုးမှ အပူလောင်ဒဏ်ရာလေးကိုထိုးပြသည်။ စိုင်းခက်မီးဖိုချောင်ထဲ အကဲခတ်ကြည့်မိတော့ ဟိန်း
ရှုပ်ထားသည်က မနည်းလှ။ ဖုတ်တာကြာလို့ တူးမဲနေသော ကိတ်မုန့်လုံးများမှာလည်း မနည်းမနော။ သူ့ကိုစားစေချင်၍ ကြိုးစားထားသော ဟိန်း။ စိုင်းခက် သက်ပြင်း အသာချမိလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဗီရိုထဲမှ ဆေးboxကိုဆွဲယူကာ ဟိန်းကို သူကိုယ်တိုင်
ဆေးထည့်ပေးရင်း

" ဟိန်းရယ် အဲ့လောက်ကြီးတော့မလုပ်ပါနဲ့
ဒဏ်ရာတောင်ရနေပြီလေ"

စိုင်းခက် စိုးရိမ်သဖြင့် မျက်မှောင်ကျုံ့လျက် ပြောသည်။ ထိုအခါ ဟိန်းက စိုင်းခက်၏ ကျုံ့နေသော မျက်ခုံးတို့ကို သူ၏ လက်တစ်ဖက်ဖြင့် ဖြေလျှော့ပေးရင်း

" ဒါလေးများအသာလေးပါ မပူပါနဲ့မင်းကလည်း"

" ဒါပေမဲ့ ဟိန်းရယ် ငါတို့ဝယ်စားလည်းဖြစ်တာပဲလေ"

" ငါက ငါလုပ်တာကိုမင်းကိုကျွေးချင်တာ
ဒီလောက်ကြိုးစားပန်းစား လုပ်ထားတာကိုနော် ဒီလိုတော်တဲ့ကောင်လေးကို ချစ်ဖူးလား"

ဟိန်းက စိုင်းခက်မျက်နှာရှေ့တိုးကာ ပြောင်စပ်
စပ်ဖြင့်မေးလေသည်။ ရုတ်တရက် စိုင်းခက်တန်းမဖြေလိုက်နိုင် စက္ကန့်ပိုင်းမျှ ကြာမှ ဟိန်း
မျက်နှာပေါ်က ဂျုံမှုန့်တွေကို လက်ဖြင့် ပွတ်
လိုက်ရင်း...

" ချစ်တာပေါ့ ဟိန်းရဲ့ "

ထိုအဖြေနှင့်အတူ စိတ်တို့လေးလံလာရသည်။ ထိုနေရာမှအမြန်ထွက်လာလိုက်ချင်သည်။ ဟိန်းရဲ့ ရွှင်ပျနေသော မျက်နှာအား သူဆက်မကြည့်ချင်တော့ ဟိန်းအပေါ် အပြစ်ရှိသလို ပိုခံစားလာရခြင်းကြောင့်ပင် ..။ ထို့ကြောင့် ပင်ပန်းလာလို့ ရေချိုးချင်ပြီဟု ပြောကာ လှည့်ထွက်လိုက်ပြီး
အိမ်ပေါ်တန်းတက်လာခဲ့သည်။ ဟိန်းဘယ်လိုကျန်နေခဲ့လဲတော့သူမသိ သူသိသည်က ဟိန်းရှေ့က အမြန်ထွက်ခဲ့လိုက်ဖို့သာ ....။

သူ့လုပ်ရပ်တွေ နှင့် သူ့စိတ်တွေသူ နားမလည်နိုင် စွာ အတွေးများစွာဖြင့် လေးလံသော ခြေလှမ်းများအား လှေကားတစ်ထစ်ခြင်းဆီ တက်လျက် သက်ပြင်းချမိတာလဲ အကြိမ်ကြိမ်ပင် .......။

                    ****🌺🌺🌺*****

စိုင်းခက် အိမ်ပေါ်ပြန်တက်သွားတော့ ဟိန်းက မီးဖိုချောင်သန့်ရှင်းရေးလုပ်ရန်အောက်တွင်နေခဲ့သည်။စိုင်းခက်၏ စိတ်များ သူ့ဆီ အပြည့်အဝမရှိတော့ဆိုသည်ကို ဟိန်း ရင်နာနာ လက်ခံခဲ့ပြီး
ဖြစ်သည်။ သူ၏ အမှားတွေဘဲမို့ ဟိန်း စိုင်းခက် အား အပြစ်စိုးစဉ်းမျှမတင်လို။ သူသာ အစကတည်းက စိုင်းခက်အတွက် သတ္တိများရှိခဲ့လျှင် ဒါမှမဟုတ် စိုင်းခက်နှင့် အဆင်ပြေအောင် ညှိနှိုင်းခဲ့လျှင် ယခုလိုကိစ္စများဖြစ်လာမည်မဟုတ်။
သူကိုယ်တိုင်ဘဲ ဒီကောင်လေး၏ နှလုံးသားအား ဖန်သားတစ်ခွက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာရိုက်ခွဲခဲ့သည်လေ။ ကလေးဆန်လွန်းသည့်
စိုင်းခက်က သူနှင့်ဆိုလျှင် လူကြီးလေးကဲ့သို့နေထိုင်ပေးသည်။ ဟိန်းအတွက်ဆိုတာချည်း
စဉ်းစားပေးခဲ့သည်လေ။

ထို့ကြောင့် ပျံ့လွင့်နေသော စိုင်းခက်၏ စိတ်အစုံက်ိုသူ အတတ်နိုင်ဆုံး ဆွဲထားမည်။ စိုင်းခက်
အလုပ်ကပြန်လာသည့်အခါတိုင်း စိုင်းခက်ကိုယ် ပေါ်တွင် ကော်ဖီနံ့လေးပါလာတတ်သည်။  ထိုက် ဘုန်းရှိန်နှင့် အလုပ်တွဲလုပ်နေသည်ကို စိုင်းခက် ပြောပြထားလို့သူသိရသည်။

"ဟိန်းအဆင်မပြေရင် တွဲမလုပ်ဖူးနော်"

ဆိုသည့် စကားတို့က စိုင်းခက် စိတ်ရင်းနှင့်ပြောနေတာမဟုတ်သည်ကို ဟိန်းခံစားမိသည်။ သူမတားလို။ သူ စိုင်းခက်ကို ယုံကြည်ပေးချင်သည်။ စိုင်းခက် လုပ်ချင်တာကို သူက ဘာလို့ ဝင်တားဆီးရမည်လဲ။ သူကိုယ်တိုင်ကလည်း ဝင်ရောက် ချုပ်ချယ်တတ်တဲ့ လူစားမဟုတ်ခဲ့သည် လည်းပါမည်။ ဒါကြောင့်မို့ စိုင်းခက်အား ကိစ္စမရှိကြောင်းပြော၍ အလုပ်အားလက်ခံရန် ပြောခဲ့သည်။

ဒါဟာ သူ၏ အကြီးဆုံးအမှားတစ်ခု။ ရုံးကပြန် လာသည့်အခါတိုင်း ပြုံးရွှင်နေသည့် စိုင်းခက်၏ မျက်နှာနုနု။ သူ့ကို ကြည့်သည့်အခါတိုင်း အပြစ် ရှိသည့် မျက်ဝန်းများဖြင့် ကြည့်တတ်လာတဲ့
စိုင်းခက်ရဲ့မျက်ဝန်းတွေ။ ဒါတွေကို သူသတိမထားမိဖူးဆိုရင်တော့ လိမ်ရာကျမှာပေါ့။ သူ စကတည်းကသတိထားမိခဲ့သည်။ သို့သော် သူ ဘာမျှမလုပ်နိုင်။ ဒါစိုင်းခက် အပေါ် သူ
လုပ်ခဲ့အမှားကြောင့်သာဟု ခံယူထားသောကြောင့်သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက သူ အတတ်နိုင်ဆုံး စိုင်းခက်အပေါ်ချစ်ပေရမည်။ ကြင်နာပေးမည်။ သူအတတ်နိုင်ဆုံး သူ့ကိုယ်သူ ပြုပြင်ပေးမည်။  ဒါတွေက သူလုပ်နိုင်တဲ့အရာတွေ။ သူ စိုင်းခက်ကို ချစ်ပေးရင် စိုင်းခက်ဆီက မေတ္တာတွေတန်ပြန်ပါမယ်ဟု ယုံကြည်မိသည်။

ယခုလည်း ပန်းကန်ဆေးရင်း ထိုအကြောင်းတို့တွေးမိသည့်အတွက် ဟိန်း ငိုမိပြန်သည်။ သူ မနာကျင်ပဲနေပါ့မလား။ ကိုယ်ချစ်ရသူက ကိုယ် မဟုတ် တခြားသူပေါ် စိတ်ရှိနေသည်လေ။

" ဒါတွေအကုန် ငါ့အမှား"

ဟိန်း အသံထွက်၍ပင် ရှိုက်ကာငိုမိသည်။ ရေချိုးနေသော စိုင်းခက်ကတော့ ဒါတွေကို
သိနိုင်မည်မဟုတ်။သူ့အဖြစ်က အိမ်ပြန်လာမည့်သခင်အား စောင့်နေရသော အိမ်မွေးခွေးလေး
တစ်ကောင်ကဲ့သို့ပင်။စိုင်းခက်အိမ်ပြန်အလာကို စောင့်ကာ ကြိုနေရသည်မှာ သူ၏ နေ့စဉ်လုပ် ဆောင်ချက်တစ်ခုဖြစ်လာရသည်။
စိုင်းခက် အပေါ်သူ တတ်နိုင်သလောက်ဖြည့်
စည်းပေးချင်သည့်အတွက် အန်တီ ဆီက ဟင်းချက်နည်းများကို တတ်သလောက်မှတ်သလောက်သင်ယူခဲ့သည်။ သူ စိုင်းခက်နှင့် ဆူညံတဲ့နေရာတွေလိုက်မပေးနိုင်ရင် တောင်ကျန်တဲ့နေရာများတွင် အတတ်နိုင်ဆုံး လိုက် ရောညီထွေနေပေးမည်။ ဟိန်းဘဝ မှာ စိုင်းခက်က လွဲရင် ဘာမှမရှိတော့ဘူးမဟုတ်လား။ စိုင်းခက်ကသာ ဟိန်း ၏ ရည်မှန်းချက် ၊ မျှော်လင့်ချက် တို့ဖြစ်လာရသည်။

ဟိန်း သက်ပျင်း အကြိမ်ကြိမ်ချရင်း အလုပ်တို့လက်စသပ် ကာ အပေါ်ထပ်ကို တက်လာလိုက် သည်။စိုင်းခက်ကတော့ ရေချိုးဆဲ။ သူ စိုင်းခက် အတွက် ရေချိုးပြီးရင် ဝတ်မည့်အဝတ်တို့ကို အိပ်ယာပေါ်တွင်  တင်ထားပေးပြီး ယနေ့
စိုင်းခက် ဝတ်ခဲ့သော အဝတ်တို့ကို လျှော်ရန် ခြင်းထဲထည့်ကာ အဝတ်လျှော်စက်တွင်သွား
ထည့်သည်။

" စိုင်းခက် ငါ အကျီတွေ အိပ်ယာပေါ်တင်ထားပေးခဲ့တယ်နော်"

" အေးအေး "

ဟိန်း ရေချိုးခန်းထဲမှ စိုင်းခက်ကိုလှမ်းပြောပြီးမှ ထွက်လာလိုက်သည်။ကော်ဖီနံ့တို့ကပ်ကပ်ပါလာတတ်သော စိုင်းခက်၏ တီရှုပ်များကို သူမနာလို။ သူ၏ အနံ့တွေကော ဘာလို့ စိုင်းခက်ကိုယ် ပေါ်တွင်စွဲကျန်မနေလဲ ဒါမတရား။ ဟိန်း ရေမွှေးသုံးပေမဲ့လည်း ဘယ်သောအခါမှ စိုင်းခက်၏ အဝတ်များအပေါ်သက်ရောက်မှုရှိမနေ။

ဟိန်း အတွေးတို့ကို ဖျက်ကာ အဝတ်များကို လျှော်စက်တွင်လှည့်လိုက်သည်။ ခနနေလျှင်
ညစာ စားတော့မည်ဖြစ်တာကြောင့် စိုင်းခက် ကြိုက်တတ်သော ပုဇွန် ကို ငရုတ်ပွလေးနှင့် ကြော်ကာ အရွက်ကြော် ထားလိုက်သည်။ ဟိန်း ဟင်းချက်ပြီးပြီးမှ ဧည့်ခန်းတွင်ထိုင် တီီဗီကြည့်သည်။ ကြည့်လက်စ ဇာတ်ကားပေမို့ ဆက်ကြည့်နေစဉ် သိပ်မကြာ စိုင်းခက်က အိမ်ပေါ်က ဆင်းလာသည်။

" လာထိုင် "

ဟိန်း သူ၏ ဘေးကိုပုတ်ပြရင်းပြောတော့
စိုင်းခက်၏ ဘေးတွင်ဝင်ထိုင်သည်။

" မွှေးနေတာဘဲ ဘာတွေချက်ထားတာလဲ"

ဟင်းချက်ထားတာမကြာသေးတာမို့ ပုဇွန်ကြော် နံ့လေးက မီးဖိုချောင်မှအပြင်သို့ အနည်းငယ်ပျံ့လွင့်နေသည်။

" မင်းကြိုက်တဲ့ ပုဇွန်ကြော်နဲ့ ကိုက်လန်ကြော်"

" ဟာ ကောင်းလိုက်တာ ငါလည်းစားချင်နေတာ
ကျေးဇူး ဟိန်း"

" ရပါတယ်ကွာ ငါလည်း ချက်တတ်နေတာပဲ
ငါနေ့တိုင်းချက်ကျွေးမယ် ဒါပေမဲ့ မင်း ငါ့ကို
တစ်ခုတော့ ပြန်လုပ်ပေးရမယ်"

ဟိန်းကပြုံးလျက်ဆိုသည်။

" ဘာလဲ ဟိန်း"

" မင်းက ငါ့ကိုနေ့တိုင်းချစ်ပေး"

စိုင်းခက်က ဟိန်း၏ အပြောကို ဟက်ကနဲရီကာ
ဟိန်း၏ ခေါင်းကို ပုတ်သည်။

" ဟုတ်ပါပြီတဲ့ဗျာ"

ဟိန်း စိုင်းခက်၏ အဖြေကို သဘောကျစွာ ပြုံးပြရင်း

" ဒါဆို စိုင်းခက် ခနစောင့်ဦးနော်
ငါရေမြန်မြန်ချိုးဦးမယ် "

"ရတယ်အေးဆေး ငါအရမ်းဗိုက်မဆာသေးဖူး"

ဟိန်းလည်း အပေါ်တက်ကာ ရေချိုးပြီးနောက်
မီးဖိုချောင်တွင် ထမင်းပွဲအသင့်ပြင်ထားတာကို တွေ့ရသည်။

" စိုင်းခက်ရယ် ငါလုပ်ပေးမှာပေါ့ကွာ
မင်းကလည်း"

" ငါလည်းမင်းကိုကူချင်လို့ပါမင်းချက်ထားရတာ ပင်ပန်းတယ်မဟုတ်ဖူးလား"

" အင်းပါ"

" စားကောင်းလိုက်တာ "

စိုင်းခက် ဟင်းတို့ကိုစားပြီးနောက် ပြုံးလျက် ပြောလာသည်။ ချက်ပြုတ်ထားသော ဟင်းတို့ကို မြိန်ရေရှက် ရေစားနေသောကြောင့် ဟိန်း ရင်ထဲနွေးနေသည်။ အနည်းဆုံးတော့ သူလည်း
စိုင်းခက်၏ အပြုံးများကို ဖန်တီးနိုင်သည်ဟုသော အတွေးက ဟိန်း အမောပြေရသည်။

စားသောက်ပြီးနောက် ကြည့်လက်စက ဇာတ်ကား ကို ပြန်ကြည့်ကြသည်။ရေချိုး
ဆပ်ပြာနံ့မွှေးနေသော စိုင်းခက်၏ ရင်ခွင်ထဲကို တိုးဝေ့ဝင်သည်။ စိုင်းခက်ကလည်း အလိုက်သင့် ပြန်ဖက်ထားသည်။ ဒါ သူတို့ အတူတူ စကားမများဘဲ ဖြတ်သန်းရသည့်အချိန်။ စိုင်းခက် က ဟိန်းကိုအချိန်ပေးသည့်အချိန်ကို ဟိန်းတန်ဖိုးထားသည်။  ည ၁၁ နာရီထိုးတဲ့အချိန်
နှစ်ယောက် လုံးအိပ်ချင်နေပြီမို့ အခန်းသို့
တက်လာခဲ့လိုက်သည်။

တနေကုန် ပင်ပန်းနေသော စိုင်းခက်ကတော့ ခေါင်းအုံးတွေ့သည်နှင့် အိပ်မောကျသွားသည်။ဟိန်းကတော့ သွားတိုက် မျက်နှာသစ်ပြီးမှအိပ်ယာ
ဝင်သည်။နှစ်ချိုက်စွာ အိပ်ပျော်နေသော
စိုင်းခက်မျက်နှာလေးသည် ကြည်ရှင်းနေသည်။ နှုတ်ခမ်းသား နီနီလေးကလည်း ဆူလျက်။ ဟိန်း စိုင်းခက်၏ မျက်နှာကိုကြည့်နေရတာကို
နှစ်သက်သည်။ သူတစ်နေ့တစ်ခြား စိုင်းခက်ကို ပိုပိုချစ်လာသော်လည်း သူတို့နှစ်ဦးကတော့ တဖြည်းဖြည်း ပိုဝေးကွာသွားသလိုခံစားရသည်။နီးလျက်နှင့်ဝေးနေရသည့်ခံစားချက်။
ဝဲလာသော မျက်ရည်တို့ကိုဖိသုတ်ကာ အိပ်နေသော စိုင်းခက်၏ နှုတ်ခမ်းအား အနမ်းပါးပါးလေး ခြွေကာ သူ စိုင်းခက်အားဖက်အိပ်လိုက်
သည်။

အရာအားလုံး ယခုကဲ့သို့ငြိမ်းချမ်းနေလျှင်
သိပ်ကောင်းမည်။ မင်းစိတ်တွေရော မင်းနှလုံးသားရော အကုန်လုံးငါ့ဆီပြန်ရောက်လာအောင် ကြိုးစားမည်။ ဆွဲနိုင်သမျှတော့ ဆွဲထားအုန်းမည်။ မင်းဘေးနားမှာ ငါ့ကိုရှိနေစေချင်တဲ့
အချိန်ထိ ရအောင်ကပ် တွယ်နေပါအုံးမည်။

              *****🌸🌸🌸*****

ဒီနေရာမှာတစ်ခုပြောချင်တာ ဒါမျိုးခံစားချက် ကို ခံစားဖူးတဲ့သူတွေသိမှာပါ။ သူငယ်ချင်း၊crush ကနေ ချစ်သူဖြစ်လာပြီးပြတ်သွားတာတောင်မမေ့နိုင်ခဲ့ပဲ သူမသိလိုက်ခင်မှာ အခြား
တစ်ယောက်ပေါ်စိတ်ရောက်သွားတာမျိုးမှာ နဂိုသံယောဇဉ်လက်ကျန်တွေနဲ့ ex ကပြန်လာချိန်မှာ စိုင်းခက်က ဒွိဟဖြစ်နေရတာပါ။ စိုင်းခက်ကိုနားလည်ပေးကြပါနော် မမုန်းကြပါနဲ့လို့ ❤️

Zawgyi

႐ုံးခန္းထဲတြင္ စိုင္းခက္တစ္ေယာက္ထဲ အေတြးမ်ားေနျခင္းျဖစ္သည္ ။ မႏၲေလးမိုးက ကုန္ခါနီးမို႔
ႏႈတ္ဆက္ေနသည္ထင္ရေလာက္ေအာင္ ခုရက္ ပိုင္း႐ြာက်ေနသည္ ။ စိုင္းခက္အလုပ္စားပြဲကေန အျပင္ ကို လွမ္းၾကည့္ရင္း႐ုံးေရွ႕မွာခ်ထားတဲ့ ပန္းအိုးေလးေတြရယ္ လူအသြားလဲ အရမ္းမမ်ားလို႔ ရွင္းေနတဲ့ လမ္းမႀကီးရယ္ မိုးေလးဖြဲဖြဲရယ္ေအးခ်မ္းေစသည္။သူ design ေတြဆြဲရလို႔ မ်က္လုံးအနားေပးလွ်င္ ထိုမွန္ျပင္တံခါးကေနအျပင္ ကို လွမ္းၾကည့္ေနရျခင္းက စိတ္ၾကည္
လင္ ေစသည္။ ဒီေန႔ေတာ့ မိုးကမ႐ြာပဲ အုံ႔စိုင္းေနသည္။ မနက္ထဲက design ထိုင္ဆြဲေနရ၍
ေညာင္းလာသျဖင့္စားပြဲတြင္ လက္တစ္ဖက္ ေထာက္ကာ ေမးေလးတင္ ထားရင္းအျပင္ဘက္ ကို ေငးၾကည့္ေနလိုက္စဥ္

ေက်ာျပင္က်ယ္တစ္ခု။
ထိုေက်ာျပင္ပိုင္ရွင္သည္ လမ္းမဘက္ကို
ဖုန္းလွည့္ေျပာေနသျဖင့္ သူျမင္ရသည္က ထိုလူ၏ေက်ာျပင္ ကိုသာ ....ထိုေက်ာျပင္မွာ ေျဖာင့္မတ္သည္၊ဆြဲေဆာင္မႈရွိသည္။ Shirt လက္ရွည္အျဖဴကို လက္တစ္ဝက္ေခါက္ တင္ထား
လက္အစုံ ၊ ထိုလူတံခါးဖြင့္ဝင္လာကာ သူ႔အားႏူးညံ့ေသာအၿပဳံးမ်ားျဖင့္ သူ႔ထံလာေနသည္ထိ ေငးၾကည့္မိေနတုန္း ....

ထိုလူက သူ႔ထံ ဖိုင္ တစ္ခု ကမ္းလာေသာ လက္တစ္ဖက္ အေက်ာစိမ္းမ်ားျဖင့္ ျဖဴေနေသာအသားေရာင္ေပၚတြင္ ထင္းေနသည့္ဆြဲေဆာင္မႈရွိေသာလက္ေခ်ာင္းမ်ား ၊သူဝင္လာကတည္းက ကပ္ပါလာေသာေကာ္ဖီနံ႔သင္းသင္း အရာအားလုံးကဆြဲေဆာင္မႈရွိေနသလိုပင္ ၊ ထိုလူဆီမွ ထြက္ေပၚလာေသာ အသံကအစ ႏူးညံ့ကာ ၾကည္လင္ေနသည္။ သူ၏ ႐ုံးခန္းအတြင္းထဲ တြင္ ဆြဲက်န္ေနၾက ေကာ္ဖီနံ႔သင္းသင္းေလးႏွင့္ အလုပ္လုပ္ရသည္မွာ စိုင္းခက္ အတြက္ အေလ့က်င့္တစ္ခု ျဖစ္လာခဲ့တာ ရက္ အတန္ၾကာေခ်ၿပီ။

"ကိုယ္ ဒီေန႔လဲ ခက္ကို အလုပ္ေပးရအုံးမယ္ ပင္ပန္းရင္လဲ ႀကိဳးစားေပးပါအုံးေနာ္ ၊ အဲတာကအေရးႀကီးလို႔ "

"စိတ္ခ်ပါ အကိုရဲ႕ ကြၽန္ေတာ့္ကိုမယုံဘူးလားေျပာ"

"ကိုယ္က အဲသေဘာေျပာတာမဟုတ္ရပါဘူး "

" ဟြန္႔ "

မ်က္ေစာင္းေလးပစ္ကာ စိတ္ဆိုးဟန္ျဖစ္ေနေသာ စိုင္းခက္၍ မ်က္ႏွာေလးမွာ အူယားစရာ
ပင္အလြန္ ေကာင္းေနေသာေၾကာင့္ စိုင္းခက္
ေခါင္းဆီသို႔ ထိုက္လက္တို႔သည္ ဆံပင္ေတြအား ဖြရန္လွမ္းလာမိသည္။ သို႔ေသာ္ ထိုလက္တစ္စုံမွာ ေလထဲတြင္သာ ရပ္တန္႔သြားကာ ထိုက္ လက္တို႔ကို ျပန္လည္႐ုတ္သိမ္းလိုက္၍ ေခ်ာင္းတစ္ခ်က္ဟက္ၿပီး...

"အဟမ္း ဒါဆိုကိုယ္သြားေတာ့မယ္ေနာ္ "

စိုင္းခက္ ျပန္ေတာင္ႏႈတ္မဆက္လိုက္ရ ၊ ခ်က္ခ်င္းလွည့္ထြက္သြားေသာ ေက်ာျပင္က်ယ္ အား ေငးကာ ၾကည့္ရင္း စိုင္းခက္စိတ္ထဲ
ဝမ္းနည္းတာလားမသိ ဘာမွန္းမသိေသာ ခံစားခ်က္တို႔ တိုးယွက္ကာဝင္ေရာက္လာသည္။
ထိုခံစားခ်က္ေတြကဘာလဲဆိုတာ
စိုင္းခက္မသိ။ မသိခ်င္တာဆိုလွ်င္ ပိုမွန္မည္။

အခန္းတြင္က်န္ခဲ့ေတာ့ ေကာ္ဖီရနံ႔သင္းသင္းေလးကို ႐ူလိုက္ရင္း စိတ္တို႔ကို ျပန္လည္စုစည္းကာ ထိုက္ ေပးခဲ့တဲ့ဖိုင္ကို စစ္ၾကည့္လိုက္သည္။ထိုက္အိမ္အတြက္ စိုင္းခက္ကို design အေခ်ာဆြဲခိုင္းတာ ၿပီးလုရွိၿပီ ထိုက္က ၁ပတ္ ၃ရက္ေလာက္ေတာ့ သူ႔ဆီအၿမဲေရာက္လာတတ္သည္။ ဟိန္းနဲ႔ျပန္တြဲၿပီးေနာက္ပိုင္း
ထိုက္က အျပဳအမူအေျပာအဆို အားလုံးဆင္ျခင္သည္။ ေန႔တိုင္းနီးပါးေတြ႕ေနရေပမဲ့လဲ ေဝးကြာေနသလို ခံစားလာရသည္ ။ ဒါကလဲ ျဖစ္သင့္ပါတယ္ေလ ဒီလိုေတြျဖစ္ေအာင္ သူကပဲ ဖန္တီးခဲ့တာ မို႔လား ...

               *****🌸🌸🌸*****

ဟိန္း စိုင္းခက္ဆီေရာက္ေနတာ ၂လေက်ာ္ေလၿပီ။ အလုပ္မဝင္ခ်င္ေသးသျဖင့္ အလုပ္ ေလွ်ာက္မဲ့ကိစၥကိုလဲ ရပ္ထားသည္။စိုင္းခက္
႐ုံးသြားသည့္အခ်ိန္ ေတြတြင္ စာၾကည့္တိုက္သို႔သြားကာ စာဖတ္ေနတတ္ သည္။

ဒီေန႔ စိုင္းခက္ အိမ္ျပန္ေရာက္ေတာ့ ၆ နာရီထိုးၿပီ။ အိမ္ထဲ ဝင္ဝင္ျခင္း apron ဝတ္ထားၿပီး မီးဖိုေခ်ာင္မွေျပးထြက္လာေသာ ဟိန္း က

" စိုင္းခက္ ျမန္ျမန္လာ ငါမင္းအတြက္ဘာလုပ္ ထားလဲလာၾကည့္ "

စိုင္းခက္လက္ကို ဇြတ္ဆြဲကာေခၚသျဖင့္
ေၾကာင္ေတာင္ေတာင္မီးဖိုထဲပါသြားရသည္။ခုံတြင္ ထိုင္ခိုင္းၿပီး Ovem ထဲမွ cupcakes ဗန္းေလးအား ထုတ္ကာသူ႔ေရွ႕လာခ်ရင္း .... ။

"ဒီမွာေလ မင္းအတြက္ ငါကိုယ္တိုင္လုပ္ထားတာ မင္းႀကိဳက္တယ္မို႔လား ၊ ငါေန႔တိုင္းတစ္ေန႔တစ္မ်ိဳးလုပ္ ေကြၽးမယ္သိလား "

Cake ေလးတစ္ခုကို ယူၿပီး စိုင္းခက္မ်က္ႏွာေရွ႕တိုးကာျပေနေသာ ဟိန္း ၊ ဂ်ဳံမႈန္႔ေတြေပေနကာ အၿပဳံးမ်ားျဖင့္ ႐ႊင္ပ်ေနေသာ ဟိန္းကိုၾကည့္ရင္း စိုင္းခက္စိတ္ထဲမလုံမလဲ ျဖစ္လာရကာ ဟိန္းအေပၚသနားစိတ္မ်ား ႏွင့္ အားနာစိတ္မ်ား ေရာႁပြန္းလာၿပီး ကိုယ့္ကိုယ္ကိုလဲ ႐ြံလာရသည္။
ခုရက္ပိုင္း ထိုက္ ကသူ႔စိတ္ထဲ သိသိသာသာေနရာယူေနသည္။ ဒီစိတ္ေတြျဖစ္ေနတဲ့ သူ႔ကိုသူ စိတ္ပ်က္မိသည္။ ဟိန္းတစ္ေယာက္လုံးကို ေဘးမွာထားၿပီး အျခားသူကို စိတ္ေရာက္ေနတာ ဘယ္ေလာက္႐ြံစရာေကာင္းတဲ့လုပ္ရပ္လဲ .....။

စိုင္းခက္မ်က္ႏွာဟာ သိသိသာသာ ေမွးမွိန္သြားသျဖင့္ cake ေလးကိုင္ကာ အားတတ္သေရာျဖစ္ ေနေသာ ဟိန္းက အၿပဳံးမ်ားရပ္တန္႔သြားကာ cake ေလးအား စားပြဲတြင္ျပန္ခ်လိုက္ရင္း ...

"စိုင္းခက္ ဘာျဖစ္သြားတာလဲ ဒီ cake မႀကိဳက္ လို႔လား ငါအန္တီကို ေသခ်ာေမးၿပီးလုပ္ထားတာပါ၊အန္တီ တို႔မသြားခင္ မင္းအႀကိဳက္ေတြငါအကုန္ေမးထားတာ ေန႔တိုင္းငါကိုယ္တိုင္ခ်က္ ေကြၽးမလို႔ေလ"

ဟိန္း၏ အေျပာေၾကာင့္ စိုင္းခက္ သူ႔ကိုယ္သူ ပို
အျပစ္ တင္မိေလေတာ့သည္။ ေဖေဖႏွင့္အေမေမက အလုပ္ကိစၥ မိုးကုတ္သို႔ ဒီေန႔မနက္က သြားၾကသည္။ ၁ပတ္ေလာက္ၾကာမည္ျဖစ္သျဖင့္ ေယာက်ာ္းႏွစ္ ေယာက္ထဲရွိေသာ အိမ္တြင္ ေအးပုံ တစ္ေယာက္ ထဲ မသင့္ေတာ္သျဖင့္
႐ြာခနျပန္ခိုင္းလိုက္ကာ ယခုအိမ္ တြင္သူတို႔ႏွစ္ ေယာက္ထဲသာ ။ စိုင္းခက္ သူ႔မ်က္ႏွာသူျပင္
လိုက္ကာ ...

"မဟုတ္ပါဘူး ဟိန္းရ ဒါငါအရမ္းႀကိဳက္တာေလ မင္းလုပ္ေပးထားတာဆိုေတာ့ပိုေတာင္ႀကိဳက္ေသးတယ္ ၊ ငါက မင္းပင္ပန္းသြားလို႔ စိတ္မေကာင္းျဖစ္ သြားတာပါ "

"ငါမပင္ပန္းပါဘူး ေနာက္ရက္ေတြလဲ လုပ္ေပးမယ္ မင္းစားခ်င္တာရွိရင္လဲႀကိဳသာေျပာ ငါ
အန္တီဆီကေန ေသခ်ာလိုက္မွတ္ထားတယ္ ၊ ေရာ့ျမည္းၾကည့္"

ဟိန္းက ကိတ္ကိုျပန္ယူကာ စိုင္းခက္ကိုခြန္႔ေကြၽး
သည္ ။ ဒီတစ္ခါတြင္ေတာ့ အ႐ႊင္ပ်ဆုံးၿပဳံးကာ
စားလိုက္သည္။

" ဝါးးး တကယ္စားေကာင္းတာပဲ ငါ့ရဲ႕ဟိန္းကေတာ္ခ်က္ "

ဟိန္း ေကြၽးေသာ ကိတ္မုန္႔မွာ အရသာအပိုလို
ပင္မရွိေသာ ကိတ္မုန္႔ျဖစ္ေနသည္ကိုမျငင္းလို။

"ဟဲဟဲ ငါပဲေလ ဒီေလာက္ေတာ့ရွိရမွာေပ့ါ ၊ ငါတေနကုန္ ဖုတ္ေနတာေလ ။ ၾကည့္ပါဦး ငါ့
လက္ေလးအပူေတာင္ေလာင္သြားေသးတယ္"

ႏႈတ္ခမ္းရဲရဲေလးအား ဆူၿပီး သူ၏ လက္ညိဳးမွ အပူေလာင္ဒဏ္ရာေလးကိုထိုးျပသည္။ စိုင္းခက္မီးဖိုေခ်ာင္ထဲ အကဲခတ္ၾကည့္မိေတာ့ ဟိန္း
ရႈပ္ထားသည္က မနည္းလွ။ ဖုတ္တာၾကာလို႔ တူးမဲေနေသာ ကိတ္မုန္႔လုံးမ်ားမွာလည္း မနည္းမေနာ။ သူ႔ကိုစားေစခ်င္၍ ႀကိဳးစားထားေသာ ဟိန္း။ စိုင္းခက္ သက္ျပင္း အသာခ်မိလိုက္သည္။ ထို႔ေနာက္ ခ်က္ခ်င္းပင္ ဗီ႐ိုထဲမွ ေဆးboxကိုဆြဲယူကာ ဟိန္းကို သူကိုယ္တိုင္
ေဆးထည့္ေပးရင္း

" ဟိန္းရယ္ အဲ့ေလာက္ႀကီးေတာ့မလုပ္ပါနဲ႔
ဒဏ္ရာေတာင္ရေနၿပီေလ"

စိုင္းခက္ စိုးရိမ္သျဖင့္ မ်က္ေမွာင္က်ဳံ႔လ်က္ ေျပာသည္။ ထိုအခါ ဟိန္းက စိုင္းခက္၏ က်ဳံ႔ေနေသာ မ်က္ခုံးတို႔ကို သူ၏ လက္တစ္ဖက္ျဖင့္ ေျဖေလွ်ာ့ေပးရင္း

" ဒါေလးမ်ားအသာေလးပါ မပူပါနဲ႔မင္းကလည္း"

" ဒါေပမဲ့ ဟိန္းရယ္ ငါတို႔ဝယ္စားလည္းျဖစ္တာပဲေလ"

" ငါက ငါလုပ္တာကိုမင္းကိုေကြၽးခ်င္တာ
ဒီေလာက္ႀကိဳးစားပန္းစား လုပ္ထားတာကိုေနာ္ ဒီလိုေတာ္တဲ့ေကာင္ေလးကို ခ်စ္ဖူးလား"

ဟိန္းက စိုင္းခက္မ်က္ႏွာေရွ႕တိုးကာ ေျပာင္စပ္
စပ္ျဖင့္ေမးေလသည္။ ႐ုတ္တရက္ စိုင္းခက္တန္းမေျဖလိုက္ႏိုင္ စကၠန္႔ပိုင္းမွ် ၾကာမွ ဟိန္း
မ်က္ႏွာေပၚက ဂ်ဳံမႈန္႔ေတြကို လက္ျဖင့္ ပြတ္
လိုက္ရင္း...

" ခ်စ္တာေပါ့ ဟိန္းရဲ႕ "

ထိုအေျဖႏွင့္အတူ စိတ္တို႔ေလးလံလာရသည္။ ထိုေနရာမွအျမန္ထြက္လာလိုက္ခ်င္သည္။ ဟိန္းရဲ႕ ႐ႊင္ပ်ေနေသာ မ်က္ႏွာအား သူဆက္မၾကည့္ခ်င္ေတာ့ ဟိန္းအေပၚ အျပစ္ရွိသလို ပိုခံစားလာရျခင္းေၾကာင့္ပင္ ..။ ထို႔ေၾကာင့္ ပင္ပန္းလာလို႔ ေရခ်ိဳးခ်င္ၿပီဟု ေျပာကာ လွည့္ထြက္လိုက္ၿပီး
အိမ္ေပၚတန္းတက္လာခဲ့သည္။ ဟိန္းဘယ္လိုက်န္ေနခဲ့လဲေတာ့သူမသိ သူသိသည္က ဟိန္းေရွ႕က အျမန္ထြက္ခဲ့လိုက္ဖို႔သာ ....။

သူ႔လုပ္ရပ္ေတြ ႏွင့္ သူ႔စိတ္ေတြသူ နားမလည္ႏိုင္ စြာ အေတြးမ်ားစြာျဖင့္ ေလးလံေသာ ေျခလွမ္းမ်ားအား ေလွကားတစ္ထစ္ျခင္းဆီ တက္လ်က္ သက္ျပင္းခ်မိတာလဲ အႀကိမ္ႀကိမ္ပင္ .......။

                    ****🌺🌺🌺*****

စိုင္းခက္ အိမ္ေပၚျပန္တက္သြားေတာ့ ဟိန္းက မီးဖိုေခ်ာင္သန္႔ရွင္းေရးလုပ္ရန္ေအာက္တြင္ေနခဲ့သည္။စိုင္းခက္၏ စိတ္မ်ား သူ႔ဆီ အျပည့္အဝမရွိေတာ့ဆိုသည္ကို ဟိန္း ရင္နာနာ လက္ခံခဲ့ၿပီး
ျဖစ္သည္။ သူ၏ အမွားေတြဘဲမို႔ ဟိန္း စိုင္းခက္ အား အျပစ္စိုးစဥ္းမွ်မတင္လို။ သူသာ အစကတည္းက စိုင္းခက္အတြက္ သတၱိမ်ားရွိခဲ့လွ်င္ ဒါမွမဟုတ္ စိုင္းခက္ႏွင့္ အဆင္ေျပေအာင္ ညႇိႏႈိင္းခဲ့လွ်င္ ယခုလိုကိစၥမ်ားျဖစ္လာမည္မဟုတ္။
သူကိုယ္တိုင္ဘဲ ဒီေကာင္ေလး၏ ႏွလုံးသားအား ဖန္သားတစ္ခြက္ကဲ့သို႔ အစိတ္စိတ္အမႊာမႊာ႐ိုက္ခြဲခဲ့သည္ေလ။ ကေလးဆန္လြန္းသည့္
စိုင္းခက္က သူႏွင့္ဆိုလွ်င္ လူႀကီးေလးကဲ့သို႔ေနထိုင္ေပးသည္။ ဟိန္းအတြက္ဆိုတာခ်ည္း
စဥ္းစားေပးခဲ့သည္ေလ။

ထို႔ေၾကာင့္ ပ်ံ႕လြင့္ေနေသာ စိုင္းခက္၏ စိတ္အစုံက္ိုသူ အတတ္ႏိုင္ဆုံး ဆြဲထားမည္။ စိုင္းခက္
အလုပ္ကျပန္လာသည့္အခါတိုင္း စိုင္းခက္ကိုယ္ ေပၚတြင္ ေကာ္ဖီနံ႔ေလးပါလာတတ္သည္။  ထိုက္ ဘုန္းရွိန္ႏွင့္ အလုပ္တြဲလုပ္ေနသည္ကို စိုင္းခက္ ေျပာျပထားလို႔သူသိရသည္။

"ဟိန္းအဆင္မေျပရင္ တြဲမလုပ္ဖူးေနာ္"

ဆိုသည့္ စကားတို႔က စိုင္းခက္ စိတ္ရင္းႏွင့္ေျပာေနတာမဟုတ္သည္ကို ဟိန္းခံစားမိသည္။ သူမတားလို။ သူ စိုင္းခက္ကို ယုံၾကည္ေပးခ်င္သည္။ စိုင္းခက္ လုပ္ခ်င္တာကို သူက ဘာလို႔ ဝင္တားဆီးရမည္လဲ။ သူကိုယ္တိုင္ကလည္း ဝင္ေရာက္ ခ်ဳပ္ခ်ယ္တတ္တဲ့ လူစားမဟုတ္ခဲ့သည္ လည္းပါမည္။ ဒါေၾကာင့္မို႔ စိုင္းခက္အား ကိစၥမရွိေၾကာင္းေျပာ၍ အလုပ္အားလက္ခံရန္ ေျပာခဲ့သည္။

ဒါဟာ သူ၏ အႀကီးဆုံးအမွားတစ္ခု။ ႐ုံးကျပန္ လာသည့္အခါတိုင္း ၿပဳံး႐ႊင္ေနသည့္ စိုင္းခက္၏ မ်က္ႏွာႏုႏု။ သူ႔ကို ၾကည့္သည့္အခါတိုင္း အျပစ္ ရွိသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္တတ္လာတဲ့
စိုင္းခက္ရဲ႕မ်က္ဝန္းေတြ။ ဒါေတြကို သူသတိမထားမိဖူးဆိုရင္ေတာ့ လိမ္ရာက်မွာေပါ့။ သူ စကတည္းကသတိထားမိခဲ့သည္။ သို႔ေသာ္ သူ ဘာမွ်မလုပ္ႏိုင္။ ဒါစိုင္းခက္ အေပၚ သူ
လုပ္ခဲ့အမွားေၾကာင့္သာဟု ခံယူထားေသာေၾကာင့္သူလုပ္ႏိုင္သည့္ တစ္ခုတည္းေသာအရာက သူ အတတ္ႏိုင္ဆုံး စိုင္းခက္အေပၚခ်စ္ေပရမည္။ ၾကင္နာေပးမည္။ သူအတတ္ႏိုင္ဆုံး သူ႔ကိုယ္သူ ျပဳျပင္ေပးမည္။  ဒါေတြက သူလုပ္ႏိုင္တဲ့အရာေတြ။ သူ စိုင္းခက္ကို ခ်စ္ေပးရင္ စိုင္းခက္ဆီက ေမတၱာေတြတန္ျပန္ပါမယ္ဟု ယုံၾကည္မိသည္။

ယခုလည္း ပန္းကန္ေဆးရင္း ထိုအေၾကာင္းတို႔ေတြးမိသည့္အတြက္ ဟိန္း ငိုမိျပန္သည္။ သူ မနာက်င္ပဲေနပါ့မလား။ ကိုယ္ခ်စ္ရသူက ကိုယ္ မဟုတ္ တျခားသူေပၚ စိတ္ရွိေနသည္ေလ။

" ဒါေတြအကုန္ ငါ့အမွား"

ဟိန္း အသံထြက္၍ပင္ ရႈိက္ကာငိုမိသည္။ ေရခ်ိဳးေနေသာ စိုင္းခက္ကေတာ့ ဒါေတြကို
သိႏိုင္မည္မဟုတ္။သူ႔အျဖစ္က အိမ္ျပန္လာမည့္သခင္အား ေစာင့္ေနရေသာ အိမ္ေမြးေခြးေလး
တစ္ေကာင္ကဲ့သို႔ပင္။စိုင္းခက္အိမ္ျပန္အလာကို ေစာင့္ကာ ႀကိဳေနရသည္မွာ သူ၏ ေန႔စဥ္လုပ္ ေဆာင္ခ်က္တစ္ခုျဖစ္လာရသည္။
စိုင္းခက္ အေပၚသူ တတ္ႏိုင္သေလာက္ျဖည့္
စည္းေပးခ်င္သည့္အတြက္ အန္တီ ဆီက ဟင္းခ်က္နည္းမ်ားကို တတ္သေလာက္မွတ္သေလာက္သင္ယူခဲ့သည္။ သူ စိုင္းခက္ႏွင့္ ဆူညံတဲ့ေနရာေတြလိုက္မေပးႏိုင္ရင္ ေတာင္က်န္တဲ့ေနရာမ်ားတြင္ အတတ္ႏိုင္ဆုံး လိုက္ ေရာညီေထြေနေပးမည္။ ဟိန္းဘဝ မွာ စိုင္းခက္က လြဲရင္ ဘာမွမရွိေတာ့ဘူးမဟုတ္လား။ စိုင္းခက္ကသာ ဟိန္း ၏ ရည္မွန္းခ်က္ ၊ ေမွ်ာ္လင့္ခ်က္ တို႔ျဖစ္လာရသည္။

ဟိန္း သက္ပ်င္း အႀကိမ္ႀကိမ္ခ်ရင္း အလုပ္တို႔လက္စသပ္ ကာ အေပၚထပ္ကို တက္လာလိုက္ သည္။စိုင္းခက္ကေတာ့ ေရခ်ိဳးဆဲ။ သူ စိုင္းခက္ အတြက္ ေရခ်ိဳးၿပီးရင္ ဝတ္မည့္အဝတ္တို႔ကို အိပ္ယာေပၚတြင္  တင္ထားေပးၿပီး ယေန႔
စိုင္းခက္ ဝတ္ခဲ့ေသာ အဝတ္တို႔ကို ေလွ်ာ္ရန္ ျခင္းထဲထည့္ကာ အဝတ္ေလွ်ာ္စက္တြင္သြား
ထည့္သည္။

" စိုင္းခက္ ငါ အက်ီေတြ အိပ္ယာေပၚတင္ထားေပးခဲ့တယ္ေနာ္"

" ေအးေအး "

ဟိန္း ေရခ်ိဳးခန္းထဲမွ စိုင္းခက္ကိုလွမ္းေျပာၿပီးမွ ထြက္လာလိုက္သည္။ေကာ္ဖီနံ႔တို႔ကပ္ကပ္ပါလာတတ္ေသာ စိုင္းခက္၏ တီရႈပ္မ်ားကို သူမနာလို။ သူ၏ အနံ႔ေတြေကာ ဘာလို႔ စိုင္းခက္ကိုယ္ ေပၚတြင္စြဲက်န္မေနလဲ ဒါမတရား။ ဟိန္း ေရေမႊးသုံးေပမဲ့လည္း ဘယ္ေသာအခါမွ စိုင္းခက္၏ အဝတ္မ်ားအေပၚသက္ေရာက္မႈရွိမေန။

ဟိန္း အေတြးတို႔ကို ဖ်က္ကာ အဝတ္မ်ားကို ေလွ်ာ္စက္တြင္လွည့္လိုက္သည္။ ခနေနလွ်င္
ညစာ စားေတာ့မည္ျဖစ္တာေၾကာင့္ စိုင္းခက္ ႀကိဳက္တတ္ေသာ ပုဇြန္ ကို င႐ုတ္ပြေလးႏွင့္ ေၾကာ္ကာ အ႐ြက္ေၾကာ္ ထားလိုက္သည္။ ဟိန္း ဟင္းခ်က္ၿပီးၿပီးမွ ဧည့္ခန္းတြင္ထိုင္ တီီဗီၾကည့္သည္။ ၾကည့္လက္စ ဇာတ္ကားေပမို႔ ဆက္ၾကည့္ေနစဥ္ သိပ္မၾကာ စိုင္းခက္က အိမ္ေပၚက ဆင္းလာသည္။

" လာထိုင္ "

ဟိန္း သူ၏ ေဘးကိုပုတ္ျပရင္းေျပာေတာ့
စိုင္းခက္၏ ေဘးတြင္ဝင္ထိုင္သည္။

" ေမႊးေနတာဘဲ ဘာေတြခ်က္ထားတာလဲ"

ဟင္းခ်က္ထားတာမၾကာေသးတာမို႔ ပုဇြန္ေၾကာ္ နံ႔ေလးက မီးဖိုေခ်ာင္မွအျပင္သို႔ အနည္းငယ္ပ်ံ႕လြင့္ေနသည္။

" မင္းႀကိဳက္တဲ့ ပုဇြန္ေၾကာ္နဲ႔ ကိုက္လန္ေၾကာ္"

" ဟာ ေကာင္းလိုက္တာ ငါလည္းစားခ်င္ေနတာ
ေက်းဇူး ဟိန္း"

" ရပါတယ္ကြာ ငါလည္း ခ်က္တတ္ေနတာပဲ
ငါေန႔တိုင္းခ်က္ေကြၽးမယ္ ဒါေပမဲ့ မင္း ငါ့ကို
တစ္ခုေတာ့ ျပန္လုပ္ေပးရမယ္"

ဟိန္းကၿပဳံးလ်က္ဆိုသည္။

" ဘာလဲ ဟိန္း"

" မင္းက ငါ့ကိုေန႔တိုင္းခ်စ္ေပး"

စိုင္းခက္က ဟိန္း၏ အေျပာကို ဟက္ကနဲရီကာ
ဟိန္း၏ ေခါင္းကို ပုတ္သည္။

" ဟုတ္ပါၿပီတဲ့ဗ်ာ"

ဟိန္း စိုင္းခက္၏ အေျဖကို သေဘာက်စြာ ၿပဳံးျပရင္း

" ဒါဆို စိုင္းခက္ ခနေစာင့္ဦးေနာ္
ငါေရျမန္ျမန္ခ်ိဳးဦးမယ္ "

"ရတယ္ေအးေဆး ငါအရမ္းဗိုက္မဆာေသးဖူး"

ဟိန္းလည္း အေပၚတက္ကာ ေရခ်ိဳးၿပီးေနာက္
မီးဖိုေခ်ာင္တြင္ ထမင္းပြဲအသင့္ျပင္ထားတာကို ေတြ႕ရသည္။

" စိုင္းခက္ရယ္ ငါလုပ္ေပးမွာေပါ့ကြာ
မင္းကလည္း"

" ငါလည္းမင္းကိုကူခ်င္လို႔ပါမင္းခ်က္ထားရတာ ပင္ပန္းတယ္မဟုတ္ဖူးလား"

" အင္းပါ"

" စားေကာင္းလိုက္တာ "

စိုင္းခက္ ဟင္းတို႔ကိုစားၿပီးေနာက္ ၿပဳံးလ်က္ ေျပာလာသည္။ ခ်က္ျပဳတ္ထားေသာ ဟင္းတို႔ကို ၿမိန္ေရရွက္ ေရစားေနေသာေၾကာင့္ ဟိန္း ရင္ထဲေႏြးေနသည္။ အနည္းဆုံးေတာ့ သူလည္း
စိုင္းခက္၏ အၿပဳံးမ်ားကို ဖန္တီးႏိုင္သည္ဟုေသာ အေတြးက ဟိန္း အေမာေျပရသည္။

စားေသာက္ၿပီးေနာက္ ၾကည့္လက္စက ဇာတ္ကား ကို ျပန္ၾကည့္ၾကသည္။ေရခ်ိဳး
ဆပ္ျပာနံ႔ေမႊးေနေသာ စိုင္းခက္၏ ရင္ခြင္ထဲကို တိုးေဝ့ဝင္သည္။ စိုင္းခက္ကလည္း အလိုက္သင့္ ျပန္ဖက္ထားသည္။ ဒါ သူတို႔ အတူတူ စကားမမ်ားဘဲ ျဖတ္သန္းရသည့္အခ်ိန္။ စိုင္းခက္ က ဟိန္းကိုအခ်ိန္ေပးသည့္အခ်ိန္ကို ဟိန္းတန္ဖိုးထားသည္။  ည ၁၁ နာရီထိုးတဲ့အခ်ိန္
ႏွစ္ေယာက္ လုံးအိပ္ခ်င္ေနၿပီမို႔ အခန္းသို႔
တက္လာခဲ့လိုက္သည္။

တေနကုန္ ပင္ပန္းေနေသာ စိုင္းခက္ကေတာ့ ေခါင္းအုံးေတြ႕သည္ႏွင့္ အိပ္ေမာက်သြားသည္။ဟိန္းကေတာ့ သြားတိုက္ မ်က္ႏွာသစ္ၿပီးမွအိပ္ယာ
ဝင္သည္။ႏွစ္ခ်ိဳက္စြာ အိပ္ေပ်ာ္ေနေသာ
စိုင္းခက္မ်က္ႏွာေလးသည္ ၾကည္ရွင္းေနသည္။ ႏႈတ္ခမ္းသား နီနီေလးကလည္း ဆူလ်က္။ ဟိန္း စိုင္းခက္၏ မ်က္ႏွာကိုၾကည့္ေနရတာကို
ႏွစ္သက္သည္။ သူတစ္ေန႔တစ္ျခား စိုင္းခက္ကို ပိုပိုခ်စ္လာေသာ္လည္း သူတို႔ႏွစ္ဦးကေတာ့ တျဖည္းျဖည္း ပိုေဝးကြာသြားသလိုခံစားရသည္။နီးလ်က္ႏွင့္ေဝးေနရသည့္ခံစားခ်က္။
ဝဲလာေသာ မ်က္ရည္တို႔ကိုဖိသုတ္ကာ အိပ္ေနေသာ စိုင္းခက္၏ ႏႈတ္ခမ္းအား အနမ္းပါးပါးေလး ေႁခြကာ သူ စိုင္းခက္အားဖက္အိပ္လိုက္
သည္။

အရာအားလုံး ယခုကဲ့သို႔ၿငိမ္းခ်မ္းေနလွ်င္
သိပ္ေကာင္းမည္။ မင္းစိတ္ေတြေရာ မင္းႏွလုံးသားေရာ အကုန္လုံးငါ့ဆီျပန္ေရာက္လာေအာင္ ႀကိဳးစားမည္။ ဆြဲႏိုင္သမွ်ေတာ့ ဆြဲထားအုန္းမည္။ မင္းေဘးနားမွာ ငါ့ကိုရွိေနေစခ်င္တဲ့
အခ်ိန္ထိ ရေအာင္ကပ္ တြယ္ေနပါအုံးမည္။

              *****🌸🌸🌸*****

ဒီေနရာမွာတစ္ခုေျပာခ်င္တာ ဒါမ်ိဳးခံစားခ်က္ ကို ခံစားဖူးတဲ့သူေတြသိမွာပါ။ သူငယ္ခ်င္း၊crush ကေန ခ်စ္သူျဖစ္လာၿပီးျပတ္သြားတာေတာင္မေမ့ႏိုင္ခဲ့ပဲ သူမသိလိုက္ခင္မွာ အျခား
တစ္ေယာက္ေပၚစိတ္ေရာက္သြားတာမ်ိဳးမွာ နဂိုသံေယာဇဥ္လက္က်န္ေတြနဲ႔ ex ကျပန္လာခ်ိန္မွာ စိုင္းခက္က ဒြိဟျဖစ္ေနရတာပါ။ စိုင္းခက္ကိုနားလည္ေပးၾကပါေနာ္ မမုန္းၾကပါနဲ႔လို႔ ❤️

Continue Reading

You'll Also Like

3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
61K 3.3K 20
ဦးကိုက်န္ေတာ္ခ်စ္တယ္ က်န္ေတာ္ကိုျပန္ခ်စ္ပါ Wu yifan ငါမင္းကိုမခ်စ္ဘူးလို့ငါ့မွာလက္ထပ္ရမယ့့္လူရွိတယ္ Park Chanyeol
3.2M 203K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.8M 117K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...