ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

124K 13.4K 137

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2

Part 60.3

552 66 1
By Swae_Nyoe

အပိုင်း (၆၀.၃) ကာကွယ်ပေးခံရခြင်း(၃)

သူမက နူးညံ့သော လေသံဖြင့် ပြောသည်။

"မန်နင် နင်အစားထိုးဆရာရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ၊ နင် နင့်ရဲ့အမှတ်တွေကြောင့်နဲ့ နောင်တရစေမယ့် ကိစ္စတွေ မလုပ်သင့်ဘူးနော်၊ နင် ဘာလုပ်ရမှန်း မသိတော့ဘူးဆိုလည်း နင် ငါ့ကို မေးနိုင်ပါတယ်"

နင်မုန့်က လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်က မည်မျှသက်ရောက်မှုရှိကြောင်း သူမကလည်း သိလိုက်သည်။

တခြားသူများက ထိုစကားကို ကြားသွားပြီး အခြေအနေကို သေချာမသိထားလျှင် သူမက အမှတ်အတွက် အလဲအလှယ်အနေဖြင့် ထိုဆရာနှင့် တစ်ခုခုလုပ်ထားသည်ဟု ထင်ကောင်းထင်သွားလောက်သည်။

ကုနန်ချန်တွင် ထိုကဲ့သို့ ဆိုးယုတ်သော အတွေးမျိုးရှိလိမ့်မည်ဟု သူမက မထင်ခဲ့မိချေ။

ထိုသို့ သိလိုက်ပြီးနောက် မန်နင်၏ ဂုဏ်သိက္ခာကို လျှို့ဝှက်စွာဖြင့် ဖျက်ဆီးပြီးသည့်အချိန်တွင်ပင် ကုနန်ချန်က ရိုးရိုးရှင်းရှင်းပင် ထွက်ပြေးမသွားခဲ့ချေ။ မည်သို့ပင်ဆိုစေ သူမက မန်နင်နှင့် အစပိုင်းတွင် အကောင်းအဆိုး ဆက်ဆံရေးကို ဝေမျှခဲ့သူ ဖြစ်လေရာ သူမကသာ သတိလက်လွတ် စကားလွန်သွားခြင်းဆိုလျှင် လူအများက သူမ၏ စကားကို ယုံကြည်မည်ဟု ထင်မှတ်ထားဟန်ရသည်။ ထိုသို့လည်း ဖြစ်ခဲ့လေသည်။

ဒီနေ့ သူမပေါ်ဆက်ဆံခဲ့သော စာသင်ခန်းထဲမှလူများကို ကြည့်ရုံဖြင့်ပင် သူမက သိနိုင်သည်။ သို့ရာတွင် ထိုအခိုက် နင်မုန့်က ရုတ်တရက် ရယ်လိုက်ပြီးနောက် ပြန်မေးလိုက်သည်။

"ငါ တစ်ခုခုမှတ်မိပြီ၊ နင် အရင်နှစ် စာသင်နှစ်အဆုံးမှာ နင့်ရဲ့အဆင့်က နောက်ဆုံးကရေရင် ငါးယောက်မြောက် မဟုတ်လား"

မန်နင်၏ အမှတ်နှင့်ဆိုလျှင် သူမက ဘာမှမေးစရာမလိုချေ။

ကုနန်ချန်က သူမကို မယုံနိုင်သလို ကြည့်သည်။

"မန်နင် လူတိုင်းမှာလည်း ဘယ်လိုဖြေရမှန်းမသိတဲ့ မေးခွန်းတွေဆိုတာ ရှိတာပဲ၊ မျက်နှာပျက်မှာ စိုးလို့ ဝန်ခံမယ့်အရေးမှာ ငြင်းဖို့မကြိုးစားပါနဲ့၊ ငါ နင့်ကို ဒီအတွက်ကြောင့်နဲ့ မစွန့်ပစ်ပါဘူး"

နင်မုန့်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ငါ နင့်ကို တကယ် အထင်သေးမိတယ်"

မျှော်လင့်ထားသည့်အတိုင်း သူမ၏ ခေါင်းက ချက်ချင်း နာကျင်ကိုက်ခဲလာသည်။ သို့ရာတွင် ဤတစ်ကြိမ်တွင် မျက်တောင်တစ်ခတ် အချိန်မျှသာလျှင် ကြာသည်။ သူမ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားလေရာ အနာဂတ်တွင် စကားလုံးဖြင့် တိုက်ရိုက်မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

မန်နင်၏ နောင်တများ၏ သက်ရောက်မှု အစပိုင်းတွင် ထင်သလောက် သိပ်သက်ရောက်မှု မပြင်းထန်တော့ကြောင့် သူမကလည်း ခံစားလိုက်ရသည်။ သူတို့က အပြည့်အဝ ပျောက်ကွယ်သွားလျှင် သူမက ကုနန်ချန်ကို အများရှေ့တွင် တရားဝင် ပြတ်ပြတ်သားသား အကဲဖြတ်ပေးမည်ဖြစ်သည်။

နင်မုန့်က မုန်းတီးမှုအပြည့်ဖြင့် လောင်ကျွမ်းလျက် တွေးတောလိုက်သည်။ ကုနန်ချန်က သူမ၏ နားကို သူမ မယုံနိုင်တော့ချေ။ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ရရှိလိုက်သလိုမျိုး စက္ကန့်အနည်းငယ်ထဲနှင့် သူမမျက်လုံးထဲတွင် မျက်ရည်များက ပြည့်နှက်လာသည်။

"မန်နင် နင် အမြဲတမ်း ငါ့ကို ဒီလိုတွေးနေခဲ့တာလား"

သူမက တစ်စုံတစ်ရာ ပြောလိုသော်လည်း တိတ်ဆိတ်သွားပြီးနောက် ပြောသည်။

"နင် အရင် ပြောတော့ ငါ့ကို သဘောကျတယ်ဆို၊ ငါနင့်ကို အဖြေမပေးနိုင်ဘူးဆိုရင်တောင်မှ ငါ နင့်ကို မမုန်းခဲ့ဘူး၊ ငါတို့က အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲ"

နင်မုန့်။ "..."

သူမ ဒီကုနန်ချန်ကို နည်းနည်းလေးမှတောင် မကြိုက်ပါဘူးနော်။

မန်နင်၏ မျက်လုံးများ၏ ကန်းနေခြင်းသာ ဖြစ်ရပေမည်။

ရုတ်တရက် အနောက်မှအသံတစ်သံက ထွက်လာသည်။

"မန်နင် မင်း ထပ်ပြီး ဘောင်ကျော်လာပြီ၊ လူနည်းနေတဲ့အချိန်မှာ ကုနန်ချန်ကို အနိုင်မကျင့်သင့်ဘူး၊ မင်း ဘယ်လိုတောင် ဆိုးယုတ်လိုက်သလဲ၊ ကုနန်ချန်က မင်းနဲ့ မိတ်ဆွေဆက်ဖြစ်ဖို့တောင် စိတ်ထဲထားတာ မဟုတ်ဘူး၊ ဒါတောင် မင်းက သူမကို ဒီလိုဆက်ဆံစရာလား"

လာပြန်ပြီ အရင်တစ်ခေါက်ကကောင်ပဲ။

နင်မုန့်က ဆိုးရွားသော စကားများပြောလည်း သူမ ပေါ်သက်ရောက်မှု မရှိနိုင်လေရာ သူ့ကို တိုက်ရိုက်အော်ပြောရန် ဆုံးဖြတ်လိုက်သည်။

"ငါလည်း ကုနန်ချန်ကို ငါနဲ့ သူငယ်ချင်း ဆက်ဖြစ်ဖို့ မပြောပါဘူး၊ ငါ ဒီတိုင်း ငါ့ရဲ့ ကျန်တဲ့နှစ်တွေကို အေးအေးချမ်းချမ်းပဲ ကုန်ဆုံးချင်တာပါ၊ ငါ အဲ့ဒီလိုတောင် ကုန်ဆုံးလို့မရဘူးလား"

သူမက သူတို့ကို ကြည့်နေသော ကုနန်ချန်ကို ကြည့်နေပြီးနောက် အေးစက်စွာ ပြောသည်။

"ငါလည်း ကုနန်ချန်ကို တစ်ခါမှ သူငယ်ချင်းဖြစ်ချင်တယ်လို့ မပြောဆိုခဲ့ဖူးဘူး"

တစ်ဖက်က အကောင်းဆုံးသူငယ်ချင်းများ ထည့်ပြောလာသည့်အချိန်တိုင်းလိုလို သူမက စိတ်ရှုပ်ခြင်းကို ခံစားနေရသည်။

ကောင်လေးက အထင်တ‌သေး ကြည့်လာသည်။

"မင်းပြောတာကို မင်းမှတ်ထားရင် ကောင်းမယ်"

သူက ကုနန်ချန်ကို လှည့်ကြည့်ပြီးနောက် ညင်သာသော လေသံဖြင့် ပြောသည်။

"နန်ချန် မင်း ဒီမိန်းမကို ထပ်ပြီး အာရုံမစိုက်သင့်တော့ဘူး၊ သူမရဲ့ ခေါင်းထဲမှာ မကောင်းတဲ့ အတွေးတွေပဲ ရှိနေတယ်၊ သူမက မင်းကို သိက္ခာကျအောင်တောင် လုပ်ချင်နေသေးတယ်၊ မင်းက ရည်ရွယ်ချက်ကောင်းနဲ့ ပြောတယ်ဆိုတာကို သိပေမယ့်လည်း မင်းဘယ်လောက်အားနည်းလဲ ကြည့်စမ်းပါဦး၊ အခြားလူတွေက မင်းကို ဒုက္ခပေးတာကို ခွင့်မပြုနိုင်ဘူး"

နင်မုန့်က တိတ်တဆိတ် မျက်လုံးလှန်လိုက်သည်။

ကုနန်ချန်က ရုတ်တရက် လက်ဆန့်တန်းပြီး သူမ၏ လက်မောင်းကို ကိုင်ကာ ညင်သာသော လေသံဖြင့် ပြောသည်။

"နင်မုန့် ဒေါသမထွက်ပါနဲ့၊ ငါက ငါတို့ရဲ့ အရင်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်ချင်ရုံပါပဲ၊ ငါ နင့်ကို ထူးထူးခြားခြားလည်း ပြောင်းလဲပြီး မကြည့်ပါဘူး"

နင်မုန့်က ဘာမှမလုပ်နိုင်ခင်မှာ လက်တစ်ချက်က ဝင်လာပြီးနောက် သူမကို တစ်ဖက်သို့ ဆွဲလိုက်ကာ လူနှစ်ယောက်ကြားကို ခြားလိုက်သည်။

"ကျောင်းသူမန်"

ရှီချီက သူမ၏ လက်ကောက်ဝတ်ကို ကိုင်ပြီး ငုံ့ကြည့်လာသည်။ ကော်ရစ်တာလျှောက်လမ်း၏ ဖျော့တော့သော မီးရောင်အောက်တွင် သူ၏ အစိမ်းရောင် မျက်ဝန်းများက လေးနက်နေသည်။

"မင်း အဖြေကို သိပြီလား"

နင်မုန့်က မှင်တက်နေသော လူနှစ်ယောက်ကို ကြည့်ပြီး ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။

"ဆရာ ကျွန်မ သိပါပြီ၊ လမ်းလျှောက်ရင်းနဲ့ ပြောရအောင်"

မည်သို့ပင်ဆိုစေ သူမက ထိုနေရာမှ ထွက်သွားချင်သည်မှာ ကြာလှချေပြီ။ အဆိုးရွားဆုံးက အဆိုးဆုံးဖြစ်လာလျှင် သူမက နောက်ပိုင်း ဆက်လက်ပြီး အပြောဆိုခံရပေဦးမည်။

ကုနန်ချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။

"ဆရာ ဆရာ စာသင်ခန်းထဲက အစောပိုင်းထဲက ထွက်သွားခဲ့တာ မဟုတ်လား၊ ဘာလို့ ဒီမှာ ခုချိန်ထိ ရှိ..."

သူမက ပါးစပ်ကို အံ့အားတကြီး အုပ်လိုက်သည်။

"ဆရာ ဆရာက မန်နင်ကို ဘယ်လိုမှတ်မိတာလဲ၊ အရင်ကလည်း မန်နင်က ဆရာ့အကြောင်းပြောတာကို မကြားဖူးပါဘူး ..."

ကုနန်ချန်က ထိုမေးခွန်းကို မေးချင်ခဲ့သည်မှာ အတန်းတက်ချိန်ကတည်းက ဖြစ်သည်။ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို မထိန်းထားနိုင်တော့ချေ။

သူမ ယခင်က မမြင်ခဲ့ဖူးသော ဆရာသစ်တစ်ယောက်က သူ၏ ပထမဆုံးအစားထိုးဆရာဟူသော အတန်းတွင် မန်နင်၏ အတန်းကို အထူးတလည် ခေါ်ခဲ့သည်။ သူ၏ စကားအရ သူတို့က ယခင်ကတည်း သိထားပြီးသလိုမျိုး ထင်ရသည်။

သူမနှင့် မန်နင်က နှစ်ဝက်နီးပါး သိထားခဲ့ခြင်းဖြစ်ပြီး မန်နင်က ထိုကိစ္စအကြောင်း ပြောခြင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။ ထို့ကြောင့် သူမထံမှ တမင်ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသည်ဟု သိလိုက်သည်။

ကုနန်ချန်၏ အသံက နွေးထွေးပြီး ညင်သာကာ လူအများကို နွေဦးလေပြေက တိုက်ခတ်သွားသလို ခံစားရစေသည်။ သာမန်လူများကသာ ထိုမေးခွန်းအမေးခံရလျှင် ရွံရှာသလိုပင် ခံစားရမည်မဟုတ်ချေ။ သို့သော် ရှီချီကမူ ကွာခြားသည်။

သူ၏ အကြည့်က နင်မုန့်၏ မင်သေသေ မျက်နှာမှ ဘယ်သောအခါမှ မကွာသွားခဲ့ချေ။

"အတန်းဆုံးတာနဲ့ မင်း ကိုယ့်အ‌ဆောင်ခန်းကို ပြန်သင့်တယ်၊ မဟုတ်ရင် ကြောက်စရာကောင်းတာတွေ မြင်ရလိမ့်မယ်"

နင်မုန့်။ "..."

သူ ရည်ရွယ်ချက်ရှိရှိနဲ့ ခြောက်နေတာပဲ။

သူမကမူ ပြဿနာရှိသည်ဟု မထင်ချေ။ သို့ရာတွင် သူမကိုယ်တိုင်အတွက် တွေးကြည့်ပြီးနောက် ရှီချီက လူအများကို မည်သို့ ခြောက်လှန့်သင့်ကြောင်း စတင်လေ့လာနေသည်ဟု တွေးလိုက်သည်။

သူက ကလေးတွေကို အိမ်အပြင်ကို လျှောက်မပြေးနဲ့ မကောင်းဆိုးဝါးတွေ သရဲတွေက ခြောက်ပြီး လူသားတွေကို စားလိမ့်မယ်လို့ ပြောနေသလိုပဲ။

သူမ၏ မေးခွန်းက ပြန်ဖြေခြင်း မခံရကြောင်း မြင်သောအခါ ကုနန်ချန်က နှုတ်ခမ်းကို ကိုက်ပြီး ဝမ်းနည်းသွားသော လေသံတိုးတိုးဖြင့် ပြောသည်။

"ဆရာ အချိန်က နောက်ကျနေပြီ၊ မန်နင်က မိန်းကလေးဆိုတော့ အပြင်ထွက်တာက မကောင်းဘူး ..."

နင်မုန့်ကမူ သူမက ထိုကဲ့သို့ စကားလုံးမျိုးကို ပြောမည်ဟု မထင်ဘဲ သူမ၏ မျက်လုံးကပင် ပြူးသွားသည်။

ရှီချီ၏ မျက်လုံးထဲတွင် စိတ်မရှည်မှုက သိသိသာသာ ထင်ထင်ရှားရှား ပေါ်လာပြီးနောက် သူ၏အကြည့်က အေးစက်သွားသည်။

"မင်းမှာ ဘယ်လိုတောင် ဆိုးယုတ်တဲ့ အတွေးတွေ ရှိနေတာလဲ"

နင်မုန့်က ချက်ချင်းလိုလို ခေါင်းလှည့်လိုက်သည်။

အတုံ့အလှည့်ပဲ။

သို့ရာတွင် ဝတ္ထု၏ အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို ထိုသို့ အော်လိုက်သည့်အတွက်မူကား ...

တင်းတင်းကြပ်ကြပ် ပြောရလျှင် သူမက လက်ရှိ မန်နင်ဖြစ်နေပြီး ရှီချီ၏ အချစ်ပြိုင်ဘက်ဖြစ်သည်။ သို့ရာတွင် ကုနန်ချန်က ရှီချီနှင့် မသင့်တော်လေရာ သူမက ထိုအချက်ကို ထည့်တွက်မနေတော့ချေ။ ကုနန်ချန်နှင့် ရှီချီကသာ အတူရှိသွားမည်ဆိုလျှင် သူမ ရူးသွပ်သွားလောက်သည်။ ရှီချီကဲ့သို့ သန့်စင်သော မြက်ပင်လေးက အညစ်အကြေးများ မပေသင့်ချေ။

သူမက ရှီချီ၏ အင်္ကျီလက်ကို ဆွဲပြီး လေသံတိုးတိုးဖြင့် ပြောသည်။

"မြန်မြန် သွားရ‌အောင်၊ မဟုတ်ရင် ကျွန်မတို့ပါ ပါသွားပြီး လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး"

သူမ၏ ထိုအပြုအမူက ရှီချီကို ပို၍ ရင်းနှီးကျွမ်းဝင်သလို ခံစားလိုက်ရစေသည်။

ယခင်က သူတို့က စီနီယာအထက်တန်းတွင်လည်း နင်နင်က ထိုသို့ လုပ်တတ်သည်။ သူမလေးကသာ သူ၏ အင်္ကျီလက်ကို မဆွဲလျှင်လည်း သူ၏ အင်္ကျီအနားစကို ထိုသို့ လှမ်းကိုင်တတ်သည်။ အထူးသဖြင့် သူမလေး ကြောက်သွားချိန်တွင် ဖြစ်သည်။ ရှီချီက ကောင်းကောင်းမှတ်မိနေသေးသည်။

ရှီချီက ချက်ချင်း အသိဝင်သွားပြီး လေသံတိုးတိုးဖြင့် ပြောသည်။

"ကောင်းပြီ"

တစ်ချိန်လုံး မတုန့်ပြန်နိုင်ခဲ့သော ကောင်လေးက နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို မထိန်းထားနိုင်တော့ဘဲ ပြန်လည်ငြင်းကာ အော်ထုတ်လိုက်သည်။

"မင်းက ဆရာတစ်ယောက်ဆိုတာတောင်မှ ဒီလိုဆိုးရွားတဲ့ စကားတွေ မပြောသင့်ဘူး"

ကုနန်ချန်၏ မျက်နှာက ဖြူဖျော့သွားပြီးနောက် ခေါင်းကို ခါယမ်းကာ ကောင်လေးကို ပြောသည်။

"နင် ဆရာ့ကို အထင်မှားနေပြီ၊ ဆရာ့က ငါ့ရဲ့စကားကို နားလည်မှုလွဲသွားတာ ဖြစ်ပါလိမ့်မယ်၊ ငါကလည်း ငါ့ရဲ့စကားတွေက သူ့ကို ဒေါသထွက်စေမယ်လို့ ဘယ်ထင်ထားမှာလဲ၊ ဒါတွေအားလုံးက ငါ့ရဲ့အမှားပါ"

ကောင်လေးက သူမကို ညင်သာသော ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

"နန်ချန် မင်းက အရမ်းစိတ်ထားကောင်းတာပဲ၊ ဒီနေ့ခေတ်လူမှုအသိုင်းအဝိုင်းမှာ အရမ်းထောင်လွှားတဲ့ ဆရာတွေ အများကြီးပဲ၊ ဒီဆရာကလည်း ထူးခြားတယ်လို့ မထင်ဘူး၊ သူက မေးစေ့ကို အသားကုန်မော့ထားပြီး လူတိုင်းကို ငုံ့ကြည့်နိုင်မယ်လို့ ထင်နေတာ"

ကုနန်ချန်က ခေါင်းကို ခါပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။

"အဲ့ဒီလို ဆက်မပြောပါနဲ့တော့၊ ဆရာက အဲ့ဒီလိုလူမျိုးမဟုတ်မှန်း ငါယုံကြည်တယ်၊ ဆရာက သူ့ရဲ့ စကားလုံးတွေကို နှလုံးသားထဲမှာ ဖုံးကွယ်ထားလို့ ငါတို့က သူ့ကို နားလည်ပေးသင့်တာပေါ့"

သူမက ခေါင်းလှည့်ပြီး ဆရာကို ညင်သာစွာ ပြောလိုက်သည်။

"ဆရာ ဆရာ ကျွန်မကို နားလည်မှုလွဲသွားမှန်း ကျွန်မ သိပါတယ်၊ ကျွန်မက မန်နင်ကို စိုးရိမ်ခဲ့တာကြောင့် ..."

ထိုအခိုက် လူနှစ်ယောက်က ကြောင်တောင်တောင် ဖြစ်နေကြသည်။ အကြောင်းမူကား သူတို့၏ ဘေးတွင် မည်သူမှ မရှိတော့ချေ။

နင်မုန့်နှင့် ရှီချီက သူတို့စကားပြောနေချိန်မှာတင် ထွက်သွားခဲ့လေပြီ။ သူတို့ကို ရိုးရိုးရှင်းရှင်းပင် လျစ်လျူရှုသွားကြသည်။

ကုနန်ချန်က ဆရာကပြောသွားသော စကားကို ပြန်တွေးမိသောအခါ သူမ၏ အမူအရာက မသိမသာ ပြောင်းလဲသွားသည်။

...

အားနည်းလွန်းနေတုန်းပဲ။

ဒါပေမယ့်လည်း ...

ငါ နောက်ဆုံးတော့ သူမရဲ့ ရုပ်ရည်ကို ထင်ထင်ရှားရှား မြင်လိုက်ရပြီ။

ရှီချီရဲ့ လျှို့ဝှက် ဒိုင်ယာရီ

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

အပိုင္း (၆၀.၃) ကာကြယ္ေပးခံရျခင္း(၃)

သူမက ႏူးညံ့ေသာ ေလသံျဖင့္ ေျပာသည္။

"မန္နင္ နင္အစားထိုးဆရာရဲ႕ ဖုန္းနံပါတ္ကို ဘယ္လိုရတာလဲ၊ နင္ နင့္ရဲ႕အမွတ္ေတြေၾကာင့္နဲ႔ ေနာင္တရေစမယ့္ ကိစၥေတြ မလုပ္သင့္ဘူးေနာ္၊ နင္ ဘာလုပ္ရမွန္း မသိေတာ့ဘူးဆိုလည္း နင္ ငါ့ကို ေမးႏိုင္ပါတယ္"

နင္မုန႔္က လမ္းေလွ်ာက္ေနျခင္းကို ရပ္တန႔္လိုက္သည္။ သူမ၏ စကားမ်ားေနာက္ကြယ္မွ အဓိပၸာယ္က မည္မွ်သက္ေရာက္မႈရွိေၾကာင္း သူမကလည္း သိလိုက္သည္။

တျခားသူမ်ားက ထိုစကားကို ၾကားသြားၿပီး အေျခအေနကို ေသခ်ာမသိထားလွ်င္ သူမက အမွတ္အတြက္ အလဲအလွယ္အေနျဖင့္ ထိုဆရာႏွင့္ တစ္ခုခုလုပ္ထားသည္ဟု ထင္ေကာင္းထင္သြားေလာက္သည္။

ကုနန္ခ်န္တြင္ ထိုကဲ့သို႔ ဆိုးယုတ္ေသာ အေတြးမ်ိဳးရွိလိမ့္မည္ဟု သူမက မထင္ခဲ့မိေခ်။

ထိုသို႔ သိလိုက္ၿပီးေနာက္ မန္နင္၏ ဂုဏ္သိကၡာကို လွ်ိဳ႕ဝွက္စြာျဖင့္ ဖ်က္ဆီးၿပီးသည့္အခ်ိန္တြင္ပင္ ကုနန္ခ်န္က ႐ိုး႐ိုးရွင္းရွင္းပင္ ထြက္ေျပးမသြားခဲ့ေခ်။ မည္သို႔ပင္ဆိုေစ သူမက မန္နင္ႏွင့္ အစပိုင္းတြင္ အေကာင္းအဆိုး ဆက္ဆံေရးကို ေဝမွ်ခဲ့သူ ျဖစ္ေလရာ သူမကသာ သတိလက္လြတ္ စကားလြန္သြားျခင္းဆိုလွ်င္ လူအမ်ားက သူမ၏ စကားကို ယုံၾကည္မည္ဟု ထင္မွတ္ထားဟန္ရသည္။ ထိုသို႔လည္း ျဖစ္ခဲ့ေလသည္။

ဒီေန႔ သူမေပၚဆက္ဆံခဲ့ေသာ စာသင္ခန္းထဲမွလူမ်ားကို ၾကည့္႐ုံျဖင့္ပင္ သူမက သိႏိုင္သည္။ သို႔ရာတြင္ ထိုအခိုက္ နင္မုန႔္က ႐ုတ္တရက္ ရယ္လိုက္ၿပီးေနာက္ ျပန္ေမးလိုက္သည္။

"ငါ တစ္ခုခုမွတ္မိၿပီ၊ နင္ အရင္ႏွစ္ စာသင္ႏွစ္အဆုံးမွာ နင့္ရဲ႕အဆင့္က ေနာက္ဆုံးကေရရင္ ငါးေယာက္ေျမာက္ မဟုတ္လား"

မန္နင္၏ အမွတ္ႏွင့္ဆိုလွ်င္ သူမက ဘာမွေမးစရာမလိုေခ်။

ကုနန္ခ်န္က သူမကို မယုံႏိုင္သလို ၾကည့္သည္။

"မန္နင္ လူတိုင္းမွာလည္း ဘယ္လိုေျဖရမွန္းမသိတဲ့ ေမးခြန္းေတြဆိုတာ ရွိတာပဲ၊ မ်က္ႏွာပ်က္မွာ စိုးလို႔ ဝန္ခံမယ့္အေရးမွာ ျငင္းဖို႔မႀကိဳးစားပါနဲ႔၊ ငါ နင့္ကို ဒီအတြက္ေၾကာင့္နဲ႔ မစြန႔္ပစ္ပါဘူး"

နင္မုန႔္က မေနႏိုင္ဘဲ ေျပာလိုက္သည္။

"ငါ နင့္ကို တကယ္ အထင္ေသးမိတယ္"

ေမွ်ာ္လင့္ထားသည့္အတိုင္း သူမ၏ ေခါင္းက ခ်က္ခ်င္း နာက်င္ကိုက္ခဲလာသည္။ သို႔ရာတြင္ ဤတစ္ႀကိမ္တြင္ မ်က္ေတာင္တစ္ခတ္ အခ်ိန္မွ်သာလွ်င္ ၾကာသည္။ သူမ၏ မ်က္ႏွာက ခ်က္ခ်င္း ျဖဴေဖ်ာ့သြားေလရာ အနာဂတ္တြင္ စကားလုံးျဖင့္ တိုက္႐ိုက္မတိုက္ခိုက္ရန္ ဆုံးျဖတ္လိုက္သည္။

မန္နင္၏ ေနာင္တမ်ား၏ သက္ေရာက္မႈ အစပိုင္းတြင္ ထင္သေလာက္ သိပ္သက္ေရာက္မႈ မျပင္းထန္ေတာ့ေၾကာင့္ သူမကလည္း ခံစားလိုက္ရသည္။ သူတို႔က အျပည့္အဝ ေပ်ာက္ကြယ္သြားလွ်င္ သူမက ကုနန္ခ်န္ကို အမ်ားေရွ႕တြင္ တရားဝင္ ျပတ္ျပတ္သားသား အကဲျဖတ္ေပးမည္ျဖစ္သည္။

နင္မုန႔္က မုန္းတီးမႈအျပည့္ျဖင့္ ေလာင္ကြၽမ္းလ်က္ ေတြးေတာလိုက္သည္။ ကုနန္ခ်န္က သူမ၏ နားကို သူမ မယုံႏိုင္ေတာ့ေခ်။ ျပင္းထန္ေသာ ထိုးႏွက္ခ်က္တစ္ခုကို ရရွိလိုက္သလိုမ်ိဳး စကၠန႔္အနည္းငယ္ထဲႏွင့္ သူမမ်က္လုံးထဲတြင္ မ်က္ရည္မ်ားက ျပည့္ႏွက္လာသည္။

"မန္နင္ နင္ အၿမဲတမ္း ငါ့ကို ဒီလိုေတြးေနခဲ့တာလား"

သူမက တစ္စုံတစ္ရာ ေျပာလိုေသာ္လည္း တိတ္ဆိတ္သြားၿပီးေနာက္ ေျပာသည္။

"နင္ အရင္ ေျပာေတာ့ ငါ့ကို သေဘာက်တယ္ဆို၊ ငါနင့္ကို အေျဖမေပးႏိုင္ဘူးဆိုရင္ေတာင္မွ ငါ နင့္ကို မမုန္းခဲ့ဘူး၊ ငါတို႔က အေကာင္းဆုံး သူငယ္ခ်င္းေတြ ျဖစ္ေနတုန္းပဲ"

နင္မုန႔္။ "..."

သူမ ဒီကုနန္ခ်န္ကို နည္းနည္းေလးမွေတာင္ မႀကိဳက္ပါဘူးေနာ္။

မန္နင္၏ မ်က္လုံးမ်ား၏ ကန္းေနျခင္းသာ ျဖစ္ရေပမည္။

႐ုတ္တရက္ အေနာက္မွအသံတစ္သံက ထြက္လာသည္။

"မန္နင္ မင္း ထပ္ၿပီး ေဘာင္ေက်ာ္လာၿပီ၊ လူနည္းေနတဲ့အခ်ိန္မွာ ကုနန္ခ်န္ကို အႏိုင္မက်င့္သင့္ဘူး၊ မင္း ဘယ္လိုေတာင္ ဆိုးယုတ္လိုက္သလဲ၊ ကုနန္ခ်န္က မင္းနဲ႔ မိတ္ေဆြဆက္ျဖစ္ဖို႔ေတာင္ စိတ္ထဲထားတာ မဟုတ္ဘူး၊ ဒါေတာင္ မင္းက သူမကို ဒီလိုဆက္ဆံစရာလား"

လာျပန္ၿပီ အရင္တစ္ေခါက္ကေကာင္ပဲ။

နင္မုန႔္က ဆိုး႐ြားေသာ စကားမ်ားေျပာလည္း သူမ ေပၚသက္ေရာက္မႈ မရွိႏိုင္ေလရာ သူ႔ကို တိုက္႐ိုက္ေအာ္ေျပာရန္ ဆုံးျဖတ္လိုက္သည္။

"ငါလည္း ကုနန္ခ်န္ကို ငါနဲ႔ သူငယ္ခ်င္း ဆက္ျဖစ္ဖို႔ မေျပာပါဘူး၊ ငါ ဒီတိုင္း ငါ့ရဲ႕ က်န္တဲ့ႏွစ္ေတြကို ေအးေအးခ်မ္းခ်မ္းပဲ ကုန္ဆုံးခ်င္တာပါ၊ ငါ အဲ့ဒီလိုေတာင္ ကုန္ဆုံးလို႔မရဘူးလား"

သူမက သူတို႔ကို ၾကည့္ေနေသာ ကုနန္ခ်န္ကို ၾကည့္ေနၿပီးေနာက္ ေအးစက္စြာ ေျပာသည္။

"ငါလည္း ကုနန္ခ်န္ကို တစ္ခါမွ သူငယ္ခ်င္းျဖစ္ခ်င္တယ္လို႔ မေျပာဆိုခဲ့ဖူးဘူး"

တစ္ဖက္က အေကာင္းဆုံးသူငယ္ခ်င္းမ်ား ထည့္ေျပာလာသည့္အခ်ိန္တိုင္းလိုလို သူမက စိတ္ရႈပ္ျခင္းကို ခံစားေနရသည္။

ေကာင္ေလးက အထင္တ‌ေသး ၾကည့္လာသည္။

"မင္းေျပာတာကို မင္းမွတ္ထားရင္ ေကာင္းမယ္"

သူက ကုနန္ခ်န္ကို လွည့္ၾကည့္ၿပီးေနာက္ ညင္သာေသာ ေလသံျဖင့္ ေျပာသည္။

"နန္ခ်န္ မင္း ဒီမိန္းမကို ထပ္ၿပီး အာ႐ုံမစိုက္သင့္ေတာ့ဘူး၊ သူမရဲ႕ ေခါင္းထဲမွာ မေကာင္းတဲ့ အေတြးေတြပဲ ရွိေနတယ္၊ သူမက မင္းကို သိကၡာက်ေအာင္ေတာင္ လုပ္ခ်င္ေနေသးတယ္၊ မင္းက ရည္႐ြယ္ခ်က္ေကာင္းနဲ႔ ေျပာတယ္ဆိုတာကို သိေပမယ့္လည္း မင္းဘယ္ေလာက္အားနည္းလဲ ၾကည့္စမ္းပါဦး၊ အျခားလူေတြက မင္းကို ဒုကၡေပးတာကို ခြင့္မျပဳႏိုင္ဘူး"

နင္မုန႔္က တိတ္တဆိတ္ မ်က္လုံးလွန္လိုက္သည္။

ကုနန္ခ်န္က ႐ုတ္တရက္ လက္ဆန႔္တန္းၿပီး သူမ၏ လက္ေမာင္းကို ကိုင္ကာ ညင္သာေသာ ေလသံျဖင့္ ေျပာသည္။

"နင္မုန႔္ ေဒါသမထြက္ပါနဲ႔၊ ငါက ငါတို႔ရဲ႕ အရင္ဆက္ဆံေရးအတိုင္း ျပန္ျဖစ္ခ်င္႐ုံပါပဲ၊ ငါ နင့္ကို ထူးထူးျခားျခားလည္း ေျပာင္းလဲၿပီး မၾကည့္ပါဘူး"

နင္မုန႔္က ဘာမွမလုပ္ႏိုင္ခင္မွာ လက္တစ္ခ်က္က ဝင္လာၿပီးေနာက္ သူမကို တစ္ဖက္သို႔ ဆြဲလိုက္ကာ လူႏွစ္ေယာက္ၾကားကို ျခားလိုက္သည္။

"ေက်ာင္းသူမန္"

ရွီခ်ီက သူမ၏ လက္ေကာက္ဝတ္ကို ကိုင္ၿပီး ငုံ႔ၾကည့္လာသည္။ ေကာ္ရစ္တာေလွ်ာက္လမ္း၏ ေဖ်ာ့ေတာ့ေသာ မီးေရာင္ေအာက္တြင္ သူ၏ အစိမ္းေရာင္ မ်က္ဝန္းမ်ားက ေလးနက္ေနသည္။

"မင္း အေျဖကို သိၿပီလား"

နင္မုန႔္က မွင္တက္ေနေသာ လူႏွစ္ေယာက္ကို ၾကည့္ၿပီး ခပ္ျမန္ျမန္ ေခါင္းညိတ္လိုက္သည္။

"ဆရာ ကြၽန္မ သိပါၿပီ၊ လမ္းေလွ်ာက္ရင္းနဲ႔ ေျပာရေအာင္"

မည္သို႔ပင္ဆိုေစ သူမက ထိုေနရာမွ ထြက္သြားခ်င္သည္မွာ ၾကာလွေခ်ၿပီ။ အဆိုး႐ြားဆုံးက အဆိုးဆုံးျဖစ္လာလွ်င္ သူမက ေနာက္ပိုင္း ဆက္လက္ၿပီး အေျပာဆိုခံရေပဦးမည္။

ကုနန္ခ်န္က ႐ုတ္တရက္ ဝင္ေျပာလိုက္သည္။

"ဆရာ ဆရာ စာသင္ခန္းထဲက အေစာပိုင္းထဲက ထြက္သြားခဲ့တာ မဟုတ္လား၊ ဘာလို႔ ဒီမွာ ခုခ်ိန္ထိ ရွိ..."

သူမက ပါးစပ္ကို အံ့အားတႀကီး အုပ္လိုက္သည္။

"ဆရာ ဆရာက မန္နင္ကို ဘယ္လိုမွတ္မိတာလဲ၊ အရင္ကလည္း မန္နင္က ဆရာ့အေၾကာင္းေျပာတာကို မၾကားဖူးပါဘူး ..."

ကုနန္ခ်န္က ထိုေမးခြန္းကို ေမးခ်င္ခဲ့သည္မွာ အတန္းတက္ခ်ိန္ကတည္းက ျဖစ္သည္။ ေနာက္ဆုံးတြင္ ကိုယ့္ကိုယ္ကို မထိန္းထားႏိုင္ေတာ့ေခ်။

သူမ ယခင္က မျမင္ခဲ့ဖူးေသာ ဆရာသစ္တစ္ေယာက္က သူ၏ ပထမဆုံးအစားထိုးဆရာဟူေသာ အတန္းတြင္ မန္နင္၏ အတန္းကို အထူးတလည္ ေခၚခဲ့သည္။ သူ၏ စကားအရ သူတို႔က ယခင္ကတည္း သိထားၿပီးသလိုမ်ိဳး ထင္ရသည္။

သူမႏွင့္ မန္နင္က ႏွစ္ဝက္နီးပါး သိထားခဲ့ျခင္းျဖစ္ၿပီး မန္နင္က ထိုကိစၥအေၾကာင္း ေျပာျခင္းကို တစ္ခါမွ မၾကားခဲ့ဖူးေခ်။ ထို႔ေၾကာင့္ သူမထံမွ တမင္ရည္႐ြယ္ခ်က္ရွိရွိ ဖုံးကြယ္ထားသည္ဟု သိလိုက္သည္။

ကုနန္ခ်န္၏ အသံက ေႏြးေထြးၿပီး ညင္သာကာ လူအမ်ားကို ေႏြဦးေလေျပက တိုက္ခတ္သြားသလို ခံစားရေစသည္။ သာမန္လူမ်ားကသာ ထိုေမးခြန္းအေမးခံရလွ်င္ ႐ြံရွာသလိုပင္ ခံစားရမည္မဟုတ္ေခ်။ သို႔ေသာ္ ရွီခ်ီကမူ ကြာျခားသည္။

သူ၏ အၾကည့္က နင္မုန႔္၏ မင္ေသေသ မ်က္ႏွာမွ ဘယ္ေသာအခါမွ မကြာသြားခဲ့ေခ်။

"အတန္းဆုံးတာနဲ႔ မင္း ကိုယ့္အ‌ေဆာင္ခန္းကို ျပန္သင့္တယ္၊ မဟုတ္ရင္ ေၾကာက္စရာေကာင္းတာေတြ ျမင္ရလိမ့္မယ္"

နင္မုန႔္။ "..."

သူ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ေျခာက္ေနတာပဲ။

သူမကမူ ျပႆနာရွိသည္ဟု မထင္ေခ်။ သို႔ရာတြင္ သူမကိုယ္တိုင္အတြက္ ေတြးၾကည့္ၿပီးေနာက္ ရွီခ်ီက လူအမ်ားကို မည္သို႔ ေျခာက္လွန႔္သင့္ေၾကာင္း စတင္ေလ့လာေနသည္ဟု ေတြးလိုက္သည္။

သူက ကေလးေတြကို အိမ္အျပင္ကို ေလွ်ာက္မေျပးနဲ႔ မေကာင္းဆိုးဝါးေတြ သရဲေတြက ေျခာက္ၿပီး လူသားေတြကို စားလိမ့္မယ္လို႔ ေျပာေနသလိုပဲ။

သူမ၏ ေမးခြန္းက ျပန္ေျဖျခင္း မခံရေၾကာင္း ျမင္ေသာအခါ ကုနန္ခ်န္က ႏႈတ္ခမ္းကို ကိုက္ၿပီး ဝမ္းနည္းသြားေသာ ေလသံတိုးတိုးျဖင့္ ေျပာသည္။

"ဆရာ အခ်ိန္က ေနာက္က်ေနၿပီ၊ မန္နင္က မိန္းကေလးဆိုေတာ့ အျပင္ထြက္တာက မေကာင္းဘူး ..."

နင္မုန႔္ကမူ သူမက ထိုကဲ့သို႔ စကားလုံးမ်ိဳးကို ေျပာမည္ဟု မထင္ဘဲ သူမ၏ မ်က္လုံးကပင္ ျပဴးသြားသည္။

ရွီခ်ီ၏ မ်က္လုံးထဲတြင္ စိတ္မရွည္မႈက သိသိသာသာ ထင္ထင္ရွားရွား ေပၚလာၿပီးေနာက္ သူ၏အၾကည့္က ေအးစက္သြားသည္။

"မင္းမွာ ဘယ္လိုေတာင္ ဆိုးယုတ္တဲ့ အေတြးေတြ ရွိေနတာလဲ"

နင္မုန႔္က ခ်က္ခ်င္းလိုလို ေခါင္းလွည့္လိုက္သည္။

အတုံ႔အလွည့္ပဲ။

သို႔ရာတြင္ ဝတၳဳ၏ အမ်ိဳးသားဇာတ္လိုက္က အမ်ိဳးသမီးဇာတ္လိုက္ကို ထိုသို႔ ေအာ္လိုက္သည့္အတြက္မူကား ...

တင္းတင္းၾကပ္ၾကပ္ ေျပာရလွ်င္ သူမက လက္ရွိ မန္နင္ျဖစ္ေနၿပီး ရွီခ်ီ၏ အခ်စ္ၿပိဳင္ဘက္ျဖစ္သည္။ သို႔ရာတြင္ ကုနန္ခ်န္က ရွီခ်ီႏွင့္ မသင့္ေတာ္ေလရာ သူမက ထိုအခ်က္ကို ထည့္တြက္မေနေတာ့ေခ်။ ကုနန္ခ်န္ႏွင့္ ရွီခ်ီကသာ အတူရွိသြားမည္ဆိုလွ်င္ သူမ ႐ူးသြပ္သြားေလာက္သည္။ ရွီခ်ီကဲ့သို႔ သန႔္စင္ေသာ ျမက္ပင္ေလးက အညစ္အေၾကးမ်ား မေပသင့္ေခ်။

သူမက ရွီခ်ီ၏ အက်ႌလက္ကို ဆြဲၿပီး ေလသံတိုးတိုးျဖင့္ ေျပာသည္။

"ျမန္ျမန္ သြားရ‌ေအာင္၊ မဟုတ္ရင္ ကြၽန္မတို႔ပါ ပါသြားၿပီး လြတ္ေျမာက္ႏိုင္ေတာ့မွာ မဟုတ္ဘူး"

သူမ၏ ထိုအျပဳအမူက ရွီခ်ီကို ပို၍ ရင္းႏွီးကြၽမ္းဝင္သလို ခံစားလိုက္ရေစသည္။

ယခင္က သူတို႔က စီနီယာအထက္တန္းတြင္လည္း နင္နင္က ထိုသို႔ လုပ္တတ္သည္။ သူမေလးကသာ သူ၏ အက်ႌလက္ကို မဆြဲလွ်င္လည္း သူ၏ အက်ႌအနားစကို ထိုသို႔ လွမ္းကိုင္တတ္သည္။ အထူးသျဖင့္ သူမေလး ေၾကာက္သြားခ်ိန္တြင္ ျဖစ္သည္။ ရွီခ်ီက ေကာင္းေကာင္းမွတ္မိေနေသးသည္။

ရွီခ်ီက ခ်က္ခ်င္း အသိဝင္သြားၿပီး ေလသံတိုးတိုးျဖင့္ ေျပာသည္။

"ေကာင္းၿပီ"

တစ္ခ်ိန္လုံး မတုန႔္ျပန္ႏိုင္ခဲ့ေသာ ေကာင္ေလးက ေနာက္ဆုံးတြင္ ကိုယ့္ကိုယ္ကို မထိန္းထားႏိုင္ေတာ့ဘဲ ျပန္လည္ျငင္းကာ ေအာ္ထုတ္လိုက္သည္။

"မင္းက ဆရာတစ္ေယာက္ဆိုတာေတာင္မွ ဒီလိုဆိုး႐ြားတဲ့ စကားေတြ မေျပာသင့္ဘူး"

ကုနန္ခ်န္၏ မ်က္ႏွာက ျဖဴေဖ်ာ့သြားၿပီးေနာက္ ေခါင္းကို ခါယမ္းကာ ေကာင္ေလးကို ေျပာသည္။

"နင္ ဆရာ့ကို အထင္မွားေနၿပီ၊ ဆရာ့က ငါ့ရဲ႕စကားကို နားလည္မႈလြဲသြားတာ ျဖစ္ပါလိမ့္မယ္၊ ငါကလည္း ငါ့ရဲ႕စကားေတြက သူ႔ကို ေဒါသထြက္ေစမယ္လို႔ ဘယ္ထင္ထားမွာလဲ၊ ဒါေတြအားလုံးက ငါ့ရဲ႕အမွားပါ"

ေကာင္ေလးက သူမကို ညင္သာေသာ ခံစားခ်က္အျပည့္ျဖင့္ ၾကည့္လိုက္သည္။

"နန္ခ်န္ မင္းက အရမ္းစိတ္ထားေကာင္းတာပဲ၊ ဒီေန႔ေခတ္လူမႈအသိုင္းအဝိုင္းမွာ အရမ္းေထာင္လႊားတဲ့ ဆရာေတြ အမ်ားႀကီးပဲ၊ ဒီဆရာကလည္း ထူးျခားတယ္လို႔ မထင္ဘူး၊ သူက ေမးေစ့ကို အသားကုန္ေမာ့ထားၿပီး လူတိုင္းကို ငုံ႔ၾကည့္ႏိုင္မယ္လို႔ ထင္ေနတာ"

ကုနန္ခ်န္က ေခါင္းကို ခါၿပီး ေဖ်ာ့ေတာ့စြာ ၿပဳံးလိုက္သည္။

"အဲ့ဒီလို ဆက္မေျပာပါနဲ႔ေတာ့၊ ဆရာက အဲ့ဒီလိုလူမ်ိဳးမဟုတ္မွန္း ငါယုံၾကည္တယ္၊ ဆရာက သူ႔ရဲ႕ စကားလုံးေတြကို ႏွလုံးသားထဲမွာ ဖုံးကြယ္ထားလို႔ ငါတို႔က သူ႔ကို နားလည္ေပးသင့္တာေပါ့"

သူမက ေခါင္းလွည့္ၿပီး ဆရာကို ညင္သာစြာ ေျပာလိုက္သည္။

"ဆရာ ဆရာ ကြၽန္မကို နားလည္မႈလြဲသြားမွန္း ကြၽန္မ သိပါတယ္၊ ကြၽန္မက မန္နင္ကို စိုးရိမ္ခဲ့တာေၾကာင့္ ..."

ထိုအခိုက္ လူႏွစ္ေယာက္က ေၾကာင္ေတာင္ေတာင္ ျဖစ္ေနၾကသည္။ အေၾကာင္းမူကား သူတို႔၏ ေဘးတြင္ မည္သူမွ မရွိေတာ့ေခ်။

နင္မုန႔္ႏွင့္ ရွီခ်ီက သူတို႔စကားေျပာေနခ်ိန္မွာတင္ ထြက္သြားခဲ့ေလၿပီ။ သူတို႔ကို ႐ိုး႐ိုးရွင္းရွင္းပင္ လ်စ္လ်ဴရႈသြားၾကသည္။

ကုနန္ခ်န္က ဆရာကေျပာသြားေသာ စကားကို ျပန္ေတြးမိေသာအခါ သူမ၏ အမူအရာက မသိမသာ ေျပာင္းလဲသြားသည္။

...

အားနည္းလြန္းေနတုန္းပဲ။

ဒါေပမယ့္လည္း ...

ငါ ေနာက္ဆုံးေတာ့ သူမရဲ႕ ႐ုပ္ရည္ကို ထင္ထင္ရွားရွား ျမင္လိုက္ရၿပီ။

ရွီခ်ီရဲ႕ လွ်ိဳ႕ဝွက္ ဒိုင္ယာရီ

Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။ 

Continue Reading

You'll Also Like

8.1K 696 83
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်
56.8K 4.7K 200
နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ...
36K 1.7K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်
34K 4.4K 44
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...