လမင်းသော်တာ လှမ်းလို့လာ

By Hanna88129921

6.9K 812 6

Unicode Version အနာဂတ်မှာ ငါမင်းကို နေရာအနှံ့ခေါ်သွားမယ် ကမ္ဘာတစ်ဝှမ်းက လမင်းကြီးကို ရှုစားဖို့အတွက်ပေါ့~ More

မိတ်ဆက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
Extra-1
Extra-2

18

78 9 0
By Hanna88129921

Chapter-18‌

ပိတ်ရက်တွင် ထောင်ရှီးမှာ စိတ်လှုပ်ရှားနေရသောကြောင့် ယန်သောလဲ့ကိုပင် မနာလိုမဖြစ်အားလိုက်ပေ။

ယန်သောလဲ့က သူပိုင်ဆိုင်သင့်သည့် နေရာကို သိမ်းပိုက်ထားပြီး သူ့ထံတွင်မူ မည်သည့်အရာမှ မရှိသည့်တိုင် သူက ယန်သောလဲ့ထက် ပိုသာနိုင်ကြောင်း သက်သေပြရမည်။

သူက လမင်းကို သူ့အပိုင်အဖြစ် သိမ်းဆည်းထားလိုခြင်းဖြစ်သည်မို့ လမင်း၏ဘေးတွင် အခြားကြယ်များကို ရှိနေခွင့်မပြုနိုင်ပေ။

ထောင်ရှီးက ခြစ်ကုတ်၍တွက်ကြည့်လိုက်သော် လောလောဆယ်တွင် ယွမ်တစ်ထောင်တန် စမတ်ဖုန်း ကောင်းကောင်းတစ်လုံး ဝယ်နိုင်သော်လည်း သူ့လစဉ်အသုံးစရိတ်ထဲမှ အများစုကို ထောင်လဲ့အတွက် ဆရာဝန်ပြရန်နှင့် ဆေးဝယ်ရန် ဖယ်ထားရဦးမည်ဖြစ်သဖြင့် အပိုဝင်ငွေတစ်ချို့ရှာမှဖြစ်လိမ့်မည်။

သူ တစ်ညလုံး ထိုင်စဉ်းစားသည့်တိုင် ငွေရှာနိုင်မည့်နည်းကို စဉ်းစားမရသေးချေ။

တနင်္လာနေ့တွင် ထောင်ရှီးက ထုံးစံအတိုင်း စာသင်ခန်းထဲသို့ စောစောစီးစီး ရောက်လာသည်။ သူ မနက်တိုင်း လင်ချင်းဟယ်ကို မျှော်နေကျဖြစ်သည့်တိုင် ယနေ့မူ တစ်မူထူးခြားနေ၏။

သူ လင်ချင်းဟယ်ကို ပိုတွေ့ချင်နေသည်၊ သို့သော် တစ်ချိန်တည်းမှာပင် သူ့အတွင်းစိတ်ကို သိမြင်သွားမည်ကိုလည်း စိုးရိမ်နေသဖြင့် တွေ့လည်းမတွေ့ရဲပေ။

ထောင်ရှီးက လင်ချင်းဟယ်၏ လွတ်နေသောထိုင်ခုံကို ခဏကြာ စိုက်ကြည့်နေပြီးနောက် ရေဘူးကိုကိုင်ကာ သောက်ရေခန်းထဲသို့ ရေသွားဖြည့်သည်။ ရေဖြည့်ပြီး၍ စတိတ်စင်ကို ကျော်လာသည့်အခိုက် ကျောက်သင်ပုန်းပေါ်တွင် မြေဖြူတစ်ချောင်းနှင့် စာရေးရန် ကြိုးပမ်းနေသည့် ဟွမ်းချင်က သူ့ကို လှမ်းတားလိုက်သည်။

ဟွမ်းချင်က ထောင်ရှီး၏အရပ်ကို မော့ကြည့်ကာ မေးလိုက်သည်။

“ ဒီစာကြောင်းကို ကျောက်သင်ပုန်းပေါ်မှာ ကူရေးပေးပါလား…”

ဟွမ်းချင်က တန်းခွဲ(၁)၏ စာပေလေ့လာရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ကျိုးချန်က တနင်္လာနေ့နံနက်တိုင်း ခွန်အားဖြစ်စေမည့်ဆောင်ပုဒ်များကို ကျောက်သင်ပုန်းထောင့်တွင်ရေးရန် သူမအား တာဝန်ပေးထားသည်။ သူမက အရပ်မမှီသဖြင့် ခုံတစ်ခုသွားရှာမည်ပြုသော်လည်း ထောင်ရှီးဖြတ်သွားသည်ကို မြင်သောအခါ အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်သည်။

ထောင်ရှီးမှာ ကြောင်အမ်းသွားပြီး ပထမဆုံးသတိရမိသည်က လင်ချင်းဟယ်ကို ရေးပေးခဲ့သည့် သုံးသပ်စာစောင်ကိုပင်။

သို့သော် သူ ဟွမ်းချင်ကို ဖြောင့်မတ်သည့် လူကောင်းတစ်ယောက်ဟုလည်း ထင်မိသည်။ ထောင်ရှီးမှာ သူမနှင့် တစ်ခေါက်သာ စကားပြောဖူးသည့်အပြင် သူမက စာကိုသာ အာရုံစိုက်ထားတတ်သူတစ်ယောက် ဖြစ်သောကြောင့် ကျန်းရှင်းယွင်ကဲ့သို့ မကောင်းသည့်အတွေးများလည်း ရှိလောက်မည်မဟုတ်ချေ။ ထို့အပြင် ဤဆောင်ပုဒ်ကိုရေးရန်မှာလည်း ခဏသာကြာသည်။

ထို့ကြောင့် ထောင်ရှီးက ဟွမ်ချင်းကို ခေါင်းညိတ်ပြလိုက်ကာ “ကောင်းပြီ” ဟု ဖြေလိုက်၏။

သူက ဟွမ်ချင်းထံမှစာရွက်ကို လှမ်းယူလိုက်သည်။ စာရွက်ပေါ်တွင် ကျိုးချန် ဂရုတစိုက် ရွေးနုတ်ထားသည့် ဆောင်ပုဒ်များရှိနေ၏။ မြေဖြူဘူးထဲမှ မြေဖြူတစ်ချောင်းကို ထုတ်ယူလိုက်ပြီးနောက် သူ ခြေဖျားအနည်းငယ်ထောက်၍ လက်မြှောက်ကာ ကျောက်သင်ပုန်းပေါ်တွင် စာစရေးလိုက်သည်။

သူ ပထမဆုံးစာလုံးကို ရေးပြီးချိန်တွင် အခန်းတံခါးဝသို့ တစ်စုံတစ်ယောက်လာနေသည်ကို သတိပြုမိလိုက်သည်။ သူ စာရေးမပြတ်ဘဲ ခေါင်းလှည့်ကြည့်လိုက်ရာ နေ့အလင်းရောင်အောက်တွင် ရှည်လျားဖြောင့်စင်းသော ခြေတံရှည်များဖြင့် တံခါးအပြင်ဘက်မှ ဝင်လာသည့် လင်ချင်းဟယ်ကို တွေ့လိုက်ရလေသည်။

ထိုတစ်ဒင်္ဂတွင် ထောင်ရှီးမှာ အရှိန်ပြင်းပြင်းခုန်လှုပ်နေသော ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရပြီး သူ့အရှေ့မှ ကမ္ဘာကြီးက ငွေရောင်အလင်းတန်းများဖြင့် တဖိတ်ဖိတ်တောက်ပသွားလေသည်။ သူ့ခမျာ လင်ချင်းဟယ်က စတိတ်စင်နားသို့ လျှောက်လာသည်ကို ကြောင်အမ်းအမ်းဖြင့်သာ ရပ်ကြည့်နေမိသည်။ ထို့နောက် မနက်ခင်းတွင် သဘောကျနေသည့်လူနှင့်တွေ့ပါက ပြုံးပြကာ “မင်္ဂလာနံနက်ခင်းပါ” ဟု နှုတ်ဆက်ရမည်ဖြစ်ကြောင်း ချောင်ယီထန်က သူ့အား သင်ပေးခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

သူက လင်ချင်းဟယ်ကို ပြုံးပြပြီး နှုတ်ဆက်လိုက်မည်ပြုစဉ် မြေဖြူကိုင်ထားသော သူ၏ညာလက်ကို လက်တစ်ဖက်က ရုတ်တရက် လာအုပ်ကိုင်ပြီး သူ့လက်ထဲမှ မြေဖြူကို ဖြုတ်ယူသွားလေသည်။ ထို့နောက် ဩရှရှအသံတစ်ခုက အလွန်နီးကပ်သော အကွာအဝေးမှ သူ့နားထဲသို့ ကပ်ကာပြောသည်။

“ ဘာတွေရေးနေတာလဲ…”

ထောင်ရှီး၏ မျက်တောင်များ တုန်ယင်သွားပြီး အနည်းငယ် အံ့ဩမှင်သက်သွားသည်။ လင်ချင်းဟယ်နှင့်သူက အလွန်နီးကပ်နေသည်ကိုသာ ခံစားမိတော့သည်။ သူ့အနောက်တွင် မြဲမြံစွာ ရပ်နေသည့် လင်ချင်းဟယ်၏ အသက်ရှူသံပူငွေ့ငွေ့ကိုပင် သူ့ညာဘက်နားရွက်နောက်မှ ခံစားနေမိသည်။

ဟွမ်ချင်းက ဘေးမှဝင်ဖြေပေးချင်သော်လည်း လင်ချင်းဟယ်က သူမကို အေးစက်စက်အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ လင်ချင်းဟယ်၏ သူမအပေါ် ရန်လိုမှုကို သတိထားမိလိုက်သောကြောင့် အလိုက်တသိ ပါးစပ်ပိတ်နေလိုက်သည်။

ထောင်ရှီးမှာ အတော်ကြာမှ ပြန်တုံ့ပြန်နိုင်သည်။ သူ့စိတ်များ ကမောက်ကမဖြစ်နေပြီး အခုလေးတင် ရေးနေသည့်စာကိုပင် မေ့သွားသည်။ သူ အလျင်စလို ပြန်ငုံ့ကြည့်လိုက်သော်လည်း လင်ချင်းဟယ်က ဘယ်လက်ဖြင့် သူ့လက်ထဲမှစာရွက်ကို ဆွဲယူသွားပြီးသားဖြစ်တော့၏။ အနေအထားမှာ သူ့ကိုအနောက်မှ ပွေ့ဖက်ထားသည့်အလားပင်။

လင်ချင်းဟယ်က စာရွက်ပေါ်မှ စာများကို ကျောက်သင်ပုန်းပေါ်ချရေးနေသည်။ ထောင်ရှီးမှာ ရပ်နေရာမှ တုတ်တုတ်ပင်မလှုပ်ရဲပေ။ မတိုင်ခင်က လင်ချင်းဟယ်အုပ်ကိုင်လိုက်သည့် သူ့ညာလက်ကလေးကို ဆုပ်ထားမိပြီး အသက်ကို ငွေ့ငွေ့သာ ရှူနိုင်သည်။

သူ မျက်နှာကို အနည်းငယ်လှည့်လိုက်သည့်အခါ လင်ချင်းဟယ်၏နှာတံစင်းစင်းကို တွေ့လိုက်ရသည်။ နှာတံစင်းစင်းလေးမှာ အရုဏ်တက်ချိန်၏နှင်းတောင်ထွဋ်ကဲ့သို့နှယ် အပြင်ဘက်က ရွှေရောင်ဖျော့ဖျော့ မနက်ခင်းနေရောင်ခြည်ကြားတွင် အရိပ်ထင်လို့နေသည်။

လင်ချင်းဟယ်က သူ့ထက် အရပ်အလွန်မြင့်သဖြင့် လင်ချင်းဟယ်ကို အနမ်းခြွေမည်ဆိုပါက ခြေဖျားထောက်ရမည်ဖြစ်သည်။ ရှည်လွန်းသည့်အရပ်ကြောင့် သူ့ကို စီးမိုးကာ ပွေ့ဖက်ထားသကဲ့သို့ပင် အထင်မှားရလေမည်။

အတွေးနှင့်ပင် သူ့နားရွက်များ ပူလောင်သည်ထက် ပူလောင်လာပြီး နှလုံးခုန်သံများလည်း အထိန်းအကွပ်မဲ့လာသည်။ ထို့ကြောင့် အာရုံလွှဲသည့်အနေနှင့် လင်ချင်းဟယ် ရေးနေသည့် စာလုံးများကို အားတင်း၍ ဖတ်ကြည့်လိုက်သည်။

ကျိုးချန်ရွေးနုတ်ထားသည့် ပထမဆုံး ဆောင်ပုဒ်မှာ “လုံ့လဝီရိယကြောင့် တိုးတက်လာသည့် အလုပ်တစ်ခုသည် အပျော်အပါးမက်လျှင် ပျက်စီးတတ်၏၊ တွေးခေါ်ကြံဆ၍ အောင်မြင်သော်လည်း ထုံးတမ်းစဉ်လာက ဖျက်ဆီးတတ်၏” ဟူ၍ပင်။

စာလုံးရေက ၁၄ လုံးသာရှိသော်လည်း လင်ချင်းဟယ်က အချိန်ဆွဲ၍ရေးနေသည်ဟု ထောင်ရှီး ခံစားရ၏။ တစ်ချိန်တည်းမှာပင် မြန်မြန်ရေးနေသည်ဟုလည်း ခံစားရလေသည်။

လင်ချင်းဟယ်က စာရေးပြီးသွားသောအခါ လက်ကိုအောက်ပြန်ချလိုက်သည်။ သူက ဟွမ်းချင်ထံမှ ကျေးဇူးတင်စကားကိုပင် ပြန်တုံ့ပြန်မှုမပြုတော့ဘဲ မြေဖြူခဲကို ပစ်ချကာ နောက်ဆုံးတန်းသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။ ထောင်ရှီးမှာ အဆုံးမှ သတိပြန်ဝင်လာပြီး လင်ချင်းဟယ်၏နောက်သို့ ခပ်သွက်သွက်လိုက်သွားသည်။

သူ့နှလုံးအိမ်ထဲဝယ် အလွန်ပျော်မြူးနေပြီး မျက်ဝန်းများက တလက်လက်တောက်ပနေသည်။ သို့တိုင် သူ့ပါးစပ်ကမူ ဤကဲ့သို့ အမေးစကားသာ ထွက်လာသည်။

“ ငါလည်း ရေးနိုင်ပါတယ်၊ ဘာလို့ ငါ့အတွက် ရေးပေးတာလဲ…”

လင်ချင်းဟယ်က သူ့ထိုင်ခုံသူသွားကာ ထိုင်ချလိုက်သည်။ ထို့နောက် ထောင်ရှီး၏ စားပွဲပေါ်သို့ ရေဘူးအလွတ်ကို ပစ်တင်လိုက်ပြီး ပြောသည်။

“ မင်းအတွက်က ခြေဖျားထောက်ပြီး ရေးနေရတာ ပင်ပန်းတယ်လေ….”

ထောင်ရှီးမှာ ဆွံအသွားပြီး ရုတ်တရက် ထောင်းခနဲ ဒေါသထွက်သွားသည်။

သူ လင်ချင်းဟယ်၏ရေဘူးကို ဆတ်ခနဲ ကောက်ကိုင်လိုက်ပြီး မျက်လုံးပြူးပြကာ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။

“ ငါကအရပ်ပိုရှည်လာဦးမှာ…”

တကယ်တမ်း သူက အရပ်ပုနေတာမဟုတ်ဘူး၊ လင်ချင်းဟယ်ကိုက ရှည်လွန်းနေတာ…

“တကယ်လား…” လင်ချင်းဟယ်က ခပ်ပေါ့ပေါ့ ပြောသည်။

“ သေချာပေါက်ပေါ့…”

ထောင်ရှီးက သောက်ရေခန်းထဲသို့ ချာခနဲလှည့်ထွက်သွားသည်။ လင်ချင်းဟယ်က ယနေ့မှ အလွန်ကလေးဆန်နေသည်ဟု သူခံစားနေရသည်။

ယင်းကြောင့် သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်လှုပ်နေပြီး မျက်နှာများပင် နီရဲသွားရသည်။

ရေဖြည့်ပြီး၍ ပြန်ရောက်သောအခါ သူ့စားပွဲပေါ်တွင် စာရွက်တစ်ချို့ရောက်နေကြောင်း တွေ့လိုက်ရ၏။

ထောင်ရှီးက စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ငုံ့ဖတ်ကြည့်လိုက်သည်။ ခေါင်းစဉ်အကြီးကြီးနှင့် ရေးထားသည်က : ဝမ်းဟွာ အ.ထ.က (၁) ကျောင်း၏ အသစ်ပြင်ဆင်ထားသော စည်းမျဉ်းများနှင့် စည်းကမ်းသတ်မှတ်ချက်များ။

သူ လင်ချင်းဟယ်ကို ကြောင်တောင်တောင် လှည့်ကြည့်လိုက်ကာ မေးလိုက်သည်။

“မင်း ငါ့ကို ပေးမလို့လား…”

လင်ချင်းဟယ်က သာမန်ကာလျှံကာပင် ဆိုလာသည်။

“ ကျောင်းသားအသစ်တစ်ယောက်အနေနဲ့ မင်း သေချာဖတ်ထားသင့်တယ်…”

ထောင်ရှီးမှာ သူ ကျောင်းစည်းကမ်းတစ်ခုခုများ ချိုးဖောက်မိပြီလားဟုပင် စိုးရိမ်သွားသည်။ သူ ခေါင်းရှုပ်ရှုပ်ဖြင့် စတင်ဖတ်ကြည့်လိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် သူ လင်ချင်းဟယ်ကို ကြည့်ကာ ပြောလိုက်၏။

“ငါ ဖတ်ပြီးပြီ…”

“ အဓိကအချက်က ဘာလဲ…” လင်ချင်းဟယ်က မေးသည်။

သူ့အနေနှင့် ကျောင်းစည်းကမ်းများကိုပင် ကျက်မှတ်ရန်လိုလိမ့်မည်ဟု ထင်တောင်မထင်ထားခဲ့ပါချေ။ သူ အကြမ်းဖျင်းပြောပြလိုက်သည်။

“ရန်မဖြစ်ရ၊ ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ မဟုတ်လား...မစိုးရိမ်ပါနဲ့ ငါ အဲ့ဒါတွေ မလုပ်ပါဘူး…”

သို့ရာတွင် သူက ရွှီကျီးချီကို အကြမ်းဖက်ကာ ခြိမ်းခြောက်ခဲ့ဖူးသောကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

သို့တိုင် လင်ချင်းဟယ်ကမူ မျက်မှောင်ကြုတ်ကာ အေးတိအေးစက်သာ ပြန်ပြောလာသည်။

“မဟုတ်ဘူး…”

ထောင်ရှီးက ခေါင်းတစ်ချက်ငုံ့ကာ ပြန်ဖတ်ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

“ဆံပင်ပုံမသွင်းရ၊ ဆေးမဆိုးရ၊ တက်တိုးမထိုးရ ဆိုတာလား…ငါ့မှာ အဲ့ဒါတွေလုပ်ဖို့လည်း ပိုက်ဆံ မရှိဘူး…”

လင်ချင်းဟယ်က စိတ်မရှည်ဟန်ဖြင့် ကျောင်းစည်းကမ်းစာအုပ်ကို ဆွဲယူလိုက်ပြီး ဘောပင်ဖြင့် ဝိုင်းပြလိုက်ကာ ထောင်ရှီး၏ စားပွဲပေါ်သို့ ပြန်တင်ပေးလိုက်သည်။

ထောင်ရှီးက ငုံ့ကြည့်လိုက်ရာ ရှစ်ချက်မြောက် စည်းကမ်းချက်အား ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။

ရှစ်ချက်မြောက် စည်းကမ်းချက်မှာ “စောစောစီးစီး ချစ်ကျွမ်းမဝင်ရ” ဟူ၍ပင် ဖြစ်လေသည်။

ထောင်ရှီး၏ နှလံးခုန်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ လင်ချင်းဟယ်က သူ့အတွေးများကို ရိပ်မိနေပြီလားဟုပင် ချက်ချင်း အတွေးဝင်သွားသည်။ သို့သော် ယနေ့ လင်ချင်းဟယ်နှင့် ယခုတင်လေးမှသာ တွေ့ရခြင်းဖြစ်သည်။

သူ လင်ချင်းဟယ်ကို မလုံမလဲကြည့်ရင်း အပြစ်ရှိစိတ်များကို ဖုံးကွယ်၍ ပြန်ပြောလိုက်သည်။

“ ဒါပေမဲ့ ကျောင်းအုပ်ကြီးရဲ့ သမီးကလည်း ငယ်ငယ်လေးနဲ့ ချစ်သူထားတာပဲလေ…”

သူမကို လင်ချင်းဟယ် မသိမည်စိုး၍ ထပ်မံဖြည့်စွက်၍ပင် ပြောလိုက်သည်။

" တတိယနှစ်က ချောင်ရွှယ်ကျဲကိုပြောတာ ငါတို့ ပန်းချီကလပ်ရဲ့ ဥက္ကဋ္ဌ…”

ချောင်ယီထန်ထံတွင် ချစ်သူ ၁၀ ယောက် ရှိခဲ့သော်လည်း ထောင်ရှီးက ချစ်သူကောင်လေးတစ်ယောက်တည်းကိုသာ ပိုင်ဆိုင်ချင်၏။

လင်ချင်းဟယ်မှာ သူ့ကို ပြန်ခံပြောနေ၍ သိသိသာသာ ဒေါသထွက်လာဟန် မျက်ခုံးတစ်ချက်ပင့်ကာ မေးလာသည်။

“သူက ကျောင်းအုပ်ရဲ့ သမီးလေ။ မင်းကရော ဘယ်သူမလို့လဲ…”

မှန်သည်။ သူက ဘယ်သူဘယ်ဝါမှ မဟုတ်ပါချေ။

လင်ချင်းဟယ်ကို လိုက်ရန် ဆုံးဖြတ်လိုက်သည့် ပထမဆုံးနေ့မှာပင် လင်ချင်းဟယ်က သူ့ကို ချစ်ကျွမ်းမဝင်ရန် ပြောလာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။

အလွန်ကြေကွဲဖွယ်ရာ ရှုံးနိမ့်မှုပင်။

.

ထောင်ရှီးမှာ ဝမ်းနည်းသည်ထက် နားမလည်နိုင်ခြင်းက ပိုနေသည်။ သူ ခဏမျှတုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။

“ မင်း ငါ့ကို ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲ့ဒီကိစ္စကို လာသတိပေးနေတာလဲ…”

လင်ချင်းဟယ်က နှုတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။

“ပထမအပတ် စာမေးပွဲမှာ မင်းရဲ့အဆင့်က ၁၃၈ ပဲ ရတယ်။ ဒီရမှတ်အတိုင်းဆိုရင် တန်းခွဲ(၃) ကိုပဲ ဝင်ခွင့်ရမှာ။ အင်္ဂလိပ်ရေးဖြေစာမေးပွဲမှာ မင်းက ငါးယောက်မြောက်အမှတ်အနည်းဆုံးပဲ၊ သင်္ချာအစမ်းစာမေးပွဲမှာလည်း multiple choice နောက်ဆုံးမေးခွန်းအပုဒ်ရယ်၊ အပုဒ်ကြီးနှစ်ပုဒ်ကိုပါ ချန်ထားခဲ့တယ်။ ပြီးတော့ တတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲမှာရော မမှားသင့်တဲ့မေးခွန်းတွေ အများကြီးမှားထားတယ်။ မင်း တရုတ်ဘာသာ စာမေးပွဲမှာ အမှတ်အများဆုံး ရရင်တောင် တခြားဘာသာတွေမှာ အမှတ်မမှီနိုင်ဘူး…”

ထောင်ရှီးမှာ လုံးလုံးလျားလျား အံ့အားသင့်သွားရလေတော့သည်။

ဤသည်မှာ တစ်ကြိမ်တည်းနှင့် လင်ချင်းဟယ် စကားအများကြီးပြောသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

သူက လင်ချင်းဟယ်ကို ကြည့်ကာ အံ့ဩတကြီးနှင့် မေးလိုက်သည်။

“ မင်း ဘယ်လိုလုပ် အသေးစိတ်ကစ သိနေတာလဲ…”

လင်ချင်းဟယ်က အကြည့်များကို ရှောင်ရင်း ခပ်ပြတ်ပြတ် ပြန်ဖြေသည်။

“ အတန်းပိုင်ဆရာ ပြောပြတာ…”

ထောင်ရှီးက သိလိုက်ပြီ။ ကျိုးချန်က သူ့အဆင့်များကို စိတ်ပူနေခြင်းဖြစ်ပုံရပြီး ကျောင်းအသစ်တွင် စောစောစီးစီး ချစ်ကျွမ်းဝင်သွားမည် စိုးရိမ်နေသဖြင့် လင်ချင်းဟယ်ကို သူ့အတွက် စာကူလုပ်ပေးရန် နားပူနားဆာတိုက်ထားခြင်းဖြစ်မည်။ လင်ချင်းဟယ်က ကြားရဖန်များ၍ နားငြီးလာပြီး အဆုံးတွင် သူ့ကိုလာပြောခြင်းဖြစ်လောက်မည်။

သူက ကျိုးနွံစွာ ခေါင်းညိတ်ပြလိုက်သည်။

“ ငါသိပါပြီ။ ငါ စာကြိုးစားပြီး အသက်ငယ်ငယ်လေးနဲ့ လုံးဝရည်းစားမထားပါဘူး…”

ထိုအခါမှ လင်ချင်းဟယ်၏မျက်နှာပေါ်ရှိ မကျေမနပ်မှုများက အနည်းငယ်မျှ လျော့ပါးသွားသည်။ သူက နှာတစ်ချက်မှုတ်ကာ နားကြပ်ကိုကောက်တပ်လိုက်ပြီး စာအုပ်ဖတ်နေလေတော့သည်။

ထောင်ရှီး၏ အတွေးထဲတွင်မူ “ထူးဆန်းလိုက်တာ” ဟူ၍ တွေးနေမိသည်။

လင်ချင်းဟယ်က သူ့အုပ်ထိန်းသူနှင့် တူနေသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။

သူကမူ ဂျစ်ကန်ကန် လုပ်တတ်သည့် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ပမာပင်။

______________

Continue Reading

You'll Also Like

26.2K 4.2K 12
Summary - The story between a little cockroach and a hottie. Original Author : Yi Wan Zhou | 碗粥 Tags - Danmei, BL, Cockroach, Kinky, hot gong, Cut...
45.5K 5.7K 24
ကူးပြောင်းခံရတဲ့သာမာန်လူသားလေးတစ်ယောက် မျိုးနွယ်စုက အသုံးမကျလို့စွန်ပစ်ခံလိုက်ရသော်လည်း ကူးပြောင်းခံရတုန်းက ရခဲ့သော ဆေးပညာ လက်ဆောင်လေးရခဲ့လေတယ် ။ sem...
4.6M 137K 52
After her mother's death Lilith gets a new legal guardian, her older brother. With no knowledge of having four other older brothers, Lilith is send...
13.2K 264 17
Y/N was the first girl sent into the maze right before Teresa, the only catch was that she was sent up the Box along with Thomas. Neither of them had...