𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒...

Autorstwa georgia_20ikj

2.5K 302 42

​ကောင်ငယ်​လေးရဲ့ နှလုံးသားတံခါးက ကျွန်​တော့်အတွက် မဖွင့်​ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။ Więcej

✩ Prologue ✩
✩ Chapter-1 ✩
✩ Chaptar - 2 ✩
☆ Chaptar - 4 ☆
☆ Chapter - 5 ☆
☆ Chapter - 6 ☆
☆ Chapter - 7 ☆
☆ Chapter - 8 ☆
☆ Chapter - 9 ☆
☆ Chapter 10 ☆
☆ Chapter - 11 ☆
☆ Chapter - 12 ☆

☆ Chapter - 3 ☆

174 27 0
Autorstwa georgia_20ikj

အချိန်အားဖြင့် ည ခုနှစ်နာရီ...........

အိမ်သို့​ရောက်​သော အချိန်ကတည်းကပင် အရိပ်​တောင်မမြင်​တွေ့ရ​သော ထိုလူ။ ထို့​ကြောင့် ဂျိတ်ခ်သည် ထိုလူအား ဧည့်ခန်းအတွင်းရှိ ဆိုဖာ၌ ထိုင်၍​စောင့်​နေ​လေသည်။

"ပတ်ခ်ဂျုံ​ဆောင်း.....!"

အိမ်ကျယ်ကျယ်အတွင်း၌ ကျယ်​လောင်စွာ ဟိန်းထွက်လာ​သောအသံ။ ထိုအသံ​ကြောင့် ဧည့်ခန်းတစ်ဖက်တစ်ချပ်ရှိ အခန်းမှ ​ဂျုံ​ဆောင်းဟာ အ​ပြေးအလွှား​လေး ဧည့်ခန်းဆီသို့ ​ရောက်လာသည်။

"ဘာလို့လဲ ဂျိတ်ခ်"

အ​ပြေးလာ​သော ထိုလူဟာ ဘာလုပ်​နေလို့ အခုမှ​ပေါ်လာသနည်း။ မဟုတ်မှ သူ့ကိုလျစ်လျူရှု​နေသည့်သ​ဘောလား။ ထိုလူဟာ သူ့လိုလူမျိုးကို လျစ်လျူရှုလို့ရသည်ဟုထင်​နေသည်ဆိုမှား​ပေလိမ့်မည်။

ထို့​ကြောင့် ဂျိတ်ခ်က....

"ခင်ဗျား ကျုပ်ကို ညစာမပြင်​ပေး​တော့ဘူးလား။ ဘယ်​တွေ​ရောက်​နေတာလဲ ခင်ဗျား။ ကျုပ် ဗိုက်ဆာလို့​သေ​တော့မယ်။

ဂျုံ​ဆောင်း လန့်သွားရသည်။ သူမှ ဟင်းမချက်တတ်ဘဲ။

"ဂျိတ်ခ်.....ကိုယ် ဟင်းမချက်တတ်ဘူး။ မင်း ဗိုက်ဆာတယ်ဆို ကိုယ်အပြင်မှာ ထွက်၀ယ်လိုက်မယ်​လေ"

ဂျုံ​ဆောင်းဟာ ချက်ချင်းပင် ကား​သော့​ကောက်ဆွဲ၍ ထွက်၀ယ်ဖို့ပြင်​နေစဥ်........

"မ၀ယ်နဲ့.....! ခင်ဗျားဘဲရ​အောင်ချက်။ ကျုပ် ခန​နေဆင်းလာရင် ခင်ဗျားချက်ထားတာ​တွေဘဲ မြင်ချင်တယ်"

ထိုသို့ဆိုကာ အ​ပေါ်သို့တက်သွား​သော ​ကောင်​လေး။

"ဟူး ~~~~"

မတတ်နိုင်။ ချစ်ရသူက ချက်ဆိုချက်မှာ​ပေါ့။

ထို့​ကြောင့် ​ရေခဲ​သေတ္တာထဲမှ ရှိသမျှ အသားငါးနှင့်ဟင်းရွက်များကို ယူထုတ်လိုက်သည်။ အရွက်များနှင့် အသားများကို​ရေ​ဆေးပြီးသည့်​နောက် ဘာကိုဘယ်လိုဆက်လုပ်ရမည်ကို ဂျုံ​ဆောင်းမသိ။ ထို့​ကြောင့် ​ခေတ္တခနမျှ ရပ်၍ စဥ်းစားကာ။

"ဒါဆိုအဆင်​ပြေ​လောက်မယ် ထင်တာဘဲ"

ဂျုံ​ဆောင်း အလွယ်ဆုံးဟင်း ကြက်ဥ​ကြော်သာ ​ကြော်လိုက်မည်ဖြစ်သည်။ ဒါ​တောင် သူမနည်း​ကြော်ရမည်ဖြစ်သည်။ အားလုံးပြင်ဆင်ပြီးသည့်​နောက် ဂျိတ်ခ်၏အခန်းတံခါးအား ​ခေါက်လိုက်ကာ။

"ကိုယ် ပြင်ပြီးပြီ။ လာစားလို့ရပြီ ဂျိတ်ခ်"

ထိုအချိန်တွင် အခန်းထဲမှ...

"ကျွီ...."

တံခါးဖွင့်သံနှင့်အတူ ​ကောင်​လေးအား သူ့ပင်မကြည့်ဘဲ ​အောက်ထပ်သို့ဆင်းသွား​လေသည်။ ထို့​ကြောင့် သူလည်း ​ကောင်​လေး​နောက်အမှီလိုက်ရ​လေသည်။

အခုသူ ဘာ​တွေစားရမှာ။ ပတ်ခ်ဂျုံ​ဆောင်း သူ့ကိုပညာပြသည်လား။

"ခင်ဗျား ကျုပ်ကိုရွဲ့တာလား။ ကြက်ဥ​ကြော်ဆိုလည်း မတူ​အောင်​ကြော်​လေ။ ဒီလိုတူး​နေတဲ့ဟာ​ကို ကျုပ်ဘယ်လိုစားရမှာလဲ....."

ထိုလူပြန်​ပြောသည်မှာ.....။

"ကိုယ်စစတုန်းက​တော့ အရွက်​ကြော်​လေးဖြစ်ဖြစ် ​ကြော်​ပေးမလို့ပါဘဲ။ ဒါ​ပေမဲ့ ဘယ်ကဘယ်လို စလုပ်ရမှန်းကိုယ်မသိဘူး​လေ။ အဲ့တာ​ကြောင့် ကြက်ဥ​ကြော်လိုက်တာ။ ပြီး​တော့ကြက်ဥ​ကြော်ထဲကို ဆီမထည့်လိုက်မိဘူး။ ​နောက်တစ်လုံး ​ကြော်မလို့ပါဘဲ။ ​အောက်ကျပြီး ကွဲသွားလို့။ ကြက်ဥက အိမ်မှာ နှစ်လုံးဘဲရှိတာမို့လို့ တူးသွားတာပါ"

ထိုလူ ​ပြောသွား​သော စကားများထံတွင် ဂျိတ်ခ် အာရုံမလား။ ထိုအစား တစ်ခုပြီးတစ်ခုဆက်တိုက်​ပြော​နေ​သော နှုတ်ခမ်း​လေးဆီ အကြည့်​ရောက်သွားမိသည်။ ပြီး​နောက်မှ သတိပြန်၀င်လာသည်။ သူအခုဘာ​တွေ​တွေး​နေတာလဲ။

"ထား​တော့။ ကျုပ် အပြင်မှာဘဲထွက်စား​တော့မယ်။ ​စောက်သုံးကိုမကျဘူး"

ထိုသို့​ပြောကာ အပြင်သို့ထွက်သွား​သော ​ကောင်​လေး။

"​ဟင်းချက်သင်တန်း တက်ရင်​ကောင်းမလား"

☆☆☆☆☆☆☆☆☆☆

အခု ည ဆယ့်တစ်နာရီပင် ထိုး​နေ​ချေပြီ။

ဂျိတ်ခ်က ယခုထိ အိမ်ပြန်မ​ရောက်​သေး။ ဂျုံ​ဆောင်းတစ်​ယောက် ခြံ​ရှေ့တွင်ထွက်၍ ​စောင့်​နေ​လေရာမှ ဂျိတ်ခ်၏ ကား​လေးကို မြင်လိုက်ရသည်။ ထို့​ကြောင့် ခြံတံခါး​လေးကိုတွန်းလိုက်​သောအခါ ကား​လေးသည် ခြံအတွင်းသို့ ​ရောက်ရှိသွား​လေသည်။

ကားတံခါးပိတ်သံနှင့်အတူ ​ကောင်​လေးကား​ပေါ်မှ ဆင်းလာသည်။

​ဂျုံ​ဆောင်းစကားစလိုက်သည်။

"ဂျိတ်ခ်.....​နောက်ကျတယ်​နော်"

ဂျုံ​ဆောင်း ထို​မေးခွန်းကိုမ​မေးလိုက်သင့်ပါ။ ထို​ကောင်​လေး၏ မျက်နှာတွင်ညစ်ကျယ်ကျယ် အပြုံးတစ်ခုချိတ်ဆွဲ၍ ​ဖြေလာသည့်အ​ဖြေမှာ သူ၏ ရင်၀အား​စောင့်ကန်သွားသည့်နှယ်။

"ဟုတ်တယ်....ကျုပ်ချစ်သူ​လေးနဲ့ shopping သွားထွက်တာ​လေ။ သူလိုချင်လို့ဆိုပြီး ကျုပ် စိန်လက်စွပ်​လေး​တောင်၀ယ်​ပေးလိုက်​သေးတယ်"

ဂျိတ်ခ် ထိုလူ ဘယ်လိုဖြစ်သွားမလဲဆိုတာသိချင်သည်။ သို့​သော်.......

"​ကောင်းပါတယ်"

ထိုလူ့စကားက ဒါအကုန်ဘဲလား....။

"ကိုယ်တို့ အထဲ၀င်ရ​အောင်​လေ။ ​နောက်ကျ​နေပြီ"

ထိုသို့ဆိုကာ အထဲသို့အရင်၀င်သွားသူ။

ဂျိတ်ခ် သူလိုချင်တဲ့အ​ဖြေမရခဲ့။ သူထင်ခဲ့တာက ထိုလူ့ရဲ့ မျက်နှာငယ် အားငယ်သွားတဲ့ပုံမျိုး။

"ဟာကွာ....!"

ဂျိတ်ခ် ကားတာယာကိုသာ အရှိန်ပြင်းပြင်း​စောင့်ကန်မိသည်။

ထိုညတွင် ဂျိတ်ခ်အိပ်မ​ပျော်ပါ။ ဂျုံ​ဆောင်းရဲ့စကားကိုသာ ထပ်ခါထပ်ခါ စဥ်းစား​နေမိ၍ ​ဒေါသထွက်​နေသည့် ​ကောင်​လေးတစ်​ယောက် ရှိသလို တစ်ဖက်တွင်လည်း ဂျိတ်ခ်၏ စကားများ​ကြောင့် ၀မ်းနည်း​စွာမျက်ရည်များ ရစ်သိုင်း​နေသည့် ကောင်​လေးတစ်​ယောက်လည်းရှိခဲ့ပါသည်။

☆☆☆☆☆☆☆☆☆☆

"ကိုယ် အလုပ်သွားလိုက်အုံးမယ် ဂျိတ်ခ်"

ထိုအချိန်တွင် ဂျိတ်ခ်ထံမှ...

"​နေအုံး"

ဂျုံ​ဆောင်း ​ကြောင်နနဖြင့် ကြည့်မိသည်။

"ည​နေကျ ကျုပ်ဒယ်ဒီက ခင်ဗျားကို ​တွေ့ချင်တယ်တဲ့"

ဂျုံ​ဆောင်းလည်း.......

"ဟုတ်ပြီ။ ကိုယ်သွားလိုက်ပါမယ်"

ထိုသို့ဆိုကာ ထွက်သွား​သော ထိုလူ။ သူ့ကို ဘာမှမ​ပြော​တော့ဘူးလား။ မနှုတ်ဆက်​တော့ဘူးလား။ သူ ဘာ​တွေဖြစ်​နေလဲ မသိ​တော့ပါ။ သို့​သော်......ထိုလူနှင့်ပက်သက်လျှင် ဂျိတ်ခ်ဟာ အရာရာကိုစဥ်းစား​နေပြီဖြစ်​လေသည်။

"ခွမ်း....!"

စိတ်ရှုပ်စွာ စားပွဲရှိဖန်ခွက်အားခွဲ၍ အ​ပေါ်သို့တက်သွား​သော​ကောင်​လေး။ ဂျုံ​ဆောင်း သာထို​ကောင်​လေး၏ အ​တွေးများကိုသိလျှင် ထက​နေမလား​လေ။

27.10.23

​ခွေး​ပေါက်က သူ့ကိုပစ်ထားလို့တဲ့ ကိုကို​ရေး....။ ရှင်မ်ဂျိတ်ခ်တို့များ​နော်....။

Czytaj Dalej

To Też Polubisz

1M 55K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
251K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
26.7K 400 72
Jennie was kidnapped and sold by a human trafficker to the countryside at the age of three. The Kim family found her back half a year ago, but becau...
5.8K 620 11
SUNJAY MYANMAR FANFICTION ONLY UNICODE