3 နှစ်ခန့်ကြာသော်
အရာရာ အားလုံးက နေသားတကျဖစ်နေခဲ့ပီပေါ့
ရာသီစက်ဝန်းကလဲ သူ့တာဝန်အတိုင်း လည်ပတ်နေခဲ့သလို
အချိန်တွေကလဲ တရွေ့ရွေ့သွားနေဆဲပဲ
ခုချိန်မာ အရာအားလုံး အသားကျနေပေမဲ့ နောင်တတွေနဲ့ဘဝကို ဆက်ရှင်သန်ခဲ့သူတယောက်ကတော့ ခုထိ အသားမကျသေးဘူး
"Jungkook "
"...."
"အရက်တွေချည်းဖိသောက်မနေနဲ့တော့ မင်းကျန်းမာရေးလဲ မင်းဂရုစိုက်အုန်း "
ဘေးကနေ ဘယ်လောက်ပြောပြော Jeon Jungkook တယောက်ကတော့ အရက်ခွက်ကို ကိုင်ပီး အေးဆေးသောက်နေဆဲပဲ
"အဖေဖစ်တဲ့သူထက် သားဖစ်သူက အရင်သေမာမျိုး ဖစ်အောင်
မင်းလုပ်နေတာလား "
"အဲဒါဆို Jimin hyung ဘယ်မာလဲဆိုတာ ပြောပြလေ
ဥက္ကဌ Jeon "
"ငါတကယ် မသိလို့ မပြောတာ
လွန်ခဲ့တဲ့ ၂နှစ်ကထိတော့ အဆက်အသွယ်ရနေပေမဲ့ နောက်ပိုင်းလုံးဝပျောက်သွားတာ "
"ညာတယ် ကျွန်တော့်ကို ညာနေကြတယ်
ကျွန်တော့်ရဲ့ Jimin hyung ကို ပြန်ပေးပါ
ကျွန်တော့်ရဲ့ခင်ပွန်းနဲ့ ကလေး ကို ပြန်ရှာပေးလေ "
"ခုမှ မင်းက ဘာလို့ ပြန်ရှာချင်တာလဲ "
"ကျွန်တော့်ခင်ပွန်းနဲ့ ကလေးလေ
ကျွန်တော် မိသားစုနဲ့ အတူ ပြန်နေချင်တာ "
"မင်းခုမှ ဘာလို့ ပြန်နေချင်ရတာလဲ
မင်းကိုယ်တိုင်ပဲ မောင်းထုတ်ခဲ့တာ မဟုတ်ဘူးလား ဟမ်
သူ့ဘာသာသူ အေးအေးချမ်းချမ်းနေပါစေကွာ
သွားမနှောင့်ယှက်ပါနဲ့တော့ "
"ကျွန်တော့်မှ အမှန်တရားကို မသိခဲ့တာ
ကျွန်တော် သိတဲ့အချိန်မာ အရာရာ နောက်ကျနေပီလေ "
Daddy လို့ မခေါ်ဖစ်ခဲ့တာ 3နှစ်လောက် ရှိပီ
ဘယ်သူ့မှ မပြောပြရင်တောင် daddy ကတော့ ကျွန်တော့်ကို ပြောပြသင့်တာပေါ့
ကျွန်တော့်မာ hyung နဲ့ရတဲ့ ကလေးလေး ရှိနေတယ်ဆိုတာ
ပြောပြသင့်တာပေါ့
ဟုတ်တာပေါ့ ကျွန်တော့်အမှားလဲ ပါတာပေါ့
ဘာကိုမှမဆင်ခြင်ဘဲ စိတ်ထင်ရာ လုပ်ခဲ့မိတာတွေ
ကိုယ် တကယ်ချစ်နေတဲ့ သူက ဘယ်သူလဲဆိုတာတောင် မသိခဲ့ဘူး
ကျွန်တော့်အမှားတွေပါပဲ
လွန်ခဲ့သော ၃နှစ်ဆီသို့
Cafe ကနေ Jimin တယောက် စိတ်လွတ်စွာနဲ့ လမ်းလျှောက်လာခဲ့တာ သတိထားမိချိန်မာတော့ ညဉ့်နက်တောင် ရောက်နေပီ
ဘယ်ဆီတွေရောက်နေလဲဆိုတာ မသိတော့ဘူး
လက်ထဲမာလဲ ပိုက်ဆံအိတ်တွေ ပါမလာခဲ့ဘူး
ဘယ်ဆီ ကျခဲ့လဲဆိုတာ မသိခဲ့ပေမဲ့ ပြန်ရှာချင်စိတ်လဲ နည်းနည်းတောင် မရှိတော့ဘူး
တော်သေးတာက အပေါ်ထပ်အကျီထဲမာ ဖုန်းရှိနေသာပေါ့
အဲတာနဲ့ ဖုန်းကိုထုတ်ပီး ခေါ်ဖို့ လုပ်တော့ ဘယ်သူ့ကို ခေါ်ရမလဲဆိုတာ ခေါင်းထဲစဉ်းစားလို့ကို မရဘူး
အဲ့ချိန် ကွက်တိဝင်လာတဲ့ ဖုန်းက ဆရာဝန်အကိုရဲ့ ဖုန်း
"Jimin ကိုယ် နက်ဖန် နိုင်ငံခြား သွားစရာရှိလို့
၃လ လောက် ကြာမယ် အဲတာ မသွားခင် check ပေးခဲ့မလို့ "
"အကို ...ကျွန်တော့်ကို ... မာလာခေါ်ပါလား "
"Jimin ညကြီးအချိန်မတော်ကွာ
အဲ့နေရာကို ဘာသွားလုပ်တာလဲ အရင်ထဲက အဲ့နေရာမာ လူကပြတ်ရတဲ့အထဲကွာ
ခု အကို ထွက်လာနေပီ
ခနတော့စောင့်နော် အကိုက ဆေးရုံကနေ ထွက်လာရမာဆိုတော့"
"ဟုတ် အကို ကျေးဇူးတင်ပါတယ်
ကျွန်ဝောာ် ဒီနေရာမာပဲ စောင့်နေလိုက်မယ်နော်"
"အင်း အဲ့နေရာမာပဲစောင့်နော် "
တော်သေးတာပေါ့ ဆရာဝန်အကိုဖုန်းဆက်တာနဲ့ ကွက်တိဖစ်သွားလို့ပေါ့ နောက်မို့ဆို ဘယ်သူ့ကို ဖုန်းဆက်ရမယ်ဆိုတာ စဉ်းစရမာကို မဟုတ်ဘူး
ခုရောက်နေတဲ့ နေရာနဲ့ မျက်နှာချင်းဆိုင် နေရာမာ bus stop လေးတွေ့တော့ ပျော်သွားတာတော့ အမှန်ပဲ
သွေးပူနေတုန်းမသိပေမဲ့ ခုသွေးအေးသွားမှ ခြေထောက်တွေက ကိုက်ခဲနေတော့ အဲ့ bus stop မာပဲ သွားထိုင်နေဖို့ ဆုံးဖြတ်လိုက်တယ်
အဲ့မာ စောင့်ရင်း နာရီဝက်လောက်တော့ မျက်စိရှေ့ကို ရောက်လာတဲ့ ကားအမည်းရောင် သုံးစီး
Jimin လဲ ဆရာဝန်အကိုများလားဆိုပီး ကြည့်မိလိုက်တော့
ရှေ့ဆုံးကားကနေ ထွက်လာတဲ့ Lee Joon hyung ဆိုတဲ့ သူ
"အလှလေး ဘယ်လိုလဲ
ကိုယ်ပြောပါတယ် အရင်ထဲက ကိုယ့်ကိုသာ ရွေးခဲ့ရင် ခုလိုတွေ ခံစားနေရမာ မဟုတ်ဘူး "
"Lee Joon hyung ခင်ဗျားကိုယ့်လမ်းကိုယ်သွား
ကျွန်တော့်စိတ်တွေ ကြည်မနေဘူး
ခင်ဗျားလာမနှောင့်ယှက်နဲ့ "
"ဟက် ကိုယ့်လမ်း ကိုယ်သွားနေတာလေ
မင်းကို အပိုင်ရဖို့လမ်းလေ "
"တောက် ခင်ဗျား "ဆိုပီး လက်သီးနဲ့ ထိုးဖို့လုပ်တော့
သူ့လက်ကို ဖမ်းဆွဲလိုက်တဲ့ Lee Joon hyung လက်ကြောင့် မျက်နှာဆီကို လက်သီးမရောက်ဘဲ Lee Joon hyung ရဲ့ လက်ထဲကို သူ့လက်ပဲ ရောက်သွားရတယ်
"လွှတ်စမ်း"
ဘယ်လောက်ရုန်းရုန်းလွှတ်မပေးတော့ ငိုချင်လာတယ်
တနေ့လုံး ဖစ်နေတဲ့ စိတ်ခံစားချက်တွေက တခုမှ မကောင်းတော့ ခုချိန် တနေရာမာထိုင်ပီး ငိုချင်နေတာ
ဒါပေမဲ့ အချိန်အခါနဲ့ အခြေအနေက သူ့ကို ငိုခွင့်တောင် မပေးဘူး
Lee Joon hyung လို လူရဲ့ရှေ့မာဆို ပိုလိုတောင် မငိုချင်သေးဘူး
ငိုချင်စိတ်ကို ထိန်းထားပီး အရေးကြီးတာ ဒီအခြေအနေက နေ မြန်မြန်ရုန်းထွက်နိုင်ဖို့ပဲ
"ရုန်းလေ မင်းကြိုက်သလောက်ရုန်း
အချိန် မင်းက ငါ့အပိုင်ပဲ ဖစ်လာမာ "
"စောက်ရူးလား ဟမ် ခင်ဗျားက
ကျုပ်က ဘာကိစ္စ ခင်ဗျားအပိုင် ဖစ်ရမာလဲ စဉ်းစဉ်းစားစားလဲ ပြော"
"အေး စောက်ရူး ဟုတ်တယ် မင်းကို မရလို့ ရူးနေတဲ့ အချစ်ရူးပဲ"
"ရူးချင်ရင် ခင်ဗျားဘာသာ တယောက်တည်း ရူး "
"ဟက် အချစ်ရူးဖို့ဆို မင်းလိုတယ်လေ လိုက်ခဲ့ ငါ့နောက် "
"ခင်ဗျားလို စောက်ရူးနောက် ကျုပ်က ဘာကိစ္စလိုက်ရမာလဲ"
"Park Jimin ကိူယ်မင်းကို သဘောကျလွန်းလို့ အလျော့ပေးထားတာနော်
ကိုယ်ချော့ပြောနေတုန်း ကိုယ့်နောက် သာသာကြည်ကြည် လိုက်ခဲ့ "
"လွှတ်စမ်း "
လက်ကို ခုထိ ဆုတ်ထားတဲ့ အားက သန်သန်မာမာ ယောကျာ်းတယောက်ရဲ့ အားကြောင့် လက်ကောက်ဝတ်တခုလုံးတော်တော်ကို နာနေတယ်
"လိုက်ခဲ့ပါကွာ ကိုယ်နဲ့ နိုင်ငံခြား ကို အတူတူ ထွက်သွားကြမယ်လေ "
"ဟင့်အင်း ကျွန်တော်က ဘာလို့ ခင်ဗျားနောက်ကို လိုက်ရမာလဲ
လိုက်စရာ ဘာအကြောင်းမှ မရှိဘူး
ကျွန်တော့်လက်ကို လွှတ်ပေးပါ ဒါ ကျွန်တော် အနူးအညွတ်
တောင်းဆိုနေတာ "
အတတ်နိုင်ဆုံးစိတိလျော့ပီး ဒီပြသနာကို အေးအေးဆေးဆေး ဖြေရှင်းချင်လို့ Lee Joon hyung ကို ပြောပြတော့
"မင်းလေးကလေ ကိုယ့်ကို အမျိုးမျိုး ပြုစားလွန်းတယ်
ကိုယ်တကယ် မင်းကို ရူးရူးမူးမူးကြိုက်တာ
မင်းယောကျာ်းက ဘာကောင်းလို့ သူ့ကို တမ်းတမ်းစွဲဖစ်နေတာလဲ ဒီလို ဖောက်ပြန်တတ်တဲ့ ယောကျာ်းမျိုးကို
ပီးတော့ သူ့ပုံစံကြည့်ရတာ မင်းကို မချစ်မှန်းလဲ သိသာနေတာကို
အော် ပီးတော့ကိုယ်သတင်းတခု ကြားသေးတယ်
မင်းယောကျာ်းက မင်းကို ကွာရှင်းခွင့်တောင်းသေးတယ်ဆို
အဲလို လူမျိုးကို မေ့လိုက်ပီး ကိုယ့်နောက်ကို လိုက်ခဲ့ "ဆိုပီး ကားပေါ်ကို အတင်း ဆွဲတင်တော့ Jimin လဲ လန့်ပီး အသည်းကုန် ရုန်းတော့တာပဲ
ကားပေါ်ရောက်တော့ သူ့လက်ရှည်ကို အတင်းဆွဲဖြုတ်
အတွင်းအကျီကို အတင်းဆွဲဖြုတ်တော့
လန့်ပီး ဗိုက်ကို ကာထားမိတယ်
ဟင့်အင်း ကယ်ကြပါအုန်း
Lee Joon hyung ဆိုတဲ့လူက မျက်နှာကို အတင်းလာနမ်းတော့ အားအကုန်ရုန်းပီး ကားပေါ်ကနေ အတင်းဆင်းပြေးလာမိတယ်
ကယ်ကြပါအုန်း ကယ်ကြပါအုန်း ကျွန်တော့်ကို ကယ်ကြပါအုန်း စိတ်ထဲကနေ အကြိမ်ကြိမ် အော်ပြောနေပေမဲ့ ပါးစပ်ကနေတော့ ဘာစကားမှ ထွက်မလာနိုင်ဘူး
သူ့နောက်ကို Lee Joon hyung လူတွေအများကြီး လိုက်လာနေတော့ အသားကုန်ပြေးနေတုန်း ကားမီးရောင် တခုကြောင့် မျက်လုံးကျိန်းပီး မျက်စိကို အုပ်ထားမိတယ်
"Jimin ဘယ်လိုဖစ်လာရတာလဲကွာ "
"အကို ကျွန်တော့်ကို ကယ်ပါအုန်း ကျွန်တော့်နောက်က်ကို လူတွေ လိုက်လာလို့ "
ဟုတ်ပါရဲ့ လိုက်လာကြတဲ့ လူတွေက နည်းနည်းနောနောမှ မဟုတ်တာ
"လာ လာ ညီလေး အကို့ကားပေါ်တက်" ဆိုပီး အကို့ကားပေါ်ရောက်မှ သက်ပြင်းချနိုင်ခဲ့တယ်
"ကျေးဇူးပါ ကျေးဇူးအများကြီးတင်ပါတယ် အကိုရေ "
Jimin hyung ထွက်သွားပီး Jeon Jung Kook လဲ
စိတ်ညစ်ညစ်နဲ့ Lee honey နဲ့အတူတူ bar ကိုသွားပီး အေးဆေးသောက်နေလိုက်တယ်
ထွက်သွားတဲ့ကျောပြင်လေးကို ကြည့်ပီး ငိုချင်လာတာရော
ခုလို ဖစ်သွားတဲ့အခြေအနေအပေါ်မာပါ ပျော်ရမဲ့အစားဝမ်းနည်းလာတဲ့ ကိုယ့်ကိုကိုယ့်လဲ နားမလည်နိုင်ခဲ့ဘူး
တညလုံးသောက်ပီး အိမ်ကို ပြန်ရောက်တာ့ အိမ်ထဲ ဝင်ဝင်ချင်း မျက်နှာတည့်တည့်ကို အထိုးခံလိုက်ရတယ်
တရားခံကတော့ မွေးသဖခင် ကျေးဇူးရှင်ကြီး
"ခွေးကောင် သွား မင်းထွက်သွားစမ်း လူကမွေးပီး လူလို မသိတဲ့ အကောင်
Jimin လေးအစား မင်းထွက်သွားရမာ "
"Daddy ရာ ဘာတွေ လာပြောနေတာလဲ"
"မင်း... မင်းကွာ သူ့မာ မင်းရင်သွေးလေး ပါသွားတယ်ကွ
သူခမျာ မင်း မင်းအတွက် ချစ်လွန်းလို့ယောကျာ်းလေးတန်မဲ့
ကလေးလေးကို လွယ်ပေးခဲ့တာ "
"ဟ ဘာတွေ လာပြောနေတာလဲ"
Daddy ကအစအဆုံး ရှင်းပြပီးနောက်မာတော့ ကြမ်းခင်းပေါ်ကို ထိုင်ချလိုက်မိတဲ့ Jeon Jung Kook တယောက်
ကျွန်တော် မှားသွားခဲ့ပီပေါ့
Hyung မာ ကျွန်တော့် ကလေးလေး ရှိနေတယ်တဲ့
သွားပီ ကျွန်တော် မှားသွားပီ
27.10.2023