စူးရှတဲ့အလင်းရောင် ထိုးကိုက်နေတဲ့ ခေါင်းနဲ့
အတူ စတင်လာတဲ့ ရစ်ခီရဲ့ မအီမသာ မနက်ခင်း။ အရက်သောက်ရတာ ကြိုက်ပေမဲ့
အရက်နာကျတာကိုတော့ တကယ်မကြိုက်။
ရစ်ခီ အရက်သောက်တာရှားရခြင်းကလည်း
အရက်နာကျသည့်ဒဏ်ကို မခံနိုင်လို့ဖြစ်သည်။
"ဒါ ဘယ်နေရာလဲ"
ထထိုင်လိုက်ပေမဲ့ မဖွင့်နိုင်သေးတဲ့ မျက်လုံးကြောင့် ရစ်ခီ ကုတင်ပေါ်တွင် ခဏငုတ်တုတ်ထိုင်မိသည်။
ခေါင်းကြည်သွားသည်ဆိုမှ အခန်းတွင်းစူးစမ်း
ကြည့်လိုက်တော့ မြင်နေကျမဟုတ်တဲ့ အပြင်ဆင်၊ပရိဘောဂ။
"ဘယ်ကိုရောက်နေတာလဲ"
အခန်းထဲကနေ ထွက်လာလိုက်တော့ ဘယ်သူမှမရှိတဲ့ ဧည့်ခန်း။ အခန်းထဲပြန်၀င်လိုက်ကာ လှည့်ပတ်
ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့
အိပ်ခန်းတစ်ခန်းစာလောက်ရှိတဲ့ အ၀တ်လဲခန်း။
အဝတ်စားတွေမှရသည့် ခပ်သင်းသင်း
ယောကျာ်းသုံးရေမွှေးအနံ့။
အနံ့ခံနိုင်စွမ်းကောင်းတာကိုပဲ အပြစ်တင်ရမယ်။
"ဂယူဗင်း အိမ်လား"
ရစ်ခီပတ်၀န်းကျင်တွင် ဒီရေမွှေးနံ့သုံးတဲ့သူသည်
ဂယူဗင်းတစ်ယောက်ပဲရှိသည်။အဲတာကြောင့်
မမှတ်မိချင်လည်း မှတ်မိနေတာဖြစ်သည်။
ဘာတွေ ဘာလိုဖြစ်ကုန်မှန်းမသိပေမဲ့
တစ်ယောက်တည်းနိုးလာတာကိုတော့
ရစ်ခီ မကျေနပ်ပေ။
အမှန်ဆို ဧည့်သည်ကို တစ်ယောက်တည်းမထားခဲ့
သင့်ဘူးမလား။ ဘာပဲဖြစ်ဖြစ် သူများအိမ်ကိုလာရင် ဧည့်သည်ပဲလေ။
ကုတင်ဘေးက ဖုန်းကိုယူကာကြည့်လိုက်တော့
ဖွင့်မဖတ်ရသေးတဲ့ စာတိုတစ်စောင်။
/ မနက်ပိုင်း ရိုက်ကူးရေးရှိလို့ ကိုယ် သွားရမယ်။
မီးဖိုချောင်က စားပွဲပေါ်မှာ မနက်စာ
ထားပေးခဲ့တယ်။ စားလိုက်ဦး မအီမသာဖြစ်နေရင် သောက်ဖို့ ဆေးလည်း ကိုယ် ထားပေးခဲ့တယ်။ နောက်ဆို အရက်တွေအများကြီးမသောက်နဲ့
သောက်လည်းမသောက်နိုင်ဘဲနဲ့/
မီးဖိုချောင်ပေါ်က မနက်စာကိုမြင်လိုက်တော့
ရစ်ခီ စိတ်ထဲနေလို့ ကောင်းသွားသည်။
အရက်နာကျတာ သက်သာသွားတာထင်တယ်။
/မင်းလည်း မနေ့က သောက်ထားတာမလား။
ကိုယ်ဘာကိုယ်လည်း ဂရုစိုက်ဦး/
***
ထိုနေ့မှစပြီး မတွေ့ရသည်မှာ အတော်တန်
ကြာသွားသည်။ထိုအစား နှစ်ယောက်ကြား
စာပို့ ဆက်သွယ်တတ်သည့် အလေ့ထတစ်ခုတော့
တိုးလာသည်။
မသိရင် အွန်လိုင်း ရည်းစားထားတာ ကျလို့။
ကိုယ့်အတွေးနဲ့ကိုယ် ကြက်သီးထသွားတာများ
ရစ်ခီ တစ်ကိုယ်လုံး တွန့်လိမ်သွားမိသည်အထိ။
"ငါက ကင်ဂယူဗင်း နဲ့ အဲလိုတွေးလိုက်တာလား
ဟားဟား မဖြစ်နိုင်တာ"
တစ်ယောက်တည်းတွေး တစ်ယောက်တည်း
အနေခက်နေသည့် ရစ်ခီသည် ဖုန်းကို အိတ်ထဲ
ထိုးထည့်ကာ ဂယူဗင်း ဘာပို့ပို့ လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။ သေရေးရှင်ရေးမှ မဟုတ်တာ။ သေရေးရှင်ရေးဆို ဖုန်းဆက်လိမ့်မယ်။
တစ်ဖက်တွင် စာပို့နေရင်းမှ ရုတ်တရက်စာမပြန်တော့တာကြောင့် ဂယူဗင်းသည် အူကြောင်ကြားနဲ့ကျန်ခဲ့သည်။
"ဂယူဗင်း ရှင့် ဂယူဗင်း အလှည့်ရောက်ပြီ"
"ဟုတ်ကဲ့ ကျွန်တော် လာခဲ့မယ်"
ဖုန်းကို ဘေးချကာ ကြော်ငြာအတွက်
ဓါတ်ပုံရိုက်ဖို့ သွားရသည်။
မန်နေဂျာအစ်ကိုကို့လည်း ရစ်ခီ စာပို့ရင် သူ့ ကို
လာပြောဖို့ မမေ့နဲ့လို့လည်း အထပ်ထပ်
မှာ သွားသေးသည်။
မန်နေဂျာအစ်ကိုရဲ့ "ပိုလိုက်တာ" ဆိုတဲ့ အကြည့်ကိုတော့ ဂယူဗင်းသည် မမြင်ချင်ယောင်ဆောင်မိသား။
ညနေအထိတောင် စာမပြန်တော့သည့် ရစ်ခီသည်
တကယ်ကို့နားလည်ရခက်သား။
တခြားသူတွေအတွက်ဆိုရင်ပေါ့လေ။
ဂယူဗင်းအတွက်ကတော့ ထိုကြောင်ဝါလေးသည် နားလည်ရအလွယ်ဆုံး သင်္ချာပုစ္ဆာလေးလိုပေ။
တွေးချင်ရာတွေး လုပ်ချင်ရာလုပ်တတ်သည့်
ဗရုတ်အကျင့်လေးဟာ ယခုထိမပျောက်။
"ရစ်ခီ စာပြန်ဦးလေ ကိုယ့်ကို"
sent ပြပြီး seen မပြတာကြောင့် ဂယူဗင်း ကား
ဦးတည်ရာပြောင်းလိုက်သည်။ တစ်ဆက်တည်း
ဖုန်းကောလ်ကို နိုပ်လိုက်သည်။
ပထမတစ်ကောလ် ကျသွားသည်။
လက်ခံဖြေတဲ့သူမရှိ။ဒုတိယတစ်ကော်လ်အတွက်
ကတော့ ကံကောင်းသည်လို့ပြောရမည်း
တော်တော်ကြာကြာမှ ပြန်ဖြေလာသည်။
"ရစ်ခီ"
"ကျေးဇူးပဲ ဂယူဗင်း ငါ ဖုန်းပျောက်နေတာ
မင်းခေါ်မှ ပြန်တွေ့တော့တယ်"
"..."
"ငါ အိမ်သန့်ရှင်းရေးလုပ်ပြီး ဖုန်းရှာမတွေ့တာနဲ့
ရှာနေတာ ပြန်တောင် နည်းနည်းရှုပ်သွား"
"ကိုယ် ကိုစာမပြန်တော့ စိတ်ပူလို့"
"အော် ဘာမှတော့မဖြစ်ပါဘူး ဒီတိုင်း မပြန်ချင်လို့"
"ကားပါကင်မှာ ကိုယ်တက်လာခဲ့မယ်"
"နေဦး ငါဆင်းလာခဲ့မယ်" ဆိုတဲ့ စကားကိုတောင်
မပြောလိုက်ရ ဖုန်းချသွားတဲ့ ဂယူဗင်းကြောင့်
ရစ်ခီဟာ ကြောင်အအလေးကျန်ခဲ့သည်။
ဘဲလ်သံကြားလို့ တံခါးသွားဖွင့်ပေးလိုက်တော့ မိတ်ကပ်တောင်မဖျက်ရသေးသည့် ဂယူဗင်းကို
တွေ့ရသည်။
ဂယူဗင်းနဲ့ယှဥ်လျှင် အိမ်သန့်ရှင်းရေးလုပ်ထားပြီး အိမ်နေရင်း၀တ်စုံနဲ့ ရစ်ခီသည် မိုးမိထားတဲ့
ကြောင်စုတ်လေးသာသာ။
"မင်းက ဒါဘာဖြစ်"
၀င်၀င်ချင်း ဆံပင်ဖွခံလိုက်ရတာကြောင့်
ရစ်ခီသည် ဂယူဗင်းအား စူးစိုက်ကြည့်သည်။
"မင်း ဆံပင်ဒီလို ပုံလေးကို ကိုယ်သဘောကျတယ်၊အရင်ကဆို မင်း ဆံပင်ကအမြဲ ချထားတာလေ
ဖွယောင်ယောင်လေး"
"အရင်အကြောင်းတွေလာမပြောနဲ့
မင်း အခုလာတဲ့ အကြောင်းကိုပဲပြော"
"အိမ်ထဲအရင်ပေး၀င်ပါဦးလား"
"၀င်ပေါ့ မင်း ကို ဘယ်သူကမ၀င်ခိုင်းလို့လဲ"
တကယ့်ကို စွာစိလန်လေးပေ။
"မင်း သန့်ရှင်းရေးလုပ်ထားတယ်ဆိုတာ ဒါလား"
အနည်းငယ်ပွသယောင်ရှိနေသော ဧည့်ခန်းကို
ကြည့်ပြီး မေးသည့် ဂယူဗင်းအတွက် အဖြေဟာ
ရစ်ခီ ဆီမှာမရှိ။သူသည်လည်း သူပဲလေ
သန့်ရှင်းရေးလုပ်ပြီးကာမှ ဖုန်းပျောက်လို့ ရှာပုံတော်
ဖွင့်ရင်း မဆိုသလောက်လေး ပြန်ဖွမိသွားသည်။
"မင်းကရော ငါ သန့်ရှင်းရေးလုပ်ထားလား
မလုပ်ထားလား လာစစ်တာလား"
"မတွေ့ရတာကြာတော့ စိတ်ရှင်းအောင် လာတွေ့တာ"
"ရူးနေလား ဘာတွေလာပြော"
စူးစိုက်ကြည့်ပြီး ပြောနေသည့် ဂယူဗင်းကြောင့်
ရစ်ခီဟာ ရှိန်းတိန်းတိန်း။
"မျက်နှာလာမပြဘူးဆိုလည်း စာလေးတော့ပြန်ပါကွာ"
တောင်းဆိုသည့်အသံလေးနဲ့ပြောလာတော့
ရစ်ခီ အားနာစိတ်လေးပင် ဖြစ်လာသည်။
သပ်သပ်စာမပြန်တာမဟုတ်ပေမဲ့လည်း
တစ်ဖက်သူက အထူးသဖြင့် ဂယူဗင်းက
ဒီလိုပြောလာတော့ စိတ်ထဲမကောင်း။
"ငါ သဘောပဲဟာ ဘာလုပ်လုပ်ပေါ့"
အသံသေးသေးလေးကြောင့် ဂယူဗင်းသည်
ရစ်ခီ အားတစ်ချက်မသိမသာအကဲခတ်သည်။ကြောင်ဝါလေးက စိတ်မကောင်းဖြစ်နေပြန်ပြီ
ထင်တယ်။ ရစ်ခီက တစ်ဖက်လူအပေါ်မသိမသာအားနာတတ်ပေမဲ့ အကြောတင်းချင်ယောင်ဆောင်တဲ့ဂျစ်တူးလေး။
"ရစ်ခီ"
မျက်လုံးလေး လှန်ကြည့်လာသည်။ ပါးစပ်က
ပြန်မထူးပေမဲ့ ဂယူဗင်း ခေါ်တာကို အသိမှတ်ပြုတယ်ဆိုသည့် သဘော။
"ရေချိုးခန်း ဘယ်မှာလဲ ကိုယ် ခဏသုံးချင်လို့"
"အိပ်ခန်းထဲ၀င်လိုက်ရှိတယ်"
"အိပ်ခန်းထဲကို အဲလိုပဲ အလွယ်တကူ
လူတိုင်းကို၀င်ခိုင်းတာလား"
"ဘာလဲ မင်းပဲ ရေချိုးခန်းသုံးချင်လို့ဆို ငါကို
လာမရစ်နဲ့ ကင်ဂယူဗင်း"
မျက်မှောက်ကြုတ်လျက် ဆောင့်ဆောင့်အောင့်
အောင့် အသံလေးထွက်လာသည်။
"လူတိုင်းကို မ၀င်ခိုင်းနဲ့ ကြားလား"
ခိုင်းစေသည့် အသံလည်းမဟုတ်။
အမိန့်ပေးသည့်လေသံနဲ့မတူပေ။
ဂယူဗင်း၏ထိုအသံသည် နူးနူးညံ့ညံ့နဲ့
တစ်ဖက်သူအား နာခံချင်စိတ်အပြည့်ဖြစ်အောင်
စွမ်းဆောင်နိုင်သည်။
သို့သော် သူသည် တခြားသူမဟုတ် ရစ်ခီ ဖြစ်သည်။
"ဘယ်သူကိုမှလည်း မ၀င်ခိုင်းပါဘူး
မင်း မို့လို့ မကောင်းတတ်လို့ "
"ကိုယ်မို့လို့လား ကိုယ်ကတော့ မကောင်းတတ်လို့ ငှားပေးကနေ လိုလိုချင်ချင်ငှားပေးတာကို ခံချင်တာ"
"သွားသေလေ၊ငါက သူစိမ်းတစ်ယောက်ကို ဘယ်တော့မှ လိုလိုချင်ချင်နဲ့ မငှားပေးနိုင်ဘူး"
ရစ်ခီ၏ ပက်ခနဲ ပြန်ပြောသံသည် ဂယူဗင်း
နားထဲမှာတော့ ကြောင်ကလေးတွေ၏
မြောင် လို့အော်သံနဲ့ဆင်သည်။
ရန်လိုနေပေမဲ့ အသည်းယားစရာကောင်းလှသည်။
"အဲဒါဆို ဘာလို့မင်းအိပ်ခန်းထဲကို
သူစိမ်းတွေကိုပေး၀င်တာလဲ"
ဂယူဗင်း၏ မျက်ခုံးတစ်ဖက်ပင့်ပြီး ပြုံးစစမျက်နှာပေးကို ရစ်ခီ အမြင်ကတ်လှသည်။
"ဘယ်မှာပေး၀င်လို့လဲ မင်း ကိုပဲပေး၀င်တာ"
"ဒါဆို ကိုယ်က မင်းအတွက် သူစိမ်းမဟုတ်ဘူးပေါ့
ရစ်ခီ"
တကယ့်ကို လိုချင်တာရသွားတဲ့ မျက်နှာပေးနဲ့
ဂယူဗင်းပါပေ။ ကိုယ်ဘက်ကိုယ်ယက်ပြောတဲ့နေရာမှာတော့ ရစ်ခီ ညံ့သည်။မျက်နှာပြောင်တိုက်တတ်နေရာတွင်လည်း ဂယူဗင်းအား ရစ်ခီ မနိုင်ပေ။
စကားမှားသွားမှန်းသိသည့် ရစ်ခီသည် လှစ်ကနဲ
လှည့်ထွက်သွားသည်။ ခြေတံ၊လက်တံရှည်သည့်
ဂယူဗင်းသည် ရစ်ခီ လက်အား ဆွဲယူကာ သူ နဲ့ မျက်နှာချင်းဆိုင်စေသည်။
"ကိုယ် မင်းကို ချစ်တာ မင်း သိတာပဲ ရစ်ခီရာ
မသိချင်ယောင်မဆောင်ပါနဲ့၊ အရင်ကရော အခုကရော ဘယ်တုန်းကမှ ကိုယ်မနောက်ဖူးဘူး"
စူးရှတဲ့ အကြည့်တွေအောက်မှာ ရစ်ခီသည်
စတော်ဘယ်ရီလုံးလေးအလား။ နက်ရှိုင်းတဲ့ မျက်၀န်းတွေအောက်မှ ဘယ်တုန်းကမှ
ရစ်ခီသည် ရုန်းမထွက်နိုင်ခဲ့ပေ။
စတွေ့တုန်းကရော အခုချိန်ရော။
ရစ်ခီ၏ ခြေထောက်တွေပျော့ခွေသွားသည့်အလား ဆောင့်ကြောင့်ထိုင်မိသွားသည်။ ဂယူဗင်းသည်
ရစ်ခီနည်းတူ ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ဆောက်ရူး"
"အင်း ကိုယ်က ဆောက်ရူး မို့လို့ အခုချိန်ထိစောင့်ရအောင်လုပ်ထားတာ အရင်ကတည်းက ကိုယ်ကိုမင်းပိုင်တယ်၊အခုလည်းပိုင်တယ်၊
နောက်လည်း မင်း အပိုင်ဖြစ်ချင်တယ်၊
ကိုယ်ကလည်း မင်းကို ပိုင်ချင်တယ် ချွမ်းရွေ့"
ငြိမ်သက်သွားသည့်လေထုသည် နေရာခက်လှသည်။
နာရီလက်သံ ရွေ့သံမှတစ်ပါး အခြား အသံသည်
မရှိ။
ဂယူဗင်းသည် စကားတစ်ခွန်းမှမပြော ရစ်ခီ အား
ကြည့်သည်။ ရစ်ခီ၏ ငုံ့ထားသော မျက်နှာလေးအား ပြန်မော့ယူဖို့ မကြိုးစား။
ငုတ်တုတ်လေးထိုင်နေသော ရစ်ခီ ကိုလည်း ဆွဲမထူ။
ရစ်ခီ သည် ရုတ်တရပ် ထရပ်လိုက်သည်။
ဂယူဗင်းသည် ရစ်ခီအား မော့ကြည့်သည်။ မထမိ။
"မင်း မိတ်ကပ်ဖျက်မှာလား။ရေချိုးမလို့လား။
အဲတာအရင်လုပ်"
"ရစ်ခီ"
ဂယူဗင်းသည် ရစ်ခီ၏ မျက်နှာအား
အကဲခတ်သလိုကြည့်သည်။
"သွားလို့ မင်းကိစ္စမင်း အရင်လုပ်"
"စိတ်ဆိုး.."
"သွားပါဆိုကွာ"
ရစ်ခီ ၏ စိတ်မရှည်သောအသံသည်ဂယူဗင်းအား
ရစ်ခီစကားမှန်သမျှကို နာခံစေသည်။
"ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ကိုယ်ကို ခဏလေးပဲ
စောင့်နော်"
ဂယူဗင်း ပြန်ထွက်လာသော်အခု ရစ်ခီသည်
ဆိုဖာပေါ်တွေ ဆောင့်ကြောင့်လေးထိုင်နေသည်။
"ချွမ်းရွေ့ ဘာလုပ်နေတာလဲ"
ဂယူဗင်း ရှိရာဘက်ကိုမျက်လုံးလေးပဲ
စွေကြည့်လာသည်။
"ကြောင်တောင်တောင်နိုင်လို့ အခုအခြေနေရော
ငါရော မင်းရော"
"ဘာကိုလဲ"
"ဂယူဗင်း"
ဂယူဗင်းသည် ရစ်ခီ ထိုင်နေသည့်
ဆိုဖာအောက်တွင် ထိုင်ချသည်။ရစ်ခီ ၏ အပြောကို စောင့်နေသော အမူအရာနဲ့ ကြည့်သည်။
ရစ်ခီ ဘာဆက်ပြောမလဲ နားထောင်လိုစိတ်အပြည့်။
ရှင်ဘုရင် ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်နေသော
မှူးမတ်တစ်ယောက်ကဲ့သို့။
"ငါတို့ ဒီကြောင်တောင်တောင်နိုင်တဲ့
အခြေနေကို ဆက်သွားဖို့ဖြစ်နိုင်မယ်ထင်လား"
"အင်း မင်းသာ ကိုယ်ဘေးရှိရင်ပေါ့"
"မထင်လို့လည်းမရဘူး ငါက ဒီအခြေနေကို
ဆက်သွားချင်တယ်၊ကြောင်တောင်တောင်နိုင်တဲ့အလုပ်ကိုမင်းနဲ့အတူ ဆက်လုပ်ချင်တယ်"
ဂယူဗင်းသည် လည်ချောင်းသံနဲ့ "အင်း" လို့
အသံပြုသည်။
ရစ်ခီ၏ မျက်နှာလေးအား ဂယူဗင်း၏
လက်အကြီးကြီးတွေကြား နှစ်မြှုပ်စေသည်။
လက်မလေးနဲ့ ရစ်ခီ ၏မျက်ခမ်းစပ်လေးအား
ခပ်ဖွဖွလေး ပွတ်သပ်သည်။
ဂယူဗင်း၏ နှုတ်ခမ်းတွေနဲ့ စတော်ဘယ်ရီ ဂျယ်လီအရသာကို မြည်းစမ်းသည်။
ရစ်ခီ၏ နှုတ်ခမ်းတွေသည် ချိုလှသည်။
သို့သော် သူ့အတွက် ဘေးဥပါဒ်မဖြစ်စေ။
"ကိုယ်ဒီနေ့ ချွမ်းရွေ့နဲ့ အိပ်မယ်နော်"
"မင်း ဆိုဖာပေါ် အိပ်နိုင်ရင်အိပ်ပေါ့"
"ဟာ ချွမ်းရွေ့ကလည်း"
ရစ်ခီသည် ဂယူဗင်းအား လျစ်လျူရှုကာ
အခန်းထဲ၀င်လာလိုက်သည်။ မယုံနိုင် အိပ်မက်လား လက်တွေ့လားဆိုတာ သိရအောင် ကိုယ့်လက်ကိုယ် ဆွဲဆိတ်ကြည့်သည်။ နာသည်။ အိပ်မက်မဟုတ်။
ခေါင်းအုံးထဲ မျက်နှာနှစ်ကာ အိပ်ပစ်ဖို့ကြံသည်။ စိတ်လှုပ်ရှားလွန်းလို့ ရစ်ခီ၏ ခြေဖျား၊လက်ဖျားတွေအေးနေသည်။စောင်ကိုခေါင်းမြီးခြုံပစ်သည်။
တံခါးအား လော့ခ်မချထားဖြစ်ခဲ့ အိပ်ခန်းထဲ
နောက်တစ်ယောက်၀င်ဖို့ ကျန်သေးသည်လေ။
***
ဂယူဗင်း နဲ့ ရစ်ခီ ၏ ချစ်သူရည်းစားဘ၀သည်
အတော်လေး သက်သောင့်သက်သာရှိလှသည်။ တခြားနာမည်ကြီးတွေလို ခိုးကြောင်ခိုးဝှက်ချိန်းတွေ့စရာမလိုပေ။ တွေ့ချင်သည့် အချိန် သွားတွေ့နိုင်သည်။
ဆိုးသည့်တစ်ခုက အများမြင်မှာ သူငယ်ချင်းတွေ
လို့ ထင်နေတာပဲဖြစ်သည်။
ဒီတစ်ခုကိုတော့ ဂယူဗင်း သိပ်မကျေနပ်ပေ။
ဂယူဗင်းသည် မသိမသာ (သို့) သိသိသာသာ ဖန်
တွေအား အရိပ်မြွက်ပေးတတ်ပေမဲ့
သူငယ်ချင်းတွေလို့ ထင်နေဆဲသာဖြစ်သည်။
ဂယူဗင်းသည် live လွှင့်တိုင်း အေဂျင်စီမတူ၊ ရိုက်ကူးရေးလည်းမတူပေမဲ့ ရစ်ခီ ကိုပါ ခေါ်ပြီး live လွှင့်ဆဲ။ ဒါတောင် တချို့ ကွန်မန့်တွေက သူကို နာကျင်စေသည်။
/ဂယူဗင်းရေ ကိုကို ကို့မှမရလည်း ကိုကို သူငယ်ချင်းဖြစ်ဖြစ်/
/ဂယူဗင်းနဲ့ ရစ်ခီ က ETL ပြီးကတည်းက ရင်းနှီးသွားကြတာ သက်တူရွယ်တူမို့လို့ထင်တယ်/
/ငါ သိတယ်လေ ကိုကိုဂူဘင်း live လွှင့်ပြီးဆိုကတည်းက ရစ်ခီပါနေမယ်လို့ ချစ်တယ်နော် ရစ်ခီ ဝူး ဝူး/
/ငါ ဘစိနှစ်ယောက်က သူငယ်ချင်းဖြစ်သွားတာ
အရမ်းပျော်တာပဲ/
ထိုသို့ထိုသို့ ကွန်မန့်တွေဖြစ်သည်။
ဘယ်သူငယ်ချင်းက မဆီမဆိုင် ဖက်လို့လဲ?
ဘယ်သူငယ်ချင်းက ချစ်ဖို့ကောင်းလွန်းလို့
သေနိုင်တယ် ပြောလို့လဲ?
ဘယ်သူငယ်ချင်းက နမ်ဖြောင်း လို့ပြောလို့လဲ?
ဂယူဗင်းသည် ရင်နာရသည်။ထိုအကြောင်းကို
ရစ်ခီ အားပြောပြတိုင်း ရစ်ခီသည် အကဲပိုလှသော
ဂယူဗင်းအား ဟားတိုက်ရယ်ပစ်တတ်သည်။
ကြောင်ဝါလေးက ရယ်နိုင်ပေမဲ့ ကိုယ်ကတော့
မရယ်နိုင်ဘူး ကိုယ်တကယ် သူတို့ကို ရစ်ခီကို ကိုယ် ပိုင်ကြောင်း ပြချင်တာလို့..
****
"ရှန်ရှန်ရေ ETL က နောက်လကျရင် ပြတော့မယ်လို့ ပြောတယ်"
ရစ်ခီ သည် ဂယူဗင်း နဲ့ စာပို့နေရင်းကနေ
မန်နေဂျာအစ်မ၏ ပြောစကားကို ခေါင်းငြိမ့်ပြသည်။
ဂယူဗင်း နဲ့ ရစ်ခီ တွဲနေတယ်ဆိုတာကို မန်နေဂျာအစ်မကို ပြောပြထားပေမဲ့ မကြိုက်ကြောင်း၊
ဆူပူတာမျိုးမလုပ်။စပြောပြတုန်းကဆိုရင်
"ရှန်ရှန် မမ မောင်လေးကို ကင်ဂယူဗင်း ဂရုမစိုက်တာမျိုး ပစ်ထားမျိုးဆို မမ ကိုလာပြော အဲကောင်ကို တစ်စဆီလုပ်ပစ်မယ်၊ မဟုတ်ဘူး ဒါက
အခွင့်ကောင်းပဲ ငါ အလှည့်တုန်းက သူ ကြောင့်
ငါမှာ ချစ်တယ်လို့ပဲ ပြောရသေးတယ် ဘာမှတောင် ဆက်မဖြစ်လိုက်ရဘူး၊တွေ့မယ် ကင်ဂယူဗင်း"
မန်နေဂျာအစ်မ၏ ထိုကြိမ်းမောင်းသံ သည်
အကြောင်းသိဖြစ်နေသော ရစ်ခီအတွက်တော့
တွေးတိုင်းရယ်ချင်စရာကောင်းတဲ့ ဟာသတစ်ပုဒ်လိုပေ။
ထိုနေ့မှစ၍ ရစ်ခီ၏ အလုပ်သည် များလာရကာ
အချိန်အားလပ်ချိန်မရှိတော့ပေ။ အကဲပို ဂယူဗင်းသည် ဘာလို့ အဲလောက်အလုပ်များနေရတာလဲ ဆိုပြီး မေးမြန်း ငြီးတွားတတ်သည်။
နောက်တော့ ဂယူဗင်းသည် သူ၏ မန်နေဂျာအစ်ကိုအား အားလပ်ချိန်တစ်ပတ်ပေးလိုက်မှ ထို ကိစ္စသည် ပြေလည်သွားတော့သည်။
ဇာတ်လမ်းလွှင့်ပြီးနောက် ဇာတ်လမ်းသည်
ထင်ထားတာထက် ကျော်ကြားမှုပိုမြင့်သည်။
သို့သော် တခြား ဇာတ်ကားတွေလောက်တော့မဟုတ်ပေ။ဂယူဗင်း၏ အရှိန်ဝါကြောင့် ကျော်ကြားမှုမြင့်တယ်လို့ ဆိုရလျှင် ဂယူဗင်းနဲ့ ရစ်ခီ၏ အပြင်လောကက သူငယ်ချင်းယောင်ဆောင်
ဆက်ဆံရေးကြောင့် လူစိတ်၀င်စားမှုပိုရသည်။
ဟာရီ၏ သရုပ်ဆောင်မှုသည် ဂယူဗင်းနဲ့ လိုက်ဖက်သည်ဟု ချီးကျူးသံများထွက်လာသလို အခုခေတ် လူငယ်တွေကြား ဂယူဗင်း နဲ့ ရစ်ခီ၏ တွေ့ရာမရှောင် ရန်ဖြစ်တတ်သည့် ဇာတ်ကွက်တွေသည်
ကျော်ကြားသည်။ ထို့အပြင် ဘယ်ကမှန်းမသိ Gyuri ဆိုသည့် gp တစ်ခုလည်းပေါ်လာသည်။
ရစ်ခီသည် အင်တာနက်အသုံးနည်းလို့ မသိသော်လည်း ဂယူဗင်းသည် သူ၏ အကောင့်တုဖြင့် ထို gp ထဲတောင်၀င်ထားသေးသည်။
"ဘာကြီးလဲ Gyuri ဆိုတာ"
"လာထိုင် ကိုယ်ပြမယ် ဒီမှာ မင်း နဲ့ ကိုယ်လေ
တချို့တွေက ကိုယ် တို့နှစ်ယောက်ကို အဟမ်း အဟမ်း ship ကြတာလေ"
နှာခေါင်းကိုပွတ်လိုက် ချောင်းဟက်လိုက် ပြောနေသော ဂယူဗင်းကြောင့် ရစ်ခီ သည် မကြည်အကြည့်နဲ့ ကြည့်လိုက်သည်။
တခါတလေ ဂယူဗင်းသည် အရမ်းပိုသည်။
သူများမပြောနဲ့ ရစ်ခီသည်လျှင် အမြင်ကတ်လှသည်။
"ဒါလေးကိုကြည့် မသိရင် ကိုယ်က မင်းလက်ကို ကိုင်ထားတဲ့ပုံလေးနော်"
"မင်းက ငါ လက်ကို မကိုင်ဖူးလို့လား"
"မဟုတ်ဘူးလေ"
"ဒီပုံလေးဆို ကိုယ်တို့ ဆင်တူ၀တ်ထားတဲ့
လက်စွပ်လေးကထင်းနေတာနော် ကိုယ် save ထားလိုက်ဦးမယ်"
"လုပ်ချင်တာသာလုပ်"
"ဒါလေးကမသိရင် မင်းက ကိုယ်ကို
စိတ်ကောက်နေသလိုလေး ကိုယ်ကတော့
ဘယ်အချိန်မဆို မင်း ကို ချော့ဖို့အသင့်"
"မျက်နှာရူး"
ရစ်ခီ၏ အကန် ပြောနေသောစကားများကို
ဂယူဗင်းသည် စိတ်အနှောင့်ယှက်ဖြစ်လာသည်။
"ကိုယ်က အသည်းယားလို့ ပြောတာလေ"
မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ဂယူဗင်းကြောင့်
ရစ်ခီသည် သူ လွန်သွားသလို ခံစားရသည်။
"ဟုတ်ပါပြီ ဒီပုံလေးကတော့မဆိုးဘူးနော် "
ရစ်ခီသည် ဂယူဗင်း၏ ပေါင်ပေါ်ကို ခေါင်းတင်ကာ
ဂယူဗင်း ဖုန်းအား ယူကြည့်သည်။
ထိုညတွင် ဂယူဗင်း၏ အကဲပိုလှစွာ ပြလာသော fansite တွေကရိုက်ထားသည့် သူတို့နှစ်ယောက်ရိုက်ထားသည့် ပုံများအား
မကြည့်ချင်ကြည့်ချင်ဖြစ် ကြည့်လိုက်ရသည်။
****
Are actor Gyuvin and actress Hari dating?
အွန်လိုင်းပေါ်မှ နေရာအယူဆုံးသတင်း။
ထိုသတင်းကိုမြင်လိုက်တော့
ဂယူဗင်း အရင်ဆုံး လုပ်သည်က ရစ်ခီဆီ
ဖုန်းဆက်ခြင်းပေ။
လက်ခံဖြေကြားသည့်သူမရှိ။စိတ်များဆိုးနေပြီလား။
ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဂနာမငြိမ်သည့်
ဂယူဗင်း အစား မန်နေဂျာအစ်ကိုသည် သူ့၏
ခြေထောက်များပင် ညောင်းညာလာသလိုခံစားရသည်။
"ခဏထိုင်ပါဦးကွာ ရစ်ခီလည်း နားလည်မှာပါ
ဒီလောကမှာ ဒီသတင်းတွေက အဲလိုပဲတက်လာနေကြကို"
"ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ စိတ်ခုသွားမှာကို
မလိုချင်ဘူး"
" ပရိုမိုးရှင်းဆင်းတဲ့ကာလမှာ
မဟုတ်ဘူးဆိုပြီး သတင်းချက်ချင်းလွှင့်လိုက်လို့
မဖြစ်ဘူးလေ မင်းလည်း နားလည်ရဲ့သားနဲ့"
အခုချိန်မှာမှ ပြည်ပရိုက်ကူးရေးရှိနေတဲ့ ဂယူဗင်းသည် သူကိုယ်သူ အားမလိုအားမရအပြည့်။ ချက်ချင်း ရိုက်ကူးရေးကို ဖျက်ပြီး သွားလိုက်ချင်ပေမဲ့ လုပ်လို့မလွယ်သည့် ရိုက်ကူးရေးဖြစ်နေသည်။
"ငါ ဆယ်ရီ ကို စာပို့ပေးထားမယ်၊စိတ်မပူနဲ့ မင်း အလုပ်ကိုသာ သေချာဂရုစိုက်"
ဆယ်ရီ ဆိုသည်မှာ ရစ်ခီ၏ မန်နေဂျာအစ်မဖြစ်သည်။
စိတ်မအေးသော်လည်း အနည်းငယ်တော့
စိတ်ပြေရာဖြစ်သည်မို့လို့
ဂယူဗင်းသည် ရိုက်ကူးရေးအတွက်ပြင်ရတော့သည်။
ပြန်ဖြေသူ မရှိသောဖုန်းကို ဂယူဗင်း ခေါ်နေရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဟိုတယ်အခန်းတွင်းတွေ ဖုန်းသံမှတစ်ပါး အခြားအသံသည်မရှိ။
ဂယူဗင်း၏ အာရုံကို ဖမ်းစားသွားသည်က တံခါးခေါက်သံ။ ဂယူဗင်း ထ ဖွင့်ပေးချင်စိတ် လုံးမ၀မရှိ။
ဒုတိယအကြိမ်။
တတိယအကြိမ်။
"ရှီးလ်ဘာ ဘာဖြစ်ပြန်ပြီလဲ"
ထဖွင့်ပေးဖို့ ပြင်လိုက်သည်။
မြင်လိုက်ရသည့် မျက်နှာလေးသည် ဂယူဗင်းအား တအံ့တသြ။
"ရှိရက်သားနဲ့ ဘာလို့ တံခါးမြန်မြန်မဖွင့်ပေးတာလဲ၊ငါဖြင့် မင်းမရှိဘူး ထင်လို့ မင်း မန်နေဂျာဆီတောင် ဖုန်းဆက်တော့မလို့"
ဂယူဗင်း၏ မျက်နှာသည် ပြိုတော့မယ် မိုးလို။
ဟူး ကနဲ မြည်သည် သက်ပြင်းရှည်ကြီးကြောင့်
ရစ်ခီ သည် ဂယူဗင်း မျက်နှာအား ကြည့်သည်။
လက်တစ်ဖက်နဲ့ တံခါးကိုပိတ်လိုက်ပြီး ရစ်ခီအား သူ့၏ ရင်ခွင်ထဲကို ဆွဲသွင်းသည်။ အလိုက်တသိနဲ့
ရစ်ခီသည် ဂယူဗင်းအား ပြန်ဖက်ထားလိုက်သည်။
သူ၏ကြောင်ဝါလေးသည် တအား လိမ္မာလွန်းသည်။
ဂယူဗင်း၏ မျက်နှာသည် ရစ်ခီ ပုခုံးအထက်မှာ။
အောက်ဆီဂျင်ပြတ်လတ်နေသော လူကဲ့သို့ ရစ်ခီ၏ ကိုယ်သင်းနံ့လေးတွေကို ရှူသည်။
သူ သတိရသည်။ဆုံးရှုံးသွားမှာကြောက်သည်။
ရစ်ခီကို သူသည် သိပ်ချစ်သည်။
ထုတ်မပြောတတ်လောက်အောင်။
"ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား၊အလုပ်ကပင်ပန်းတာလား"
ရစ်ခီ၏ လေသံအေးအေးလေးသည်
ဂယူဗင်းအား ချော့မော့နေသလို။
စိတ်ပူနေမှန်းသိသာစွာ တိုးဖျော့လို့။
"ဘာလို့ ဖုန်းမကိုင်တာလဲ၊ကိုယ်ရှင်းပြမလို့ကို"
"ဘာရှင်းပြမလို့လဲ၊မင်းကငါမသိအောင်
ဘာတွေလုပ်ထားပြန်ပြီလဲ"
ရစ်ခီထံမှ ဆူပုတ်ပုတ်အသံလေး ထွက်လာသည်။
"ဖုန်းက လေယာဥ်ပေါ်မတက်ခင်ကတည်းက
ပိတ်ထားတာ၊မင်းကိုတွေ့ချင်လို့သာ
လာရတာ လေယာဥ်အကြာကြီးစီးလာရလို့ပင်ပန်း"
"ခရီးပန်းလာပြီလား"
ရစ်ခီတွင် ကျောပိုးအိတ်မှလွဲ တခြားအထုပ်ပိုးမရှိ။
ဂယူဗင်းသည် ရစ်ခီ၏ အိတ်အား ချွတ်စေကာ
ခုံပေါ်တွင် ဖြစ်သလို တင်လိုက်သည်။
ရစ်ခီ ကိုတော့ ကုတင်ဘေးတွေထိုင်စေသည်။
"အဲလောက်ကြီးတော့မပန်းပါဘူး ငါ တစ်ချိန်လုံး အိပ်လာတာ၊အခုတော့ ထပ်အိပ်ရတော့မယ်"
အပြင်ကိုကြည့်လိုက်တော့ ညအချိန်ဖြစ်နေသည်မို့
ရစ်ခီ ဒီလို ငြီးတွားလာတာဖြစ်သည်။
"နေပါဦး၊မင်းက ဘာရှင်းပြမလို့လဲ"
စကားပြောနေရင်းနဲ့ ရစ်ခီသည် သူ၏ ဖုန်းအား
ဖွင့်ကြည့်သည်။
များစွာသော ဖုန်းအ၀င်ကောလ်တွေနဲ့ စာတိုတွေကြောင့် ရစ်ခီ ၏ မျက်၀န်းလေးတွေ ကျယ်သွားသည်။ ဂယူဗင်းဆီမှ အများဆုံးဖြစ်ကာ၊
မန်နေဂျာအစ်မဆီက စာတို ၃၊၄စောင်။
ဂယူဗင်းပြောပြတာကို နားထောင်ပြီးမှ ရစ်ခီသည်
အကြောင်းစုံကို နားလည်သွားတော့သည်။
"မင်းက ငါ့ ကောင်လေးပဲဟာ အဲလိုမဟုတ်တဲ့ သတင်းလောက်နဲ့ ငါက မင်းကို စိတ်ဆိုးပြီး
ဖုန်းမကိုင်ဘာညာ ဖြစ်မယ်လို့ တွေးလိုက်ရလား"
"ကိုယ်က စိတ်ပူသွားတာလေ၊မင်းကမှ ဖုန်းမကိုင်တာ၊ ဘာပဲဖြစ်ဖြစ်အခုတော့ သေချာသွားပြီး
ကိုယ်တို့ပတ်သက်မှုကို ဖွင့်ချလိုက်တော့မယ် "
"နေပါဦး မင်းက ဘာလိုဖွင့်ချချင်တာလဲ igမှာ
လက်ရေးစာရေးပြီးလား၊ဆုပေးပွဲမှာ မင်း ဆုရရင် ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်
ကျေးဇူးအတင်ဆုံးက ကျွန်တော် ကောင်လေး
ရစ်ခီ ကိုပါ ဆိုပြီးတော့လား"
ရစ်ခီ၏ မျက်နှာပေးနဲ့ ပြောသည့် ဟန်ပန်ကို ကြည့်ပြီး ဂယူဗင်းသည် ရယ်လိုက်မိသည်။
စိတ်ထဲလန်းသွားသလို၊အစိုင်အခဲကြီးအရည်ပျော်သွားသလို ခံစားရသည်။
"ဒုတိယနည်းက ပိုကောင်းတယ်မလား၊တချို့
စီနီယာတွေ အဲလိုလုပ်တာကို ကြည့်ပြီး ကိုယ်အလှည့်ကျရင်လည်း အဲလိုလုပ်မယ်လို့တွေးဖူးတယ်"
ရစ်ခီလှဲနေတဲ့ နေရာဘေးကို ဂယူဗင်း၀င်လှဲသည်။ ဘေးတစ်စောင်းလှည့်ကာ လက်ထောက်ထားရင်း
ရစ်ခီ၏ မျက်နှာချောချောလေးကို နေရာလပ်မရှိအောင် တစေ့စေ့ကြည့်သည်။
"ရူးနေလား၊ ဒီတစ်ခေါက် ဆုပေးပွဲက ငါ
ပထမဆုံး တက်ရတာလေ၊မင်းကအဲလိုလုပ်လို့
ဘယ်ရမလဲ တော်ကြာ ငါကို ဝိုင်း ပြောကြမှပေါ့ "
မျက်စောင်းလှလှလေးတစ်ချက်သည်
ဂယူဗင်းဆီ ရောက်လာသည်။
"ဟုတ်လား အဲလိုဝိုင်းပြောခံရတာလားကိုကို,
မောင်မှ မသိဘဲ"
ဂယူဗင်း၏ ကျီစယ်လိုစိတ်အပြည့်ရှိသည့်အသံ။
ရစ်ခီ ဝုန်းကနဲ့ ထထိုင်ကာ မျက်နှာရဲရဲလေးနဲ့
အော်သည်။
"အဲလိုမပြောနဲ့ မင်း"
"ဘာကိုလဲ ဘယ်တုန်းကမှန်းမသိဘူးကွာ
ကြောင်လေးတစ်ကောင်က သူများကိုခိုင်းချင်တိုင်း သူကိုယ်သူ ကိုကိုကလေ ကိုကိုကလေနဲ့"
ရစ်ခီသည် ဂယူဗင်းအား ခေါင်းအုံးနဲ့
ရှက်ရမ်းရမ်းကာ ရိုက်သည်။
ဂယူဗင်းသည် ရိုက်ချက်တချို့ကို ခံယူပြီး
ခေါင်းအုံးအား လှမ်းဆွဲကာ အော်ရယ်တော့သည်။
"မမှတ်မိဘူးလား ကိုကိုက, မောင်က တောင်
မှတ်မိတာကို"
"မင်း တော်တော့လို့!"
ရစ်ခီသည် စူးကနဲထအော်သည်။
ဂယူဗင်းသည် ရစ်ခီ၏ပါးစပ်အား လက်နဲ့
အလျင်မြန်ကာလိုက်သည်။
"တော်ကြာ ကိုယ်တို့ကို အရမ်းဆူလို့
တခြားအခန်းကလူတွေလာပြောနေဦးမယ်
ကိုကိုက ဒါကိုမသိဘူးလား"
"မင်း ပြောလေ ကဲလေ"
"ဟုတ်ပြီ မပြောတော့ဘူး"
ရွှင်နောက်နောက် မျက်နှာပေးကို ပြင်သည်။
တွန့်ချိုးနေသော နှုတ်ခမ်းအနားလေးတွေကိုတော့
ဂယူဗင်း မထိန်းနိုင်။ အရှက်ကဲနေသည့် ရစ်ခီသည် အရမ်းချစ်ဖို့ကောင်းလွန်းသည်။
ထိုညတွင် ဒီအခန်းသည် အဆူဆုံးဖြစ်လိမ့်မည်။။
အ ချိုမြိန်ဆုံးကလည်း ထိုအခန်းပဲဖြစ်လိမ့်မည်။
***