Unicode
မင်း ကိုယ့်ကိုချစ်လား
လန်ဒန်မြို့ကြီးဆီသို့သွားမည့်ရက်ကစောင့်မျှော်တယ်ရယ်လည်းမဟုတ်ဘဲရောက်ရှိလာခဲ့သည်။
အိမ်ထဲတွင်လည်း၂ရက်လောက်ကောင်းကောင်းအနားရပြီးသည့်အတွက်ဂျီမင်း၏အကြောများမှာအိမ်ပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက်ဆန့်တန်းပြီးသားပင်ဖြစ်တော့သည်။
"အိုး ရာသီဥတုကကောင်းလိုက်တာ"
ဘေးနားရှိဝိန်းကလည်းအထုပ်နှစ်ထုပ်ကိုတစ်ပြိုင်နက်တည်းဆွဲထားရင်းပင်ဂျီမင်း၏အဆိုပြုချက်ကိုခေါင်းငြိမ့်ခြင်းဖြင့်တုံ့ပြန်လိုက်သည်။
မကြာခင်မှာပဲစီးနင်းရမည့်ရထားလုံးကရောက်လာသည်။ဂျီမင်းကအရင်ဆုံးတက်သွားကာဝိန်းဆီမှအထုပ်နှစ်ထုပ်ကိုလက်လွှဲယူလိုက်ပြီးနေရာချထားလိုက်သည်။
ထို့နောက်တွင်တော့ဝိန်းတက်လာကာရထားလုံးသည်စတင်မောင်းနှင်လေတော့သည်။
လမ်းတစ်လျှောက်မှာတွေ့ရသမျှကစက်ရုံများ၊နေအိမ်များသာ...
ရထားရုံအနီးသို့ရောက်ခါနီးမှစိမ်းစိမ်းစိုစိုလေးများကိုတွေ့ရလေသည်။
ဝိန်းကတော့ထုံးစံအတိုင်းသတင်းစာတစ်အုပ်နှင့်ငြိမ်ချက်သားကောင်းနေပေသည်။
အပြင်ပြတင်းပေါက်ကိုငေးကြည့်ရတာဝသွားသောဂျီမင်းကဝိန်းဘက်သို့ပြန်လည်လှည့်လာပြန်သည်။
"ဝိန်း ကျွန်တော်တို့ညအိပ်အတွဲကိုယူကြမှာလား"
"အင်း"
"ဝိန်းရော ကျွန်တော်ရောဆိုနှစ်ခန်းယူရမှာပေါ့
ဒါဆိုငွေကုန်မများဘူးလား"
"အင်း"
"ကျွန်တော့်မှာပိုက်ဆံမပါဘူးနော်"
"အင်း"
"ဝိန်း!"
"အမ် ဆောရီး မင်းဘာပြောလိုက်တာလဲ"
"ရထား ညအိပ်မယ့်အခန်း"
"အော် ရတယ် ကိုယ်နှစ်ခန်းကြိုတင်မှာပြီးသား"
ဘာလဲ တစ်ခန်းတည်းမနေဘူးလား
သူငါ့ကိုကြိုက်နေတာရောဟုတ်ရဲ့လား
ဝိန်းကပြောပြီးပြီးချင်းသတင်းစာအုပ်ထဲပြန်၍ခေါင်းစိုက်သွားပြန်သည်။သူမနေနိုင်တော့၍ဝိန်းရှိရာဘက်အခြမ်းသို့ပြောင်းထိုင်လိုက်သည်။
ဘေးနားတစ်ချက်လှုပ်သွားတာကြောင့်ဝိန်းကသူ့ကိုခေါင်းစောင်းကာကြည့်လာသည်။
ဂျီမင်းကပုခုံးတွန့်ပြလိုက်ပြီးဝိန်းလက်ထဲရှိသတင်းစာကိုဆွဲလုလိုက်သည်။
ရုတ်တရက်အငိုက်မိသွားသောဝိန်းမှာလက်မထိန်းနိုင်ဘဲသတင်းစာကိုဂျီမင်းလက်ထဲအားထည့်ပေးလိုက်ရတော့သည်။
"ဘာတွေမို့လို့ဒီလောက်တောင်ဖတ်နေရတာလဲ"
ဝိန်းကဂျီမင်းလက်ထဲမှသတင်းစာကိုပြန်ဆွဲယူလိုက်ပြီး...
"ဟောင်းဝပ်ဒ်ဘတ်စတာအဖမ်းခံရတယ်တဲ့
အမျိုးသမီးအကြမ်းဖက်မှု၊ငွေစာရင်းလိမ်လည်မှုနဲ့"
"သူကဘယ်သူလဲ"
"Sebeanဘားရဲ့ပိုင်ရှင်
လန်ဒန်ရဲ့အုပ်ချုပ်ရေးဝန်ကြီးဌာနကဒုတိယအမတ်ရဲ့သား"
"အဲ့လိုလူရဲ့သားလုပ်နေပြီးတော့ဒါမျိုးအလုပ်တွေလုပ်ရလား"
"အင်း လူကြီးပိုင်းတွေထဲကတော့ဒီလိုပဲ
အဲ့ဒီလူဟောင်းဝပ်ဒ်ဘတ်စတာလည်းနှစ်အနည်းငယ်ကြာရင်လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာလိမ့်မယ်"
"ဝိန်းကဘယ်လိုများသိတာလဲ"
"ကိုယ်ကသူ့ကိုအစ်ကိုနဲ့ပေါင်းပြီးဖမ်းဖူးတယ်လေ
ဒါပေမယ့်အဲ့အမှုကသိပ်မကြာပါဘူး
သူ၄လ၊၅လလောက်နဲ့ပြန်လွတ်လာတယ်"
"အံ့သြစရာပဲ အကောင်ကြီးကြီးထဲကဖြစ်တိုင်းဥပဒေကိုလက်တစ်လုံးခြားလုပ်လို့မှမရတာ"
"အမှန်ပဲဆိုပေမယ့်ကိုယ်တို့ဘာမှပြောလို့မရနိုင်ဘူး"
ရထားလုံးကတိခနဲရပ်တန့်သွားသည်။
ရထားရုံသို့ရောက်ရှိနေပြီဖြစ်သည်။
ဝိန်းကအရင်ဆုံးဆင်းလိုက်ကာနောက်မှဆင်းလာမည့်ဂျီမင်းအားလက်ကမ်းပေးလိုက်သည်။
ဘယ်လောက်တောင်လူကြီးလူကောင်း
ဆန်တဲ့အမူအရာပါလိမ့်
ဝိန်း၏အပြုအမူကြောင့်ဂျီမင်းမှာပီတိဝေဖြာသွားရသည်။
အိမ်မှာလိုကလန်ကဆန်မလုပ်ချင်တာကြောင့်ဝိန်းကမ်းပေးသောလက်ကိုလှမ်းကာကိုင်လိုက်သည်။
သူအောက်သို့ရောက်သွားမှဝိန်းကရထားလုံးထဲမှကျန်နေသောအထုပ်၂ထုပ်အားလှမ်းယူလိုက်သည်။
ထို့နောက်သူတို့နှစ်ဦးသားရထားရပ်နားမည့်နေရာသို့လျှောက်လာခဲ့လေတော့သည်။
ဂျီမင်းလက်ထဲတွင်ဘာမှမပါသော်လည်းဝိန်း၏လက်နှစ်ဖက်လုံးတွင်တော့အပြည့်။
ဒါ့အပြင်လမ်းမှာတွေ့သမျှလူတိုင်းကနှုတ်ဆက်နေကြတာမို့မိမိအားငပျင်းဟုထင်သွားမှာစိုး၍ဝိန်း၏လက်ထဲမှအထုပ်တစ်ထုပ်ကိုလှမ်းဆွဲယူလိုက်သည်။
မထင်မှတ်ထားဘဲအထုပ်အစားဝိန်း၏လက်ကိုသာကိုင်မိသွားသည်။ဝိန်းကသူ၏လက်ကိုငုံ့ကြည့်လိုက်သည်။
"အထုပ်ပေး"
"မင်း ကိုယ့်ဘာသာကိုယ်သွားပါ"
"မရဘူး ကျွန်တော့်ဟာကျွန်တော်သယ်မယ်
ပေး"
ဂျီမင်းကအတင်းကာရောလုပ်နေသည့်အတွက်ဝိန်းပေးလိုက်ရသည်။အထုပ်ကအများကြီးမလေးလံလှပါ။
တစ်ကိုယ်ရေစာပစ္စည်းများသာပါသည့်အတွက်အလုပ်လည်းအများကြီးမရှုပ်ပေ။
ဤသို့ဖြင့်ရထားစီးရမည့်နေရာသို့ရောက်လာခဲ့လေပြီ။
ရထားစထွက်မည့်အချိန်ကနံနက်၈နာရီတွင်ဖြစ်သည်။
၇နာရီခွဲတွင်ရောက်လာသည့်အတွက်သူတို့အနည်းငယ်တောင်စော၍နေသေးသည်။
ရထားကတော့ရောက်နှင့်ပြီးဖြစ်၍လက်ကျန်နာရီဝက်အတွင်းနေရာချတာ ဘာညာလုပ်လို့ရနိုင်သည်။
ဝိန်းကအရင်ဆုံးရထားပေါ်တက်သွားလိုက်သည်။
ဂျီမင်းလည်းဝိန်းနောက်မှအလျင်အမြန်ပင်လိုက်တက်လိုက်သည်။
ထို့နောက်ဝိန်းကအကျႌအိတ်ကပ်ထဲမှလက်မှတ်နှစ်စောင်ကိုထုတ်ကာရထားထိန်းအားပေးလိုက်သည်။
ရထားထိန်းကရည်မွန်စွာပြုံးပြပြီးသူတို့နေထိုင်ရမည့်ရထားတွဲအခန်းငယ်သို့လိုက်ပြသည်။
ဝိန်း၏အခန်းနှင့်ဂျီမင်း၏အခန်းကတွဲရက်သား။
လန်ဒန်သို့ခရီးသည်တစ်ညအိပ်ကြာမည်ဖြစ်၍ဒီလိုညအိပ်အတွဲအားငှားလိုက်ရခြင်းပင်။
အထက်တန်းလွှာတွဲဖြစ်သည့်အတွက်အဆောင်အယောင်များကအစတောက်ပလို့နေပေသည်။
တစ်ယောက်စာအိပ်ရာအသေးတစ်ခု၊ထိုင်ခုံတန်းလျားတစ်ခု၊ထိုတန်းလျား၏ရှေ့တွင်တော့စားပွဲတစ်ခုထားပေးထားသည်။အခန်းသည်တအားအကျယ်ကြီးတော့မဟုတ်ရပေ။
သို့ပေမယ့်တစ်ကိုယ်ရေစာအတွက်တော့ကောင်းကောင်းဖူလုံပါသည်။
"ကောင်းမွန်သောခရီးဖြစ်ပါစေ မစ္စတာ"
ရထားထိန်းကနှုတ်ဆက်လိုက်ပြီးအပြင်သို့ပြန်ထွက်သွားသည်။ဂျီမင်း သူ၏ကိုယ်ပိုင်နေရာအားကြည့်ရင်းအတော်လေးသဘောခွေ့လို့နေပေ၏။
သူတစ်ခါသောမျှဒီလိုရထားကြီးမျိုးတွေမစီးဖူး၍လည်းအပျော်ကြီးပျော်နေလေသည်။
မိနစ်အနည်းငယ်ကြာသောအခါဝိန်းကသူ၏ဘက်အခြမ်းကိုကူးပြောင်းလာသည်။
ပျော်နေသည်ကိုဖုံးမရဖိမရဖြစ်နေသောသူ့မျက်နှာကိုဝိန်းကနူးနူးညံ့ညံ့ကြည့်ကာပြုံးလိုက်သည်။
"အဆင်ပြေတယ်မလား"
ဝိန်းရဲ့အဲ့ဒီ့အကြည့်ကြီးကိုဘယ်နှစ်ခေါက်အကြည့်ခံရခံရအလွတ်မရသေးပေ။
ကျေးဇူးပြုပြီးအရင်လိုခေါင်းခေါက်လိုက် အော်ငေါက်လိုက် ပြန်နေပေးပါ ပလိစ်
"အင်း ပြေတယ်
ကျွန်တော်သဘောကျတယ်"
"ရထားထွက်ပါတော့မယ်
ကျန်နေသောခရီးသည်များရှိနေရင်ရထားပေါ်သို့အမြန်တက်ခဲ့ကြပါ"
ရထားစက်ခေါင်းဘက်မှတရှူးရှူးမြည်သံနှင့်အတူရထား၏ဟွန်းတီးသံကြီးကလည်းကျယ်လောင်စွာထွက်လာသည်။ရထားဘီးလုံးကြီးများမှာစတင်ရွေ့လာလျက်လန်ဒန်မြို့ကြီးဆီသို့ထွက်ခွာကြတော့မည်ဖြစ်သည်။
အရှိန်ဖြင့်ထွက်ခွာလိုက်တာကြောင့်ဂျီမင်းမှာရုတ်တရက်ခြေထောက်များယိုင်ကာချော်လဲတော့မလိုဖြစ်ပြီးအိပ်ရာအမြင့်ဘက်ရှိသစ်သားစောင်းနှင့်တိုက်မိတော့မလိုဖြစ်သွားသည်။သူ၏နဖူးခွက်ခနဲမြည်သံကိုစောင့်ဆိုင်းနေခဲ့သော်လည်းဝိန်း၏လက်တစ်ဖက်ကသူ၏နဖူးကိုကာကွယ်ထားနှင့်ပြီးသားဖြစ်လေတော့သည်။
"ထိခိုက်မယ် သတိထားဦးလေ"
"ကျေး...ကျေးဇူးပဲ"
ဝိန်းကသူမသက်မသာဖြစ်နေသည်ကိုသတိထားမိပေ၍ပဲလား။အခြားမည်သည့်အရာကိုမျှထပ်မံပြောကြားလာခဲ့ခြင်းမရှိတော့ချေ။
နာရီတွေကရွေ့လျားလာသည်နှင့်အမျှဝိန်းတို့၏စကားဝိုင်းလေးဟာလည်းတိတ်ဆိတ်လျက်သား။
တိတ်ဆိတ်နေပေမယ့်ဝိန်းကသူ၏အခန်းထဲသို့ပြန်သွားခြင်းမရှိပေ။
ဝိန်းကလည်းသူ့ဘာသာသူနေသလိုဂျီမင်းကလည်းပြတင်းပေါက်မှတစ်ဆင့်အပြင်လောကကြီးကိုငေးမောနေလေသည်။
ဤသို့ဖြင့်မိနစ်စက္ကန့်အချို့ကုန်လွန်သွားပြန်သည်။
နေ့လည်စာစားချိန်လောက်ရောက်သောအခါဝိန်းကတိတ်ဆိတ်စွာဖြင့်ဂျီမင်း၏အခန်းထဲမှထွက်ခွာသွားလေတော့သည်။
ဂျီမင်းလည်းဝိန်းထွက်ခွာသွားသည်ကိုသိလိုက်ပေမယ့်သူ၏ခေါင်းကိုပြတင်းပေါက်ဘက်သို့သာလှည့်မြဲလှည့်ထားလိုက်တော့သည်။
တကယ်တမ်းတော့ဂျီမင်းသည်ရှုခင်းအလှများကိုကြည့်နေခြင်းမဟုတ်။
ဝိန်းကာပေးလိုက်သည့်လက်တစ်စုံရဲ့နွေးထွေးမှုကသူ၏နဖူးမှာတင်ရစ်သီကာကျန်နေတာကြောင့်မို့လို့ပင်။
ဝိန်းလုပ်သမျှကဂျီမင်းအတွက်အမြဲတမ်းအထူးအဆန်းဖြစ်နေခဲ့သည်။
ယခုဝိန်းကဘာမပြောညာမပြောဘဲထွက်သွားခြင်းကိုလည်းသိပ်ကျေနပ်မနေ။
အကြောင်းတရားမရှိဘဲကိုရင်ထဲမှာတနုံ့နုံ့။
မဟုတ်ဘူး...
ဂျီမင်းခေါင်းခါလိုက်သည်။
သူကအဖြောင့်လေ ဘာလို့ဒီလိုမျိုးပေါက်ပန်းလေးဆယ်အတွေးတွေလျှောက်တွေးနေရတာလဲ
"ပန်းပွင့်လေးတွေနှုတ်ပြီးမိန်းကလေးတွေ ချစ်တယ် မချစ်ဘူး စမ်းကြသလို ငါလည်း ဖြောင့်တယ် မဖြောင့်ဘူး စမ်းကြည့်ရင်ကောင်းမလား"
ဘာတွေလျှောက်တွေးနေတာလဲ
ဂျီမင်းသည်သူ၏ပါးကိုကိုယ့်ဘာသာကိုယ်ခပ်နာနာတစ်ချက်တီးလိုက်မိသည်။
ဂျီမင်းတစ်ယောက်ခေါင်းခါလိုက် ရှုံ့မဲ့လိုက်လုပ်၍ကောင်းနေဆဲမှာပင်ဝိန်းကအခန်းထဲသို့ပြန်ဝင်လာသည်။
"နေ့လည်စာစားတော့မလား"
"မစားချင်ဘူး"
ဂွီ~~
ဒီ သောက်ဗိုက်ကတော့!
အလိုက်ကန်းဆိုးမသိ။
"အင်း လူကတော့မစားချင်ပေမယ့်ဗိုက်ကတော့စားချင်နေပြီထင်တယ်"
ဝိန်းကပြုံးစစဖြင့်သူ့ကိုကြည့်ကာပြောလာသည်။
ဂျီမင်းသည်မျက်နှာကိုသိသိသာသာရှုံ့မဲ့မိလိုက်သည်။
"ကိုယ်နေရာဦးထားပေးတယ်
လာပါ"
ထားပါတော့ အရှက်လည်းကွဲပြီးပြီပဲ
ဂျီမင်းဖြည်းညင်းစွာထလိုက်ကာဝိန်းခေါ်ရာနောက်သို့လိုက်သွားသည်။
ရထားတွဲ၏တတိယမြောက်အတွဲမှာလူစီးသည့်အတွဲမဟုတ်ဘဲစားသောက်တွဲသာဖြစ်လေသည်။
အမျိုးစုံသောယောကျာ်း မိန်းမတို့ကတည်ငြိမ်စွာဖြင့်နေ့လည်စာသုံးဆောင်နေကြလေသည်။
သူတို့ကြိုတင်ယူထားသောစားပွဲသို့ရောက်သည့်အခါနေရာဝင်ယူလိုက်ကြသည်။
အစောနကရထားထိန်းကပင်သူ့ကိုမီနူးများလာချပေးသည်။ဂျီမင်းလည်းဘာရွေးရမှန်းမသိ၍ရောက်တတ်ရာရာတစ်ခုကိုလက်ညှိုးထိုးကာရွေးလိုက်မိသည်။
"ဒါစားမှာသေချာလား"
"အင်း"
"မင်းအစပ်စားနိုင်တာလည်းမဟုတ်ဘဲဒါဘာလို့စားမှာလဲ
ကိုယ်ရွေးပေးမယ်"
အမှန်ပင် သူလက်ညှိုးထောက်လိုက်သည့်ဟင်းပွဲကရဲရဲနီနေသောဆိတ်သားမွကြော်ဖြစ်လေ၏။
ဂျီမင်းကလုံးဝကြီးအစပ်မစားနိုင်သည်မဟုတ်ရပါ။
ဝိန်းဆိုလိုတာဝီလီယမ်သို့မဟုတ်ဖီးလီးယက်စ်ကိုပြောနေတာဖြစ်လောက်သည်။
ဝိန်းကသူ့လက်ထဲမှမီနူးကိုဆွဲယူလိုက်ကာဟိုတစ်ရွက် ဒီတစ်ရွက်လှန်လှောကာကြည့်လိုက်သည်။
ထို့နောက်ရထားထိန်းအားခေါ်ကာဝိန်းကပဲဟင်းပွဲများကိုမှာယူလိုက်သည်။
ဂျီမင်းကတော့ဘာလာလာ အကုန်ဒေါင်းသူမို့ဝိန်းဘာပဲမှာမှာသူစားမည်ဖြစ်သည်။
"အစ်ကိုစားနေကျဟင်းပွဲမှာလိုက်တယ်
မင်းလည်းမြည်းစမ်းကြည့်သင့်တယ်"
"အင်း"
"နေလို့မကောင်းဘူးလား
ရထားမူးနေတာလား"
"ဟင့်အင်း ဗိုက်ဆာလို့"
"အဲ့တာကိုများမစားချင်ဘူးပြောနေသေးတယ်"
"ဝိန်း!"
ဂျီမင်းရဲ့အသံကနည်းနည်းကျယ်သွားတာကြောင့်ရထားတစ်တွဲလုံးကလူများကလှည့်ကြည့်လာသည်။
ဂျီမင်း၏ဇက်ကလေးပုဝင်သွားကာအားလုံးကိုသွားဖြဲပြလိုက်ရသည်။
"ဘာလဲ"
ဝိန်းကမျက်နှာချင်းဆိုင်ထိုင်နေရာမှသူ့ဆီသို့ကိုင်းလာပြီးနားနားကပ်လျက်ခပ်တိုးတိုးပြန်ဖြေသည်။
ဂျီမင်း၏ဦးနှောက်သွေးကြောများအဆုံးထိထိုးတက်သွားသည်။
တော်သေးသည်။ အားလုံးကသူတို့အလုပ်သူတို့ပြန်လုပ်နေကြ၍ဝိန်းနှင့်သူ၏နီးကပ်သွားမှုကိုကံကောင်းစွာမည်သူမျှမမြင်လိုက်ကြပါ။
"အဲ့ဲဒီလိုအရမ်းကပ်မလာနဲ့"
"ကိုယ်နဲ့မင်းနဲ့ရင်းနှီးပြီးသားပဲ
ဒါဘာထူးဆန်းလို့လဲ"
"ကျွန်တော် ဝိန်းနဲ့မရင်းနှီးပါဘူး"
"အော်"
"ကျေးဇူးပြုပြီးတည်တည်ငြိမ်ငြိမ်နေပေးပါ"
"ဒါဆိုအခုကကိုယ့်အမှားပေါ့"
"ဟုတ်တယ် အဲ့ဒါကြောင့်ကျွန်တော်ကိုစကားလာမပြောဘဲကိုယ့်ကိုယ်ကိုယ်ပြန်ပြီးသုံးသပ်နေ"
"ကောင်းပါပြီ"
သူတို့စကားပြောနေစဉ်မှာပဲသင်းပျံ့သောမွှေးရနံ့နှင့်အတူဟင်းပွဲများရောက်ရှိလာသည်။
အချိုပွဲအဖြစ်ဘေးတွင်ကိတ်မုန့်လေးများပင်ပါသေး၏။
"စားလို့ကောင်းမယ့်ပုံပဲ"
ရောက်လာသောဟင်းပွဲများကိုတစ်ချက်ဝေ့ကာကြည့်လိုက်သည်။ဘာတွေမှန်းမသိသော်လည်းအသားတော်တော်များများပါတာတော့သူသိသည်။
ဝိန်းကပန်းကန်တစ်ခုကိုရွေးချယ်လိုက်ပြီးထိုအထဲမှအသားကိုအနေတော်အရွယ်အတုံးလေးများလှီးဖြတ်ကာဂျီမင်းရှေ့သို့တိုးပေးလိုက်သည်။ဟင်းပန်းကန်ကအငွေ့တထောင်းထောင်းနှင့်အတူဂျီမင်း၏ရှေ့မှောက်သို့အခစားဝင်ရောက်လာသည်။
ဂျီမင်းလည်းခက်ရင်းနှင့်ထိုးကြည့်လိုက်ရင်းအသားတစ်တုံးကိုယူပြီးပါးစပ်ထဲသို့ထည့်လိုက်သည်။
စိမ့်ခနဲပျော်ဝင်သွားသောအနံ့အရသာအလုံးစုံတို့ကအသားကိုမြိုချပြီးတဲ့တိုင်အောင်လျှာဖျားပေါ်ဝယ်စွဲထင်ကျန်ရစ်တုန်းဖြစ်လေသည်။
"ဘယ်လိုနေလဲ ကောင်းလား"
"အင်း ကောင်းတယ်"
ဂျီမင်းသည်မျက်လုံးများပင်မှိတ်သွားတဲ့အထိအစွမ်းကုန်ပြုံးပြလိုက်သည်။ဂျီမင်းဆိုသောလူမှာကမ္ဘာ့အဆုံးအစွန်ထိစွမြင်ကတ်သူဖြစ်နေပစေ အစားအသောက်နှင့်ပက်သက်လျှင်အမြင်ကြည်ပေးနိုင်သည့်လူမျိုးဖြစ်လေသည်။
ယခုကတော့ဝိန်းဖြစ်နေသည့်အတွက်အမြင်ကြည်မှုများကနှစ်ဆတိုးသွားရသည်။
ဂျီမင်း၏အသားကုန်ပြုံးရယ်လိုက်သောပုံရိပ်လေးအားဝိန်းကတွေဝေစွာဖြင့်ငေးကြည့်သည်။
ဒီရက်ပိုင်းမကြာခဏဆိုသလိုဂျီမင်းအစားထိုးဝင်ရောက်ထားသောဖီးလစ်ရဲ့အပြုံးတွေကိုတွေ့မြင်နေရပေမယ့်တစ်ခုခုကတော့လိုအပ်နေဆဲဖြစ်လေသည်။
ဝိန်းသည်ငြင်ငြင်သာသာပြုံးခဲ့ပြီးကိုင်ထားသောဝိုင်ခွက်ကိုဖြည်းညင်းစွာချထားလိုက်သည်။
ဂျီမင်းတစ်ယောက်ရှေ့ကဟင်းပွဲများကိုတစ်ခုပြီးတစ်ခုစားရင်းဖြင့်ပင်သူ၏ဟာတာနေသောဗိုက်ကလေးမှာပြည့်တင်းသွားလေတော့သည်။
"အား ကောင်းလိုက်တာ"
"ရထားတွဲပေါ်ကအစားအစာတွေကဒီလောက်စားကောင်းမှန်းမသိခဲ့ဘူး"
"မင်းကြိုက်ရင်လန်ဒန်ကအပြန်ကျ အစ်ကိုနဲ့အတူတူထပ်စား
ကိုယ်ဝယ်ပေးမယ်"
"အင်း"
_____
ဤသို့ဖြင့်ညစာပါစားအပြီးကိုယ်ပိုင်ရထားတွဲအခန်းသို့ရောက်သည့်အချိန်တွင်ဂျီမင်းသည်အိပ်ရာပေါ်ပစ်လှဲလိုက်ရင်းမျက်လုံးများကိုမှိတ်လိုက်သည်။
စာအုပ်တွေဖတ်တိုင်းဖတ်တိုင်းသူဒီလိုမြင်ကွင်းမျိုးကိုအမြဲတမ်းစိတ်ကူးဖြင့်သာပုံဖော်ခဲ့ရတာဖြစ်သည်။
ယခုအမှန်တကယ်ကြီးဖြစ်လာပြီဆိုတော့ပျော်ရသည်မှာအတိုင်းထက်အလွန်ပင်။
ကိုယ့်ပိုက်ဆံကိုယ်တောင်သုံးစရာမလိုဘဲအသင့်ရှင်းပေးမည့်မြို့တော်ဝန်ကြီးကလည်းပါသေး၏။
ဒီလောက်ဆိုရင်ပဲဂျီမင်းဘဝကနေပျော်နေပြီဖြစ်သည်။
ဒေါက်" ဒေါက်"
တံခါးခေါက်သံနှစ်ချက်နှင့်အတူတံခါးပွင့်လာသည်။
ထိုတံခါးနောက်တွင်ပါလာခဲ့သည်ကတော့ဝိန်းပင်ဖြစ်လေသည်။
"ဝိန်း ဘာကိစ္စရှိလို့လဲ"
"ကိုယ်မင်းအိပ်ပျော်နေပြီလားလာကြည့်တာပါ"
ထိုစကားမှာအလကားသာ...
ဝိန်းမှာကိုယ့်အခန်းကိုယ်ပြန်သွားပြီးနောက်ပိုင်းတွင်အနည်းငယ်ပင်ပန်းနေသည့်အတွက်အိပ်ချင်သော်လည်းအိပ်မရခဲ့ပေ။အကြောင်းမှာမူဂျီမင်း၏ခန္ဓာကိုယ်လေးကိုပွေ့ဖက်ပြီးအိပ်ချင်နေသည့်ဆန္ဒကထိန်းမရသိမ်းမရဖြစ်နေသည့်အတွက်ကြောင့်ပင်ဖြစ်သည်။
ဂျီမင်းကအစ်ကိုပါလို့သိခဲ့ပြီးနောက်ပိုင်းနေ့ရက်တွေမှာတောင်ဝိန်းသည်ဂျီမင်းအားလွန်လွန်ကြူးကြူးမကျူးကျော်ခဲ့ပါ။ဒီနေ့ကျမှပဲဘယ်လိုတွေဖြစ်နေရလဲဆိုတာဝိန်းတစ်ယောက်ကိုယ့်စိတ်လည်းကိုယ်မသိတော့ချေ။
တစ်ခါတစ်လေကျရင်လည်းကိုယ့်ကိုယ်ကိုယ်အရူးတစ်ပိုင်းနှယ်ခံစားနေရသည်။
"အင်း ကျွန်တော်အိပ်တော့မှာ"
"ဂျီမင်း ကိုယ့်ကိုဘယ်လိုမြင်လဲ"
"ရုတ်တရက်ကြီးဘာတွေထူးထူးဆန်းဆန်းလာမေးနေတာလဲ"
"ကိုယ့်ကိုဘယ်လိုမြင်လဲ"
"မျက်စိနဲ့မြင်တယ်လေ"
"အတည်ပြော"
"ဝိန်းကသောမတ်စ်ဝိန်းလေ
ပြီးတော့ဘာတွန်ရဲ့မြို့တော်ဝန်"
"အဲ့ထက်ပိုပြီးတော့ရော"
ဂျီမင်းထရပ်လိုက်ပြီးဝိန်း၏မျက်လုံးရှေ့ကိုလက်ဖြင့်ဝှေ့ယမ်းလိုက်သည်။ညနေစာတုန်းကဝိန်းဝိုင်တော်တော်များများကိုသောက်ခဲ့တာသတိရလိုက်သည်။ဝိန်းရဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာဝိုင်အနံ့တွေကထောင်းခနဲ....
"မူးနေတာလား"
ဝိန်းကဂျီမင်း၏ဝေ့ယမ်းနေသောလက်ကိုဖမ်းဆုပ်ကာသူ၏ဘယ်ဘက်ရင်ဘတ်ပေါ်တွင်တင်လျက်ထပ်မေးပြန်သည်။
"ကိုယ့်ကိုဘယ်လိုမြင်လဲ"
ဂျီမင်းတစ်ယောက်အကြံတော်တော်အိုက်လာသည်။
ဘာတွေကိုဘယ်လိုမြင်လဲဘာလို့မေးနေရတာလဲ
ဝိန်းဆိုတာသောမတ်စ်ဝိန်းပဲမဟုတ်ဘူးလား
"မင်း ကိုယ့်ကိုချစ်လား"
"အမ်"
"အစ်ကို ကျွန်တော့်ကိုချစ်လား"
ဒီမေးခွန်းကိုသူဘယ်လိုပြန်ဖြေရမလဲ
သူကတော့ဝိန်းကိုချစ်တယ်ရယ်လည်းမဟုတ် မချစ်ဘူးရယ်လည်းမဟုတ်။
ဝီလီယမ်ကတော့ဝိန်းကိုချစ်တာသေချာပါသည်။
အစ်ကိုလို့ခေါ်မေးကတည်းကဝိန်းရဲ့မေးခွန်းကဝီလီယမ်ကိုပဲရည်ရွယ်တာမဟုတ်လား
"အင်း ချစ်တယ်"
သူ့အားမေးခြင်းမဟုတ်သည့်အတွက်ဝီလီယမ်ကိုယ်စားဂျီမင်းဝင်ဖြေပေးလိုက်သည်။
အကယ်၍ဒီမေးခွန်းကသူ့ကိုဦးတည်တယ်ဆိုရင်တော့ဖြင့်မချစ်ဘူးလို့ပဲအဖြေပေးလိုက်မှာပေါ့
"တော်သေးတာပေါ့ အစ်ကိုကနောက်ဘဝလည်းကျွန်တော့်ကိုချစ်နေသေးတာပဲ"
"ဟမ်"
ဂျီမင်းမှာမဆိုင်းမတွပင်ဝိန်း၏ရင်ခွင်ထဲသို့ဆွဲသွင်းခြင်းခံလိုက်ရသည်။ဝိန်းကတင်းတင်းကြပ်ကြပ်ပွေ့ဖက်လာသည်။
ဂျီမင်းသည်အပွေ့ဖက်ခံနေရတုန်းလက်တွေကိုဘယ်နားထားရမယ်မှန်းမသိသဖြင့်ဝိန်း၏ကျောပြင်ထက်တွင်သာတင်လျက်အသာပွတ်သပ်ပေးလိုက်သည်။
"နောက်ကျနေပြီ"
ဂျီမင်းကဝိန်းကိုထွက်သွားစေချင်တာကြောင့်စကားလမ်းကြောင်းစလိုက်သော်လည်းအဖြေစကားတစ်ခွန်းမှပြန်မရဘဲယခင်ကထက်၂ဆပိုမိုတင်းကြပ်စွာပွေ့ဖက်ခြင်းကိုသာခံလိုက်ရသည်။
ဂျီမင်းမှာအခုလောလောဆယ်တွင်သူ၏ခန္ဓာကိုယ်ရှိအရိုးအားလုံးမှာကျိုးသွားတော့မည်ဟုပင်ခံစားနေရသည်။
"အင်း နောက်ကျနေပြီ
အိပ်ကြမယ်"
နောက်ဆုံးတော့ပြန်ပြီးလွတ်မြောက်တော့မည်ဟုစိတ်ထဲကကြွေးကြော်လိုက်စဉ်မှာပဲဂျီမင်း၏ခန္ဓာကိုယ်လေးမှာအိပ်ရာပေါ်သို့ပြုတ်ကျသွားလေတော့သည်။
ထို့နောက်ဝိန်းကအပေါ်မှအုပ်မိုးလာကာသူ၏နှုတ်ခမ်းများကိုစုပ်ယူနမ်းရှိုက်လေတော့သည်။
"အင့် မ..မဟုတ်.."
ဂျီမင်းစိတ်ထဲမှအကျယ်ကြီးအော်ဟစ်လိုက်မိသည်။
ရထားပေါ်မှာတော့မဟုတ်ဘူးလေ!!!!
ဝိန်း၏ရင်ဘတ်အားလက်ဖြင့်တွန်းနေပါသော်လည်းဝိန်းကထိုလက်များကိုဆုပ်ကိုင်ကာသူ၏ခေါင်းအထက်တွင်ဖိနှိပ်ခြင်းကိုသာခံလိုက်ရသည်။
ငါဒီလိုနဲ့လူပျိုဘဝလေးပျက်တော့မှာလား
ပျက်မယ်ဆိုရင်တောင်ဒီမြို့တော်ဝန်နဲ့မဟုတ်ဘူးလေလို့!!!
ဂျီမင်းသည်ကုန်းပေါ်ရောက်နေပြီးမကြာခင်တွင်သေရတော့မည့်ငါးလေးကဲ့သို့ပင်လက်ကျန်ခွန်အားကိုအသုံးချလျက်ဝိန်း၏လက်မှရုန်းနိုင်သွားသည်။
သို့သော်လည်းထိုလွတ်ထွက်သွားမှုမှာခဏတာသာဖြစ်သည်။
ဝိန်းကသူ့နားအနီးသို့ကပ်ကာလေသံတိုးဖျော့ဖျော့ဖြင့်ပြောသည်။
"မရုန်းပါနဲ့"
ဂျီမင်းသည်ထိုစကားကိုကြားလိုက်အပြီးတွင်တစ်ကိုယ်လုံးတွင်အားအင်ဘာမျှမကျန်တော့ဘဲပျော့ခွေသွားသလိုခံစားလိုက်ရသည်။
တကယ်ပဲ စကားလေးတစ်ခွန်းကဒီလောက်ထိသက်ရောက်တာလား
"ကျွန်တော်မဖြစ်ဘူး ဒီလို..."
"ကိုယ်နမ်းရုံပဲနမ်းမှာပါ"
နမ်းရုံပဲနမ်းမှာတဲ့
နမ်းနေတာမှမဟုတ်တာ အသိသာကြီး
ဤသို့ဖြင့်ဂျီမင်းသည်နောက်ထပ်မိနစ်အနည်းငယ်လောက်ထိအသက်ရှူမဝအောင်အနမ်းခံရအပြီးတွင်ဝိန်း၏ရင်ခွင်ထဲသို့လုံးလုံးလျားလျားရောက်ရှိသွားလေတော့သည်။
သူ့ရဲ့ဦးနှောက်ကြီးကဗလာကျင်းနေကာပြောစရာစကားပင်မကျန်တော့ပါချေ။
ဝိန်းကတော့ဂျီမင်းကိုလုံလုံခြုံခြုံပွေ့ဖက်ပြီးငြိမ်သွားပြီဖြစ်သည်။နှစ်ယောက်ခန်းစာမှာထားသော်လည်းမသုံးဖြစ်လိုက်ရသည့်ဝိန်း၏အခန်းမှာတော့မျက်နှာငယ်စွာဖြင့်အထီးကျန်နေခဲ့ရလေသည်။
ဂျီမင်းသည်ပွေ့ဖက်ခံထားရသည့်ကြားထဲမှပင်မျက်လုံးလှန်လိုက်ပြီးစိတ်ထဲမှအော်ဟစ်လိုက်သည်။
ငါဒီမြို့တော်ဝန်ကိုလျှော့တွက်မိတာမှားတာပဲဟေ့
_____
papapaတော့မယ်ထင်နေတာမလား
မထင်လိုက်ပါနဲ့ အပိုင်းနည်းနည်းလေးပဲရှိသေးတာ
papapaကတော့ထည့်ရေးရင်ကောင်းမလား မရေးရင်ကောင်းမလားတွေးနေတယ် ဟိ
___
စာရေးသူနဲ့ဇာတ်ကောင်များ၏
စကားဝိုင်း(သို့)ရန်သတ်ခန်း(၁)
စာရေးသူသည်ဝိန်း၏စန္ဒရားတီးနေသောဓာတ်ပုံကိုကိုင်လျက်အပီအပြင်ငမ်းကာOCနေသည်။
GG-အား သော်မတ်စ်ဝိန်းကငါ့ယောကျာ်းပဲ
နှစ်ယောက်မရှိတဲ့ငါ့ယောကျာ်းးးး
ဤကဲ့သို့အရူးထနေသည်ကိုအာသာညီအစ်ကိုကလက်ပိုက်ကာကြည့်နေသည်။
GG-ကမ္ဘာပေါ်မှာဒီလိုယောကျာ်းမျိုးမရှိနိုင်ဘူး
GG-ဒီလောက်ခံ့ညားတာငါ့ရဲ့အမျိုးသားပဲဖြစ်မှာ
ပွစိပွစိပြောလွန်းသဖြင့်ထိုညီအစ်ကိုမှာသည်းမခံနိုင်တော့ပုံရသည်။အရင်ဦးစွာဖီးလီးယက်စ်ကတစ်ချက်ဆော်ထည့်လိုက်သည်။
ဖီးလီးယက်စ်-ဖြောင်း
ဝီလီယမ်-ဖြောင်း
ထိုအချိန်တွင်မဆီမဆိုင်သောလူတစ်ယောက်ဆီကပါသုံးချက်ဆင့်ရိုက်ခြင်းကိုခံလိုက်ရသည်။
ပတ်ဂျီမင်း-ဖြောင်း ဖြောင်း ဖြောင်း
GG - ဟိုညီအစ်ကိုကရိုက်တာထားပါတော့
ဒီကအစ်ကိုကြီးကအဖြောင့်မဟုတ်ဘူးလား
ဘာကိစ္စရိုက်ရတာတုန်း
ပတ်ဂျီမင်း - ငါ့ကိုဦးနှောက်စားမယ့်အလုပ်တွေလုပ်ခိုင်းလို့
၂၁ရာစုကိုမြန်မြန်ပြန်မပို့ဘဲဝေ့လည်ကြောင်ပတ်လုပ်နေလို့
နောက်ဆုံးအချက်ကတော့ရိုက်ချင်လို့ရိုက်တာ
GG - ಥ‿ಥ
____
.
.
.
Zawgyi
မင္း ကိုယ့္ကိုခ်စ္လား
လန္ဒန္ၿမိဳ႕ႀကီးဆီသို႔သြားမည့္ရက္ကေစာင့္ေမ်ွာ္တယ္ရယ္လည္းမဟုတ္ဘဲေရာက္ရွိလာခဲ့သည္။
အိမ္ထဲတြင္လည္း၂ရက္ေလာက္ေကာင္းေကာင္းအနားရၿပီးသည့္အတြက္ဂ်ီမင္း၏အေၾကာမ်ားမွာအိမ္ျပင္သို႔ေရာက္သည္နွင့္တစ္ၿပိဳင္နက္ဆန္႔တန္းၿပီးသားပင္ျဖစ္ေတာ့သည္။
"အိုး ရာသီဥတုကေကာင္းလိုက္တာ"
ေဘးနားရွိဝိန္းကလည္းအထုပ္နွစ္ထုပ္ကိုတစ္ၿပိဳင္နက္တည္းဆြဲထားရင္းပင္ဂ်ီမင္း၏အဆိုျပဳခ်က္ကိုေခါင္းၿငိမ့္ျခင္းျဖင့္တံု႔ျပန္လိုက္သည္။
မၾကာခင္မွာပဲစီးနင္းရမည့္ရထားလံုးကေရာက္လာသည္။ဂ်ီမင္းကအရင္ဆံုးတက္သြားကာဝိန္းဆီမွအထုပ္နွစ္ထုပ္ကိုလက္လႊဲယူလိုက္ၿပီးေနရာခ်ထားလိုက္သည္။
ထို႔ေနာက္တြင္ေတာ့ဝိန္းတက္လာကာရထားလံုးသည္စတင္ေမာင္းနွင္ေလေတာ့သည္။
လမ္းတစ္ေလ်ွာက္မွာေတြ႕ရသမ်ွကစက္ရံုမ်ား၊ေနအိမ္မ်ားသာ...
ရထားရံုအနီးသို႔ေရာက္ခါနီးမွစိမ္းစိမ္းစိုစိုေလးမ်ားကိုေတြ႕ရေလသည္။
ဝိန္းကေတာ့ထံုးစံအတိုင္းသတင္းစာတစ္အုပ္နွင့္ၿငိမ္ခ်က္သားေကာင္းေနေပသည္။
အျပင္ျပတင္းေပါက္ကိုေငးၾကည့္ရတာဝသြားေသာဂ်ီမင္းကဝိန္းဘက္သို႔ျပန္လည္လွည့္လာျပန္သည္။
"ဝိန္း ကြၽန္ေတာ္တို႔ညအိပ္အတြဲကိုယူၾကမွာလား"
"အင္း"
"ဝိန္းေရာ ကြၽန္ေတာ္ေရာဆိုနွစ္ခန္းယူရမွာေပါ့
ဒါဆိုေငြကုန္မမ်ားဘူးလား"
"အင္း"
"ကြၽန္ေတာ့္မွာပိုက္ဆံမပါဘူးေနာ္"
"အင္း"
"ဝိန္း!"
"အမ္ ေဆာရီး မင္းဘာေျပာလိုက္တာလဲ"
"ရထား ညအိပ္မယ့္အခန္း"
"ေအာ္ ရတယ္ ကိုယ္နွစ္ခန္းႀကိဳတင္မွာၿပီးသား"
ဘာလဲ တစ္ခန္းတည္းမေနဘူးလား
သူငါ့ကိုႀကိဳက္ေနတာေရာဟုတ္ရဲ႕လား
ဝိန္းကေျပာၿပီးၿပီးခ်င္းသတင္းစာအုပ္ထဲျပန္၍ေခါင္းစိုက္သြားျပန္သည္။သူမေနနိုင္ေတာ့၍ဝိန္းရွိရာဘက္အျခမ္းသို႔ေျပာင္းထိုင္လိုက္သည္။
ေဘးနားတစ္ခ်က္လႈပ္သြားတာေၾကာင့္ဝိန္းကသူ႔ကိုေခါင္းေစာင္းကာၾကည့္လာသည္။
ဂ်ီမင္းကပုခံုးတြန္႔ျပလိုက္ၿပီးဝိန္းလက္ထဲရွိသတင္းစာကိုဆြဲလုလိုက္သည္။
ရုတ္တရက္အငိုက္မိသြားေသာဝိန္းမွာလက္မထိန္းနိုင္ဘဲသတင္းစာကိုဂ်ီမင္းလက္ထဲအားထည့္ေပးလိုက္ရေတာ့သည္။
"ဘာေတြမို႔လို႔ဒီေလာက္ေတာင္ဖတ္ေနရတာလဲ"
ဝိန္းကဂ်ီမင္းလက္ထဲမွသတင္းစာကိုျပန္ဆြဲယူလိုက္ၿပီး...
"ေဟာင္းဝပ္ဒ္ဘတ္စတာအဖမ္းခံရတယ္တဲ့
အမ်ိဳးသမီးအၾကမ္းဖက္မႈ၊ေငြစာရင္းလိမ္လည္မႈနဲ႔"
"သူကဘယ္သူလဲ"
"Sebeanဘားရဲ႕ပိုင္ရွင္
လန္ဒန္ရဲ႕အုပ္ခ်ဳပ္ေရးဝန္ႀကီးဌာနကဒုတိယအမတ္ရဲ႕သား"
"အဲ့လိုလူရဲ႕သားလုပ္ေနၿပီးေတာ့ဒါမ်ိဳးအလုပ္ေတြလုပ္ရလား"
"အင္း လူႀကီးပိုင္းေတြထဲကေတာ့ဒီလိုပဲ
အဲ့ဒီလူေဟာင္းဝပ္ဒ္ဘတ္စတာလည္းနွစ္အနည္းငယ္ၾကာရင္လြတ္ၿငိမ္းခြင့္နဲ႔ျပန္လြတ္လာလိမ့္မယ္"
"ဝိန္းကဘယ္လိုမ်ားသိတာလဲ"
"ကိုယ္ကသူ႔ကိုအစ္ကိုနဲ႔ေပါင္းၿပီးဖမ္းဖူးတယ္ေလ
ဒါေပမယ့္အဲ့အမႈကသိပ္မၾကာပါဘူး
သူ၄လ၊၅လေလာက္နဲ႔ျပန္လြတ္လာတယ္"
"အံ့ၾသစရာပဲ အေကာင္ႀကီးႀကီးထဲကျဖစ္တိုင္းဥပေဒကိုလက္တစ္လံုးျခားလုပ္လို႔မွမရတာ"
"အမွန္ပဲဆိုေပမယ့္ကိုယ္တို႔ဘာမွေျပာလို႔မရနိုင္ဘူး"
ရထားလံုးကတိခနဲရပ္တန္႔သြားသည္။
ရထားရံုသို႔ေရာက္ရွိေနၿပီျဖစ္သည္။
ဝိန္းကအရင္ဆံုးဆင္းလိုက္ကာေနာက္မွဆင္းလာမည့္ဂ်ီမင္းအားလက္ကမ္းေပးလိုက္သည္။
ဘယ္ေလာက္ေတာင္လူႀကီးလူေကာင္း
ဆန္တဲ့အမူအရာပါလိမ့္
ဝိန္း၏အျပဳအမူေၾကာင့္ဂ်ီမင္းမွာပီတိေဝျဖာသြားရသည္။
အိမ္မွာလိုကလန္ကဆန္မလုပ္ခ်င္တာေၾကာင့္ဝိန္းကမ္းေပးေသာလက္ကိုလွမ္းကာကိုင္လိုက္သည္။
သူေအာက္သို႔ေရာက္သြားမွဝိန္းကရထားလံုးထဲမွက်န္ေနေသာအထုပ္၂ထုပ္အားလွမ္းယူလိုက္သည္။
ထို႔ေနာက္သူတို႔နွစ္ဦးသားရထားရပ္နားမည့္ေနရာသို႔ေလ်ွာက္လာခဲ့ေလေတာ့သည္။
ဂ်ီမင္းလက္ထဲတြင္ဘာမွမပါေသာ္လည္းဝိန္း၏လက္နွစ္ဖက္လံုးတြင္ေတာ့အျပည့္။
ဒါ့အျပင္လမ္းမွာေတြ႕သမ်ွလူတိုင္းကနႈတ္ဆက္ေနၾကတာမို႔မိမိအားငပ်င္းဟုထင္သြားမွာစိုး၍ဝိန္း၏လက္ထဲမွအထုပ္တစ္ထုပ္ကိုလွမ္းဆြဲယူလိုက္သည္။
မထင္မွတ္ထားဘဲအထုပ္အစားဝိန္း၏လက္ကိုသာကိုင္မိသြားသည္။ဝိန္းကသူ၏လက္ကိုငံု႔ၾကည့္လိုက္သည္။
"အထုပ္ေပး"
"မင္း ကိုယ့္ဘာသာကိုယ္သြားပါ"
"မရဘူး ကြၽန္ေတာ့္ဟာကြၽန္ေတာ္သယ္မယ္
ေပး"
ဂ်ီမင္းကအတင္းကာေရာလုပ္ေနသည့္အတြက္ဝိန္းေပးလိုက္ရသည္။အထုပ္ကအမ်ားႀကီးမေလးလံလွပါ။
တစ္ကိုယ္ေရစာပစၥည္းမ်ားသာပါသည့္အတြက္အလုပ္လည္းအမ်ားႀကီးမရႈပ္ေပ။
ဤသို႔ျဖင့္ရထားစီးရမည့္ေနရာသို႔ေရာက္လာခဲ့ေလၿပီ။
ရထားစထြက္မည့္အခ်ိန္ကနံနက္၈နာရီတြင္ျဖစ္သည္။
၇နာရီခြဲတြင္ေရာက္လာသည့္အတြက္သူတို႔အနည္းငယ္ေတာင္ေစာ၍ေနေသးသည္။
ရထားကေတာ့ေရာက္နွင့္ၿပီးျဖစ္၍လက္က်န္နာရီဝက္အတြင္းေနရာခ်တာ ဘာညာလုပ္လို႔ရနိုင္သည္။
ဝိန္းကအရင္ဆံုးရထားေပၚတက္သြားလိုက္သည္။
ဂ်ီမင္းလည္းဝိန္းေနာက္မွအလ်င္အျမန္ပင္လိုက္တက္လိုက္သည္။
ထို႔ေနာက္ဝိန္းကအက်ႌအိတ္ကပ္ထဲမွလက္မွတ္နွစ္ေစာင္ကိုထုတ္ကာရထားထိန္းအားေပးလိုက္သည္။
ရထားထိန္းကရည္မြန္စြာၿပံဳးျပၿပီးသူတို႔ေနထိုင္ရမည့္ရထားတြဲအခန္းငယ္သို႔လိုက္ျပသည္။
ဝိန္း၏အခန္းနွင့္ဂ်ီမင္း၏အခန္းကတြဲရက္သား။
လန္ဒန္သို႔ခရီးသည္တစ္ညအိပ္ၾကာမည္ျဖစ္၍ဒီလိုညအိပ္အတြဲအားငွားလိုက္ရျခင္းပင္။
အထက္တန္းလႊာတြဲျဖစ္သည့္အတြက္အေဆာင္အေယာင္မ်ားကအစေတာက္ပလို႔ေနေပသည္။
တစ္ေယာက္စာအိပ္ရာအေသးတစ္ခု၊ထိုင္ခံုတန္းလ်ားတစ္ခု၊ထိုတန္းလ်ား၏ေရွ႕တြင္ေတာ့စားပြဲတစ္ခုထားေပးထားသည္။အခန္းသည္တအားအက်ယ္ႀကီးေတာ့မဟုတ္ရေပ။
သို႔ေပမယ့္တစ္ကိုယ္ေရစာအတြက္ေတာ့ေကာင္းေကာင္းဖူလံုပါသည္။
"ေကာင္းမြန္ေသာခရီးျဖစ္ပါေစ မစၥတာ"
ရထားထိန္းကနႈတ္ဆက္လိုက္ၿပီးအျပင္သို႔ျပန္ထြက္သြားသည္။ဂ်ီမင္း သူ၏ကိုယ္ပိုင္ေနရာအားၾကည့္ရင္းအေတာ္ေလးသေဘာေခြ႕လို႔ေနေပ၏။
သူတစ္ခါေသာမ်ွဒီလိုရထားႀကီးမ်ိဳးေတြမစီးဖူး၍လည္းအေပ်ာ္ႀကီးေပ်ာ္ေနေလသည္။
မိနစ္အနည္းငယ္ၾကာေသာအခါဝိန္းကသူ၏ဘက္အျခမ္းကိုကူးေျပာင္းလာသည္။
ေပ်ာ္ေနသည္ကိုဖံုးမရဖိမရျဖစ္ေနေသာသူ႔မ်က္နွာကိုဝိန္းကႏူးႏူးညံ့ညံ့ၾကည့္ကာၿပံဳးလိုက္သည္။
"အဆင္ေျပတယ္မလား"
ဝိန္းရဲ႕အဲ့ဒီ့အၾကည့္ႀကီးကိုဘယ္နွစ္ေခါက္အၾကည့္ခံရခံရအလြတ္မရေသးေပ။
ေက်းဇူးျပဳၿပီးအရင္လိုေခါင္းေခါက္လိုက္ ေအာ္ေငါက္လိုက္ ျပန္ေနေပးပါ ပလိစ္
"အင္း ေျပတယ္
ကြၽန္ေတာ္သေဘာက်တယ္"
"ရထားထြက္ပါေတာ့မယ္
က်န္ေနေသာခရီးသည္မ်ားရွိေနရင္ရထားေပၚသို႔အျမန္တက္ခဲ့ၾကပါ"
ရထားစက္ေခါင္းဘက္မွတရွဴးရွဴးျမည္သံနွင့္အတူရထား၏ဟြန္းတီးသံႀကီးကလည္းက်ယ္ေလာင္စြာထြက္လာသည္။ရထားဘီးလံုးႀကီးမ်ားမွာစတင္ေ႐ြ႕လာလ်က္လန္ဒန္ၿမိဳ႕ႀကီးဆီသို႔ထြက္ခြာၾကေတာ့မည္ျဖစ္သည္။
အရွိန္ျဖင့္ထြက္ခြာလိုက္တာေၾကာင့္ဂ်ီမင္းမွာရုတ္တရက္ေျခေထာက္မ်ားယိုင္ကာေခ်ာ္လဲေတာ့မလိုျဖစ္ၿပီးအိပ္ရာအျမင့္ဘက္ရွိသစ္သားေစာင္းနွင့္တိုက္မိေတာ့မလိုျဖစ္သြားသည္။သူ၏နဖူးခြက္ခနဲျမည္သံကိုေစာင့္ဆိုင္းေနခဲ့ေသာ္လည္းဝိန္း၏လက္တစ္ဖက္ကသူ၏နဖူးကိုကာကြယ္ထားနွင့္ၿပီးသားျဖစ္ေလေတာ့သည္။
"ထိခိုက္မယ္ သတိထားဦးေလ"
"ေက်း...ေက်းဇူးပဲ"
ဝိန္းကသူမသက္မသာျဖစ္ေနသည္ကိုသတိထားမိေပ၍ပဲလား။အျခားမည္သည့္အရာကိုမ်ွထပ္မံေျပာၾကားလာခဲ့ျခင္းမရွိေတာ့ေခ်။
နာရီေတြကေ႐ြ႕လ်ားလာသည္နွင့္အမ်ွဝိန္းတို႔၏စကားဝိုင္းေလးဟာလည္းတိတ္ဆိတ္လ်က္သား။
တိတ္ဆိတ္ေနေပမယ့္ဝိန္းကသူ၏အခန္းထဲသို႔ျပန္သြားျခင္းမရွိေပ။
ဝိန္းကလည္းသူ႔ဘာသာသူေနသလိုဂ်ီမင္းကလည္းျပတင္းေပါက္မွတစ္ဆင့္အျပင္ေလာကႀကီးကိုေငးေမာေနေလသည္။
ဤသို႔ျဖင့္မိနစ္စကၠန္႔အခ်ိဳ႕ကုန္လြန္သြားျပန္သည္။
ေန႔လည္စာစားခ်ိန္ေလာက္ေရာက္ေသာအခါဝိန္းကတိတ္ဆိတ္စြာျဖင့္ဂ်ီမင္း၏အခန္းထဲမွထြက္ခြာသြားေလေတာ့သည္။
ဂ်ီမင္းလည္းဝိန္းထြက္ခြာသြားသည္ကိုသိလိုက္ေပမယ့္သူ၏ေခါင္းကိုျပတင္းေပါက္ဘက္သို႔သာလွည့္ၿမဲလွည့္ထားလိုက္ေတာ့သည္။
တကယ္တမ္းေတာ့ဂ်ီမင္းသည္ရႈခင္းအလွမ်ားကိုၾကည့္ေနျခင္းမဟုတ္။
ဝိန္းကာေပးလိုက္သည့္လက္တစ္စံုရဲ႕ေႏြးေထြးမႈကသူ၏နဖူးမွာတင္ရစ္သီကာက်န္ေနတာေၾကာင့္မို႔လို႔ပင္။
ဝိန္းလုပ္သမ်ွကဂ်ီမင္းအတြက္အၿမဲတမ္းအထူးအဆန္းျဖစ္ေနခဲ့သည္။
ယခုဝိန္းကဘာမေျပာညာမေျပာဘဲထြက္သြားျခင္းကိုလည္းသိပ္ေက်နပ္မေန။
အေၾကာင္းတရားမရွိဘဲကိုရင္ထဲမွာတႏုံ႔ႏုံ႔။
မဟုတ္ဘူး...
ဂ်ီမင္းေခါင္းခါလိုက္သည္။
သူကအေျဖာင့္ေလ ဘာလို႔ဒီလိုမ်ိဳးေပါက္ပန္းေလးဆယ္အေတြးေတြေလ်ွာက္ေတြးေနရတာလဲ
"ပန္းပြင့္ေလးေတြနႈတ္ၿပီးမိန္းကေလးေတြ ခ်စ္တယ္ မခ်စ္ဘူး စမ္းၾကသလို ငါလည္း ေျဖာင့္တယ္ မေျဖာင့္ဘူး စမ္းၾကည့္ရင္ေကာင္းမလား"
ဘာေတြေလ်ွာက္ေတြးေနတာလဲ
ဂ်ီမင္းသည္သူ၏ပါးကိုကိုယ့္ဘာသာကိုယ္ခပ္နာနာတစ္ခ်က္တီးလိုက္မိသည္။
ဂ်ီမင္းတစ္ေယာက္ေခါင္းခါလိုက္ ရႈံ႕မဲ့လိုက္လုပ္၍ေကာင္းေနဆဲမွာပင္ဝိန္းကအခန္းထဲသို႔ျပန္ဝင္လာသည္။
"ေန႔လည္စာစားေတာ့မလား"
"မစားခ်င္ဘူး"
ဂြီ~~
ဒီ ေသာက္ဗိုက္ကေတာ့!
အလိုက္ကန္းဆိုးမသိ။
"အင္း လူကေတာ့မစားခ်င္ေပမယ့္ဗိုက္ကေတာ့စားခ်င္ေနၿပီထင္တယ္"
ဝိန္းကၿပံဳးစစျဖင့္သူ႔ကိုၾကည့္ကာေျပာလာသည္။
ဂ်ီမင္းသည္မ်က္နွာကိုသိသိသာသာရႈံ႕မဲ့မိလိုက္သည္။
"ကိုယ္ေနရာဦးထားေပးတယ္
လာပါ"
ထားပါေတာ့ အရွက္လည္းကြဲၿပီးၿပီပဲ
ဂ်ီမင္းျဖည္းညင္းစြာထလိုက္ကာဝိန္းေခၚရာေနာက္သို႔လိုက္သြားသည္။
ရထားတြဲ၏တတိယေျမာက္အတြဲမွာလူစီးသည့္အတြဲမဟုတ္ဘဲစားေသာက္တြဲသာျဖစ္ေလသည္။
အမ်ိဳးစံုေသာေယာက်ာ္း မိန္းမတို႔ကတည္ၿငိမ္စြာျဖင့္ေန႔လည္စာသံုးေဆာင္ေနၾကေလသည္။
သူတို႔ႀကိဳတင္ယူထားေသာစားပြဲသို႔ေရာက္သည့္အခါေနရာဝင္ယူလိုက္ၾကသည္။
အေစာနကရထားထိန္းကပင္သူ႔ကိုမီႏူးမ်ားလာခ်ေပးသည္။ဂ်ီမင္းလည္းဘာေ႐ြးရမွန္းမသိ၍ေရာက္တတ္ရာရာတစ္ခုကိုလက္ညႇိဳးထိုးကာေ႐ြးလိုက္မိသည္။
"ဒါစားမွာေသခ်ာလား"
"အင္း"
"မင္းအစပ္စားနိုင္တာလည္းမဟုတ္ဘဲဒါဘာလို႔စားမွာလဲ
ကိုယ္ေ႐ြးေပးမယ္"
အမွန္ပင္ သူလက္ညႇိဳးေထာက္လိုက္သည့္ဟင္းပြဲကရဲရဲနီေနေသာဆိတ္သားမြေၾကာ္ျဖစ္ေလ၏။
ဂ်ီမင္းကလံုးဝႀကီးအစပ္မစားနိုင္သည္မဟုတ္ရပါ။
ဝိန္းဆိုလိုတာဝီလီယမ္သို႔မဟုတ္ဖီးလီးယက္စ္ကိုေျပာေနတာျဖစ္ေလာက္သည္။
ဝိန္းကသူ႔လက္ထဲမွမီႏူးကိုဆြဲယူလိုက္ကာဟိုတစ္႐ြက္ ဒီတစ္႐ြက္လွန္ေလွာကာၾကည့္လိုက္သည္။
ထို႔ေနာက္ရထားထိန္းအားေခၚကာဝိန္းကပဲဟင္းပြဲမ်ားကိုမွာယူလိုက္သည္။
ဂ်ီမင္းကေတာ့ဘာလာလာ အကုန္ေဒါင္းသူမို႔ဝိန္းဘာပဲမွာမွာသူစားမည္ျဖစ္သည္။
"အစ္ကိုစားေနက်ဟင္းပြဲမွာလိုက္တယ္
မင္းလည္းျမည္းစမ္းၾကည့္သင့္တယ္"
"အင္း"
"ေနလို႔မေကာင္းဘူးလား
ရထားမူးေနတာလား"
"ဟင့္အင္း ဗိုက္ဆာလို႔"
"အဲ့တာကိုမ်ားမစားခ်င္ဘူးေျပာေနေသးတယ္"
"ဝိန္း!"
ဂ်ီမင္းရဲ႕အသံကနည္းနည္းက်ယ္သြားတာေၾကာင့္ရထားတစ္တြဲလံုးကလူမ်ားကလွည့္ၾကည့္လာသည္။
ဂ်ီမင္း၏ဇက္ကေလးပုဝင္သြားကာအားလံုးကိုသြားၿဖဲျပလိုက္ရသည္။
"ဘာလဲ"
ဝိန္းကမ်က္နွာခ်င္းဆိုင္ထိုင္ေနရာမွသူ႔ဆီသို႔ကိုင္းလာၿပီးနားနားကပ္လ်က္ခပ္တိုးတိုးျပန္ေျဖသည္။
ဂ်ီမင္း၏ဦးေနွာက္ေသြးေၾကာမ်ားအဆံုးထိထိုးတက္သြားသည္။
ေတာ္ေသးသည္။ အားလံုးကသူတို႔အလုပ္သူတို႔ျပန္လုပ္ေနၾက၍ဝိန္းနွင့္သူ၏နီးကပ္သြားမႈကိုကံေကာင္းစြာမည္သူမ်ွမျမင္လိုက္ၾကပါ။
"အဲ့ဲဒီလိုအရမ္းကပ္မလာနဲ႔"
"ကိုယ္နဲ႔မင္းနဲ႔ရင္းနွီးၿပီးသားပဲ
ဒါဘာထူးဆန္းလို႔လဲ"
"ကြၽန္ေတာ္ ဝိန္းနဲ႔မရင္းနွီးပါဘူး"
"ေအာ္"
"ေက်းဇူးျပဳၿပီးတည္တည္ၿငိမ္ၿငိမ္ေနေပးပါ"
"ဒါဆိုအခုကကိုယ့္အမွားေပါ့"
"ဟုတ္တယ္ အဲ့ဒါေၾကာင့္ကြၽန္ေတာ္ကိုစကားလာမေျပာဘဲကိုယ့္ကိုယ္ကိုယ္ျပန္ၿပီးသံုးသပ္ေန"
"ေကာင္းပါၿပီ"
သူတို႔စကားေျပာေနစဥ္မွာပဲသင္းပ်ံ႕ေသာေမႊးရနံ႔နွင့္အတူဟင္းပြဲမ်ားေရာက္ရွိလာသည္။
အခ်ိဳပြဲအျဖစ္ေဘးတြင္ကိတ္မုန္႔ေလးမ်ားပင္ပါေသး၏။
"စားလို႔ေကာင္းမယ့္ပံုပဲ"
ေရာက္လာေသာဟင္းပြဲမ်ားကိုတစ္ခ်က္ေဝ့ကာၾကည့္လိုက္သည္။ဘာေတြမွန္းမသိေသာ္လည္းအသားေတာ္ေတာ္မ်ားမ်ားပါတာေတာ့သူသိသည္။
ဝိန္းကပန္းကန္တစ္ခုကိုေ႐ြးခ်ယ္လိုက္ၿပီးထိုအထဲမွအသားကိုအေနေတာ္အ႐ြယ္အတံုးေလးမ်ားလွီးျဖတ္ကာဂ်ီမင္းေရွ႕သို႔တိုးေပးလိုက္သည္။ဟင္းပန္းကန္ကအေငြ႕တေထာင္းေထာင္းနွင့္အတူဂ်ီမင္း၏ေရွ႕ေမွာက္သို႔အခစားဝင္ေရာက္လာသည္။
ဂ်ီမင္းလည္းခက္ရင္းနွင့္ထိုးၾကည့္လိုက္ရင္းအသားတစ္တံုးကိုယူၿပီးပါးစပ္ထဲသို႔ထည့္လိုက္သည္။
စိမ့္ခနဲေပ်ာ္ဝင္သြားေသာအနံ႔အရသာအလံုးစံုတို႔ကအသားကိုၿမိဳခ်ၿပီးတဲ့တိုင္ေအာင္လ်ွာဖ်ားေပၚဝယ္စြဲထင္က်န္ရစ္တုန္းျဖစ္ေလသည္။
"ဘယ္လိုေနလဲ ေကာင္းလား"
"အင္း ေကာင္းတယ္"
ဂ်ီမင္းသည္မ်က္လံုးမ်ားပင္မွိတ္သြားတဲ့အထိအစြမ္းကုန္ၿပံဳးျပလိုက္သည္။ဂ်ီမင္းဆိုေသာလူမွာကမာၻ႕အဆံုးအစြန္ထိစြျမင္ကတ္သူျဖစ္ေနပေစ အစားအေသာက္နွင့္ပက္သက္လ်ွင္အျမင္ၾကည္ေပးနိုင္သည့္လူမ်ိဳးျဖစ္ေလသည္။
ယခုကေတာ့ဝိန္းျဖစ္ေနသည့္အတြက္အျမင္ၾကည္မႈမ်ားကနွစ္ဆတိုးသြားရသည္။
ဂ်ီမင္း၏အသားကုန္ၿပံဳးရယ္လိုက္ေသာပံုရိပ္ေလးအားဝိန္းကေတြေဝစြာျဖင့္ေငးၾကည့္သည္။
ဒီရက္ပိုင္းမၾကာခဏဆိုသလိုဂ်ီမင္းအစားထိုးဝင္ေရာက္ထားေသာဖီးလစ္ရဲ႕အၿပံဳးေတြကိုေတြ႕ျမင္ေနရေပမယ့္တစ္ခုခုကေတာ့လိုအပ္ေနဆဲျဖစ္ေလသည္။
ဝိန္းသည္ျငင္ျငင္သာသာၿပံဳးခဲ့ၿပီးကိုင္ထားေသာဝိုင္ခြက္ကိုျဖည္းညင္းစြာခ်ထားလိုက္သည္။
ဂ်ီမင္းတစ္ေယာက္ေရွ႕ကဟင္းပြဲမ်ားကိုတစ္ခုၿပီးတစ္ခုစားရင္းျဖင့္ပင္သူ၏ဟာတာေနေသာဗိုက္ကေလးမွာျပည့္တင္းသြားေလေတာ့သည္။
"အား ေကာင္းလိုက္တာ"
"ရထားတြဲေပၚကအစားအစာေတြကဒီေလာက္စားေကာင္းမွန္းမသိခဲ့ဘူး"
"မင္းႀကိဳက္ရင္လန္ဒန္ကအျပန္က် အစ္ကိုနဲ႔အတူတူထပ္စား
ကိုယ္ဝယ္ေပးမယ္"
"အင္း"
_____
ဤသို႔ျဖင့္ညစာပါစားအၿပီးကိုယ္ပိုင္ရထားတြဲအခန္းသို႔ေရာက္သည့္အခ်ိန္တြင္ဂ်ီမင္းသည္အိပ္ရာေပၚပစ္လွဲလိုက္ရင္းမ်က္လံုးမ်ားကိုမွိတ္လိုက္သည္။
စာအုပ္ေတြဖတ္တိုင္းဖတ္တိုင္းသူဒီလိုျမင္ကြင္းမ်ိဳးကိုအၿမဲတမ္းစိတ္ကူးျဖင့္သာပံုေဖာ္ခဲ့ရတာျဖစ္သည္။
ယခုအမွန္တကယ္ႀကီးျဖစ္လာၿပီဆိုေတာ့ေပ်ာ္ရသည္မွာအတိုင္းထက္အလြန္ပင္။
ကိုယ့္ပိုက္ဆံကိုယ္ေတာင္သံုးစရာမလိုဘဲအသင့္ရွင္းေပးမည့္ၿမိဳ႕ေတာ္ဝန္ႀကီးကလည္းပါေသး၏။
ဒီေလာက္ဆိုရင္ပဲဂ်ီမင္းဘဝကေနေပ်ာ္ေနၿပီျဖစ္သည္။
ေဒါက္" ေဒါက္"
တံခါးေခါက္သံနွစ္ခ်က္နွင့္အတူတံခါးပြင့္လာသည္။
ထိုတံခါးေနာက္တြင္ပါလာခဲ့သည္ကေတာ့ဝိန္းပင္ျဖစ္ေလသည္။
"ဝိန္း ဘာကိစၥရွိလို႔လဲ"
"ကိုယ္မင္းအိပ္ေပ်ာ္ေနၿပီလားလာၾကည့္တာပါ"
ထိုစကားမွာအလကားသာ...
ဝိန္းမွာကိုယ့္အခန္းကိုယ္ျပန္သြားၿပီးေနာက္ပိုင္းတြင္အနည္းငယ္ပင္ပန္းေနသည့္အတြက္အိပ္ခ်င္ေသာ္လည္းအိပ္မရခဲ့ေပ။အေၾကာင္းမွာမူဂ်ီမင္း၏ခနၶာကိုယ္ေလးကိုေပြ႕ဖက္ၿပီးအိပ္ခ်င္ေနသည့္ဆႏၵကထိန္းမရသိမ္းမရျဖစ္ေနသည့္အတြက္ေၾကာင့္ပင္ျဖစ္သည္။
ဂ်ီမင္းကအစ္ကိုပါလို႔သိခဲ့ၿပီးေနာက္ပိုင္းေန႔ရက္ေတြမွာေတာင္ဝိန္းသည္ဂ်ီမင္းအားလြန္လြန္ၾကဴးၾကဴးမက်ဴးေက်ာ္ခဲ့ပါ။ဒီေန႔က်မွပဲဘယ္လိုေတြျဖစ္ေနရလဲဆိုတာဝိန္းတစ္ေယာက္ကိုယ့္စိတ္လည္းကိုယ္မသိေတာ့ေခ်။
တစ္ခါတစ္ေလက်ရင္လည္းကိုယ့္ကိုယ္ကိုယ္အရူးတစ္ပိုင္းနွယ္ခံစားေနရသည္။
"အင္း ကြၽန္ေတာ္အိပ္ေတာ့မွာ"
"ဂ်ီမင္း ကိုယ့္ကိုဘယ္လိုျမင္လဲ"
"ရုတ္တရက္ႀကီးဘာေတြထူးထူးဆန္းဆန္းလာေမးေနတာလဲ"
"ကိုယ့္ကိုဘယ္လိုျမင္လဲ"
"မ်က္စိနဲ႔ျမင္တယ္ေလ"
"အတည္ေျပာ"
"ဝိန္းကေသာမတ္စ္ဝိန္းေလ
ၿပီးေတာ့ဘာတြန္ရဲ႕ၿမိဳ႕ေတာ္ဝန္"
"အဲ့ထက္ပိုၿပီးေတာ့ေရာ"
ဂ်ီမင္းထရပ္လိုက္ၿပီးဝိန္း၏မ်က္လံုးေရွ႕ကိုလက္ျဖင့္ေဝွ႔ယမ္းလိုက္သည္။ညေနစာတုန္းကဝိန္းဝိုင္ေတာ္ေတာ္မ်ားမ်ားကိုေသာက္ခဲ့တာသတိရလိုက္သည္။ဝိန္းရဲ႕ပတ္ဝန္းက်င္တစ္ဝိုက္မွာဝိုင္အနံ႔ေတြကေထာင္းခနဲ....
"မူးေနတာလား"
ဝိန္းကဂ်ီမင္း၏ေဝ့ယမ္းေနေသာလက္ကိုဖမ္းဆုပ္ကာသူ၏ဘယ္ဘက္ရင္ဘတ္ေပၚတြင္တင္လ်က္ထပ္ေမးျပန္သည္။
"ကိုယ့္ကိုဘယ္လိုျမင္လဲ"
ဂ်ီမင္းတစ္ေယာက္အႀကံေတာ္ေတာ္အိုက္လာသည္။
ဘာေတြကိုဘယ္လိုျမင္လဲဘာလို႔ေမးေနရတာလဲ
ဝိန္းဆိုတာေသာမတ္စ္ဝိန္းပဲမဟုတ္ဘူးလား
"မင္း ကိုယ့္ကိုခ်စ္လား"
"အမ္"
"အစ္ကို ကြၽန္ေတာ့္ကိုခ်စ္လား"
ဒီေမးခြန္းကိုသူဘယ္လိုျပန္ေျဖရမလဲ
သူကေတာ့ဝိန္းကိုခ်စ္တယ္ရယ္လည္းမဟုတ္ မခ်စ္ဘူးရယ္လည္းမဟုတ္။
ဝီလီယမ္ကေတာ့ဝိန္းကိုခ်စ္တာေသခ်ာပါသည္။
အစ္ကိုလို႔ေခၚေမးကတည္းကဝိန္းရဲ႕ေမးခြန္းကဝီလီယမ္ကိုပဲရည္႐ြယ္တာမဟုတ္လား
"အင္း ခ်စ္တယ္"
သူ႔အားေမးျခင္းမဟုတ္သည့္အတြက္ဝီလီယမ္ကိုယ္စားဂ်ီမင္းဝင္ေျဖေပးလိုက္သည္။
အကယ္၍ဒီေမးခြန္းကသူ႔ကိုဦးတည္တယ္ဆိုရင္ေတာ့ျဖင့္မခ်စ္ဘူးလို႔ပဲအေျဖေပးလိုက္မွာေပါ့
"ေတာ္ေသးတာေပါ့ အစ္ကိုကေနာက္ဘဝလည္းကြၽန္ေတာ့္ကိုခ်စ္ေနေသးတာပဲ"
"ဟမ္"
ဂ်ီမင္းမွာမဆိုင္းမတြပင္ဝိန္း၏ရင္ခြင္ထဲသို႔ဆြဲသြင္းျခင္းခံလိုက္ရသည္။ဝိန္းကတင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လာသည္။
ဂ်ီမင္းသည္အေပြ႕ဖက္ခံေနရတုန္းလက္ေတြကိုဘယ္နားထားရမယ္မွန္းမသိသျဖင့္ဝိန္း၏ေက်ာျပင္ထက္တြင္သာတင္လ်က္အသာပြတ္သပ္ေပးလိုက္သည္။
"ေနာက္က်ေနၿပီ"
ဂ်ီမင္းကဝိန္းကိုထြက္သြားေစခ်င္တာေၾကာင့္စကားလမ္းေၾကာင္းစလိုက္ေသာ္လည္းအေျဖစကားတစ္ခြန္းမွျပန္မရဘဲယခင္ကထက္၂ဆပိုမိုတင္းၾကပ္စြာေပြ႕ဖက္ျခင္းကိုသာခံလိုက္ရသည္။
ဂ်ီမင္းမွာအခုေလာေလာဆယ္တြင္သူ၏ခနၶာကိုယ္ရွိအရိုးအားလံုးမွာက်ိဳးသြားေတာ့မည္ဟုပင္ခံစားေနရသည္။
"အင္း ေနာက္က်ေနၿပီ
အိပ္ၾကမယ္"
ေနာက္ဆံုးေတာ့ျပန္ၿပီးလြတ္ေျမာက္ေတာ့မည္ဟုစိတ္ထဲကေႂကြးေၾကာ္လိုက္စဥ္မွာပဲဂ်ီမင္း၏ခနၶာကိုယ္ေလးမွာအိပ္ရာေပၚသို႔ျပဳတ္က်သြားေလေတာ့သည္။
ထို႔ေနာက္ဝိန္းကအေပၚမွအုပ္မိုးလာကာသူ၏နႈတ္ခမ္းမ်ားကိုစုပ္ယူနမ္းရႈိက္ေလေတာ့သည္။
"အင့္ မ..မဟုတ္.."
ဂ်ီမင္းစိတ္ထဲမွအက်ယ္ႀကီးေအာ္ဟစ္လိုက္မိသည္။
ရထားေပၚမွာေတာ့မဟုတ္ဘူးေလ!!!!
ဝိန္း၏ရင္ဘတ္အားလက္ျဖင့္တြန္းေနပါေသာ္လည္းဝိန္းကထိုလက္မ်ားကိုဆုပ္ကိုင္ကာသူ၏ေခါင္းအထက္တြင္ဖိနွိပ္ျခင္းကိုသာခံလိုက္ရသည္။
ငါဒီလိုနဲ႔လူပ်ိဳဘဝေလးပ်က္ေတာ့မွာလား
ပ်က္မယ္ဆိုရင္ေတာင္ဒီၿမိဳ႕ေတာ္ဝန္နဲ႔မဟုတ္ဘူးေလလို႔!!!
ဂ်ီမင္းသည္ကုန္းေပၚေရာက္ေနၿပီးမၾကာခင္တြင္ေသရေတာ့မည့္ငါးေလးကဲ့သို႔ပင္လက္က်န္ခြန္အားကိုအသံုးခ်လ်က္ဝိန္း၏လက္မွရုန္းနိုင္သြားသည္။
သို႔ေသာ္လည္းထိုလြတ္ထြက္သြားမႈမွာခဏတာသာျဖစ္သည္။
ဝိန္းကသူ႔နားအနီးသို႔ကပ္ကာေလသံတိုးေဖ်ာ့ေဖ်ာ့ျဖင့္ေျပာသည္။
"မရုန္းပါနဲ႔"
ဂ်ီမင္းသည္ထိုစကားကိုၾကားလိုက္အၿပီးတြင္တစ္ကိုယ္လံုးတြင္အားအင္ဘာမ်ွမက်န္ေတာ့ဘဲေပ်ာ့ေခြသြားသလိုခံစားလိုက္ရသည္။
တကယ္ပဲ စကားေလးတစ္ခြန္းကဒီေလာက္ထိသက္ေရာက္တာလား
"ကြၽန္ေတာ္မျဖစ္ဘူး ဒီလို..."
"ကိုယ္နမ္းရံုပဲနမ္းမွာပါ"
နမ္းရံုပဲနမ္းမွာတဲ့
နမ္းေနတာမွမဟုတ္တာ အသိသာႀကီး
ဤသို႔ျဖင့္ဂ်ီမင္းသည္ေနာက္ထပ္မိနစ္အနည္းငယ္ေလာက္ထိအသက္ရွဴမဝေအာင္အနမ္းခံရအၿပီးတြင္ဝိန္း၏ရင္ခြင္ထဲသို႔လံုးလံုးလ်ားလ်ားေရာက္ရွိသြားေလေတာ့သည္။
သူ႔ရဲ႕ဦးေနွာက္ႀကီးကဗလာက်င္းေနကာေျပာစရာစကားပင္မက်န္ေတာ့ပါေခ်။
ဝိန္းကေတာ့ဂ်ီမင္းကိုလံုလံုၿခံဳၿခံဳေပြ႕ဖက္ၿပီးၿငိမ္သြားၿပီျဖစ္သည္။နွစ္ေယာက္ခန္းစာမွာထားေသာ္လည္းမသံုးျဖစ္လိုက္ရသည့္ဝိန္း၏အခန္းမွာေတာ့မ်က္နွာငယ္စြာျဖင့္အထီးက်န္ေနခဲ့ရေလသည္။
ဂ်ီမင္းသည္ေပြ႕ဖက္ခံထားရသည့္ၾကားထဲမွပင္မ်က္လံုးလွန္လိုက္ၿပီးစိတ္ထဲမွေအာ္ဟစ္လိုက္သည္။
ငါဒီၿမိဳ႕ေတာ္ဝန္ကိုေလ်ွာ႔တြက္မိတာမွားတာပဲေဟ့
_____
papapaေတာ့မယ္ထင္ေနတာမလား
မထင္လိုက္ပါနဲ႔ အပိုင္းနည္းနည္းေလးပဲရွိေသးတာ
papapaကေတာ့ထည့္ေရးရင္ေကာင္းမလား မေရးရင္ေကာင္းမလားေတြးေနတယ္ ဟိ
___
စာေရးသူနဲ႔ဇာတ္ေကာင္မ်ား၏
စကားဝိုင္း(သို႔)ရန္သတ္ခန္း(၁)
စာေရးသူသည္ဝိန္း၏စႏၵရားတီးေနေသာဓာတ္ပံုကိုကိုင္လ်က္အပီအျပင္ငမ္းကာOCေနသည္။
GG-အား ေသာ္မတ္စ္ဝိန္းကငါ့ေယာက်ာ္းပဲ
နွစ္ေယာက္မရွိတဲ့ငါ့ေယာက်ာ္းးးး
ဤကဲ့သို႔အရူးထေနသည္ကိုအာသာညီအစ္ကိုကလက္ပိုက္ကာၾကည့္ေနသည္။
GG-ကမာၻေပၚမွာဒီလိုေယာက်ာ္းမ်ိဳးမရွိနိုင္ဘူး
GG-ဒီေလာက္ခံ့ညားတာငါ့ရဲ႕အမ်ိဳးသားပဲျဖစ္မွာ
ပြစိပြစိေျပာလြန္းသျဖင့္ထိုညီအစ္ကိုမွာသည္းမခံနိုင္ေတာ့ပံုရသည္။အရင္ဦးစြာဖီးလီးယက္စ္ကတစ္ခ်က္ေဆာ္ထည့္လိုက္သည္။
ဖီးလီးယက္စ္-ေျဖာင္း
ဝီလီယမ္-ေျဖာင္း
ထိုအခ်ိန္တြင္မဆီမဆိုင္ေသာလူတစ္ေယာက္ဆီကပါသံုးခ်က္ဆင့္ရိုက္ျခင္းကိုခံလိုက္ရသည္။
ပတ္ဂ်ီမင္း-ေျဖာင္း ေျဖာင္း ေျဖာင္း
GG - ဟိုညီအစ္ကိုကရိုက္တာထားပါေတာ့
ဒီကအစ္ကိုႀကီးကအေျဖာင့္မဟုတ္ဘူးလား
ဘာကိစၥရိုက္ရတာတုန္း
ပတ္ဂ်ီမင္း - ငါ့ကိုဦးေနွာက္စားမယ့္အလုပ္ေတြလုပ္ခိုင္းလို႔
၂၁ရာစုကိုျမန္ျမန္ျပန္မပို႔ဘဲေဝ့လည္ေၾကာင္ပတ္လုပ္ေနလို႔
ေနာက္ဆံုးအခ်က္ကေတာ့ရိုက္ခ်င္လို႔ရိုက္တာ
GG - ಥ‿ಥ
____