ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာ...

By user65276396

4.9K 386 56

ကိုရီးယားစာရေးဆရာYoungwanရေးသည့် Artifact Reading Inspectorကိုဘာသာပြန် လေ့ကျင့်ထားတာပါ။ ဇတ်လမ်းအကျဉ်းက... ကမ္... More

အပိုင်း(၁)။မထင်မရှားကျောက်သားမြေတိုက်တနေရာ.+အပိုင်း(၂) မျိုရိုးဆိုတာ မတိမ်ကော..
#အပိုင်း(၃)။မျိုးရိုးဆိုတာ မတိမ်ကောဖူး-၂
အပိုင်း(၄) မျိုးရိုးဆိုတာမတိမ်ကောဘူး(၃)
အပိုင်း(၅) မန္တန်ရွတ်ခြင်း(၁)
အပိုင်း(၆)မန္တန်ရွတ်ခြင်း(၂)
အပိုင်း(၇) အလုပ်သစ်(၁)
အပိုင်း(၈) အလုပ်သစ် (၂)
အပိုင်း(၉) ဥမဲ့ပန်း..ပန်းချီ-၁
အပိုင်း(၁၀)ဥမဲ..ပန်းချီကား-၂
အပိုင်း(၁၁)ရာဖြတ်တစ်ယောက်အဖြစ်ပွဲဦးထွက်ခြေလှမ်း- ၁
အပိုင်း(၁၂)ရာဖြတ်တစ်ယောက်အဖြစ်ပွဲဦးထွက်​ခြေလှမ်း
အပိုင်း(၁၃)ခြင်္သေ့ထိန်းသမားပန်းချီကား(၁)
အပိုင်း(၁၄)ခြင်္သေ့ထိန်းသမားပန်းချီကား-၂
အပိုင်း(၁၅)ခြင်္သေ့ထိန်းသမားပန်းချီကား~၃
အပိုင်း(၁၆)မှတ်တမ်းမှတ်ရာမရှိသည့်အမွေ-၁
အပိုင်း(၁၇) မှတ်တမ်းမှတ်ရာမရှိသည့်အမွေ-၂
အပိုင်း(၁၈)မှတ်တမ်းမှတ်ရာမရှိသောအမွေ-၃
အပိုင်း(၁၉)မှတ်တမ်းမှတ်ရာမရှိတဲ့အမွေ-၄
အပိုင်း(၂၀)ပန်းချီကားနှစ်ချပ်-၁
အပိုင်း(၂၁)ပန်းချီကားနှစ်ချပ်-၂
အပိုင်း(၂၂)ပန်းချီကားနှစ်ချပ်-၃
အပိုင်း(၂၃)ပန်းချီကားနှစ်ချပ်-၄
အပိုင်း(၂၄)လေလံအောင်သူ-၁
အပိုင်း(၂ ၅)လေလံအောင်သူ-၂
အပိုင်း(၂၆)လေလံအောင်သူ-၃
အပိုင်း(၂၇)ရတနာသ​င်္ဘောမှရှေးဟောင်းပစ္စည်း-၁
အပိုင်း(၂၈)ရတနာသင်္ဘောမှရှေးဟောင်းပစ္စည်း-၂
အပိုင်း(၂၉)ရတနာသင်္ဘောပေါ် မှရှေးဟောင်းပစ္စည်း-၃
အပိုင်း(၃၀)ရတနာသင်္ဘောပေါ်မှရှေးဟောင်းပစ္စည်း-၄
အပိုင်း(၃၁)ငါးမြှားခြင်း-၁
အပိုင်း(၃၂) ငါးမြှားခြင်း-၂
အပိုင်း(၃၃) ငါးမြှားခြင်း-၃
အပိုင်း(၃၄)ငါးမြှားခြင်း-၄
အပိုင်း-၃၅...သီးသန့်လေလံပွဲ-၁
အပိုင်း(၃၆) သီးသန့်လေလံပွဲ-၂
အပိုင်း(၃၇)သီးသန့်လေလံပွဲ-၃
အပိုင်း(၃၈) သီးသန့်လေလံပွဲ-၄
အပိုင်း(၃၉) အဲရစ်ဟော်တန်​၏စုဆောင်းမှုများ-၁
အပိုင်း(၄၀) အဲရစ်ဟော်တန်၏ စုဆောင်းမှုများ-၂
အပိုင်း(၄၁) အဲရစ်ဟော်တန်၏စုဆောင်းမှုများ-၃
အပိုင်း(၄၂) တူးဖော်ခြင်း၊စုဆောင်းခြင်း-၁
အပိုင်း(၄၃) တူးဖော်ခြင်း၊စုဆောင်းခြင်း-၂
အပိုင်း(၄၄) တူးဖော်ခြင်း၊စုဆောင်းခြင်း-၃
အပိုင်း(၄၅) တူးဖော်ခြင်း၊စုဆောင်းခြင်း-၄
အပိုင်း(၄၆)တူးဖော်ခြင်း၊စုဆောင်းခြင်း-၅
အပိုင်း(၄၇) ကောက်ရိုးပုံထဲက အပ်-၁
အပိုင်း(၄၈) ကောက်ရီုးပုံထဲက အပ်-၂
အပိုင်း(၄၉)ကောက်ရိုးပုံထဲကအပ်-၃
အပိုင်း(၄၉)ကောက်ရိုးပုံထဲကအပ်
အပိုင်း(၅၀) ကောက်ရိုးပုံထဲကအပ်-၄
အပိုင်း(၅၁)ဖုံးဝှက်ထား သောရတနာများ-၁
အပိုင်း(၅၂) ဖုံးဝှက်ထားသော ရတနာများ
အပိုင်း(၅၄)ရွှေချထားသော ကြေးဗုဒ္ဓရုပ်ပွါးတော်၏ လျှို့ဝှက်ချက်-၂
အပိုင်း(၅၅) ရွှေချထားသော ကြေးဗုဒ္ဓရုပ်ပွါးတော်၏ လျှို့ဝှက်ချက်-၃
အပိုင်း(၅၆)ရွှေချထားသော ကြေးဗုဒ္ဓရုပ်ပွါးတော်၏ လျှို့ဝှက်ချက်-၄
အပိုင်း (၅၇) ဘာတွေဖုံးလို့ ဘာတွေဖေါ် -၁
အပိုင်း(၅၈)ဘာတွေဖုံးလို့ ဘာတွေဖေါ် -၂
အပိုင်း(၅၉) ဘာတွေဖုံးလို့ ဘာတွေဖေါ် -၃
အပိုင်း(၆၀)ဘာတွေဖုံးလို့ ဘာတွေဖေါ် -၄
အပိုင်း(၆၁)ဖခင်တစ်ဦး၏ စေတနာ-၁
အပိုင်း(၆၂)ဖခင်တစ်ဦး၏ စေတနာ-၂
အပိုင်း(၆၂) ဖခင်တစ်ဦး၏ စေတနာ-၂
အပိုင်း(၆၃) ဂျာမဏီကြွေထည်(စပီးဘယ်မူစတာ)-၁
အပိုင်း(၆၄)ဂျာမဏီကြွေထည်(စပီးဘယ်မူစတာ)-၂
အပိုင်း(၆၅)ဂျာမဏီကြွေထည်(စပီးဘယ်မူစတာ)-၃
အပိုင်း(၆၆) အတိပ်၏ ခြေရာ-၁
အပိုင်း(၆၇)အတိပ်၏ခြေရာ-၂
အပိုင်း(၆၈) အာရေဗဗယံတော်ဝင်မင်းသား-၁
အပိုင်း(၆၉)အာရေဗီယံတော်ဝင်မင်းသား-၂
အပိုင်း(၇၀) အာရေဗီယံ တော်ဝင်မင်းသား-၃
အပိုင်း(၇၁)အာရေဗီယံတော်ဝင်မင်းသား-၄
အပိုင်း(၇၂) လူဗာ-အဘူဒါဘီပြတိုက်ခွဲ-၁
အပိုင်း(၇၃) လူဗာ အဘူဒါဘီပြတိုက်ခွဲ-၂
အပိုင်း(၇၄) လူဗာ အဘူဒါဘီပြတိုက်ခွဲ-၃
အပိုင်း(၇၅)အဘူဒါဘီ လူဗာပြတိုက်ခွဲ-၄
အပိုင်း(၇၆) ကိုရီးယားသို့ ပြန်ရောက်ပြီ-၁
အပိုင်း(၇၇) ကိုရီးယားသို့ ပြန်ရောက်ပြီ-၂
အပိုင်း(၇၈)ကြေးနီခုံပါ ငွေခွက်-၁
အပိုင်း(၇၉) ကြေးနီခုံပါ ငွေခွက်-၂
အပိုင်း(၈၀)ကြေးနီခုံပါငွေခွက်-၃
အပိုင်း(၈၁)တရုပ်ပြည် ယောင်ကျိုမှ လူထူးဆန်း ပန်းချီဆရာရှစ်ဦး-၁
အပိုင်း(၈၂)တရုပ်ပြည် ယောင်ကျိုးမှ လူထူးဆန်း ပန်းချီဆရာ ရှစ်ဦး-၂
အပိုင်း(၈၃) တရုပ်ပြည် ယောင်ကျိုးမှ လူထူးဆန်း ပန်းချီဆရာ ရှစ်ဦး-၃
အပိုင်း(၈၄) ဘားရို့ပန်းချီ အထူးပြပွဲ-၁
အပိုင်း(၈၅)ဘားရို့ပန်းချီအထူးပြပွဲ-၂
အပိုင်း(၈၆) ဘားရို့ပန်းချီ အထူးပြပွဲ-၃
အပိုင်း(၈၇)ဘားရို့ပန်းချီ အထူးပြပွဲ-၄
အပိုင်း(၈၈)ဒိုကက်ဘီ ပန်းပုရုပ်တု အဓိပ္ပါယ်-၁
အပိုင်း(၈၉)ဒိုကက်ဘီရုပ်ထု အဓိပ္ပါယ်-၂
အပိုင်း(၉၀)ဒိုကက်ဘီရုပ်ထုရဲ့ အဓိပ္ပါယ်-၃
အပိုင်း(၉၁) ပန်းချီဆရာ ဆယ်ဗားဒိုး ဒါလီနှင့် သူ၏ကိုယ်ပွါး-၁
အပိုင်း(၉၂)ပန်းချီဆရာ ဆယ်ဗားဒိုး ဒါလီနှင့် သူ၏ကိုယ်ပွါး-၂
အပိုင်း(၉၃)ဖခင်ချန်ထားခဲ့သည့် ရှေးဟောင်းပစ္စည်းများ-၁

အပိုင်း(၅၃)ရွှေရည်စိမ် ကြေးဗုဒ္ဓရုပ်ပွါးတော်၏လျှို့ဝှက်ချက်-၁

27 5 0
By user65276396

#၅၃) ရွှေရည်စိမ် ကြေးဗုဒ္ဓရုပ်ပွါးတော်၏
လျှို့ဝှက်ချက်-၁
#53)Secret of the Gilt Bronze Buddha-1
....................................................................
အင်း...ဟုတ်ပါပြီ..အဲဒါများ...ခင်ဗျားကိုယ်တိုင်
ဒီကိုလာပြီး ပြောနေရသေးတယ်ဗျာ..ကဲပါ..တစ်
ရက်ရက်မှ ခင်ဗျားတို့နှစ်ယောက်ကို ကျနော်..
ညစာလိုက်ကျွေးပါဦးမယ်..

သူ့စကားကြားတော့ ယာအေးရင်သည် သိသိသာသာပင် မျက်မှောင်ကုတ်လိုက်သည်။ သူတို့ကိုညစာလိုက်
ကျွေးမယ်လို့ ဟေးဂျင်ပြောသည့်စကားက အလုပ်မရှိတော့ရင်လည်း မင်းတို့ ပြန်ကြတော့လို့
နှင်လိုက်သလို အဓိပ္ပါယ်သက်ရောက်၍ ဖြစ်ပါသည်။

ငါ့ရဲ့ပညာကို အသိအမှတ်ပြုတဲ့အတွက် သူ့ကို
ကျေးဇူးတင်တယ်လို့ မင်း..အဖိုးကို ပြောလိုက်
ပါ..ရာဖြတ်ခကိုတော့ ငါ့အကောင့်ထဲသာ
ပို့လိုက်တော့..အဲ..ဆယ်လာဒွန်ကိုတော့.အခုအဲဒါက
တူးဖေါ် ရေးလုပ်တဲ့နေရာက ရေကန်မှာဆိုတော့
ဆေးကြောသန့်စင်ပြီး နည်းမှန်လမ်းမှန် စနစ်တကျနဲ့
ထိန်သိမ်းမှုတွေ လုပ်မှ ပျက်စီးမှုမရှိမှာဆိုတော့..
အဲဒါတွေပြီးမှသာ..လူတွေကို ချပြလို့ဖြစ်မှာ..
အဲဒါတွေလုပ်တာက အများဆုံး တစ်ပတ်လောက်တော့ ကြာမှာပဲ..ဒါ့ကြောင့် ဘာမှ စိတ်မရှည် ဖြစ်စရာ.....

ကျမ..သဘောပေါက်ပြီ..

ယာအေးရင်က မတ်တပ်ထရပ်လိုက်သည်။
အွန်ဟေးလည်း ထို့အတူပင်။

ရှင့် ပြတိုက်အတွက်..ကျမလုပ်ပေးစရာ ဘာမှမရှိတော့ဘူးပဲ..
ရှင်က ရှေးဟောင်းပစ္စည်း ကောင်းကောင်းတွေ
ဆယ် ရထားတာဆိုတော့..ရှင့်အတွက် အရာရာ
အဆင်ပြေလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်..

ကျေးဇူးပါဗျာ..

ဒါဆို..နောက်မှ ဆုံကြမယ်လေ..

သူတို့ပြန်သွားမှ ဗြောင်ဂွတ်က ရောက်လာ၍
သူ့ပခုံးကို အသာပုတ်ပြီး...

ဝိုး..အခုဆို မင်း..အနုပညာပြတိုက်တစ်ခုရဲ့
ဒါရိုက်တာ တစ်ယောက် ဖြစ်သွားပြီကွ..

အင်း..ပြတိုက်တော့ ပြတိုက်ပဲ..အတွင်းပိုင်းက
ဆောက်လုပ်ဆဲ ပြတိုက်တစ်ခုပေါ့..ဦးလေးရာ..
ဟားဟားဟား..ဒါနဲ့.ဦးလေးရေ..သူမ..ကတော့
ထုတ်မပြောသွားဘူး..ဒါပေမယ့်..ပြတိုက်ကိစ္စမှာ
ယူဆောင်ဂရုက..တိတ်တဆိတ် ကူညီခဲ့တာ
ကျနော်တော့..သေချာတယ်ဗျာ..ခွင့်ပြုချက်ကို
ဒီလောက်မြန်မြန်ရဖို့ မလွယ်ဘူး..ဦးလေးရ
ကျနော်တို့က အခု တေအန်းမှာ အတူလုပ်နေကြ
တာမဟုတ်လား..အဲဒါကြောင့် ကျနော့်ပြတိုက်သာ
အချိန်မီ မဖွင့်နိုင်ဘူး ဆိုရင်..သူတို့ ဒုက္ခရောက်
နိုင်တယ်ဗျ..

ဟ..သူတို့က ဘာကြောင့် ဒုက္ခရောက်ရမှာလဲကွ..
မင်း..ပြတိုက် မရပ်တည်နိုင်ရင် ရှေးဟောင်းပစ္စည်း
အားလုံးကို သူတို့ ထိန်းသိမ်းထားလို့ ရမှာပဲကို..

အာ..ဦးလေးကလည်း..လုပ်ငန်းသဘောက အဲသလို
မဟုတ်ဖူးဗျ..ရှေးဟောင်းပစ္စည်းတွေကို
တစ်ယောက် တစ်ဝက်စီ ခွဲယူဖို ကျနော်နဲ့ ယူဆောင်
ဥက္ကဌ တို့ လက်မှတ်ထိုး စာချုပ် ချုပ်ထားကြတာဗျ..
အဲဒါကြောင့်..တကယ်လို့ သူတို့က ရှေးဟောင်း
ပစ္စည်းတွေ အားလုံး ယူသွားရင်လည်း..သူတို့
မပိုင်တဲ့ပစ္စည်းတွေကို ထိန်းသိမ်းရလို့ ငွေကုန်ကြေး
ကျ ဖြစ်ကုန်မှာပေါ့..ဦးလေးရ..

ဪ..ဟုတ်လား..ဒါဆို..သူတို့ဝေစု ရှေးဟောင်း
ပစ္စည်းတွေကို ပြတိုက်တစ်ခုကို ပို့လိုက်ရင်တောင် ယူဆောင့်ပစ္စည်းက..ယူဆောင့် ပစ္စည်းပဲပေါ့..
အဲဒါဆို..သူတို့က အသာစီး အတော်ရနေတာပဲကို
ဒါပေမယ့်ကွာ..သူတို့က မင်း..ဝေစုကို ယူသွားမယ်
ဆိုရင်..လူထုကို သူတို့ပြတိုက်ဆီ နည်းနည်းပိုပြီး
ဆွဲခေါ် လို့ရပေမယ့်..စနစ်တကျ နည်းမှန်လမ်းမှန်
ထိန်းသိမ်းထားရမှာက ပြဿနာဆိုတော့ သူတို့
အဲသလို လုပ်စရာ ဘာအကြောင်းမှ မရှိဘူးပေါ့..

အင်း..ဟုတ်တယ်..ဟုတ်တယ်.ကဲပါ.ဦးလေး.
ကျနော် အိမ်အရင်ပြန်ဦးမယ်..ရေချိုးဖို့ လိုနေပြီဗျ

ဟေးဂျင်သည် ထပြန်တော့မလို့ လုပ်လိုက်တော့
ဗြောင်ဂွတ်က သူ့လက်ကို ဖမ်းဆွဲ၍ တံခါးကိုပိတ်
လိုက်ကာ သူ့အနား အမြန်ကပ်လာပြီး .

ငါ့ကိုပြစမ်းပါဟ..မင်း..ယူလာတာဘာလဲကွ..

ဟေးဂျင်ကပြုံးပြီး အိတ်ထဲကနေ ပန်းချီကားထည့်သည့်ဗူးကို ဆွဲထုတ်လိုက်သည်။

ဟဲဟဲ..ဦးလေး..သိပ်လန့်မသွားနဲ့ဦး..

ဘာမို့လို့လဲဟ..ပြစမ်းပါ..

ဆုဂျောင်းက ရှေ့ကိုကုန်းပြီး ကြည့်လိုက်သည်။

ဦးလေးတို့ နှစ်ယောက်စလုံး အခု ဒီမှာမြင်ရတဲ့ဟာ
တွေကို လျှို့ဝှက်ထားရမယ်နော်..ဟုတ်ပြီလား...

အေးပါဟ..

ဟေးဂျင်သည် ဘူးထဲက ပန်းချီကားများကို တစ်ခုပြီး မှ တစ်ခု ဂရုတစိုက်နှင့် ထုတ်ယူလိုက်သည်။
ပန်းချီကား လေးချပ်နှင့် စာအုပ်တစ်အုပ်ပင်။

ဟာ..ဒါ..မိုနေးရဲ့ကားမဟုတ်လား..

ဆုဂျောင်းမှာ အံ့ဩသွားပြီး အနီးကပ်ကြည့်
လိုက်သည်။ သူမ.သည် အနောက်တိုင်း ပန်းချီ
အတော်များများကို သိသူတစ်ယောက်မို့လို့
ထိုပန်းချီကားမှာ တစ်ခုခု မှားနေတာများ ရှိမလား
လို့ ရှာကြည့်နေသည်။

ဟုတ်တယ်..ဒါ..ကောက်ရိုးပုံစီးရီးထဲက တစ်ခုပဲ..
ပန်းချီကားအနေအထားက သိပ်အဆိုးကြီး
မဟုတ်ဖူး..ကျန်တာတွေကရော...
ဟေးဂျင် နောက်ထပ် ဆွဲထုတ်လိုက်သည့် ပန်းချီကားမှာ..ဂူထဲတုံးက သူ..ကောင်းကောင်း စစ်ဆေး
ရန် အချိန်မရခဲ့သည့် ကားဖြစ်ပါသည်။

ထိုကားမှာ မြို့ရယ်..ရေရယ်..နေ့စဉ်လူမှုဘဝနှင့်
အလုပ်များနေကြသည့် ထိုခေတ်က လူတွေရယ်.
ထိုသုံးခုကြား..လှလှပပ ဟန်ချက်ကျနေသော
ဗင်းနစ်မြို့ကလေးပုံ ဖြစ်ပါသည်။ ထိုသုံးမျိုးကို
ပုံဖေါ် ထားသည်မှာ အတော်ကြီးကို အချိုးကျလှ
သည်။
အာ..ဒါ..ဖရန်ချေစ်ကို ဂွါဒီ..ရဲ့ ( Freancesco Guardi )လက်ရာပဲ..ဟုတ်တယ်မဟုတ်လား..

(Francesco guardi(1913-1793)၏ Veniceမြို့
ရှုခင်းပန်းချီကားတစ်ကား..)

ဒီတစ်ခါလည်း ဆုဂျောင်းက အဖြေကို မြန်မြန်ပင်
ပြောလိုက်ပြန်သည်။ ဂွါဒီသည် ဗင်းနစ်မြို့၏ ရှုခင်းကို
ရှုဒေါင့်အမျိုးမျိုးဖြင့် ရေးဆွဲခဲ့သည်။ ထို့ကြောင့်
ဆုဂျောင်းသည် ရာဖြတ်တစ်ယောက် မဟုတ်သော်
လည်း သူ့အမည်ကို မှတ်မိနေသည်။

အေး..ဟုတ်တယ်..သူက ဒီလို ရှုခင်းပုံတွေ
မကြာခဏ ဆွဲလေ့ရှိတယ်ဟ..ဂွါဒီရဲ့ ဟန်လို့
ပြောလို့ရတဲ့ စုတ်ချက် ခပ်သွက်သွက်နဲ့ ရုပ်စုံဟန်ကို
ဒီပန်းချီကားမှာ တွေ့ရတယ်..ငါ..တော့ သူကလွဲလို့
တစ်ခြားဘယ်သူ့ကိုမှ တွေးလို့မရဘူး..

ဝေး..နောက်တစ်ကား..နောက်တစ်ကား..

ဆုဂျောင်းသည် ကလေးတစ်ယောက်ပမာ
နောက်ထပ် ကားတစ်ကား ကြည့်ဖို့တောင်းဆို
နေစဉ်မှာ ဗြောင်ဂွတ်ကတော့ အံ့ဩဘနန်း
ဖြစ်စွာဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်
လုပ်နေသည်။

ဟေးဂျင်သည် ကြည့်ပြီးသည့် ကားနှစ်ချပ်ကို
ဗူးထဲပြန်ထည့်ပြီး နောက်တစ်ကားကို ဂရုတစိုက်နှင့်ပင် ဆွဲထုတ်လိုက်သည်။

ထိုပန်းချီကားမှာ အမဲလိုက်ခွေးတစ်ကောင်နှင့်
အဖြူရောင်မြင်းကို စီးနေသည့် အမျိုးသမီး
တစ်ယောက်တို့၏ ပျော်စရာအချိန်လေးကို
သရုပ်ဖေါ် ထားပါသည်။ ကြော့ရှင်းလှပသည့်
မြင်းနောက်ကနေ အမဲလိုက်ခွေးက လျှောက်လိုက်
နေပုံ ဖြစ်ပါသည်။ သို့ပေမယ့် ပန်းချီကား၏
နောက်ခံဘက်ဂရောင်းရှိ အပြာရောင် ကောင်းကင်
နှင့် တိမ်များပေါ်၌ ရေစိုကွက်များရှိနေပြီး ညစ်ထေးထေး အစွန်းအထင်းအချို့လည် ရှိနေပါသည်။

ဒါ..
အခုတစ်ကြိမ်တော့ ဆုဂျောင်းတစ်ယောက်
ဘယ်သူဆိုတာ မပြောနိုင်တော့ပါချေ..

အဲဒါ..ဂျက်လောရင့်အက်ဂါစီ..လေ..သူက
ပြိုင်မြင်းပုံတွေ ဆွဲရာမှာ ပြောင်မြောက်သူ
တစ်ဦးပေါ့..သူ့ခေတ်အခါတုံးက အင်္ဂလန်မှာ
ပြိုင်မြင်းတွေ ခေတ်စားတဲ့အချိန်မို့လို့ သူလည်း
အတော်ကို ထင်ပေါ် ကျော်ကြားခဲ့တဲ့သူ ..
တစ်ယောက်ပေါ့..

ဒါပေမယ့်..ဒီကားက ထိန်သိမ်းမှု လုပ်ဖို့လိုနေပြီဟ

ဆုဂျောင်းပြောသလိုပင်..လက်ရှိအနေအထားအရ
ထိုကားကို ပြပွဲတင်ရန် ရွေးလို့မရနိုင်ပေ..ထိန်းသိမ်း
မှုလုပ်ဖို့ လိုပေလိမ့်ဦးပေမည်။

အင်း..နင်က ဟိုကြွေထည်ကို ထိန်းသိမ်းမှု
လုပ်လက်စမို့လား..ဒါကိုရော..ထိန်းသိမ်းမှု
လုပ်မပေးနိုင်ဘူးလား.'

အေးပါ..ငါ့မှာ ရွေးစရာ ဘာရှိလို့တုံး..ဒီကားကို
ဒီအတိုင်းကြီးလည်း ပစ်မထားချင်ဘူး..အဲဒိတော့
ငါ့..မဟာပညာစွမ်းတွေ ထုတ်သုံးကြည့်ရမှာပေါ့.
ကဲပါ..ဒီမှာထားခဲ့ချေ..ငါ..အရင်လေ့ကျင့်ကြည့်
လိုက်မယ်..အဲဒါကြောင့်..အချိန်နည်းနည်းတော့
ကြာမယ်ဟ..

အာ..အဲဒါက ကိစ္စမရှိဘူး..ပြတိုက်ဖွင့်တဲ့အထိ
ပြီးစရာမလိုသေးဘူး..နင်..အချိန်ယူပြီးတော့သာလုပ်ပါ..

အဲဒါဆို ကောင်းတာပေါ့..ငါ..တက်နိုင်သမျှ မြန်မြန်
တော့လုပ်မှာပါ..ကဲ..ကဲ..နောက်တစ်ကား..နောက်
တစ်ကား...

ဒါ..နောက်ဆုံးတစ်ခုပဲ..

သူရဲကောင်းဆိုတာ အမြဲတန်း နောက်ဆုံးမှ
ထွက်လာတာမဟုတ်လား..
ဖြေးဖြေးခြင်း ဖြန့်လိုက်သည့် ပန်းချီကားလိပ်ကို
ဗြောင်ဂွတ်နှင့် ဆုဂျောင်းတို့ နှစ်ယောက်သားက
မျက်မှောင်ကြုတ်ကာ ကြည့်နေကြသည်။

အိုး..ဒါ..ဒါ..ပီကာဆို..ပီကာဆိုရဲ့ကားပါလား..

ဗြောင်ဂွတ်ကတော့ ကားကောင်းတစ်ကားပဲ
ဆိုသည့် အတွေးဖြင့်ပင် ခေါင်းတစ်ချက်ငြိမ့်
လိုက်ရုံရှိပေမယ့်..ဆုဂျောင်းကတော့ သူနှင့်မတူပေ..
ထိတ်လန့်တကြားပင် အော်ဟစ်မိပြီးမှ သတိဝင်ကာ
အလျှင်အမြန်ပင် သူ့အသံကိုနှိမ့်၍ ပီကာဆိုလို့..
ပြောလိုက်လေသည်။

ဟုတ်တယ်..ဒီကားကို ပီကာဆို ဆယ်ကျော်သက်
အရွယ်တုံးက ဆွဲခဲ့တာလို့ ငါထင်တယ်..ဆေးတံနှင့်
လူကလေး(boy and pipe)ကားကို ဆွဲပြီးတဲ့အခါ
နောက်ထပ် ပန်းချီကားတစ်ကား ထပ်ဆွဲချင်တဲ့
အာသီသကြောင့် ဖြစ်လိမ့်မယ်ဟ..

ဤပန်းချီကားထဲ၌ ပန်းကုံးတစ်ကုံး ခေါင်းမှာသီထားသော မိန်းကလေး တစ်ယောက်ပုံကို ဆွဲထားသည်။ သူမ၏ လက်နှစ်ဖက်စလုံး၌ ပန်းပွင့်ငယ် တစ်ပွင့်စီ
ဆုပ်ထားပြီး ပန်းချီဆရာကို ငေးကြည့်နေသည်။

ပန်းချီကားနောက်ခံကတော့ ဆေးတံနှင့်လူကလေး
ထဲကလို အတူတူပင်..သို့ပေမယ့်  မိန်းကလေးရဲ့
မျက်နှာထားက..ဆေးတံနှင့်လူကလေး..ကားထဲ
ကလို အသက်မဲ့ခံစားချက်မျိုးနှင့် ဆန့်ကျင်စွာ..
ညိုးငယ်သုန်မှုန်နေသည်။

ဆေးတံနဲ့လူကလေး ကားက လေလံပွဲမှာ ဘယ်လောက်နဲ့ ရောင်းခဲ့တာတုံးဟ..နင်သိလား..

ဝမ်ဘီလီယံ တစ်ရာ့သုံးဆယ်နဲ့လေ..

အိုး..ဘုရားရေ..နင်တော့ ထောပြီ..ဘယ်လိုလုပ်ပြီး..နင်........"

(၂၀၀၄ခုနှစ်မေလ ဆိုဘီလေလံပွဲ၌ ဒေါ်လာ
၁၀၄ သန်းနှင့်ရောင်းချခဲ့သည် Pablo Piccaso ၏ boy with a pipe (1905)ပန်းချီကားပုံ..)

ဆုဂျောင်းနှင့် ဗြောင်ဂွတ်တို့မှာ ပါးစပ်ပင်
မပိတ်နိုင်ကြတော့ပေ..

ကမ္ဘာ့ထိတ်တန်း ကျွမ်းကျင်သူတွေက ဒါကိုလာပြီး
အကဲဖြတ်ကြလိမ့်ဦးမယ်ဟ..အဲဒိမတိုင်ခင်အထိ
တော့..ဒါကို သူတို့က ဆေးတံနဲ့ လူကလေး ကားလို
တော့ အသိအမှတ် ပြုကြမယ် မဟုတ်သေးဖူး..

ဒါပေမယ့် အဲသလို ထင်ရှားတဲ့ ကျွမ်းကျင်သူတွေက
နင့်ပြတိုက်ကို လာမှာလေဟာ..အဲဒါကိုယ်နှိုက်ကိုက.
ကြီးကျယ်တဲ့ကိစ္စပဲကို..အဲဒါဆို..နင့်ပြတိုက်တော့
ကမ္ဘာ့အကြီးကျယ်ဆုံး ပြတိုက်တွေထဲက တစ်ခုဖြစ်
သွားတော့မှာပဲနော်...

ဆုဂျောင်းပြောတာလည်း မှန်ပါသည်။ လူ့လောက၏
ကြီးကျယ်ခန့်ညားသော ရှေးဟောင်း
ပစ္စည်းရှိသည့် ပြတိုက်တစ်ခုမှာ သူ့အလိုလိုကပင်
ကမ္ဘာနှင့်ချီသည့် ခရီးသွားဧည့်သည်များ၏
အလည်အပတ်နေရာ တစ်နေရာဖြစ်ပါသည်။

ဒါနဲ့ .အဲဒါကဘာလဲ..

ကျန်တဲ့တစ်ခုမှာ..ပန်းချီကားမဟုတ်ပေ။ သတင်းစာ
စက္ကူနှင့်ထုပ်ထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
ဟေးဂျင်လည်း ထိုစာအုပ်ကို ကောင်းကောင်း
မကြည့်ရသေးပေ..ထို့ကြောင့် ဘာပါလိမ့်..ဆိုပြီး
သူလည်း အလွန်သိချင်နေသည်။
သူက ဖိုင်ကိုဖယ်လိုက်ပြီး သတင်းစာ စက္ကူနှင့်
ဗီနိုင်းစတို့ကို ဖြေလိုက်သည်။ ထိုအထဲမှ တစ်စစီ
ပြုတ်ထွက်တော့မည့် အရှေ့တိုင်းစာအုပ်တစ်အုပ်
ထွက်လာသည်။

ပန်းချီကားတွေကတော့ အားလုံး အနောက်တိုင်း
ပန်းချီတွေပဲ..စာအုပ်ကြမှ ဘာလို့ အရှေ့တိုင်းက
ဖြစ်နေရတာတုံး..

အေး..ဟုတ်တယ်..ငါလည်း အဲဒါကို သိချင်
နေတာဟ..

ဟေးဂျင်သည် စာအုပ်ကို ဖြေးဖြေးချင်း ဖွင့်လိုက်
သည်။ ထိုစဉ်  စာအုပ်အဖုံးပေါ်ရှိ စာအုပ်အမည်၏
အောက်တည့်တည့်၌ အလွန်ပင်မှိန်လှသည့်
အနီရောင် လက်မှတ် တစ်ခုကို တွေ့လိုက်ရသည်။

ဘာလဲဟ..လက်မှတ်တစ်ခုများလား..
ဦးလေးဗြောင်ဂွတ်..ပုံကြီးချဲ့ မှန်ဘီလူးတစ်ခု
မရှိဘူးလားဗျ..

အေး..ရှိတယ်..ရှိတယ်..ခဏစောင့်
ဗြောင်ဂွတ်သည် ကပြာကယာ မတ်တပ်ထရပ်
လိုက်ပြီး ချက်ခြင်းပင် ရာဖြတ်ရာတွင် အသုံးပြု
လေ့ရှိသည့် လက်ကိုင်မှန်ဘီလူး အသေးတစ်လက်
နှင့် ပြန်လာသည်။ ဟေးဂျင်သည် မှန်ဘီလူးကို လှမ်း
ယူပြီး လက်မှတ်ကို လေ့လာစစ်ဆေးကြည့်လိုက်
သည်။ လက်မှတ်မှာ အတော်ကြီးကို မှိန်လှသော်
လည်း ဘယ်သူ့လက်မှတ် ဆိုတာကို ဟေးဂျင်
သိလိုက်ချေသည်။

ဝိုး..ဦးလေရေ..ဒါ..ကင်ဟောင်ဒို့ လက်မှတ်ပဲဗျ...

ဘာရယ်..ကင်ဟောင်ဒိုလား..အဲဒါဆို..ဒါ..ရုပ်ပုံ
စာအုပ်ပေါ့..ဟုတ်လား..

အင်း..ကျနော်လည်း..အဲသလိုထင်တာပဲ..
ကင်ဟောင်ဒိုသည် ကိုရီးယားရှိ ရိုးရာပန်းချီဆရာများ
အနက် အတော်ဆုံးတစ်ယောက်ဖြစ်ပါသည်။
သူ့ချန်ထားခဲ့သော ပန်းချီကားများမှာ အတော့်ကို
များပါသည်။ သူ့လက်ရာ အများစုမှာ လူတွေသိပြီးသား ဖြစ်ပါသည်။ သို့ပေမယ့် သူ့လက်ရာအဖြစ်
မဖော်ထုတ်ရသေးသည့် နောက်ထပ် ပန်းချီကားများ
ရှိနေသေးသည်ဟု ခန့်မှန်းကြဆဲဖြစ်ပါသည်။

ဟ..ဒါဆို ဒီတိုင်းပြည်အနေနဲ့ သူ့လက်ရာ
ဘယ်လောက် များများရဖို့ ကျန်သေးလဲကွ..

အဟား..အဲဒါတော့..ဒီစာအုပ်ပေါ် မူတည်မှာပဲ..ဦးလေးရေ..
ဟေးဂျင်သည် ဂရုတစိုက်နှင့် စာအုပ်အဖုံးကို
ဖွင့်လိုက်သည်။ ထိုအခါ တစ်ပင်တည်း ထီးတည်း
သစ်ပင်ကြီး တစ်ပင်ပုံ ပေါ်လာသည်။ စကြည့်ကြည့်ချင်းတော့ ဘာမှမထူးခြားပေ။ ဒါပေမယ့် သစ်ပင်၏
တောင့်တင်းကြံ့ခိုင်မှု နှင့် သစ်ရွက်တွေ သစ်ကြောတွေကို ပြောင်မြောက်သည့်ကောက်ကြောင်းဖြင့်
အနုစိတ်သရုပ်ဖေါ်ထားပုံမှာ အံ့ဩစရာကောင်းလှသည်။
ထိုပုံပြီးတော့..လူပုံတွေ..ရှုခင်းပုံတွေက..လေးပုံ..
သစ်ပင်ပုံ..ပန်းပုံနှင့် ငှက်ပုံတွေက ..ခြောက်ပုံ..

ဘယ်နှစ်ပုံလောက် တွေ့လဲကွ..

ဆယ်ပုံ..ဦးလေးရေ..

ဟား..မိုက်တယ်ဟေ့..ဂျေချောင်ဖြေ (ကိုရီးယား
အမွေအနှစ် ၁၂မျိုးခန့် ဖေါ်ထုတ်နိုင်ခဲ့သူ art collector) တောင်..စစချင်း ဒီလိုကြီးကျယ်ခမ်းနား
တာမျိုး မရခဲ့ဖူးကွ..မင်းကတော့ ထူးထူးကဲကဲ
အမွေအနှစ်တွေ စုဆောင်းရလိုက်ပြီပဲကို...

ဒါလောက်နဲ့ မလုံလောက်သေးဘူး..ဦးလေးရ..
ဒါပေမယ့် ဆိုးတော့မဆိုးပါဘူး..ဟုတ်တယ်
မဟုတ်လား..ဦးလေး..

ပက်ဟေးဂျင် အနုပညာပြတိုက်ကြီးကတော့
အနာဂါတ်မှာ ကျော်ကြားဦးတော့မှာပဲ..အနမတဂ္ဂ
အနုပညာရှင်တွေ..ရာဖြတ်တွေ..ရောက်လာဦးတော့
မှာပဲဟေ့...

ကျနော်လည်း အဲသလို မျှော်လင့်ပါတယ်..ကဲပါ..
ဦးလေး..ကျနော် ပြန်တော့မယ်ဗျာ..ပင်ပန်းလှပြီ
ရေချိုးဖို့လည်း လိုနေပြီဗျ..

အေးပါ..အေးပါ..ငါ.ပျော်လွန်းလို့ပါကွာ..
မင်းပြတိုက်ကတော့ကွာ..အဖွင့်နေ့ကတည်းက
လူတွေ အုံနေတော့မှာပဲဟေ့..
ဗြောင်ဂွတ်နှင့် ဆုဂျောင်းတို့သည် သူတို့အကျိုးစီးပွါး
အလား ဝမ်းသာအဲလဲ ဖြစ်နေကြသည်။

ဟေးဂျင် အိပ်ရာနိုးတော့ အပြင်မှာ လင်းချင်းနေပေပြီ။ သူ့ဖုန်းကို ကောက်ယူကြည့်လိုက်သည်။ ဒီနေ့
လေလံပွဲ သွားမှာလားလို့ မေးထားသည့် မက်ဆေ့
တစ်စောင်ကို ဆုဂျောင်းက ပို့ထားသည်။
သွားမှာပေါ့လို့ မက်ဆေ့ပြန်ပို့ကာ ရေမိုးချိုးပြီး
နောက် မဆိုင်မတွပင် အလုပ်ရုံရှိရာသို့ သူ..ထွက်ခဲ့
လိုက်သည်။

ဟဲ့..နင့်အဖေရော.
အလုပ်ရုံမှာနေပြီး အခြားကုန်သည်တွေနှင့် ဖာဒု(ဂို)
ကစားလေ့ရှိသည့် ဗြောင်ဂွတ်မှာ ထိုနေရာ၌ ရှိမနေပါချေ..
အဖေက မနက်ကတည်းကထွက်သွားတာ..
တစ်ယောက်ယောက်က ဖုန်းဆက်လို့ဟ..ငါလည်း
အဲဒိထက်ပိုမသိဘူး..

ဆုဂျောင်းသည် အလုပ်ရုံကနေ အပြင်မထွက်
ဖြစ်တာခေတ္တခဏတော့ကြာချေပြီ..ဒါကြောင့်မို့
အခုတော့ သူမသည် အဝတ်အစားသစ်တွေ ဝတ်လို့ မိတ်ကပ်တွေဘာတွေလိမ်းချယ်ထားသည်။
ပင်ကိုယ်ကပင် သူမသည် အသားအရည်လှ၍
ချစ်စရာကောင်းသူဖြစ်လို့ နည်းနည်းလောက်
ပြင်လိုက်ဆင်လိုက်တယ် ဆိုရင်ကိုပဲ..ပိုလို့တောင်လှ..လာသေးသည်။ 

ဝိုး..လှ လှချည်လား..

အို..ခုရက်တွေ ငါ့အလုပ်ကြောင့် ခေါင်းကိုက်နေတာ..
အဲဒါကြောင့် လေကောင်းလေသန့်လေး ရှူရ
အောင် ငါ့ဘာသာပြင်ဆင်ထားတာဟ..ကဲပါ..
ရှေ့ကသာ သွားချည်ပါ...

ဪ..အေး..အေးပါ..

ကိုရီးယားလေလံရုံမှာ အင်ဆာဒုံအနီးမှာဖြစ်လို့
သူတို့..စကားပြောရင်း လမ်းလျှောက်သွားလိုက်တာ
ဆယ်မိနစ်လောက်အကြာမှာပင် ထိုနေရာသို့
ရောက်သွားကြသည်။
ဟေးဂျင်သည် ဤနေရာသို့ အရင်က ရောက်ဖူးပြီး
သားဖြစ်၍ ဝန်ထမ်းတွေကို မေးမြန်းမနေတော့ပဲ
ပြပွဲခန်းမသို့ တန်းသွားလိုက်ပြီး ကတ်တလောက်
နှစ်ခုကိုယူကာ တစ်ခုကို ဆုဂျောင်းအား ပေးလိုက်
သည်။
ဒါနဲ့..ဆုဂျောင်း..နင်..ဒီလိုအထူးပွဲတွေကို..မကြာခဏ လာလေ့ရှိတာလား..

ဆုဂျောင်းသည် ကတ်တလောက်ကို ဟိုဟိုဒီဒီ
လှန်ကြည့်နေရင်းကနေ ခေါင်းရမ်းပြသည်။

ဟင့်အင်း..ဘယ်လိုလုပ်လာနိုင်မှာလဲဟ..
တက္ကသိုလ်တက်တုံးကလည်း ငါ့မှာ ဓါတ်ခွဲခန်းနဲ့
ပြုပြင်ထိန်းသိမ်းရေးအခန်းထဲမှာ လုံးခြာလည်
ရိုက်နေတာဟ..ဂယ်လာရီတွေ..ပြတိုက်တွေကို
တော့ မကြာခဏသွားဖြစ်ပါတယ်..ဒါပေမယ့်..
လေလံပွဲတွေတော့ မသွားဘူးဖူးဟ..
ဟယ်..ဒီမှာ..ဒီကြွေထည်ဖြူက ..နင့်ဟာမဟုတ်လား..

ဟေးဂျင်သည် သူမ..ကတ်တလောက်ကို
လှမ်းကြည့်လိုက်တော့ အရင်က သူ..အပ်ထားသည့်
ကြွေထည် ဖြစ်နေသည်။

အေး..ဟုတ်တယ်..အဲဒါ..ငါ့ဟာပဲ..

အိုး..မိုက်တယ်..သူ့အနေအထားက အကောင်းကြီး
ရှိသေးတာပဲ..နင်..ဘယ်လောက်ရမယ် မှန်းလဲ..

သိပ်မမှန်းထားပါဘူး..သန်း..သုံးဆယ်နဲ တစ်ရာ့နှစ်
ဆယ် ကြားလောက်ပေါ့..အဲဒိထက် ပိုလိုချင်ရင်
လည်း..ကြွေထည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ
အခြား တစ်စုံတစ်ရာရှိမှ ဖြစ်တာဟ..အခုဟာက
ကြွေထည်ဖြူသက်သက်ပဲမို့ ..အများကြီး မရနိုင်
ဘူးဟ..
ဪ..အဲသလိုလား..ငါက..အဲဒါတွေ သိပ်နား
မလည် ဘူးဟ..
ဘယ်သိမလဲဟ..နင်က ပြုပြင်ထိန်းသိမ်းရေးပံ
လုပ်နေတာကို..
ဒါနဲ့..နင်..တေအန်းက ရတဲ့ ဆယ်လာဒွန်ကို လေလံပွဲ
တင်လိုက်ရင်ရော..ဘယ်လိုဖြစ်မလဲ..ဘယ်လောက်
လောက် ရနိုင်မလဲ..

အာ..အဲဒါက ရောင်းဖို့မှ မဟုတ်တာ..

ဪ..အဲဒါကြောင့် ငါကမေးတာပေါ့ဟ..ဘယ်လို
ဖြစ်မလဲလို့လေ..
ထိုကိစ္စ မဖြစ်နိုင်ဘူးလို့တော့..ဟေးဂျင်..တွေးမထားမိပါချေ..ဒါပေမယ့် အခု ဆုဂျောင်းက မေးခွန်းထုတ်
နေ၍ သူ..ခန့်မှန်းဈေးကို တွက်ကြည့်လိုက်သည်။

အင်း..ငါ့အထင်..အနည်းဆုံးတော့ တစ်ဘီလီယံလောက်တော့ ရှိမှာပေါ့ဟ..

ဝိုး..ဧရာမအများကြီးပါလား..

အေး..ဟုတ်တယ်..ဧရာမပဲ..ဒါပေမယ့်..ငါမရောင်း
နိုင်ဘူးဟ..အဲဒါကို ပိုင်ဆိုင်ရတာကိုကပဲ ဧရာမ
ကြီးကျယ်မှုပဲ မဟုတ်လား..

သူတို့နှစ်ယောက် ထိုသို့ ပြောရင်းဆိုရင်း လျှောက်
ကြည့်နေကြစဉ်ဝယ် သူ့လက်ကို တစ်စုံတစ်
ယောက်က အသာအယာ ပုတ်လိုက်တယ်လို့
ဟေးဂျင်..ခံစားလိုက်ရသည်။

ဒီမယ်..တဆိတ်လောက်..

ဟေးဂျင်..လှည့်ကြည့်လိုက်တော့ သူ..အရင်က
သိဖူးသည့် ပါဘက်စ်ဟော်တယ်၏ အမှုဆောင်
ဒါရိုက်တာဖြစ်သူ ဒိုအွန်ချေး ဖြစ်နေသည်..

အိုး..မင်္ဂလာပါ..
အိုး..ရှင်..ကျမကိုမှတ်မိတယ်မဟုတ်လား..အရင်က
ဒီမှာ တစ်ခါဆုံဖူးတယ်လေ..
ဟုတ်ကဲ့..မှတ်မိတာပေါ့ခင်ဗျာ..
အွန်ချေးက သူ့စကားကြားတော့ ပျော်သွားပြီး
သူ့ပါးစပ်ကို လက်ဝါးနှင့် အုပ်၍ ရီလိုက်သည်။
ဟိုးဟိုးဟိုး..ရှင်..မမှတ်မိမှာကို ကျမက နည်းနည်း
စိုးရိမ်နေတာရှင့်..ဒါပေမယ့် မှတ်မိတယ်ဆိုလို့
ဝမ်းသာလိုက်တာရှင်..ဘာလဲ..အဲဒိအမျိုးသမီးလေး
ပစ္စည်းရွေးမှာကို ရှင်..လိုက်ကူညီနေတာလား..

သူမက..ဆုဂျောင်းကို လှမ်းကြည့်လိုက်သည်။

အိုး..အရင်တခါက..ဆေးယွန်ဂယ်လာရီက
ဒါရိုက်တာကို လိုက်ကူညီတာ..ဒီနေ့တော့
ပြပွဲကြည့်ရုံ သက်သက်ပါခင်ဗျ..ဒါက..ကျနော့်
သူငယ်ချင်းပါ..
ဟဲလို..ကျမက ယန်ဆုဂျောင်းပါရှင်..ကြွေထည်တွေ
ပန်းချီကားတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းသူ
တစ်ယောက်ပါရှင့်..
ဆုဂျောင်းသည် ကြောင်တောင်တောင် အပြုံးနှင့်
အတူ နှုတ်ဆက်လိုက်သည်။
အွန်ချေးသည်လည်း ကို့ယို့ကားယား အပြုံးနှင့်ပင်
ပြန်နှုတ်ဆက်လိုက်သည်။

အဟင်း..ဟင်း..ရှင်က ရုပ်ကလည်းချော လုပ်ရည်
ကိုင်ရည်ကလည်းရှိဆိုတော့. ရှင့်အနားမှာ.အမျိုးသမီးချောချောလေးတွေပဲ ဝိုင်းဝိုင်းလည်နေတာပါလား..

ဟဟ..ကျနော်က အဲသလိုလားဗျ..

ဟေးဂျင်သည်လည်း ကြောင်တောင်တောင်
ဖြစ်စွာ ပြုံးလိုက်သည်။ အွန်ချေးသည်
ဟေးဂျင်မျက်နှာကို အကဲခတ်၍ ချီတုံချတုံဖြင့်
ပြောလိုက်သည်။

ရှင်..ဒီနေ့ အလုပ်များနေသလားရှင့်..

ခင်ဗျာ..ဘာပြောလိုက်တာလဲ..

ဪ..ရှင့်ကို..ကျမအိမ်..အလည်ဖိတ်ချင်လို့ရှင့်..
....................................................................
#၅၃) ရွှေရည်စိမ် ကြေးဗုဒ္ဓရုပ်ပွါးတော်၏
လျှို့ဝှက်ချက်-၁
#53)Secret of the Gilt Bronze Buddha-1
....................................................................
Zawgyi Version

#53)Secret of the Gilt Bronze Buddha-1
....................................................................










ဆောကျလုပျဆဲ ပွတိုကျတစျခုပေါ့..ဦးလေးရာ..
ဟားဟားဟား..ဒါနဲ့.ဦးလေးရေ..သူမ..ကတော့
ထုတျမပွောသှားဘူး..ဒါပမေယျ့..ပွတိုကျကိစ်စမှာ

ဟ..သူတို့က ဘာကွောငျ့ ဒုက်ခရောကျရမှာလဲကှ..

ဥက်ကဌ တို့ လကျမှတျထိုး စာခြုပျ ခြုပျထားကွတာဗြ..





























ကွာမယျဟ..

အာ..အဲဒါက ကိစ်စမရှိဘူး..ပွတိုကျဖှငျ့တဲ့အထိ

















ကွီးကယြျတဲ့ကိစ်စပဲကို..အဲဒါဆို..နငျ့ပွတိုကျတော့
ကမ်ဘာ့အကွီးကယြျဆုံး ပွတိုကျတှထေဲက တစျခုဖွစျ
သှားတော့မှာပဲနောျ...

















ဒါလောကျနဲ့ မလုံလောကျသေးဘူး..ဦးလေးရ..
ဒါပမေယျ့ ဆိုးတော့မဆိုးပါဘူး..ဟုတျတယျ
မဟုတျလား..ဦးလေး..

ပကျဟေးဂငြျ အနုပညာပွတိုကျကွီးကတော့
အနာဂါတျမှာ ကြောျကွားဦးတော့မှာပဲ..အနမတဂ်ဂ





ဖွစျတာခတေ်တခဏတော့ကွာခြပွေီ..ဒါကွောငျ့မို့



















အိုး..မငျ်ဂလာပါ..








....................................................................
#53)Secret of the Gilt Bronze Buddha-1
....................................................................

Continue Reading

You'll Also Like

59.7K 1.8K 23
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
179K 4.4K 28
"We will never love you" Zane said "We will never accept you" Tristan said. "We will make your life living hell" Haydes said . "We will make you reg...
48.9K 892 13
After Edd and Matt saved Tom from the red army Tord became very aggressive,He made his army bigger and tougher every single month.Every day he will c...
36.7K 570 16
This story is about a boy who lost everything. He's incapable of love and he can't feel anything. Until he met her... Number one at #mattheoriddle (2...