အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

496K 14.3K 553

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၂၅) uin & zg

9K 280 9
By EmmaRine9820

Unicode

ဖွင့်ပွဲပြီးပေမဲ့ ရုံးပိတ်ချိန် ညနေ ၅နာရီမှအိမ်ပြန်ခဲ့လိုက် ကြသည် ။ ညကျရင် ခန့်မှူးတို့နှင့် club သွားရန်ချိန်းခဲ့လိုက်သည် ။ဝေယံတို့ နှင့်မတွေ့တာကြာလို့ရောသူတို့ဖွင့်ပွဲအတွက် အောင်ပွဲခံဖို့ သွားသောက် ကြမည်။ဟိန်းကတော့ အိမ်ရောက် ရောက်ခြင်း ခနနား၍ ရေတန်းချိုးသည် ။
စိုင်းခက်က အိပ်ယာထဲမှာပဲ ခုထိ အပျင်းထူနေတုန်းပင် ၊ ဟိန်းရေချိုးပြီးသည် ထိမထသေး ။ ဟိန်း အိပ်ယာဘေးတွင် ဝင်ထိုင်ပြီး စိုင်းခက်ကို ရေချိုးရန် လှုံ့ဆော်ရတော့သည်။

" စိုင်းခက် ထတော့ အပျင်းထူနေတယ် တစ်နေကုန် ချွေးတွေနဲ့ ပင်ပန်းလာတာကို သွားထ ရေချိုး "

စိုင်းခက် အိပ်ယာတွင် ဟိုလှည့်ဒီလှည့် အကျောဆန့်ပြီးမှ ထထိုင်ကာ ရေချိုးခန်း ဝင်ခဲ့လိုက်သည်။ ပြန်ထွက်လာတော့ ခါးတွင် တဘတ်၁ထည် သာပတ်၍ ထွက်ခဲ့လိုက်သည် ။ ဟိန်းက ကုတင် ကိုမှီ၍ ထိုင်ကာ စာဖတ်နေရင်း စိုင်းခက်ကို မော့ကြည့်လိုက် သည် ။ စိုင်းခက် အရင်ထက်စာရင် ပိုချောလာသည်။ ကျောင်းတုန်းက နေပူထဲသွားတာများလို့ အသားဖြူပေမဲ့ နေလောင်တာတွေရှိသေးသည်။ ခုကျ ဖွေးအုနေတဲ့ ခါးသေးသေးလေးကဗိုက်သားတွေ gym မဆော့လို့ 6 pack မရှိပေမဲ့ ရှိသင့်တဲ့ မာဆယ် ရှိသဖြင့် ကြည့်လို့ကောင်းလှသည် ။ ဟိန်း ငေးကြည့်နေတော့
စိုင်းခက်က ချောင်းဟန့်ကာ

"ငါအရမ်းချောလာလို့ တအားကြွေနေပြီလား "

" မင်းချောတာ ငါ့ကို မမှီသေးပါဘူး ဒါမဲ့ ကြွေနေပြီးသားပါ ခုမှကြွေတာ မဟုတ်ဘူး ၊ အကျီဝတ် တော့ အအေးပတ်မယ်"

ဟိန်းအပြောကြောင့် စိုင်းခက် မျက်ခုံးပံ့ကာ အံ့ဩသွားရသေးသည် စကားတွေတအားတတ် လာလို့လေ ၊ စိုင်းခက် ဘောင်းဘီတိုနဲ့ t shirt လေးကောက်ဝတ်ပြီးမွေ့ယာတွင် ဝင်ထိုင်လိုက် ကာ ဟိန်းဘက်လှည့်၍ ညကိစ္စပြောရသည်။ ဟိန်းက club သွားရတာမကြိုက် သူမို့ မလိုက်ချင်လျှင် ဇွတ်မခေါ်ဘူးလို့တော့တွေးထားသည်။

"ဟိန်း ညကျရင် club သွားမလို့ အဲတာမင်းလိုက်မှာလား "

ဟိန်းကစာအုပ် အားဘေးချ၍ စိုင်းခက် ဘက်
လှည့်ကြည့်ရင်း

"ဒီနေ့ ပင်ပန်းလာတာကို မနက်ဖြန်မှသွားလေ "

" ဒီနေ့သွားချင်တာ ဟိုကောင်တွေကလဲ
မနက်ဖြန်မအားဘူးလေ ၊ မင်းပင်ပန်းရင်နေခဲ့မလား "

"ပင်ပန်းတာထက် ငါကအဲလိုနေရာတွေ မကြိုက် တာ မင်းသိပါတယ် ဒါမဲ့ခုတော့လိုက်ခဲ့လိုက်ပါ
မယ် တစ်ယောက်ထဲစိတ်မချလို့ "

"တကယ်နော် ဟိန်း ငါကမင်းကိုလိုက်စေချင်တာ မင်းစိတ်ညစ်မှာစိုးလို့ ဇွတ်မခေါ်တာ ခုလိုက်မယ် ဆိုတော့ ငါပျော်တယ် ၊ အဲဒါမဲ့ ဟိုရောက်ရင် တော့ ကြာကြာနေမှာနော် တန်းပြန်ချင်လို့တော့မရဘူး "

"အေးပါ ငါစောင့်ပေးပါမယ် ၊ ဘယ်ချိန်သွားမှာလဲ ခုတောင် ၆ ခွဲပြီ "

"၇ ခွဲလောက်ထွက်ကြမယ်လေ "

"....."

                ....... 🌸🌸🌸.........

မီးရောင်စုံ လင်းနေသော club ထဲတွင် သံစုံတီးဝိုင်းသံများနှင့် ဆူလို့နေသည်။စိုင်းခက်နှင့် အဖွဲ့သည် အခန်း၏ ထောင့်ကျသောနေရာတွင် ထိုင်နေကြသည်။ စိုင်းခက်က ပြာလွင်သော စပို့ရှုပ်နှင့် ဂျင်းပွအမဲဝတ် ထားကာ ဟိန်းကတော့ အနက်ရောင် တီရှုပ် ဂျင်းအမဲနှင့်သာ။ ပိုင်သစ် တို့လည်း ယနေ့မှ စိုင်းခက်နှင့်အတူတူနားရသည်မို့အဝသောက်ပြီးကဲဖို့ဆုံးဖြတ်သည်။ သူတို့တစ်ဖွဲ့လုံးပင်ပန်းနေကြပြီမဟုတ် လား။

" မင်းတို့ကို ပြောစရာရှိတယ်"

ဝေယံ ကသောက်လက်စ ဘီယာခွက်လေးချကာ
ချောင်းဟန့်ပြီးပြောသည်။

" ငါ နဲ့ ပိုင်လေး တွဲလိုက်ကြပြီ"

" ဟမ် ဟုတ်လား"

ရုတ်တရက်မို့ စိုင်းခက်လည်းအံ့ဩသွားသည်
ဒီနှစ်ကောင်အခြေနေ ဒီလောက်မြန်မယ်ထင်မထားခဲ့။ခန့်မှူးလွင်ကတော့ ဒီလိုပဲဖြစ်မယ်ဆိုတာ သိသားပဲ ဆိုသည့်ပုံစံဖြင့်ဟာ အံ့ဩဟန်မပြ ။ ဘီယာသာဆက် မော့နေသည် ။ လေပြေသွေးကတော့ ပြုံးစိပြုံးစိဖြင့် ပိုင်သစ်ကို လှမ်းစသည်။

" အကို ပိုင်သစ်က နဂိုကတော့ ငါကအဖြောင့်ပါဆို ခုတော့လဲ ကွေးရတာပါပဲ ဟီးဟီး "

"ဒီကလေးကတော့"

ပိုင်သစ်က ရှက်ရှက်ဖြင့် ခေါင်းလေးကုတ်ကာ ဝေယံကို မျက်စောင်းပစ်လိုက်သေးသည် ။

"ဘာလဲ ပိုင်လေးကလဲ သွေး ပြောတာဟုတ်နေတာပဲကို "

ဝေယံက ပိုင်သစ်ပုခုံးကိုဆွဲဖက်ကာပြောသည်။

ဟိန်းနဲ့စိုင်းခက်ကတော့ပြုံးစိစီဖြင့်သာ ကြည့်နေလိုက် သည် ။ ခန့်မှူးလွင်က လေပြေသွေးကို အားကျမခံ ပြန်ဖက်ရုံသာ မက ပါးကိုရွတ်ခနဲ ပါနမ်းပြလိုက် သည်။

"ကဲကဲ တော်ကြပါတော့ အချစ်ငှက်လေး
၄ကောင်ရယ် ငါနဲ့ဟိန်းကိုအားနာကြအုံး ၊ သောက်ကြမယ် "

သူတို့အဖွဲ့လဲသောက်ဖို့ဦးတည်လိုက် ကြတော့သည်။

တဖြည်းဖြည်းနှင့် ညနက်လာသလို စိုင်းခက်တို့တစ်ဖွဲ့ လည်း ရေချိန်ကိုက်လာကြသည်။ ရေချိန် ကိုက် တာနှင့်အမျှ ဒွန့်ချင်နေကြပြီလေ။

စိုင်းခက်တွင်အကျင့်တစ်ခုရှိသည်။  သူ ဟိန်းပါရင် စိတ်လွတ်လက်လွတ်မပျော်နိုင်။ ဟိန်းကို အားနာတာရောပါမည်။ ယခုလည်း ဟိန်းက cocktails တစ်ခွက် သာသောက်ပြီး ဖုန်းကိုင်နေသည်။

" ဟိန်း ဖုန်းကိုင်မနေနဲ့လေ ရောက်တုန်းရောက်
ခိုက်ကိုး"

စိုင်းခက်အပြောကို ဟိန်းကမကြား။သူ၏ ဖုန်းကိုပဲကိုင်ဆဲ ကိုင်မြဲပင်။

"ကြားလားလို့ ဟိန်း ငါကချင်လို့ လိုက်ခဲ့ပါလား "

ဟိန်းလက်မောင်းကို ကိုင်လှုပ်၍ ပြောလိုက်သည်

"စိုင်းခက် ကမယ်ဆိုလဲသွားက ခန့်မှူးတို့လဲရှိတာပဲ ငါကအဲလိုမျိုးတွေ မကြိုက်တာ မင်းသိရဲ့သားနဲ့ "

ဟိန်း အသံ ဒေါသသံမဟုတ်ပေမဲ့ ညှင်သာတော့မနေ စိုင်းခက်လဲ သွားကရမလား ဟိန်းကိုပဲ ပြန်ချော့ရမလား မဝေခွဲတတ် ။ ခန့်မှူးလွင်တို့ ဝေယံတို့ကို ကြည့်လိုက်တော့လဲ မျက်နှာပျက်နေကြသည် ၊ တူတူလာကြတဲ့အဖွဲ့ထဲ ၁ယောက် ယောက်က စိတ်မကြည်ရင် ကျန်တဲ့သူတွေပါ မနေတတ်တော့တာ ထုံးစံပင် ။ ဟိန်းအကြောင်း သိနေကြ၍ ခန့်မှူးလွင်တို့ကတော့ သူတို့ဘာသာ သွားကရန် ထွက်သွားကြသည်။ စိုင်းခက်ကတော့ ဟိန်းဘေးတွင်သာ နေခဲ့ရင်း ဆေးလိပ်သာ ဖွာနေလိုက်သည်။

"စိုင်းခက် ပြန်ကြရအောင် ငါတို့ရောက်တာလဲကြာနေပြီ ငါခေါင်းနောက်နေပြီ "

စိုင်းခက်ဘာမှမပြောချင်တော့ပါ ဒါက ဖြစ်နေကြပဲမို့လား ၊ ဟိန်းဒီလောက်ထိသည်းခံပေးနေတာကကို တော်လှပီလေ ။

"အင်း ပြန်ကြတာပေါ့ ငါဟိုကောင်တွေကို သွားပြောလိုက်အုံးမယ် "

ဝိုင်းသို့ပြန်လာသောဝေယံကို သာ ပြောခဲ့လိုက်၍ အိမ်ပြန်ခဲ့လိုက်တော့သည် ။ အိမ်ကိုပြန်ရောက် တော့ ၁၀နာရီခွဲရှိပြီ၊ နှစ်ယောက်လုံး အခန်းထဲ ရောက်တာနှင့် အဝတ်အစားတန်းလဲလိုက်သည်။ ဟိန်းက ကုတင်ပေါ်သို့ တန်းလဲပီး မျက်လုံးမှိတ် ထားသည်။ စိုင်းခက်ကတော့ဆိုဖာဝင်သာ
ဝင်ထိုင် ကာ

"ဒီနေ့ မင်းလွန်တယ် ဟိန်း ဒီနေ့လိုနေ့မျိုးလေးတော့ မင်းသည်းခံပေးသင့်တယ် "

ဟိန်းက စိုင်းခက်ဘက် စောင်းလိုက်ကာ

" ငါသည်းခံပေးတယ်လေ စိုင်းခက် ဒါမဲ့ကတဲ့ထိတော့ ငါမလုပ်ချင်ဘူးလေ ဆူညံသံတွေ မီးရောင် တွေနဲ့ လူတွေကြားထဲ လိုက်ကသည်ထိတော့ ငါအဆင်မပြေဘူးလေ မင်းသိနေတာပဲ "

"ဟုတ်တယ် ဟုတ်တယ် ငါမှားတာ မင်းကိုခေါ်သွားမိတာကို ငါမှားတာ တော်ပြီ ဒီထက်
ဆက်ပြောနေရင် ရန်ဖြစ်ရတော့မယ် "

"ငါကလဲ ရန်ဖြစ်ဖို့ပြောနေတာမဟုတ်ဘူးလေ မင်းကို နားလည်အောင် ပြောပြနေတာ "

"ဟုတ်ပြီလို့ ငါနားလည်တယ် အိပ်တော့မယ် ပင်ပန်းနေပြီ "

စိုင်းခက် ဆိုဖာပေါ်မှ ထကာ အိပ်ယာတွင် ဝင်လှဲပြီး စောင်ကိုခေါင်းထိဆွဲခြုံလိုက်တော့သည်။

ဟူးးး သက်ပြင်းခပ်ဖွဖွချကာ စိတ်ရှုပ်လာသဖြင့် အိပ်ပျော်အောင်သာအိပ်လိုက်တော့သည်။

           *****🌸🌸🌸🌸******

စိုင်းခက် ရုံးကိုရောက်တော့ ၈ နာရီ ၊ ခန့်မှူးလွင် ကတော့ မရောက်လာသေး ၊ ရုံးမှာ ဝန်ထမ်း ကောင်လေး ၁ယောက်နှင့် စိုင်းခက်သာရှိသည် ။ သူရုံးမလာခင် ဟိန်းက မင်းသုတ အိမ်ကိုပို့ခိုင်းသဖြင့် လိုက်ပို့ခဲ့လိုက်သည်။ မင်းသုတနှင့်အလုပ်အင်တာဗျူး ကိစ္စသွားမှာမို့ ညနေသူ့ဘာသာသူ ပြန်လာမည်ဖြစ်သဖြင့် စိုင်းခက် အပြန်ကြိုစရာမလိုတော့ ။

ရုံးရောက်တော့ ဖေဖေ့မိတ်ဆွေတွေဆီကရတဲ့အလုပ်တွေနဲ့အပ်ခဲ့တဲ့ project တွေကို စစ်နေလိုက်သည် ။ ၉နာရီလောက်ကျတော့ ခန့်မှူးလွင် လဲရောက်လာသည်။

" အစောကြီးရောက်နေတာလား ဘယ်လိုလဲမနေ့ညက အိမ်ရောက်တော့ရန်ဖြစ်ကြသေးလား "

ခန့်မှူးက စိုင်းခက်ရှေ့ဝင်ထိုင်ကာမေးသည်။

"မင်းလဲ ဟိန်းအကြောင်းသိနေတာပဲ ရန်မဖြစ်
ချင်လို့ငါလဲ ရောက်တာနဲ့အိပ်လိုက်တာပဲ"

"စိုင်းခက်ရာ မင်းလဲနော် မင်းတစ်ယောက်ထဲတင်မဟုတ်ဘူး ဟိုကောင်ဟိန်းရောပဲ တစ်ယောက်နဲ့တစ်ယောက် ဘာဆိုဘာမှအကြိုက်ချင်းမတူတာကို တစ်ခါပြတ်ပြီးတာ မလုံလောက်သေးဘူး ပြန်တွဲကြတယ် ဒီတစ်ခါရော အဆင်ပြေကြမယ် ထင်လို့လား "

"အဲလိုတော့မပြောနဲ့လေ ငါတို့ပုံစံတွေမတူတာ
မှန်ပေမဲ့ ဟိန်းကငါ့ကိုချစ်တယ်လေ ချစ်လို့
တောင် သူ့အဖေကို စွန့်လွတ်ပြီး ငါ့ဆီထွက်ခဲ့တာငါသည်းခံရမှာပေါ့ "

ခန့်မှူးပြောတာလဲ မမှားပေ ၊ သူတို့ပြတ်ခဲ့တာလဲ တစ်ယောက်အကြိုက်တစ်ယောက်မလိုက်နိုင်လို့ပင်၊ ခုလဲပြန်တွဲတာ ၁လလောက်ပဲရှိသေးတယ်
ကတောက်ကဆက စလာပြီလေ သို့ပေမဲ့လဲ
မတတ်နိုင် အဆင်ပြေအောင်နေကြရမှာပဲလေ ။

"အေးပါ မင်းဇာတ်မင်းနိုင်ရင်ပြီးတာပဲ ၊ ငါပြောသင့်မပြောသင့်တော့ မသိဘူး ဟိန်းကငါတို့နဲ့အရင်ခင်ခဲ့တာမှန်ပေမဲ့ ကိုထိုက်လောက် ရင်နှီးတယ်မခံစားရဘူး ငါတို့က မင်း ကိုထိုက်နဲ့ အဆင်ပြေသွားမယ်ပဲထင်ခဲ့တာ မင်းတို့က
အကျင့်စရိုက်တူကြတယ်လေ၊ကိုထိုက်ကလဲ မင်းကိုအလိုလိုက်တာလွန်နေရော"

"တော်ပါတော့ ခန့်မှူးရာ အဲအကြောင်းတွေမပြောပါနဲ့တော့ ဟိန်းအတွက်ရော အကို့ အတွက်ပါ မကောင်းဘူး ၊ အဲကိစ္စအတွက်ကြောင့် ငါအကိုနဲ့ မိတ်ဆွေ ဆက်ဆံရေးပါ မပျက်စီး
ချင်ဘူး "....

"အေးပါ ငါကမင်းကို ပျော်စေချင်လို့ပါ "

ခန့်မှူးလဲဘာမှဆက်မပြောတော့ပဲ စိုင်းခက်ရှေ့မှစာရွက်စာတန်းတွေသာ ယူကြည့်နေလိုက်တော့သည်။ စိုင်းခက်လဲ သူလုပ်မဲ့ project အကြောင်းရှင်းပြပြီး အလုပ်ကိုသာ အာရုံစိုက်လိုက်ကြတော့သည်။ ခုမှရုံးစဖွင့်ပေမဲ့ အဖေ့အသိတွေကြောင့်ရော ခန့်မှူးအမေအသိတွေကြောင့်ပါ project 3 ရထားသည် ။ လေပြေသွေးနဲ့ သူတို့ ၂ယောက် ၁ယောက်၁ခုစီတာဝန်ယူဖို့ အလုပ်ခွဲလိုက်သည် ။ လေပြေသွေးက ကျောင်းဆင်းမှရုံးလာမည်ဖြစ်သဖြင့် သူတို့ နှစ်ယောက်သာ အရင်လုပ်နှင့်နေလိုက်သည်။

စိုင်းခက် design တွေ အကြမ်းဆွဲရင်း ညောင်းလာသဖြင့် အကျောဆန့်နေရင်း မှန်တံခါးအပြင်မှ ကားတစ်စီးသူတို့ရုံးရှေ့ရပ် ပါကင် ထိုးနေတာတွေ့လိုက်ရသည်။ သေချာကြည့်လိုက်တော့ အကို့ ရဲ့ ကားဖြစ် နေသဖြင့် စိုင်းခက် ထကာ တံခါးစီလျှောက်လာပြီး အကို့ကို တံခါးဖွင့်ပေးလိုက်သည်။

"အကို ဘယ်လိုရောက်လာတာလဲ လာဟို
ဘက်က ကျွန့်တော့် နေရာ မှာပဲထိုင်ရအောင်"

စိုင်းခက် သူ့အလုပ်စားပွဲဆီခေါ်လာကာ ထိုင်ခိုင်း
လိုက်သည်။ ထိုက်က ဝင်ထိုင်ကာ သူ့လက်ထဲမှာ
ကိုင်ထားတဲ့ ဖိုင်တွေကို စားပွဲပေါ်ချကာ စိုင်းခက် ကို ပြုံးပြပြီး

" ခက် အတွက်အလုပ်ယူလာတာလေ ၊
ရော့ ဒီဖိုင်ကိုတစ်ချက်ကြည့်"

ထိုက်က သူယူတာနဲ့ဖိုင်ကို စိုင်းခက်ကို ပေးလိုက်
သည် ။ စိုင်းခက် ဖိုင်က အချက်အလက်တွေကို ကြည့်ပီး ....

"ဒါက ခြံအကျယ် နှင့် အိမ်ဆောက်ဖို့ အချက်
လက်တွေ ဘယ်သူဆောက်မလို့လဲအကို "

"ကိုယ်ဆောက်မှာ အဲဘက်မှာမြေဝယ်ထားတာကြာပီ ခုထိမဆောက်ရသေးတာ ခုဆောက်တော့မလို့ ခက် ဆီ design လာအပ်တာ ခက် လုပ်ပေးနိုင်မလား "

"လုပ်ပေးရမှာပေါ့ အကိုရ ကျွန်တော်သေချာလေး စီစဉ်ပေးမယ် ၊ အကိုက ဘယ်တော့လောက်စချင်တာလဲ "

"ကိုယ်တော့ ဒီ ၁လအတွင်းလောက်စလိုက်ချင် တယ် ခက် ဘက်က အဆင်ပြေမလား "

"ရပါတယ် ကျွန်တော် အဆင်ပြေအောင်လုပ်ပေး
မယ် ၊ အကို ဆောက်ချင်တဲ့ ပုံစံမျိုးနဲ့ ဖွဲ့စည်းပုံကိုပြောလေ အကြမ်းအရင်ဆွဲပေးမယ် " ....

ထိုက် ကသူဖြစ်ချင်တဲ့ပုံစံရယ် စိုင်းခက်ဆီက အကြံဉာဏ်ရယ် ယူပြီး လှပတဲ့ အိမ်လေးတစ် လုံးဖြစ်အောင် တိုင်ပင်စီစဉ်လိုက်ကြသည်။ နောက်ရက်မှ လိုအပ်တာတွေ ထပ်ပြောမည်ဟုပြောကာ ပြန်သွားလေသည်။

အကို ထွက်သွားသော်လည်း အကို့ဆီ အမြဲကပ် ပါလာသော coffee နံ့လေးက စိုင်းခက်ရုံးခန်းထဲတွင်စွဲကျန်ခဲ့သည်။ coffee အမြဲသောက်တတ်သူမို့ပဲလား Coffee အနံ့ပါတဲ့ ရေမွှေးသုံးလို့ပဲလား ဆိုတာတော့ စိုင်းခက်လည်းမပြောတတ်။ သူသိတာက သူဒီရနံ့အား တဖြည်းဖြည်းမွေ့လျော်လာသာ်။ နှစ်သက်မိသည်။ ...

                *****🌸🌸🌸🌸******

Zawgyi

ဖြင့္ပြဲၿပီးေပမဲ့ ႐ုံးပိတ္ခ်ိန္ ညေန ၅နာရီမွအိမ္ျပန္ခဲ့လိုက္ ၾကသည္ ။ ညက်ရင္ ခန္႔မႉးတို႔ႏွင့္ club သြားရန္ခ်ိန္းခဲ့လိုက္သည္ ။ေဝယံတို႔ ႏွင့္မေတြ႕တာၾကာလို႔ေရာသူတို႔ဖြင့္ပြဲအတြက္ ေအာင္ပြဲခံဖို႔ သြားေသာက္ ၾကမည္။ဟိန္းကေတာ့ အိမ္ေရာက္ ေရာက္ျခင္း ခနနား၍ ေရတန္းခ်ိဳးသည္ ။
စိုင္းခက္က အိပ္ယာထဲမွာပဲ ခုထိ အပ်င္းထူေနတုန္းပင္ ၊ ဟိန္းေရခ်ိဳးၿပီးသည္ ထိမထေသး ။ ဟိန္း အိပ္ယာေဘးတြင္ ဝင္ထိုင္ၿပီး စိုင္းခက္ကို ေရခ်ိဳးရန္ လႈံ႕ေဆာ္ရေတာ့သည္။

" စိုင္းခက္ ထေတာ့ အပ်င္းထူေနတယ္ တစ္ေနကုန္ ေခြၽးေတြနဲ႔ ပင္ပန္းလာတာကို သြားထ ေရခ်ိဳး "

စိုင္းခက္ အိပ္ယာတြင္ ဟိုလွည့္ဒီလွည့္ အေက်ာဆန္႔ၿပီးမွ ထထိုင္ကာ ေရခ်ိဳးခန္း ဝင္ခဲ့လိုက္သည္။ ျပန္ထြက္လာေတာ့ ခါးတြင္ တဘတ္၁ထည္ သာပတ္၍ ထြက္ခဲ့လိုက္သည္ ။ ဟိန္းက ကုတင္ ကိုမွီ၍ ထိုင္ကာ စာဖတ္ေနရင္း စိုင္းခက္ကို ေမာ့ၾကည့္လိုက္ သည္ ။ စိုင္းခက္ အရင္ထက္စာရင္ ပိုေခ်ာလာသည္။ ေက်ာင္းတုန္းက ေနပူထဲသြားတာမ်ားလို႔ အသားျဖဴေပမဲ့ ေနေလာင္တာေတြရွိေသးသည္။ ခုက် ေဖြးအုေနတဲ့ ခါးေသးေသးေလးကဗိုက္သားေတြ gym မေဆာ့လို႔ 6 pack မရွိေပမဲ့ ရွိသင့္တဲ့ မာဆယ္ ရွိသျဖင့္ ၾကည့္လို႔ေကာင္းလွသည္ ။ ဟိန္း ေငးၾကည့္ေနေတာ့
စိုင္းခက္က ေခ်ာင္းဟန္႔ကာ

"ငါအရမ္းေခ်ာလာလို႔ တအားေႂကြေနၿပီလား "

" မင္းေခ်ာတာ ငါ့ကို မမွီေသးပါဘူး ဒါမဲ့ ေႂကြေနၿပီးသားပါ ခုမွေႂကြတာ မဟုတ္ဘူး ၊ အက်ီဝတ္ ေတာ့ အေအးပတ္မယ္"

ဟိန္းအေျပာေၾကာင့္ စိုင္းခက္ မ်က္ခုံးပံ့ကာ အံ့ဩသြားရေသးသည္ စကားေတြတအားတတ္ လာလို႔ေလ ၊ စိုင္းခက္ ေဘာင္းဘီတိုနဲ႔ t shirt ေလးေကာက္ဝတ္ၿပီးေမြ႕ယာတြင္ ဝင္ထိုင္လိုက္ ကာ ဟိန္းဘက္လွည့္၍ ညကိစၥေျပာရသည္။ ဟိန္းက club သြားရတာမႀကိဳက္ သူမို႔ မလိုက္ခ်င္လွ်င္ ဇြတ္မေခၚဘူးလို႔ေတာ့ေတြးထားသည္။

"ဟိန္း ညက်ရင္ club သြားမလို႔ အဲတာမင္းလိုက္မွာလား "

ဟိန္းကစာအုပ္ အားေဘးခ်၍ စိုင္းခက္ ဘက္
လွည့္ၾကည့္ရင္း

"ဒီေန႔ ပင္ပန္းလာတာကို မနက္ျဖန္မွသြားေလ "

" ဒီေန႔သြားခ်င္တာ ဟိုေကာင္ေတြကလဲ
မနက္ျဖန္မအားဘူးေလ ၊ မင္းပင္ပန္းရင္ေနခဲ့မလား "

"ပင္ပန္းတာထက္ ငါကအဲလိုေနရာေတြ မႀကိဳက္ တာ မင္းသိပါတယ္ ဒါမဲ့ခုေတာ့လိုက္ခဲ့လိုက္ပါ
မယ္ တစ္ေယာက္ထဲစိတ္မခ်လို႔ "

"တကယ္ေနာ္ ဟိန္း ငါကမင္းကိုလိုက္ေစခ်င္တာ မင္းစိတ္ညစ္မွာစိုးလို႔ ဇြတ္မေခၚတာ ခုလိုက္မယ္ ဆိုေတာ့ ငါေပ်ာ္တယ္ ၊ အဲဒါမဲ့ ဟိုေရာက္ရင္ ေတာ့ ၾကာၾကာေနမွာေနာ္ တန္းျပန္ခ်င္လို႔ေတာ့မရဘူး "

"ေအးပါ ငါေစာင့္ေပးပါမယ္ ၊ ဘယ္ခ်ိန္သြားမွာလဲ ခုေတာင္ ၆ ခြဲၿပီ "

"၇ ခြဲေလာက္ထြက္ၾကမယ္ေလ "

"....."

                ....... 🌸🌸🌸.........

မီးေရာင္စုံ လင္းေနေသာ club ထဲတြင္ သံစုံတီးဝိုင္းသံမ်ားႏွင့္ ဆူလို႔ေနသည္။စိုင္းခက္ႏွင့္ အဖြဲ႕သည္ အခန္း၏ ေထာင့္က်ေသာေနရာတြင္ ထိုင္ေနၾကသည္။ စိုင္းခက္က ျပာလြင္ေသာ စပို႔ရႈပ္ႏွင့္ ဂ်င္းပြအမဲဝတ္ ထားကာ ဟိန္းကေတာ့ အနက္ေရာင္ တီရႈပ္ ဂ်င္းအမဲႏွင့္သာ။ ပိုင္သစ္ တို႔လည္း ယေန႔မွ စိုင္းခက္ႏွင့္အတူတူနားရသည္မို႔အဝေသာက္ၿပီးကဲဖို႔ဆုံးျဖတ္သည္။ သူတို႔တစ္ဖြဲ႕လုံးပင္ပန္းေနၾကၿပီမဟုတ္ လား။

" မင္းတို႔ကို ေျပာစရာရွိတယ္"

ေဝယံ ကေသာက္လက္စ ဘီယာခြက္ေလးခ်ကာ
ေခ်ာင္းဟန္႔ၿပီးေျပာသည္။

" ငါ နဲ႔ ပိုင္ေလး တြဲလိုက္ၾကၿပီ"

" ဟမ္ ဟုတ္လား"

႐ုတ္တရက္မို႔ စိုင္းခက္လည္းအံ့ဩသြားသည္
ဒီႏွစ္ေကာင္အေျခေန ဒီေလာက္ျမန္မယ္ထင္မထားခဲ့။ခန္႔မႉးလြင္ကေတာ့ ဒီလိုပဲျဖစ္မယ္ဆိုတာ သိသားပဲ ဆိုသည့္ပုံစံျဖင့္ဟာ အံ့ဩဟန္မျပ ။ ဘီယာသာဆက္ ေမာ့ေနသည္ ။ ေလေျပေသြးကေတာ့ ၿပဳံးစိၿပဳံးစိျဖင့္ ပိုင္သစ္ကို လွမ္းစသည္။

" အကို ပိုင္သစ္က နဂိုကေတာ့ ငါကအေျဖာင့္ပါဆို ခုေတာ့လဲ ေကြးရတာပါပဲ ဟီးဟီး "

"ဒီကေလးကေတာ့"

ပိုင္သစ္က ရွက္ရွက္ျဖင့္ ေခါင္းေလးကုတ္ကာ ေဝယံကို မ်က္ေစာင္းပစ္လိုက္ေသးသည္ ။

"ဘာလဲ ပိုင္ေလးကလဲ ေသြး ေျပာတာဟုတ္ေနတာပဲကို "

ေဝယံက ပိုင္သစ္ပုခုံးကိုဆြဲဖက္ကာေျပာသည္။

ဟိန္းနဲ႔စိုင္းခက္ကေတာ့ၿပဳံးစိစီျဖင့္သာ ၾကည့္ေနလိုက္ သည္ ။ ခန္႔မႉးလြင္က ေလေျပေသြးကို အားက်မခံ ျပန္ဖက္႐ုံသာ မက ပါးကို႐ြတ္ခနဲ ပါနမ္းျပလိုက္ သည္။

"ကဲကဲ ေတာ္ၾကပါေတာ့ အခ်စ္ငွက္ေလး
၄ေကာင္ရယ္ ငါနဲ႔ဟိန္းကိုအားနာၾကအုံး ၊ ေသာက္ၾကမယ္ "

သူတို႔အဖြဲ႕လဲေသာက္ဖို႔ဦးတည္လိုက္ ၾကေတာ့သည္။

တျဖည္းျဖည္းႏွင့္ ညနက္လာသလို စိုင္းခက္တို႔တစ္ဖြဲ႕ လည္း ေရခ်ိန္ကိုက္လာၾကသည္။ ေရခ်ိန္ ကိုက္ တာႏွင့္အမွ် ဒြန္႔ခ်င္ေနၾကၿပီေလ။

စိုင္းခက္တြင္အက်င့္တစ္ခုရွိသည္။  သူ ဟိန္းပါရင္ စိတ္လြတ္လက္လြတ္မေပ်ာ္ႏိုင္။ ဟိန္းကို အားနာတာေရာပါမည္။ ယခုလည္း ဟိန္းက cocktails တစ္ခြက္ သာေသာက္ၿပီး ဖုန္းကိုင္ေနသည္။

" ဟိန္း ဖုန္းကိုင္မေနနဲ႔ေလ ေရာက္တုန္းေရာက္
ခိုက္ကိုး"

စိုင္းခက္အေျပာကို ဟိန္းကမၾကား။သူ၏ ဖုန္းကိုပဲကိုင္ဆဲ ကိုင္ၿမဲပင္။

"ၾကားလားလို႔ ဟိန္း ငါကခ်င္လို႔ လိုက္ခဲ့ပါလား "

ဟိန္းလက္ေမာင္းကို ကိုင္လႈပ္၍ ေျပာလိုက္သည္

"စိုင္းခက္ ကမယ္ဆိုလဲသြားက ခန္႔မႉးတို႔လဲရွိတာပဲ ငါကအဲလိုမ်ိဳးေတြ မႀကိဳက္တာ မင္းသိရဲ႕သားနဲ႔ "

ဟိန္း အသံ ေဒါသသံမဟုတ္ေပမဲ့ ညႇင္သာေတာ့မေန စိုင္းခက္လဲ သြားကရမလား ဟိန္းကိုပဲ ျပန္ေခ်ာ့ရမလား မေဝခြဲတတ္ ။ ခန္႔မႉးလြင္တို႔ ေဝယံတို႔ကို ၾကည့္လိုက္ေတာ့လဲ မ်က္ႏွာပ်က္ေနၾကသည္ ၊ တူတူလာၾကတဲ့အဖြဲ႕ထဲ ၁ေယာက္ ေယာက္က စိတ္မၾကည္ရင္ က်န္တဲ့သူေတြပါ မေနတတ္ေတာ့တာ ထုံးစံပင္ ။ ဟိန္းအေၾကာင္း သိေနၾက၍ ခန္႔မႉးလြင္တို႔ကေတာ့ သူတို႔ဘာသာ သြားကရန္ ထြက္သြားၾကသည္။ စိုင္းခက္ကေတာ့ ဟိန္းေဘးတြင္သာ ေနခဲ့ရင္း ေဆးလိပ္သာ ဖြာေနလိုက္သည္။

"စိုင္းခက္ ျပန္ၾကရေအာင္ ငါတို႔ေရာက္တာလဲၾကာေနၿပီ ငါေခါင္းေနာက္ေနၿပီ "

စိုင္းခက္ဘာမွမေျပာခ်င္ေတာ့ပါ ဒါက ျဖစ္ေနၾကပဲမို႔လား ၊ ဟိန္းဒီေလာက္ထိသည္းခံေပးေနတာကကို ေတာ္လွပီေလ ။

"အင္း ျပန္ၾကတာေပါ့ ငါဟိုေကာင္ေတြကို သြားေျပာလိုက္အုံးမယ္ "

ဝိုင္းသို႔ျပန္လာေသာေဝယံကို သာ ေျပာခဲ့လိုက္၍ အိမ္ျပန္ခဲ့လိုက္ေတာ့သည္ ။ အိမ္ကိုျပန္ေရာက္ ေတာ့ ၁၀နာရီခြဲရွိၿပီ၊ ႏွစ္ေယာက္လုံး အခန္းထဲ ေရာက္တာႏွင့္ အဝတ္အစားတန္းလဲလိုက္သည္။ ဟိန္းက ကုတင္ေပၚသို႔ တန္းလဲပီး မ်က္လုံးမွိတ္ ထားသည္။ စိုင္းခက္ကေတာ့ဆိုဖာဝင္သာ
ဝင္ထိုင္ ကာ

"ဒီေန႔ မင္းလြန္တယ္ ဟိန္း ဒီေန႔လိုေန႔မ်ိဳးေလးေတာ့ မင္းသည္းခံေပးသင့္တယ္ "

ဟိန္းက စိုင္းခက္ဘက္ ေစာင္းလိုက္ကာ

" ငါသည္းခံေပးတယ္ေလ စိုင္းခက္ ဒါမဲ့ကတဲ့ထိေတာ့ ငါမလုပ္ခ်င္ဘူးေလ ဆူညံသံေတြ မီးေရာင္ ေတြနဲ႔ လူေတြၾကားထဲ လိုက္ကသည္ထိေတာ့ ငါအဆင္မေျပဘူးေလ မင္းသိေနတာပဲ "

"ဟုတ္တယ္ ဟုတ္တယ္ ငါမွားတာ မင္းကိုေခၚသြားမိတာကို ငါမွားတာ ေတာ္ၿပီ ဒီထက္
ဆက္ေျပာေနရင္ ရန္ျဖစ္ရေတာ့မယ္ "

"ငါကလဲ ရန္ျဖစ္ဖို႔ေျပာေနတာမဟုတ္ဘူးေလ မင္းကို နားလည္ေအာင္ ေျပာျပေနတာ "

"ဟုတ္ၿပီလို႔ ငါနားလည္တယ္ အိပ္ေတာ့မယ္ ပင္ပန္းေနၿပီ "

စိုင္းခက္ ဆိုဖာေပၚမွ ထကာ အိပ္ယာတြင္ ဝင္လွဲၿပီး ေစာင္ကိုေခါင္းထိဆြဲၿခဳံလိုက္ေတာ့သည္။

ဟူးးး သက္ျပင္းခပ္ဖြဖြခ်ကာ စိတ္ရႈပ္လာသျဖင့္ အိပ္ေပ်ာ္ေအာင္သာအိပ္လိုက္ေတာ့သည္။

           *****🌸🌸🌸🌸******

စိုင္းခက္ ႐ုံးကိုေရာက္ေတာ့ ၈ နာရီ ၊ ခန္႔မႉးလြင္ ကေတာ့ မေရာက္လာေသး ၊ ႐ုံးမွာ ဝန္ထမ္း ေကာင္ေလး ၁ေယာက္ႏွင့္ စိုင္းခက္သာရွိသည္ ။ သူ႐ုံးမလာခင္ ဟိန္းက မင္းသုတ အိမ္ကိုပို႔ခိုင္းသျဖင့္ လိုက္ပို႔ခဲ့လိုက္သည္။ မင္းသုတႏွင့္အလုပ္အင္တာဗ်ဴး ကိစၥသြားမွာမို႔ ညေနသူ႔ဘာသာသူ ျပန္လာမည္ျဖစ္သျဖင့္ စိုင္းခက္ အျပန္ႀကိဳစရာမလိုေတာ့ ။

႐ုံးေရာက္ေတာ့ ေဖေဖ့မိတ္ေဆြေတြဆီကရတဲ့အလုပ္ေတြနဲ႔အပ္ခဲ့တဲ့ project ေတြကို စစ္ေနလိုက္သည္ ။ ၉နာရီေလာက္က်ေတာ့ ခန္႔မႉးလြင္ လဲေရာက္လာသည္။

" အေစာႀကီးေရာက္ေနတာလား ဘယ္လိုလဲမေန႔ညက အိမ္ေရာက္ေတာ့ရန္ျဖစ္ၾကေသးလား "

ခန္႔မႉးက စိုင္းခက္ေရွ႕ဝင္ထိုင္ကာေမးသည္။

"မင္းလဲ ဟိန္းအေၾကာင္းသိေနတာပဲ ရန္မျဖစ္
ခ်င္လို႔ငါလဲ ေရာက္တာနဲ႔အိပ္လိုက္တာပဲ"

"စိုင္းခက္ရာ မင္းလဲေနာ္ မင္းတစ္ေယာက္ထဲတင္မဟုတ္ဘူး ဟိုေကာင္ဟိန္းေရာပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ဘာဆိုဘာမွအႀကိဳက္ခ်င္းမတူတာကို တစ္ခါျပတ္ၿပီးတာ မလုံေလာက္ေသးဘူး ျပန္တြဲၾကတယ္ ဒီတစ္ခါေရာ အဆင္ေျပၾကမယ္ ထင္လို႔လား "

"အဲလိုေတာ့မေျပာနဲ႔ေလ ငါတို႔ပုံစံေတြမတူတာ
မွန္ေပမဲ့ ဟိန္းကငါ့ကိုခ်စ္တယ္ေလ ခ်စ္လို႔
ေတာင္ သူ႔အေဖကို စြန္႔လြတ္ၿပီး ငါ့ဆီထြက္ခဲ့တာငါသည္းခံရမွာေပါ့ "

ခန္႔မႉးေျပာတာလဲ မမွားေပ ၊ သူတို႔ျပတ္ခဲ့တာလဲ တစ္ေယာက္အႀကိဳက္တစ္ေယာက္မလိုက္ႏိုင္လို႔ပင္၊ ခုလဲျပန္တြဲတာ ၁လေလာက္ပဲရွိေသးတယ္
ကေတာက္ကဆက စလာၿပီေလ သို႔ေပမဲ့လဲ
မတတ္ႏိုင္ အဆင္ေျပေအာင္ေနၾကရမွာပဲေလ ။

"ေအးပါ မင္းဇာတ္မင္းႏိုင္ရင္ၿပီးတာပဲ ၊ ငါေျပာသင့္မေျပာသင့္ေတာ့ မသိဘူး ဟိန္းကငါတို႔နဲ႔အရင္ခင္ခဲ့တာမွန္ေပမဲ့ ကိုထိုက္ေလာက္ ရင္ႏွီးတယ္မခံစားရဘူး ငါတို႔က မင္း ကိုထိုက္နဲ႔ အဆင္ေျပသြားမယ္ပဲထင္ခဲ့တာ မင္းတို႔က
အက်င့္စ႐ိုက္တူၾကတယ္ေလ၊ကိုထိုက္ကလဲ မင္းကိုအလိုလိုက္တာလြန္ေနေရာ"

"ေတာ္ပါေတာ့ ခန္႔မႉးရာ အဲအေၾကာင္းေတြမေျပာပါနဲ႔ေတာ့ ဟိန္းအတြက္ေရာ အကို႔ အတြက္ပါ မေကာင္းဘူး ၊ အဲကိစၥအတြက္ေၾကာင့္ ငါအကိုနဲ႔ မိတ္ေဆြ ဆက္ဆံေရးပါ မပ်က္စီး
ခ်င္ဘူး "....

"ေအးပါ ငါကမင္းကို ေပ်ာ္ေစခ်င္လို႔ပါ "

ခန္႔မႉးလဲဘာမွဆက္မေျပာေတာ့ပဲ စိုင္းခက္ေရွ႕မွစာ႐ြက္စာတန္းေတြသာ ယူၾကည့္ေနလိုက္ေတာ့သည္။ စိုင္းခက္လဲ သူလုပ္မဲ့ project အေၾကာင္းရွင္းျပၿပီး အလုပ္ကိုသာ အာ႐ုံစိုက္လိုက္ၾကေတာ့သည္။ ခုမွ႐ုံးစဖြင့္ေပမဲ့ အေဖ့အသိေတြေၾကာင့္ေရာ ခန္႔မႉးအေမအသိေတြေၾကာင့္ပါ project 3 ရထားသည္ ။ ေလေျပေသြးနဲ႔ သူတို႔ ၂ေယာက္ ၁ေယာက္၁ခုစီတာဝန္ယူဖို႔ အလုပ္ခြဲလိုက္သည္ ။ ေလေျပေသြးက ေက်ာင္းဆင္းမွ႐ုံးလာမည္ျဖစ္သျဖင့္ သူတို႔ ႏွစ္ေယာက္သာ အရင္လုပ္ႏွင့္ေနလိုက္သည္။

စိုင္းခက္ design ေတြ အၾကမ္းဆြဲရင္း ေညာင္းလာသျဖင့္ အေက်ာဆန္႔ေနရင္း မွန္တံခါးအျပင္မွ ကားတစ္စီးသူတို႔႐ုံးေရွ႕ရပ္ ပါကင္ ထိုးေနတာေတြ႕လိုက္ရသည္။ ေသခ်ာၾကည့္လိုက္ေတာ့ အကို႔ ရဲ႕ ကားျဖစ္ ေနသျဖင့္ စိုင္းခက္ ထကာ တံခါးစီေလွ်ာက္လာၿပီး အကို႔ကို တံခါးဖြင့္ေပးလိုက္သည္။

"အကို ဘယ္လိုေရာက္လာတာလဲ လာဟို
ဘက္က ကြၽန္႔ေတာ့္ ေနရာ မွာပဲထိုင္ရေအာင္"

စိုင္းခက္ သူ႔အလုပ္စားပြဲဆီေခၚလာကာ ထိုင္ခိုင္း
လိုက္သည္။ ထိုက္က ဝင္ထိုင္ကာ သူ႔လက္ထဲမွာ
ကိုင္ထားတဲ့ ဖိုင္ေတြကို စားပြဲေပၚခ်ကာ စိုင္းခက္ ကို ၿပဳံးျပၿပီး

" ခက္ အတြက္အလုပ္ယူလာတာေလ ၊
ေရာ့ ဒီဖိုင္ကိုတစ္ခ်က္ၾကည့္"

ထိုက္က သူယူတာနဲ႔ဖိုင္ကို စိုင္းခက္ကို ေပးလိုက္
သည္ ။ စိုင္းခက္ ဖိုင္က အခ်က္အလက္ေတြကို ၾကည့္ပီး ....

"ဒါက ၿခံအက်ယ္ ႏွင့္ အိမ္ေဆာက္ဖို႔ အခ်က္
လက္ေတြ ဘယ္သူေဆာက္မလို႔လဲအကို "

"ကိုယ္ေဆာက္မွာ အဲဘက္မွာေျမဝယ္ထားတာၾကာပီ ခုထိမေဆာက္ရေသးတာ ခုေဆာက္ေတာ့မလို႔ ခက္ ဆီ design လာအပ္တာ ခက္ လုပ္ေပးႏိုင္မလား "

"လုပ္ေပးရမွာေပါ့ အကိုရ ကြၽန္ေတာ္ေသခ်ာေလး စီစဥ္ေပးမယ္ ၊ အကိုက ဘယ္ေတာ့ေလာက္စခ်င္တာလဲ "

"ကိုယ္ေတာ့ ဒီ ၁လအတြင္းေလာက္စလိုက္ခ်င္ တယ္ ခက္ ဘက္က အဆင္ေျပမလား "

"ရပါတယ္ ကြၽန္ေတာ္ အဆင္ေျပေအာင္လုပ္ေပး
မယ္ ၊ အကို ေဆာက္ခ်င္တဲ့ ပုံစံမ်ိဳးနဲ႔ ဖြဲ႕စည္းပုံကိုေျပာေလ အၾကမ္းအရင္ဆြဲေပးမယ္ " ....

ထိုက္ ကသူျဖစ္ခ်င္တဲ့ပုံစံရယ္ စိုင္းခက္ဆီက အႀကံဉာဏ္ရယ္ ယူၿပီး လွပတဲ့ အိမ္ေလးတစ္ လုံးျဖစ္ေအာင္ တိုင္ပင္စီစဥ္လိုက္ၾကသည္။ ေနာက္ရက္မွ လိုအပ္တာေတြ ထပ္ေျပာမည္ဟုေျပာကာ ျပန္သြားေလသည္။

အကို ထြက္သြားေသာ္လည္း အကို႔ဆီ အၿမဲကပ္ ပါလာေသာ coffee နံ႔ေလးက စိုင္းခက္႐ုံးခန္းထဲတြင္စြဲက်န္ခဲ့သည္။ coffee အၿမဲေသာက္တတ္သူမို႔ပဲလား Coffee အနံ႔ပါတဲ့ ေရေမႊးသုံးလို႔ပဲလား ဆိုတာေတာ့ စိုင္းခက္လည္းမေျပာတတ္။ သူသိတာက သူဒီရနံ႔အား တျဖည္းျဖည္းေမြ႕ေလ်ာ္လာသာ္။ ႏွစ္သက္မိသည္။ ...

                *****🌸🌸🌸🌸******

Continue Reading

You'll Also Like

1.8M 105K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
9.6K 506 16
MewGulf fanfiction.. ဒီficသည္စိတ္ကူးသက္သက္ျဖင့္သာဖန္တီးျခင္းျဖစ္ပါသည္ By winterdaisy88