ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

154K 15.6K 144

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2
🌹ဇူလိုင်လလယ် အထူးပရိုမိုးရှင်း🌹
🌹ဇူလိုင်လလယ်ပရိုမိုးရှင်းမှာ ဘာတွေ ဖတ်ဖို ဝင်သင့်လဲ🌹
🌹🌹🌹ဇူလိုင်လလယ် အထူးပရိုမိုရှင်း နောက်ဆုံးနေ့လေးပါ🌹🌹🌹
💥ခွေးစာတွေ ကြိုက်လား။ ဒါဆို ဖတ်သင့်တာက ဒါလေးတွေနော် 👇👇

Part 59.1

728 92 0
By Swae_Nyoe

အပိုင်း (၅၉.၁) ရှီချီ(၁)

သုံးနှစ်က ကြာသွားပြီဖြစ်သည်။ ထို့ကြောင့် မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း အလွန်ကွာခြားသွားလေပြီ။ နင်မုန့်က အင်တာနက်ပေါ်မှ လမ်းရှာပြီးနောက် မြို့နယ် ၁သို့ တိုက်ရိုက်ရောက်သော မြေအောက်ရထားကို စီးလိုက်သည်။

လက်ရှိအချိန်တွင် မြေအောက်ရထားစီးရန်အတွက် သူမတွင် လုံလောက်သော ပိုက်ဆံလည်း ရှိနေသည်။ သူမက ထိုနေရာသို့ ရောက်သွားသောအခါ ညနေလေးနာရီထိုးနေလေပြီ။ မြို့နယ် နံပါတ် ၁ က ကျောင်းလွှတ်ချိန်ပြီးသွားပြီဖြစ်သဖြင့် ထိုကျောင်းဝင်ပေါက်ဝန်းကျင်တွင် ဖြတ်သွားဖြတ်လာ စုံတွဲကလွဲပြီး မည်သူမှ ရှိမနေခဲ့ချေ။

နင်မုန့်က တချက်ကြည့်ရုံဖြင့် ရင်းနှီးကျွမ်းဝင်ပြီးသား မိသားစုဆိုင်ကို တွေ့လိုက်ရသည်။

သူမက ရှီချီကို ယခင်က ဆွဲပေးခိုင်းခဲ့သော ပိုစတာကို ဝင်ပေါက်တွင် ချိတ်ဆွဲထားသေးသည်။ အပေါ်တွင် ရှိနေသည့် ဖလင်အုပ်ထားသောကြောင့် ဖြစ်လောက်သည်။ ပျက်စီးသွားဟန်လည်း မရသေးချေ။ အဝေးမှကြည့်နေသည့်တိုင်အောင် သူမက တောက်ပသော အရောင်များကို ထင်ထင်ရှားရှား မြင်နိုင်‌‌သေးသည်။

သူမကိုယ် သူမလည်း တွေးကြည့်သည့်အခါ အချိန်များက ဘယ်လောက်မှ မကုန်သွားသလိုပင် ခံစားရသည်။ သူမအတွက် မျက်တောင်တခတ်အချိန်သာလျှင်ဖြစ်ပြီး ဒီလောကမှ လူများအတွက်မူ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သည်။

လျန်ဖုန်းမိန်က သူမ၏ နှစ်ဝက်တာ အတူရှိခဲ့သည့်တိုင်အောင် နှစ်ယောက်သား ခံစားချက်များကို ဝေမျှနိုင်ခဲ့သည်။ ယခင်က သူမက မိဘလိုချင်သော မိဘမဲ့တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် လျန်ဖုန်းမိန်က သူမ၏ ဆန္ဒကို ပြည့်ဝစေသည်ဟု ဆိုရမည်ဖြစ်သည်။ သူမကို နင်နင်ဟု သတ်မှတ်ပြီး ဆက်ဆံခဲ့သည့်တိုင်အောင် ထိုသို့ သတ်မှတ်၍ ရသေးသည်။

ထိုဆိုင်မှ လူနည်းစုက တစ်စုံတစ်ရာ လာဝယ်ကြသဖြင့် ထိုလူများထွက်သွားပြီးနောက် လျန်ဖုန်းမိန်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ သူမကလည်း အလုပ်များနေသည်။

နင်မုန့်က အသက်ပြင်းပြင်းရှူပြီး အနားသို့ လျှောက်သွားလိုက်သည်။

လက်ရှိတွင် သူမက မန်နင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသောကြောင့် လျန်ဖုန်းမိန်က သူမကို မမှတ်မိနိုင်ကြောင်း သေချာနေသည်။

အနီးကပ်လျှောက်သွားပြီးနောက် ဆိုင်၏ အတွင်းပိုင်းက အသစ်ဖြစ်နေပြီး သန့်ရှင်းသပ်ရပ်နေကြောင်း မြင်လိုက်ရသည်။ ယခင်နှင့်မတူသော မှန်တံခါးတွင် အလှဆင်ထားသော ပစ္စည်းအနည်းငယ်ကိုပါ မြင်ရသည်။

ပြတင်းကလည်း ဖန်ဖြစ်ပြီး လှပစွာ ပြင်ဆင်ထားသော အဆာပြေမုန့်များကိုလည်း မြင်ရသည်။

လျန်ဖုန်းမိန်က မုန့်ထုပ်လေးတစ်ခုကို ပြင်ဆင်နေခြင်းဖြစ်ပြီး ပြတင်းပေါက်တွင် လူတစ်ယောက်ရောက်လာကြောင်းကို မြင်သောအခါ ခေါင်းမော့၍ မေးလိုက်သည်။

"ဘာယူမလဲ"

နင်မုန့်က ထိုအခါမှသာ အသိပြန်ဝင်လာပြီး မုန့်နည်းနည်းကို မှာလိုက်ကာ ပြောသည်။

"အဲ့ဒါပါပဲ၊ ကျွန်မ ဒီမှာပဲ စားသွားလိုက်မယ်၊ အစပ်နည်းနည်း လျှော့ပေးပါ"

"ကောင်းပြီ"

လျန်ဖုန်းမိန်က သူမ၏ အမှာကို လုပ်ပေးသည်။

"မိန်းကလေးအထဲဝင်ပြီးထိုင်ပါ၊ အထဲမှာ စားပွဲတွေနဲ့ ကုလားထိုင်တွေလည်း ရှိတယ်၊ အပြင်မှာ ရပ်နေရတာ ပင်ပန်းပါတယ်"

နင်မုန့်က တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်သွားလိုက်သည်။

ဆိုင်အတွင်းတွင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိချေ။ အသစ်ပြန်လည် ပြင်ဆင်ထားသည့်တိုင်အောင် ယခင် ပုံပန်းသွင်ပြင်က ကျန်ရှိနေသေးပြီး အနောက်ဘက်သို့ သွားသော လမ်းကြောင်းကလည်း ပုံမှန်သာလျှင် ဖြစ်သည်။

နံရံပေါ်တွင် ပုံတစ်ပုံကို ချိတ်ဆွဲထားသည်။ ဒါက သူမနှင့် လျန်ဖုန်းမိန် အတူရိုက်ခဲ့သော ပုံဖြစ်ပြီး ယခုမူ ထိုနေရာတွင် ချိတ်ဆွဲထားလေသည်။

ထိုပုံကို ကြည့်ရုံဖြင့်ပင် နင်မုန့်က အရာအားလုံးကို အိပ်မက်လို ခံစားလိုက်ရသည်။

သူမ မှာသော မုန့်များက ခပ်မြန်မြန် ရလာသည်။ သူမ ညနက်သည်ထိ ပြန်လှန်လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာသည့်အချိန်တိုင်းလိုလို သူမကို အဖော်ပြုနေသော အနံ့ကို ရလိုက်သည့်အခါ နင်မုန့်က အသက်ပြင်းပြင်း ရှူလိုက်သည်။

လျန်ဖုန်းမိန်က ရုတ်တရက် ပြောသည်။

"မင်းက ငါ့ရဲ့သမီးနဲ့ တော်တော်တူတာပဲ"

သူမ၏ ရှေ့ရှိ မိန်းကလေးက ကြောက်ရွံ့သွားကြောင်း မြင်သောအခါ ခပ်မြန်မြန် ရှင်းပြသည်။

"ဒီအတိုင်း အပြင်ပန်းပုံစံက တူတာပါ၊ ငါ အခြားအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး"

လျန်ဖုန်းမိန်က အနည်းငယ် ရှက်သွားသည်။

"ငါ့ရဲ့သမီးက သေသွားတာ ကြာပါပြီ၊ သူမနဲ့ အရမ်းတူတဲ့ လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး"

နင်မုန့်ကလည်း ပြန်လည် တုန့်ပြန်လိုက်သည်။

"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်"

လျန်ဖုန်းမိန်က ထွက်သွားသောအခါ သူမက အလုတ်ကြီးကြီး ကိုက်လိုက်ပြီးနောက် အရင်ကအတိုင်း အရသာရှိနေသေးကြောင်း သိလိုက်ရသည်။

သူမက စားသောက်ပြီး ငွေပေးချေပြီးနောက် ကျောင်းအပြင်ဘက်တွင် ရပ်လိုက်သည်။ ကျောင်းသူကျောင်းသားများကလည်း ပျားပိတုန်းများလို ပြုံပြီးထွက်လာကြသည်။ အချို့က ဆိုင်ထဲသို့ဝင်သွားသည်။ ထိုသို့ဖြင့် ကျွတ်စီညံသွားတော့သည်။ သူမက သူတို့ကို တခဏခန့် စိုက်ကြည့်နေပြီး ထွက်သွားဟန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် တိုက်ဆိုင်စွာဖြင့် တံခါးတွန်းဖွင့်လာသည့်သူက ကျောင်းဒါရိုက်တာ ဖြစ်နေပြီး သူက ရိုးရိုးရှင်းရှင်းပင် နင်မုန့်ကို သတိမထားမိဘဲ လျန်ဖုန်းမိန်ထံ တိုက်ရိုက်သွားကာ ကူညီပေးနေသည်။

လျန်ဖုန်းမိန်က ပြောသည်။

"မြန်မြန် အဝတ်သွားလဲလိုက်တော့၊ ရှင် ဝတ်စုံပြည့် ဝတ်ထားလို့ မရဘူး"

လင်းရိုရှန်းက မေးသည်။

"ဘာလို့မရရမှာလဲ"

ထိုနှစ်ယောက်၏ စကားပြောသံအရ သူတို့က အလွန်ရင်းနှီးကြောင်း ကြားရသူတိုင်းက သိနိုင်ပေလိမ့်မည်။ အထဲရှိ ကျောင်းသားကျောင်းသူများကလည်း ဒါကို ကျင့်သားရနေသလိုမျိုး များများစားစား မတုန့်ပြန်ကြဘဲ သူတို့၏ ဆရာကိုသာ နှုတ်ဆက်ကြသည်။

ကြည့်ရတာ သူတို့နှစ်ယောက် အတူရှိဖြစ်ကြတဲ့ပုံပဲ။

နင်မုန့်က ထိုအခါမှသာ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

အဆောင်သို့ ပြန်လာပြီးနောက် ယွီရှောင်းလျန်ကို တွေ့ရသည်။

သူတို့က ညပိုင်းအတန်းတစ်တန်းသာလျှင် ရှိသည်။ ထိုအတန်းက မိုင်နာတန်းသာ ဖြစ်သည့်တိုင်အောင် စီနီယာက roll call ခေါ်ရခြင်းကို သဘောကျသည်။ မန်နင်က သူမ၏ အချိန်ပိုင်းအလုပ်ကြောင့် တစ်ကြိမ်ပျက်ဖူးလေရာ နောက်ထပ်ထပ်ပျက်၍ မရတော့ချေ။ သူမ ပြန်လာကြောင်း မြင်သောအခါ ယွီရှောင်းလျန်က ဘာစကားမှ ပြောမလာချေ။ တစ်ချက်သာ ကြည့်ပြီးနောက် ကိုယ့်ခုတင်ပေါ် တက်သွားကာ လိုက်ကာကို ဆွဲလိုက်ပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေတော့သည်။

ယွီရှောင်းလျန်က အဆောင်ထဲရှိ နင်မုန့်ကို အနည်းငယ် ကောင်းကောင်း ဆက်ဆံသောသူ ဖြစ်သည်။ အကြောင်းမူကား သူမကို ဒီတိုင်းလျစ်လျူရှုထားပြီး အခြားပြောဆိုဆက်ဆံလာခြင်းမျိုးမရှိချေ။ အခြားနှစ်ယောက်ကမူ ဒရာမာဆန်လေပြီး မကြာခဏ မကောင်းသော စကားများ ပြောတတ်သည်။

နင်မုန့်က တံတောင်နှစ်ဖက်ကို တစ်ချက် ပွတ်ချလိုက်သည်။ မန်နင်က ထိုသို့ ဆိုးရွားသော ဘဝတွင် နေထိုင်ပြီး သူမအနေဖြင့် ထိုသို့သော ဘဝမျိုးနှင့် နီးစပ်သော အခြေအနေမျိုးကို မကြုံတွေ့ဖူးချေ။ ယခုမူ သူမ အချိန်ပိုင်းအလုပ်တစ်ခု ရှာရတော့ပေမည်။

သူမအတွက် အရေးကြီးဆုံးကိစ္စက ပိုက်ဆံရှာခြင်းဖြစ်သည်။

အချိန်အတန်ကြာ အချိန်ဖြုန်းပြီးနောက် သူမခုတင်ပေါ်တွင် သူမက ကောင်းကောင်း မအိပ်နိုင်ချေ။ နင်မုန့်က အိပ်ယာမှထပြီးနောက် alarm ပေးထားပြီးနောက် လိုက်ကာကို ဆွဲချကာ အိပ်တော့သည်။

alarm က မနက်ခြောက်နာရီတွင် မြည်သည်။ နင်မုန့်က တခဏ အနားယူလိုက်ပြီး အိပ်ယာမှ ထလိုက်သည်။

အပြင်ဘက်ကောင်းကင်က မည်းမှောင်နေသေးသည်။ သူမက အိပ်ယာမှထပြီးနောက် သူမအတန်းချိန်အတွက် လိုအပ်သည့် စာအုပ်များကို ယူလိုက်သည်။ ယွီရှောင်းလျန်က ထွက်သွားပြီ သူမ တစ်ယောက်တည်း အဆောင်ခန်းထဲတွင်သာ ကျန်ခဲ့သည်။

မန်နင်ကလည်း ကိုယ့်ကိုယ်ကို သေသေသပ်သပ် လုပ်ခဲ့သည်။ သူမက ဆံပင်ကို ရိုးရှင်းစွာသာ အမြင့်စည်းတတ်သည်။ အရှေ့ဆံပင်များကိုလည်း မညှပ်ထားချေ။ ထို့ကြောင့် မျက်လုံးကိုပင် အုပ်နေခြင်း ဖြစ်သည်။ အချိန်ကြာလာသောအခါ သူမက မျက်တောင်ခတ်တိုင်း မျက်စိဆံပင်မွေး စူးသည်။ ဒါက သူမကို နာကျင်စေသည်။

နင်မုန့်က မှန်ကို တခဏခန့် စိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူမက အရှေ့ဆံမြိတ်များကို လှန်တင်လိုက်သောအခါ သူမ၏ ဖျော့တော့ပြီး‌ တောက်ပသော နဖူးက ပေါ်လာသည်။

သူမက ရှေ့ခပ်အုပ်အုပ် ဆံပင်ကို ညှပ်ထားသည့်တိုင်အောင် သူမ၏ ရုပ်သွင်က သာမန်ထက်အနည်းငယ်သာ ကြည့်ကောင်းသည်။ အရေးကြီးဆုံးအချက်က သူမက အသားက ဖြူဖျော့ပြီး မည်သည့် ဝက်ခြံ၊ အမာရွတ်၊ အဆီဖုများမှ မရှိဘဲ ချောမွေ့နေလေသည်။

သူမ၏ မျက်တောင်များက သဘာဝအလျောက်ပင် ရှည်သွယ်ပြီး ကော့တက်ပြီး မဲနက်နေသည်။ ထို့ကြောင့် အထူးတလည် ပြင်ဆင်ရန်လည်း မလိုအပ်ချေ။

နင်မုန့်က သူမကသာ သင့်တော်သော မိတ်ကပ်အနည်းငယ်ကို ပြင်ဆင်လိုက်မည်ဆိုလျှင် လီကျောင်းထက်ပင် ပို၍ ကြည့်ကောင်းလောက်ကြောင်း ခံစားမိသည်။ ကုနန်ချန်ကပင် သူမကို မယှဉ်နိုင်လောက်ချေ။ ပို၍ ဆိုးသည်မှာ သူမ၏ မျက်နှာလေးက သနားစရာကောင်းသော ပုံစံဟန်ဆောင်ရန် ပို၍ သင့်တော်လေသည်။

"ငါ ချစ်စရာကောင်းပြီး သနားစရာပုံစံလေး ဟန်ဆောင်လိုက်သင့်လား"

သူမက ရေရွတ်လိုက်သည်။

နောက်တစ်ချိန် သူမက ကုနန်ချန်နှင့် ပက်ပင်းတိုးသောအခါ သူမကလည်း အလားတူ သနားစရာကောင်းသော ပုံစံဟန်ဆောင်လိုက်ပြီး အရင်ငိုပြလိုက်၍ ရသည်။

နင်မုန့်က မှန်ရှေ့တွင် မျက်နှာထားတစ်မျိုး လုပ်လိုက်ပြီး ကုနန်ချန်၏ မျက်လုံးနီရဲသော အပြုအမူမျိုးကို တုပလိုက်သည်။ သူမ၏ မျက်ဝန်းထောင့်များက အနည်းငယ် နီရဲလာသည်။ သူမက မျက်မှောင်ကြုံ့ပြီး ကိုယ့်ကိုယ်ကို ဆိတ်ဆွဲလိုက်သည်။

မန်နင်၏ အသားအရေက အလွန်နူးညံ့မည်ဟု မထင်ခဲ့မိချေ။ အနည်းငယ် ဆိတ်ဆွဲခြင်းကပင် သူမကို နာကျင်စွာ အော်ဟစ်မိစေသည်။ သူမက မှန်ကို ပြန်ကြည့်သောအခါ မှန်ထဲမှ ပုံစံကြောင့် ကြောင်သွားသည်။

သူမ ဒီနေ့ ဝတ်ထားသော ဝတ်စုံက အနည်းငယ်လျော့နေသည်။ သူမ၏ ကိုယ်ပေါ် ဒီတိုင်း ခပ်လျော့လျော့ရှိနေပြီး သူမကို ပိန်ပါးသလို ထင်ရစေသည်။ သူမ၏ ငွေ့ရည်ဖွဲ့နေသော နီရဲနေသည့် မျက်ဝန်းနှင့် ထည့်ပေါင်းလိုက်သောအခါ သူမ၏ လက်တစ်ဝါးစာ ရှိသည့် မျက်နှာလေးက အားနည်းပြီး သနားစရာကောင်းနေသည်။

ထိုပုံပန်းသွင်ပြင်က အခြားသူများကို အနိုင်ကျင့်ချင်စိတ်ပေါက်နေသည်။

နင်မုန့်၏ ပတ်ဝန်းကျင်မှ လေထုအခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။

ဒီလိုပုံစံမျိုးကို ကုနန်ချန်ရဲ့ အပြုအမူနဲ့သာ အစားထိုးလိုက်ရင် ရှောင်ပိုင်ဟွာ မျိုးဆက်သစ်တစ်ယောက် ဖြစ်လာနိုင်တယ်။

သူမက မျက်နှာထားကို ပြင်လိုက်ပြီးနောက် မှန်ထဲတွင် ခပ်တည်တည် စိုက်ကြည့်ပြီး တွေးလိုက်သည်။

ပြပွဲတစ်ခုအတွက် နည်းလမ်းအမှန်ပဲ။

...

သူမက ကျောင်းဆောင်ထဲသို့ ရောက်သွားချိန်တွင် ခြောက်နာရီခွဲနေပြီဖြစ်သည်။ အတန်းမစခင် ဆယ်မိနစ် လိုအပ်နေသေးသည်။

အလွန်ကြီးမားသော အခန်းထဲတွင် စာသင်ကြားခြင်း ဖြစ်ပြီး နင်မုန့်က အရောက်နောက်ကျကတည်းက နောက်ဆုံးတန်းများက လူပြည့်နေပြီဖြစ်ပြီး ရှေ့ဆုံးတန်းများသာ ကျန်ရစ်တော့သည်။ မိန်းကလေးများက နှစ်ယောက်သုံးယောက် တစ်တန်းစီထိုင်နေကြသည်။

သူမက ဝင်လာသောအခါ လူအများ၏ အကြည့်က သူမထံရောက်လာပြီးနောက် ထူးဆန်းသော အလင်းက ဖြတ်သွားပြီး အချို့သူများက စကားပြောနေရာမှ ရုတ်တရက် ရပ်လိုက်သည်။

ဘာလို့ ဒီနေ့ မန်နင်က ခြားနားနေရတာလဲ။

ပုံမှန်အားဖြင့် ဒီအချိန်ဆိုလျှင် သူမက ခေါင်းကို ဆက်တိုက်ငုံ့ပြီး အပြေးအလွှား ဝင်လာတတ်ပြီး ပထမဆုံးအတန်းသို့ တိုက်ရိုက်သွားတတ်သည်။ လက်ရှိအချိန်တွင်မူ သူမက ခပ်အေးအေး ဝင်လာသည်။

နင်မုန့်က ထိုနေရာတွင် ဝင်ထိုင်၍ သိပ်မကြာခင်အချိန်တွင် ထောင့်တစ်နေရာတွင် ကောင်လေးတစ်ယောက်က ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူ၏ ပုံပန်းသွင်ပြင်က ပုံမှန်သာလျှင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်ပိန်ပါးကာ မျက်မှန်တပ်ထားပြီး သူက စာကြမ်းပိုးပုံစံဖြစ်သည်။ သို့သော် ...

ဒါက ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေသွားတဲ့ သရဲပဲ။

နင်မုန့်က တချက်ကြည့်ရုံဖြင့်ပင် သူက ထုတ်လွှတ်နေသည့် အနက်ရောင် လေထုကို မြင်နိုင်သည်။ သို့သော် သူကမူ မာနကြီးသလိုမျိုး စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းကို ကိုင်လျက် အလွန်မြန်ဆန်သော အရှိန်တို့ဖြင့် အသားကုန်ရေးနေသည်။

သူက အလွန်ရိုးသားသဖြင့် မန်နင်ကပင် သူနှင့် မယှဉ်ပြိုင်နိုင်လောက်ချေ။ မျှော်လင့်ထားသည့်အတိုင်း ကျောင်းတွင်းတွင် သရဲပိုများသည်။ သို့ရာတွင် ချောက်ချားစရာကောင်းသည့် ဘက်ခြမ်းတွင်မူ ထိုမျှကြောက်စရာ မကောင်းချေ။ အတန်းထဲတွင် လူအလွန်များနေပြီဖြစ်ပြီး နိုင်ငံခြားဘာသာစကားဌာနများတွင် မိန်းကလေး ပိုများသည်။

ထိုသရဲက နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကို သတ်သေသွားပြီး ဒီဌာနမှ ကျောင်းသားတစ်ယောက်ဖြစ်ရမည်ဟု တွေးလိုက်သည်။ သို့သော် သူက စာသင်ရခြင်းကို အလွန်သဘောကျသောကြောင့် ဒီနေရာတွင်သာ ဆက်နေပြီး အတန်းတက်နေခြင်း ဖြစ်လောက်သည်။

သူမက မည်သို့တွေးနေစေကာမူ မနေနိုင်ဘဲ မပတ်သက်သလို ခံစားလိုက်ရသည်။

နင်မုန့်က သူမ၏ အကြည့်ကို ရွှေ့လိုက်ပြီး စာအုပ်ကိုသာ တဖျပ်ဖျပ် လှန်လိုက်သည်။ သူမက နားမလည်မည်စိုးသဖြင့် မန်နင်၏ မှတ်စုစာအုပ်များကိုလည်း ဖတ်ကြည့်လာပြီးလေပြီ။ သို့မဟုတ်လျှင် သူမအတွက် ဒုက္ခရောက်ပေလိမ့်မည်။

စာအုပ်ကို တခဏခန့် ကြည့်နေပြီးနောက် သူမက ရပ်တန့်လိုက်သည်။ သူမ၏ ခေါင်းက သရဲထံ ပြန်ရောက်သွားပြီး ကြည့်လိုက်သောအခါ သူက မှတ်စုစာအုပ်တွင် အသည်းအသန် ရေးသားနေကြောင်း မြင်ရသည်။

မန်နင်က ပထမနှစ်သာလျှင် ဖြစ်သဖြင့် အတိတ်က ကိစ္စများကို မရှင်းလင်းချေ။ ပို၍ ဆိုးသည်မှာ သူမ၏ မှတ်ဉာဏ်ထဲတွင်လည်း ထိုသို့သော အခြေအနေမျိုးက မရှိချေ။ ထို့ကြောင့် သူမက ဒီကျောင်းသို့ မရောက်လာခင် သူက သေသွားခဲ့ခြင်း ဖြစ်လောက်သည်။

နင်မုန့်က ဖုန်းကို ထုတ်ပြီးနောက် တခဏခန့် ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် လွန်ခဲ့သော ငါးနှစ်ခန့်က သတင်းကို တွေ့လိုက်ရသည်။

"သတင်းတွေအရဆိုရင် စီးပွားရေးအခြေအနေမကောင်းလို့ လီမုန့်က သူ့ရဲ့ ကျူရှင်စရိတ်ကို မထောက်ပံ့နိုင်တဲ့ အပြင် အချိန်ပိုင်းအလုပ်က ရတဲ့ ပိုက်ဆံတွေနဲ့လည်း လုံလောက်အောင် မပေးနိုင်တော့ဘူး၊ သူ့ရဲ့ အမှတ်တွေက ကောင်းမွန်လို့ သူက C တက္ကသိုလ်ရောက်လာတာက ပုံမှန်ပဲဆိုပေမယ့် သူ့ရဲ့ အဆင့်ကတော့ အလယ်နေရာနားမှာပဲရှိလို့ ပညာသင်ထောက်ပံ့ကြေးစရိတ်မရနိုင်ဘူး၊ ဒါကြောင့် သူက စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်သေလိုက်တယ်၊ လက်ရှိအချိန်မှာတော့ ရဲတွေက သူရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ စာကိုတောင် ရှာတွေ့ခဲ့ကြတယ်..."

နင်မုန့်။ "..."

ဘယ်လောက်ပင် စိတ်ဓာတ်အင်အား သန်မာလိုက်လဲ။

သူက သရဲအဖြစ် ပြောင်းသွားသည့်တိုင်အောင် ပြင်းပြင်းထန်ထန် စာကြိုးစားနေပြီး ပညာသင်ထောက်ပံ့ကြေးငွေ လိုချင်‌သေးဟန် ရသည်။ ရုတ်တရက် သူမ၏ ဘေးတွင် လူတစ်ယောက်က ဝင်ထိုင်လိုက်သည်။ သူမက ခေါင်းလှည့်ကြည့်လိုက်သောအခါ ကုနန်ချန်ကို မြင်လိုက်ရသဖြင့် မျက်စိကန်းလုမတတ် ဖြစ်သွားသည်။ ချက်ချင်းပင် ဘေးဘက်ခုံသို့ ပြောင်းလိုက်သည်။ ကုနန်ချန်က သူမကို နာကျင်သော မျက်လုံးမျိုးဖြင့် ကြည့်လာပြီး ပြောသည်။

"မန်နင် နင် ငါ့ကို အဲ့ဒီလောက်ထိ မုန်းနေတာလား၊ ဒါမှမဟုတ် နင် ငါ့ကို ခွင့်လွှတ်ပေးဖို့ ဆန္ဒမရှိတာလား"

နင်မုန့်ကလည်း တဖက်လူက ထိုသို့ ပြောလာမည်မှန်း သိထားပြီးသား ဖြစ်လေရာ ခေါင်းကိုသာ ငုံ့ပြီး ကိုယ့်စာကိုသာ ကြည့်နေလိုက်သည်။

မည်သို့ပင်ဆိုစေ သူမက စကားစပြောလိုက်သည်နှင့် ရပ်တော့မည်မဟုတ်ချေ။ ထို့အစား သူမက မကြာခဏ လာလာတွေ့ပြီး အဆုံးမသတ်နိုင်သော ကိစ္စအတွက် ကပ်ပါနေပေလိမ့်မည်။ စိတ်ရှုပ်စွာဖြင့်ပင် သူမ၏ ဦးနှောက်က တစ်ဖက်လူနှင့် ကွာခြားစွာပင် ကြိုးများလွတ်နေခြင်း ဖြစ်ရမည်။

"မန်နင် ငါ နင့်ကို အရင်က ပြောထားတဲ့ အချိန်ပိုင်းအလုပ်တွေအကြောင်း တွေးပြီးပြီလား"

တုန့်ပြန်မှုမရသောအခါ ကုနန်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"နင် အလွယ်တကူ လက်လျော့ပြီး စိတ်ဓာတ်ကျမနေပါနဲ့၊ ဒီအချိန်ပိုင်းအလုပ်ရဲ့ လစာက မဆိုးဘူး၊ နင့်ရဲ့ နေထိုင်မှုစရိတ်ကိုတောင် နည်းနည်း ကာမိနိုင်လောက်တယ်"

တခဏခန့် ရပ်တန့်ပြီးနောက် သူမက ထပ်ဖြည့်ပြောသည်။

"မန်နင် နင် ငါ့ကို ခွင့်မလွှတ်နိုင်တာပဲဖြစ်ဖြစ်၊ ငါ့ကို မယုံတာကြောင့်ပဲဖြစ်ဖြစ်၊ ဒါကို လက်မလျော့လိုက်ပါနဲ့၊ အနာဂတ်မှာ တူညီတဲ့အမှားမဖြစ်စေရဘူးလို့ ငါ ကတိပေးပါတယ်"

ကုနန်ချန်က စိတ်မရှည်တော့ဘဲ သူမ၏ လက်မောင်းကို တချက်တို့လိုက်သည်။

"ငါ နင့်ရဲ့ ခန္ဓာကိုယ်ကို စိတ်ပူတာပါ၊ ကြည့်ပါဦး နင်ဘယ်လောက်တောင် ပိန်သွားသလဲ၊ နင် အခုတလော ကောင်းကောင်းရော စားရဲ့လား"

နင်မုန့်က အလွန်စိတ်ရှည်သည်။ သူမက ပြန်ခံပြောတော့မည့်အချိန်တွင် အတန်းခေါင်းလောင်းက မြည်လာလေရာ သဘာဝအလျောက်ပင် စကားကို ပြောင်းလိုက်သည်။

"အတန်းတက်ပြီ၊ ကျေးဇူးပြုပြီး တိတ်ဆိတ်ပေးပါ ကျောင်းသူ"

ကုနန်ချန်က သူမ၏ စကားကြောင့် ကြောင်တောင်တာင် ဖြစ်သွားသည်။

.....

Zawgyi

အပိုင္း (၅၉.၁) ရွီခ်ီ(၁)

သုံးႏွစ္က ၾကာသြားၿပီျဖစ္သည္။ ထို႔ေၾကာင့္ ၿမိဳ႕၏ ဖြံ႕ၿဖိဳးတိုးတက္မႈကလည္း အလြန္ကြာျခားသြားေလၿပီ။ နင္မုန႔္က အင္တာနက္ေပၚမွ လမ္းရွာၿပီးေနာက္ ၿမိဳ႕နယ္ ၁သို႔ တိုက္႐ိုက္ေရာက္ေသာ ေျမေအာက္ရထားကို စီးလိုက္သည္။

လက္ရွိအခ်ိန္တြင္ ေျမေအာက္ရထားစီးရန္အတြက္ သူမတြင္ လုံေလာက္ေသာ ပိုက္ဆံလည္း ရွိေနသည္။ သူမက ထိုေနရာသို႔ ေရာက္သြားေသာအခါ ညေနေလးနာရီထိုးေနေလၿပီ။ ၿမိဳ႕နယ္ နံပါတ္ ၁ က ေက်ာင္းလႊတ္ခ်ိန္ၿပီးသြားၿပီျဖစ္သျဖင့္ ထိုေက်ာင္းဝင္ေပါက္ဝန္းက်င္တြင္ ျဖတ္သြားျဖတ္လာ စုံတြဲကလြဲၿပီး မည္သူမွ ရွိမေနခဲ့ေခ်။

နင္မုန႔္က တခ်က္ၾကည့္႐ုံျဖင့္ ရင္းႏွီးကြၽမ္းဝင္ၿပီးသား မိသားစုဆိုင္ကို ေတြ႕လိုက္ရသည္။

သူမက ရွီခ်ီကို ယခင္က ဆြဲေပးခိုင္းခဲ့ေသာ ပိုစတာကို ဝင္ေပါက္တြင္ ခ်ိတ္ဆြဲထားေသးသည္။ အေပၚတြင္ ရွိေနသည့္ ဖလင္အုပ္ထားေသာေၾကာင့္ ျဖစ္ေလာက္သည္။ ပ်က္စီးသြားဟန္လည္း မရေသးေခ်။ အေဝးမွၾကည့္ေနသည့္တိုင္ေအာင္ သူမက ေတာက္ပေသာ အေရာင္မ်ားကို ထင္ထင္ရွားရွား ျမင္ႏိုင္‌‌ေသးသည္။

သူမကိုယ္ သူမလည္း ေတြးၾကည့္သည့္အခါ အခ်ိန္မ်ားက ဘယ္ေလာက္မွ မကုန္သြားသလိုပင္ ခံစားရသည္။ သူမအတြက္ မ်က္ေတာင္တခတ္အခ်ိန္သာလွ်င္ျဖစ္ၿပီး ဒီေလာကမွ လူမ်ားအတြက္မူ ႏွစ္ေပါင္းမ်ားစြာ ၾကာသြားၿပီျဖစ္သည္။

လ်န္ဖုန္းမိန္က သူမ၏ ႏွစ္ဝက္တာ အတူရွိခဲ့သည့္တိုင္ေအာင္ ႏွစ္ေယာက္သား ခံစားခ်က္မ်ားကို ေဝမွ်ႏိုင္ခဲ့သည္။ ယခင္က သူမက မိဘလိုခ်င္ေသာ မိဘမဲ့တစ္ေယာက္ျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ လ်န္ဖုန္းမိန္က သူမ၏ ဆႏၵကို ျပည့္ဝေစသည္ဟု ဆိုရမည္ျဖစ္သည္။ သူမကို နင္နင္ဟု သတ္မွတ္ၿပီး ဆက္ဆံခဲ့သည့္တိုင္ေအာင္ ထိုသို႔ သတ္မွတ္၍ ရေသးသည္။

ထိုဆိုင္မွ လူနည္းစုက တစ္စုံတစ္ရာ လာဝယ္ၾကသျဖင့္ ထိုလူမ်ားထြက္သြားၿပီးေနာက္ လ်န္ဖုန္းမိန္၏ ပုံရိပ္ကို ျမင္လိုက္ရသည္။ သူမကလည္း အလုပ္မ်ားေနသည္။

နင္မုန႔္က အသက္ျပင္းျပင္းရႉၿပီး အနားသို႔ ေလွ်ာက္သြားလိုက္သည္။

လက္ရွိတြင္ သူမက မန္နင္၏ ခႏၶာကိုယ္ထဲတြင္ ရွိေနေသာေၾကာင့္ လ်န္ဖုန္းမိန္က သူမကို မမွတ္မိႏိုင္ေၾကာင္း ေသခ်ာေနသည္။

အနီးကပ္ေလွ်ာက္သြားၿပီးေနာက္ ဆိုင္၏ အတြင္းပိုင္းက အသစ္ျဖစ္ေနၿပီး သန႔္ရွင္းသပ္ရပ္ေနေၾကာင္း ျမင္လိုက္ရသည္။ ယခင္ႏွင့္မတူေသာ မွန္တံခါးတြင္ အလွဆင္ထားေသာ ပစၥည္းအနည္းငယ္ကိုပါ ျမင္ရသည္။

ျပတင္းကလည္း ဖန္ျဖစ္ၿပီး လွပစြာ ျပင္ဆင္ထားေသာ အဆာေျပမုန႔္မ်ားကိုလည္း ျမင္ရသည္။

လ်န္ဖုန္းမိန္က မုန႔္ထုပ္ေလးတစ္ခုကို ျပင္ဆင္ေနျခင္းျဖစ္ၿပီး ျပတင္းေပါက္တြင္ လူတစ္ေယာက္ေရာက္လာေၾကာင္းကို ျမင္ေသာအခါ ေခါင္းေမာ့၍ ေမးလိုက္သည္။

"ဘာယူမလဲ"

နင္မုန႔္က ထိုအခါမွသာ အသိျပန္ဝင္လာၿပီး မုန႔္နည္းနည္းကို မွာလိုက္ကာ ေျပာသည္။

"အဲ့ဒါပါပဲ၊ ကြၽန္မ ဒီမွာပဲ စားသြားလိုက္မယ္၊ အစပ္နည္းနည္း ေလွ်ာ့ေပးပါ"

"ေကာင္းၿပီ"

လ်န္ဖုန္းမိန္က သူမ၏ အမွာကို လုပ္ေပးသည္။

"မိန္းကေလးအထဲဝင္ၿပီးထိုင္ပါ၊ အထဲမွာ စားပြဲေတြနဲ႔ ကုလားထိုင္ေတြလည္း ရွိတယ္၊ အျပင္မွာ ရပ္ေနရတာ ပင္ပန္းပါတယ္"

နင္မုန႔္က တံခါးကို တြန္းဖြင့္ၿပီး အထဲသို႔ ဝင္သြားလိုက္သည္။

ဆိုင္အတြင္းတြင္ ထူးထူးျခားျခား ေျပာင္းလဲမႈမရွိေခ်။ အသစ္ျပန္လည္ ျပင္ဆင္ထားသည့္တိုင္ေအာင္ ယခင္ ပုံပန္းသြင္ျပင္က က်န္ရွိေနေသးၿပီး အေနာက္ဘက္သို႔ သြားေသာ လမ္းေၾကာင္းကလည္း ပုံမွန္သာလွ်င္ ျဖစ္သည္။

နံရံေပၚတြင္ ပုံတစ္ပုံကို ခ်ိတ္ဆြဲထားသည္။ ဒါက သူမႏွင့္ လ်န္ဖုန္းမိန္ အတူ႐ိုက္ခဲ့ေသာ ပုံျဖစ္ၿပီး ယခုမူ ထိုေနရာတြင္ ခ်ိတ္ဆြဲထားေလသည္။

ထိုပုံကို ၾကည့္႐ုံျဖင့္ပင္ နင္မုန႔္က အရာအားလုံးကို အိပ္မက္လို ခံစားလိုက္ရသည္။

သူမ မွာေသာ မုန႔္မ်ားက ခပ္ျမန္ျမန္ ရလာသည္။ သူမ ညနက္သည္ထိ ျပန္လွန္ေလ့က်င့္ခန္းလုပ္ၿပီး ျပန္လာသည့္အခ်ိန္တိုင္းလိုလို သူမကို အေဖာ္ျပဳေနေသာ အနံ႔ကို ရလိုက္သည့္အခါ နင္မုန႔္က အသက္ျပင္းျပင္း ရႉလိုက္သည္။

လ်န္ဖုန္းမိန္က ႐ုတ္တရက္ ေျပာသည္။

"မင္းက ငါ့ရဲ႕သမီးနဲ႔ ေတာ္ေတာ္တူတာပဲ"

သူမ၏ ေရွ႕ရွိ မိန္းကေလးက ေၾကာက္႐ြံ႕သြားေၾကာင္း ျမင္ေသာအခါ ခပ္ျမန္ျမန္ ရွင္းျပသည္။

"ဒီအတိုင္း အျပင္ပန္းပုံစံက တူတာပါ၊ ငါ အျခားအဓိပၸာယ္နဲ႔ ေျပာတာမဟုတ္ပါဘူး"

လ်န္ဖုန္းမိန္က အနည္းငယ္ ရွက္သြားသည္။

"ငါ့ရဲ႕သမီးက ေသသြားတာ ၾကာပါၿပီ၊ သူမနဲ႔ အရမ္းတူတဲ့ လူတစ္ေယာက္ကို ေတြ႕ရလိမ့္မယ္လို႔ မထင္ထားမိဘူး"

နင္မုန႔္ကလည္း ျပန္လည္ တုန႔္ျပန္လိုက္သည္။

"အဆင္ေျပပါတယ္၊ အဆင္ေျပပါတယ္"

လ်န္ဖုန္းမိန္က ထြက္သြားေသာအခါ သူမက အလုတ္ႀကီးႀကီး ကိုက္လိုက္ၿပီးေနာက္ အရင္ကအတိုင္း အရသာရွိေနေသးေၾကာင္း သိလိုက္ရသည္။

သူမက စားေသာက္ၿပီး ေငြေပးေခ်ၿပီးေနာက္ ေက်ာင္းအျပင္ဘက္တြင္ ရပ္လိုက္သည္။ ေက်ာင္းသူေက်ာင္းသားမ်ားကလည္း ပ်ားပိတုန္းမ်ားလို ၿပဳံၿပီးထြက္လာၾကသည္။ အခ်ိဳ႕က ဆိုင္ထဲသို႔ဝင္သြားသည္။ ထိုသို႔ျဖင့္ ကြၽတ္စီညံသြားေတာ့သည္။ သူမက သူတို႔ကို တခဏခန႔္ စိုက္ၾကည့္ေနၿပီး ထြက္သြားဟန္ ျပင္ဆင္လိုက္သည္။

ထိုအခ်ိန္တြင္ တိုက္ဆိုင္စြာျဖင့္ တံခါးတြန္းဖြင့္လာသည့္သူက ေက်ာင္းဒါ႐ိုက္တာ ျဖစ္ေနၿပီး သူက ႐ိုး႐ိုးရွင္းရွင္းပင္ နင္မုန႔္ကို သတိမထားမိဘဲ လ်န္ဖုန္းမိန္ထံ တိုက္႐ိုက္သြားကာ ကူညီေပးေနသည္။

လ်န္ဖုန္းမိန္က ေျပာသည္။

"ျမန္ျမန္ အဝတ္သြားလဲလိုက္ေတာ့၊ ရွင္ ဝတ္စုံျပည့္ ဝတ္ထားလို႔ မရဘူး"

လင္း႐ိုရွန္းက ေမးသည္။

"ဘာလို႔မရရမွာလဲ"

ထိုႏွစ္ေယာက္၏ စကားေျပာသံအရ သူတို႔က အလြန္ရင္းႏွီးေၾကာင္း ၾကားရသူတိုင္းက သိႏိုင္ေပလိမ့္မည္။ အထဲရွိ ေက်ာင္းသားေက်ာင္းသူမ်ားကလည္း ဒါကို က်င့္သားရေနသလိုမ်ိဳး မ်ားမ်ားစားစား မတုန႔္ျပန္ၾကဘဲ သူတို႔၏ ဆရာကိုသာ ႏႈတ္ဆက္ၾကသည္။

ၾကည့္ရတာ သူတို႔ႏွစ္ေယာက္ အတူရွိျဖစ္ၾကတဲ့ပုံပဲ။

နင္မုန႔္က ထိုအခါမွသာ စိတ္ေအးသြားသလို သက္ျပင္းခ်လိုက္သည္။

အေဆာင္သို႔ ျပန္လာၿပီးေနာက္ ယြီေရွာင္းလ်န္ကို ေတြ႕ရသည္။

သူတို႔က ညပိုင္းအတန္းတစ္တန္းသာလွ်င္ ရွိသည္။ ထိုအတန္းက မိုင္နာတန္းသာ ျဖစ္သည့္တိုင္ေအာင္ စီနီယာက roll call ေခၚရျခင္းကို သေဘာက်သည္။ မန္နင္က သူမ၏ အခ်ိန္ပိုင္းအလုပ္ေၾကာင့္ တစ္ႀကိမ္ပ်က္ဖူးေလရာ ေနာက္ထပ္ထပ္ပ်က္၍ မရေတာ့ေခ်။ သူမ ျပန္လာေၾကာင္း ျမင္ေသာအခါ ယြီေရွာင္းလ်န္က ဘာစကားမွ ေျပာမလာေခ်။ တစ္ခ်က္သာ ၾကည့္ၿပီးေနာက္ ကိုယ့္ခုတင္ေပၚ တက္သြားကာ လိုက္ကာကို ဆြဲလိုက္ၿပီး ကိုယ့္အလုပ္ကိုယ္ လုပ္ေနေတာ့သည္။

ယြီေရွာင္းလ်န္က အေဆာင္ထဲရွိ နင္မုန႔္ကို အနည္းငယ္ ေကာင္းေကာင္း ဆက္ဆံေသာသူ ျဖစ္သည္။ အေၾကာင္းမူကား သူမကို ဒီတိုင္းလ်စ္လ်ဴရႈထားၿပီး အျခားေျပာဆိုဆက္ဆံလာျခင္းမ်ိဳးမရွိေခ်။ အျခားႏွစ္ေယာက္ကမူ ဒရာမာဆန္ေလၿပီး မၾကာခဏ မေကာင္းေသာ စကားမ်ား ေျပာတတ္သည္။

နင္မုန႔္က တံေတာင္ႏွစ္ဖက္ကို တစ္ခ်က္ ပြတ္ခ်လိုက္သည္။ မန္နင္က ထိုသို႔ ဆိုး႐ြားေသာ ဘဝတြင္ ေနထိုင္ၿပီး သူမအေနျဖင့္ ထိုသို႔ေသာ ဘဝမ်ိဳးႏွင့္ နီးစပ္ေသာ အေျခအေနမ်ိဳးကို မႀကဳံေတြ႕ဖူးေခ်။ ယခုမူ သူမ အခ်ိန္ပိုင္းအလုပ္တစ္ခု ရွာရေတာ့ေပမည္။

သူမအတြက္ အေရးႀကီးဆုံးကိစၥက ပိုက္ဆံရွာျခင္းျဖစ္သည္။

အခ်ိန္အတန္ၾကာ အခ်ိန္ျဖဳန္းၿပီးေနာက္ သူမခုတင္ေပၚတြင္ သူမက ေကာင္းေကာင္း မအိပ္ႏိုင္ေခ်။ နင္မုန႔္က အိပ္ယာမွထၿပီးေနာက္ alarm ေပးထားၿပီးေနာက္ လိုက္ကာကို ဆြဲခ်ကာ အိပ္ေတာ့သည္။

alarm က မနက္ေျခာက္နာရီတြင္ ျမည္သည္။ နင္မုန႔္က တခဏ အနားယူလိုက္ၿပီး အိပ္ယာမွ ထလိုက္သည္။

အျပင္ဘက္ေကာင္းကင္က မည္းေမွာင္ေနေသးသည္။ သူမက အိပ္ယာမွထၿပီးေနာက္ သူမအတန္းခ်ိန္အတြက္ လိုအပ္သည့္ စာအုပ္မ်ားကို ယူလိုက္သည္။ ယြီေရွာင္းလ်န္က ထြက္သြားၿပီ သူမ တစ္ေယာက္တည္း အေဆာင္ခန္းထဲတြင္သာ က်န္ခဲ့သည္။

မန္နင္ကလည္း ကိုယ့္ကိုယ္ကို ေသေသသပ္သပ္ လုပ္ခဲ့သည္။ သူမက ဆံပင္ကို ႐ိုးရွင္းစြာသာ အျမင့္စည္းတတ္သည္။ အေရွ႕ဆံပင္မ်ားကိုလည္း မညႇပ္ထားေခ်။ ထို႔ေၾကာင့္ မ်က္လုံးကိုပင္ အုပ္ေနျခင္း ျဖစ္သည္။ အခ်ိန္ၾကာလာေသာအခါ သူမက မ်က္ေတာင္ခတ္တိုင္း မ်က္စိဆံပင္ေမြး စူးသည္။ ဒါက သူမကို နာက်င္ေစသည္။

နင္မုန႔္က မွန္ကို တခဏခန႔္ စိုက္ၾကည့္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမက အေရွ႕ဆံၿမိတ္မ်ားကို လွန္တင္လိုက္ေသာအခါ သူမ၏ ေဖ်ာ့ေတာ့ၿပီး‌ ေတာက္ပေသာ နဖူးက ေပၚလာသည္။

သူမက ေရွ႕ခပ္အုပ္အုပ္ ဆံပင္ကို ညႇပ္ထားသည့္တိုင္ေအာင္ သူမ၏ ႐ုပ္သြင္က သာမန္ထက္အနည္းငယ္သာ ၾကည့္ေကာင္းသည္။ အေရးႀကီးဆုံးအခ်က္က သူမက အသားက ျဖဴေဖ်ာ့ၿပီး မည္သည့္ ဝက္ၿခံ၊ အမာ႐ြတ္၊ အဆီဖုမ်ားမွ မရွိဘဲ ေခ်ာေမြ႕ေနေလသည္။

သူမ၏ မ်က္ေတာင္မ်ားက သဘာဝအေလ်ာက္ပင္ ရွည္သြယ္ၿပီး ေကာ့တက္ၿပီး မဲနက္ေနသည္။ ထို႔ေၾကာင့္ အထူးတလည္ ျပင္ဆင္ရန္လည္း မလိုအပ္ေခ်။

နင္မုန႔္က သူမကသာ သင့္ေတာ္ေသာ မိတ္ကပ္အနည္းငယ္ကို ျပင္ဆင္လိုက္မည္ဆိုလွ်င္ လီေက်ာင္းထက္ပင္ ပို၍ ၾကည့္ေကာင္းေလာက္ေၾကာင္း ခံစားမိသည္။ ကုနန္ခ်န္ကပင္ သူမကို မယွဥ္ႏိုင္ေလာက္ေခ်။ ပို၍ ဆိုးသည္မွာ သူမ၏ မ်က္ႏွာေလးက သနားစရာေကာင္းေသာ ပုံစံဟန္ေဆာင္ရန္ ပို၍ သင့္ေတာ္ေလသည္။

"ငါ ခ်စ္စရာေကာင္းၿပီး သနားစရာပုံစံေလး ဟန္ေဆာင္လိုက္သင့္လား"

သူမက ေရ႐ြတ္လိုက္သည္။

ေနာက္တစ္ခ်ိန္ သူမက ကုနန္ခ်န္ႏွင့္ ပက္ပင္းတိုးေသာအခါ သူမကလည္း အလားတူ သနားစရာေကာင္းေသာ ပုံစံဟန္ေဆာင္လိုက္ၿပီး အရင္ငိုျပလိုက္၍ ရသည္။

နင္မုန႔္က မွန္ေရွ႕တြင္ မ်က္ႏွာထားတစ္မ်ိဳး လုပ္လိုက္ၿပီး ကုနန္ခ်န္၏ မ်က္လုံးနီရဲေသာ အျပဳအမူမ်ိဳးကို တုပလိုက္သည္။ သူမ၏ မ်က္ဝန္းေထာင့္မ်ားက အနည္းငယ္ နီရဲလာသည္။ သူမက မ်က္ေမွာင္ႀကဳံ႕ၿပီး ကိုယ့္ကိုယ္ကို ဆိတ္ဆြဲလိုက္သည္။

မန္နင္၏ အသားအေရက အလြန္ႏူးညံ့မည္ဟု မထင္ခဲ့မိေခ်။ အနည္းငယ္ ဆိတ္ဆြဲျခင္းကပင္ သူမကို နာက်င္စြာ ေအာ္ဟစ္မိေစသည္။ သူမက မွန္ကို ျပန္ၾကည့္ေသာအခါ မွန္ထဲမွ ပုံစံေၾကာင့္ ေၾကာင္သြားသည္။

သူမ ဒီေန႔ ဝတ္ထားေသာ ဝတ္စုံက အနည္းငယ္ေလ်ာ့ေနသည္။ သူမ၏ ကိုယ္ေပၚ ဒီတိုင္း ခပ္ေလ်ာ့ေလ်ာ့ရွိေနၿပီး သူမကို ပိန္ပါးသလို ထင္ရေစသည္။ သူမ၏ ေငြ႕ရည္ဖြဲ႕ေနေသာ နီရဲေနသည့္ မ်က္ဝန္းႏွင့္ ထည့္ေပါင္းလိုက္ေသာအခါ သူမ၏ လက္တစ္ဝါးစာ ရွိသည့္ မ်က္ႏွာေလးက အားနည္းၿပီး သနားစရာေကာင္းေနသည္။

ထိုပုံပန္းသြင္ျပင္က အျခားသူမ်ားကို အႏိုင္က်င့္ခ်င္စိတ္ေပါက္ေနသည္။

နင္မုန႔္၏ ပတ္ဝန္းက်င္မွ ေလထုအေျခအေနက ႐ုတ္တရက္ ေျပာင္းလဲသြားသည္။

ဒီလိုပုံစံမ်ိဳးကို ကုနန္ခ်န္ရဲ႕ အျပဳအမူနဲ႔သာ အစားထိုးလိုက္ရင္ ေရွာင္ပိုင္ဟြာ မ်ိဳးဆက္သစ္တစ္ေယာက္ ျဖစ္လာႏိုင္တယ္။

သူမက မ်က္ႏွာထားကို ျပင္လိုက္ၿပီးေနာက္ မွန္ထဲတြင္ ခပ္တည္တည္ စိုက္ၾကည့္ၿပီး ေတြးလိုက္သည္။

ျပပြဲတစ္ခုအတြက္ နည္းလမ္းအမွန္ပဲ။

...

သူမက ေက်ာင္းေဆာင္ထဲသို႔ ေရာက္သြားခ်ိန္တြင္ ေျခာက္နာရီခြဲေနၿပီျဖစ္သည္။ အတန္းမစခင္ ဆယ္မိနစ္ လိုအပ္ေနေသးသည္။

အလြန္ႀကီးမားေသာ အခန္းထဲတြင္ စာသင္ၾကားျခင္း ျဖစ္ၿပီး နင္မုန႔္က အေရာက္ေနာက္က်ကတည္းက ေနာက္ဆုံးတန္းမ်ားက လူျပည့္ေနၿပီျဖစ္ၿပီး ေရွ႕ဆုံးတန္းမ်ားသာ က်န္ရစ္ေတာ့သည္။ မိန္းကေလးမ်ားက ႏွစ္ေယာက္သုံးေယာက္ တစ္တန္းစီထိုင္ေနၾကသည္။

သူမက ဝင္လာေသာအခါ လူအမ်ား၏ အၾကည့္က သူမထံေရာက္လာၿပီးေနာက္ ထူးဆန္းေသာ အလင္းက ျဖတ္သြားၿပီး အခ်ိဳ႕သူမ်ားက စကားေျပာေနရာမွ ႐ုတ္တရက္ ရပ္လိုက္သည္။

ဘာလို႔ ဒီေန႔ မန္နင္က ျခားနားေနရတာလဲ။

ပုံမွန္အားျဖင့္ ဒီအခ်ိန္ဆိုလွ်င္ သူမက ေခါင္းကို ဆက္တိုက္ငုံ႔ၿပီး အေျပးအလႊား ဝင္လာတတ္ၿပီး ပထမဆုံးအတန္းသို႔ တိုက္႐ိုက္သြားတတ္သည္။ လက္ရွိအခ်ိန္တြင္မူ သူမက ခပ္ေအးေအး ဝင္လာသည္။

နင္မုန႔္က ထိုေနရာတြင္ ဝင္ထိုင္၍ သိပ္မၾကာခင္အခ်ိန္တြင္ ေထာင့္တစ္ေနရာတြင္ ေကာင္ေလးတစ္ေယာက္က ထိုင္ေနေၾကာင္း ျမင္လိုက္ရသည္။ သူ၏ ပုံပန္းသြင္ျပင္က ပုံမွန္သာလွ်င္ ျဖစ္သည္။ သူ၏ ခႏၶာကိုယ္က အနည္းငယ္ပိန္ပါးကာ မ်က္မွန္တပ္ထားၿပီး သူက စာၾကမ္းပိုးပုံစံျဖစ္သည္။ သို႔ေသာ္ ...

ဒါက ကိုယ့္ကိုယ္ကို ႀကိဳးဆြဲခ် သတ္ေသသြားတဲ့ သရဲပဲ။

နင္မုန႔္က တခ်က္ၾကည့္႐ုံျဖင့္ပင္ သူက ထုတ္လႊတ္ေနသည့္ အနက္ေရာင္ ေလထုကို ျမင္ႏိုင္သည္။ သို႔ေသာ္ သူကမူ မာနႀကီးသလိုမ်ိဳး စာအုပ္တစ္အုပ္ႏွင့္ ေဘာပင္တစ္ေခ်ာင္းကို ကိုင္လ်က္ အလြန္ျမန္ဆန္ေသာ အရွိန္တို႔ျဖင့္ အသားကုန္ေရးေနသည္။

သူက အလြန္႐ိုးသားသျဖင့္ မန္နင္ကပင္ သူႏွင့္ မယွဥ္ၿပိဳင္ႏိုင္ေလာက္ေခ်။ ေမွ်ာ္လင့္ထားသည့္အတိုင္း ေက်ာင္းတြင္းတြင္ သရဲပိုမ်ားသည္။ သို႔ရာတြင္ ေခ်ာက္ခ်ားစရာေကာင္းသည့္ ဘက္ျခမ္းတြင္မူ ထိုမွ်ေၾကာက္စရာ မေကာင္းေခ်။ အတန္းထဲတြင္ လူအလြန္မ်ားေနၿပီျဖစ္ၿပီး ႏိုင္ငံျခားဘာသာစကားဌာနမ်ားတြင္ မိန္းကေလး ပိုမ်ားသည္။

ထိုသရဲက ေနာက္ပိုင္းတြင္ ကိုယ့္ကိုယ္ကို သတ္ေသသြားၿပီး ဒီဌာနမွ ေက်ာင္းသားတစ္ေယာက္ျဖစ္ရမည္ဟု ေတြးလိုက္သည္။ သို႔ေသာ္ သူက စာသင္ရျခင္းကို အလြန္သေဘာက်ေသာေၾကာင့္ ဒီေနရာတြင္သာ ဆက္ေနၿပီး အတန္းတက္ေနျခင္း ျဖစ္ေလာက္သည္။

သူမက မည္သို႔ေတြးေနေစကာမူ မေနႏိုင္ဘဲ မပတ္သက္သလို ခံစားလိုက္ရသည္။

နင္မုန႔္က သူမ၏ အၾကည့္ကို ေ႐ႊ႕လိုက္ၿပီး စာအုပ္ကိုသာ တဖ်ပ္ဖ်ပ္ လွန္လိုက္သည္။ သူမက နားမလည္မည္စိုးသျဖင့္ မန္နင္၏ မွတ္စုစာအုပ္မ်ားကိုလည္း ဖတ္ၾကည့္လာၿပီးေလၿပီ။ သို႔မဟုတ္လွ်င္ သူမအတြက္ ဒုကၡေရာက္ေပလိမ့္မည္။

စာအုပ္ကို တခဏခန႔္ ၾကည့္ေနၿပီးေနာက္ သူမက ရပ္တန႔္လိုက္သည္။ သူမ၏ ေခါင္းက သရဲထံ ျပန္ေရာက္သြားၿပီး ၾကည့္လိုက္ေသာအခါ သူက မွတ္စုစာအုပ္တြင္ အသည္းအသန္ ေရးသားေနေၾကာင္း ျမင္ရသည္။

မန္နင္က ပထမႏွစ္သာလွ်င္ ျဖစ္သျဖင့္ အတိတ္က ကိစၥမ်ားကို မရွင္းလင္းေခ်။ ပို၍ ဆိုးသည္မွာ သူမ၏ မွတ္ဉာဏ္ထဲတြင္လည္း ထိုသို႔ေသာ အေျခအေနမ်ိဳးက မရွိေခ်။ ထို႔ေၾကာင့္ သူမက ဒီေက်ာင္းသို႔ မေရာက္လာခင္ သူက ေသသြားခဲ့ျခင္း ျဖစ္ေလာက္သည္။

နင္မုန႔္က ဖုန္းကို ထုတ္ၿပီးေနာက္ တခဏခန႔္ ရွာေဖြလိုက္ၿပီး ေနာက္ဆုံးတြင္ လြန္ခဲ့ေသာ ငါးႏွစ္ခန႔္က သတင္းကို ေတြ႕လိုက္ရသည္။

"သတင္းေတြအရဆိုရင္ စီးပြားေရးအေျခအေနမေကာင္းလို႔ လီမုန႔္က သူ႔ရဲ႕ က်ဴရွင္စရိတ္ကို မေထာက္ပံ့ႏိုင္တဲ့ အျပင္ အခ်ိန္ပိုင္းအလုပ္က ရတဲ့ ပိုက္ဆံေတြနဲ႔လည္း လုံေလာက္ေအာင္ မေပးႏိုင္ေတာ့ဘူး၊ သူ႔ရဲ႕ အမွတ္ေတြက ေကာင္းမြန္လို႔ သူက C တကၠသိုလ္ေရာက္လာတာက ပုံမွန္ပဲဆိုေပမယ့္ သူ႔ရဲ႕ အဆင့္ကေတာ့ အလယ္ေနရာနားမွာပဲရွိလို႔ ပညာသင္ေထာက္ပံ့ေၾကးစရိတ္မရႏိုင္ဘူး၊ ဒါေၾကာင့္ သူက စိတ္ဓာတ္က်ၿပီး ကိုယ့္ကိုယ္ကို ဆြဲႀကိဳးခ် သတ္ေသလိုက္တယ္၊ လက္ရွိအခ်ိန္မွာေတာ့ ရဲေတြက သူရဲ႕ ေနာက္ဆုံးခ်န္ထားခဲ့တဲ့ စာကိုေတာင္ ရွာေတြ႕ခဲ့ၾကတယ္..."

နင္မုန္႔။ "..."

ဘယ္ေလာက္ပင္ စိတ္ဓာတ္အင္အား သန္မာလိုက္လဲ။

သူက သရဲအျဖစ္ ေျပာင္းသြားသည့္တိုင္ေအာင္ ျပင္းျပင္းထန္ထန္ စာႀကိဳးစားေနၿပီး ပညာသင္ေထာက္ပံ့ေၾကးေငြ လိုခ်င္‌ေသးဟန္ ရသည္။ ႐ုတ္တရက္ သူမ၏ ေဘးတြင္ လူတစ္ေယာက္က ဝင္ထိုင္လိုက္သည္။ သူမက ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ ကုနန္ခ်န္ကို ျမင္လိုက္ရသျဖင့္ မ်က္စိကန္းလုမတတ္ ျဖစ္သြားသည္။ ခ်က္ခ်င္းပင္ ေဘးဘက္ခုံသို႔ ေျပာင္းလိုက္သည္။ ကုနန္ခ်န္က သူမကို နာက်င္ေသာ မ်က္လုံးမ်ိဳးျဖင့္ ၾကည့္လာၿပီး ေျပာသည္။

"မန္နင္ နင္ ငါ့ကို အဲ့ဒီေလာက္ထိ မုန္းေနတာလား၊ ဒါမွမဟုတ္ နင္ ငါ့ကို ခြင့္လႊတ္ေပးဖို႔ ဆႏၵမရွိတာလား"

နင္မုန႔္ကလည္း တဖက္လူက ထိုသို႔ ေျပာလာမည္မွန္း သိထားၿပီးသား ျဖစ္ေလရာ ေခါင္းကိုသာ ငုံ႔ၿပီး ကိုယ့္စာကိုသာ ၾကည့္ေနလိုက္သည္။

မည္သို႔ပင္ဆိုေစ သူမက စကားစေျပာလိုက္သည္ႏွင့္ ရပ္ေတာ့မည္မဟုတ္ေခ်။ ထို႔အစား သူမက မၾကာခဏ လာလာေတြ႕ၿပီး အဆုံးမသတ္ႏိုင္ေသာ ကိစၥအတြက္ ကပ္ပါေနေပလိမ့္မည္။ စိတ္ရႈပ္စြာျဖင့္ပင္ သူမ၏ ဦးေႏွာက္က တစ္ဖက္လူႏွင့္ ကြာျခားစြာပင္ ႀကိဳးမ်ားလြတ္ေနျခင္း ျဖစ္ရမည္။

"မန္နင္ ငါ နင့္ကို အရင္က ေျပာထားတဲ့ အခ်ိန္ပိုင္းအလုပ္ေတြအေၾကာင္း ေတြးၿပီးၿပီလား"

တုန႔္ျပန္မႈမရေသာအခါ ကုနန္ခ်န္က မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။

"နင္ အလြယ္တကူ လက္ေလ်ာ့ၿပီး စိတ္ဓာတ္က်မေနပါနဲ႔၊ ဒီအခ်ိန္ပိုင္းအလုပ္ရဲ႕ လစာက မဆိုးဘူး၊ နင့္ရဲ႕ ေနထိုင္မႈစရိတ္ကိုေတာင္ နည္းနည္း ကာမိႏိုင္ေလာက္တယ္"

တခဏခန႔္ ရပ္တန႔္ၿပီးေနာက္ သူမက ထပ္ျဖည့္ေျပာသည္။

"မန္နင္ နင္ ငါ့ကို ခြင့္မလႊတ္ႏိုင္တာပဲျဖစ္ျဖစ္၊ ငါ့ကို မယုံတာေၾကာင့္ပဲျဖစ္ျဖစ္၊ ဒါကို လက္မေလ်ာ့လိုက္ပါနဲ႔၊ အနာဂတ္မွာ တူညီတဲ့အမွားမျဖစ္ေစရဘူးလို႔ ငါ ကတိေပးပါတယ္"

ကုနန္ခ်န္က စိတ္မရွည္ေတာ့ဘဲ သူမ၏ လက္ေမာင္းကို တခ်က္တို႔လိုက္သည္။

"ငါ နင့္ရဲ႕ ခႏၶာကိုယ္ကို စိတ္ပူတာပါ၊ ၾကည့္ပါဦး နင္ဘယ္ေလာက္ေတာင္ ပိန္သြားသလဲ၊ နင္ အခုတေလာ ေကာင္းေကာင္းေရာ စားရဲ႕လား"

နင္မုန႔္က အလြန္စိတ္ရွည္သည္။ သူမက ျပန္ခံေျပာေတာ့မည့္အခ်ိန္တြင္ အတန္းေခါင္းေလာင္းက ျမည္လာေလရာ သဘာဝအေလ်ာက္ပင္ စကားကို ေျပာင္းလိုက္သည္။

"အတန္းတက္ၿပီ၊ ေက်းဇူးျပဳၿပီး တိတ္ဆိတ္ေပးပါ ေက်ာင္းသူ"

ကုနန္ခ်န္က သူမ၏ စကားေၾကာင့္ ေၾကာင္ေတာင္တာင္ ျဖစ္သြားသည္။

.....

Continue Reading

You'll Also Like

516K 75.7K 186
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
191K 25.6K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...
375K 61.8K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
78.1K 5.5K 98
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြ...