Devil Venerable Also Wants To...

By m_velvetblue

64K 7.8K 647

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ

860 126 8
By m_velvetblue

သတိပေးခြင်း : သတ်သေဖို့
ကြိုးစားခြင်းပါဝင်၏။

ကျုန်းလီချန်းဟာ ချွမ်းယွမ်ဂိုဏ်း၏
နည်းလမ်းအမျိုးမျိုးဖြင့် နှိပ်ဆက်ခံရခြင်း၊
ကိုယ်ကျင့်တရား‌နှင့် မကိုက်ညီသည့်
ကိစ္စရပ်များ တွန်းအားပေး
လုပ်ဆောင်ခိုင်းခြင်းတို့သာမက
အသက်နှင့်စိတ်ဝိဉာဉ်ပါ
ဆုံးရှုံးသွားရနိုင်ချေရှိခြင်းတို့ကိုပါ
ကြုံတွေ့နိုင်သည့်အတွက်
စိတ်ကြိုတင်ပြင်ဆင်ထားပြီးသားပင်။
ဝမ်ရန်အယ် သူ့ကိုဘာပဲလုပ်ခိုင်းလုပ်ခိုင်း
သူကျင့်ကြံသည့် တာအိုလမ်းစဉ်
မထိခိုက်စေသည့်နည်းလမ်းကို
ရွေးချယ်မည်ဟု သူဆုံးဖြတ်ထားသည်။

ချွမ်းယွမ်ဂိုဏ်းတွင်နေရသည့်
ဒုတိယမြောက်နေ့၌ ငရဲမီးလျှံ
ခန်းမဆောင်တည်ရှိရာဘက်သို့
ခေါ်ဆောင်သွားခြင်းခံရသည်။
ဝမ်ရန်အယ်ကို တစ်ခါမျှမတွေ့ပေ။
ရှူယန့်ယန့်ဟာဖြူဖျော့၍
နေမကောင်းပုံရသည့်
ယောကျာ်းတစ်ဦးထံသို့ သူ့ကို
လွှဲပြောင်းလိုက်သည်။ထိုသူကို
ရှူယန့်ယန့်ဟာ ခန်းမဆောင်သခင်ရှီ
ဟုခေါ်သည်။ငရဲမီးလျှံခန်းမဆောင်၏
ပိုင်ရှင်အသစ်ပင်။

"သူ့ကို ငါ့နေရာကို
ခေါ်သွားရမှာလား။"ဟု သခင်ရှီဟာ
ချောင်းအပြင်းအထန်ဆိုးရင်း
မေးလိုက်သည်။
"အဟွတ် အဟွတ်
ငရဲမီးလျှံခန်းမဆောင်က
တစ္ဆေတောင်ထွဋ်လက်အောက်မှာ။
ကိုယ့်ပါကိုယ်တောင် ကြောက်နေရတာ။
သူ့ကို အဲ့ကိုခေါ်သွားစေချင်တယ်။
မဖြစ်နိုင်ဘူး။"

"နင်က ငရဲမီးလျှံခန်းမဆောင်သခင်လေ။ကိုယ့်နေရာတောင် ကိုယ်မထိန်းနိုင်ဘဲနဲ့ အခြားခန်းမဆောင်သခင်တွေနဲ့
ဂိုဏ်းချုပ်ရာထူးကို ပြိုင်လုချင်သေးတယ်။
ဘာတွေများ စဉ်းစားနေတာလဲ။"
ရှူယန့်ယန့်သည် လူကဲခတ်တော်သော်ငြား
ချိုးဟုန်ရွှယ်၏ လက်အောက်က
ထိုလူမသိသူမသိ လက်အောက်ငယ်သားကိုအကဲမခတ်နိုင်သေးကြောင်း
သဘောပေါက်သွားသည်။

"အဟွတ် အဟွတ် အဲ့ကို
ပြန်သွားရမှာကြောက်လို့
ခန်းမဆောင်သခင်ယွမ်းရဲ့
ခန်းမဆောင်သခင်မြောင်နဲ့
ခန်းမဆောင်သခင်ယွမ်တို့ရဲ့အကြံကို
ဖျက်စီးမဲ့ အစီအစဉ်ကို လိုက်လုပ်ခဲ့တာပါ။"
သခင်ရှီ၏ မျက်နှာ ပိုပိုပြီးဖြူဖျော့လာသည်။
"ငါ့မှာရှိတဲ့စွမ်းအားနဲ့ အဆင့်အရ
ဘယ်လိုလုပ် နတ်ဆိုးအရှင်ဖြစ်နိုင်မှာလဲ။"
ငါ့ရဲ့ ဆန္ဒ‌ကသေးသေးလေးပါပဲ။
ခန်းမဆောင်သခင်တွေကိုပဲ
အပြောင်းအလဲဖြစ်ချင်တာ။ဒီလောက်
ပြဿနာကြီးသွားမယ်လို့ ဘယ်ထင်မလဲ။
အဟွတ် အဟွတ် အဟွတ်..."

ဂူကောင်အချို့ အန်ထုတ်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲ အပြစ်အနေဖြင့်
သခင်မြောင်ထည့်ထားသော
ဂူကောင်တွေပင်။

"ခန်းမဆောင်သခင်မြောင်ရဲ့
ဂူကောင်တွေကိုတောင် နာမကျန်းမှုနဲ့
သတ်နိုင်တာပဲ။ဘာလို့ ငရဲမီးလျှံ
ခန်းမဆောင်လောက်လေးကို
ကြောက်နေရတာလဲ။"ဟု နှစ်လှမ်း
သုံးလှမ်းဆုတ်လိုက်ရင်း ရှူယန့်ယန့်
မေးလိုက်သည်။သူ ခန်းမဆောင်
သခင်ယွမ်နှင့် သခင်ရှီတို့နှင့်
ဘာမှမလုပ်ရသေးခင် ဝမ်ရန်အယ်
ပြန်ရောက်လာတာ တော်သေးသည်။
မဟုတ်လျှင် သူနေမကောင်း
ဖြစ်နေလောက်သည်။

ခန်းမဆောင်သခင်ရှီဟာ သူ့အား
မှုန်ကုပ်ကုပ်ကြည့်လိုက်ပြီး
"ခန်းမဆောင်သခင်ချိုးနဲ့
ကာကွယ်သူရှူ ရင်းနှီးတယ်ဆိုတော့
ငရဲမီးလျှံခန်းမဆောင်မှာ
ဘယ်လိုငယ်သားတွေထားလဲသိမှာပေါ့။"

"ငါနဲ့ ချိုးဟုန်ရွှယ်ရင်းနှီးတယ်လို့
ဘယ်သူပြောလဲ။သူက ‌တစ္ဆေကျင့်ကြံသူ
အဲ့တော့ သူ့ငယ်သားတွေအကုန်လုံးက
တစ္ဆေတွေ‌‌လေ။မင်းကတော့
ခြွင်းချက်ပေါ့...။"ပြောနေရင်း
ပြဿနာကို ရှူယန့်ယန့်
သဘောပေါက်သွားသည်။

ခန်းမတောင်သခင်ရှီဟာ ဟင်းလင်းပြင်လေဟာနယ်ကျင့်ကြံသူဖြစ်ပြီး
မဟာယနာကျင့်ကြံသူကိုတောင်
နေမကောင်းဖြစ်သွားအောင်
ပြုလုပ်နိုင်တာကြောင့်
အထင်မသေးသင့်သူတစ်ယောက်ပင်။
ဘယ်ခန်းမဆောင်သခင်မှ
ထိုကဲ့သို့ ငယ်သားမျိုးကိုမလိုချင်ပေ။
သို့ပေမဲ့ ငရဲမီးလျှံခန်းမဆောင်တွင်
အားလုံးဟာ တစ္ဆေတွေ၊
အသေကောင်ခန္ဓာကိုယ်တွေနှင့်ချည်းပင်။
အ‌ခြေအနေ‌အကောင်းဆုံးခန္ဓာကိုယ်
ပိုင်ဆိုင်ထားသူမှာ နှစ်တစ်ထောင်
ဖုတ်ကောင်ပင်။ခန်းမဆောင် သခင်ရှီ
ဘယ်သူ့ကိုများ နေမကောင်းဖြစ်အောင်
လုပ်ဆောင်နိုင်မှာလဲ။သူ့လက်အောက်ငယ်သားတွေကို
သူဘယ်လိုလုပ်ထိန်းချုပ်နိုင်မှာလဲ။

"အရှင် ချွမ်းယွမ်ဂိုဏ်းကို
စထိန်းချုပ်စဥ်တုန်းက သူငါ့ဆီ
တစ်ခါလာသေးတယ်။ငါ့ကြောင့်
ကာကွယ်သူယင် နေမကောင်း
ဖြစ်သွားရတယ်လေ။အဲ့အချိန်ကစပြီး
သူငါ့ကို ငရဲမီးလျှံခန်းမဆောင်ကို
ပို့လိုက်တာပဲ။ဂိုဏ်းစည်းလုံးညီညွတ်မှုအတွက်တဲ့...။"ခန်းမဆောင်သခင်ရှီ
မျက်ရည်တုတွေ သုတ်ရင်း
ပြောလိုက်သည်။"ခန်းမဆောင်သခင်
ဖြစ်လာတော့ ခန္ဓာကိုယ်စုစည်းခြင်းနဲ့
အဲ့အဆင့်အောက်ဒဏ်ရာရ တစ္ဆေကျင့်ကြံသူနည်းနည်းကို အမိန့်နာခံလာအောင်
မနည်းလုပ်ခဲ့ရတာ။အခုဆို
အရှင့်အမိန့်အရ အချို့ကို
ခန်းမဆောင်သခင်ယွမ်နဲ့အတူကျင့်ကြံဖို့
လွှတ်လိုက်ရသေးတယ်။ကာကွယ်သူရှူ
ငါ့ဘဝကြီးကလွယ်ကူနေတယ်လို့ထင်လား။"

ရှူယန့်ယန့်ဘာမှမပြောပေ။ခန်းမဆောင်
သခင်ရှီဟာ ကျုန်းလီချန်းကိုကြည့်လိုက်ပြီး
"သခင်လေး ကျုန်းလီကဖြောင့်မတ်သူ
တစ်ယောက်ပါ။ကြားဖူးတယ်မလား။
'နေ့ခင်းဘက်မှာမကောင်းတာတွေမလုပ်ခဲ့ရင်
ညဘက်မှာ တစ္ဆေတွေတံခါးလာခေါက်မှာကို
မကြောက်ဖူးဆိုတဲ့ စကားကို။'
ငရဲမီးလျှံခန်းမဆောင်ရောက်ရင်
ကာကွယ်ပေးပါဦးနော်။
ကာကွယ်ပေးမယ်မလား။"

ကျုန်းလီချန်း: ...

ထိုသို့ဖြင့် တစ္ဆေတောင်ထွဋ်လက်အောက်ခံငရဲမီးလျှံခန်းမဆောင်ဆီသို့
ခန်းမဆောင်သခင်ရှီနောက်ကနေ
ကျုန်းလီချန်းလိုက်သွားရသည်။
ခန်းမဆောင်သခင်ရှီဟာ သူနေရန်
သရဲမရှိသည့် အခန်းတစ်ခန်း
ရှာပေးပြီး ပြင်ဆင်ပေးသည်။
ဟောင်းနွမ်းနေ‌သောအဆောက်အဦး၏ သက်တမ်းကို ကျုန်းလီချန်း
မခန့်မှန်းနိုင်ပေ။သို့ပေမဲ့ တိုင်တွေ၌
အရိုးစာများ ရေးသားထားသည်ကိုတွေ့ရ၏။
ကျုန်းလီချန်း စာအုပ်စာ‌ပေကို
သဘောကျကြောင်း ခန်းမဆောင်သခင်ရှီ
ကြားထားသောကြောင့် ဝါးစာလိပ်အချို့ကို
ပေးလိုက်သည်။

ထိုသွေးစွန်း‌နေသောစာလိပ်များမှ
မကောင်းသောခံစားချက်ရနေသည်။
အချို့စာလိပ်များ၌ တစ်စုံတစ်ယောက်သေဆုံးသွားသောနေ့နှင့် သေဆုံးရသောအကြောင်းအရင်းကိုမှတ်တမ်းတင်ထားပြီး
လွတ်နေသောနေရာ၌ "လျှောက်ပြောနေတယ်။ငါအဲ့လိုသေတာမှ မဟုတ်တာ။"
သို့မဟုတ် "ငါကသမိုင်းစာအုပ်တွေမှာ
စာကြောင်းတစ်ကြောင်းပဲ ထည့်ရေးသားဖို့
ထိုက်တန်တာလား။" သို့မဟုတ်
"သမိုင်းဆိုတာ အလိမ်အညာတွေပဲ
ငါအဲ့လို သေခဲ့တာမှမဟုတ်တာ
ဒေါသထွက်လွန်းလို့ အသက်တောင်
ပြန်ဝင်တော့မလိုပဲ။"
ထိုစာကြောင်းတွေကို မည်သူတွေ
ရေးသားထားသလဲဆိုတာ
ဆက်မစဉ်းစားဖို့ ကျုန်းလီချန်း
ဆုံးဖြတ်လိုက်သည်။

ထိုကိစ္စများကြုံတွေ့ရသည်ကလွဲ၍
အခြေအနေ မဆိုးလှပေ။
ခန်းမဆောင်သခင်ရှီ သူ့လက်ဖျားထိပ်မှ
သွေးနှစ်စက်ဖောက်ယူသွားသည်ကိုတော့
အနည်းငယ် စိုးရိမ်မိသည်။

သွေးဖောက်ယူသွားချိန်၌
"ကလန်ကြီးလေးခုကနေ မျိုးဆက်
အများကြီးပြန့်ပွားသွားပေမဲ့
အဲ့မျိုးဆက်တွေရဲ့ သွေးကိုသုံးပြီး
ကလန်ကအဓိကလူတွေကို
ကျိန်စာတိုက်လို့မရအောင် တားမြစ်တဲ့
နည်းလမ်းတွေရှိတယ်။ငါ့ရဲ့သွေးကို
သုံးပြီး ကျုန်းလီကလန်ကသူတွေကို
ဒုက္ခပေးလို့မရဘူး။"ဟုသူပြောလိုက်သည်။

ခန်းမဆောင်သခင်ရှီ သက်ပြင်းရှည်ကြီး
ချလိုက်ပြီး စိတ်ပူနေဟန်ပင်။
ဖြူဖျော့နေသောမျက်နှာဖြင့်
ပေါင်းလိုက်သောအခါ အလွန်သနားစရာကောင်းလှသောကြောင့် ဆုံးဖြတ်ချက်ခိုင်မာသောကျုန်းလီကလန်သွေးပါသော
သူတောင်မှ "ခန်းမဆောင်သခင်ရှီ
ဘာများဖြစ်လို့လဲ။"ဟုမေးလိုက်မိသည်။

"အာ ဘာမှမဟုတ်ပါဘူး။
လူတစ်ယောက်ပြန်လာတော့မှာ မလို့ပါ။"
ခန်းမဆောင်သခင်ရှီဟာ ကျုန်းလီချန်းကို
လေးနက်သောအကြည့်ဖြင့်
"သူကလူလေ။ဘယ်လိုလုပ်ပြီး
သူကလူဖြစ်နိုင်မှာလဲ။"

ကျုန်းလီချန်း : ...

ချွမ်းယွမ်ဂိုဏ်းမှ လူများဟာ
တမူထူးခြား‌သူတွေချည်းပင်။
နားမလည်နိုင်သော အကြောင်းအရာတွေကိုပဲ
ပြောတတ်ကြပြီး ထိုအကြောင်းကိုလည်း
သူလေးလေးနက်နက်ဆက်မတွေးချင်ပေ။

သူ့သွေးသုံးပြီး ကျုန်းလီကလန်ကို
အန္တရာယ်မပေးမှန်းသိသွားတာကြောင့်
ကျုန်းလီချန်းစိတ်အေးသွားပြီး
ငရဲမီးလျှံခန်းမ၌ စာအုပ်များ
ဖတ်ရှုနေတော့သည်။ဤသို့ဖြင့်
သုံးလကြာမြင့်သွားသည်။
ထိုသုံးလအတွင်း သူ့ဆီလာသူဟူ၍
တစ်ခါတစ်ရံလူသားများနှင့်
ပြောဆိုဆက်ဆံချင်သေးသည်ဟုဆိုကာ
စကားစမြည်လာပြောသော
ခန်းမဆောင်သခင်ရှီတစ်ယောက်သာ
ရှိသည်။

ဝမ်ရန်အယ်ဟာ သုံးလလုံး
ကျုန်းလီချန်းကို မပစ်ပယ်ထားချင်ပေ။
ကျုန်းလီကလန်မှ တွေ့ဆုံခွင့်‌ပေးပါရန်
မကြာခဏတောင်းဆိုလာသော်ငြား
သူလက်မခံပေ။ရည်ရွယ်ချက်
မပြည့်မြောက်သေးသရွေ့ မည်သူ့ကိုမျှ
တွေ့ရန်စိတ်ကူးမရှိပေ။

သုံးလအတွင်း ချိုးဟုန်ရွှယ်ဟာ
ငရဲမီးလျှံခန်းမဆောင်သို့
ပိုင်လီချင်းမြောင်ကို ခေါ်မလာနိုင်ပေ။
ရှန့်ချင်းဂိုဏ်း၌ ကိစ္စကြီးတစ်ခု
ဖြစ်သွားသောကြောင့်ပင်။
ထိုအကြောင်းအရာကို စာအုပ်နှစ်အုပ်လုံးမှ
နှစ်ယောက်လုံး၏အမြင်ဖြင့်
ဝမ်ရန်အယ် ဖတ်ရှူပြီးသား
ဖြစ်သောကြောင့်ပင်။

နာကျင်ရသောအချစ်(ပြင်ဆင်နေသည်)
၌ ပိုင်လီ‌ချင်းမြောင်ဟာ ဝမ်းသာအားရဖြင့်
သူ့ဂိုဏ်းတူအစ်ကိုကို ကုသပေးရန်
ကြာပန်းနှလုံးသားကိုယူဆောင်ပြီး
ဂိုဏ်းသို့ပြန်လာသည်။ဂိုဏ်းသို့
ရောက်သောအခါ မယုံကြည်နိုင်စရာ
သတင်းကြားလိုက်ရသည်။

မူလဝတ္ထုထဲတွင်ရေးသားထားသကဲ့သို့
ဟယ့်ဝမ်းချောင်ဟာ လုချင်းယဲ့နှင့်
သွေးသားဆက်နွယ်မိသွားသောကြောင့်
လုချင်းယဲ့၏ ဝိဉာဉ်ရင်းမြစ်
ခြောက်သွေ့သွား၏။ သေဆုံးခါနီး
ဖြစ်သွားခြင်းကြောင့်လည်း
ဆေးခန်းမသို့ ပို့ဆောင်လိုက်ရ၏။
ဟယ့်ဝမ်းချောင်၏ ဒဏ်ရာဟာ
ပြင်းထန်လွန်းသောကြောင့်
လုချင်းယဲ့၏အနစ်နာခံမှုဖြင့်တောင်
ကောင်းမွန်မလာပေ။သို့ပေမဲ့
အခြေခံအုတ်မြစ်တည်ဆောက်ခြင်း
အဆင့်အထိတော့ ပြန်လည်
ကောင်းမွန်သွားသည်။

သူဒဏ်ရာရပြီး သတိကင်းလွတ်နေချိန်၌
လုချင်းယဲ့အပေါ် ကျူးလွန်မိကြောင်း
သိသွားသောအခါ တုန်လှုပ်
ခြောက်ခြားသွားပြီး ကုသရန်
နည်းလမ်းရှာပေးဖို့ တစ်ယောက်တည်း
ထွက်သွားကာ ပိုင်လီချင်းမြောင်
ပြန်မလာမီလေးကတင် ပြန်ရောက်လာ၏။
ကုသရန်နည်းလမ်းလမ်း ရှာမတွေ့ခဲ့သော်ငြား
သူကိုယ်တိုင်ကတော့ နတ်အဖြစ်
ပြောင်းလဲခြင်းအဆင့်သို့ ရောက်သွားသည်။
မသေမျိုးတစ်ယောက်နေထိုင်ခဲ့သော
ဂူတစ်လုံး တွေ့ရှိခဲ့ပြီး လက်ခံရရှိသော
ဆေးကြောင့် အဆင့်တက်ခဲ့ခြင်း
ဖြစ်ကြောင်းရှင်းပြ၏။

သူစွမ်းအားမြင့်လာပြီဖြစ်သောကြောင့်
လုချင်းယဲ့ကို ကုသရန်နည်းလမ်း
အနာဂတ်တွင် ကျိန်းသေပေါက်
ရှာတွေ့မည်ဖြစ်ကြောင်း ကတိပေးကာ
သူ့ကို အခွင့်အရေးပေးပါရန်
ဂိုဏ်းအကြီးအကဲများကို
တောင်းပန်၏။

ရှန့်ချင်းဂိုဏ်း၌ စွမ်းအားမြင့်သော
အကြီးအကဲ အနည်းငယ်သာကျန်‌ရှိသည်။
ထို့အပြင် နတ်အဖြစ်ပြောင်းလဲခြင်း
အဆင့်ရှိသောဟယ့်ဝမ်းချောင်ဟာ
ကျင့်ကြံခြင်းလောကရှိ ထိပ်တန်း
ကျင့်ကြံသူများထဲမှ တစ်ယောက်
ဖြစ်သွားသည်။ထိုသို့ရှားပါးလှသော
ပါရမီရှင်ကို အပြစ်တင်၍မဖြစ်နိုင်ပေ။
ထို့ကြောင့် လုချင်းယဲ့အတွက်
တရားမျှတမှုရှာပေးဖို့ကို
လျစ်လျူရှူလိုက်ကြ၏။

ဟယ့်ဝမ်းချောင် စိတ်ဓာတ်တက်ကြွနေချိန်၌
ကြာပန်းနှလုံးသားယူဆောင်လာ‌သော
ပိုင်လီချင်းမြောင်ပြန်ရောက်လာပြီး
ဖြစ်ပျက်ခဲ့သမျှကို စီမံခန့်ခွဲခြင်းခန်းမ၌ ကြားသိလိုက်ရသည်။နေရာတွင်ပင်
အပြင်းအထန်ထိုင်ငိုကြွေးနေသည်မှာ
သူ့ဆရာချင့်ရုန်နှင့် စီမံခန့်ခွဲခြင်း
ခန်းမအကြီးအကဲ ချင့်ယွဲ့
အလျင်အမြန်ရောက်လာပြီး
နှစ်သိမ့်မပေးခင်အထိပင်။
အတွင်းစိတ်မကောင်း‌ဆိုးဝါး
လွှမ်းမိုးခြင်းခံရခါနီးပင်။

ဟယ့်ဝမ်းချောင်လည်း အမြန်ရောက်လာပြီး
မူလဝတ္ထုထဲက ကဲ့သို့
စတင်ရှင်းပြတော့သည်။ထိုအချိန်က
သူအသိစိတ်ပုံမှန်မဟုတ်နေကြောင်း၊
ဂိုဏ်းတူညီမလေးလုကို
သူလုံးဝမကြိုက်ကြောင်း၊ပိုင်လီချင်းမြောင်
သူ့ကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်မိကြောင်း
တို့ပင်။ဂိုဏ်းတူညီမလေးလုကိုရင်ဆိုင်ဖို့
ရှက်ရွံ့မိကြောင်း ဂိုဏ်းတူညီမလေးလုကို
ကုသပေးဖို့နည်းလမ်းကို
ပိုင်လီချင်းမြောင်ကိုပါ သူနှင့်အတူ
ကူရှာပေးလိုကြောင်းလည်း ပြောသေးသည်။

ဟယ့်ဝမ်းချောင်ဟာ လေပြေအေးအေးဖြင့်
လူတွေကို ထိန်းချုပ်ရာမှာ ဆရာကြီး
တစ်ဆူပင်။မူလဝတ္ထုထဲကလို
ပိုင်လီချင်းမြောင် ထိုစကားချိုချိုတွေ
အောက် ကျဆုံးသွားတော့မလို့ပင်။
ဟယ့်ဝမ်းချောင်ကို ခွင့်လွှတ်ပေးရုံသာမက
လုချင်းယဲ့ကို ကုသပေးနေသော
အဆောင်ရှိရာသို့ပင် ပြေးသွား၏။
ဂိုဏ်းတူအစ်ကိုတင်နေသောအကြွေးကို
ဆပ်ပေးမည်ဟုပြော၍
ခုနစ်ရောင်ချယ် ကြာပန်းနှလုံးသားကို
ထုတ်ပေးလုဆဲဆဲပင်။

ထိုအကြောင်းပြောတော့မည့်ဆဲ‌ဆဲ၌
ရှန့်ချင်းဂိုဏ်းစည်းမျဉ်းစာအုပ်ကို
လှန်လှောကြည့်နေသော
အကြီးအကဲချင့်ရွှယ်ဟာ
မျက်မှောင်ကြုံ့လိုက်ပြီး အခြေအနေကိုပြောင်းလဲသွားစေနိုင်သော
စကားအချို့ပြောလိုက်သည်။
"ဘာလို့ ဟယ့်ဝမ်းချောင်က လုချင်းယဲ့ကို
လက်မထပ်လိုက်တာလဲ။"

လူတိုင်း : ...

စည်းမျဉ်းစာအုပ်ကိုထောင်ပြလိုက်ပြီး
စာကြောင်းတစ်ကြောင်းကို
ထောက်ပြလိုက်သည်။
"ဒီမှာပြောထားတယ်လေ။ရှန့်ချင်းဂိုဏ်းက
တပည့်နှစ်ယောက်စလုံး သဘောတူရင်ဂိုဏ်းချုပ်‌ဆီက ခွင့်ပြုချက်တောင်းပြီး
ကျင့်ကြံဖော်ဖြစ်လာလို့ရတယ်လို့။"

ထိုအကြောင်းကြားလိုက်သောအခါ
လုချင်းယဲ့သည်မျက်ရည်ဝဲ‌နေသော
မျက်လုံးဖြင့် ဟယ့်ဝမ်းချောင်ကို
ကြည့်လိုက်ပြီး ပြန်ဖြေမည့်အဖြေကို
စောင့်နေ၏။

ပိုင်လီချင်းမြောင်ဟာ  သူ့ဆရာထိုကဲ့သို့
ပြောမည်ဟုထင်မထားကဲ့ပေ။
သူနှင့် သူ့ဂိုဏ်းတူအစ်ကို၏အနာဂတ်
ပျက်စီးသွားနိုင်၏။သူလက်မခံနိုင်ပေ။

"အဲ့တာက..."အကြီးအကဲချင့်ယွဲ့ပြောသည်။
"သတိထားရမဲ့အချက်တွေရှိတယ်လေ
ချင့်ရွှယ်ရဲ့ ကျင့်ကြံဖော်ဖြစ်ဖို့ဆိုရင်
နှစ်ယောက်စလုံးက ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်‌ရှိဖို့လိုတယ်။လုချင်းယဲ့က
အဲ့အဆင့်မရောက်သေးဘူးလေ။"

"သူအဲ့အဆင့်ရောက်မှာ မို့လို့လား။"
ဟုချင့်ရွှယ်မေးလိုက်သည်။

လူတိုင်း : ...

ထိုစကားက အတော်ထိခိုက်စေသည်။
လုချင်းယွဲ့နံရံကိုမှီလိုက်ပြီး
ငိုရှိုက်သွား၏။"ဟုတ်ပါတယ်။
ကျွန်မက အခုအသုံးမဝင်တော့ပါဘူး။
ဒီမှာရှိနေရင် ဝန်ထုပ်ဝန်ပိုးပဲဖြစ်နေမှာ။
အကုန်လုံးကို အဆုံးသတ်လိုက်မှ
ကောင်းသွားမှာပါ။"

ထိုသို့ပြောပြီး နံရံနှင့်ခေါင်းဆောင့်ရန်
ကြိုးပမ်းလိုက်သည်။အခန်းထဲတွင်
လူအများကြီးရှိခြင်းကြောင့်
အကုန်လုံးပြေးတားကြ၏။
ဟယ့်ဝမ်းချောင်က သူ့ကိုဖက်လိုက်ပြီး
ပထမဆုံးတားဆီးလိုက်နိုင်၏။
အဆင်မပြေသောမျက်နှာထားဖြင့်
"ဒါ ဒါပေမဲ့ ငါချစ်တာက..."

ပိုင်လီချင်းမြောင်တစ်ယောက်ကိုပဲ
ချစ်သည် သူတစ်ယောက်ထဲကိုသာ
ချစ်မည်ဟု ဟယ့်ဝမ်းချောင်
ကတိပေးထားပြီးသားပင်။သို့ပေမဲ့
ထိုစကားကိုလုချင်းယဲ့ရှေ့ပြောမထွက်ပေ။အကြီးအကဲချင့်ရွှယ်အား
ပြန်လည်စဉ်စားပေးဖို့ တောင်းဆိုရန်
ပိုင်လီချင်းမြောင်အား ဘာမှ
မတတ်နိုင်သောအကြည့်တစ်ချက်
ပေးလိုက်သည်။

သူ့အမူအရာကြည့်ပြီး ပိုင်လီချင်းမြောင်
စိတ်လွတ်သွားပုံပင်။အကြီးအကဲချင့်ရွှယ်
ခါးကိုဖက်လိုက်ပြီး "ဆရာချင့်ရွှယ်
ကျွန် ကျွန်မဂိုဏ်းတူအစ်ကိုကိုချစ်တယ်။
သူလက်ထပ်လိုက်ရင် ကျွန်မကကော။"

"မျှော်လင့်ချက်မရှိတော့တာမှ မဟုတ်တာ။"
ဟုပြောရင်း ပိုင်လီချင်းမြောင်ခေါင်းကို
အကြီးအကဲချင့်ရွှယ် ခပ်ဖွဖွ
ပုတ်ပေးလိုက်သည်။လုချင်းယဲ့ကို လက်ညှိုးညွှန်လိုက်ရင်း
"သူ့ကိုကြည့်လိုက် သူဆယ်နှစ်ကျော်ခံမှာမဟုတ်ဘူး။သူသေသွားရင် သူ့နေရာကို
မင်း ဝင်ယူလိုက်ရုံပဲ။"

ပိုင်လီချင်းမြောင် : …

ချင်းရွှယ်စကားလုံးတွေဟာကြမ်းတမ်းပေမဲ့
မှန်နေ၏။သူ၏တဲ့တိုးဆန်ဆန်‌
တွေးတောမှုအား ရှန့်ချင်းဂိုဏ်း
အကြီးအကဲများ လက်ခံသွားကြသည်။

လုချင်းယဲ့ဟာ ဟယ့်ဝမ်းချောင်ကို
ကယ်တင်ခဲ့တာကြောင့် ဟယ့်ဝမ်းချောင်
တစ်ဘဝလုံး လုချင်းယဲ့အပေါ်
အကြွေးတင်နေသည်။
အကြွေးပြန်မဆပ်ပါက ကောင်းကင်ဘုံဆီမှ
အကျိုးဆက်များ လက်ခံရရှိလိမ့်မည်။
အပြစ်နှင့်အကြွေးကိုဆပ်ရန်
လုချင်းယဲ့ကိုလက်ထပ်လိုက်ခြင်းက
အကောင်းဆုံးပင်။ပိုင်လီချင်းမြောင်
အတွက်ကတော့...အကြီးအကဲချင့်ရွှယ်
ပြောသလိုပင်။ကျင့်ကြံသူတွေဟာ
နှစ်ထောင်ချီ ရာချီနေနိုင်ကြသည်။
လက်ထပ်ချင်ပါက လုချင်းယဲ့
သေသွားမည့်အချိန်ကိုစောင့်ရုံပင်။

အကြီးအကဲ‌‌တွေကြား
ထိုအကြောင်းဆွေးနွေးပြီးနောက်
မင်္ဂလာပွဲကိုသဘောတူလိုက်ကြသည်။

ပိုင်လီချင်းမြောင်ဟာ ကြာပန်းနှလုံးသားကို လုချင်းယဲ့ကိုထုတ်ပေးလိုက်ကာ
ဂိုဏ်းတူအစ်ကိုလက်မထပ်ဖြစ်တော့အောင်
လုပ်ချင်သော်ငြား "ကြာပန်းနှလုံးသားကို
ပေးလိုက်ပါက လုချင်းယဲ့
နတ်အဖြစ်ပြောင်းလဲခြင်းအဆင့်ကို
ရောက်သွားပြီး ဟယ့်ဝမ်းချောင်နှင့်
လက်ထပ်ရန် ပိုထိုက်တန်သွားမည်ဖြစ်ကြောင်းအကြီးအကဲချင့်ရွှယ် သူ့ကို
သတိပေးထားသောကြောင့်ပင်။"

တစ်ညလုံး‌ငိုကြွေးပြီးနောက်
မင်္ဂလာပွဲကိုရှောင်ရန် သူ့ကို
ထွက်သွားခွင့်ပေးဖို့
သူ့ဆရာကိုတောင်းဆိုလိုက်သည်။

သူ့ကိုတစ်စုံတစ်ယောက်ပူးကပ်နေသလို
ခံစားရ၏။ဂိုဏ်းတူညီမလုကို
ကယ်တင်နိုင်မည့် အံ့ဩဖွယ်ဆေး
သူ့သိုလှောင်အိတ်ထဲရှိနေသော်ငြား
သူထုတ်မပေးချင်ပေ။ဆယ်စုနှစ်တစ်စုစာ
ကမ္ဘာအနှံ့လှည့်ပတ်သွားလာပြီး
ပြဿနာတွေကိုမေ့ဖျောက်ချင်သည်။
ဆယ်နှစ်ကျော်သွားချိန် လုချင်းယဲ့
အသက်ရှင်နေသေးပါက သူပြန်သွားပြီး
ကြာပန်းနှလုံးသားကိုပေးလိုက်မည်။
တစ်ချိန်တည်းမှာပင် သူ့ဂိုဏ်းတူအစ်ကိုကို
စွန့်လွှတ်လိုက်တော့မည်။အခုတော့
မလုပ်နိုင်သေးပေ။ကံကြမ္မာကိုပဲ
ဆုံးဖြတ်ခိုင်းတော့မည်။

သူ့ဆုံးဖြတ်ချက်ကို ချင့်ရွှယ်
လုံးဝသဘောတူသည်။ဟယ့်ဝမ်းချောင်နှင့်
လုချင်းယဲ့လက်ထပ်ပွဲမတိုင်ခင်
ရက်အနည်းငယ်၌ ရှန့်ချင်းဂိုဏ်းမှ
အတူတကွထွက်ခွာသွားတော့သည်။

တောင်ခြေ၌ ပိုင်လီချင်းမြောင်ဟာ
မြင့်မားလှသည့်တောင်ထိပ်ကို
မော့ကြည့်လိုက်သည်။နောက်ငါးရက်ကြာလျှင် သူ့ဂိုဏ်းတူအစ်ကိုလက်ထပ်တော့မည်။
အနည်းဆုံးတော့ သူ့ဆရာချင့်ရွှယ်
သူ့ဘေးရှိနေသောကြောင့် ပျော်မိသည်။
(အကြီးအကဲချင့်ရွှယ်က အမည်ခံဆရာနော်။)

ထိုနေရာ၌ ပြန်လည်ပြင်ဆင်နေမှု
ရပ်တန့်သွားသည်။ထို့ကြောင့်
ဝမ်ရန်အယ် နောက်ကျောမှ
မှတ်ချက်များကို လှန်ကြည့်လိုက်သည်။

[ဒီလက်ထပ်ပွဲကို သဘောတူတယ်။
မင်္ဂလာစုံတွဲအသစ်ကို ဂုဏ်ပြုပါတယ်။]

[ဟားဟားဟားဟားဟား
ချင့်ရွှယ်ရဲ့အတွေးတွေက
ငါ့ကိုသတ်နေတာပဲ။သူဘယ်လိုလုပ်ပြီး
'လုချင်းယဲ့က ဆယ်နှစ်ပဲနေရတော့မှာ'
ဆိုတာကို ရုပ်တည်ကြီးနဲ့ပြောနိုင်ရတာလဲ။
တကယ့်ကိုမိုက်တယ်။]

[သူအခုလုချင်းယဲ့ကို လက်ထပ်
လိုက်ပြီဆိုတော့ ဟယ့်ဝမ်းချောင်
ခရမ်းရင့်ရောင်နန်းတော်သခင်မကို
ဘယ်မျက်နှာနဲ့လက်ထပ်မလဲ
စောင့်ကြည့်ရမယ်။မူလဝတ္ထုထဲမှာတုန်းက
သူကလူလွတ်ဖြစ်ပြီး ရှန့်ချင်းဂိုဏ်းရဲ့
အနာဂတ်ခေါင်းဆောင်မလို့
လက်ထပ်ရတာလေ။အခုကျတော့..
ဘာဆက်ဖြစ်မလဲ သိချင်နေပြီ။]

[နှစ်ယောက်စလုံးကို လက်ထပ်ပြီး
တစ်ယောက်ကို ကိုယ်လုပ်တော်လုပ်ခိုင်းလေ
ဟားဟားဟားဟားဟား]

[ဆက်ပြန်ပြင်ပါ စာရေးဆရာရေ
အားပေးနေပါတယ်။အမှိုက်လိုဝတ္ထုကို
ပြန်ပြင်ရေးတဲ့ဟာကို အခုလို
စောင့်မျှော်နေမိမယ်လို့ တစ်ခါမှ
မထင်ထားမိခဲ့ဖူးဘူး။ကောင်းကောင်း
ရေးနိုင်မယ်လို့ယုံကြည်ပါတယ်။]

ကျေနပ်သွားပြီး ဝမ်ရန်အယ်စာအုပ်ကို
ချလိုက်သည်။ထို့နောက် ပျက်သုဉ်းခြင်း
နတ်ဘုရားစာအုပ်ကိုကောက်ကိုင်လိုက်သည်။အဖြစ်အပျက်တွေဟာ
နာကျင်ရသောအချစ်စာအုပ်ထဲက
အဖြစ်အပျက်တွေအတိုင်းပင်။
ကွာသွားတာဟူ၍ ဟယ့်ဝမ်းချောင်
တောင်က ဘယ်အချိန်မှာဘယ်လို
ထွက်ခွာသွားခဲ့သလဲ။သူ့စိတ်ထဲ
နေထိုင်သောဆရာ
(သွေးနတ်ဆိုးအကြီးအကဲ)
အကူအညီဖြင့် စွမ်းအားပြင်းသောအမွေ
ရှာတွေ့ခဲ့ကြောင်း ထိုအမွေဖြင့်
အဆင့်မြှင့်ခဲ့ကြောင်းပါရှိသည်။
ဂိုဏ်းကိုပြန်ရောက်ချိန်
အဖြစ်အပျက်များကတော့ အတူတူပင်။
မှတ်ချက်တွေကတော့ ကွဲပြားနေသည်။

[ဘာလို့ ဒါကိုပြန်ပြင်နေရတာလဲ။
ကောင်းပြီးသားကို ဘာလို့ပြန်ပြင်တာလဲ။
‌ကြောင်သွားတာပဲ။]

[ဆင်ဆာကြောင့်နေမှာပေါ့။
ဇာတ်လိုက်ကို မောင်းမဆောင်ရှိခွင့်
မပြုလို့လေ။အခြားစာရေးဆရာတွေလည်း
ပြန်ပြင်နေကြတယ်။နားလည်ပေးလို့
ရပါတယ်။ဒါပေမဲ့ ဇာတ်ကြောင်းက
ဘယ်လိုဖြစ်သွားတာလဲ။]

[ချောင်အစ်ကိုမှာ မိန်းမလှလေးတွေ
အများကြီးရှိရင်တော့ ငါလုချင်းယဲ့ကိုသဘောကျပါတယ်။ဒါပေမဲ့
သူတစ်ယောက်တည်းကိုပဲ ရမယ်ဆိုရင်တော့
လုချင်းယဲ့ကသာမန်ဆန်လွန်းနေတယ်။
ဂိုဏ်းတူညီမလေးလောက်လည်း
ပါရမီမပါဘူး။ခရမ်းရင့်ရောင်
နန်းတော်သခင်မလောက်လည်း
ဉာဏ်မကောင်းဘူး။ရုပ်ရည်ကလည်း
သာမန်ပဲ။]

[အကုန်လုံးကို ရမယ်ဆိုရင်လည်း
အဓိကဇနီးနေရာကို လုချင်းယဲ့မရသင့်ဘူး။
သူကယှဉ်လို့ကိုမရဘူး။ဇာတ်လိုက်နဲ့
သူနဲ့မတန်ဘူး။လေလွင့်မသေမျိုးအသစ်
အကြီးအကဲချင့်ရွှယ်က ဗီလိန်လား။
ငါကသူ့ကို ချောင်အစ်ကိုရဲ့
ဇနီးအသစ်ဖြစ်လာမှာလို့ထင်ခဲ့တာ။]

[မိန်းကလေးဇာတ်ကောင်တွေထဲ
နတ်ဆိုးကျင့်ကြံသူရှူယန့်ယန့်ကလွဲရင်
အဲ့ချင့်ရွှယ်ရယ်ကိုအမုန်းဆုံးပဲ။
စာရေးဆရာကတကယ်တော်တာပဲ။
မိန်းမလှလေးနှစ်ယောက်ကို
ရက်စက်တဲ့သူတွေဖြစ်အောင်
ရေးနိုင်တယ်။]

မှတ်ချက်တွေဟာ နေ့နှင်ညကဲ့သို့
ကွာခြားလှသည်။နှစ်အုပ်ယှဥ်လျှင်
နာကျင်ရသောအချစ်ဝတ္ထုထဲမှ
မှတ်ချက်များကို ဝမ်ရန်အယ်
ပိုသဘောကျသည်။ထိုထဲမှ မှတ်ချက်များက
ပုံမှန်ပိုဆန်သည်။

"အရှင် ချိုးဟုန်ရွှယ်ပြန်လာပါပြီ။"
ဟုအပြင်ဘက်မှ ယင်ဟန်ကျန်းပြောလာ၏။

အခုတလော ယင်ဟန်ကျန်း
သူ့နားသို့ သိပ်မကပ်ပေ။
ပုံမှန်ဆိုလျှင် သူ့အခန်းထဲတွင်တောင်မှ
ထွက်မသွားခိုင်းမချင်း သူ့နောက်မှာ
ရပ်နေလေ့ရှိသည်။ဘယ်အချိန်ကစပြီး
ယင်ဟန်ကျန်း သူ့အခန်းအပြင်ဘက်
ထွက်နေပြီး တံခါးမှာပဲစောင့်နေသလဲ
ဆိုတာ ဝမ်ရန်အယ်မသိပေ။

"ပိုင်လီချင်းမြောင်ကကော။"
ဟုဝမ်ရန်အယ်မေးလိုက်၏။

"သူ့သွေးစက်ကိုထုတ်ယူထားပြီး
ငရဲမီးလျှံအဆောင်ကိုလည်း
ပို့ဆောင်ပြီးပါပြီ။"အပြင်ဘက်မှ
ယင်ဟန်ကျန်းပြန်ဖြေလာ၏။
"ခန်းမဆောင်သခင်ချိုးနဲ့
စောင့်ရှောက်သူရှူတို့ အဓိကခန်းမဆောင်မှာ တိုက်ခိုက်နေကြပါတယ်။တစ်ခုခု
လုပ်လိုက်ရပါမလား။"

ဝမ်ရန်အယ် တံခါးဖွင့်လိုက်သည်။
တံခါးညာဘက်မှာရပ်စောင့်နေသည့်
ယင်ဟန်ကျန်းဟာ ခြေလှမ်းအနည်းငယ်
ဆုတ်လိုက်ပြီး နှစ်ယောက်ကြား
အကွာအဝေးတစ်ခု ခြားလိုက်သည်။

ဝမ်ရန်အယ်သူ့အား ထူးဆန်းသော
အကြည့်တစ်ချက်ပေးလိုက်သည်။
သို့ပေမဲ့ သူမေးခွန်းမေးခါနီးမှာပဲ
အပြင်ဘက်မှကျောက်တုံးတွေ
ကြေကွဲပျက်စီးနေသံကြားလိုက်ရ၏။
မျက်နှာအမူအရာချက်ချင်းအေးစက်သွားပြီး
"ဒီအရှင်နဲ့ လိုက်ခဲ့။"ဟုပြောလိုက်၏။

အပိုင္း ၃၁။ ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ မဂၤလာပြဲ

သတိေပးျခင္း : သတ္ေသဖို႔
ႀကိဳးစားျခင္းပါဝင္၏။

က်ဳန္းလီခ်န္းဟာ ခြၽမ္းယြမ္ဂိုဏ္း၏
နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ႏွိပ္ဆက္ခံရျခင္း၊
ကိုယ္က်င့္တရား‌ႏွင့္ မကိုက္ညီသည့္
ကိစၥရပ္မ်ား တြန္းအားေပး
လုပ္ေဆာင္ခိုင္းျခင္းတို႔သာမက
အသက္ႏွင့္စိတ္ဝိဉာဥ္ပါ
ဆုံး႐ႈံးသြားရႏိုင္ေခ်႐ွိျခင္းတို႔ကိုပါ
ၾကဳံေတြ႕ႏိုင္သည့္အတြက္
စိတ္ႀကိဳတင္ျပင္ဆင္ထားၿပီးသားပင္။
ဝမ္ရန္အယ္ သူ႕ကိုဘာပဲလုပ္ခိုင္းလုပ္ခိုင္း
သူက်င့္ၾကံသည့္ တာအိုလမ္းစဥ္
မထိခိုက္ေစသည့္နည္းလမ္းကို
ေ႐ြးခ်ယ္မည္ဟု သူဆုံးျဖတ္ထားသည္။

ခြၽမ္းယြမ္ဂိုဏ္းတြင္ေနရသည့္
ဒုတိယေျမာက္ေန႔၌ ငရဲမီးလွ်ံ
ခန္းမေဆာင္တည္႐ွိရာဘက္သို႔
ေခၚေဆာင္သြားျခင္းခံရသည္။
ဝမ္ရန္အယ္ကို တစ္ခါမွ်မေတြ႕ေပ။
႐ွဴယန္႔ယန္႔ဟာျဖဴေဖ်ာ့၍
ေနမေကာင္းပုံရသည့္
ေယာက်ာ္းတစ္ဦးထံသို႔ သူ႕ကို
လႊဲေျပာင္းလိုက္သည္။ထိုသူကို
႐ွဴယန္႔ယန္႔ဟာ ခန္းမေဆာင္သခင္႐ွီ
ဟုေခၚသည္။ငရဲမီးလွ်ံခန္းမေဆာင္၏
ပိုင္႐ွင္အသစ္ပင္။

"သူ႕ကို ငါ့ေနရာကို
ေခၚသြားရမွာလား။"ဟု သခင္႐ွီဟာ
ေခ်ာင္းအျပင္းအထန္ဆိုးရင္း
ေမးလိုက္သည္။
"အဟြတ္ အဟြတ္
ငရဲမီးလွ်ံခန္းမေဆာင္က
တေစၧေတာင္ထြဋ္လက္ေအာက္မွာ။
ကိုယ့္ပါကိုယ္ေတာင္ ေၾကာက္ေနရတာ။
သူ႕ကို အဲ့ကိုေခၚသြားေစခ်င္တယ္။
မျဖစ္ႏိုင္ဘူး။"

"နင္က ငရဲမီးလွ်ံခန္းမေဆာင္သခင္ေလ။ကိုယ့္ေနရာေတာင္ ကိုယ္မထိန္းႏိုင္ဘဲနဲ႔ အျခားခန္းမေဆာင္သခင္ေတြနဲ႔
ဂိုဏ္းခ်ဳပ္ရာထူးကို ၿပိဳင္လုခ်င္ေသးတယ္။
ဘာေတြမ်ား စဥ္းစားေနတာလဲ။"
႐ွဴယန္႔ယန္႔သည္ လူကဲခတ္ေတာ္ေသာ္ျငား
ခ်ိဳးဟုန္႐ႊယ္၏ လက္ေအာက္က
ထိုလူမသိသူမသိ လက္ေအာက္ငယ္သားကိုအကဲမခတ္ႏိုင္ေသးေၾကာင္း
သေဘာေပါက္သြားသည္။

"အဟြတ္ အဟြတ္ အဲ့ကို
ျပန္သြားရမွာေၾကာက္လို႔
ခန္းမေဆာင္သခင္ယြမ္းရဲ႕
ခန္းမေဆာင္သခင္ေျမာင္နဲ႔
ခန္းမေဆာင္သခင္ယြမ္တို႔ရဲ႕အၾကံကို
ဖ်က္စီးမဲ့ အစီအစဥ္ကို လိုက္လုပ္ခဲ့တာပါ။"
သခင္႐ွီ၏ မ်က္ႏွာ ပိုပိုၿပီးျဖဴေဖ်ာ့လာသည္။
"ငါ့မွာ႐ွိတဲ့စြမ္းအားနဲ႔ အဆင့္အရ
ဘယ္လိုလုပ္ နတ္ဆိုးအ႐ွင္ျဖစ္ႏိုင္မွာလဲ။"
ငါ့ရဲ႕ ဆႏၵ‌ကေသးေသးေလးပါပဲ။
ခန္းမေဆာင္သခင္ေတြကိုပဲ
အေျပာင္းအလဲျဖစ္ခ်င္တာ။ဒီေလာက္
ျပႆနာႀကီးသြားမယ္လို႔ ဘယ္ထင္မလဲ။
အဟြတ္ အဟြတ္ အဟြတ္..."

ဂူေကာင္အခ်ိဳ႕ အန္ထုတ္လိုက္သည္။
သူ႕ခႏၶာကိုယ္ထဲ အျပစ္အေနျဖင့္
သခင္ေျမာင္ထည့္ထားေသာ
ဂူေကာင္ေတြပင္။

"ခန္းမေဆာင္သခင္ေျမာင္ရဲ႕
ဂူေကာင္ေတြကိုေတာင္ နာမက်န္းမႈနဲ႔
သတ္ႏိုင္တာပဲ။ဘာလို႔ ငရဲမီးလွ်ံ
ခန္းမေဆာင္ေလာက္ေလးကို
ေၾကာက္ေနရတာလဲ။"ဟု ႏွစ္လွမ္း
သုံးလွမ္းဆုတ္လိုက္ရင္း ႐ွဴယန္႔ယန္႔
ေမးလိုက္သည္။သူ ခန္းမေဆာင္
သခင္ယြမ္ႏွင့္ သခင္႐ွီတို႔ႏွင့္
ဘာမွမလုပ္ရေသးခင္ ဝမ္ရန္အယ္
ျပန္ေရာက္လာတာ ေတာ္ေသးသည္။
မဟုတ္လွ်င္ သူေနမေကာင္း
ျဖစ္ေနေလာက္သည္။

ခန္းမေဆာင္သခင္႐ွီဟာ သူ႕အား
မႈန္ကုပ္ကုပ္ၾကည့္လိုက္ၿပီး
"ခန္းမေဆာင္သခင္ခ်ိဳးနဲ႔
ကာကြယ္သူ႐ွဴ ရင္းႏွီးတယ္ဆိုေတာ့
ငရဲမီးလွ်ံခန္းမေဆာင္မွာ
ဘယ္လိုငယ္သားေတြထားလဲသိမွာေပါ့။"

"ငါနဲ႔ ခ်ိဳးဟုန္႐ႊယ္ရင္းႏွီးတယ္လို႔
ဘယ္သူေျပာလဲ။သူက ‌တေစၧက်င့္ၾကံသူ
အဲ့ေတာ့ သူ႕ငယ္သားေတြအကုန္လုံးက
တေစၧေတြ‌‌ေလ။မင္းကေတာ့
ႁခြင္းခ်က္ေပါ့...။"ေျပာေနရင္း
ျပႆနာကို ႐ွဴယန္႔ယန္႔
သေဘာေပါက္သြားသည္။

ခန္းမေတာင္သခင္႐ွီဟာ ဟင္းလင္းျပင္ေလဟာနယ္က်င့္ၾကံသူျဖစ္ၿပီး
မဟာယနာက်င့္ၾကံသူကိုေတာင္
ေနမေကာင္းျဖစ္သြားေအာင္
ျပဳလုပ္ႏိုင္တာေၾကာင့္
အထင္မေသးသင့္သူတစ္ေယာက္ပင္။
ဘယ္ခန္းမေဆာင္သခင္မွ
ထိုကဲ့သို႔ ငယ္သားမ်ိဳးကိုမလိုခ်င္ေပ။
သို႔ေပမဲ့ ငရဲမီးလွ်ံခန္းမေဆာင္တြင္
အားလုံးဟာ တေစၧေတြ၊
အေသေကာင္ခႏၶာကိုယ္ေတြႏွင့္ခ်ည္းပင္။
အ‌ေျခအေန‌အေကာင္းဆုံးခႏၶာကိုယ္
ပိုင္ဆိုင္ထားသူမွာ ႏွစ္တစ္ေထာင္
ဖုတ္ေကာင္ပင္။ခန္းမေဆာင္ သခင္႐ွီ
ဘယ္သူ႕ကိုမ်ား ေနမေကာင္းျဖစ္ေအာင္
လုပ္ေဆာင္ႏိုင္မွာလဲ။သူ႕လက္ေအာက္ငယ္သားေတြကို
သူဘယ္လိုလုပ္ထိန္းခ်ဳပ္ႏိုင္မွာလဲ။

"အ႐ွင္ ခြၽမ္းယြမ္ဂိုဏ္းကို
စထိန္းခ်ဳပ္စဥ္တုန္းက သူငါ့ဆီ
တစ္ခါလာေသးတယ္။ငါ့ေၾကာင့္
ကာကြယ္သူယင္ ေနမေကာင္း
ျဖစ္သြားရတယ္ေလ။အဲ့အခ်ိန္ကစၿပီး
သူငါ့ကို ငရဲမီးလွ်ံခန္းမေဆာင္ကို
ပို႔လိုက္တာပဲ။ဂိုဏ္းစည္းလုံးညီၫြတ္မႈအတြက္တဲ့...။"ခန္းမေဆာင္သခင္႐ွီ
မ်က္ရည္တုေတြ သုတ္ရင္း
ေျပာလိုက္သည္။"ခန္းမေဆာင္သခင္
ျဖစ္လာေတာ့ ခႏၶာကိုယ္စုစည္းျခင္းနဲ႔
အဲ့အဆင့္ေအာက္ဒဏ္ရာရ တေစၧက်င့္ၾကံသူနည္းနည္းကို အမိန္႔နာခံလာေအာင္
မနည္းလုပ္ခဲ့ရတာ။အခုဆို
အ႐ွင့္အမိန္႔အရ အခ်ိဳ႕ကို
ခန္းမေဆာင္သခင္ယြမ္နဲ႔အတူက်င့္ၾကံဖို႔
လႊတ္လိုက္ရေသးတယ္။ကာကြယ္သူ႐ွဴ
ငါ့ဘဝႀကီးကလြယ္ကူေနတယ္လို႔ထင္လား။"

႐ွဴယန္႔ယန္႔ဘာမွမေျပာေပ။ခန္းမေဆာင္
သခင္႐ွီဟာ က်ဳန္းလီခ်န္းကိုၾကည့္လိုက္ၿပီး
"သခင္ေလး က်ဳန္းလီကေျဖာင့္မတ္သူ
တစ္ေယာက္ပါ။ၾကားဖူးတယ္မလား။
'ေန႔ခင္းဘက္မွာမေကာင္းတာေတြမလုပ္ခဲ့ရင္
ညဘက္မွာ တေစၧေတြတံခါးလာေခါက္မွာကို
မေၾကာက္ဖူးဆိုတဲ့ စကားကို။'
ငရဲမီးလွ်ံခန္းမေဆာင္ေရာက္ရင္
ကာကြယ္ေပးပါဦးေနာ္။
ကာကြယ္ေပးမယ္မလား။"

က်ဳန္းလီခ်န္း: ...

ထိုသို႔ျဖင့္ တေစၧေတာင္ထြဋ္လက္ေအာက္ခံငရဲမီးလွ်ံခန္းမေဆာင္ဆီသို႔
ခန္းမေဆာင္သခင္႐ွီေနာက္ကေန
က်ဳန္းလီခ်န္းလိုက္သြားရသည္။
ခန္းမေဆာင္သခင္႐ွီဟာ သူေနရန္
သရဲမ႐ွိသည့္ အခန္းတစ္ခန္း
႐ွာေပးၿပီး ျပင္ဆင္ေပးသည္။
ေဟာင္းႏြမ္းေန‌ေသာအေဆာက္အဦး၏ သက္တမ္းကို က်ဳန္းလီခ်န္း
မခန္႔မွန္းႏိုင္ေပ။သို႔ေပမဲ့ တိုင္ေတြ၌
အ႐ိုးစာမ်ား ေရးသားထားသည္ကိုေတြ႕ရ၏။
က်ဳန္းလီခ်န္း စာအုပ္စာ‌ေပကို
သေဘာက်ေၾကာင္း ခန္းမေဆာင္သခင္႐ွီ
ၾကားထားေသာေၾကာင့္ ဝါးစာလိပ္အခ်ိဳ႕ကို
ေပးလိုက္သည္။

ထိုေသြးစြန္း‌ေနေသာစာလိပ္မ်ားမွ
မေကာင္းေသာခံစားခ်က္ရေနသည္။
အခ်ိဳ႕စာလိပ္မ်ား၌ တစ္စုံတစ္ေယာက္ေသဆုံးသြားေသာေန႔ႏွင့္ ေသဆုံးရေသာအေၾကာင္းအရင္းကိုမွတ္တမ္းတင္ထားၿပီး
လြတ္ေနေသာေနရာ၌ "ေလွ်ာက္ေျပာေနတယ္။ငါအဲ့လိုေသတာမွ မဟုတ္တာ။"
သို႔မဟုတ္ "ငါကသမိုင္းစာအုပ္ေတြမွာ
စာေၾကာင္းတစ္ေၾကာင္းပဲ ထည့္ေရးသားဖို႔
ထိုက္တန္တာလား။" သို႔မဟုတ္
"သမိုင္းဆိုတာ အလိမ္အညာေတြပဲ
ငါအဲ့လို ေသခဲ့တာမွမဟုတ္တာ
ေဒါသထြက္လြန္းလို႔ အသက္ေတာင္
ျပန္ဝင္ေတာ့မလိုပဲ။"
ထိုစာေၾကာင္းေတြကို မည္သူေတြ
ေရးသားထားသလဲဆိုတာ
ဆက္မစဥ္းစားဖို႔ က်ဳန္းလီခ်န္း
ဆုံးျဖတ္လိုက္သည္။

ထိုကိစၥမ်ားၾကဳံေတြ႕ရသည္ကလြဲ၍
အေျခအေန မဆိုးလွေပ။
ခန္းမေဆာင္သခင္႐ွီ သူ႕လက္ဖ်ားထိပ္မွ
ေသြးႏွစ္စက္ေဖာက္ယူသြားသည္ကိုေတာ့
အနည္းငယ္ စိုးရိမ္မိသည္။

ေသြးေဖာက္ယူသြားခ်ိန္၌
"ကလန္ႀကီးေလးခုကေန မ်ိဳးဆက္
အမ်ားႀကီးျပန္႔ပြားသြားေပမဲ့
အဲ့မ်ိဳးဆက္ေတြရဲ႕ ေသြးကိုသုံးၿပီး
ကလန္ကအဓိကလူေတြကို
က်ိန္စာတိုက္လို႔မရေအာင္ တားျမစ္တဲ့
နည္းလမ္းေတြ႐ွိတယ္။ငါ့ရဲ႕ေသြးကို
သုံးၿပီး က်ဳန္းလီကလန္ကသူေတြကို
ဒုကၡေပးလို႔မရဘူး။"ဟုသူေျပာလိုက္သည္။

ခန္းမေဆာင္သခင္႐ွီ သက္ျပင္း႐ွည္ႀကီး
ခ်လိုက္ၿပီး စိတ္ပူေနဟန္ပင္။
ျဖဴေဖ်ာ့ေနေသာမ်က္ႏွာျဖင့္
ေပါင္းလိုက္ေသာအခါ အလြန္သနားစရာေကာင္းလွေသာေၾကာင့္ ဆုံးျဖတ္ခ်က္ခိုင္မာေသာက်ဳန္းလီကလန္ေသြးပါေသာ
သူေတာင္မွ "ခန္းမေဆာင္သခင္႐ွီ
ဘာမ်ားျဖစ္လို႔လဲ။"ဟုေမးလိုက္မိသည္။

"အာ ဘာမွမဟုတ္ပါဘူး။
လူတစ္ေယာက္ျပန္လာေတာ့မွာ မလို႔ပါ။"
ခန္းမေဆာင္သခင္႐ွီဟာ က်ဳန္းလီခ်န္းကို
ေလးနက္ေသာအၾကည့္ျဖင့္
"သူကလူေလ။ဘယ္လိုလုပ္ၿပီး
သူကလူျဖစ္ႏိုင္မွာလဲ။"

က်ဳန္းလီခ်န္း : ...

ခြၽမ္းယြမ္ဂိုဏ္းမွ လူမ်ားဟာ
တမူထူးျခား‌သူေတြခ်ည္းပင္။
နားမလည္ႏိုင္ေသာ အေၾကာင္းအရာေတြကိုပဲ
ေျပာတတ္ၾကၿပီး ထိုအေၾကာင္းကိုလည္း
သူေလးေလးနက္နက္ဆက္မေတြးခ်င္ေပ။

သူ႕ေသြးသုံးၿပီး က်ဳန္းလီကလန္ကို
အႏၲရာယ္မေပးမွန္းသိသြားတာေၾကာင့္
က်ဳန္းလီခ်န္းစိတ္ေအးသြားၿပီး
ငရဲမီးလွ်ံခန္းမ၌ စာအုပ္မ်ား
ဖတ္႐ႈေနေတာ့သည္။ဤသို႔ျဖင့္
သုံးလၾကာျမင့္သြားသည္။
ထိုသုံးလအတြင္း သူ႕ဆီလာသူဟူ၍
တစ္ခါတစ္ရံလူသားမ်ားႏွင့္
ေျပာဆိုဆက္ဆံခ်င္ေသးသည္ဟုဆိုကာ
စကားစျမည္လာေျပာေသာ
ခန္းမေဆာင္သခင္႐ွီတစ္ေယာက္သာ
႐ွိသည္။

ဝမ္ရန္အယ္ဟာ သုံးလလုံး
က်ဳန္းလီခ်န္းကို မပစ္ပယ္ထားခ်င္ေပ။
က်ဳန္းလီကလန္မွ ေတြ႕ဆုံခြင့္‌ေပးပါရန္
မၾကာခဏေတာင္းဆိုလာေသာ္ျငား
သူလက္မခံေပ။ရည္႐ြယ္ခ်က္
မျပည့္ေျမာက္ေသးသေ႐ြ႕ မည္သူ႕ကိုမွ်
ေတြ႕ရန္စိတ္ကူးမ႐ွိေပ။

သုံးလအတြင္း ခ်ိဳးဟုန္႐ႊယ္ဟာ
ငရဲမီးလွ်ံခန္းမေဆာင္သို႔
ပိုင္လီခ်င္းေျမာင္ကို ေခၚမလာႏိုင္ေပ။
႐ွန္႔ခ်င္းဂိုဏ္း၌ ကိစၥႀကီးတစ္ခု
ျဖစ္သြားေသာေၾကာင့္ပင္။
ထိုအေၾကာင္းအရာကို စာအုပ္ႏွစ္အုပ္လုံးမွ
ႏွစ္ေယာက္လုံး၏အျမင္ျဖင့္
ဝမ္ရန္အယ္ ဖတ္႐ွဴၿပီးသား
ျဖစ္ေသာေၾကာင့္ပင္။

နာက်င္ရေသာအခ်စ္(ျပင္ဆင္ေနသည္)
၌ ပိုင္လီ‌ခ်င္းေျမာင္ဟာ ဝမ္းသာအားရျဖင့္
သူ႕ဂိုဏ္းတူအစ္ကိုကို ကုသေပးရန္
ၾကာပန္းႏွလုံးသားကိုယူေဆာင္ၿပီး
ဂိုဏ္းသို႔ျပန္လာသည္။ဂိုဏ္းသို႔
ေရာက္ေသာအခါ မယုံၾကည္ႏိုင္စရာ
သတင္းၾကားလိုက္ရသည္။

မူလဝတၳဳထဲတြင္ေရးသားထားသကဲ့သို႔
ဟယ့္ဝမ္းေခ်ာင္ဟာ လုခ်င္းယဲ့ႏွင့္
ေသြးသားဆက္ႏြယ္မိသြားေသာေၾကာင့္
လုခ်င္းယဲ့၏ ဝိဉာဥ္ရင္းျမစ္
ေျခာက္ေသြ႕သြား၏။ ေသဆုံးခါနီး
ျဖစ္သြားျခင္းေၾကာင့္လည္း
ေဆးခန္းမသို႔ ပို႔ေဆာင္လိုက္ရ၏။
ဟယ့္ဝမ္းေခ်ာင္၏ ဒဏ္ရာဟာ
ျပင္းထန္လြန္းေသာေၾကာင့္
လုခ်င္းယဲ့၏အနစ္နာခံမႈျဖင့္ေတာင္
ေကာင္းမြန္မလာေပ။သို႔ေပမဲ့
အေျခခံအုတ္ျမစ္တည္ေဆာက္ျခင္း
အဆင့္အထိေတာ့ ျပန္လည္
ေကာင္းမြန္သြားသည္။

သူဒဏ္ရာရၿပီး သတိကင္းလြတ္ေနခ်ိန္၌
လုခ်င္းယဲ့အေပၚ က်ဴးလြန္မိေၾကာင္း
သိသြားေသာအခါ တုန္လႈပ္
ေျခာက္ျခားသြားၿပီး ကုသရန္
နည္းလမ္း႐ွာေပးဖို႔ တစ္ေယာက္တည္း
ထြက္သြားကာ ပိုင္လီခ်င္းေျမာင္
ျပန္မလာမီေလးကတင္ ျပန္ေရာက္လာ၏။
ကုသရန္နည္းလမ္းလမ္း ႐ွာမေတြ႕ခဲ့ေသာ္ျငား
သူကိုယ္တိုင္ကေတာ့ နတ္အျဖစ္
ေျပာင္းလဲျခင္းအဆင့္သို႔ ေရာက္သြားသည္။
မေသမ်ိဳးတစ္ေယာက္ေနထိုင္ခဲ့ေသာ
ဂူတစ္လုံး ေတြ႕႐ွိခဲ့ၿပီး လက္ခံရ႐ွိေသာ
ေဆးေၾကာင့္ အဆင့္တက္ခဲ့ျခင္း
ျဖစ္ေၾကာင္း႐ွင္းျပ၏။

သူစြမ္းအားျမင့္လာၿပီျဖစ္ေသာေၾကာင့္
လုခ်င္းယဲ့ကို ကုသရန္နည္းလမ္း
အနာဂတ္တြင္ က်ိန္းေသေပါက္
႐ွာေတြ႕မည္ျဖစ္ေၾကာင္း ကတိေပးကာ
သူ႕ကို အခြင့္အေရးေပးပါရန္
ဂိုဏ္းအႀကီးအကဲမ်ားကို
ေတာင္းပန္၏။

႐ွန္႔ခ်င္းဂိုဏ္း၌ စြမ္းအားျမင့္ေသာ
အႀကီးအကဲ အနည္းငယ္သာက်န္‌႐ွိသည္။
ထို႔အျပင္ နတ္အျဖစ္ေျပာင္းလဲျခင္း
အဆင့္႐ွိေသာဟယ့္ဝမ္းေခ်ာင္ဟာ
က်င့္ၾကံျခင္းေလာက႐ွိ ထိပ္တန္း
က်င့္ၾကံသူမ်ားထဲမွ တစ္ေယာက္
ျဖစ္သြားသည္။ထိုသို႔႐ွားပါးလွေသာ
ပါရမီ႐ွင္ကို အျပစ္တင္၍မျဖစ္ႏိုင္ေပ။
ထို႔ေၾကာင့္ လုခ်င္းယဲ့အတြက္
တရားမွ်တမႈ႐ွာေပးဖို႔ကို
လ်စ္လ်ဴ႐ွဴလိုက္ၾက၏။

ဟယ့္ဝမ္းေခ်ာင္ စိတ္ဓာတ္တက္ႂကြေနခ်ိန္၌
ၾကာပန္းႏွလုံးသားယူေဆာင္လာ‌ေသာ
ပိုင္လီခ်င္းေျမာင္ျပန္ေရာက္လာၿပီး
ျဖစ္ပ်က္ခဲ့သမွ်ကို စီမံခန္႔ခြဲျခင္းခန္းမ၌ ၾကားသိလိုက္ရသည္။ေနရာတြင္ပင္
အျပင္းအထန္ထိုင္ငိုေႂကြးေနသည္မွာ
သူ႕ဆရာခ်င့္႐ုန္ႏွင့္ စီမံခန္႔ခြဲျခင္း
ခန္းမအႀကီးအကဲ ခ်င့္ယြဲ႕
အလ်င္အျမန္ေရာက္လာၿပီး
ႏွစ္သိမ့္မေပးခင္အထိပင္။
အတြင္းစိတ္မေကာင္း‌ဆိုးဝါး
လႊမ္းမိုးျခင္းခံရခါနီးပင္။

ဟယ့္ဝမ္းေခ်ာင္လည္း အျမန္ေရာက္လာၿပီး
မူလဝတၳဳထဲက ကဲ့သို႔
စတင္႐ွင္းျပေတာ့သည္။ထိုအခ်ိန္က
သူအသိစိတ္ပုံမွန္မဟုတ္ေနေၾကာင္း၊
ဂိုဏ္းတူညီမေလးလုကို
သူလုံးဝမႀကိဳက္ေၾကာင္း၊ပိုင္လီခ်င္းေျမာင္
သူ႕ကိုခြင့္လႊတ္ေပးဖို႔ ေမွ်ာ္လင့္မိေၾကာင္း
တို႔ပင္။ဂိုဏ္းတူညီမေလးလုကိုရင္ဆိုင္ဖို႔
႐ွက္႐ြံ႕မိေၾကာင္း ဂိုဏ္းတူညီမေလးလုကို
ကုသေပးဖို႔နည္းလမ္းကို
ပိုင္လီခ်င္းေျမာင္ကိုပါ သူႏွင့္အတူ
ကူ႐ွာေပးလိုေၾကာင္းလည္း ေျပာေသးသည္။

ဟယ့္ဝမ္းေခ်ာင္ဟာ ေလေျပေအးေအးျဖင့္
လူေတြကို ထိန္းခ်ဳပ္ရာမွာ ဆရာႀကီး
တစ္ဆူပင္။မူလဝတၳဳထဲကလို
ပိုင္လီခ်င္းေျမာင္ ထိုစကားခ်ိဳခ်ိဳေတြ
ေအာက္ က်ဆုံးသြားေတာ့မလို႔ပင္။
ဟယ့္ဝမ္းေခ်ာင္ကို ခြင့္လႊတ္ေပး႐ုံသာမက
လုခ်င္းယဲ့ကို ကုသေပးေနေသာ
အေဆာင္႐ွိရာသို႔ပင္ ေျပးသြား၏။
ဂိုဏ္းတူအစ္ကိုတင္ေနေသာအေႂကြးကို
ဆပ္ေပးမည္ဟုေျပာ၍
ခုနစ္ေရာင္ခ်ယ္ ၾကာပန္းႏွလုံးသားကို
ထုတ္ေပးလုဆဲဆဲပင္။

ထိုအေၾကာင္းေျပာေတာ့မည့္ဆဲ‌ဆဲ၌
႐ွန္႔ခ်င္းဂိုဏ္းစည္းမ်ဥ္းစာအုပ္ကို
လွန္ေလွာၾကည့္ေနေသာ
အႀကီးအကဲခ်င့္႐ႊယ္ဟာ
မ်က္ေမွာင္ၾကဳံ႕လိုက္ၿပီး အေျခအေနကိုေျပာင္းလဲသြားေစႏိုင္ေသာ
စကားအခ်ိဳ႕ေျပာလိုက္သည္။
"ဘာလို႔ ဟယ့္ဝမ္းေခ်ာင္က လုခ်င္းယဲ့ကို
လက္မထပ္လိုက္တာလဲ။"

လူတိုင္း : ...

စည္းမ်ဥ္းစာအုပ္ကိုေထာင္ျပလိုက္ၿပီး
စာေၾကာင္းတစ္ေၾကာင္းကို
ေထာက္ျပလိုက္သည္။
"ဒီမွာေျပာထားတယ္ေလ။႐ွန္႔ခ်င္းဂိုဏ္းက
တပည့္ႏွစ္ေယာက္စလုံး သေဘာတူရင္ဂိုဏ္းခ်ဳပ္‌ဆီက ခြင့္ျပဳခ်က္ေတာင္းၿပီး
က်င့္ၾကံေဖာ္ျဖစ္လာလို႔ရတယ္လို႔။"

ထိုအေၾကာင္းၾကားလိုက္ေသာအခါ
လုခ်င္းယဲ့သည္မ်က္ရည္ဝဲ‌ေနေသာ
မ်က္လုံးျဖင့္ ဟယ့္ဝမ္းေခ်ာင္ကို
ၾကည့္လိုက္ၿပီး ျပန္ေျဖမည့္အေျဖကို
ေစာင့္ေန၏။

ပိုင္လီခ်င္းေျမာင္ဟာ  သူ႕ဆရာထိုကဲ့သို႔
ေျပာမည္ဟုထင္မထားကဲ့ေပ။
သူႏွင့္ သူ႕ဂိုဏ္းတူအစ္ကို၏အနာဂတ္
ပ်က္စီးသြားႏိုင္၏။သူလက္မခံႏိုင္ေပ။

"အဲ့တာက..."အႀကီးအကဲခ်င့္ယြဲ႕ေျပာသည္။
"သတိထားရမဲ့အခ်က္ေတြ႐ွိတယ္ေလ
ခ်င့္႐ႊယ္ရဲ႕ က်င့္ၾကံေဖာ္ျဖစ္ဖို႔ဆိုရင္
ႏွစ္ေယာက္စလုံးက ဝိဉာဥ္အ‌ေျခတည္ျခင္းအဆင့္‌႐ွိဖို႔လိုတယ္။လုခ်င္းယဲ့က
အဲ့အဆင့္မေရာက္ေသးဘူးေလ။"

"သူအဲ့အဆင့္ေရာက္မွာ မို႔လို႔လား။"
ဟုခ်င့္႐ႊယ္ေမးလိုက္သည္။

လူတိုင္း : ...

ထိုစကားက အေတာ္ထိခိုက္ေစသည္။
လုခ်င္းယြဲ႕နံရံကိုမွီလိုက္ၿပီး
ငို႐ိႈက္သြား၏။"ဟုတ္ပါတယ္။
ကြၽန္မက အခုအသုံးမဝင္ေတာ့ပါဘူး။
ဒီမွာ႐ွိေနရင္ ဝန္ထုပ္ဝန္ပိုးပဲျဖစ္ေနမွာ။
အကုန္လုံးကို အဆုံးသတ္လိုက္မွ
ေကာင္းသြားမွာပါ။"

ထိုသို႔ေျပာၿပီး နံရံႏွင့္ေခါင္းေဆာင့္ရန္
ႀကိဳးပမ္းလိုက္သည္။အခန္းထဲတြင္
လူအမ်ားႀကီး႐ွိျခင္းေၾကာင့္
အကုန္လုံးေျပးတားၾက၏။
ဟယ့္ဝမ္းေခ်ာင္က သူ႕ကိုဖက္လိုက္ၿပီး
ပထမဆုံးတားဆီးလိုက္ႏိုင္၏။
အဆင္မေျပေသာမ်က္ႏွာထားျဖင့္
"ဒါ ဒါေပမဲ့ ငါခ်စ္တာက..."

ပိုင္လီခ်င္းေျမာင္တစ္ေယာက္ကိုပဲ
ခ်စ္သည္ သူတစ္ေယာက္ထဲကိုသာ
ခ်စ္မည္ဟု ဟယ့္ဝမ္းေခ်ာင္
ကတိေပးထားၿပီးသားပင္။သို႔ေပမဲ့
ထိုစကားကိုလုခ်င္းယဲ့ေ႐ွ႕ေျပာမထြက္ေပ။အႀကီးအကဲခ်င့္႐ႊယ္အား
ျပန္လည္စဥ္စားေပးဖို႔ ေတာင္းဆိုရန္
ပိုင္လီခ်င္းေျမာင္အား ဘာမွ
မတတ္ႏိုင္ေသာအၾကည့္တစ္ခ်က္
ေပးလိုက္သည္။

သူ႕အမူအရာၾကည့္ၿပီး ပိုင္လီခ်င္းေျမာင္
စိတ္လြတ္သြားပုံပင္။အႀကီးအကဲခ်င့္႐ႊယ္
ခါးကိုဖက္လိုက္ၿပီး "ဆရာခ်င့္႐ႊယ္
ကြၽန္ ကြၽန္မဂိုဏ္းတူအစ္ကိုကိုခ်စ္တယ္။
သူလက္ထပ္လိုက္ရင္ ကြၽန္မကေကာ။"

"ေမွ်ာ္လင့္ခ်က္မ႐ွိေတာ့တာမွ မဟုတ္တာ။"
ဟုေျပာရင္း ပိုင္လီခ်င္းေျမာင္ေခါင္းကို
အႀကီးအကဲခ်င့္႐ႊယ္ ခပ္ဖြဖြ
ပုတ္ေပးလိုက္သည္။လုခ်င္းယဲ့ကို လက္ညိႇဳးၫႊန္လိုက္ရင္း
"သူ႕ကိုၾကည့္လိုက္ သူဆယ္ႏွစ္ေက်ာ္ခံမွာမဟုတ္ဘူး။သူေသသြားရင္ သူ႕ေနရာကို
မင္း ဝင္ယူလိုက္႐ုံပဲ။"

ပိုင္လီခ်င္းေျမာင္ : …

ခ်င္း႐ႊယ္စကားလုံးေတြဟာၾကမ္းတမ္းေပမဲ့
မွန္ေန၏။သူ၏တဲ့တိုးဆန္ဆန္‌
ေတြးေတာမႈအား ႐ွန္႔ခ်င္းဂိုဏ္း
အႀကီးအကဲမ်ား လက္ခံသြားၾကသည္။

လုခ်င္းယဲ့ဟာ ဟယ့္ဝမ္းေခ်ာင္ကို
ကယ္တင္ခဲ့တာေၾကာင့္ ဟယ့္ဝမ္းေခ်ာင္
တစ္ဘဝလုံး လုခ်င္းယဲ့အေပၚ
အေႂကြးတင္ေနသည္။
အေႂကြးျပန္မဆပ္ပါက ေကာင္းကင္ဘုံဆီမွ
အက်ိဳးဆက္မ်ား လက္ခံရ႐ွိလိမ့္မည္။
အျပစ္ႏွင့္အေႂကြးကိုဆပ္ရန္
လုခ်င္းယဲ့ကိုလက္ထပ္လိုက္ျခင္းက
အေကာင္းဆုံးပင္။ပိုင္လီခ်င္းေျမာင္
အတြက္ကေတာ့...အႀကီးအကဲခ်င့္႐ႊယ္
ေျပာသလိုပင္။က်င့္ၾကံသူေတြဟာ
ႏွစ္ေထာင္ခ်ီ ရာခ်ီေနႏိုင္ၾကသည္။
လက္ထပ္ခ်င္ပါက လုခ်င္းယဲ့
ေသသြားမည့္အခ်ိန္ကိုေစာင့္႐ုံပင္။

အႀကီးအကဲ‌‌ေတြၾကား
ထိုအေၾကာင္းေဆြးေႏြးၿပီးေနာက္
မဂၤလာပြဲကိုသေဘာတူလိုက္ၾကသည္။

ပိုင္လီခ်င္းေျမာင္ဟာ ၾကာပန္းႏွလုံးသားကို လုခ်င္းယဲ့ကိုထုတ္ေပးလိုက္ကာ
ဂိုဏ္းတူအစ္ကိုလက္မထပ္ျဖစ္ေတာ့ေအာင္
လုပ္ခ်င္ေသာ္ျငား "ၾကာပန္းႏွလုံးသားကို
ေပးလိုက္ပါက လုခ်င္းယဲ့
နတ္အျဖစ္ေျပာင္းလဲျခင္းအဆင့္ကို
ေရာက္သြားၿပီး ဟယ့္ဝမ္းေခ်ာင္ႏွင့္
လက္ထပ္ရန္ ပိုထိုက္တန္သြားမည္ျဖစ္ေၾကာင္းအႀကီးအကဲခ်င့္႐ႊယ္ သူ႕ကို
သတိေပးထားေသာေၾကာင့္ပင္။"

တစ္ညလုံး‌ငိုေႂကြးၿပီးေနာက္
မဂၤလာပြဲကိုေ႐ွာင္ရန္ သူ႕ကို
ထြက္သြားခြင့္ေပးဖို႔
သူ႕ဆရာကိုေတာင္းဆိုလိုက္သည္။

သူ႕ကိုတစ္စုံတစ္ေယာက္ပူးကပ္ေနသလို
ခံစားရ၏။ဂိုဏ္းတူညီမလုကို
ကယ္တင္ႏိုင္မည့္ အံ့ဩဖြယ္ေဆး
သူ႕သိုေလွာင္အိတ္ထဲ႐ွိေနေသာ္ျငား
သူထုတ္မေပးခ်င္ေပ။ဆယ္စုႏွစ္တစ္စုစာ
ကမ႓ာအႏွံ႔လွည့္ပတ္သြားလာၿပီး
ျပႆနာေတြကိုေမ့ေဖ်ာက္ခ်င္သည္။
ဆယ္ႏွစ္ေက်ာ္သြားခ်ိန္ လုခ်င္းယဲ့
အသက္႐ွင္ေနေသးပါက သူျပန္သြားၿပီး
ၾကာပန္းႏွလုံးသားကိုေပးလိုက္မည္။
တစ္ခ်ိန္တည္းမွာပင္ သူ႕ဂိုဏ္းတူအစ္ကိုကို
စြန္႔လႊတ္လိုက္ေတာ့မည္။အခုေတာ့
မလုပ္ႏိုင္ေသးေပ။ကံၾကမၼာကိုပဲ
ဆုံးျဖတ္ခိုင္းေတာ့မည္။

သူ႕ဆုံးျဖတ္ခ်က္ကို ခ်င့္႐ႊယ္
လုံးဝသေဘာတူသည္။ဟယ့္ဝမ္းေခ်ာင္ႏွင့္
လုခ်င္းယဲ့လက္ထပ္ပြဲမတိုင္ခင္
ရက္အနည္းငယ္၌ ႐ွန္႔ခ်င္းဂိုဏ္းမွ
အတူတကြထြက္ခြာသြားေတာ့သည္။

ေတာင္ေျခ၌ ပိုင္လီခ်င္းေျမာင္ဟာ
ျမင့္မားလွသည့္ေတာင္ထိပ္ကို
ေမာ့ၾကည့္လိုက္သည္။ေနာက္ငါးရက္ၾကာလွ်င္ သူ႕ဂိုဏ္းတူအစ္ကိုလက္ထပ္ေတာ့မည္။
အနည္းဆုံးေတာ့ သူ႕ဆရာခ်င့္႐ႊယ္
သူ႕ေဘး႐ွိေနေသာေၾကာင့္ ေပ်ာ္မိသည္။
(အႀကီးအကဲခ်င့္႐ႊယ္က အမည္ခံဆရာေနာ္။)

ထိုေနရာ၌ ျပန္လည္ျပင္ဆင္ေနမႈ
ရပ္တန္႔သြားသည္။ထို႔ေၾကာင့္
ဝမ္ရန္အယ္ ေနာက္ေက်ာမွ
မွတ္ခ်က္မ်ားကို လွန္ၾကည့္လိုက္သည္။

[ဒီလက္ထပ္ပြဲကို သေဘာတူတယ္။
မဂၤလာစုံတြဲအသစ္ကို ဂုဏ္ျပဳပါတယ္။]

[ဟားဟားဟားဟားဟား
ခ်င့္႐ႊယ္ရဲ႕အေတြးေတြက
ငါ့ကိုသတ္ေနတာပဲ။သူဘယ္လိုလုပ္ၿပီး
'လုခ်င္းယဲ့က ဆယ္ႏွစ္ပဲေနရေတာ့မွာ'
ဆိုတာကို ႐ုပ္တည္ႀကီးနဲ႔ေျပာႏိုင္ရတာလဲ။
တကယ့္ကိုမိုက္တယ္။]

[သူအခုလုခ်င္းယဲ့ကို လက္ထပ္
လိုက္ၿပီဆိုေတာ့ ဟယ့္ဝမ္းေခ်ာင္
ခရမ္းရင့္ေရာင္နန္းေတာ္သခင္မကို
ဘယ္မ်က္ႏွာနဲ႔လက္ထပ္မလဲ
ေစာင့္ၾကည့္ရမယ္။မူလဝတၳဳထဲမွာတုန္းက
သူကလူလြတ္ျဖစ္ၿပီး ႐ွန္႔ခ်င္းဂိုဏ္းရဲ႕
အနာဂတ္ေခါင္းေဆာင္မလို႔
လက္ထပ္ရတာေလ။အခုက်ေတာ့..
ဘာဆက္ျဖစ္မလဲ သိခ်င္ေနၿပီ။]

[ႏွစ္ေယာက္စလုံးကို လက္ထပ္ၿပီး
တစ္ေယာက္ကို ကိုယ္လုပ္ေတာ္လုပ္ခိုင္းေလ
ဟားဟားဟားဟားဟား]

[ဆက္ျပန္ျပင္ပါ စာေရးဆရာေရ
အားေပးေနပါတယ္။အမိႈက္လိုဝတၳဳကို
ျပန္ျပင္ေရးတဲ့ဟာကို အခုလို
ေစာင့္ေမွ်ာ္ေနမိမယ္လို႔ တစ္ခါမွ
မထင္ထားမိခဲ့ဖူးဘူး။ေကာင္းေကာင္း
ေရးႏိုင္မယ္လို႔ယုံၾကည္ပါတယ္။]

ေက်နပ္သြားၿပီး ဝမ္ရန္အယ္စာအုပ္ကို
ခ်လိုက္သည္။ထို႔ေနာက္ ပ်က္သုဥ္းျခင္း
နတ္ဘုရားစာအုပ္ကိုေကာက္ကိုင္လိုက္သည္။အျဖစ္အပ်က္ေတြဟာ
နာက်င္ရေသာအခ်စ္စာအုပ္ထဲက
အျဖစ္အပ်က္ေတြအတိုင္းပင္။
ကြာသြားတာဟူ၍ ဟယ့္ဝမ္းေခ်ာင္
ေတာင္က ဘယ္အခ်ိန္မွာဘယ္လို
ထြက္ခြာသြားခဲ့သလဲ။သူ႕စိတ္ထဲ
ေနထိုင္ေသာဆရာ
(ေသြးနတ္ဆိုးအႀကီးအကဲ)
အကူအညီျဖင့္ စြမ္းအားျပင္းေသာအေမြ
႐ွာေတြ႕ခဲ့ေၾကာင္း ထိုအေမြျဖင့္
အဆင့္ျမႇင့္ခဲ့ေၾကာင္းပါ႐ွိသည္။
ဂိုဏ္းကိုျပန္ေရာက္ခ်ိန္
အျဖစ္အပ်က္မ်ားကေတာ့ အတူတူပင္။
မွတ္ခ်က္ေတြကေတာ့ ကြဲျပားေနသည္။

[ဘာလို႔ ဒါကိုျပန္ျပင္ေနရတာလဲ။
ေကာင္းၿပီးသားကို ဘာလို႔ျပန္ျပင္တာလဲ။
‌ေၾကာင္သြားတာပဲ။]

[ဆင္ဆာေၾကာင့္ေနမွာေပါ့။
ဇာတ္လိုက္ကို ေမာင္းမေဆာင္႐ွိခြင့္
မျပဳလို႔ေလ။အျခားစာေရးဆရာေတြလည္း
ျပန္ျပင္ေနၾကတယ္။နားလည္ေပးလို႔
ရပါတယ္။ဒါေပမဲ့ ဇာတ္ေၾကာင္းက
ဘယ္လိုျဖစ္သြားတာလဲ။]

[ေခ်ာင္အစ္ကိုမွာ မိန္းမလွေလးေတြ
အမ်ားႀကီး႐ွိရင္ေတာ့ ငါလုခ်င္းယဲ့ကိုသေဘာက်ပါတယ္။ဒါေပမဲ့
သူတစ္ေယာက္တည္းကိုပဲ ရမယ္ဆိုရင္ေတာ့
လုခ်င္းယဲ့ကသာမန္ဆန္လြန္းေနတယ္။
ဂိုဏ္းတူညီမေလးေလာက္လည္း
ပါရမီမပါဘူး။ခရမ္းရင့္ေရာင္
နန္းေတာ္သခင္မေလာက္လည္း
ဉာဏ္မေကာင္းဘူး။႐ုပ္ရည္ကလည္း
သာမန္ပဲ။]

[အကုန္လုံးကို ရမယ္ဆိုရင္လည္း
အဓိကဇနီးေနရာကို လုခ်င္းယဲ့မရသင့္ဘူး။
သူကယွဥ္လို႔ကိုမရဘူး။ဇာတ္လိုက္နဲ႔
သူနဲ႔မတန္ဘူး။ေလလြင့္မေသမ်ိဳးအသစ္
အႀကီးအကဲခ်င့္႐ႊယ္က ဗီလိန္လား။
ငါကသူ႕ကို ေခ်ာင္အစ္ကိုရဲ႕
ဇနီးအသစ္ျဖစ္လာမွာလို႔ထင္ခဲ့တာ။]

[မိန္းကေလးဇာတ္ေကာင္ေတြထဲ
နတ္ဆိုးက်င့္ၾကံသူ႐ွဴယန္႔ယန္႔ကလြဲရင္
အဲ့ခ်င့္႐ႊယ္ရယ္ကိုအမုန္းဆုံးပဲ။
စာေရးဆရာကတကယ္ေတာ္တာပဲ။
မိန္းမလွေလးႏွစ္ေယာက္ကို
ရက္စက္တဲ့သူေတြျဖစ္ေအာင္
ေရးႏိုင္တယ္။]

မွတ္ခ်က္ေတြဟာ ေန႔ႏွင္ညကဲ့သို႔
ကြာျခားလွသည္။ႏွစ္အုပ္ယွဥ္လွ်င္
နာက်င္ရေသာအခ်စ္ဝတၳဳထဲမွ
မွတ္ခ်က္မ်ားကို ဝမ္ရန္အယ္
ပိုသေဘာက်သည္။ထိုထဲမွ မွတ္ခ်က္မ်ားက
ပုံမွန္ပိုဆန္သည္။

"အ႐ွင္ ခ်ိဳးဟုန္႐ႊယ္ျပန္လာပါၿပီ။"
ဟုအျပင္ဘက္မွ ယင္ဟန္က်န္းေျပာလာ၏။

အခုတေလာ ယင္ဟန္က်န္း
သူ႕နားသို႔ သိပ္မကပ္ေပ။
ပုံမွန္ဆိုလွ်င္ သူ႕အခန္းထဲတြင္ေတာင္မွ
ထြက္မသြားခိုင္းမခ်င္း သူ႕ေနာက္မွာ
ရပ္ေနေလ့႐ွိသည္။ဘယ္အခ်ိန္ကစၿပီး
ယင္ဟန္က်န္း သူ႕အခန္းအျပင္ဘက္
ထြက္ေနၿပီး တံခါးမွာပဲေစာင့္ေနသလဲ
ဆိုတာ ဝမ္ရန္အယ္မသိေပ။

"ပိုင္လီခ်င္းေျမာင္ကေကာ။"
ဟုဝမ္ရန္အယ္ေမးလိုက္၏။

"သူ႕ေသြးစက္ကိုထုတ္ယူထားၿပီး
ငရဲမီးလွ်ံအေဆာင္ကိုလည္း
ပို႔ေဆာင္ၿပီးပါၿပီ။"အျပင္ဘက္မွ
ယင္ဟန္က်န္းျပန္ေျဖလာ၏။
"ခန္းမေဆာင္သခင္ခ်ိဳးနဲ႔
ေစာင့္ေ႐ွာက္သူ႐ွဴတို႔ အဓိကခန္းမေဆာင္မွာ တိုက္ခိုက္ေနၾကပါတယ္။တစ္ခုခု
လုပ္လိုက္ရပါမလား။"

ဝမ္ရန္အယ္ တံခါးဖြင့္လိုက္သည္။
တံခါးညာဘက္မွာရပ္ေစာင့္ေနသည့္
ယင္ဟန္က်င္းဟာ ေျခလွမ္းအနည္းငယ္
ဆုတ္လိုက္ၿပီး ႏွစ္ေယာက္ၾကား
အကြာအေဝးတစ္ခု ျခားလိုက္သည္။

ဝမ္ရန္အယ္သူ႕အား ထူးဆန္းေသာ
အၾကည့္တစ္ခ်က္ေပးလိုက္သည္။
သို႔ေပမဲ့ သူေမးခြန္းေမးခါနီးမွာပဲ
အျပင္ဘက္မွေက်ာက္တုံးေတြ
ေၾကကြဲပ်က္စီးေနသံၾကားလိုက္ရ၏။
မ်က္ႏွာအမူအရာခ်က္ခ်င္းေအးစက္သြားၿပီး
"ဒီအ႐ွင္နဲ႔ လိုက္ခဲ့။"ဟုေျပာလိုက္၏။

Continue Reading

You'll Also Like

156K 9.8K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
14K 627 17
∆You don't seem the lying kind∆ TW gang violence ---- STORYLINE WONT COMPLETELY FOLLOW THE STORYLONE OF TOKYO REVENGRRS. ALSO THIS IS VERY INSPIRED...
3.7K 215 20
In a world where humans and werewolves are enemies and mates are no longer a luxury afforded to werewolves, Liam is shocked when he feels that unfami...
1.3M 91.6K 23
#Book-2 in Lost Royalty series (But can be read standalone ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spr...