ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

154K 15.6K 144

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2
🌹ဇူလိုင်လလယ် အထူးပရိုမိုးရှင်း🌹
🌹ဇူလိုင်လလယ်ပရိုမိုးရှင်းမှာ ဘာတွေ ဖတ်ဖို ဝင်သင့်လဲ🌹
🌹🌹🌹ဇူလိုင်လလယ် အထူးပရိုမိုရှင်း နောက်ဆုံးနေ့လေးပါ🌹🌹🌹
💥ခွေးစာတွေ ကြိုက်လား။ ဒါဆို ဖတ်သင့်တာက ဒါလေးတွေနော် 👇👇

Part 58

821 88 0
By Swae_Nyoe

အခန်း (၅၈) မြို့နယ် ၁ အထက်တန်းကျောင်းသို့ တချက်ကြည့်ရန် သွားရောက်လည်ပတ်ခြင်း

ကုနန်ချန်၏ အသံက နားထောင်ရကောင်းသည်။

သူမက နင်မုန့်ကို ကာကွယ်ရန်ဟု ရည်ရွယ်ခဲ့သည့်တိုင်အောင် နင်မုန့်ကမူ နှစ်သိမ့်သည်ဟု မခံစားရဘဲ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟုသာ ခံစားရသည်။

ဖြစ်နိုင်တာက ဒါက ရှောင်ပိုင်ဟွားတွေ စကားပြောတတ်တဲ့ ပုံစံမျိုးဖြစ်လောက်တယ်။

ကုနန်ချန်က အနောက်မှ ခြေတစ်လှမ်းထွက်လာပြီးနောက် ကောင်လေးကို ပြောသည်။

"ဘာကိစ္စမှမရှိပါဘူး၊ မန်နင်က ငါ့ကိုလည်း ဘာမှလုပ်မှာမဟုတ်ဘူး၊ မန်နင်က ငါ့ကို ကောင်းကောင်း ဆက်ဆံပါတယ်၊ နင် မြန်မြန် ပြန်သင့်ပြီ"

နင်မုန့်က ပြောသည်။

"ငါ အခု တကယ်ကို တစ်ခုခုစားချင်နေတာပါ၊ နင် ငါ့ကို တကယ် အကောင်းမြင်တယ်ဆိုရင် ကျေးဇူးပြုပြီး လမ်းဖယ်ပေးနိုင်မလား၊ ငါ တကယ် ဗိုက်ဆာနေပြီ"

သူမက အချိန်အတန်ကြာအောင် ဘီစကစ်သာလျှင် စားရသေးသည်။ မဟုတ်လျှင် ဆာလောင်၍ သေတော့မည်ဟု ထင်သည်။

မျက်လုံးထဲတွင် မျက်ရည်အပြည့်ဖြင့် ကုနန်ချန်က ရုတ်တရက် တခစ်ခစ် ရယ်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောသည်။

"မန်နင် နင် ဘာမှမစားရသေးဘူးလား၊ ဒါဆိုရင် နင် ဗိုက်ဆာနေမှာပဲ၊ ငါ နင့်ကို အဖော်ပြုပေးမယ်လေ"

"သူမနဲ့ မစားနဲ့"

အနားရှိကောင်လေးက သူမကို ပြန်ဆွဲထားသည်။

"သူမက မင်းကို တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ သူမ ဘာတွေးနေလဲ ဘယ်လိုသိနိုင်မှာလဲ၊ မင်းလည်း သူမကို နိုင်မှာမှမဟုတ်ဘဲ"

နင်မုန့်ကမူ ကြောင်တောင်တောင် ဖြစ်သော အမူအရာပင် ဖြစ်သွားသည်။

သူမက ယခုမှ ထိုရှောင်ပိုင်ဟွား၏ ရုပ်သွင်အစစ်ကို မြင်လိုက်ဖူးခြင်းဖြစ်သည်။ သူမ ယခင်က ဝတ္ထုကို ဖတ်ခဲ့ဖူးသော်လည်း များများစားစား မခံစားခဲ့ရချေ။ ယခုမှသာ သူမကိုယ်တိုင် မြင်လိုက်ရသဖြင့် အလွန်ပင် ဒေါသထွက်ချင်စရာ ကောင်းကြောင်း သိလိုက်ရသည်။

သူမက ဒေါသကို ထိန်းထားရသဖြင့် ပေါက်ကွဲသော ငါးတစ်ကောင်အဖြစ်ပင် ပြောင်းလဲသွားတော့မည်ဟု ခံစားရပေသည်။

သူမက ကုနန်ချန်ကို ဒေါသထွက်သည်နှင့် ခေါင်းက နာလာပြန်သည်။ မန်နင်၏ နောင်တများအားလုံး ပျောက်ကွယ်သွားမည့်အချိန်အထိ စောင့်ရမည့်ပုံရသည်။

နင်မုန့်က ရုတ်တရက် ထိုသူ၏ ယခင်စကားကို သတိရလိုက်သည်။

သူမကို တစ်ခုခုလုပ်မယ်ဟုတ်လား။

အစပိုင်းတွင် ဌာနမှ လူတိုင်း၏ စွန့်ပစ်ခံရသော မန်နင်နှင့် ဒီကိစ္စက တစ်ခုခုဆက်စပ်နေလောက်ကြောင်း သိလိုက်သည်။

ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွင် လိင်တူချစ်ကြိုက်ခြင်းက ထူးခြားသောကိစ္စ မဟုတ်ချေ။ လိင်တူချစ်ကြိုက်ခြင်းကို ရွံမုန်းသော သူများ ရှိနေသည့်တိုင်အောင် လူအနည်းစုသာလျှင် ရှိနေခြင်း ဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ ကျောင်းတွင်းအနေအထားမျိုးတွင် ထည့်ပြောရန်ပင် မလိုအပ်ချေ။

စီတက္ကသိုလ်က မြို့တွင် တည်ထောင်ထားခြင်းဖြစ်ပြီး လူနေမှုအသိုင်းအဝိုင်းကလည်း အဆင့်အတန်း မြင့်မားသည်။ ပို၍ ဆိုးသည်မှာ တစ်တိုင်းပြည်လုံးရှိ ပညာရေးအမှတ်အကောင်းဆုံး ကျောင်းသူကျောင်းသားများကသာ ရှိနေခြင်း ဖြစ်လေရာ လူတိုင်းကလည်း ဉာဏ်ရည်မြင့်မားကြသည်။

လိင်တူချစ်ကြိုက်သည်ကို နားမလည်ပေးနိုင်သည့် ကျောင်းသူ ကျောင်းသားများ ရှိနိုင်သည့်တိုင်အောင် လူအနည်းစုသာ ဖြစ်သင့်ပေသည်။

မန်နင်က မည်သူ့ကိုမှ တစ်ခုခုလုပ်ရန် တွန်းအားမပေးခဲ့သော လိင်တူချစ်ကြိုက်သူ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူမက ဌာနတစ်ခုလုံး၏ စွန့်ပစ်ခံခဲ့ရသည်။ သံသယဝင်ရန် မလိုလောက်အောင် အညှီနံ့ရသော ပြဇာတ်တစ်ခုရှိနေလောက်သည်။

နင်မုန့်ကလည်း မန်နင်၏ မှတ်ဉာဏ်များမှတဆင့် မန်နင်က လူကောင်းတစ်ယောက် ဖြစ်ကြောင်း မှတ်မိနေသေးသည်။ သူမက အနည်းငယ် သီးသန့်ဆန်စွာ နေတတ်သော်လည်း အခြားသူများကို ကူညီချင်စိတ်ရှိပြီး အချိန်ပိုင်းအလုပ်တွင်လည်း ကောင်းကောင်းကြိုးစားကာ လုပ်သည့် မိတ်ဆွေအနည်းငယ်သာလျှင် ရှိသည့် ကျောင်းသူကောင်းတစ်ယောက်ဖြစ်သည်။

သို့သော် လိင်တူချစ်ကြိုက်သောကိစ္စက မီးမောင်းထိုးခံရသလို ပေါ်လာသည့်အချိန်တွင် သူမ၏ သူငယ်ချင်းများကပင် သူမကို ရွံရှာသောအကြည့်ဖြင့် ကြည့်ကြပြီး ညတွင်းချင်း ခပ်ဝေးဝေးနေကြသည်။

ဘေးလူတစ်ယောက်အနေဖြင့် နင်မုန့်ကလည်း တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ကြောင်း ခံစားမိလေသည်။

အကြီးဆုံးဖြစ်နိုင်သည့်အရာမှာ ကုနန်ချန်က ကောင်းကောင်းဖျော်ဖြေခဲ့ခြင်း ဖြစ်လောက်သည်။ ဒီနည်းအားဖြင့် ဌာနအတွင်းတွင် ရှိသည့် မန်နင်အပေါ် လွှမ်းမိုးခဲ့ခြင်း ဖြစ်လောက်သည်။

သူမက ချက်ချင်းလိုလို ကုနန်ချန်ကို ကြည့်လိုက်သည်။

ကုနန်ချန်က အားနည်းသည်ဟု ထင်ရသော်လည်း သန်မာသည်။

သူမ၏ ပုံပန်းသွင်ပြင်က ရှောင်ပိုင်ဟွားနှင့် ကိုက်ညီသည်။

မူလက ကုနန်ချန်ကို ထွက်သွားရန် တွန်းအားပေးနေသောကောင်လေးက ခေါင်းမော့လိုက်သောအခါ မန်နင်၏ ကုနန်ချန်၏ ခန္ဓာကိုယ်ပေါ် ရောက်နေသော အကြည့်ကို မြင်လိုက်ရပြီး ကောလဟလများကို ပြန်တွေးမိသွားသည်။

သံသယဝင်စရာမလိုအောင် အားလုံးကအမှန်ပဲ။

သူက ကုနန်ချန်ကို အနောက်ပို့လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးကို ပိတ်ထားလိုက်ကာ ပြောသည်။

"မန်နင် မင်းရဲ့ ရွံစရာမျက်လုံးကို ဖယ်လိုက်စမ်း၊ ဘယ်သူကမှ မင်းလိုလူကို သနားမှာမဟုတ်ဘူး"

နင်မုန့်က သူ့ကို ပြန်ကြည့်လိုက်သည်။

ထိုလူက ကျောမတ်သွားပြီး ဖြောင့်မတ်မှန်ကန်သယောင်ဖြင့် ခပ်မတ်မတ် ရပ်သည်။ သူ ထိုသို့ ရပ်တည်ပြလိုက်ခြင်းက ကုနန်ချန် သူ့အပေါ် အကောင်းမြင်သွားစေရန် မျှော်လင့်သည်။ သို့ရာတွင် သူ့ရှေ့ရှိ ကောင်မလေးက စရယ်မည်ဟု မထင်ထားမိချေ။

နင်မုန့်က သဘောမကျသော မျက်နှာထားမျိုးဖြင့် အနောက်မှလူကို လက်ညှိုးထိုးပြပြီး ပြောသည်။

"နင် ဘာလို့သူ့ကို ဒီလိုမျိုးတွန်းထုတ်လိုက်တာလဲ၊ ကုနန်ချန်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အားပျော့သလဲ၊ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ နင် တာဝန်ယူမှာမလို့လား"

သူမ၏ ရှည်လျားသော စကားက ထိုကောင်လေးကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ သူက ခပ်မြန်မြန် ခေါင်းလှည့်ကြည့်လိုက်သောအခါ သေချာစွာပင် ကုနန်ချန်က မြေပြင်တွင် ထိုင်လျက် ဒူးခေါင်းများကို ပွတ်နေသည်။

ကုနန်ချန်က ခုလေးတင် ခပ်ကြမ်းကြမ်း အတွန်းခံခဲ့ရပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့သည်။ သူမ၏ သေးငယ်သော အော်သံက ထိုကောင်လေး၏ ကျယ်လောင်သော အော်သံကြားမြုပ်သွားလေရာ သဘာဝအလျောက်ပင် သူက သတိမပြုမိခဲ့ပေ။

‌ကောင်လေးက ခပ်မြန်မြန် အလန့်တကြား ‌ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြောသည်။

"နန်ချန် ငါ တမင် ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး၊ နင် အဆင်ပြေရဲ့လား၊ ငါ နင့်ကို ကျောင်းတွင်းဆရာဝန်ဆီပို့ပေးမယ်၊ နာနေသေးလား..."

နင်မုန့်က ခါးထောက်လျက် သေချာပွဲကြည့်နေလိုက်သည်။

ဘယ်လောက်တောင် သဘောကျစရာကောင်းတဲ့ပြပွဲလဲ။ ပထမဦးဆုံး သူက သူမကို ငိုအောင်လုပ်တယ်။ အခု နာကျင်အောင်လုပ်ပြန်ပြီ။

တခဏကြာ ပြပွဲကောင်းတစ်ခုကို စိုက်ကြည့်နေပြီးနောက် သူမက အမူအရာကို ပြန်ပြောင်းလိုက်ကာ သူတို့၏ တစ်ဖက်သို့ တစ်ပတ်ပတ်လျက် သွားလိုက်သည်။

ကောင်းကင်နှင့် မြေပြင်က ကြီးမားလွန်းသည်။ သို့သော် စားသောက်ခြင်းက ပို၍အရေးကြီးသည်။ သူမက ထိုလူများနှင့် ငြင်းခုန်ရန် အားအင်မရှိတော့ချေ။

ထမင်းစားခန်းမတွင်လည်း ညနေခင်းနှစ်နာရီဖြစ်သဖြင့် လူများများစားစား ရှိမနေခဲ့ချေ။ သီးသန့်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော စုံတွဲတစ်တွဲသာလျှင် ရှိသည်။

နင်မုန့်က ခေါက်ဆွဲတစ်ပွဲလိုချင်သည်။ ထို့ကြောင့် ပိုက်ဆံပေးပြီးနောက် အချိန်ပိုင်းအလုပ်လုပ်သော ကောင်မလေးကလည်း သူမ သိသော ကောင်မလေးဖြစ်နေကြောင်း သိလိုက်ရသည်။ တိတိကျကျပြောရလျှင် သူမက မန်နင်၏ ယခင်အတန်းဖော်ဖြစ်သည်။

သူတို့နှစ်ယောက်၏ မိသားစုချင်းကလည်း ထူးထူးခြားခြား ကွာခြားခြင်းမရှိဘဲ ထို့အတွက်ကြောင့် သူတို့က အချိန်ပိုင်းအလုပ်ကို ပုံမှန်အားဖြင့် အတူလုပ်တတ်သည်။

သူမ၏ လိင်တူချစ်ကြိုက်သော ကိစ္စက ပျံ့နှံ့သွားချိန်တွင် သူမက ဒီနေရာတွင် မကြာခဏဆိုလို ဌာနမှလူများနှင့် ပက်ပင်းတိုးလေ့ရှိပြီး သူတို့အကြည့်များကြောင့် ကြောက်လန့်မိသဖြင့် မန်နင်က အချိန်ပိုင်းအလုပ်မှထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူမက အခြားရေတိုအလုပ်များကို လိုက်ရှာခဲ့သည်။

ထိုမိန်းကလေးအတွက်ကမူ မန်နင်က သူမကို နောက်ပိုင်းတွင် ဆက်သွယ်သောအခါ blacklist ထဲသို့ပင် ထည့်ခဲ့ပြီး သူမကို မည်သည့်စကားမှ ဆက်မပြောခဲ့ချေ။

နှစ်ယောက်က မျက်လုံးချင်းဆုံသွားပြီးနောက် မိန်းကလေးက ချက်ချင်းလိုလို ခေါင်းငုံ့သွားသည်။

နင်မုန့်ကလည်း သူမ၏ မျက်ဝန်းထဲမှ ထူးခြားသည့်အကြည့်ကို မြင်လိုက်သည့်တိုင်အောင် ထူးထူးခြားခြား မတွေးတော့ချေ။ မည်သူမဆို သူမ၏ ကိစ္စများကို ကြားလျှင် ထိုသို့ တုန့်ပြန်သည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။

တခြားတစ်ဖက်တွင် သူမ၏ဘေးနားတွင် ရပ်နေသည့် ကောင်မလေးကမူ ရွံရှာသောမျက်နှာထားဖြင့် အကြည့်ဖြင့်ပင် ထွက်သွားစေလိုကြောင်း ပြောလုနီးပါးဖြစ်နေခဲ့သည်။

နင်မုန့်က သူမကို မမှတ်မိချေ။ သို့သော် တစ်ဖက်လူက ဘေးအတန်းမှဖြစ်ကြောင်း သိလိုက်သည်။

ဌာနတွင်း၏ အတန်းတိုင်းတွင် ကိုယ်ပိုင်စာသင်ခန်းရှိသည်။ သူတို့၏ အတန်းအချိန်ဇယားကလည်း အတူတူသာလျှင် ဖြစ်လျက် မကြာခဏ လျှောက်လမ်းတွင် ပက်ပင်း တိုးလေ့ရှိသည်။

နင်မုန့်က မည်သည့်စကားမှ မဆိုချေ။ သူမက ဘေ‌လ်ချေပြီးနောက် ဘေးဘက်ရှိ အနီးဆုံးနေရာတစ်ခုကို ရှာဖွေပြီး ထိုင်ချကာ စားလိုက်သည်။

လမ်းတစ်လျှောက်လုံး သူမ၏ ဖုန်းက မရပ်မနား ဆက်တိုက်တုန်ခါနေသည်။ သူမက အတွေးများကို စုစည်းလိုက်ပြီး ကုနန်ချန်ဖြစ်မည်ဟု ထင်လိုက်မိကာ မကြည့်ခဲ့ချေ။ သူမက မန်နင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကောင်း လှုပ်ရှားခြင်းက အကောင်းဆုံးဖြစ်နေသေးသည်။

သူမက WeChat ထဲကို ဝင်လိုက်ပြီးနောက် ကလစ်လယ်သမားအဖွဲ့ဂရုကို တွေ့လိုက်ရသည်။ ထိုသို့ဖြင့် စာများက ဆက်တိုက် တတောင်တောင် တက်နေပြီး အဖွဲ့ထဲတွင် လူအလွန်များဟန်လည်း ရသည်။ သို့သော် မန်နင်က အဖွဲ့ထဲမှ ခပ်မြန်မြန် ထွက်လိုက်သည်။

ထိုကဲ့သို့သော အဖွဲ့မျိုးက အခြားသူများကို အလုပ်လုပ်ရန် အယုံသွင်းနေခြင်းဖြစ်ပြီး လူအများစုကို အလျင်မြန်ဆုံးနည်းဖြင့် ပိုက်ဆံရစေသည်ဟုဆိုကာ အခြားသူများကို လှည့်စားခိုင်းခြင်းဖြင့် လူများများရအောင် ကြိုးစားခိုင်းနေခြင်း ဖြစ်သည်။ ကြားရုံဖြင့်ပင် နားထောင်ကောင်းသည်ဟုသာ ထင်ရလောက်သည်။

နောက်တစ်ခုကမူ အလားတူ ဘက်စုံမားကတ်တင်း ဂရုဖြစ်သည်။ လူတစ်ယောက်ကို ဆွဲသွင်းပြီး ထိုလူက ဂရုထဲသို့ ဝင်ရန် ဝင်ကြေးယွမ်တစ်ရာပေးရမည်ဖြစ်ပြီး နောက်ထပ်တစ်ယောက်ကို ထည့်သွင်းပေးရဦးမည်ဖြစ်သည်။ ထိုသို့ဖြင့် ကိစ္စများက တစ်ပတ်လည်နေသည်။

ထိုဂရုမှ မည်သူက အကျိုးအမြတ်ရမည်နည်းဟုဆိုလျှင် ထိပ်ဆုံးမှလူသာလျှင် ဖြစ်ပေလိမ့်မည်။

သူမက မန်နင်ကိုလည်း ယွမ်တစ်ရာပြန်ရရန် မမျှော်လင့်ချေ။ ထို့ကြောင့် ဒီအတိုင်းပင် ရိုးရိုးရှင်းရှင်းပင် ထွက်လိုက်သည်။ ဤနည်းအားဖြင့် သူမ ဒုက္ခမများနိုင်တော့ချေ။ ထို့နောက် သူမက စတင်ပြီး အခြားအချိန်ပိုင်းအလုပ်ကို ရှာဖွေလိုက်သည်။

အောက်ထိဆွဲချပြီးနောက် အခြားမယုံကြည်ရသော ဂရုများကို တွေ့ရပြန်သည်။ နင်မုန့်က အားလုံးမှ ထွက်လိုက်သည်။

သူမက ထိုသို့လုပ်ပြီးနောက် ကလစ်လယ်သမားဂရုမှ လူတစ်ယောက်က သူမကို ဆက်သွယ်လာကြောင်း တွေ့လိုက်ရသည်။

"မင်း ဘာလို့အဖွဲ့ထဲက ထွက်သွားတာလဲ၊ မင်းပိုက်ဆံမရှာချင်ဘူးလား၊ ဒီနေ့သွားရမယ့်စာရင်းတွေ အများကြီးရှိနေတယ်၊ ငါ မင်းကို ဖိုင်ပို့လိုက်တယ်"

ထိုစာနှင့်အတူ ပစ္စည်းဝယ်ချင်ဟန်တူသော အွန်လိုင်းရှော့ဆိုင်ရှင်များနှင့် ပတ်သက်သော ဖိုင်များအပြင် လိုအပ်သော ဖုန်းနံပါတ်နှင့် screenshot တို့ကိုလည်း ပို့လာပေးသည်။

ထိုလူက ပို့ပြီးနောက် ထပ်ပို့သည်။

"မင်း ဘာလို့ စာမပြန်တာလဲ၊ မင်း ခဏနေမှ စာမပြန်ရင် ငါ ဒီစာရင်းကို အခြားသူကို ပေးလိုက်တော့မယ်၊ အဲ့ဒီလိုဆိုမှ မင်းလူတစ်ယောက်ကိုတောင် ဆွဲသွင်းရသေးရသေးရဲ့လား၊ ရက်ပေါင်းများစွာ ကြာနေပြီ၊ မင်းတစ်ယောက်ကိုမှ ဆွဲမသွင်းရသေးဘူး၊ ဒီလိုလုပ်နိုင်စွမ်းရည်က လက်သင့်မခံနိုင်စရာပဲ အဖွဲ့ထဲက လူတွေကို ကြည့်စမ်းပါဦး၊ နေ့တိုင်းလိုလို လူတွေဝင်နေတာ ရာကျော်တယ်၊ အားလုံးဘဝကောင်းကောင်း ပိုင်ဆိုင်နေကြပြီ"

နင်မုန့်က နှာခေါင်းရှုံ့ပြီး သူ၏ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်ကာ စာအုပ်ထဲမှ ရှင်းလင်းလိုက်သည်။

ကံကောင်းစွာဖြင့် နင်မုန့်က လုံခြုံရေးအမြင်အာရုံ ရှိနေသေး‌လေရာ သူမ အခြားသူများကို ပေးထားသော နောက်ခံက အမှားဖြစ်နေသည်။ သူမကို ပတ်ဝန်းကျင်မှ ကြည့်နေသော သူများအတွက်မူ သူမက ရိုးရိုးရှင်းရှင်းပင် လျစ်လျူထားလိုက်သည်။

မည်သို့ပင်ဆိုစေ သူမ၏ မှတ်ဉာဏ်များအရ နင်မုန့်က အမှားလုပ်ထားသည်ဟုလည်း မထင်ချေ။ လူအများကခေါ်သော ဖြောင့်မတ်ပြီး နိုင်ငံကောင်းတစ်ခုဖြစ်လေရာ သူမက ဘာကိုမှကြောက်စရာမရှိချေ။ ညလယ်ခေါင်တွင် သရဲများက အိမ်တံခါးလာခေါက်မည်ဆိုလျှင်ပင် သူမက ကြောက်စရာမရှိချေ။

အဲ့ဒီလိုဆိုမှ ဒီကျောင်းထဲမှာ သရဲတွေ အများကြီးရှိလောက်တာပဲ။

နင်မုန့်က ထိုသို့ တွေးလိုက်မိသည်။ လက်ရှိအချိန်တွင် သူမအတွက် အရေးကြီးဆုံးအချက်က စားသောက်ရန် ဖြစ်သည်။ သူမ အရှေ့ရှိ ပူပူနွေးနွေးခေါက်ဆွဲပြုတ်က သူမ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားသည်။

သူမက ခေါက်ဆွဲကုန်ခါနီးအချိန်တွင် ကုနန်ချန်က ရုတ်တရက် ပေါ်လာပြန်သည်။

သူမက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီးနောက် သူမ အသားကုန် စားသောက်နေခြင်းကို ကြည့်ကာ စိတ်ဓာတ်ကျသောဟန်ဖြင့် ပြောလာသည်။

"မန်နင် နင် တကယ်ကို ဗိုက်ဆာနေတာပဲ၊ ဒီတစ်ကြိမ်မှာ ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ငါ တကယ်စိတ်မကောင်းပါဘူး"

နင်မုန့်က သူမကို အာရုံမစိုက်တော့ဘဲ ဆက်စားနေလိုက်သည်။

သူမက ထိုသို့ ဖြစ်နေကြောင်း မြင်သောအခါ ကုနန်ချန်က နှုတ်ခမ်းကို ကိုက်ပြီး သူမ၏ မျက်လုံးကြီးများက ဝမ်းနည်းသွားဟန် ဖြစ်သွားခဲ့သည်။

"မန်နင် ငါ နင့်အတွက် အချိန်ပိုင်းအလုပ်တစ်ခု ရှာတွေ့ထားတယ်၊ ဒါပေမယ့် ညနောက်ပိုင်း ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှ စမှာ၊ နင် လုပ်ချင်ရဲ့လား"

အဲ့ဒီအချိန်မှစမယ်ဟုတ်လား။

နင်မုန့်က သူမကို သံသယအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ အတွေးများက မှန်ကန်ကြောင်း သိလိုက်ရသည်။

အင်္ဂလိပ်ဌာနရှိ ပထမနှစ်ကျောင်းသူ ကျောင်းသားများက ညနက်ပိုင်း ပြန်လှန်လေ့ကျင့်ခန်းလုပ်သည့်အချိန်ကို တက်ရောက်ရမည်ဟူသော လိုအပ်ချက် ရှိသည်။ အတန်းခေါင်းဆောင်က ကြုံရာနာမည်ခေါ်မည့်အပြင် ဆရာများကလည်း မကြာခဏလာကာ စစ်ဆေးလေ့ရှိသည်။ ထို့ကြောင့် အလွန်တင်းကြပ်သည်။

သူမက ထိုအချိန်ကို မကြာခဏပျက်ပြီး ထိုအတွက်ကြောင့် မကြာခဏမိသွားလျှင် သူမက ပြန်လည်သုံးသပ်စာရေးရန် အပြစ်ပေးခံရပေလိမ့်မည်။ ဆရာများမိသော အကြိမ်ရေကသာ များသွားမည်ဆိုလျှင် သူမက သတိပေးခံရပေလိမ့်မည်။ ဒါက သူမ၏ နောက်ပိုင်းကိစ္စများအတွက် ကြီးမားသော သက်ရောက်မှုရှိသွားနိုင်သည်။

မန်နင်၏ အဆင့်များက အတန်းထဲတွင် အလွန်ကောင်းသည်။ သူမက ပထမမရလျှင်ပင် ဒုတိယရပေလိမ့်မည်။ ထိုအတွက်ကြောင့် သူမက မကြာခဏ ထူးချွန်သော အပြုအမူကို ထိန်းသိမ်းထားကာ စကောလားရှစ်ရအောင် ကြိုးစားလေ့ရှိသည်။ ထို့အတွက်ကြောင့် သူမက ယခင်စာသင်နှစ်အထိ ရရှိနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ပို၍ ဆိုးသည်မှာ ကျောင်းက ကျောင်းသူများ၏ လိင်စိတ်တိမ်းညွတ်မှုပိုင်းသို့ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိပေ။ မန်နင်နှင့် အပြုအမူနှင့် အမှတ်များကသာ အဓိကအချက်ဖြစ်သည်။ သူမ၏ အတန်းဖော်များက သူမကို သီးသန့်ခွဲထားလျှင်ပင် အသုံးမဝင်ချေ။

ဒီကောင်မလေးက တကယ်ပဲ မန်နင်အတွက် လုပ်ပေးနေတာလား။

သူမက မသေချာတော့ချေ။

ကျောင်းပတ်ပတ်လည်တွင် အချိန်ပိုင်းအလုပ်ပေါင်းများစွာ ရှိသည်။ သို့ရာတွင် ထိုအချိန်နှင့် ကွက်တိကျသော အလုပ်ကို ရှာပေးလာသည်။

နင်မုန့်က ဟင်းရည်များကို အလုတ်ကြီးကြီး မော့သောက်လိုက်သည်။

တစ်ဖက်သူက သူမ၏ စကားကို မတုန့်ပြန်လာကြောင်း မြင်သောအခါ ကုနန်ချန်၏ အမူအရာက မသက်မသာ ဖြစ်သွားသည်။ သူမ၏ မျက်လုံးက ချက်ချင်း နီရဲသွားပြန်ပြီး တစ်စုံတစ်ရာ ပြောချင်ခဲ့သော်လည်း ပြောမလာခဲ့ပြန်ချေ။

ဘေးအတန်းမှ ကောင်မလေးက ကြည့်နေရင်း ရုတ်တရက် ပြောလိုက်သည်။

"ကုနန်ချန် ဘာလို့ သူ့ကို ထပ်ပြီး အာရုံစိုက်နေပြန်တာလဲ၊ ‌မြေခွေးလို နှလုံးသားနဲ့ ခွေးအဆုတ်ကို ပိုင်ဆိုင်ထားတဲ့လူ၊ သူမက နင့်ကို မလှုပ်ရှားခင် နင်ကောင်းကောင်း ကြည့်နေတာ ကောင်းတယ်"

နင်မုန့်၏ ဇွန်းကို ကိုင်သောလက်က ရပ်သွားသည်။

တူညီသောစကားကို ပြန်ကြားရခြင်းဖြစ်သည်။ သို့သော် အခြားတစ်ယောက်၏ စကားမှထွက်လာသည်။

ကုနန်ချန်က ခေါင်းကို ခပ်မြန်မြန်ခါပြီးနောက် လက်ကို ယမ်းပြသည်။ သူမက ခေါင်းငုံံသွားသော မန်နင့်ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"မန်နင် မန်နင်က အဲ့လိုမလုပ်ပါဘူး၊ နင်မှားနေတာဖြစ်မယ်"

ကောင်မလေးက ချက်ချင်း ပြန်ငြင်းသည်။

"ဘာကို မှားရမှာလဲ၊ အစပိုင်းမှာ သူကပဲ ..."

မန်နင်၏ နားက စွင့်သွားသည်။ သူမ နောက်ဆုံးတွင် အမှန်တရားကို ကြားရတော့မည် ထင်ထားသည်။ သို့သော် ထိုမိန်းကလေး၏ စကားက မဆုံးလိုက်ဘဲ ခေါက်ဆွဲပို့ရန် အခြားတစ်ယောက်က လှမ်းခေါ်လိုက်ခြင်းဖြင့် အဆုံးသတ်သွားပြန်သည်။

သူမ ထွက်သွားပြီးကတည်းက နင်မုန့်က ကျန်သောစကားများကို မကြားနိုင်တော့ချေ။

ကုနန်ချန်က တစ်ရှူးထုတ်ကို ကမ်းပေးလိုက်ပြီး ဂရုတစိုက်ပင် တစ်ခု ဆွဲထုတ်ပေးလေသည်။

"မန်နင် သူမရဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့၊ ဒီအတိုင်း တစ်ခုခုကို နားလည်မှုလွဲနေတာ ဖြစ်မှာပါ၊ နင်က အဲ့ဒီလိုလူမျိုးမဟုတ်မှန်း ငါသိတယ်"

နင်မုန့်က ခေါက်ဆွဲပန်းကန်ကို ချသည်။

"ငါက အဲ့ဒီလိုလူပဲ"

ကုနန်ချန်က ကြောင်သွားသည်။

နင်မုန့်က ပြုံးလိုက်သည်။

"နေ့တိုင်း လိုလို ငါ နင်နဲ့ ဘယ်လိုတွေ့ရမလဲ၊ နင့်ကို ဘယ်လိုနမ်းရမလဲ၊ နင့်ကို ဘယ်လို ... "

သူမ၏ စကားကို သက်သေပြရန် အလို့ငှာက သူမက ကုနန်ချန်ဆီမှ တစ်ရှူးကို ယူသောအခါ လက်ကို သိသိသာသာပင် ပွတ်လိုက်ပြီး ပြောလိုက်လေသည်။

"အင်း အသားအရည်က မဆိုးဘူး"

ကုနန်ချန်က ချက်ချင်းလိုလို ကိုယ့်လက်ကိုယ် ပြန်ရုတ်ပြီးနောက် မျက်နှာက ဖြူဖျော့သွားသည်။ သူမက ပြောသည်။

"မပြောပါနဲ့တော့"

သူမ၏ အသံက ကျယ်သွားပြီး လူတိုင်းက ကြည့်လာကြသည်။

သူမ၏ မျက်လုံးက ငွေ့ရည်ဖွဲ့လာပြီးနောက် နှုတ်ခမ်းကို ကိုက်ကာ ပြောသည်။

"မန်နင် နင်က အဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး၊ တစ်ယောက်ယောက်က နင့်ကို ရန်စခဲ့လို့လား"

နင်မုန့်ကို နှုတ်ခမ်းကို သုတ်ပြီးနောက် ပခုံးကို တွန့်ပြသည်။ သူတို့က နောက်ဆုံးတွင် ကုနန်ချန်၏ အပြုအမူများကို နားလည်လိုက်သည်။ သူတို့က ရှင်းရှင်းလင်းလင်းပင် သူမတို့က မိတ်ဆွေ သူငယ်ချင်းအရင်းတွေ ဖြစ်သေးကြောင်းကို ပြောပြီး အဆင်ပြေကြောင်း ထပ်ခါတလဲလဲ ပြောနေခဲ့သော်လည်း စိတ်ထဲတွင်မူ သူမကို ထိလိုက်မိသည့်အတွက် သေချာပေါက် မုန်းနေလောက်သည်။ မဟုတ်လျှင် ယခုလို တုန့်ပြန်လိမ့်မည်မဟုတ်ချေ။

အနည်းဆုံး သူမက စမ်းသပ်စစ်ဆေးနိုင်ခဲ့သည်။ သူမ ကုနန်ချန်ကို ပြောသောစကားများက ချီးကျူးသော စကားများ ဖြစ်နေသမျှ ကာလပတ်လုံံး ... မန်နင်၏ နောင်တများက သူမအပေါ် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ချေ။ ထိုကိစ္စများကို ကြည့်ရုံဖြင့် သက်သေပြနိုင်စွမ်း ရှိနေခဲ့သည်။

အခုကစပြီး သူမက ကုနန်ချန်ကို ချီးကျူးပြီး ဖျားယောင်းဟန် လုပ်ပြရမည်ဖြစ်သည်။ ဒီနည်းအားဖြင့် သူမက ကုနန်ချန်ကို လိုက်နေသလိုမျိုး သက်သေပြနိုင်မည်ဖြစ်ပြီး တစ်ဖက်လူကလည်း သူမကို မချဉ်းကပ်ရဲတော့ဘဲ ခပ်ဝေးဝေး နေပေးလိမ့်မည်။

အကြံကောင်းပဲ။

ပတ်ဝန်းကျင်ရှိလူများက ကြည့်လာသောအခါ မန်နင်က ကုနန်ချန်ကို စိုက်ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။ ကုနန်ချန်က နောက်ဆုံးတွင် လက်သင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် မျက်လုံးက မျက်ရည်ဖွဲ့လာသည်။

"မန်နင် ငါ အရင် ပြန်တော့မယ်၊ နင် အချိန်ပိုင်းအလုပ်လုပ်ချင်ရင် နင် င့ါကို ဆက်သွယ်လိုက်ပါ"

သူမက ထိုသို့ပြောပြီးနောက် ချက်ချင်းလိုလို နောက်လှည့်ကာ ထမင်းစားခန်းမထဲမှ ထွက်သွားသည်။

အခုလေးတင် စကားပြောသွားသော ကောင်မလေးက နှာခေါင်းရှုံ့သည်။

"အချို့လူတွေများ စိတ်ထားယုတ်ညံ့လိုက်တာ၊ သူတို့ဘယ်လောက် ရွံစရာကောင်းနေလဲတောင် မသိဘူး"

သူမ၏ စကားများက နင်မုန့်၏ သိချင်စိတ်ကို နှိုးဆွပြန်သည်။ နင်မုန့်နှင့် ကုနန်ချန်တို့၏ စကားပြောဆိုမှုများက သာမန်သာလျှင် ဖြစ်သည်။ ပြောရလျှင် အရင်းနှီးဆုံး သူငယ်ချင်းများကြားမှ ရင်းနှီးသော ပုံစံမျိုးကိုပင် နှိုင်းယှဉ်၍ မရသေးချေ။ သို့သော် သူမ၏ အပြုအမူက နားလည်မှုလွဲမှား နေစေပြန်သည်။

ထိုသို့ နားလည်မှုလွဲမှားစေသော အရာအားလုံး၏ တရားခံက ကုနန်ချန်ဖြစ်တာ သေချာသည်။

နင်မုန့်က မျက်မှောင်ကြုတ်သည်။ တခဏခန့် တွေးပြီးနောက် ထမင်းစားခန်းမထဲမှ ထွက်ခွာလိုက်သည်။ သူမက ပြည်နယ် နံပါတ်တစ်သို့ သွားပြီး တစ်ချက်ကြည့်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် ဆက်နေခြင်းက အသုံးမဝင်နိုင်ချေ။

.....

Telegarm မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Zawgyi

အခန္း (၅၈) ၿမိဳ႕နယ္ ၁ အထက္တန္းေက်ာင္းသို႔ တခ်က္ၾကည့္ရန္ သြားေရာက္လည္ပတ္ျခင္း

ကုနန္ခ်န္၏ အသံက နားေထာင္ရေကာင္းသည္။

သူမက နင္မုန႔္ကို ကာကြယ္ရန္ဟု ရည္႐ြယ္ခဲ့သည့္တိုင္ေအာင္ နင္မုန႔္ကမူ ႏွစ္သိမ့္သည္ဟု မခံစားရဘဲ တစ္စုံတစ္ရာ မွားယြင္းေနသည္ဟုသာ ခံစားရသည္။

ျဖစ္ႏိုင္တာက ဒါက ေရွာင္ပိုင္ဟြားေတြ စကားေျပာတတ္တဲ့ ပုံစံမ်ိဳးျဖစ္ေလာက္တယ္။

ကုနန္ခ်န္က အေနာက္မွ ေျခတစ္လွမ္းထြက္လာၿပီးေနာက္ ေကာင္ေလးကို ေျပာသည္။

"ဘာကိစၥမွမရွိပါဘူး၊ မန္နင္က ငါ့ကိုလည္း ဘာမွလုပ္မွာမဟုတ္ဘူး၊ မန္နင္က ငါ့ကို ေကာင္းေကာင္း ဆက္ဆံပါတယ္၊ နင္ ျမန္ျမန္ ျပန္သင့္ၿပီ"

နင္မုန႔္က ေျပာသည္။

"ငါ အခု တကယ္ကို တစ္ခုခုစားခ်င္ေနတာပါ၊ နင္ ငါ့ကို တကယ္ အေကာင္းျမင္တယ္ဆိုရင္ ေက်းဇူးျပဳၿပီး လမ္းဖယ္ေပးႏိုင္မလား၊ ငါ တကယ္ ဗိုက္ဆာေနၿပီ"

သူမက အခ်ိန္အတန္ၾကာေအာင္ ဘီစကစ္သာလွ်င္ စားရေသးသည္။ မဟုတ္လွ်င္ ဆာေလာင္၍ ေသေတာ့မည္ဟု ထင္သည္။

မ်က္လုံးထဲတြင္ မ်က္ရည္အျပည့္ျဖင့္ ကုနန္ခ်န္က ႐ုတ္တရက္ တခစ္ခစ္ ရယ္ၿပီးေနာက္ ေလသံတိုးတိုးျဖင့္ ေျပာသည္။

"မန္နင္ နင္ ဘာမွမစားရေသးဘူးလား၊ ဒါဆိုရင္ နင္ ဗိုက္ဆာေနမွာပဲ၊ ငါ နင့္ကို အေဖာ္ျပဳေပးမယ္ေလ"

"သူမနဲ႔ မစားနဲ႔"

အနားရွိေကာင္ေလးက သူမကို ျပန္ဆြဲထားသည္။

"သူမက မင္းကို တစ္ခုခု လုပ္လိုက္ရင္ ဘယ္လိုလုပ္မလဲ၊ သူမ ဘာေတြးေနလဲ ဘယ္လိုသိႏိုင္မွာလဲ၊ မင္းလည္း သူမကို ႏိုင္မွာမွမဟုတ္ဘဲ"

နင္မုန႔္ကမူ ေၾကာင္ေတာင္ေတာင္ ျဖစ္ေသာ အမူအရာပင္ ျဖစ္သြားသည္။

သူမက ယခုမွ ထိုေရွာင္ပိုင္ဟြား၏ ႐ုပ္သြင္အစစ္ကို ျမင္လိုက္ဖူးျခင္းျဖစ္သည္။ သူမ ယခင္က ဝတၳဳကို ဖတ္ခဲ့ဖူးေသာ္လည္း မ်ားမ်ားစားစား မခံစားခဲ့ရေခ်။ ယခုမွသာ သူမကိုယ္တိုင္ ျမင္လိုက္ရသျဖင့္ အလြန္ပင္ ေဒါသထြက္ခ်င္စရာ ေကာင္းေၾကာင္း သိလိုက္ရသည္။

သူမက ေဒါသကို ထိန္းထားရသျဖင့္ ေပါက္ကြဲေသာ ငါးတစ္ေကာင္အျဖစ္ပင္ ေျပာင္းလဲသြားေတာ့မည္ဟု ခံစားရေပသည္။

သူမက ကုနန္ခ်န္ကို ေဒါသထြက္သည္ႏွင့္ ေခါင္းက နာလာျပန္သည္။ မန္နင္၏ ေနာင္တမ်ားအားလုံး ေပ်ာက္ကြယ္သြားမည့္အခ်ိန္အထိ ေစာင့္ရမည့္ပုံရသည္။

နင္မုန႔္က ႐ုတ္တရက္ ထိုသူ၏ ယခင္စကားကို သတိရလိုက္သည္။

သူမကို တစ္ခုခုလုပ္မယ္ဟုတ္လား။

အစပိုင္းတြင္ ဌာနမွ လူတိုင္း၏ စြန႔္ပစ္ခံရေသာ မန္နင္ႏွင့္ ဒီကိစၥက တစ္ခုခုဆက္စပ္ေနေလာက္ေၾကာင္း သိလိုက္သည္။

ဒီေန႔ေခတ္ လူမႈအသိုင္းအဝိုင္းတြင္ လိင္တူခ်စ္ႀကိဳက္ျခင္းက ထူးျခားေသာကိစၥ မဟုတ္ေခ်။ လိင္တူခ်စ္ႀကိဳက္ျခင္းကို ႐ြံမုန္းေသာ သူမ်ား ရွိေနသည့္တိုင္ေအာင္ လူအနည္းစုသာလွ်င္ ရွိေနျခင္း ျဖစ္သည္။ ထို႔ျပင္ ယခုကဲ့သို႔ ေက်ာင္းတြင္းအေနအထားမ်ိဳးတြင္ ထည့္ေျပာရန္ပင္ မလိုအပ္ေခ်။

စီတကၠသိုလ္က ၿမိဳ႕တြင္ တည္ေထာင္ထားျခင္းျဖစ္ၿပီး လူေနမႈအသိုင္းအဝိုင္းကလည္း အဆင့္အတန္း ျမင့္မားသည္။ ပို၍ ဆိုးသည္မွာ တစ္တိုင္းျပည္လုံးရွိ ပညာေရးအမွတ္အေကာင္းဆုံး ေက်ာင္းသူေက်ာင္းသားမ်ားကသာ ရွိေနျခင္း ျဖစ္ေလရာ လူတိုင္းကလည္း ဉာဏ္ရည္ျမင့္မားၾကသည္။

လိင္တူခ်စ္ႀကိဳက္သည္ကို နားမလည္ေပးႏိုင္သည့္ ေက်ာင္းသူ ေက်ာင္းသားမ်ား ရွိႏိုင္သည့္တိုင္ေအာင္ လူအနည္းစုသာ ျဖစ္သင့္ေပသည္။

မန္နင္က မည္သူ႔ကိုမွ တစ္ခုခုလုပ္ရန္ တြန္းအားမေပးခဲ့ေသာ လိင္တူခ်စ္ႀကိဳက္သူ တစ္ေယာက္လည္း ျဖစ္သည္။ သို႔ေသာ္ သူမက ဌာနတစ္ခုလုံး၏ စြန႔္ပစ္ခံခဲ့ရသည္။ သံသယဝင္ရန္ မလိုေလာက္ေအာင္ အညႇီနံ႔ရေသာ ျပဇာတ္တစ္ခုရွိေနေလာက္သည္။

နင္မုန႔္ကလည္း မန္နင္၏ မွတ္ဉာဏ္မ်ားမွတဆင့္ မန္နင္က လူေကာင္းတစ္ေယာက္ ျဖစ္ေၾကာင္း မွတ္မိေနေသးသည္။ သူမက အနည္းငယ္ သီးသန႔္ဆန္စြာ ေနတတ္ေသာ္လည္း အျခားသူမ်ားကို ကူညီခ်င္စိတ္ရွိၿပီး အခ်ိန္ပိုင္းအလုပ္တြင္လည္း ေကာင္းေကာင္းႀကိဳးစားကာ လုပ္သည့္ မိတ္ေဆြအနည္းငယ္သာလွ်င္ ရွိသည့္ ေက်ာင္းသူေကာင္းတစ္ေယာက္ျဖစ္သည္။

သို႔ေသာ္ လိင္တူခ်စ္ႀကိဳက္ေသာကိစၥက မီးေမာင္းထိုးခံရသလို ေပၚလာသည့္အခ်ိန္တြင္ သူမ၏ သူငယ္ခ်င္းမ်ားကပင္ သူမကို ႐ြံရွာေသာအၾကည့္ျဖင့္ ၾကည့္ၾကၿပီး ညတြင္းခ်င္း ခပ္ေဝးေဝးေနၾကသည္။

ေဘးလူတစ္ေယာက္အေနျဖင့္ နင္မုန႔္ကလည္း တစ္စုံတစ္ရာ ျဖစ္ပ်က္ခဲ့ေၾကာင္း ခံစားမိေလသည္။

အႀကီးဆုံးျဖစ္ႏိုင္သည့္အရာမွာ ကုနန္ခ်န္က ေကာင္းေကာင္းေဖ်ာ္ေျဖခဲ့ျခင္း ျဖစ္ေလာက္သည္။ ဒီနည္းအားျဖင့္ ဌာနအတြင္းတြင္ ရွိသည့္ မန္နင္အေပၚ လႊမ္းမိုးခဲ့ျခင္း ျဖစ္ေလာက္သည္။

သူမက ခ်က္ခ်င္းလိုလို ကုနန္ခ်န္ကို ၾကည့္လိုက္သည္။

ကုနန္ခ်န္က အားနည္းသည္ဟု ထင္ရေသာ္လည္း သန္မာသည္။

သူမ၏ ပုံပန္းသြင္ျပင္က ေရွာင္ပိုင္ဟြားႏွင့္ ကိုက္ညီသည္။

မူလက ကုနန္ခ်န္ကို ထြက္သြားရန္ တြန္းအားေပးေနေသာေကာင္ေလးက ေခါင္းေမာ့လိုက္ေသာအခါ မန္နင္၏ ကုနန္ခ်န္၏ ခႏၶာကိုယ္ေပၚ ေရာက္ေနေသာ အၾကည့္ကို ျမင္လိုက္ရၿပီး ေကာလဟလမ်ားကို ျပန္ေတြးမိသြားသည္။

သံသယဝင္စရာမလိုေအာင္ အားလုံးကအမွန္ပဲ။

သူက ကုနန္ခ်န္ကို အေနာက္ပို႔လိုက္ၿပီး သူမ၏ တစ္ကိုယ္လုံးကို ပိတ္ထားလိုက္ကာ ေျပာသည္။

"မန္နင္ မင္းရဲ႕ ႐ြံစရာမ်က္လုံးကို ဖယ္လိုက္စမ္း၊ ဘယ္သူကမွ မင္းလိုလူကို သနားမွာမဟုတ္ဘူး"

နင္မုန႔္က သူ႔ကို ျပန္ၾကည့္လိုက္သည္။

ထိုလူက ေက်ာမတ္သြားၿပီး ေျဖာင့္မတ္မွန္ကန္သေယာင္ျဖင့္ ခပ္မတ္မတ္ ရပ္သည္။ သူ ထိုသို႔ ရပ္တည္ျပလိုက္ျခင္းက ကုနန္ခ်န္ သူ႔အေပၚ အေကာင္းျမင္သြားေစရန္ ေမွ်ာ္လင့္သည္။ သို႔ရာတြင္ သူ႔ေရွ႕ရွိ ေကာင္မေလးက စရယ္မည္ဟု မထင္ထားမိေခ်။

နင္မုန႔္က သေဘာမက်ေသာ မ်က္ႏွာထားမ်ိဳးျဖင့္ အေနာက္မွလူကို လက္ညႇိဳးထိုးျပၿပီး ေျပာသည္။

"နင္ ဘာလို႔သူ႔ကို ဒီလိုမ်ိဳးတြန္းထုတ္လိုက္တာလဲ၊ ကုနန္ခ်န္ရဲ႕ ခႏၶာကိုယ္က ဘယ္ေလာက္အားေပ်ာ့သလဲ၊ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ၊ နင္ တာဝန္ယူမွာမလို႔လား"

သူမ၏ ရွည္လ်ားေသာ စကားက ထိုေကာင္ေလးကို ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေစသည္။ သူက ခပ္ျမန္ျမန္ ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ ေသခ်ာစြာပင္ ကုနန္ခ်န္က ေျမျပင္တြင္ ထိုင္လ်က္ ဒူးေခါင္းမ်ားကို ပြတ္ေနသည္။

ကုနန္ခ်န္က ခုေလးတင္ ခပ္ၾကမ္းၾကမ္း အတြန္းခံခဲ့ရၿပီး ေျမျပင္ေပၚသို႔ တိုက္႐ိုက္ လဲက်သြားခဲ့သည္။ သူမ၏ ေသးငယ္ေသာ ေအာ္သံက ထိုေကာင္ေလး၏ က်ယ္ေလာင္ေသာ ေအာ္သံၾကားျမဳပ္သြားေလရာ သဘာဝအေလ်ာက္ပင္ သူက သတိမျပဳမိခဲ့ေပ။

‌ေကာင္ေလးက ခပ္ျမန္ျမန္ အလန႔္တၾကား ‌ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး ေျပာသည္။

"နန္ခ်န္ ငါ တမင္ ရည္႐ြယ္ၿပီးလုပ္တာမဟုတ္ပါဘူး၊ နင္ အဆင္ေျပရဲ႕လား၊ ငါ နင့္ကို ေက်ာင္းတြင္းဆရာဝန္ဆီပို႔ေပးမယ္၊ နာေနေသးလား..."

နင္မုန႔္က ခါးေထာက္လ်က္ ေသခ်ာပြဲၾကည့္ေနလိုက္သည္။

ဘယ္ေလာက္ေတာင္ သေဘာက်စရာေကာင္းတဲ့ျပပြဲလဲ။ ပထမဦးဆုံး သူက သူမကို ငိုေအာင္လုပ္တယ္။ အခု နာက်င္ေအာင္လုပ္ျပန္ၿပီ။

တခဏၾကာ ျပပြဲေကာင္းတစ္ခုကို စိုက္ၾကည့္ေနၿပီးေနာက္ သူမက အမူအရာကို ျပန္ေျပာင္းလိုက္ကာ သူတို႔၏ တစ္ဖက္သို႔ တစ္ပတ္ပတ္လ်က္ သြားလိုက္သည္။

ေကာင္းကင္ႏွင့္ ေျမျပင္က ႀကီးမားလြန္းသည္။ သို႔ေသာ္ စားေသာက္ျခင္းက ပို၍အေရးႀကီးသည္။ သူမက ထိုလူမ်ားႏွင့္ ျငင္းခုန္ရန္ အားအင္မရွိေတာ့ေခ်။

ထမင္းစားခန္းမတြင္လည္း ညေနခင္းႏွစ္နာရီျဖစ္သျဖင့္ လူမ်ားမ်ားစားစား ရွိမေနခဲ့ေခ်။ သီးသန႔္ဆိုင္တစ္ဆိုင္တြင္ ထိုင္ေနေသာ စုံတြဲတစ္တြဲသာလွ်င္ ရွိသည္။

နင္မုန႔္က ေခါက္ဆြဲတစ္ပြဲလိုခ်င္သည္။ ထို႔ေၾကာင့္ ပိုက္ဆံေပးၿပီးေနာက္ အခ်ိန္ပိုင္းအလုပ္လုပ္ေသာ ေကာင္မေလးကလည္း သူမ သိေသာ ေကာင္မေလးျဖစ္ေနေၾကာင္း သိလိုက္ရသည္။ တိတိက်က်ေျပာရလွ်င္ သူမက မန္နင္၏ ယခင္အတန္းေဖာ္ျဖစ္သည္။

သူတို႔ႏွစ္ေယာက္၏ မိသားစုခ်င္းကလည္း ထူးထူးျခားျခား ကြာျခားျခင္းမရွိဘဲ ထို႔အတြက္ေၾကာင့္ သူတို႔က အခ်ိန္ပိုင္းအလုပ္ကို ပုံမွန္အားျဖင့္ အတူလုပ္တတ္သည္။

သူမ၏ လိင္တူခ်စ္ႀကိဳက္ေသာ ကိစၥက ပ်ံ႕ႏွံ႔သြားခ်ိန္တြင္ သူမက ဒီေနရာတြင္ မၾကာခဏဆိုလို ဌာနမွလူမ်ားႏွင့္ ပက္ပင္းတိုးေလ့ရွိၿပီး သူတို႔အၾကည့္မ်ားေၾကာင့္ ေၾကာက္လန႔္မိသျဖင့္ မန္နင္က အခ်ိန္ပိုင္းအလုပ္မွထြက္ခဲ့ျခင္း ျဖစ္သည္။

ထို႔ေနာက္ သူမက အျခားေရတိုအလုပ္မ်ားကို လိုက္ရွာခဲ့သည္။

ထိုမိန္းကေလးအတြက္ကမူ မန္နင္က သူမကို ေနာက္ပိုင္းတြင္ ဆက္သြယ္ေသာအခါ blacklist ထဲသို႔ပင္ ထည့္ခဲ့ၿပီး သူမကို မည္သည့္စကားမွ ဆက္မေျပာခဲ့ေခ်။

ႏွစ္ေယာက္က မ်က္လုံးခ်င္းဆုံသြားၿပီးေနာက္ မိန္းကေလးက ခ်က္ခ်င္းလိုလို ေခါင္းငုံ႔သြားသည္။

နင္မုန႔္ကလည္း သူမ၏ မ်က္ဝန္းထဲမွ ထူးျခားသည့္အၾကည့္ကို ျမင္လိုက္သည့္တိုင္ေအာင္ ထူးထူးျခားျခား မေတြးေတာ့ေခ်။ မည္သူမဆို သူမ၏ ကိစၥမ်ားကို ၾကားလွ်င္ ထိုသို႔ တုန႔္ျပန္သည္မွာ ပုံမွန္သာလွ်င္ျဖစ္သည္။

တျခားတစ္ဖက္တြင္ သူမ၏ေဘးနားတြင္ ရပ္ေနသည့္ ေကာင္မေလးကမူ ႐ြံရွာေသာမ်က္ႏွာထားျဖင့္ အၾကည့္ျဖင့္ပင္ ထြက္သြားေစလိုေၾကာင္း ေျပာလုနီးပါးျဖစ္ေနခဲ့သည္။

နင္မုန႔္က သူမကို မမွတ္မိေခ်။ သို႔ေသာ္ တစ္ဖက္လူက ေဘးအတန္းမွျဖစ္ေၾကာင္း သိလိုက္သည္။

ဌာနတြင္း၏ အတန္းတိုင္းတြင္ ကိုယ္ပိုင္စာသင္ခန္းရွိသည္။ သူတို႔၏ အတန္းအခ်ိန္ဇယားကလည္း အတူတူသာလွ်င္ ျဖစ္လ်က္ မၾကာခဏ ေလွ်ာက္လမ္းတြင္ ပက္ပင္း တိုးေလ့ရွိသည္။

နင္မုန႔္က မည္သည့္စကားမွ မဆိုေခ်။ သူမက ေဘ‌လ္ေခ်ၿပီးေနာက္ ေဘးဘက္ရွိ အနီးဆုံးေနရာတစ္ခုကို ရွာေဖြၿပီး ထိုင္ခ်ကာ စားလိုက္သည္။

လမ္းတစ္ေလွ်ာက္လုံး သူမ၏ ဖုန္းက မရပ္မနား ဆက္တိုက္တုန္ခါေနသည္။ သူမက အေတြးမ်ားကို စုစည္းလိုက္ၿပီး ကုနန္ခ်န္ျဖစ္မည္ဟု ထင္လိုက္မိကာ မၾကည့္ခဲ့ေခ်။ သူမက မန္နင္၏ မွတ္ဉာဏ္မ်ားကို ပိုင္ဆိုင္ထားေသာ္လည္း ေကာင္းေကာင္း လႈပ္ရွားျခင္းက အေကာင္းဆုံးျဖစ္ေနေသးသည္။

သူမက WeChat ထဲကို ဝင္လိုက္ၿပီးေနာက္ ကလစ္လယ္သမားအဖြဲ႕ဂ႐ုကို ေတြ႕လိုက္ရသည္။ ထိုသို႔ျဖင့္ စာမ်ားက ဆက္တိုက္ တေတာင္ေတာင္ တက္ေနၿပီး အဖြဲ႕ထဲတြင္ လူအလြန္မ်ားဟန္လည္း ရသည္။ သို႔ေသာ္ မန္နင္က အဖြဲ႕ထဲမွ ခပ္ျမန္ျမန္ ထြက္လိုက္သည္။

ထိုကဲ့သို႔ေသာ အဖြဲ႕မ်ိဳးက အျခားသူမ်ားကို အလုပ္လုပ္ရန္ အယုံသြင္းေနျခင္းျဖစ္ၿပီး လူအမ်ားစုကို အလ်င္ျမန္ဆုံးနည္းျဖင့္ ပိုက္ဆံရေစသည္ဟုဆိုကာ အျခားသူမ်ားကို လွည့္စားခိုင္းျခင္းျဖင့္ လူမ်ားမ်ားရေအာင္ ႀကိဳးစားခိုင္းေနျခင္း ျဖစ္သည္။ ၾကား႐ုံျဖင့္ပင္ နားေထာင္ေကာင္းသည္ဟုသာ ထင္ရေလာက္သည္။

ေနာက္တစ္ခုကမူ အလားတူ ဘက္စုံမားကတ္တင္း ဂ႐ုျဖစ္သည္။ လူတစ္ေယာက္ကို ဆြဲသြင္းၿပီး ထိုလူက ဂ႐ုထဲသို႔ ဝင္ရန္ ဝင္ေၾကးယြမ္တစ္ရာေပးရမည္ျဖစ္ၿပီး ေနာက္ထပ္တစ္ေယာက္ကို ထည့္သြင္းေပးရဦးမည္ျဖစ္သည္။ ထိုသို႔ျဖင့္ ကိစၥမ်ားက တစ္ပတ္လည္ေနသည္။

ထိုဂ႐ုမွ မည္သူက အက်ိဳးအျမတ္ရမည္နည္းဟုဆိုလွ်င္ ထိပ္ဆုံးမွလူသာလွ်င္ ျဖစ္ေပလိမ့္မည္။

သူမက မန္နင္ကိုလည္း ယြမ္တစ္ရာျပန္ရရန္ မေမွ်ာ္လင့္ေခ်။ ထို႔ေၾကာင့္ ဒီအတိုင္းပင္ ႐ိုး႐ိုးရွင္းရွင္းပင္ ထြက္လိုက္သည္။ ဤနည္းအားျဖင့္ သူမ ဒုကၡမမ်ားႏိုင္ေတာ့ေခ်။ ထို႔ေနာက္ သူမက စတင္ၿပီး အျခားအခ်ိန္ပိုင္းအလုပ္ကို ရွာေဖြလိုက္သည္။

ေအာက္ထိဆြဲခ်ၿပီးေနာက္ အျခားမယုံၾကည္ရေသာ ဂ႐ုမ်ားကို ေတြ႕ရျပန္သည္။ နင္မုန႔္က အားလုံးမွ ထြက္လိုက္သည္။

သူမက ထိုသို႔လုပ္ၿပီးေနာက္ ကလစ္လယ္သမားဂ႐ုမွ လူတစ္ေယာက္က သူမကို ဆက္သြယ္လာေၾကာင္း ေတြ႕လိုက္ရသည္။

"မင္း ဘာလို႔အဖြဲ႕ထဲက ထြက္သြားတာလဲ၊ မင္းပိုက္ဆံမရွာခ်င္ဘူးလား၊ ဒီေန႔သြားရမယ့္စာရင္းေတြ အမ်ားႀကီးရွိေနတယ္၊ ငါ မင္းကို ဖိုင္ပို႔လိုက္တယ္"

ထိုစာႏွင့္အတူ ပစၥည္းဝယ္ခ်င္ဟန္တူေသာ အြန္လိုင္းေရွာ့ဆိုင္ရွင္မ်ားႏွင့္ ပတ္သက္ေသာ ဖိုင္မ်ားအျပင္ လိုအပ္ေသာ ဖုန္းနံပါတ္ႏွင့္ screenshot တို႔ကိုလည္း ပို႔လာေပးသည္။

ထိုလူက ပို႔ၿပီးေနာက္ ထပ္ပို႔သည္။

"မင္း ဘာလို႔ စာမျပန္တာလဲ၊ မင္း ခဏေနမွ စာမျပန္ရင္ ငါ ဒီစာရင္းကို အျခားသူကို ေပးလိုက္ေတာ့မယ္၊ အဲ့ဒီလိုဆိုမွ မင္းလူတစ္ေယာက္ကိုေတာင္ ဆြဲသြင္းရေသးရေသးရဲ႕လား၊ ရက္ေပါင္းမ်ားစြာ ၾကာေနၿပီ၊ မင္းတစ္ေယာက္ကိုမွ ဆြဲမသြင္းရေသးဘူး၊ ဒီလိုလုပ္ႏိုင္စြမ္းရည္က လက္သင့္မခံႏိုင္စရာပဲ အဖြဲ႕ထဲက လူေတြကို ၾကည့္စမ္းပါဦး၊ ေန႔တိုင္းလိုလို လူေတြဝင္ေနတာ ရာေက်ာ္တယ္၊ အားလုံးဘဝေကာင္းေကာင္း ပိုင္ဆိုင္ေနၾကၿပီ"

နင္မုန႔္က ႏွာေခါင္းရႈံ႕ၿပီး သူ၏ဖုန္းနံပါတ္ကို ဖ်က္ပစ္လိုက္ကာ စာအုပ္ထဲမွ ရွင္းလင္းလိုက္သည္။

ကံေကာင္းစြာျဖင့္ နင္မုန႔္က လုံၿခဳံေရးအျမင္အာ႐ုံ ရွိေနေသး‌ေလရာ သူမ အျခားသူမ်ားကို ေပးထားေသာ ေနာက္ခံက အမွားျဖစ္ေနသည္။ သူမကို ပတ္ဝန္းက်င္မွ ၾကည့္ေနေသာ သူမ်ားအတြက္မူ သူမက ႐ိုး႐ိုးရွင္းရွင္းပင္ လ်စ္လ်ဴထားလိုက္သည္။

မည္သို႔ပင္ဆိုေစ သူမ၏ မွတ္ဉာဏ္မ်ားအရ နင္မုန႔္က အမွားလုပ္ထားသည္ဟုလည္း မထင္ေခ်။ လူအမ်ားကေခၚေသာ ေျဖာင့္မတ္ၿပီး ႏိုင္ငံေကာင္းတစ္ခုျဖစ္ေလရာ သူမက ဘာကိုမွေၾကာက္စရာမရွိေခ်။ ညလယ္ေခါင္တြင္ သရဲမ်ားက အိမ္တံခါးလာေခါက္မည္ဆိုလွ်င္ပင္ သူမက ေၾကာက္စရာမရွိေခ်။

အဲ့ဒီလိုဆိုမွ ဒီေက်ာင္းထဲမွာ သရဲေတြ အမ်ားႀကီးရွိေလာက္တာပဲ။

နင္မုန႔္က ထိုသို႔ ေတြးလိုက္မိသည္။ လက္ရွိအခ်ိန္တြင္ သူမအတြက္ အေရးႀကီးဆုံးအခ်က္က စားေသာက္ရန္ ျဖစ္သည္။ သူမ အေရွ႕ရွိ ပူပူေႏြးေႏြးေခါက္ဆြဲျပဳတ္က သူမ၏ အာ႐ုံကို လ်င္ျမန္စြာ ဆြဲေဆာင္သြားသည္။

သူမက ေခါက္ဆြဲကုန္ခါနီးအခ်ိန္တြင္ ကုနန္ခ်န္က ႐ုတ္တရက္ ေပၚလာျပန္သည္။

သူမက မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္ၿပီးေနာက္ သူမ အသားကုန္ စားေသာက္ေနျခင္းကို ၾကည့္ကာ စိတ္ဓာတ္က်ေသာဟန္ျဖင့္ ေျပာလာသည္။

"မန္နင္ နင္ တကယ္ကို ဗိုက္ဆာေနတာပဲ၊ ဒီတစ္ႀကိမ္မွာ ျဖစ္သြားတဲ့ ကိစၥေတြအတြက္ ငါ တကယ္စိတ္မေကာင္းပါဘူး"

နင္မုန႔္က သူမကို အာ႐ုံမစိုက္ေတာ့ဘဲ ဆက္စားေနလိုက္သည္။

သူမက ထိုသို႔ ျဖစ္ေနေၾကာင္း ျမင္ေသာအခါ ကုနန္ခ်န္က ႏႈတ္ခမ္းကို ကိုက္ၿပီး သူမ၏ မ်က္လုံးႀကီးမ်ားက ဝမ္းနည္းသြားဟန္ ျဖစ္သြားခဲ့သည္။

"မန္နင္ ငါ နင့္အတြက္ အခ်ိန္ပိုင္းအလုပ္တစ္ခု ရွာေတြ႕ထားတယ္၊ ဒါေပမယ့္ ညေနာက္ပိုင္း ျပန္လည္ေလ့က်င့္ခန္းလုပ္ၿပီးတဲ့အခ်ိန္မွ စမွာ၊ နင္ လုပ္ခ်င္ရဲ႕လား"

အဲ့ဒီအခ်ိန္မွစမယ္ဟုတ္လား။

နင္မုန႔္က သူမကို သံသယအၾကည့္ျဖင့္ ၾကည့္လိုက္ၿပီးေနာက္ သူမ၏ အေတြးမ်ားက မွန္ကန္ေၾကာင္း သိလိုက္ရသည္။

အဂၤလိပ္ဌာနရွိ ပထမႏွစ္ေက်ာင္းသူ ေက်ာင္းသားမ်ားက ညနက္ပိုင္း ျပန္လွန္ေလ့က်င့္ခန္းလုပ္သည့္အခ်ိန္ကို တက္ေရာက္ရမည္ဟူေသာ လိုအပ္ခ်က္ ရွိသည္။ အတန္းေခါင္းေဆာင္က ႀကဳံရာနာမည္ေခၚမည့္အျပင္ ဆရာမ်ားကလည္း မၾကာခဏလာကာ စစ္ေဆးေလ့ရွိသည္။ ထို႔ေၾကာင့္ အလြန္တင္းၾကပ္သည္။

သူမက ထိုအခ်ိန္ကို မၾကာခဏပ်က္ၿပီး ထိုအတြက္ေၾကာင့္ မၾကာခဏမိသြားလွ်င္ သူမက ျပန္လည္သုံးသပ္စာေရးရန္ အျပစ္ေပးခံရေပလိမ့္မည္။ ဆရာမ်ားမိေသာ အႀကိမ္ေရကသာ မ်ားသြားမည္ဆိုလွ်င္ သူမက သတိေပးခံရေပလိမ့္မည္။ ဒါက သူမ၏ ေနာက္ပိုင္းကိစၥမ်ားအတြက္ ႀကီးမားေသာ သက္ေရာက္မႈရွိသြားႏိုင္သည္။

မန္နင္၏ အဆင့္မ်ားက အတန္းထဲတြင္ အလြန္ေကာင္းသည္။ သူမက ပထမမရလွ်င္ပင္ ဒုတိယရေပလိမ့္မည္။ ထိုအတြက္ေၾကာင့္ သူမက မၾကာခဏ ထူးခြၽန္ေသာ အျပဳအမူကို ထိန္းသိမ္းထားကာ စေကာလားရွစ္ရေအာင္ ႀကိဳးစားေလ့ရွိသည္။ ထို႔အတြက္ေၾကာင့္ သူမက ယခင္စာသင္ႏွစ္အထိ ရရွိႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

ပို၍ ဆိုးသည္မွာ ေက်ာင္းက ေက်ာင္းသူမ်ား၏ လိင္စိတ္တိမ္းၫြတ္မႈပိုင္းသို႔ ဝင္ေရာက္ေႏွာင့္ယွက္ျခင္း မရွိေပ။ မန္နင္ႏွင့္ အျပဳအမူႏွင့္ အမွတ္မ်ားကသာ အဓိကအခ်က္ျဖစ္သည္။ သူမ၏ အတန္းေဖာ္မ်ားက သူမကို သီးသန႔္ခြဲထားလွ်င္ပင္ အသုံးမဝင္ေခ်။

ဒီေကာင္မေလးက တကယ္ပဲ မန္နင္အတြက္ လုပ္ေပးေနတာလား။

သူမက မေသခ်ာေတာ့ေခ်။

ေက်ာင္းပတ္ပတ္လည္တြင္ အခ်ိန္ပိုင္းအလုပ္ေပါင္းမ်ားစြာ ရွိသည္။ သို႔ရာတြင္ ထိုအခ်ိန္ႏွင့္ ကြက္တိက်ေသာ အလုပ္ကို ရွာေပးလာသည္။

နင္မုန႔္က ဟင္းရည္မ်ားကို အလုတ္ႀကီးႀကီး ေမာ့ေသာက္လိုက္သည္။

တစ္ဖက္သူက သူမ၏ စကားကို မတုန႔္ျပန္လာေၾကာင္း ျမင္ေသာအခါ ကုနန္ခ်န္၏ အမူအရာက မသက္မသာ ျဖစ္သြားသည္။ သူမ၏ မ်က္လုံးက ခ်က္ခ်င္း နီရဲသြားျပန္ၿပီး တစ္စုံတစ္ရာ ေျပာခ်င္ခဲ့ေသာ္လည္း ေျပာမလာခဲ့ျပန္ေခ်။

ေဘးအတန္းမွ ေကာင္မေလးက ၾကည့္ေနရင္း ႐ုတ္တရက္ ေျပာလိုက္သည္။

"ကုနန္ခ်န္ ဘာလို႔ သူ႔ကို ထပ္ၿပီး အာ႐ုံစိုက္ေနျပန္တာလဲ၊ ‌ေျမေခြးလို ႏွလုံးသားနဲ႔ ေခြးအဆုတ္ကို ပိုင္ဆိုင္ထားတဲ့လူ၊ သူမက နင့္ကို မလႈပ္ရွားခင္ နင္ေကာင္းေကာင္း ၾကည့္ေနတာ ေကာင္းတယ္"

နင္မုန႔္၏ ဇြန္းကို ကိုင္ေသာလက္က ရပ္သြားသည္။

တူညီေသာစကားကို ျပန္ၾကားရျခင္းျဖစ္သည္။ သို႔ေသာ္ အျခားတစ္ေယာက္၏ စကားမွထြက္လာသည္။

ကုနန္ခ်န္က ေခါင္းကို ခပ္ျမန္ျမန္ခါၿပီးေနာက္ လက္ကို ယမ္းျပသည္။ သူမက ေခါင္းငုံံသြားေသာ မန္နင့္ကို ၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။

"မန္နင္ မန္နင္က အဲ့လိုမလုပ္ပါဘူး၊ နင္မွားေနတာျဖစ္မယ္"

ေကာင္မေလးက ခ်က္ခ်င္း ျပန္ျငင္းသည္။

"ဘာကို မွားရမွာလဲ၊ အစပိုင္းမွာ သူကပဲ ..."

မန္နင္၏ နားက စြင့္သြားသည္။ သူမ ေနာက္ဆုံးတြင္ အမွန္တရားကို ၾကားရေတာ့မည္ ထင္ထားသည္။ သို႔ေသာ္ ထိုမိန္းကေလး၏ စကားက မဆုံးလိုက္ဘဲ ေခါက္ဆြဲပို႔ရန္ အျခားတစ္ေယာက္က လွမ္းေခၚလိုက္ျခင္းျဖင့္ အဆုံးသတ္သြားျပန္သည္။

သူမ ထြက္သြားၿပီးကတည္းက နင္မုန႔္က က်န္ေသာစကားမ်ားကို မၾကားႏိုင္ေတာ့ေခ်။

ကုနန္ခ်န္က တစ္ရႉးထုတ္ကို ကမ္းေပးလိုက္ၿပီး ဂ႐ုတစိုက္ပင္ တစ္ခု ဆြဲထုတ္ေပးေလသည္။

"မန္နင္ သူမရဲ႕ စကားေတြကို စိတ္ထဲမထားပါနဲ႔၊ ဒီအတိုင္း တစ္ခုခုကို နားလည္မႈလြဲေနတာ ျဖစ္မွာပါ၊ နင္က အဲ့ဒီလိုလူမ်ိဳးမဟုတ္မွန္း ငါသိတယ္"

နင္မုန႔္က ေခါက္ဆြဲပန္းကန္ကို ခ်သည္။

"ငါက အဲ့ဒီလိုလူပဲ"

ကုနန္ခ်န္က ေၾကာင္သြားသည္။

နင္မုန႔္က ၿပဳံးလိုက္သည္။

"ေန႔တိုင္း လိုလို ငါ နင္နဲ႔ ဘယ္လိုေတြ႕ရမလဲ၊ နင့္ကို ဘယ္လိုနမ္းရမလဲ၊ နင့္ကို ဘယ္လို ... "

သူမ၏ စကားကို သက္ေသျပရန္ အလို႔ငွာက သူမက ကုနန္ခ်န္ဆီမွ တစ္ရႉးကို ယူေသာအခါ လက္ကို သိသိသာသာပင္ ပြတ္လိုက္ၿပီး ေျပာလိုက္ေလသည္။

"အင္း အသားအရည္က မဆိုးဘူး"

ကုနန္ခ်န္က ခ်က္ခ်င္းလိုလို ကိုယ့္လက္ကိုယ္ ျပန္႐ုတ္ၿပီးေနာက္ မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။ သူမက ေျပာသည္။

"မေျပာပါနဲ႔ေတာ့"

သူမ၏ အသံက က်ယ္သြားၿပီး လူတိုင္းက ၾကည့္လာၾကသည္။

သူမ၏ မ်က္လုံးက ေငြ႕ရည္ဖြဲ႕လာၿပီးေနာက္ ႏႈတ္ခမ္းကို ကိုက္ကာ ေျပာသည္။

"မန္နင္ နင္က အဲ့ဒီလိုလူမ်ိဳးမဟုတ္ပါဘူး၊ တစ္ေယာက္ေယာက္က နင့္ကို ရန္စခဲ့လို႔လား"

နင္မုန႔္ကို ႏႈတ္ခမ္းကို သုတ္ၿပီးေနာက္ ပခုံးကို တြန႔္ျပသည္။ သူတို႔က ေနာက္ဆုံးတြင္ ကုနန္ခ်န္၏ အျပဳအမူမ်ားကို နားလည္လိုက္သည္။ သူတို႔က ရွင္းရွင္းလင္းလင္းပင္ သူမတို႔က မိတ္ေဆြ သူငယ္ခ်င္းအရင္းေတြ ျဖစ္ေသးေၾကာင္းကို ေျပာၿပီး အဆင္ေျပေၾကာင္း ထပ္ခါတလဲလဲ ေျပာေနခဲ့ေသာ္လည္း စိတ္ထဲတြင္မူ သူမကို ထိလိုက္မိသည့္အတြက္ ေသခ်ာေပါက္ မုန္းေနေလာက္သည္။ မဟုတ္လွ်င္ ယခုလို တုန႔္ျပန္လိမ့္မည္မဟုတ္ေခ်။

အနည္းဆုံး သူမက စမ္းသပ္စစ္ေဆးႏိုင္ခဲ့သည္။ သူမ ကုနန္ခ်န္ကို ေျပာေသာစကားမ်ားက ခ်ီးက်ဴးေသာ စကားမ်ား ျဖစ္ေနသမွ် ကာလပတ္လုံံး ... မန္နင္၏ ေနာင္တမ်ားက သူမအေပၚ သက္ေရာက္မႈရွိလိမ့္မည္မဟုတ္ေခ်။ ထိုကိစၥမ်ားကို ၾကည့္႐ုံျဖင့္ သက္ေသျပႏိုင္စြမ္း ရွိေနခဲ့သည္။

အခုကစၿပီး သူမက ကုနန္ခ်န္ကို ခ်ီးက်ဴးၿပီး ဖ်ားေယာင္းဟန္ လုပ္ျပရမည္ျဖစ္သည္။ ဒီနည္းအားျဖင့္ သူမက ကုနန္ခ်န္ကို လိုက္ေနသလိုမ်ိဳး သက္ေသျပႏိုင္မည္ျဖစ္ၿပီး တစ္ဖက္လူကလည္း သူမကို မခ်ဥ္းကပ္ရဲေတာ့ဘဲ ခပ္ေဝးေဝး ေနေပးလိမ့္မည္။

အႀကံေကာင္းပဲ။

ပတ္ဝန္းက်င္ရွိလူမ်ားက ၾကည့္လာေသာအခါ မန္နင္က ကုနန္ခ်န္ကို စိုက္ၾကည့္ေနေၾကာင္းကို ေတြ႕လိုက္ရသည္။ ကုနန္ခ်န္က ေနာက္ဆုံးတြင္ လက္သင့္မခံႏိုင္ေတာ့ဘဲ ေနာက္ဆုံးတြင္ မ်က္လုံးက မ်က္ရည္ဖြဲ႕လာသည္။

"မန္နင္ ငါ အရင္ ျပန္ေတာ့မယ္၊ နင္ အခ်ိန္ပိုင္းအလုပ္လုပ္ခ်င္ရင္ နင္ င့ါကို ဆက္သြယ္လိုက္ပါ"

သူမက ထိုသို႔ေျပာၿပီးေနာက္ ခ်က္ခ်င္းလိုလို ေနာက္လွည့္ကာ ထမင္းစားခန္းမထဲမွ ထြက္သြားသည္။

အခုေလးတင္ စကားေျပာသြားေသာ ေကာင္မေလးက ႏွာေခါင္းရႈံ႕သည္။

"အခ်ိဳ႕လူေတြမ်ား စိတ္ထားယုတ္ညံ့လိုက္တာ၊ သူတို႔ဘယ္ေလာက္ ႐ြံစရာေကာင္းေနလဲေတာင္ မသိဘူး"

သူမ၏ စကားမ်ားက နင္မုန႔္၏ သိခ်င္စိတ္ကို ႏႈိးဆြျပန္သည္။ နင္မုန႔္ႏွင့္ ကုနန္ခ်န္တို႔၏ စကားေျပာဆိုမႈမ်ားက သာမန္သာလွ်င္ ျဖစ္သည္။ ေျပာရလွ်င္ အရင္းႏွီးဆုံး သူငယ္ခ်င္းမ်ားၾကားမွ ရင္းႏွီးေသာ ပုံစံမ်ိဳးကိုပင္ ႏႈိင္းယွဥ္၍ မရေသးေခ်။ သို႔ေသာ္ သူမ၏ အျပဳအမူက နားလည္မႈလြဲမွား ေနေစျပန္သည္။

ထိုသို႔ နားလည္မႈလြဲမွားေစေသာ အရာအားလုံး၏ တရားခံက ကုနန္ခ်န္ျဖစ္တာ ေသခ်ာသည္။

နင္မုန႔္က မ်က္ေမွာင္ၾကဳတ္သည္။ တခဏခန႔္ ေတြးၿပီးေနာက္ ထမင္းစားခန္းမထဲမွ ထြက္ခြာလိုက္သည္။ သူမက ျပည္နယ္ နံပါတ္တစ္သို႔ သြားၿပီး တစ္ခ်က္ၾကည့္ရမည္ျဖစ္သည္။ မည္သို႔ပင္ဆိုေစ ဒီေနရာတြင္ ဆက္ေနျခင္းက အသုံးမဝင္ႏိုင္ေခ်။

.....

Telegarm မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။

Continue Reading

You'll Also Like

60.9K 7.5K 74
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
4.4M 35.3K 72
"𝐲𝐨𝐮 𝐬𝐭𝐢𝐥𝐥 𝐢𝐦𝐚𝐠𝐢𝐧𝐞 𝐢'𝐦 𝐝𝐚𝐭𝐢𝐧𝐠 𝐲𝐨𝐮.." ╔═══*.·:·.✧ ✦ ✧.·:·.*═══╗ completed ...
81.4K 10.9K 200
အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ...
15.2K 1.6K 8
Love Him Till Eternity Original Author-hydrazona Cover -BlessedWolf Full Credit to original author.I own nothing,I'm just translation it 'cause I lov...