အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

494K 14.2K 550

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၂၂) uni & zg

8.4K 306 19
By EmmaRine9820

Unicode

တစ်ညလုံးရွာသွန်းခဲ့သော မိုးက မနက်ခင်းရောက် တော့ သူမဟုတ်သလိုပင်။ စိုင်းခက်နိုးလာတော့ မျက်လုံးအရင်မဖွင့်သေးပဲ ဘေးကိုအရင် စမ်းလိုက် တော့ ဘယ်သူမှရှိမနေ စိုင်းခက် အလန့်တကြားထထိုင်ကာ ဟိန်းအားရှာသည် ။ရေချိုးခန်းထဲလဲ မတွေ့ သဖြင့် အောက်ထပ်သို့ ပြေးဆင်းလာလိုက်တော့ မေမေနဲ့စကားပြောနေသော ဟိန်းကိုတွေ့လိုက်မှ စိတ်အေးတော့သည်။

" ဟဲ့ဒီကလေး ဘယ်လိုဖြစ်လို့အဲလောက်ပြေးဆင်းလာရတာလဲ ချော်လဲလို့ကျိုးပဲ့နေမှဖြင့်"

မေမေကစိတ်ပူစွာပြောသည်။ ဟိန်းက မေမေဘေးတွင် ထိုက်လျက် သူ့ကို မျက်စောင်းထိုးပီးကြည့်နေပြန်သည်။ စိုင်းခက်လဲ ဧည့်ခန်းထဲဝင် လာလိုက်ပြီး....

"သားက ဟိန်းထွက်သွားပြီထင်နေတာ "

ထိုအခါမှ ဟိန်းက သူ့အား ပြုံးပြကာ

"ငါက ဘာလို့ထွက်သွားရမှာလဲ ခုချိန်ကစပီး မင်းအနားမှာပဲနေတော့မှာ မင်းသာနှင်မထုတ်နဲ့ "

မေမေကတော့ အကဲပိုနေလိုက်တာဆိုပီးပြောကာ မျက်စောင်းလေးတစ်ချက်ပစ်လာသည်။

"ငါက နှင်ထုတ်စရာလား မင်းသာထပ်မထွက် သွားနဲ့"

"ကဲကဲ ဒီအမေရှိတာလဲ သတိထားအုန်း "

"ဟီးဟီးမေမေကလဲ " ရှက်ရှက်နဲ့ ခေါင်းကုပ်ကာ

"အာ့ဆို မင်းမေမေနဲ့စကားပြောအုံး ငါရေချိုးပီးမှ ပြန်ဆင်းခဲ့မယ် "

ဟိန်းကလဲ ပြုံးတုန့်တုန့်ဖြင့် ခေါင်းအသာငြိမ့်ပြသည်။

စိုင်းခက်အပေါ်သို့ပြန်တက်လာပီး ရေချိုးခန်းသာတန်းဝင်လိုက်သည်။ မှန်ထဲပေါ်လာသော
သူ့လည်ပင်းက အမှတ်ရာက အရောင်တော့ရော့သွားပြီလေ လည်ပင်းအားပွတ်လိုက်ရင်း ထိုညက ထိုက် နဲ့ အကြောင်းအရာများမျက်လုံးထဲ ပြန်ပေါ်လာကာ ရင်ထဲ အောင့်သက်သက်ခံစားလိုက်ရသည်။

"ငါဘာတွေတွေးနေပြန်တာလဲ မင်းတော်တော်ရွံစရာကောင်းနေပါလား စိုင်းခက်လျှံ ဟိန်းဘေးနားရှိနေတာကို အကို့အကြောင်းတွေးနေတာ ဟိန်းအပေါ်လဲ သစ္စာမဲ့သလို အကို့အပေါ်မျှော်
လင့်ချက်ပေးမိပြီး နာကျင် စေတယ်လေ "

စိုင်းခက် စိတ်ရှုပ်စွာဖြင့် ရေပန်းဖွင့်ကာ ရေချိုးလိုက်တော့သည်။ ရေချိုးပြီးတာနဲ့ အိမ်နေရင်းပေါ့ပေါ့ပါးပါးလေးပဲဝတ်ကာ အားသွင်းကြိုးတပ်ထားသော ဖုန်းအားကောက်ဖြုတ်၍ ကြည့်လိုက်တော့ ထုံးစံအတိုင်း အကို့ဆီမှပို့ထားသော စာတစ်စောင်

" morning ခက် မိုးအေးတဲ့မနက်ခင်းနဲ့အတူ မင်းအပြုံးလေးတွေလဲအေးချမ်းပါစေနော် "

နေ့စဉ်မပျက် တစ်နေ့တစ်မျိုးပုံစံမတူပဲပို့ပေးတဲ့ ဆုတောင်းစာလေးများ ... ဒီတစ်ခါပို့တဲ့ စာကိုဖတ်ရတော့ စိုင်းခက်အရင်လို မပြုံးနိုင်တော့ သူပို၍ အပြစ်ရှိသလိုခံစားလာရသည်။အကိုကတော့ ဘာမှမသိပဲ သူလုပ်နေကျအတိုင်းလုပ်နေတာကိုက စိုင်းခက်ပိုစိတ်မကောင်းဖြစ်ရသည် ။ သူ့လုပ်ရပ် တွေက အကို့အပေါ် မတရားဘူးမို့လား ။ အဲနေ့ညက ကိစ္စတွေ ခေါင်းထဲပြန် ပေါ်လာတိုင်း ရင်ထဲမှာ အစိုင်အခဲတစ်ခုလို
ဖျောက်ဖျက်၍မရ အကို့အပေါ် အားနာသနား
စိတ်တွေသာ လွှမ်းမိုးနေလေသည်။

အံဆွဲထဲမှ သောက်နေကျ ဆေးလိပ်ကိုယူကာ မီးညှိပြီး ဝရံတာကိုထွက်ခဲ့လိုက်သည်။တစ်ညလုံးရွာသွန်းထားတဲ့ မိုးဒဏ်ကြောင့် နေမင်းကြီးလဲမထွက်နိုင် မိုးကောင်ကင်ယံမှာအုံ့မှိုန်းနေသည်။ အေးစက်စိုစွတ် သော လေများသည် စိုင်းခတ်၏ မျက်နှာထက်တိုးဝေ့တိုက်ခက် သွားသည်က ရေချိုးပီးကာစ မို့ကျက်သီးပင်ထသွားရသည်။ ဆေးလိပ်အငွေ့များအား တစ်စိုက် မက်မက် ရှူသွင်းကာ မှုတ်ထုတ်မိသည် ။ လွှင့်စင်ပျောက်
ကွယ်သွားသော ဆေးလိပ်အငွေ့တွေထဲသူ့ရင်ထဲက အစိုင်အခဲတွေသာပါသွားရင်ကောင်းမည် ။

ဆေးလိပ်အား တစ်ဝက်ကျိုးသည်ထိ ဖွာပြီးမှ
ဖုန်း call တစ်ခုကို နှိပ်မိသည်။ .... အကို ဆိုတဲ့
နံပါတ်ဆီကိုသာ ..... ဖုန်း ၂ခါမြှောက်ဝင်တော့ တစ်ဖက်မှ ကိုင်သည်။

" hello ခက် ကိုယ်တောင်ခနနေ ဖုန်းခေါ်တော့မလို့ပဲ မနေ့က စာပြန်မပို့တော့ ကိုယ့်ကို စိတ်ကောက်သွားပြီထင်နေတာ ကိုယ် ရက်အစားပြန်ပေး
မယ်နော် စိတ်မကောက်ပါနဲ့ "

ဖုန်းကိုင်လိုက်ထဲက သူ့အားချော့နေသော အကို့ကြောင့် ရင်ထဲမှာနစ်မောလာရသည် ။ ဘာလို့အဲလောက်ဝမ်းနည်းနေရတာလဲ ... သူခေတ္တမျှ
တိတ်ဆိတ်နေပြီးမှ

" ကျွန်တော် စိတ်မကောက်ပါဘူး အကို့ကိုပြော
စရာရှိလို့ ဖုန်းဆက်လိုက်တာ "

"အင်းပြောလေ ခက် "

"ပထမဆုံးပြောချင်တာက ဟိုညက ကိစ္စအတွက် ကျွန်တော်အနူးညွှတ်တောင်းပန်ပါတယ် တကယ်ဆို ကျွန်တော်ထိန်းလိုက်သင့်တာပါ
ကျွန်တော့်အမှားတွေပါ အကို့ကို အထင်လွဲ
အောင်လုပ်ခဲ့မိတဲ့အတွက် တကယ် ... တကယ်ကို တောင်းပန်ပါတယ် ..အဲကိစ္စတွေကို မေ့လိုက်ပါနော်... "

စိုင်းခက်ပြောရင်း အသံတွေပါ တုန်လာရသည် သူ့ရင်ထဲမှာ တကယ်ကို အဆင်မပြေပါ အကို့ဘက်ကလဲ ခုထိပြန်မပြော တိုးလျလျ အကို့
အသက်ရူသံကိုသာကြားနေရသည်... စက္ကန့်ပိုင်းမျှကြမှ ....

"စိုင်းခက် အမှားမဟုတ်ပါဘူး တကယ်ဆိုကိုယ် ကတောင် တောင်းပန်ရမှာပါ ကိုယ့်ဘက်က အရင်စည်းကျော်ခဲ့မိတာလေ ကိုယ်ကသာ
တစ်ဖက်သက် ဖြစ်ခဲ့ရတာမို့ စိုင်းခက် အားမနာပါနဲ့ ဘာမှမဖြစ်ဘူးနော်"

အကို့အသံက ပုံမှန်ပြောသလိုပင်ခပ်တိုးတိုးဖြင့် ပြောနေပေမဲ့ နာကျင်မှုတွေ ကပ်ပါလာနေသည် ကိုခံစားနိုင်သည်။ သို့ပေမဲ့ ဒီစကားတွေကို မပြောလို့မဖြစ်ဘူးလေ ခုချိန်မှ မဖြတ်တောက်
ပစ်ရင် အကုန်လုံးနာကျင်ရလိမ့်မယ် ဟိန်းရော သူရော အကိုရော ပေါ့ ...

" ကျွန်တော် ဟိန်းနဲ့ ပြန်အဆင်ပြေသွားပီအကို ...
အဲတာ ... အကိုနဲ့ခုရက်ပိုင်းမဆက်သွယ်ဖြစ် လောက် ဘူးဆိုတာလေးလဲ ပြောချင်လို့ပါ ဟိန်းကို နားလည် အောင် ရှင်းပြပီးရင်တော့ အကို့ နဲ့ မိတ်ဆက်ပေးပါမယ် ... ပြီးတော့ဟိုလေ...."

စိုင်းခက်စကားမဆုံးခင် ထိုက်က စကားဖြတ် ပြောလိုက်သည်။

"ကိုယ်နားလည်ပါတယ် စိုင်းခက် ကိုယ်စာလဲမပို့၊ဖုန်းလဲမဆက်ပဲနေပါမယ် ဟိန်းလဲ သဝန်တိုမှာပေါ့ ကိုယ် သိပါတယ် စိုင်းခက်သာအဆင်ပြေအောင်နေနော် "

"အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်အကို ကျွန်တော်ဖုန်းချလိုက်ပါတော့မယ် "

"....."

ဖုန်းပြောပီးတော့ လက်ထဲက ကျန်နေတဲ့ဆေးလိပ်တစ်ဝက်က ကုန်သွားပြီဖြစ်သည်။ စိုင်းခက် သက်ပြင်းချလိုက်ပီး အသက်ခပ်ပြင်းပြင်းရူ
ထုတ်ကာ အခန်းထဲ ပြန်ဝင်ပီး မျက်နှာအား မူမပျက်အောင် ပြန်ထိန်းရင်းအောက်သို့ဆင်းခဲ့
လိုက်သည်။

အရာအားလုံးအတွက် တောင်းပန်ပါတယ်အကို ....

*****🌸🌸🌸******

ရုံးခန်းထဲမှ မှန်ပြင်ကျယ်ကြီးကိုမျက်နှာမူလျက် အပြင်ဘက်ကို ငေးကာ မျက်ရည်များ မကျအောင်ထိန်း၍ ရပ်နေသောလူတစ်ယောက် ... ဖုန်း wallpaper တင်ထားတဲ့ လှပသည့်နောက် ကျောပြင်လေးကို ကြည့်ကာ ဒီကောင်လေးပြောသောစကားများကို ထပ်ခါထပ်ခါကြားယောင် နေမိသည်။

ထိုက်ရုံးတွင်ထိုင်နေစဉ် ဝင်လာသော ခက် ❤️ ဆိုတဲ့ ဖုန်းcall လေးကြောင့် ချက်ချင်းကိုင်လိုက်ပီး ဟန်မပျက် မနေ့က မလာနိုင် တဲ့အကြောင်းကို ချော့လိုက် မိသေးသည်။ စိတ်မကောက်ပါဘူး ပြောစရာရှိလို့လို့ပြောတဲ့ အချိန်မှာ ရင်ဘက်တစ် ခုလုံးဗလောင်ဆူသွားရသည်။ သူကြောက်နေတဲ့အရာမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိသေးသည် လေ ....

အထင်လွဲအောင် ပြုမူခဲ့မိလို့တောင်းပန်ပါ
တယ်တဲ့လေ .... ကိုယ့်အတွက် ကတော့ ကမ္ဘာ
ပျက်မလိုပါပဲ ။ မေ့လိုက်ပါတဲ့ အဲလိုသာ မေ့ဖို့လွယ်ရင်မင်းကိုပါမေ့ပစ်ခဲ့တာကြာပီလို့တော့ ပြန်မပြောဖြစ်ခဲ့ဘူးလေ ။ ဒါမဲ့မင်းကိုတော့ ကိုယ် အပြစ်မမြင်ရက်ပါဘူးသိပ်ချစ်မိနေတာကိုး...။

ဟိန်း သဝန်တိုမှာစိုးလို့ သူ့အား စာမပို့နဲ့ ဖုန်းမ
ဆက်ဖို့ပြောချင်တာကို အားနာသလိုဖြစ်နေသော ကောင်လေးကြောင့် သူရင်ပိုနာရပါသည် ။ ဖြစ်သင့်ပါတယ်လေ ဘယ်သူက ကိုယ့်ချစ်သူ အခြားသူနဲ့ပတ်သတ် နေတာကို ကြိုက်ပါ့မလဲ သူ့ကို လုံးဝ လာမပတ်သတ် ပါနဲ့တော့လို့ ပြောမသွားတာ တော်သေးသည်မို့လား။

ဒေါက်ဒေါက်ဒေါက် ......

တံခါးခေါက်သံကြောင့် ထိုက်အတွေးတို့ နိကုံး
ချုပ်ကာ ဆိုဖာမှာ ဝင်ထိုင်လိုက် ပီး ... ဝင်ခွင့်ပြုလိုက်သည်။ ဝင်လာသည်ကတော့ အောင်သန့်
နှင့်ကျော်ဇော ပင် ...

" မင်းအိမ်ထိ ရောက်သွားသေးတယ် မရှိလို့ဒီလိုက် လာတာ ဖုန်းဆက်တော့လဲမကိုင်ဘူး "

အောင်သန့်က ဝင်ဝင်ခြင်း စိတ်ပူသောလေ အသံဖြင့်ပြောကာ ထိုက် ဘေးနားဝင်ထိုင်လိုက်သည် ။ ကျော်ဇောကလဲ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်၍

" ငါတို့က မင်းသူငယ်ချင်းကောင်းတွေမဟုတ် ဘူးလား တစ်ယောက်ထဲ ကျိတ်ခံစားနေစရာမလိုဘူး မင်းဘေး မှာငါတို့ရှိတယ် မင်းဘာလုပ်
ချင်လဲပြော မင်းမျက်နှာကြီးမြင်ရတာ စိတ်မ
ချမ်းသာဘူး"

ထိုက်ပြုံးလိုက်မိသည်။ရင်ထဲလဲအေးချမ်းသွားရ
သည်။ သူ့ဘေးမှာ ဒီသူငယ်ချင်းတွေ ရှိတာ
ကံကောင်းသည် first year ထဲကပေါင်းလာခဲ့တာဖြစ်၍ သူငယ်ချင်းထက် ညီအစ်ကိုတွေလိုပါ ချစ်ခင် ရပါသည်။

"ငါအိမ်မှာနေရင် တစ်ယောက်ထဲစိတ်လေလို့ ရုံးလာလိုက်တာ အလုပ်လုပ်နေရတော့ အနဲငယ်အဆင်ပြေမလားလို့ ၊ ဒါနဲ့မိုးထက်ကရော "

"မိုးထက်က သူ့အဖေခိုင်းထားလို့ညနေမှလာလိမ့်မယ်"

"မိုးထက်ကိုထားလိုက်စမ်းပါ မင်းကိစ္စသာအရင် ပြော ဘာဆက်လုပ်မှာလဲ "

အောင်သန့်က ကျော်ဇောစကားဆုံးတာနဲ့
ထိုက်ကို ကြည့်ပီးပြောလေသည်။ ထိုက်က ပုံမှန် လေသံအေးလေးဖြင့်သာ ပြန်ပြောလိုက်သည်။

"ဘာကို ငါကဘာဆက်လုပ်ရမှာလဲ အားလုံးပီးသွားပီလေ ခုနက စိုင်းခက်ဖုန်းဆက်တယ် သူနဲ့ဟိန်းနဲ့အဆင် ပြေသွားပီမို့လို့ သူ့ကိုခုရက်ပိုင်းမဆက်သွယ် ပါနဲ့အုံးတဲ့ "

"ဘာကွ ဒီကောင်တော်တော်လွန်တာပဲ ငါသွားထိုးပစ် ချင်တယ် ထိုက်က လိုသုံးလား "

ကျော်ဇောက ဒေါသတကြီးထပြောလေသည်။

"သူမမှားပါဘူးကွာ ဒါကဖြစ်သင့်ပါတယ် အစက
တည်းက ဟန်ဆောင်မှုသက်သက်ပဲလေ ငါကသာ ခံစားမှုအစစ်တွေထည့်မိသွားတာ "

"ဒါပေမဲ့လဲကွာ သူမင်းကို ဆက်ဆံတာတွေက ဟန်ဆောင်ရုံသက်သက်မှမဟုတ်တာ ဒီကောင် က တမင်မျှော်လင့်ချက်ပေးသွားတာ ၊ ငါတော့မကျေနပ်ဖူးကွာ "

ဒေါသထွက်နေသော ကျော်ဇောကို အောင်သန့်က လှမ်းကြည့်ကာ ထပ်မပြောဖို့ အရိပ် အကဲပြသည် ။ ပြီးတော့ ထိုက်ကို စကားလှည့်ပြော
သည်။

"ထိုက် မင်းဘာလုပ်ချင်လဲ စိုင်းခက်ကို ရအောင်
ယူမလား ငါတို့ခိုးပေးရမလား မင်းလိုချင်ရင် ငါတို့ရအောင်လုပ်ပေးမယ် "

" ဟာ ရူးနေလားကွ ငါကအဲလိုပုံစံနဲ့လိုချင်တာ
မဟုတ်ဘူး သူ့နှလုံးသားထဲက အစစ်အမှန်ပဲလိုချင် တာ ၊ ပြီးတော့ ငါအဲ့လောက်အောက်တန်းမကျဘူး ပိုင်ရှင်ရှိနေပီးသား လူတစ်ယောက်ကို ငါရယူဖို့ကြိုးစားမှာမဟုတ်ဘူး "

"အဲတော့ ဒီတိုင်းပဲရင်ကွဲခံတော့မယ်ပေါ့ "

"အချစ်က ရယူမှမဟုတ်ပါဘူးကွာ ပေးဆပ်ခြင်းကလဲ အချစ်ပါပဲ။ ခုချိန်ကစပီး ငါသူ့အပေါ်မှာ မိတ်ဆွေကောင်းတစ်ယောက်အဖြစ်ရှိနေပေးမယ်။ အရိုးသားဆုံးပဲ ဆက်ဆံတော့မယ် အနဲဆုံးတော့ သူ့ဘေးနားနေပီး သူ့အပြုံးတွေကို ကြည့်နေနိုင်သေးတယ်လေ "

အောင်သန့်နဲ့ကျော်ဇောကတော့ မျက်ရည်တို့ဝဲကာ ကြေကွဲစွာပြောနေသော သူတို့သူငယ်ချင်းအဖြစ်ကိုကြည့်ပီးစိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပေ ...

မစသင့်ခဲ့တဲ့ ဆက်ဆံရေးတွေကို အစပြုမိလိုက်
တယ်။ .... အဲတာတွေက တစ်ဖက်သက်ဆန်သွားတော့လဲ ဘယ်တတ်နိုင်တော့ပါ့မလဲ ကိုယ့်ကံပဲလေ...

****🌸🌸🌸*****

Zawgyi

တစ္ညလုံး႐ြာသြန္းခဲ့ေသာ မိုးက မနက္ခင္းေရာက္ ေတာ့ သူမဟုတ္သလိုပင္။ စိုင္းခက္ႏိုးလာေတာ့ မ်က္လုံးအရင္မဖြင့္ေသးပဲ ေဘးကိုအရင္ စမ္းလိုက္ ေတာ့ ဘယ္သူမွရွိမေန စိုင္းခက္ အလန္႔တၾကားထထိုင္ကာ ဟိန္းအားရွာသည္ ။ေရခ်ိဳးခန္းထဲလဲ မေတြ႕ သျဖင့္ ေအာက္ထပ္သို႔ ေျပးဆင္းလာလိုက္ေတာ့ ေမေမနဲ႔စကားေျပာေနေသာ ဟိန္းကိုေတြ႕လိုက္မွ စိတ္ေအးေတာ့သည္။

" ဟဲ့ဒီကေလး ဘယ္လိုျဖစ္လို႔အဲေလာက္ေျပးဆင္းလာရတာလဲ ေခ်ာ္လဲလို႔က်ိဳးပဲ့ေနမွျဖင့္"

ေမေမကစိတ္ပူစြာေျပာသည္။ ဟိန္းက ေမေမေဘးတြင္ ထိုက္လ်က္ သူ႔ကို မ်က္ေစာင္းထိုးပီးၾကည့္ေနျပန္သည္။ စိုင္းခက္လဲ ဧည့္ခန္းထဲဝင္ လာလိုက္ၿပီး....

"သားက ဟိန္းထြက္သြားၿပီထင္ေနတာ "

ထိုအခါမွ ဟိန္းက သူ႔အား ၿပဳံးျပကာ

"ငါက ဘာလို႔ထြက္သြားရမွာလဲ ခုခ်ိန္ကစပီး မင္းအနားမွာပဲေနေတာ့မွာ မင္းသာႏွင္မထုတ္နဲ႔ "

ေမေမကေတာ့ အကဲပိုေနလိုက္တာဆိုပီးေျပာကာ မ်က္ေစာင္းေလးတစ္ခ်က္ပစ္လာသည္။

"ငါက ႏွင္ထုတ္စရာလား မင္းသာထပ္မထြက္ သြားနဲ႔"

"ကဲကဲ ဒီအေမရွိတာလဲ သတိထားအုန္း "

"ဟီးဟီးေမေမကလဲ " ရွက္ရွက္နဲ႔ ေခါင္းကုပ္ကာ

"အာ့ဆို မင္းေမေမနဲ႔စကားေျပာအုံး ငါေရခ်ိဳးပီးမွ ျပန္ဆင္းခဲ့မယ္ "

ဟိန္းကလဲ ၿပဳံးတုန္႔တုန္႔ျဖင့္ ေခါင္းအသာၿငိမ့္ျပသည္။

စိုင္းခက္အေပၚသို႔ျပန္တက္လာပီး ေရခ်ိဳးခန္းသာတန္းဝင္လိုက္သည္။ မွန္ထဲေပၚလာေသာ
သူ႔လည္ပင္းက အမွတ္ရာက အေရာင္ေတာ့ေရာ့သြားၿပီေလ လည္ပင္းအားပြတ္လိုက္ရင္း ထိုညက ထိုက္ နဲ႔ အေၾကာင္းအရာမ်ားမ်က္လုံးထဲ ျပန္ေပၚလာကာ ရင္ထဲ ေအာင့္သက္သက္ခံစားလိုက္ရသည္။

"ငါဘာေတြေတြးေနျပန္တာလဲ မင္းေတာ္ေတာ္႐ြံစရာေကာင္းေနပါလား စိုင္းခက္လွ်ံ ဟိန္းေဘးနားရွိေနတာကို အကို႔အေၾကာင္းေတြးေနတာ ဟိန္းအေပၚလဲ သစၥာမဲ့သလို အကို႔အေပၚေမွ်ာ္
လင့္ခ်က္ေပးမိၿပီး နာက်င္ ေစတယ္ေလ "

စိုင္းခက္ စိတ္ရႈပ္စြာျဖင့္ ေရပန္းဖြင့္ကာ ေရခ်ိဳးလိုက္ေတာ့သည္။ ေရခ်ိဳးၿပီးတာနဲ႔ အိမ္ေနရင္းေပါ့ေပါ့ပါးပါးေလးပဲဝတ္ကာ အားသြင္းႀကိဳးတပ္ထားေသာ ဖုန္းအားေကာက္ျဖဳတ္၍ ၾကည့္လိုက္ေတာ့ ထုံးစံအတိုင္း အကို႔ဆီမွပို႔ထားေသာ စာတစ္ေစာင္

" morning ခက္ မိုးေအးတဲ့မနက္ခင္းနဲ႔အတူ မင္းအၿပဳံးေလးေတြလဲေအးခ်မ္းပါေစေနာ္ "

ေန႔စဥ္မပ်က္ တစ္ေန႔တစ္မ်ိဳးပုံစံမတူပဲပို႔ေပးတဲ့ ဆုေတာင္းစာေလးမ်ား ... ဒီတစ္ခါပို႔တဲ့ စာကိုဖတ္ရေတာ့ စိုင္းခက္အရင္လို မၿပဳံးႏိုင္ေတာ့ သူပို၍ အျပစ္ရွိသလိုခံစားလာရသည္။အကိုကေတာ့ ဘာမွမသိပဲ သူလုပ္ေနက်အတိုင္းလုပ္ေနတာကိုက စိုင္းခက္ပိုစိတ္မေကာင္းျဖစ္ရသည္ ။ သူ႔လုပ္ရပ္ ေတြက အကို႔အေပၚ မတရားဘူးမို႔လား ။ အဲေန႔ညက ကိစၥေတြ ေခါင္းထဲျပန္ ေပၚလာတိုင္း ရင္ထဲမွာ အစိုင္အခဲတစ္ခုလို
ေဖ်ာက္ဖ်က္၍မရ အကို႔အေပၚ အားနာသနား
စိတ္ေတြသာ လႊမ္းမိုးေနေလသည္။

အံဆြဲထဲမွ ေသာက္ေနက် ေဆးလိပ္ကိုယူကာ မီးညႇိၿပီး ဝရံတာကိုထြက္ခဲ့လိုက္သည္။တစ္ညလုံး႐ြာသြန္းထားတဲ့ မိုးဒဏ္ေၾကာင့္ ေနမင္းႀကီးလဲမထြက္ႏိုင္ မိုးေကာင္ကင္ယံမွာအုံ႔မႈိန္းေနသည္။ ေအးစက္စိုစြတ္ ေသာ ေလမ်ားသည္ စိုင္းခတ္၏ မ်က္ႏွာထက္တိုးေဝ့တိုက္ခက္ သြားသည္က ေရခ်ိဳးပီးကာစ မို႔က်က္သီးပင္ထသြားရသည္။ ေဆးလိပ္အေငြ႕မ်ားအား တစ္စိုက္ မက္မက္ ရွဴသြင္းကာ မႈတ္ထုတ္မိသည္ ။ လႊင့္စင္ေပ်ာက္
ကြယ္သြားေသာ ေဆးလိပ္အေငြ႕ေတြထဲသူ႔ရင္ထဲက အစိုင္အခဲေတြသာပါသြားရင္ေကာင္းမည္ ။

ေဆးလိပ္အား တစ္ဝက္က်ိဳးသည္ထိ ဖြာၿပီးမွ
ဖုန္း call တစ္ခုကို ႏွိပ္မိသည္။ .... အကို ဆိုတဲ့
နံပါတ္ဆီကိုသာ ..... ဖုန္း ၂ခါေျမႇာက္ဝင္ေတာ့ တစ္ဖက္မွ ကိုင္သည္။

" hello ခက္ ကိုယ္ေတာင္ခနေန ဖုန္းေခၚေတာ့မလို႔ပဲ မေန႔က စာျပန္မပို႔ေတာ့ ကိုယ့္ကို စိတ္ေကာက္သြားၿပီထင္ေနတာ ကိုယ္ ရက္အစားျပန္ေပး
မယ္ေနာ္ စိတ္မေကာက္ပါနဲ႔ "

ဖုန္းကိုင္လိုက္ထဲက သူ႔အားေခ်ာ့ေနေသာ အကို႔ေၾကာင့္ ရင္ထဲမွာနစ္ေမာလာရသည္ ။ ဘာလို႔အဲေလာက္ဝမ္းနည္းေနရတာလဲ ... သူေခတၱမွ်
တိတ္ဆိတ္ေနၿပီးမွ

" ကြၽန္ေတာ္ စိတ္မေကာက္ပါဘူး အကို႔ကိုေျပာ
စရာရွိလို႔ ဖုန္းဆက္လိုက္တာ "

"အင္းေျပာေလ ခက္ "

"ပထမဆုံးေျပာခ်င္တာက ဟိုညက ကိစၥအတြက္ ကြၽန္ေတာ္အႏူးၫႊတ္ေတာင္းပန္ပါတယ္ တကယ္ဆို ကြၽန္ေတာ္ထိန္းလိုက္သင့္တာပါ
ကြၽန္ေတာ့္အမွားေတြပါ အကို႔ကို အထင္လြဲ
ေအာင္လုပ္ခဲ့မိတဲ့အတြက္ တကယ္ ... တကယ္ကို ေတာင္းပန္ပါတယ္ ..အဲကိစၥေတြကို ေမ့လိုက္ပါေနာ္... "

စိုင္းခက္ေျပာရင္း အသံေတြပါ တုန္လာရသည္ သူ႔ရင္ထဲမွာ တကယ္ကို အဆင္မေျပပါ အကို႔ဘက္ကလဲ ခုထိျပန္မေျပာ တိုးလ်လ် အကို႔
အသက္႐ူသံကိုသာၾကားေနရသည္... စကၠန္႔ပိုင္းမွ်ၾကမွ ....

"စိုင္းခက္ အမွားမဟုတ္ပါဘူး တကယ္ဆိုကိုယ္ ကေတာင္ ေတာင္းပန္ရမွာပါ ကိုယ့္ဘက္က အရင္စည္းေက်ာ္ခဲ့မိတာေလ ကိုယ္ကသာ
တစ္ဖက္သက္ ျဖစ္ခဲ့ရတာမို႔ စိုင္းခက္ အားမနာပါနဲ႔ ဘာမွမျဖစ္ဘူးေနာ္"

အကို႔အသံက ပုံမွန္ေျပာသလိုပင္ခပ္တိုးတိုးျဖင့္ ေျပာေနေပမဲ့ နာက်င္မႈေတြ ကပ္ပါလာေနသည္ ကိုခံစားႏိုင္သည္။ သို႔ေပမဲ့ ဒီစကားေတြကို မေျပာလို႔မျဖစ္ဘူးေလ ခုခ်ိန္မွ မျဖတ္ေတာက္
ပစ္ရင္ အကုန္လုံးနာက်င္ရလိမ့္မယ္ ဟိန္းေရာ သူေရာ အကိုေရာ ေပါ့ ...

" ကြၽန္ေတာ္ ဟိန္းနဲ႔ ျပန္အဆင္ေျပသြားပီအကို ...
အဲတာ ... အကိုနဲ႔ခုရက္ပိုင္းမဆက္သြယ္ျဖစ္ ေလာက္ ဘူးဆိုတာေလးလဲ ေျပာခ်င္လို႔ပါ ဟိန္းကို နားလည္ ေအာင္ ရွင္းျပပီးရင္ေတာ့ အကို႔ နဲ႔ မိတ္ဆက္ေပးပါမယ္ ... ၿပီးေတာ့ဟိုေလ...."

စိုင္းခက္စကားမဆုံးခင္ ထိုက္က စကားျဖတ္ ေျပာလိုက္သည္။

"ကိုယ္နားလည္ပါတယ္ စိုင္းခက္ ကိုယ္စာလဲမပို႔၊ဖုန္းလဲမဆက္ပဲေနပါမယ္ ဟိန္းလဲ သဝန္တိုမွာေပါ့ ကိုယ္ သိပါတယ္ စိုင္းခက္သာအဆင္ေျပေအာင္ေနေနာ္ "

"အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္အကို ကြၽန္ေတာ္ဖုန္းခ်လိုက္ပါေတာ့မယ္ "

"....."

ဖုန္းေျပာပီးေတာ့ လက္ထဲက က်န္ေနတဲ့ေဆးလိပ္တစ္ဝက္က ကုန္သြားၿပီျဖစ္သည္။ စိုင္းခက္ သက္ျပင္းခ်လိုက္ပီး အသက္ခပ္ျပင္းျပင္း႐ူ
ထုတ္ကာ အခန္းထဲ ျပန္ဝင္ပီး မ်က္ႏွာအား မူမပ်က္ေအာင္ ျပန္ထိန္းရင္းေအာက္သို႔ဆင္းခဲ့
လိုက္သည္။

အရာအားလုံးအတြက္ ေတာင္းပန္ပါတယ္အကို ....

*****🌸🌸🌸******

႐ုံးခန္းထဲမွ မွန္ျပင္က်ယ္ႀကီးကိုမ်က္ႏွာမူလ်က္ အျပင္ဘက္ကို ေငးကာ မ်က္ရည္မ်ား မက်ေအာင္ထိန္း၍ ရပ္ေနေသာလူတစ္ေယာက္ ... ဖုန္း wallpaper တင္ထားတဲ့ လွပသည့္ေနာက္ ေက်ာျပင္ေလးကို ၾကည့္ကာ ဒီေကာင္ေလးေျပာေသာစကားမ်ားကို ထပ္ခါထပ္ခါၾကားေယာင္ ေနမိသည္။

ထိုက္႐ုံးတြင္ထိုင္ေနစဥ္ ဝင္လာေသာ ခက္ ❤️ ဆိုတဲ့ ဖုန္းcall ေလးေၾကာင့္ ခ်က္ခ်င္းကိုင္လိုက္ပီး ဟန္မပ်က္ မေန႔က မလာႏိုင္ တဲ့အေၾကာင္းကို ေခ်ာ့လိုက္ မိေသးသည္။ စိတ္မေကာက္ပါဘူး ေျပာစရာရွိလို႔လို႔ေျပာတဲ့ အခ်ိန္မွာ ရင္ဘက္တစ္ ခုလုံးဗေလာင္ဆူသြားရသည္။ သူေၾကာက္ေနတဲ့အရာမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းမိေသးသည္ ေလ ....

အထင္လြဲေအာင္ ျပဳမူခဲ့မိလို႔ေတာင္းပန္ပါ
တယ္တဲ့ေလ .... ကိုယ့္အတြက္ ကေတာ့ ကမာၻ
ပ်က္မလိုပါပဲ ။ ေမ့လိုက္ပါတဲ့ အဲလိုသာ ေမ့ဖို႔လြယ္ရင္မင္းကိုပါေမ့ပစ္ခဲ့တာၾကာပီလို႔ေတာ့ ျပန္မေျပာျဖစ္ခဲ့ဘူးေလ ။ ဒါမဲ့မင္းကိုေတာ့ ကိုယ္ အျပစ္မျမင္ရက္ပါဘူးသိပ္ခ်စ္မိေနတာကိုး...။

ဟိန္း သဝန္တိုမွာစိုးလို႔ သူ႔အား စာမပို႔နဲ႔ ဖုန္းမ
ဆက္ဖို႔ေျပာခ်င္တာကို အားနာသလိုျဖစ္ေနေသာ ေကာင္ေလးေၾကာင့္ သူရင္ပိုနာရပါသည္ ။ ျဖစ္သင့္ပါတယ္ေလ ဘယ္သူက ကိုယ့္ခ်စ္သူ အျခားသူနဲ႔ပတ္သတ္ ေနတာကို ႀကိဳက္ပါ့မလဲ သူ႔ကို လုံးဝ လာမပတ္သတ္ ပါနဲ႔ေတာ့လို႔ ေျပာမသြားတာ ေတာ္ေသးသည္မို႔လား။

ေဒါက္ေဒါက္ေဒါက္ ......

တံခါးေခါက္သံေၾကာင့္ ထိုက္အေတြးတို႔ နိကုံး
ခ်ဳပ္ကာ ဆိုဖာမွာ ဝင္ထိုင္လိုက္ ပီး ... ဝင္ခြင့္ျပဳလိုက္သည္။ ဝင္လာသည္ကေတာ့ ေအာင္သန္႔
ႏွင့္ေက်ာ္ေဇာ ပင္ ...

" မင္းအိမ္ထိ ေရာက္သြားေသးတယ္ မရွိလို႔ဒီလိုက္ လာတာ ဖုန္းဆက္ေတာ့လဲမကိုင္ဘူး "

ေအာင္သန္႔က ဝင္ဝင္ျခင္း စိတ္ပူေသာေလ အသံျဖင့္ေျပာကာ ထိုက္ ေဘးနားဝင္ထိုင္လိုက္သည္ ။ ေက်ာ္ေဇာကလဲ မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္၍

" ငါတို႔က မင္းသူငယ္ခ်င္းေကာင္းေတြမဟုတ္ ဘူးလား တစ္ေယာက္ထဲ က်ိတ္ခံစားေနစရာမလိုဘူး မင္းေဘး မွာငါတို႔ရွိတယ္ မင္းဘာလုပ္
ခ်င္လဲေျပာ မင္းမ်က္ႏွာႀကီးျမင္ရတာ စိတ္မ
ခ်မ္းသာဘူး"

ထိုက္ၿပဳံးလိုက္မိသည္။ရင္ထဲလဲေအးခ်မ္းသြားရ
သည္။ သူ႔ေဘးမွာ ဒီသူငယ္ခ်င္းေတြ ရွိတာ
ကံေကာင္းသည္ first year ထဲကေပါင္းလာခဲ့တာျဖစ္၍ သူငယ္ခ်င္းထက္ ညီအစ္ကိုေတြလိုပါ ခ်စ္ခင္ ရပါသည္။

"ငါအိမ္မွာေနရင္ တစ္ေယာက္ထဲစိတ္ေလလို႔ ႐ုံးလာလိုက္တာ အလုပ္လုပ္ေနရေတာ့ အနဲငယ္အဆင္ေျပမလားလို႔ ၊ ဒါနဲ႔မိုးထက္ကေရာ "

"မိုးထက္က သူ႔အေဖခိုင္းထားလို႔ညေနမွလာလိမ့္မယ္"

"မိုးထက္ကိုထားလိုက္စမ္းပါ မင္းကိစၥသာအရင္ ေျပာ ဘာဆက္လုပ္မွာလဲ "

ေအာင္သန္႔က ေက်ာ္ေဇာစကားဆုံးတာနဲ႔
ထိုက္ကို ၾကည့္ပီးေျပာေလသည္။ ထိုက္က ပုံမွန္ ေလသံေအးေလးျဖင့္သာ ျပန္ေျပာလိုက္သည္။

"ဘာကို ငါကဘာဆက္လုပ္ရမွာလဲ အားလုံးပီးသြားပီေလ ခုနက စိုင္းခက္ဖုန္းဆက္တယ္ သူနဲ႔ဟိန္းနဲ႔အဆင္ ေျပသြားပီမို႔လို႔ သူ႔ကိုခုရက္ပိုင္းမဆက္သြယ္ ပါနဲ႔အုံးတဲ့ "

"ဘာကြ ဒီေကာင္ေတာ္ေတာ္လြန္တာပဲ ငါသြားထိုးပစ္ ခ်င္တယ္ ထိုက္က လိုသုံးလား "

ေက်ာ္ေဇာက ေဒါသတႀကီးထေျပာေလသည္။

"သူမမွားပါဘူးကြာ ဒါကျဖစ္သင့္ပါတယ္ အစက
တည္းက ဟန္ေဆာင္မႈသက္သက္ပဲေလ ငါကသာ ခံစားမႈအစစ္ေတြထည့္မိသြားတာ "

"ဒါေပမဲ့လဲကြာ သူမင္းကို ဆက္ဆံတာေတြက ဟန္ေဆာင္႐ုံသက္သက္မွမဟုတ္တာ ဒီေကာင္ က တမင္ေမွ်ာ္လင့္ခ်က္ေပးသြားတာ ၊ ငါေတာ့မေက်နပ္ဖူးကြာ "

ေဒါသထြက္ေနေသာ ေက်ာ္ေဇာကို ေအာင္သန္႔က လွမ္းၾကည့္ကာ ထပ္မေျပာဖို႔ အရိပ္ အကဲျပသည္ ။ ၿပီးေတာ့ ထိုက္ကို စကားလွည့္ေျပာ
သည္။

"ထိုက္ မင္းဘာလုပ္ခ်င္လဲ စိုင္းခက္ကို ရေအာင္
ယူမလား ငါတို႔ခိုးေပးရမလား မင္းလိုခ်င္ရင္ ငါတို႔ရေအာင္လုပ္ေပးမယ္ "

" ဟာ ႐ူးေနလားကြ ငါကအဲလိုပုံစံနဲ႔လိုခ်င္တာ
မဟုတ္ဘူး သူ႔ႏွလုံးသားထဲက အစစ္အမွန္ပဲလိုခ်င္ တာ ၊ ၿပီးေတာ့ ငါအဲ့ေလာက္ေအာက္တန္းမက်ဘူး ပိုင္ရွင္ရွိေနပီးသား လူတစ္ေယာက္ကို ငါရယူဖို႔ႀကိဳးစားမွာမဟုတ္ဘူး "

"အဲေတာ့ ဒီတိုင္းပဲရင္ကြဲခံေတာ့မယ္ေပါ့ "

"အခ်စ္က ရယူမွမဟုတ္ပါဘူးကြာ ေပးဆပ္ျခင္းကလဲ အခ်စ္ပါပဲ။ ခုခ်ိန္ကစပီး ငါသူ႔အေပၚမွာ မိတ္ေဆြေကာင္းတစ္ေယာက္အျဖစ္ရွိေနေပးမယ္။ အ႐ိုးသားဆုံးပဲ ဆက္ဆံေတာ့မယ္ အနဲဆုံးေတာ့ သူ႔ေဘးနားေနပီး သူ႔အၿပဳံးေတြကို ၾကည့္ေနႏိုင္ေသးတယ္ေလ "

ေအာင္သန္႔နဲ႔ေက်ာ္ေဇာကေတာ့ မ်က္ရည္တို႔ဝဲကာ ေၾကကြဲစြာေျပာေနေသာ သူတို႔သူငယ္ခ်င္းအျဖစ္ကိုၾကည့္ပီးစိတ္မေကာင္းျဖစ္႐ုံကလြဲလို႔ ဘာမွမတတ္ႏိုင္ေတာ့ေပ ...

မစသင့္ခဲ့တဲ့ ဆက္ဆံေရးေတြကို အစျပဳမိလိုက္
တယ္။ .... အဲတာေတြက တစ္ဖက္သက္ဆန္သြားေတာ့လဲ ဘယ္တတ္ႏိုင္ေတာ့ပါ့မလဲ ကိုယ့္ကံပဲေလ...

****🌸🌸🌸*****

Continue Reading

You'll Also Like

61K 3.3K 20
ဦးကိုက်န္ေတာ္ခ်စ္တယ္ က်န္ေတာ္ကိုျပန္ခ်စ္ပါ Wu yifan ငါမင္းကိုမခ်စ္ဘူးလို့ငါ့မွာလက္ထပ္ရမယ့့္လူရွိတယ္ Park Chanyeol
9.6K 505 16
MewGulf fanfiction.. ဒီficသည္စိတ္ကူးသက္သက္ျဖင့္သာဖန္တီးျခင္းျဖစ္ပါသည္ By winterdaisy88
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
52.3K 2.1K 15
ဦးငယ္ခ်စ္ေသာ...ငယ္.....? ငယ္ခ်စ္ေသာ..ဦးငယ္...? ခ်စ္ရတဲ့မမေသာ္အတြက္ birthday presentပါေနာ္??