အချစ်တို့ မြစ်ဖျားခံရာ ( comp...
Od EmmaRine9820
495K 14.3K 553
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... Viac
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၂၁) uni & zg
8.7K 314 79
Od EmmaRine9820
Unicode
စိုင်းခက်တို့အိမ်တွင် တစ်မိသားစုလုံးကိုယ့်
အခန်းထဲကိုယ်ဝင်နေကြပြီမို့ပတ်ဝန်းကျင်မှာ
ငြိမ်သက်နေသည်။ အတန်ကြာအောင် မိုးရေထဲတွင်နေလိုက်ကြသည်မို့ စိုင်းခက်ရော ဟိန်းထက် ပါ အတော်ပင်ချမ်းနေကြသည်။ စိုင်းခက်မှ ဦးဆောင်ကာဟိန်းထက် ရဲ့လက်ကိုမြဲစွာ
ဆုပ်ကိုင်ထားလျက် အခန်းထဲသို့ဝင်လာလိုက်
သည်။ ဟိန်း၏ လက်တို့ကိုတင်းကြပ်စွာဆုပ်
ကိုင်ထားသည်မှာ ဤလက်တို့ နောက်တစ်ကြိမ် ထွက်ပြေးသွားတော့မည့်အလားပင်။
အခန်းတွင်းရောက်တော့ နှစ်ယောက်သား တုန်ရီနေသည်။မီးအလင်းအနည်းငယ်သာဖွင့်ထားသောအခန်းတွင် အဲကွန်းဖွင့်ထားသောကြောင့်
စိုင်းခက် အခန်းသည် သူတို့နှစ်ယောက် နဂိုရှိ
သည့်အချမ်းထက်ပင်ပို၍ တိုးစေသည်။သို့သော် သူတို့နှစ်ဦးတို့၏ ကြားမှ ရင်ခုန်သံသည်
ငြိမ်ဆိတ်သော ဤအခန်းကျယ်တွင် အလွန်ပင် ကျယ်လောင်နေသယောင်။ ရင်အစုံတို့
လည်း ဆက်တိုက် ဖိုလှုပ်နေကြသည်။
အသက်ရှုနှုန်းမြန်နေ၍ နှုတ်ခမ်းဖျားကိုပင် ဟကာ လေကိုခပ်ဖွဖွ ရှုနေသော ဟိန်းကမီးလင်းဖျဖျအောက် တွင် စိုင်းခက်အတွက် ရင်ဖိုစရာကောင်းလှသည်။စိုင်းခက် ဟိန်း၏ ခါးကို ဆွဲယူလိုက်ပြီး တံခါးထက်ဖိကပ်ကာ မပြီးပြတ်သေးသော အနမ်းတို့ကို ထပ်မှန်၍ စတင်သည်။
အသက်ရှူနှုန်းတို့နှင့်ထပ်တူကြလျက်ရှိသော ရင်ခုန်ဖွယ်အနမ်းတို့သည် ယခုတစ်ခေါက်တွင် တော့ နူးညံ့ခြင်းအလျဉ်းမရှိတော့။ လွမ်းဆွတ်ခြင်း၊ တမ်းတခြင်း၊ စွဲလမ်းခြင်း တို့ကိုယ်စားပြုသော အနမ်းတို့သည် မြန်ဆန်သည် စွဲမက်ဖွယ် ကောင်းသည် ပို၍တောင်းတမှုတို့ကို ဆက်လက် ဖြစ်ပေါ်စေသည်။ နှုတ်ခမ်းသားတို့ ထိဆက်လိုက်တိုင်း ပို၍ပင် ခုန်လာသော နှလုံးသားတို့ကို ဟိန်း မဖုံးဖိထားနိုင်။ စိုင်းခက်၏ အနမ်းတို့ကို သူလွမ်းဆတ် ခဲ့တာကြာခဲ့ချေပြီ။ စကားလှလှလေးတွေပြောတတ်တဲ့ စိုင်းခက် နှုတ်ခမ်းသားတို့က အနမ်းလှလှတို့လည်းပုံဖော်တတ်သေး
သည်။
ဟိန်း၏ ခါးကို လက်တစ်ဖက်က ကိုင်ထားရင်း ကျန်လက်တစ်ဖက်မှာ ဟိန်း၏ လည်တိုင်တို့ထက်ဝယ်။ ဒီလိုအနေထားက ဟိန်းကိုပိုပိုပြီးရင်ခုန်စေသည်။ စိုင်းခက်၏ စွဲမက်ဖွယ် အနမ်းတို့အောင် ထက်မံ၍ပျော်ဝင်ရပြန်သည်။သူတို့နှစ်ဦးအတန်ကြာအောင် နှုတ်ခမ်းဂဟေဆက်နေ၍ ခန္ဓာနှစ်ခုလုံး အအေးဓာတ်ကြောင့်တုန်ရီနေပြီ
ဖြစ်ကာ လှပသော အနမ်းတို့မှာ တစ်ခန်းရပ်
ရတော့သည်။
နှစ်ယောက်လုံး အသက်ရှုသံပုံမှန်အနေထား
ရောက်မှပဲ
" ဟိန်း မင်းအေးနေပြီ"
စိုင်းခက်က ဟိန်း၏ မေးစေ့လေးမှာ ကိုင်မ၍စတင် ပြောသည်။ဟိန်းမှာ ယခုထိ စကား
ပြန်ဆိုနိုင်ခြင်းမရှိသေး။
" လာ ဟိန်း ရေချိုးလိုက် ငါ အဲကွန်းပိတ်ထား
မယ် ရေနွေးချိန်ပေးမယ်"
" အင်း စိုင်းခက်"
စိုင်းခက်က ပြောပြောဆိုဆိုနဲ့ အဲကွန်းကို ပိတ်လိုက်ပြီး ဟိန်းကို ရေချိုးခန်းထဲဆွဲခေါ် ကာ ရေနွေးချိန်ပေးလိုက်သည်။
" နွေးနေအောင် ခနရေစိမ်နော်"
" မင်းကရောစိုင်းခက် မင်းလည်း အေးနေပြီလေ"
" ငါကရတယ် guest room မှာသွားချိုးလိုက်
မယ်"
" အင်း အင်း မင်းလည်း နွေးနေအောင်ချိုးနော်"
" အေးပါ ဟိန်းရာ"
ချစ်ဖို့ကောင်းနေသော ဟိန်းရဲ့ရေစိုနေတဲ့ ဆံနွယ် တို့ကို စိုင်းခက်က ညင်သာစွာပုတ်လိုက်သည်။ပီးမှရေချိုးဖို့အတွက် guest room သို့ထွက်ခဲ့လိုက် သည်။
            ***🌸🌸🌸🌸****
ဟိန်း ရေချိုးပီးတာနဲ့ စိုင်းခက်ထုတ်ပေးခဲ့သော လက်ရှည်နဲ့ဘောင်းဘီရှည်ညဝတ်လေးကိုလဲလိုက် ပီး ကုတင်ပေါ်တွင်ထိုင်နေလိုက်သည်။
စိုင်းခက် လဲ သူပုံစံတူ ညဝတ်လေးဖြင့်အခန်းထဲပြန်ဝင်လာကာ လက်ထဲမှာတော့ ဆေးဘူးနှင့်ရေဘူးပါကိုင်လျက် ။
"ဟာ ဟိန်း ဆံပင်တွေရေစိုနေတာကို မသုတ်ပဲ ထိုင်နေတယ် ၊ ငါသုတ်ပေးမယ် အဲမှာပဲထိုင်နေတော့။ "
စိုင်းခက်လဲ လက်ထဲက ဆေးဘူးနဲ့ရေဘူးကို စားပွဲပေါ်တွင်တင်ပီး တဘက်ယူတာ ဟိန်းအနားလာလိုက်ကာ မတ်တပ်ရပ်လျက် ခေါင်းအားဖွဖွလေးသုတ် ပေးလိုက်သည်။ ဟိန်းက ကုတင် ပေါ်တွင် ထိုင်လျက်သူ့အား ငုံကာ ခေါင်းသုတ်ပေးနေသော စိုင်းခက် ကို
မော့ကြည့်လိုက်တော့ စိုင်းခက်လည်ပင်းက
အမှတ်အသားတစ်ချို့ကို မြင်လိုက်ရသည်။
မျက်မှောင်ကျုံကာ သေချာစိုက်ကြည့်မိလိုက် တော့ စိုင်းခက်က သတိထားမိဟန်ဖြင့် လက်ထဲမှ တဘက်ကို လွတ်ချ၍ လည်ပင်းအား ပွတ်ပြီး ...
"ဟို .... ဟိုလေ ဟိန်း အထင်မလွဲနဲ့နော် ငါသူနဲ့
မအိပ်ခဲ့ပါဘူး .. အဲ... ဒါ ...ဒါကကျ မတော်တဆ
.... အင်းဟုတ်တယ် မတော်တဆ ဖြစ်သွားတာပါ"
စိုင်းခက် စကားများပင်ထစ်ကာ ထိတ်ထိတ်ပြာပြာရှင်းပြရတော့သည် ခုမှပြန်ပြေလည်ကာစရှိသေးတယ် စိတ်ကွက်စရာထပ်မဖြစ်ချင်ဘူးလေ။ ဟိန်းက သူ့လက်အားဆွဲကာ ဘေးတွင်
ဝင်ထိုင်စေပီး စိုင်းခက် လက်နှစ်ဖက်ကို အုပ်မိုးကိုင်ကာ ခပ်ဖွဖွပြုံး၍
"အင်း ဘာမှမဖြစ်ဘူး ငါမင်းအနားမှာမရှိခင်
တုန်းက ဖြစ်ခဲ့တာတွေကို ငါသိလဲမသိချင်ဘူး စိတ်လဲမဝင်စားဘူး ဒါမဲ့ခုကစပီး ငါ့တစ်ယောက် ထဲပဲ မင်းမှာရှိရင်ရပြီ "
ဟုတ်ပါသည် ခုချိန်မှာ သူဘယ်အရာကိုမှမသိချင်ပါ သူဆိုတဲ့လူက ထိုက်ဘုန်းရှိန် မှန်း ဟိန်းသိပါသည် သို့ပေမဲ့ ဆက်မမေးဖြစ်ပါ လိုမှမလိုအပ် တော့ပဲလေ။
" ငါ့မှာ အရင်ကတည်းကလဲ မင်းပဲရှိတယ်
ခုလဲမင်းပါပဲ "
စိုင်းခက်ဘာမှမတွေးနိုင် ဟိန်းစိတ်ခုသွားမှာကိုသာ သူစိုးရိမ်နေတာကြောင့် ချက်ချင်းပြန်ပြောလိုက်သည်သာ ။
"ကဲ ခုဆေးလေးသောက်လိုက် ဖျားမှာစိုးလို့
ပီးရင် အိပ်တော့ "
စိုင်းခက် ကုတင်မှထကာ ဆေးသွားယူပြီး ဟိန်းကို တိုက်ရင်း သူလဲတစ်ခါတည်းသောက်လိုက် တော့သည်။ ပီးတာနဲ့ ဟိန်းကို မွေ့ယာတွင် လှဲခိုင်းကာ ပုခုံးထိရောက်အောင်စောင်အားဆွဲခြုံပေးလိုက်သည်။
"မင်းရော အိပ်လေ "
"အင်းငါခနနေ အိပ်မယ် မင်းအရင်အိပ်နော် "
စိုင်းခက် ဟိန်းအနားတိုးကပ်လိုက်ပီး ဘေးတစ်
စောင်းလဲ၍ ခေါင်းအုံးပေါ်တွင် လက်ထောက် ကာဟိန်း ဆံပင်တွေကို ခပ်ဖွဖွ ပွတ်သတ်ပေးလိုက်သည်။ ဟိန်းလဲ ငိုထားတာကြောင့်ရော စိတ်ပင်ပန်းထားတာကြောင့်ပါ ခနအတွင်းအိပ်ပျော် သွားသည်။ စိုင်းခက် အိပ်ပျော်နေသော ဟိန်းမျက်နှာလေးကို ကြည့်ရင်း ပြုံးမိသည် ငိုထားလို့ ဖောင်းနှစ်နေတဲ့ မျက်ဝန်းလေးတွေကို ခပ်ခပ်ထိကြည့်ရင်း ...
"မင်းအရမ်းပင်ပန်းခဲ့တာကို ငါမသိခဲ့လို့ တောင်းပန်ပါတယ် ငါမင်းကို အရင်ကထက် ပိုဂရုစိုက်
မယ်နော်"
ဟုပြောကာ နဖူးအား ခပ်ဖွဖွ နမ်းလိုက်သည်။
ဟိန်းဘေးလှဲနေရာမှ ထထိုင်လိုက်ပြီး ကုတင်တွင် မှီကာ ဖုန်းကောက်ကိုင်လိုက်သည်။ အင်တာနက်ဖွင့်လိုက်တာနှင့် messenger မှ စာတွေတက် လာသည်။ ခန့်မှူးလွင်စာကအရင်တက်လာသဖြင့် ဝင်ကြည့်လိုက်တော့ သူတို့ဖွင့်မဲ့ ရုံးခန်းငှါးလို့ရပီဖြစ်ကြောင်းပြောထားခြင်းဖြစ်သည်။  iMessage မှနောက်တစ်စောင်ကတော့
" ခက် ကိုယ် ဒီနေ့မအားတော့လို့ နောက်နေ့ကြမှပဲလိုက် ကျွေးမယ်နော်"ဆိုသော အကို့ ဆီမှစာ။
စိုင်းခက် ရင်ပူသွားမိသည်။ သူ အကို့ ကို လုံးလုံးမေ့သွားခဲ့တာ။ အကို မအားတာနဲ့ကြုံလို့ တော်ပါသေးတယ်ဟုသာ စိတ်အေးမိသည်။စိတ်တွင်းတွင်တော့ အားနာစိတ်များက လွှမ်းမိုးလျက်။ ဘေးတွင် နှစ်ချိုက်စွာ အိပ်ပျော်နေသော ဟိန်းကို တစ်ချက်ကြည့်မိ၍ သက်ပြင်းချမိသည်။ သူ၏ မရေရာမှုတွေကြောင့် တစ်ဖက်လူတွေအား နာကျင်စေမိနေပြီလေ။
မိုးတို့ကလည်း သဲမြဲသဲဆဲ။ မိမိကိုယ်ကိုယ်
အပြစ်တင်မိနေသော ကောင်လေးတစ်ယောက်် လည်း ရှိနေလေရဲ့။
                 **🌸🌸🌸**
အဆင့်မြင့် condo တိုက်ခန်း၏ ဧည့်ခန်းတွင် တော့ စားပွဲတစ်ခုလုံး ပြည့်နေသော ဘီယာ ဘူးခွံများ ၊ စားပွဲဘေးရှိ ဆိုဖာပေါ်တွင်တော့ ပတ်လက်လှဲလျက် နဖူးပေါ် လက်တင်ထားပီး မျက်ရည်များ ပါးပြင်တွေ တစ်စက်စက်မနားတန်းကျဆင်းနေသော လူတစ်ယောက် ရှိလေသည်။
Ring ! Ring ! စားပွဲပေါ်မှ ဖုန်းခေါ် ringtone
သံကြောင့် ထိုက် ထထိုင်လိုက်သည် ။ ကြည့်
လိုက်တော့ သူမျှော်လင့်မိနေသည့် ဖုန်းတော့
မဟုတ်ပေ၊
အဟက် " ခုထိမျှော်လင့်ရဲသေးတာ မင်းမရှက်ဘူးလား ထိုက်ဘုန်းရှိန် "
ဖုန်းအားကြည့်ကာ ရီလိုက်ရင်း ပြောလိုက်သေးသည်။
"ပြောအောင်သန့် "
အသံကလုံးလုံးထွေးထွေး ဖြင့်
"မင်းသောက်နေတာလား ဘယ်မှာလဲ "
"အင်းအိမ်မှာပဲ ၊ ပြောလေဘာကိစ္စရှိလို့လဲ"
"မင်းနောက်ဆောက်မဲ့ hotel အကြောင်းမေးမလို့ပါ ဒါမဲ့ ခုချိန်က အလုပ်ပြောရမဲ့အချိန်ကောင်းမဟုတ်ဘူးထင်တယ် အသဲကွဲနေတာကို နှစ်သိမ့်ရတော့မဲ့အချိန်ဖြစ်သွားပီ ၊ ကဲပြောပါအုံး ဘာဖြစ် တာလဲ ဟိုကောင် လေး သူ့ဘဲနဲ့ ပြန်အဆင်ပြေသွားတာလား "
"အင်း ဟုတ်တယ် အဆင်ပြေသွားကြပီ "
"ဟေ တကယ်လားကွ ထိုက်ရာ မင်းအရမ်းခံစားနေရလား ငါလာခဲ့ရမလား "
ထိုက် စိုင်းခက်လျှံကို အရမ်းချစ်တာ သူတို့တစ် ဖွဲ့လုံးအသိပဲလေ ၊ သူတို့ထက်ရော အလုပ်ထက် ပါ ဒီကောင်လေးကို အရေးပေးအချိန်ပေးခဲ့တာတွေက သက်သေပဲ ။ သူတို့တားခဲ့ပါသေးသည် သို့ပေမဲ့ ချစ်မိသွားပီတဲ့လေ ထိုက်ရည်းစားမထားတာ ကြာခဲ့ပီလေ ကျောင်းတက်နေတုန်း ထားဖြစ်ခဲ့တဲ့ကောင်လေး တုန်းကလဲ သူ့အဖေကြောင့်လွဲခဲ့ရသေးသည်။ အဲချိန်ထဲက တစ်ယောက်ထဲနေလာခဲ့တာလေ ခုစိုင်းခက်လျှံပေါ်လာပီး ချစ်မိတော့လဲ ဆိုင်သူရှိနှင့်ပီးသားတဲ့လေ ထိုက်ကို သနားမိပါသည်။
" ရပါတယ် ဒီနေ့တော့ ငါတစ်ယောက်ထဲနေချင်လို့ နောက်ရက်မှ ဆုံကြတာပေါ့"
"ဒါဆိုလဲကွာ မင်းခံစားနေရတာတွေကို ငါ့ကိုရင် ဖွင့် ကျိတ်ခံမနေနဲ့ ဖွင့်ချလိုက် ဒါမှမင်းသက်သာမှပေါ့"
အောင်သန့်ပြောလိုက်တာနှင့် ငိုသံပါလျက်ပြောလေတော့သည် ... ထိုက်က အောင်သန့်တို့တဖွဲ့လုံး ညီအစ်ကိုလို သူငယ်ချင်းလိုချစ်ရတဲ့ သူမို့ စိတ်ပူမိတာအမှန် ....
"ငါ ... ငါလေ ငါအရမ်းကိုချစ်ခဲ့မိတာအောင်သန့်ရာ"
"......"
" စိုင်းခက်ငါ့အပေါ်နဲနဲလေးလောက်တော့ ခံစားချက် ရှိလာပီထင်ခဲ့တာ ခုတော့ကွာ ၊ ငါ့အမှားပါ ငါအထင်နဲ့ငါ တစ်ယောက်ထဲ မျှော်လင့်ခဲ့မိတာပါ ၊ ဘယ်လိုပဲနေနေပါ သူပျော်နေပီပဲ ၊ ဒါမဲ့ ရူးလောက်အောင်ခံစားရတယ်ကွာ မင်းသိလား ဒီရင်ဘက်ကြီးထဲက တစ်ဆစ်ဆစ် နာနေတာငါ့ရင် ဘက်ကြီး ပေါက်ကွဲတော့မလိုပဲကွာ "
ထိုက်သူ့ရင်ဘက်ကို ထုရင်း ရှိုက်ကြီးတငင် ငိုမိတော့သည် ။ သူ့ရင်ထဲအနဲငယ် တော့ပေါ့သွားရသည်။ စိုင်းခက်နဲ့ပတ်သတ်ပီးသူရင် ထဲမှာပဲ သိမ်းထားခဲ့ရတာချီပဲလေ...။
" ထိုက် မင်းစိတ်ကို ထိန်းပါကွာ ၊ စိတ်လျော့ အသက်ကိုဝအောင်အရင်ရှူ ၊ မင်းရဲ့ဘေးမှာငါတို့ရှိတယ် ငါတို့အမြဲရှိနေမှာပါကွာ "
ထိုက် အောင်သန့်ပြောသလို စိတ်လျော့ကာ အသက်ဝဝရှူသွင်းနေရသည်။သူငိုရလွန်းလို့ အသက်ရှူရတာပင် မဝတော့ပေ ။ မိနစ်အနဲ
ငယ်လောက် သူအသက်ပြင်းပြင်းရူသွင်းပီးမှ အောင်သန့်ကိုစကားပြနိုင်တော့သည်
" ဟူးး ငါအဆင်ပြေသွားပီ ငါ့ရင်ထဲ ပေ့ါသွား
တယ် ကျေးဇူးပဲအောင်သန့် "
"ရပါတယ်ကွာ တစ်ခုခုဆိုငါ့ကိုဖုန်းဆက် ငါတန်းလာခဲ့မယ်ကြားလား မင်းဘာမှလျှောက်မလုပ်နဲ့ မနက်ဖြန် ဟိုကောင်တွေနဲ့ ငါလာခဲ့မယ် ခုတော့
မင်းနားလိုက် တော့ "
"အေးပါ ခုငါအိပ်တော့မယ် ပင်ပန်းနေပီ "
"...."
ထိုက် ဖုန်းချပီးတာနဲ့ သူ့အခန်းဆီသို့လာကာ အိပ်ယာပေါ်တန်းလှဲချလိုက်တော့သည် ။ သူအရမ်းပင်ပန်းနေပီ အိပ်မှဖြစ်တော့မည် ။ အိပ်နေမှသာ သူဘာကိုမှ မသိတော့ပဲ နာကျင်မှုတွေသက် သာမည်လေ ...။
အပြင်မှာ သည်းထန်စွာရွာနေတဲ့ မိုးတွေက
သူ့ဝမ်းနည်းခြင်းအတွက်များ စိတ်မကောင်း
ဖြစ်နေသလား ....
                   **🌺🌺🌺***
ထိုက် ကိုလဲသနားတယ် ဟိန်းကိုလဲ သနားတယ်
ဘယ်သူနဲ့ ညားစေချင်လဲ ပြောခဲ့ပါအုံးရှင် ❤️
Zawgyi
သည်။
ရတော့သည်။
ရောက်မှပဲ
" ဟိန်း မင်းအေးနေပြီ"
" အင်း စိုင်းခက်"
မယ်"
" အေးပါ ဟိန်းရာ"
            ***🌸🌸🌸🌸****
ခုလဲမင်းပါပဲ "
ပီးရင် အိပ်တော့ "
"မင်းရော အိပ်လေ "
မယ်နော်"
အပြစ်တင်မိနေသော ကောင်လေးတစ်ယောက် လည်း ရှိနေလေရဲ့။
                 **🌸🌸🌸**
မဟုတ်ပေ၊
"ပြောအောင်သန့် "
"......"
" ဟူးး ငါအဆင်ပြေသွားပီ ငါ့ရင်ထဲ ပေါ့သွား
မင်းနားလိုက် တော့ "
"...."
ဖြစ်နေသလား ....
                   **🌺🌺🌺***
Pokračovať v čítaní
You'll Also Like
3.2M 261K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4K 97 13
Rain - ကျူပ်အပိုင်လို့ သတ်မှတ်ထားရင် ဘယ်ကောင်မှ လာထိတာ မကြိုက်ဘူး
1.7M 105K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
28.2K 526 31
Unicode ကိုယ်ရဲ့ချစ်ခြင်းကို မင်းယုံဖို့ ကိုယ်မတောင်းဆိုဘူး ကိုယ်နဲ့ တူတူရှိနေရင် ခံစားရတဲ့ လုံခြုံမှု ပျော်ရွှင်မှူကနေ တစ်ဆင့် ကိုယ်ရဲ့ချစ်ခြင်းမေတ္...