နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

By keodilan

11.3K 796 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၁)Zawgyi
အပိုင်း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၁)Zawgyi
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုင်း(၅)Unicode
အပိုင်း(၅)Zawgyi
အပိုင်း(၆) Unicode
အပိုင်း(၇) Unicode
အပိုင်း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၁)/အပိုငျး(၉.၁)
အပိုင်း(၉.၂)/ အပိုင်း(၉.၂)
အပိုင်း(၁၀) Unicode
အပိုင်း(၁၀)zawgyi

အပိုင်း(၆)Zawgyi

124 7 0
By keodilan





အပိုင်း(၆)

မူရင်းဝတ္ထုမှာဆိုရင် ဒီအပိုင်းက အသားပါတဲ့ စားပွဲသောက်ပွဲကြီးလိုပဲ။ အခြေခံအားဖြင့် ရှဲ့ဟိုင်ဒီကိုရောက်ပြီးကတည်းက ရန်ရွှီက ဖော်ပြ၍ ဖော်ပြ၍မရနိုင်တဲ့ အရာတွေကလွဲလို့ ကျန်တာကို ဘာမှအရေးတယူမလုပ်ခဲ့ဘူး။ စာရေးဆရာက ရှဲ့ဟိုင်ဘယ်လောက်ထိခေါင်းမာလွန်းလဲဆိုတာနဲ့ ရန်ရွှီရဲ့ ပြင်းပြတဲ့ ဆန္ဒကို အောင်နိုင်ဖို့ တစ်ဖက်လူကို ဘယ်လောက်ချိုးနှိမ်ထားလဲဆိုတာကိုပဲ ဖော်ပြထားတယ်။

ဒီနိုင်ထက်စီးနင်းပြုပြီး ****ဖြစ်တဲ့ ဇာတ်လမ်းအနေနဲ့ ဒါဟာဆိုရင် ပထမဆုံးကျောက်ကပ်ကို ထုတ်ယူလိုက်ပြီးနောက် နှလုံးသားကို ဆွဲထုတ်လိုက်သလိုပါပဲ။ အဓိကဇာတ်ကောင်ကို ချိုးနှိမ်လို့မရတဲ့အတွက်သူက တစ်ဖက်လူကို ချစ်မိသွားခဲ့တယ်။ရိုးရိုးသားသား‌ပြောရရင် ဒါဟာဆိုရင် ဇာတ်ကွက်သစ်တော့မဟုတ်ခဲ့ပါဘူး။

ဒါပေမဲ့ အဆုံးသတ်အကြောင်းအရာတွေက သူတို့ရဲ့တည်ရှိမှုအတွက် အကြောင်းပြချက်တွေပဲ။

ဒါဟာဆိုရင် စီးချင်းတိုက်ပွဲလိုပါပဲ။ နှစ်ဖက်လုံးက အရာအားလုံးပုံအောပြီး ရှုံးတဲ့လူက အမြဲတမ်း တစ်ခုခုကိုဆုံးရှုံးရမှာပဲ။

(စီးချင်းတိုက်ပွဲက ခေါင်းဆောင်နှစ်ယောက်က ‌နောက်လိုက်တွေမပါဘဲ သူတို့နှစ်ယောက်တည်းယှဉ်ပြိုင်ပြီး တိုက်ခိုက်ကြတာကိုပြောတာပါဗျ)

ရှဲ့ဟိုင်က ဘယ်လောက်ပဲချောပြီး ပြီးပြည့်စုံနေပါစေ သနားစရာကောင်းတာက ဘယ်လိုကိစ္စပဲရှိနေပါစေ ဖန်းလိက သူ့ကိုယ်သူ ယောက်ျားသားတစ်‌ယောက်နဲ့အတူအိပ်ဖို့ တိုက်တွန်းမှာမဟုတ်ဘူး။ ကံကောင်းတာက သူတစ်ချိန်လုံး ရှဲ့ဟိုင်နဲ့ အတူရှိနေစရာ မလိုတာပါပဲ။

ဒီအပိုင်းက တစ်လလောက်ကြာတယ်။ ပြီးတော့ ဒီစာအုပ်ထဲမှာ အဲ့လိုမျိုးအဖြစ်အပျက်တွေရဲ့ သရုပ်ဖော်ရေးသားချက်တွေက အများကြီးရှိတဲ့ပုံပါပဲ။ ဒါပေမဲ့ အသေးစိတ်ဖော်ပြထားတာကတော့ ညအချို့လောက်ပါပဲ။ တကယ်တော့ ဒါက ငါ့ရဲ့အချိန်ကို အများကြီး ယူလိုက်တာတော့မဟုတ်ပါဘူး။ ဒါဟာဆိုရင် ဝတ္ထုနဲ့ တကယ့်လက်တွေ့မှာရှိတဲ့ ကွာခြားချက်က အချစ်ဆိုတဲ့ အရာကြီးက ဘဝတစ်ခုလုံးမဟုတ်ဘူးဆိုတာပါပဲ။

မှတ်ဖို့လိုတာတစ်ခုက မော့ကျွင်းက ယုရီကျင်းရဲ့အခန်းထဲမှာ ညတိုင်း တရစ်ဝဲဝဲ‌နေပြီး ပြန်ဖို့ကို မေ့နေတယ်ဆိုတဲ့ ဝတ္ထုထဲက ရေးသားထားတဲ့ စာသားတွေပါပဲ။

ရှဲ့ဟိုင်နဲ့အတူနေရမဲ့အချိန်ရောက်လာတဲ့ပုံပဲ။ ဒါက ကြီးမားတဲ့ပြဿနာတော့မဟုတ်ပါဘူး။ သာမန်အခန်းဖော်တွေလိုပါပဲ။ ရှဲ့ဟိုင်ကလည်း စကားများကြီးပြောမဲ့ပုံမပေါ်ဘူး။ ငါသူ့ကိုရန်မစသရွေ့ ရှဲ့ဟိုင်လည်း ရန်လုပ်မှာ မဟုတ်ပါဘူး။

ဖန်းလိက ဒီလိုတိတ်ဆိတ်ပြီး ရန်မရှာတဲ့ ကျေနပ်စရာကောင်းတဲ့ အခန်းဖော်ကို တွေ့ရတာက ရှားပါးတာပဲ။

ဖန်းလိက ရှဲ့ဟိုင်အတွက် ဘေးခန်းမဆောင်ကို ရှင်းဖို့ပြောလိုက်တယ်။ ဒီအချိန်အတွင်း တစ်ညလုံး သူဒီမှာနေဖို့ လိုအပ်တဲ့ပုံပဲ။ ဘေးခန်းမဆောင်က ပရိဘောဂတွေအားလုံးက အကောင်းဆုံးတွေပဲ။ ဒါကြောင့် သူလိုချင်တာ ဘာမဆို သူလုပ်နိုင်တယ်။ တကယ်တော့ ဖန်းလိက သူ့ကိုယ်သူမှားယွင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိရုံပဲ။

အားလုံးကအဆင်သင့်ဖြစ်နေပြီ။ တဖြည်းဖြည်းနဲ့လည်း မှောင်လာပြီဆိုတော့ ဖန်းလိက ထလိုက်ပြီး ထွက်သွားလိုက်တယ်။

Systemက သူမျက်နှာမှာ ချောင်းစီးသလို ဖြစ်တဲ့ထိ မျက်ရည်ကျနေတယ်။ သူက hostက သွားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ တွေးမိလုနီးပါးဖြစ်သွားတယ်။ ဒါပေမဲ့ သူမမျှော်လင့်ထားတာက hostက ဇာတ်ကွက်ကို လိုက်နာဖို့ မမေ့ဘူးဆိုတာပဲ။

[ဖန်းလိက ရယ်လိုက်ပြီး–ငါ မသွားတော့ဘူးလို့ မင်းထင်လိုက်တယ်ပေါ့]

[Systemကလှောင်ပြုံးပြုံးလိုက်ပြီး–ငါမတွေးပါဘူး။ အဲ့ဒါက ဘာလို့လဲဆိုရင် မင်းက ဒီ့မတိုင်ခင်တုန်းက ဇာတ်ကွက်တွေကို အချိန်တော်တော်များများမှာ မလိုက်နာခဲ့ဘူးလေ။ ပြီးတော့ သူတို့က အမှန်တရားကိုပဲပြောကြတာလေ။ ငါ့မှာ စိတ်ပညာဆိုင်ရာ သိမြင်မှု ရှိတယ်။]

ဘယ်သူက systemတစ်ခုရဲ့ စိတ်ပညာအရ သိမြင်မှုကို ဂရုစိုက်တာကျလို့။

ဖန်းလိက ပြုံးပြီး ခေါင်းခါလိုက်တယ်။

သူကရှဲ့ဟိုင်နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အဲ့ဒါက အတူတူနေတယ်ဆိုရုံပဲလေ။ ပြဿနာတော့မရှိပါဘူး။ ပြီးတော့ အခြားသူတွေသိအောင် သရုပ်ဆောင်ဖို့ လိုရုံပဲလေ။ ဒါကြောင့် ဒီအပိုင်းကို ဖြုတ်လိုက်ဖို့က ခက်တယ်လေ။

အကယ်၍ ရှဲ့ဟိုင် ငါ့နားကို ရောက်လာရင် ငါဂရုမစိုက်ပါဘူး။ ငါ့ရဲ့ နှစ်သက်မှုတွေကိုလည်း သူ့ကို ဘယ်လိုမြှပစရာမလိုဘူးလေ။

တကယ်တော့ မကြာခင်မှာ ငါရှဲ့ဟိုင်ကို ချစ်မိသွားလိမ့်မယ်။ ပြီးတော့ သူ့ရဲ့တဏှာရာဂတွေကြောင့် ငါမျက်ကန်းလိုဖြစ်သွားလိမ့်မယ်။ လူတွေရဲ့ ယုံကြည်မှုကို ရဖို့အတွက် ခက်ခဲလွန်းပါတယ်။

သာမန်အားဖြင့် နတ်ဆိုးနန်းတော်က အရမ်းကိုမှ အခွံလွတ်လို ဗလာသပ်သပ်ဖြစ်နေတယ်။ နတ်ဆိုးဘုရင်ကလွဲလို့ပေါ့။ သူ့ကိုခစားဖို့ နတ်ဆိုးအစေခံတွေကလည်း နည်းနည်းပဲရှိတယ်။ ဒါကြောင့် ဘေးခန်းမဆောင်တွေက လစ်လပ်နေပြီး အခုတော့ သန့်ရှင်းသပ်ရပ်နေပြီး ပစ္စည်းအများကြီးကိုလည်း ထပ်ထည့်ထားတယ်။ အသက်ရှုနေတဲ့ သက်ရှိအချို့သာလျှင် ရှိတယ်။

ဖန်းလိ ခြံဝန်းထဲကို ခြေချလိုက်တာနဲ့ တပြိုင်နက် သူ့ခြေထောက်နားမှာ လွှင့်ပစ်ခံရတဲ့ပစ္စည်းတစ်ခုက ကျလာတယ်။ အဲ့ဒါဟာဆိုရင် အစိတ်စိတ်အမွှာမွှာကွဲကြေနေတယ်။

သူက သူ့ရဲ့မျက်လုံးကို ငုံ့ပြီးကြည့်လိုက်တယ်။ အဲ့ပစ္စည်းက အစိုဓာတ်ရှိနေသလို အပြစ်အနာအဆာကင်းတဲ့ ကျောက်စိမ်းအပိုင်းအစလေးပဲ။ ဒါက ဈေးကြီးတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျောက်စိမ်းကောင်းမှန်းသိနိုင်တယ်။ သနားစရာကောင်းတာက သူ့ရဲ့ မူလပုံစံဘယ်လိုရှိလဲဆိုတာ မသိနိုင်တော့တာပဲ။ သူ့ဘေးမှာဆိုရင် ကြာပွတ်တွေ အနီရောင်ကြိုးတွေ ခေါင်းလောင်းတွေ ပြန့်ကျဲနေတယ်။ ပြီးတော့ သံကြိုးတွေရောပေါ့။

ဖန်းလိက ခန့်မှန်းမိလိုက်တယ်။အဲ့ကျောက်စိမ်းက ဘာလုပ်တဲ့အရာလဲဆိုတာကို။ သူ့လက်သီးဆုပ်ကို နှုတ်ခမ်းနားမှာထားလိုက်ပြီး အနည်းငယ် မသက်မသာဖြစ်တာကိုခံစားလိုက်ရတယ်။ သူ့အမူအရာကို အလိုက်သင့်ပြောင်းလိုက်ပြီး အေးစက်တဲ့ အမူအရာနဲ့ လျှောက်လာလိုက်တယ်။

သူဝင်လာတာကိုတွေ့တော့ အနက်ရောင်ဝတ်စုံကို ဝတ်ထားတဲ့ နတ်ဆိုးအစေခံနှစ်ယောက်က ဒူးထောက်လိုက်ပြီး တုန်ရီစွာနဲ့ "အရှင် ...သခင်ယုရီက ကျွန်တော်မျိုးမတို့ အနားကပ်လာမှာကို ငြင်းပယ်နေပါတယ်။"

ရှဲ့ဟိုင်က ကုတင်အစွန်းမှာ ထိုင်နေတယ်။ သူ့ခန္ဓာကိုယ်ကသွယ်လျပြီး ဖြောင့်မတ်နေတယ်။ သူ့ကိုယ်ဟန်ကတည်ငြိမ်နေပြီး အေးဆေးစွာထိုင်နေခဲ့တယ်။ သူသာ သခင်ဖြစ်မယ်ဆိုရင် ဧည့်သည်တွေကို အလိုရှိမှာတောင်မဟုတ်ဘူး။

သူ့က သူ့မျက်လုံးတွေကို အနည်းငယ် လှိမ့်လိုက်ပြီး ဖန်းလိရဲ့ နွေးထွေးမှုအနည်းငယ်တောင်ရှိမနေတဲ့ အေးစက်ပြီး နက်ရှိုင်းတဲ့ အနက်ရောင်မျက်ဝန်းတွေကို ကြည့်လိုက်တယ်။

နတ်ဆိုးအစေခံက ဒူးထောက်နေပြီ သူ့ခေါင်းကိုတောင်မဖော်ရဲ‌လောက်အောင် တုန်ရီလို့နေတယ်။ အရှင့်ရဲ့ အချစ်တော်ဖြစ်တဲ့အတွက်ကြောင့် သူက ဂရုတစိုက်နဲ့ လေးကျင့်ပေးခံရဖို့လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဆထာက်ပြလို့နေတယ်။ သူသာ အဆင်သင့်ဖြစ်မယ်ဆိုရင် အရှင်က သဘောကျနှစ်ခြိုက်မိမှာ။ ဒါပေမဲ့ ရှဲ့ဟိုင်က သူ့အခြေခံကျင့်ကြံဆင့်တွေကို ဆုံးရှုံးသွားတာတောင်မှ  ခေါင်းမာနေတုန်းပဲ။ သူတို့က သူ့ကို မကြောက်ပေမဲ့လည်း သူ့ကို ပြင်းပြင်းထန်ထန်ကြီးဆက်ဆံလိုက်လို့မရဘူး။ အရှင့်ရဲ့ အချစ်တော်လေးကို နာကျင်အောင် ဖိအားမပေးရဲကြဘူး။ ဒါကြောင့် သူတို့က မတိုးသာမဆုတ်သာ အခြေအနေမျိုးဖြစ်နေတာ။

သူတို့အရှင်ကို ဒီလိုအခြေအနေမျိုးကိုသာ မြင်ခွင့်ပေးလိုက်ရင် သူတို့တွေတော့ မျိုးတုန်းသွားမှာ။

သူတို့အရှင် အတိတ်က ပြုလုပ်ခဲ့တဲ့လုပ်ရပ်ကို တွေးကြည့်မယ်ဆိုရင် သူတို့တွေက ‌သေးထွက်ကျလောက်အောင် တုန်လှုပ်နေတယ်။

ဖန်းလိရဲ့နှုတ်ခမ်းထောင့်တွေက အနည်းငယ် မြင့်တက်လာပြီး ဒီအပိုင်းက အနည်းငယ်အေးစက်ပြီး ရက်စက်တယ်။ သူ့အန္တရာယ်ရှိတဲ့ မျက်ဝန်းတွေက ရွှန်းလဲ့နေပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။ "အသုံးမကျတဲ့အမှိုက်တွေ မင်းတို့တွေ ဒါကို ကောင်းကောင်းမလုပ်နိုင်ဘူးဆိုလည်း ထွက်သွားကြစမ်း"

နတ်ဆိုးနှစ်ကောင်က သက်ပြင်း ချလိုက်ပြီး သက်သာရာရသွားကြတယ်။ သူက သူတို့အသက်ကို ကယ်ခဲ့တာပဲ။ ပြီးတော့ သူတို့တွေက လှိမ့်ပြီး တွားသွား သွားကာ ပြေးထွက်သွားကြတယ်။ ရှဲ့ဟိုင်အတွက်ကတော့ သူက အရှင့်ကို ဒေါသထွက်အောင်လုပ်ခဲ့တာပဲ။ အရှင်သာ အဲ့ဒါကို သူကိုယ်တိုင်လုပ်ရမယ်ဆိုရင် အရှင်က သူ့ဘဝကို သေတာထက်ဆိုးအောင် သေချာပေါက်ကို လုပ်လိမ့်မယ်။

နတ်ဆိုးအစေခံတွေထွက်သွားပြီးတဲ့နောက်မှာ ဖန်းလိက သူ့လက်အဝှေ့တစ်ချက်နဲ့တင် တံခါးကို ပိတ်လိုက်တယ်။ သူနဲ့ရှဲ့ဟိုင်သာလျှင် အခန်းထဲမှာ ကျန်တော့တယ်။

သူကခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ရှဲ့ဟိုင်ကို ကြည့်လိုက်တယ်။

ရှဲ့ဟိုင်ကလည်း ဒေါသကော ကြောက့်ရွံ့ခြင်းကော မပါတဲ့ သူ့ကို အချိန်အကြာကြီးစောင့်နေသလိုမျိုး ကြည့်နေခဲ့တယ်။

ဒါပေမဲ့ ဖန်းလိက ရှေ့ဆက်မတိုးခဲ့ဘူး။

သူကိုယ်တိုင် ဇာတ်ကွက်ကို ပြောင်းလိုက်ခြင်းက ရှဲ့ဟိုင်ကို အပြည့်အဝမဖျက်ဆီးစေခဲ့ဘူး။ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ အာမခံချက်မရှိပေမဲ့လည်းပေါ့။ မူရင်းဝတ္ထုမှာဆိုရင် ရှဲ့ဟိုင်က အဲ့အ‌ခြေအနေမှာ သူ့ရဲ့ကျင့်ကြံဆင့်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့တယ်။ ရှဲ့ဟိုင်မှာ ဝှက်ဖဲနဲ့ ထူးခြားချက်တွေရှိရမယ်။ အဓိက ဇာတ်ကောင်ဟာဆိုရင် သဘာဝအရကို တခြားသူတွေနဲ့ ကွဲပြားနေတယ်။ မလုပ်ဆောင်ခင်မှာ ရှဲ့ဟိုင်က အမြဲဆုံးဖြတ်ချက်ချတယ်။ ဖန်းလိက ရှဲ့ဟိုင်ကို ဘယ်တော့မှ အထင်မသေးဘူး။ ဝိဉာဉ်ပိတ်လောက်ခြင်းစည်းတံဆိပ်က စိတ်ချရတာတောင်မှပေါ့။

ဝိဉာဉ်ပိတ်လောက်ခြင်းစည်းတံဆိပ်က အထောက်အကူဖြစ်ပေမဲ့လည်း ရှဲ့ဟိုင်က အဲ့ဒါကို ဆန့်ကျင်ပြီး ထိန်းချုပ်ထားနိုင်တယ်။ ဖန်းလိက ရှဲ့ဟိုင်ကော ရှဲ့ဟိုင်ရဲ့ ကျရှုံးခြင်းကိုကော မမြင်ချင်ဘူး။

ဒါပေမဲ့ ရှဲ့ဟိုင်နဲ့လည်း အတွင်းကျကျ မပက်သတ်ချင်ဘူး။ တကယ်တော့ ငါ့မှာ အချိန်တစ်ခုလောက်ထိ အေးအေးချမ်းချမ်းနေထိုင်ဖို့ အခြေအနေတွေ ရှိတယ်။

သူ့ဘဝကို လုပ်ကြံသတ်ဖြတ်ဖို့ စွန့်စားတာနဲ့ ယှဉ်လိုက်မယ်ဆိုရင်ပေါ့။ တကယ်လို့ သူစည်းတံဆိပ်ကို ဖျက်ဆီးပစ်ပြီး သူ့ဘာသာသူ သတ်လိုက်မယ်ဆိုရင် သူနိုင်နိုင်ချေမြင့်သွားပြီ။ ဒီနှစ်ခုလုံးကြားက ခြားနားချက်က အချိန်ပဲ။ သူရှဲ့ဟိုင်ကို ပြင်းအားများများမပေးသရွေ့ သူက တော်တဲ့သူဖြစ်တဲ့အတွက်ကြောင့် သဘာဝအရကို သူ့အကျိုးအတွက် သူဘာလုပ်ရမလဲဆိုတာကို သိတယ်။

ငါ့အတွက်ကတော့ ရှဲ့ဟိုင်ဆီကို ခံစားချက်တစ်ခုဖြစ်အောင်လုပ်ပေးဖို့ပဲ။အဲ့ဒါက ငါကိုယ့်ငါ သတ်ခြင်းကို ဖြည်းဖြည်းချင်းလုပ်သွားဖို့ပဲ အလျင်စလိုမဟုတ်ဘူး။ 

ဒီကမ္ဘာနှစ်ခုလုံးရဲ့ အကောင်းဆုံးတွေကိုရဖို့ နည်းလမ်းရှိရင် ဘာလို့နှောင့်ယှက်နေတော့မှာလဲ။

ဖန်းလိက အထင်အမြင်သေးစွာနဲ့ ကြမ်းပြင်ပေါ်က ကစားစရာတွေကို ကြည့်လိုက်တယ်။ ပုံမှန်အတိုင်းပြုံးလိုက်ပြီး စနောက်နေတဲ့လေသံနဲ့ပြောလိုက်တယ်။ " သခင်လေးရှဲ့ဟိုင်က နှစ်တစ်ထောင်မှာတောင်မှ ရှားပါးတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်လို့ လူတိုင်းကပြောကြတယ်။ အချိန်ပေးသရွေ့ အမတမသေမျိုးအစစ်အမှန် ဖြစ်လာလိမ့်မယ်တဲ့။ ယန်ကျန်းချီးတင်မကဘူး ကျန်းတောင်တောင်မှ မင်းကို ဂုဏ်ယူနေကြပြီး လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သတ်မှတ်ကြတာ။ တကယ်လို့ မင်းက ငါကိုယ်တော်ရဲ့ အချစ်တော်လေးဖြစ်လာခဲ့တာသာ သူတို့သိရင် အဲ့ချိန်မှာ သူတို့တွေ အရမ်းကြည့်လို့ကောင်းနေမှာပဲ။"

(T/N-ကျန်းတောင်က အမှန်တရားကို ကျင့်သုံးတဲ့လူတွေပါ)

ရှဲ့ဟိုင်ရဲ့ အမူအရာက မပြောင်းလဲဘဲရှိနေတယ်။ ဒါက ဖန်းလိက သူ့ဘက်မှာ သူ့ကိုထားရတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ သူအရင်က ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲ။ ဒါပေမဲ့ သူကိုယ်တိုင် ဒါကိုပြောတာကို ကြားလိုက်ရတယ်။ သူနည်းနည်းလေးမှ မအံ့သြသွားဘူး။

"အခုတော့ မင်းက ငါအရှင်ရဲ့လက်ထဲမှာပဲ။ အနာဂတ်က ရှည်လျားလိမ့်မယ်။ ငါကိုယ်တော်မှာ မင်းကို နာခံအောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။" ဖန်းလိက ရှဲ့ဟိုင်ကို ကြည့်လိုက်တယ်။ သူ့အသံက အဓိပ္ပာယ်တွေ ပြည့်နှက်နေတယ်။ "မင်းသေချာစဉ်းစားပါ။ ဝိုင်ကောင်းကိုသောက်ပြီးအမြည်းစားမလား"

ဒါကို ချိန်းခြောက်တယ်လို့ ယူဆလို့ရတယ်။

(T/N- ဒီဝိုင်သောက်ပြီး အမြည်းစားတယ်ဆိုတာက တရုတ်စကားပုံပါ တစ်စုံတစ်ယောက်ကို ချိန်းခြောက်တဲ့နေရာမှာသုံးတာပါ။ အတိအကျတော့ ကိုယ်လည်းမသိလို့ပါ)

ရှဲ့ဟိုင်က သူ့ရှေ့ကလူရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေကို ကြည့်လိုက်တယ်။ သူ့ပါးစပ်ကသာ အဲ့လိုစကားလုံးတွေပြောနေပေမဲ့ သူ့ရဲ့မျက်လုံးတွေက တည်ငြိမ်နေပြီး လူသတ်ဖို့ရည်ရွယ်ချက်တောင်မပါပဲ ခပ်ပေါ့ပေါ့လေးဖြစ်နေတယ်။ ဒါက ချိန်းခြောက်တာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့နှလုံးသားကို စိတ်ချဖို့ အားပေးသလိုပဲ။ "အနာဂတ်က ရှည်လျားလိမ့်မယ်"တဲ့ ဒါက စဉ်းစားစရာပဲ။

ဒီအကြံက ရှဲ့ဟိုင်ကို ရယ်ချင်ဖွယ်ခံစားရစေတယ်။ သူကိုယ်တိုင် လိုလိုလားလားနဲ့ စောင့်နေတာများ ဖြစ်နေမလား? ဒီဘဝမှာ ငါ မစောင့်နိုင်တော့မှာကို စိုးရိမ်မိတယ်။

ဒါက သူ့ရဲ့ စစ်မှန်တဲ့ စကားလုံးတွေ မဟုတ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အနည်းဆုံးတစ်ခုကတော့ သေချာနေတယ်။ သူ့ဆီကို ရည်ရွယ်တာ မဟုတ်ဘူး။ ပြီးတော့ သဘာဝကျကျကိုပဲ သူ့ကို ဘာမှလုပ်ချင်တာမဟုတ်ဘူး။

ဖန်းလိ ပြောပြီးသွားတဲ့ချိန်မှာ ရှဲ့ဟိုင် ဘယ်လိုတွေးသလဲဆိုတာကို ဂရုမစိုက်ဘူး။ရှဲ့ဟိုင် ပြန်ဖြေဖို့ကိုလည်းမလိုအပ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူဘယ်လောက်ပဲပြောပြော ရှဲ့ဟိုင်က ယုံမှာမှမဟုတ်တာ။ ခုချိန်မှာ ရှဲ့ဟိုင်က သူ့ကို သေအောင်မတိုက်ဘူးဆိုရင် သူ့(ဖန်းလိ)ရည်ရွယ်ချက်က ပြည့်သွားတာပဲ။

ဖန်းလိက စားပွဲရှေ့မှာထိုင်လိုက်တယ်။ အမွှေးထွန်းခွက်ကို ဖွင့်လိုက်ပြီး အမွှေးခဲကို လောင်ကျွမ်းပစ်လိုက်တယ်။
ဒါဒုတိယအကြိမ်ပဲ။ မိရှောင်အမွှေးခဲဖြစ်တယ်ဆိုတာ ရှဲ့ဟိုင်သိရမယ်။ ဖန်းလိက  ရှက်နေတာတွေမရှိဘဲ သူ့ရှေ့က မိရှောင်ဘူးကို ဖြည်းဖြည်းချင်းမလိုက်တယ်။

(T/N- မိရှောင်က ပျားရည်ရနံ့လို့ အဓိပ္ပာယ်ရပါတယ်နော်။)

ရှဲ့ဟိုင်က သူ့မျက်ခွံတွေကို နှိမ့်လိုက်တယ်။ သူ့မျက်ဝန်းထဲက လှောင်ပြောင်သရော်မှုတွေကို ထိန်းချုပ်ထားလိုက်တယ်။ ပြီးတော့ ဖြည်းဖြည်းချင်း သူ့မျက်လုံးတွေကို ပိတ်လိုက်တယ်။

ခဏကြာပြီးတဲ့နောက် ဖန်းလိက ခေါင်းကိုလှည့်လိုက်ပြီး အဲ့လူအိပ်ပျော်နေပြီဆိုတာကို တွေ့လိုက်တယ်။ သူဖြည်းဖြည်းလေးထလိုက်ပြီး လျှောက်လာလိုက်တယ်။ သူ့ရဲ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး ရှဲ့ဟိုင်ရဲ့ လက်ကောက်ဝတ်ကို ကိုင်ကာ အိပ်ယာထဲထည့်လိုက်တယ်။

ဒီအိပ်ယာက ကျယ်ပြီးတော့ နူးညံ့တယ်။ လေးယောက်အိပ်မယ်ဆိုရင်တောင် ပြဿနာမရှိဘူး။ ဖန်းလိက သူ့အချစ်တော်အခန်းထဲမှာ ကုတင်နှစ်ခုမထည့်ဘူး။ တစ်လကျော်ကျော်လေး အိပ်ဖို့ နေရာတစ်ခုပဲလေ။ ဟုတ်တယ်မလား? ဒါကြောင့် ရှဲ့ဟိုင်နဲ့ လုပ်နိုင်တယ်။

မဟုတ်ဘူး။ ဒါက အိပ်ယာကြီးရဲ့ ရောင်ပြန်ဟပ်မှုပဲ။

ဖိလိက အိပ်ယာကို ခပ်ဖွဖွလေး ပုတ်လိုက်တယ်။ သူ့အင်္ကျီကို တင်ထားလိုက်ပြီး လှဲချလိုက်တယ်။ မျက်လုံးကို မှိတ်လိုက်ပြီး အိပ်ဖို့ပြင်လိုက်တယ်။

System:......hostက ကောင်းကောင်းအိပ်နိုင်တာပဲ။ စိတ်အခြေအနေကောင်းပုံရတယ်။

ရှဲ့ဟိုင်က ဖန်းလိဆွဲလိုက်တဲ့အတိုင်း တစ်ဖက်တစ်ချက်မှာ တိတ်ဆိတ်စွာ အမူအရာမဲ့ လဲလျောင်းနေတယ်။ ဖန်းလိသူ့ကို ထိလိုက်တဲ့အချိန်လေးမှာပဲ သူကလှုပ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ တိုတောင်းလှတဲ့ အကွာအဝေးတစ်ခုအတွင်းကိုပေါ့။

ဒါပေမဲ့ တစ်ဖက်လူရဲ့ အေးစက်တဲ့ လက်ချောင်းထိပ်လေးတွေက သူ့ကိုအလျင်အမြန် ထိရုံသာထိပြီး ဖယ်လိုက်တယ်။ အမြန်နှုန်းကဆိုရင် စိတ်ရဲ့လှည့်စားမှုလို့တောင် တွေးလို့ရလောက်တယ်။ အပေါ်ယံအထိအတွေ့သာကျန်ခဲ့တယ်။ သက်ရှိလူတစ်ယောက်လိုမဟုတ်ဘဲ ရေခဲလို အေးစက်နေခဲ့တယ်။

ချက်ချင်းဆိုသလို တစ်ဖက်လူက လှုပ်ရှုးခြင်းမရှိဘဲ သူ့ဘေးမှာ လှဲချလိုက်တယ်။

သူရဲ့အားပျော့တဲ့ အသက်ရှူခြင်းကြောင့်သာမဟုတ်လျှင် သူ့ဘေးမှာ လှဲနေတာက အလောင်းကောင်ကြီးလို့ ရှဲ့ဟိုင်ထင်မိမှာပဲ။

ဒီလူဘယ်နေရာကိုသွားသွား ဘေးကလူတွေကို ကြောက်ရွံ့ခြင်းနဲ့ သေဆုံးခြင်းသာလျှင် ယူဆောင်လာတယ်။ ဒါကြောင့် လူတွေက သူ့ရဲ့  မကျန်းမာပုံပေါက်နေတဲ့ ဖြူဖျော့နေတဲ့မျက်နှာရယ်၊ အေးစက်ပြီး ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်ရယ်ကို ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး။ သူကသာ သူကိုယ်တိုင် သေခြင်းတရားပေါ် လမ်းလျှောက်နေရတဲ့ပုံပဲ။

..................................................................

ဖန်းလိက အစပိုင်းတော့ ခပ်ရေးရေးသာ အိပ်ပျော်ခဲ့တယ်။ တကယ်တော့ သူဘေးက အိပ်နေတဲ့လူနဲ့အတူ နေခြင်းက စိတ်အေးအေးနေဖို့ မကောင်းနေဘူး။ ဒါပေမဲ့ အိပ်ယာက အလွန်နူးညံ့တာကြောင့်ဖြစ်ရမယ်။ ဒီအခန်းထဲက အမွှေးနံ့သာကလည်း အလွန် သက်တောင့်သက်တာရှိတယ်။ အိပ်ဆေးသောက်ထားသလိုပဲ။

သူနိုးလာတဲ့အခါမှာတော့ သူ့ဘေးကိုကြည့်လိုက်တယ်။ရှဲ့ဟိုင်က သူ့ထက်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ပုံပဲ။ ဆေးရဲ့အကျိုးသက်ရောက်မှုက မအောင်မြင်တဲ့ပုံပဲ။ ဒါကြောင့် ဖန်းလိက စိတ်သက်သာရာ ရသွားတယ်။

သူထလိုက်ပြီး အပြင်က အစေခံတွေကို အစားအသောက်တွေ ယူလာဖို့ အမိန့်ပေးလိုက်တယ်။

တစ်ခန်းလုံး အစားအစာတွေနဲ့ ပြည့်နှက်သွားတဲ့အခါမှာတော့ ဖန်းလိက မနက်စာစားဖို့ ရှဲ့ဟိုင်ကို စောင့်မနေတော့ဘူး။ သူတစ်ယောက်တည်း စားလိုက်တယ်။ ပြီးတော့ ရှဲ့ဟိုင် နိုးတာကို မစောင့်ဘဲ ထွက်သွားလိုက်တယ်။

အရေးကြီးတာက အခန်းဖော်နဲ့အတူ သဟဇာတဖြစ်အောင် နေထိုင်ဖို့ပဲ။ ယောက်ျားလေးအခန်းဖော်ကို အဆင်မပြေဖြစ်အောင် မလုပ်ရဘူး။ သင့်လျော်တဲ့ အကွာအဝေးကနေ ထိန်းထိန်းသိမ်းသိမ်းနေရမယ်။

ဖန်းလိက မနက်အစောကြီးထသွားပြီး ညနေနောက်ကျမှ ပြန်လာတယ်။

မနက်စာစားပြီးတဲ့နောက်မှာ ငါရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို လုပ်တယ်။ အချိန်ဖြုန်းတယ်။ သဘာဝကျကျ အလုပ်မှာ ဝူရိမေ့တင်ပြတာတွေကို နားထောင်တယ်။ ပြီးတော့ ညနေစာစားပြီးတဲ့နောက်မှာ ရှဲ့ဟိုင်ရှိတဲ့နေရာကို ပြန်လာခဲ့တယ်။

ဖန်းလိရဲ့ အမိန့်အရ သူတို့အရှင်က ပိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး ရှဲ့ဟိုင်ကို တခြားသူတွေ ထိတာမကြိုက်ဘူးဆိုတာကို လူတိုင်းသိတယ်။ ဒါကြောင့် ဘယ်သူကမှ ရှဲ့ဟိုင်ကို အနှောင့်အယှက်မပေးရဲဘူး။ ဘယ်သူကမှလည်း ဘေးခန်းမဆောင်နား နီးနီးကပ်ကပ် မသွားရဲကြဘူး။

ဒီအချိန်လေးမှာပဲ သူတို့နှစ်ယောက်က ဖန်းလိ ထင်ထားခဲ့သလို ဖြစ်လာတယ်။ သူတို့နှစ်ယောက်က အေးအေးဆေးဆေးနေထိုင်တယ်။တစ်ယောက်ကိုတစ်ယောက် ဧည့်သည်တွေလို ဆက်ဆံတယ်။

အမွှေးခဲကို မီးညှိတယ်။ အိပ်ယာဝင်တယ်။ အိပ်ယာထတယ်။ ထွက်သွားတယ်။ ပြန်လာတယ်။ အမွှေးခဲ မီးညှိတယ်။ အိပ်ယာပြန်ဝင်တယ်...... သူတို့မှာ လုံးဝကိုရှက်ရွံ့မှု‌တွေကို ရှောင်ရှားပြီး အဆက်အဆံမရှိလုနီးပါးပဲ။

မျက်စိတစ်မှိတ်အတွင်းမှာ ငါးရက်တာ ကုန်ဆုံးသွားတယ်။

အဲ့ညမှာ ဖန်းလိက ရှဲ့ဟိုင်အခန်းကို ပြန်လာခဲ့တယ်။ သူတဖြည်းဖြည်းနဲ့ သူ့အတွက် သက်တောင့်သက်သာအဖြစ်ဆုံး နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ကျွမ်းကျင်တဲ့တီးခေါက်မှုတစ်ခုက ရှဲ့ဟိုင်ကို ကြက်သေသေသွားသလို မှင်တက်စေခဲ့တယ်။ သူက သူ့ရဲ့လက်ထဲကနေ ပုံပြင်စာအုပ်လိုလို အတ္ထုပ္ပတ္တိလိုလို စာအုပ်မျိုးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ဖြည်းဖြည်းချင်း ဖတ်နေတယ်။ ထလိုက်ပြီး အိပ်ယာမဝင်ခင် အိပ်မပျော်ခင်ထိစောင့်နေလိုက်တယ်။ ဖုန်းတွေ ကွန်ပြူတာတွေ မရှိတာကလွဲလို့ အချိန်ခရိးမသွားခင် တင်းကြပ်တဲ့အချိန်ဇယားနဲ့အတူ အနားယူတာကော အလုပ်လုပ်တာကောက ခုပုံစံနဲ့ အတူတူနီးပါးပဲ၊

တဖြည်းဖြည်းနဲ့ ဖန်းလိက သူ့ကိုသူ ကျေနပ်လာတယ်။  ဒါပေမဲ့ သူ တနေ့မှာရဒီကမ္ဘာကြီးရဲ့ အရှင်သခင်ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး။ သူက သူ့ရဲ့ အဆင့်အတန်းကို မသမာတဲ့နည်းနဲ့ ရယူခဲ့တဲ့တစ်ဦးတည်းသော သူပဲ။

တကယ်တော့ ဒီလိုအရာတွေက ရှေးခေတ်ကတည်းက အံ့သြမှုတွေပေါ်မှာသာ အမှီပြုခဲ့တယ်။ ဒုက္ခသည်တွေရှေ့မှာ ဘယ်သူက အဲ့လိုဆက်ဆံလိမ့်မှာလဲ?

သူကအနည်းငယ် ကျော်လွန်သွားသလို ခံစားလိုက်ရတယ်။

ဖန်းလိက အမွှေးခဲကို မီးရှို့ပြီး ရှဲ့ဟိုင်ဘေးမှာ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာနဲ့ ဝင်လှဲလိုက်တယ်။ သူက ညများစွာကို အန္တရာယ်ကင်းကင်းနဲ့ ကုန်ဆုံးခဲ့တယ်။ သူကအမွှေးနံ့သာခဲ့ရဲ့ အကျိုးသက်ရောက်မှုကိုရရရှိခဲ့တယ်။ ငါမကြာခင် အိပ်ပျော်နိုင်တော့မယ်။ ငါ့ဘေးကလူတွေမှာ ပြန်လည်လန်းဆန်းစေတဲ့ ရနံ့တွေရှိတယ်။ ဥပမာ နှင်းတွေ ဖုံးလွှမ်းနေတဲ့တောင်တွေလို အသက်ရှူသံတွေနဲ့ပေါ့။အဲ့ဒါက အေးပေမဲ့လည်း လူတွေကို မပြောပြတတ်လောက်အောင် ငြိမ်းချမ်းစေတယ်။

ဖန်းလိက လွယ်လွယ်ကူကူ အိပ်ပျော်သွားတယ်။

သူက လေတွေနှင်းတွေထဲ တစ်ယောက်တည်း လမ်းလျှောက်နေခဲ့တယ်။ ဘေးပတ်လည်မှာလည်း မြူနှင်းဖြူတွေကြား လူမနေတဲ့ အဆောင်အအုံမြင့်တွေက အများအပြားနဲ့ ဝန်းရံလို့နေတယ်။ အဲ့အဆောက်အအုံတွေက ရက်စက်ကြမ်းကြုတ်တဲ့ မီးခိုးရောင် ထောင့်စွန်းတွေကို ပြသလို့နေတယ်။ သူ့ရဲ့ခြေထောက်အောက်က လမ်းကိုလည်းမမြင်နိုင်ခဲ့ဘူး။ သူ့အိမ်ကဘယ်မှာရှိလည်းဆိုတာကိုလည်း သူမမှတ်မိခဲ့ဘူး။ သူဒီမှာဘာလို့ရှိနေပြီး ဘာကြောင့်အိမ်ပြန်ရမလဲဆိုတာလည်း သူမသိဘူး။ သူအချိန်အကြာကြီး အဲ့ဒါကို စဉ်းစားပြီးတဲ့နောက်မှာ သူနောက်ဆုံးတော့ မှတ်မိသွားပြီး သူ့ကို အိမ်မှာ ဘယ်သူမှစောင့်မနေဘူးဆိုတာ။

သူအနောက်ကို ပြန်သွားမလား မသွားဘူးလားဆိုတာက ခြားနားမှုမရှိခဲ့ဘူး။

အဖြူရောင် မြူနှင်းတွေကြားမှာ လေတိုက်သံတွေက တဝေါဝေါနဲ့ တိုက်ခတ်နေကြတယ်။ သူက အင်္ကျီပါးပါးလေးကိုသာ ဝတ်ဆင်ခဲ့ကြတယ်။ သူ့ဆီကို ဖြတ်တိုက်လာတဲ့ အပူချိန်ကို နည်းနည်းချင်းစီခံစားလာရတယ်။ သူက အစပိုင်းမှာ အရမ်းအေးနေပေမဲ့ တဖြည်းဖြည်းနဲ့ အအေးဓာတ်ကိုတောင် မခံစားရတော့ဘူး။

သူတွေးလိုက်တယ်။ရှိပါစေတော့..

ဘယ်လိုပဲဖြစ်ဖြစ် သူဘယ်နေရာကို သွားသွား ကွာခြားချက်မှမရှိတာ။ ဘာကြောင့် အင်အားကို ဖြုန်းနေတော့မှာလဲ။

ဒီလိုပဲမေ့လိုက်ပါတော့။ ပြီးတော့ ငါအနည်းငယ် စိတ်မပါသလိုမလိုလားသလို ခံစားနေရတယ်။

ဖန်းလိက အစွန်းတစ်ခုပေါ်မတ်တပ်ရပ်နေပြီး အချိန်တစ်ခုထိ တွေးနေလိုက်တယ်။ ပြီးတော့ နောက်ထပ်ခြေတစ်လှမ်းလှမ်းဖို့လုပ်နေတယ်။ ခြေတစ်လှမ်းလေးပါပဲ။

မင်းဆက်မလျှောက်နိုင်တော့ဘူးဆိုရင် လှဲရုံသာလှဲနေလိုက်ပါတော့။

ဖန်းလိက အမှုမဲ့အမှတ်မဲ့ ရှေ့ကို ခြေလှမ်းမိလိုက်တယ်။ဒါပေမဲ့ မမျှော်လင့်စွာနဲ့  မြေကြီးပေါ် ခြေချမိသွားတယ်။ ရုတ်တရက် လဲကျမလိုဖြစ်သွားပြီး စမ်းချောင်းလေးထဲ ဝုန်းခနဲ ပြုတ်ကျသွားတယ်။ အခြားကမ္ဘာမှာလို ခေတ်မှီတဲ့ လေထု အနည်းငယ်တောင်ရှိမနေဘဲ နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေ ဝန်းရံထားတဲ့ စမ်းရေတွေက ကျိုက်ကျိုက်ဆူ ပူနေတယ်။

ဘယ်သူမှမရှိ၊ တိတ်ဆိတ်အေးချမ်းနေတယ်။ ကောင်းကင်ဘုံလိုပဲ။

ဒီကမ္ဘာကြီးက အရမ်းအေးပေမဲ့ ရေခဲနဲ့ နှင်းကမ္ဘာကြီးမှာ ရေပူစမ်းရှိတာ ဖြစ်ရမယ်။

အပူချိန်က သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာပြီး သူ့ရဲ့မလှုပ်မယှက်ဖြစ်နေတဲ့ သွေးကြောတွေကို နည်းနည်းစီ ရှင်သန်လာစေတယ်။ သူ့ရဲ့မာနေတဲ့ လက်ချောင်းတွေကလည်း တဖြည်းဖြည်း သတိပြန်လည်လာခဲ့တယ်။ သူက သူ့အနေအထားကို လွယ်လွယ်ပြောင်းလိုက်တယ်။ နှင်းရေခဲတွေကြားက ရေ‌ပေါ်မှာ သူ့ခေါင်းတစ်လုံးကိုသာ ဖော်ထားခဲ့ပြီး တစ်ကိုယ်လုံးကို ‌ရေပူစမ်းထဲ သက်တောင့်သက်သာရှိစွာ နစ်ထားခဲ့တယ်။
‌ဒီ‌နေရာက ဘာလဲဆိုတာ သူမသိဘူး။ဒါပေမဲ့ အနည်းငယ်တော့ မခွဲနိုင်မခွါရက်ဖြစ်နေပြီး ထွက်မသွားချင်ဘူး။
ဖန်းလိက နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ မူးနောက်နောက် အိပ်ပျော်နေခဲ့တယ်။ ရေရဲ့အပူချိန်က တဖြည်းဖြည်း ပိုပူလာတာကို သူခံစားမိလာတယ်။ အဲ့ဒါက ပွက်ပွက်ဆူတော့မဲ့အတိုင်းပဲ။
ဖန်းလိက သူ့ရဲ့ဝိုးတိုးဝါးတားဖြစ်နေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ နိုးသွားခဲ့တယ်။
ဖန်းလိ:"......"

[ဖန်းလိ- ဘာလို့မင်းငါ့ကို သတိမပေးခဲ့တာလဲ။ ငါ့ရဲ့အိပ်နေတဲ့ပုံစံကြီးက မတော်တရော်ဖြစ်နေတာလေ]
[System:- မင်းကမေးမှမမေးတာ] တကယ်တော့ သူသတိမပြုမိတာ။ systemက ၂၄ နာရီလုံး အရန်သင့်ရှိနေတာမဟုတ်ဘူး။

ဖန်းလိက သူ့ရဲ့လက်ကို ရှဲ့ဟိုင်ရဲ့ ခါးပေါ်ကနေ အမူအရာမဲ့စွာ ဖယ်ထုတ်လိုက်တယ်။ သူ့ခြေထောက်ကို ရှဲ့ဟိုင်ရဲ့ပေါင်ပေါ်ကနေ ဖြေးညှင်းစွာ ယူလိုက်တယ်။ ပြီးတော့ အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ အပြစ်အနာအဆာကင်းတဲ့ တစ်ဖက်လူရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ လက်တစ်ဖက်တည်းနဲ့ထလိုက်ပြီး အကွာအဝေးနည်းနည်းခြားလိုက်တယ်။

ဒါတွေအားလုံးလုပ်ပြီးတဲ့နောက်မှာတော့ ဖန်းလိ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းဆစ်ချက်ချလိုက်မိတယ်။ ကံကောင်းလို့ပေါ့ ရှဲ့ဟိုင်က အိပ်နေတုန်းပဲ။

အချိန်တွေအေးချမ်းစွာ ကုန်ဆုံးပြီးတာကြောင့်ဖြစ်နိုင်တယ်။ ရှဲ့ဟိုင်က သူ့ရဲ့သတိကို လျှော့ချလိုက်ပေမဲ့ အလွန်အမင်းချိန်းခြောက်တဲ့ပုံပေါ်နေတာကြောင့် အနည်းငယ်လှုပ်လိုက်တယ်။ သူကအမြဲတမ်းရိုးရိုးသားသားအိပ်ခဲ့တယ်။

ဖန်းလိက အနည်းငယ် စိတ်မကောင်းဖြစ်ပြီး မသက်မသာခံစားရတယ်။ သူ့ဘေးမှာရှိတဲ့သူက အိပ်ပျော်နေသေးတာကို သိပေမဲ့လည်း အဲ့အကွာကအဝေးက ကျဉ်းကျုတ်ပြီး ချောက်ချားစေတယ်။ သူ့ရဲ့မျက်လုံးတစ်စုံနဲ့ စိုက်ကြည့်ခဲ့မယ်ဆိုရင်ပေါ့။ သူချက်ချင်းကိုပဲ အလျင်အမြန်ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူလျှင်မြန်စွာနဲ့ပဲ အနောက်ကို ပြန်လှည့်လိုက်တယ်။ အရင်နေ့က ပြုလုပ်ခဲ့တဲ့ ရှဲ့ဟိုင်လည်ပင်း‌‌ပေါ်ကအမှတ်အသားက အရောင်မှိန်နေတာကို တွေ့လိုက်ရတယ်။ သူခဏတာ တွေးဆနေခဲ့တယ်။

ငါတို့အားလုံးသိတဲ့အတိုင်း ရန်ရွှီနဲ့ ရှဲ့ဟိုင်ကြားမှာ ရမက်ကြီးတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ မရှိဘူးဆိုရင် တခြားသူတွေရဲ့ မသင်္ကာမှုတွေ နိုးထလာလိမ့်မယ်။

ကြည့်ရတာပြန်လုပ်ရမဲ့ပုံပဲ။

ဖန်းလိက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရှဲ့ဟိုင်ရဲ့ကော်လံကိုဆွဲလိုက်တယ်။ ဖြူဝင်းပြီး သွယ်လျနေတဲ့လည်ပင်းလေးက လစ်ဟာလျက်။ သူက ခါးကုန်းလိုက်ပြီး အာရုံစူးစိုက်မှုနဲ့ တိုးကပ်လာပြီး ရှဲ့ဟိုင်လည်ပင်းကို ဆွဲဆိတ်လုနီးပါး ဖြစ်နေခဲ့တယ်။


ဒါပေမဲ့ အိပ်နေတဲ့လူရဲ့ မျက်တောင်တွေက တဖြည်းဖြည်းလှုပ်လာပြီး မျက်လုံးတွေက ဖြည်းဖြည်းချင်းပွင့်လာတယ်။

ဖန်းလိက တစ်ဖက်လူရဲ့ နက်ရှိုင်းပြီး အေးစက်တဲ့ အနက်ရောင်မျက်ဝန်းတွေနဲ့ဆုံသွားတယ်။ သူ့လက်က တစ်ဖက်လူရဲ့ လည်ပင်းနဲ့ တစ်လက်မအကွာမှာရှိနေတယ်။ သူရုတ်တရက် ရပ်တန့်သွားတယ်။

.........................
စာရေးသူမှာပြောစရာရှိပါတယ်.

ဒီအခန်းမှာ ပေးချင်တဲ့ အချက်က အနီရောင်စာအိတ်သေးသေးလေးတွေကို ဆက်လုပ်ဖို့ပါပဲ....
ဖန်းလိ- အို..ချီးပဲ..

(T/N- ကြာသွားလို့ တောင်းပန်ပါတယ်ဗျာ .. ရေကျတော့ အိမ်ရှင်းနေတာရယ် ဒီအပိုင်းရဲ့etranက တော်တော်လေး ဖတ်ယူနေရတာကြောင့်ပါ။ roleခွဲမှန်ကြပြီလား။စာတွေတော့ပြန်စစ်ပေးထားပါတယ်ဗျာ။မှားတာပါရင်လည်း ခွင့်လွှတ်ပေါ့ဗျာ..စာလုံးရေ၁၈၆၇၆)

Continue Reading

You'll Also Like

847K 29.2K 104
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
444K 24.5K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...
93.3K 826 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။