အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

497K 14.3K 553

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၂၀) uni & zg

9.2K 319 44
By EmmaRine9820

Unicode

" ဟေ့ကောင် ဟိန်းထက် မင်းဘယ်ကို ထွက်မလို့လဲ ခုချက်ချင်းအိမ်ထဲပြန်ဝင်ခဲ့စမ်း "

ဧည့်ခန်းထဲမှ ထိုင်ကာ ဟိန်းအားဒေါသတကြီး အော်ခေါ်လိုက်သော ဟိန်း၏ ဖခင်
ဦးကောင်းမင်းထက်

ဟိန်း ခေါင်းငိုက်စိုက်ချလျက် ဧည့်ခန်းထဲသို့ပြန် လှည့်ဝင်လိုက်ပြီး ဆိုဖာဝင်ခြေချိတ်၍ ထိုင်နေသော ဖေဖေရဲ့ရှေ့တွင်မတ်တပ်ရပ်လိုက်သည်။

" သားကို သွားခွင့်ပြုပါဖေဖေ "

"ဘာကွ ငါက မင်းဟိုကောင်ဆီသွားဖို့ကို ခွင့်ပြုပေးရမှာတဲ့လား၊ မင်းကိုငါစောင့်ကြည့်နေတာကြာပီ အလုပ်လဲသွားလိုက်မသွားလိုက် ညဘက်တွေလဲ အိမ်ပြန်နောက်ကျရတာနဲ့ သောက်လေ့မရှိတဲ့အရက် တွေ သောက်လာရတာနဲ့ မင်းကို လွတ်ထားတာ အကောင်းမှတ်နေလား၊ ခုထိအခြောက်ဇာတ်လမ်းတွေ အပီးမ
ဖြတ်နိုင်သေးဘူးလား "

ဟိန်းဖေ့ဖေ့အား အံ့ဩစွာမော့ကြည့်မိလိုက်သည်။ အမြဲတမ်းအခြောက်ဆိုတဲ့ စကားလုံးတွေနဲ့ ထိုးနက် ကာသူ့ဘက်ကိုဘယ်သောအခါမှ ကြည့်မပေးခဲ့တဲ့ ဖခင်ကို ဟိန်းစိတ်တိုရပါသည်။ ဒါပေမဲ့လဲ ဟိန်းအဖေဖြစ်သူကို အရမ်းလဲချစ်ရပါ
သည်။ ဒီတစ်ခါတော့ ဖေဖေ့ကို သူဆန့်ကျင်မှသာဖြစ်တော့မည်။

"ဖေ ကလေ သားဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ပေးခဲ့ဘူးနော် ၊ သားခံစားချက်တွေကိုလဲနားထောင် မပေးခဲ့ဘူး ၊ မေမေဆုံးပီးထဲက ဖေဖေ့ပြောစကားမှန် သမျှဘာမှမဆန့်ကျင်ပဲနေခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေ့ဘက်ကရော သားဒီအရာကို လုပ်ချင်ရဲ့လား ၊ ဒီဘာသာရပ်ကို စိတ်
ဝင်စားရဲ့လား ၊ ဒီကျောင်းမှာတက်ချင်ရဲ့လား ၊ ပျော်နေရဲ့လား ၊ဖေ တစ်ခွန်းမေးခဲ့ဖူးလား
သားနှလုံးသားထဲကို တစ်ခါဝင်ကြည့်ဖူးရဲ့လား "

"ဟိန်းထက် မင်းစကားတွေသိပ်တတ်နေသလား
ငါလုပ်နေတာတွေ အကုန်မင်းအတွက်ချီပဲ ၊ ပြီးတော့ပတ်ဝန်းကျင်မှာငါဘယ်လိုမျက်နှာပြရမလဲမင်းမရှက်ပေမဲ့ငါရှက်တယ်ကွ"

"ဖေ ရယ် သားက ဖေ့ သားပါ ၊ အရုပ်တစ်ရုပ်မဟုတ် ဘူး သံပတ်ပေးလို့ရတဲ့အရုပ်မဟုတ်ဘူး ၊ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်လဲမဟုတ်ဘူး ၊
ခံစားတတ်တဲ့ နှလုံးသားနဲ့လူတစ်ယောက်ပါ၊ ငါ့သားဘာဖြစ်ချင်သလဲ ဖေဖေဘယ်တော့မှမမေးခဲ့ဘူး၊ ပီးတော့ gay ဖြစ်တာက ရွံစရာအပြစ် တစ်ခုများဖြစ်သွားတာလား ဒါဟာသားရွေးချယ် ခဲ့တာမဟုတ်ဘူးဖေဖေ သူ့အလိုလိုဖြစ်တည်လာတဲ့အရာပါ ။ သားကိုချစ်တယ်ပြောနေတဲ့ ဖေဖေက သား နာကျင်စေမဲ့ အရာတွေကိုပဲ ဘာလို့ရွေးချယ်ခိုင်းရတာလဲ ဖေဖေရယ် သားတောင်းပန်ပါတယ်။ သားကို ဒီတစ်ခုတည်းပဲခွင့်ပြုပေးပါ ။ သားဘာကိုမှမတောင်းဆိုလိုပါဖူး "

ဟိန်း ပြောရင်း ရှိုက်ကြီးတငင်ငိုမိသည်။ သူ့ နှလုံးသားတို့ နာကျင်မှုဒဏ်ကို မခံစားနိုင်တော့ပေ။ လက်တို့လည်း တဆတ်ဆတ်တုန်ခတ်နေပြီ။ အသံတို့လည်း နာလှပြီ။ သူ ဒီတစ်ခါ တော့ သူ၏ ဖခင်လက်ခံလိမ့်မည်ဟု မျှော်လင့်မိပါ
သည်။

" မင်း တစ်ခုပဲရွေးလို့ရမယ် "

တစ်ခုတည်း ထားရှိသော မျှော်လင့်ချက်တို့မှာ ရေစုန် မျောလေပြီ။ ဖေဖေ့ရဲ့ အတ္တမှာ ဟိန်းအတွက် ဘယ်တုန်းကမှမဟုတ်ခဲ့ပေ။ ဖေဖေ့အတွက်သာ။ သူ့ အတ္တများသည် သူ့သားနာကျင်နေလျှင်ပင် နည်းနည်းမျှပင်လျှော့မည်မဟုတ်ခဲ့လေ။

ဟိန်း နာကျင်စွာ ဖြင့် အပြုံးတုများကိုနှုတ်ခမ်း
ထက်ပန်ဆင်လိုက်သည်။

" သား သွားတော့မယ်ဖေဖေ"

" မင်း ဒါဘာသဘောလဲ ဟိန်းထက်"

ဦးကောင်းမင်းထက်ဒေါသတကြီး ထအော်လျက် ဟိန်းထက်လက်မောင်းကို ထဆွဲသည်။

" ဖေဖေ ပဲပြောတယ်လေ တစ်ခုကိုပဲရွေးချယ်လို့ရမယ်ဆို ။ သားက အဖေ့ရဲ့ အတ္တကို ရွေးချယ်ရမှာလား"

"မင်း"

ရုတ်ချည်းဆန်စွာ ကျရောက်လာသော ထိုးချက်
ကြောင့် ဟိန်း ကြမ်းပြင်ထက်လဲကျသွားသည်။စကားလုံးများဖြင့်ထိုးနှက်နေကြ ဖခင်ဖြစ်သူက ယခုတော့ ဟိန်းအပေါ်လက်ပါသည်တဲ့လေ။ ပို၍ပြိုကျလာသော မျက်ရည်များကိုသုတ်၍ ခံတွင်းအတွင်းမှ ငန်ကျိကျိ သွေးတို့ကို ထွေး
ထုတ်လိုက်ပြီး လဲကျရာမှ တမ်းထကာ

" မင်း ဒီအိမ်ပေါ်က ခြေတစ်လှမ်းထွက်ပြီးတာနဲ့
မင်းမှာ ပြန်စရာအိမ်မရှိတော့ဖူးလို့မှတ်လိုက်"

" ဖေဖေဒီလိုပြောမယ်မှန်း ကျွန်တော်သိပြီးသားပါ။ကျွန်တော်မှာခုမှအိမ်မရှိတာမဟုတ်ပါဘူးအရင်ကတည်းက အိမ်ဆိုတာမရှိဘူးလို့ခံစားနေခဲ့ရတာကြာပါပြီ။ပတ်ဝန်းကျင်ရဲ့အမြင်တွေနဲ့
အတ္တတွေ ကိုသာအလေးထားတဲ့ ဒီအိမ်ဟာ
ကျွန်တော် ကိုနွေးထွေးလုံခြုံမှုမပေးခဲ့တာကြာပါပီဖေဖေ့ရယ်၊ သားဖေဖေ့ကိုကန်တော့ခဲ့ပါ
တယ်"

ဟိန်းထက် မျက်ရည်တို့ကိုသုတ်ကာ ဖခင်အား
ဦးချကန်တော့သည်။ ဦးကောင်းမင်းထက်ကတော့ တောက်တစ်ချက်ချက် ခေါက်ကာ မျက်နှာလွဲထားသည်။

" ကျွန်တော့်ကိုခွင့်ပြုပါ ဖေဖေ"

ပြောပြီးတာ ဟိန်းထက် လှည့်ထွက်လာသည်။ဖခင်ဖြစ်သူ၏ ဆဲရေးသံများကို ဥပေက္ခာပြု
လျက်။ဘဝမှာ ပထမဆုံး မင်းအတွက် မိုက်မဲနိုင် ခဲ့ပြီစိုင်းခက်။ ငါဒီဘဝကနေ ရုန်းထွက်နိုင်အောင် မင်းကပဲသတ္တိတွေပေးနိုင်ခဲ့တာ။ ဒါ မင်းကို ငါ ဘယ်လောက်ချစ်သလဲဆိုတာ သက်သေပြနိုင် လောက်တယ်မို့လား။ငါ မင်းကိုပြန်ရနိုင်ဖို့ဆို ဘာမဆိုအသင့်ပါ။ငါပြန်လာတာ နောက်တော့မကျသေးဘူးမို့လား ...

                ** 🌸🌸🌸 ***

စိုင်းခက် ကမန်းကတန်း ပြေးမထွက်လို့လဲမရ မိုးရွာထဲမှာဟိန်းက ထီးလေးဆောင်းပီးစောင့်နေသည်မို့လား ။ ဟိန်းကစိုင်းခက်ကို မြင်သည်နှင့် ထီးကိုပစ်ချကာ တင်းကြပ်စွာ ပွေ့ဖက်လျက်
တောင်းပန်စကားတို့ကို ဆက်တိုက်ဆိုတော့ သည်။

"ငါတောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ...
တောင်းပန်ပါတယ်ကွာ .... "

ဟိန်းကစိုင်းခက်ပခုံးပေါ်ခေါင်းငိုက်စိုက်ထားကာ
ပြောရင်းရှိုက်သံများပါလေသည်။ စိုင်းခက်က ဟိန်းဖက်ထားရာမှ ခွါလိုက်ပီး ဟိန်းပုခုံးကိုခပ် တင်းတင်းစုပ်ကိုင်ကာ မျက်နှာချင်းဆိုင်လိုက်
သည်။

"ဟိန်း မင်းဘာတွေဖြစ်လာတာလဲငါ့ကိုပြော
မငိုပါနဲ့ကွာ နော် ဘာတွေဖြစ်နေလဲပြော"

ဟိန်းက ငိုထား၍ ရဲနေတဲ့မျက်လုံးများဖြင့်
စိုင်းခက်ကိုကြည့်ကာ

" ငါအားလုံးကိုစွန့်လွတ်ခဲ့ပီ ၊ ငါအရင်က သတ္တိတွေနဲခဲ့လို့ မင်းဆီကိုမလာနိုင်ခဲ့ဖူး ခုငါအားလုံးကိုရင်ဆိုင် တော့မယ် မင်းတစ်ယောက်ထဲအတွက် ငါရှင်သန်မယ် မင်းကိုနာကျင်စေခဲ့အတွက် ငါပြန်ပေးဆပ်ပါ့မယ်ငါ့မှာ ဘယ်သူမှမရှိတော့ဘူး ငါ... ငါ ဖေဖေကိုစွန့်လွတ်ခဲ့ပီ ငါ့မှာမင်းပဲရှိတော့တယ် စိုင်းခက် .. ငါ .... ငါ နောက်မကျသေးဘူးမို့လားဟင် ငါတောင်းပန်ပါတယ်ကွာ ငါ့ကိုပြန်လာခွင့်ပေးပါ "

ပြောရင်း ဟိန်း အသံတို့မှာ ငိုထားသောကြောင့်
ရှိုက်ကာ တုန်ရီနေသည်။ သည်းထန်စွာရွာသွန်းနေသော မိုးကြောင့် နှစ်ယောက်သား အနည်း
ငယ် အေးစက်နေပြီဖြစ်သည်။ ဟိန်း အသိဉာဏ် တွင် စိုင်းခက် ဆိုသော အသိကလွဲ၍ ဘာမျှရှိမနေလေချေ။

" ငါတောင်းပန်ပါတယ် စိုင်းခက်ရယ်
ငါမင်းကို နာကျင်စေခဲ့ပြီ ။ ငါမင်းကို ဘယ်လိုများ ပြန်လည်ပေးဆပ်နိုင်မလဲ။ ငါမင်းကို နာကျင်စေခဲ့တာ။ ငါ လုပ်ခဲ့တာ ငါပဲ မင်းကို ... ငါပဲကွာ
ဒီ့ထက်ပိုပြီး ဘယ်လို များပြော ... ဟာကွာ
စိုင်းခက်ရာ ငါတောင်းပန်...

ဆက်တိုက် တောင်းပန်စကားဆိုနေသော ဟိန်းရဲ့
နှုတ်ခမ်းများကို စိုင်းခက်ရဲ့ နှုတ်ခမ်းများဖြင့်
ဖိကပ်ကာ စကားတို့ကို ရပ်တန့်စေသည်။

"ဟိန်းရာ မင်းအရူးလား ငါကလေ မင်းပြန်လာမဲ့
အချိန်ကို စောင့်နေတဲ့ကောင်ပါကွာ "

သူ့ကိုကြောင် တောင်နဲ့စိုက်ကြည့်နေသော ဟိန်းကို

"ကြားလား အရူးလေးရဲ့ "

စကားဆုံး တာနဲ့ စိုင်းခက် ဟိန်း၏ ကော်လံတို့ကို ဆွဲယူကာ ဒုတိယအခေါက် အနမ်းတို့ကို စတင်လိုက်သည်။မိုးရေအောက်တွင် တဆက်ဆက်တုန်နေသော အေးစက်သည့် နှုတ်ခမ်းသားတို့ သည် စိုင်းခက်အတွက် တော့အနွေးထွေးဆုံးသော အနူးညံ့ဆုံးသော ဂွမ်းစိုင်ကဲ့သို့ပင်။ ဟိန်း ကြောင်နေရာမှ  အနမ်းတို့ကိုတုန့်ပြန်လိုက်တော့ လှပနူးညံ့သည့် ထပ်တူညီအနမ်းတစ်ခု ပေါ်လွင် လာသည်။ထိုနေ့ည မိုးရွာထဲတွင် အခိုက်တန့်
တစ်ခုထိ အနမ်းတို့ကိုပုံဖော်လေသည်။

ကောင်းကင်ယံထက်မှကျဆင်းလာသောမိုးတို့မှာ ဟိန်းနှင့်စိုင်းခက်ရဲ့ အချစ်တို့၏ သရုပ်ကိုပေါ်
လွင်အောင် ဖော်ပေးသည့်အလား သည်းထန်စွာ
ဆက်လက်ရွာသွန်း နေလေရဲ့။

               **🌸🌸🌸***

စိုင်းခက်တို့ လမ်းထဲကားလေးကွေ့ရင်း ဖုန်းကိုလဲခေါ်ထားလိုက်သည်။ ဖုန်းကမအားသေး ...
ထိုက်လဲ လမ်းထဲဝင်လာလိုက်တော့ မြင်လိုက်ရ
သည်က စိုင်းခက်အိမ်ရှေ့တွင် ထီးတစ်ချောင်းနဲ့ ရပ်နေသည့် ကောင်လေးတစ်ယောက် ထီးဆောင်းထား၍ မျက်နှာအားသေချာမမြင်ရသော်လဲ ဤကောင်လေးသည် ဟိန်းထက် လားဆိုသည့် အတွေးများဖြစ်နေစဉ် ...

ခြံထဲမှ ပြေးထွက်လာသော စိုင်းခက်ကိုမြင်လိုက် ရသည် ။ ထိုက်လဲ ထိုအခြေအနေကို လမ်းထိပ် တွင် သာ ကားလေးရပ်ပီးကြည့်နေမိသည်။ သူ့ကားရှိနေရာနဲ့ စိုင်းခက်အိမ်က အနဲငယ်လှမ်းသော်လဲ ဒီလူနှစ်ယောက်ကို သူရှင်းလင်းစွာမြင်
နိုင်သည်လေ။ အချစ်တွေနဲ့ အနမ်းတို့ဖလှယ်နေကြသော ဟိန်းနှင့်ခက်ကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး အဆင်ပြေသွားသည်ကို သိနိုင်သည်။

တဆစ်ဆစ်နာကျင်လာသော ရင်ဘတ်ကို ခပ်နာနာ ထုလိုက်ပြီး စီးကျလာသော မျက်ဝန်းမှ မျက်ရည်တို့ကို ခပ်နာနာဖိသုတ်မိသည်။ မဲ့ပြုံးလေးတစ်ခုကို နှုတ်ခမ်းထက် ဟန်လုပ်လျက်။

*ထိုက်ဘုန်းရှိန်ရေ မင်းကဘာတွေမျှော်လင့်မိနေတာလဲ ၊ကြည့်ပါအုံးကွာမင်းသိပ်ချစ်တဲ့
ကောင်လေးပျော်နေတာလေ ပြုံးနေတာလေ မင်းမြင်ချင်တဲ့ အပြုံးလှလှလေးတွေခုမြင်နေရပြီလေ မင်းကျေနပ် သင့်ပါတယ် *

အလုံပိတ်နေသော ကားလေးအတွင်းတွင် တစ်ယောက်ထဲ ကျယ်လောင်စွာစကားများပြောနေရင်း မျက်ရည်တွေကလဲ ဆက်တိုက်ကျ
ဆင်းနေသည်။

နာကျင်လှသည် ရူးမတတ်ကိုနာကျင်ရပါသည်။ နဂိုကတည်းက သူ့များနှလုံးသားထဲရောက်နေပီးသားအချစ်တွေကို သူ့ဘက်ကသာတစ်ဖက်သက်မျှော်လင့်ခဲ့မိတာမဟုတ်လား ၊ စည်းအရင် ကျော်ခဲ့မိတာလဲ သူပဲမို့လား စိုင်းခက် ရဲ့အပြစ်မဟုတ်ပါဘူး သူ့ကသာ မိုက်ရူးရဲဆန်စွာ လိုချင်ခဲ့မိတာလေ ။ ယခုတော့အဆုံးသတ်သွားပီ
အားလုံးပြီးသွားခဲ့ပီလေ ။

ဟိန်းလက်ကိုဆွဲရင်း အိမ်ထဲပြန်ဝင်သွားသော
စိုင်းခက် နောက်ကျောပြင်အားငေးကာ ပြုံးပီးကြည့်နေရုံသာတတ်နိုင်တော့သည်။

*မင်းရဲ့အပျော်က ကိုယ့်ဆီ ကူးစက်ပါတယ်
ကိုယ်ပြုံးနေမိတယ်လေ ...... ။
မင်းကို အရမ်းချစ်တယ် စိုင်းခက်လျှံ မင်းကြား
အောင် ကိုယ် မပြောနိုင်တော့ပေမဲ့လဲ
ကျေနပ်ပါတယ် *

သည်းထန်စွာ ရွာသွန်းနေသော မိုးတို့က ထိုက်၏ နာကျင်မှုတို့ ပို၍ပျင်းထန်စေအောငိ လှုံ့ဆော်ပေးနေသော ဂတ်စ်မီးတောက်လေးအလားပင်။

            ***** 🌸🌸🌸🌸*****
ထိုက် နဲ့ ဟိန်း ဘယ်သူ့ကို ရွေးရမလဲဟင် 🥹
ကျွန်မပဲ အနစ်နာခံပီး ၂ယောက်လုံးကိုယူလိုက် ပါမယ်နော် 😁😁

Zawgyi

" ေဟ့ေကာင္ ဟိန္းထက္ မင္းဘယ္ကို ထြက္မလို႔လဲ ခုခ်က္ခ်င္းအိမ္ထဲျပန္ဝင္ခဲ့စမ္း "

ဧည့္ခန္းထဲမွ ထိုင္ကာ ဟိန္းအားေဒါသတႀကီး ေအာ္ေခၚလိုက္ေသာ ဟိန္း၏ ဖခင္
ဦးေကာင္းမင္းထက္

ဟိန္း ေခါင္းငိုက္စိုက္ခ်လ်က္ ဧည့္ခန္းထဲသို႔ျပန္ လွည့္ဝင္လိုက္ၿပီး ဆိုဖာဝင္ေျခခ်ိတ္၍ ထိုင္ေနေသာ ေဖေဖရဲ႕ေရွ႕တြင္မတ္တပ္ရပ္လိုက္သည္။

" သားကို သြားခြင့္ျပဳပါေဖေဖ "

"ဘာကြ ငါက မင္းဟိုေကာင္ဆီသြားဖို႔ကို ခြင့္ျပဳေပးရမွာတဲ့လား၊ မင္းကိုငါေစာင့္ၾကည့္ေနတာၾကာပီ အလုပ္လဲသြားလိုက္မသြားလိုက္ ညဘက္ေတြလဲ အိမ္ျပန္ေနာက္က်ရတာနဲ႔ ေသာက္ေလ့မရွိတဲ့အရက္ ေတြ ေသာက္လာရတာနဲ႔ မင္းကို လြတ္ထားတာ အေကာင္းမွတ္ေနလား၊ ခုထိအေျခာက္ဇာတ္လမ္းေတြ အပီးမ
ျဖတ္ႏိုင္ေသးဘူးလား "

ဟိန္းေဖ့ေဖ့အား အံ့ဩစြာေမာ့ၾကည့္မိလိုက္သည္။ အၿမဲတမ္းအေျခာက္ဆိုတဲ့ စကားလုံးေတြနဲ႔ ထိုးနက္ ကာသူ႔ဘက္ကိုဘယ္ေသာအခါမွ ၾကည့္မေပးခဲ့တဲ့ ဖခင္ကို ဟိန္းစိတ္တိုရပါသည္။ ဒါေပမဲ့လဲ ဟိန္းအေဖျဖစ္သူကို အရမ္းလဲခ်စ္ရပါ
သည္။ ဒီတစ္ခါေတာ့ ေဖေဖ့ကို သူဆန္႔က်င္မွသာျဖစ္ေတာ့မည္။

"ေဖ ကေလ သားဘက္ကိုတစ္ခ်က္ေတာင္လွည့္မၾကည့္ေပးခဲ့ဘူးေနာ္ ၊ သားခံစားခ်က္ေတြကိုလဲနားေထာင္ မေပးခဲ့ဘူး ၊ ေမေမဆုံးပီးထဲက ေဖေဖ့ေျပာစကားမွန္ သမွ်ဘာမွမဆန္႔က်င္ပဲေနခဲ့ပါတယ္။ ဒါေပမဲ့ ေဖေဖ့ဘက္ကေရာ သားဒီအရာကို လုပ္ခ်င္ရဲ႕လား ၊ ဒီဘာသာရပ္ကို စိတ္
ဝင္စားရဲ႕လား ၊ ဒီေက်ာင္းမွာတက္ခ်င္ရဲ႕လား ၊ ေပ်ာ္ေနရဲ႕လား ၊ေဖ တစ္ခြန္းေမးခဲ့ဖူးလား
သားႏွလုံးသားထဲကို တစ္ခါဝင္ၾကည့္ဖူးရဲ႕လား "

"ဟိန္းထက္ မင္းစကားေတြသိပ္တတ္ေနသလား
ငါလုပ္ေနတာေတြ အကုန္မင္းအတြက္ခ်ီပဲ ၊ ၿပီးေတာ့ပတ္ဝန္းက်င္မွာငါဘယ္လိုမ်က္ႏွာျပရမလဲမင္းမရွက္ေပမဲ့ငါရွက္တယ္ကြ"

"ေဖ ရယ္ သားက ေဖ့ သားပါ ၊ အ႐ုပ္တစ္႐ုပ္မဟုတ္ ဘူး သံပတ္ေပးလို႔ရတဲ့အ႐ုပ္မဟုတ္ဘူး ၊ ႀကိဳးဆြဲရာကေနတဲ့ ႐ုပ္ေသး႐ုပ္လဲမဟုတ္ဘူး ၊
ခံစားတတ္တဲ့ ႏွလုံးသားနဲ႔လူတစ္ေယာက္ပါ၊ ငါ့သားဘာျဖစ္ခ်င္သလဲ ေဖေဖဘယ္ေတာ့မွမေမးခဲ့ဘူး၊ ပီးေတာ့ gay ျဖစ္တာက ႐ြံစရာအျပစ္ တစ္ခုမ်ားျဖစ္သြားတာလား ဒါဟာသားေ႐ြးခ်ယ္ ခဲ့တာမဟုတ္ဘူးေဖေဖ သူ႔အလိုလိုျဖစ္တည္လာတဲ့အရာပါ ။ သားကိုခ်စ္တယ္ေျပာေနတဲ့ ေဖေဖက သား နာက်င္ေစမဲ့ အရာေတြကိုပဲ ဘာလို႔ေ႐ြးခ်ယ္ခိုင္းရတာလဲ ေဖေဖရယ္ သားေတာင္းပန္ပါတယ္။ သားကို ဒီတစ္ခုတည္းပဲခြင့္ျပဳေပးပါ ။ သားဘာကိုမွမေတာင္းဆိုလိုပါဖူး "

ဟိန္း ေျပာရင္း ရႈိက္ႀကီးတငင္ငိုမိသည္။ သူ႔ ႏွလုံးသားတို႔ နာက်င္မႈဒဏ္ကို မခံစားႏိုင္ေတာ့ေပ။ လက္တို႔လည္း တဆတ္ဆတ္တုန္ခတ္ေနၿပီ။ အသံတို႔လည္း နာလွၿပီ။ သူ ဒီတစ္ခါ ေတာ့ သူ၏ ဖခင္လက္ခံလိမ့္မည္ဟု ေမွ်ာ္လင့္မိပါ
သည္။

" မင္း တစ္ခုပဲေ႐ြးလို႔ရမယ္ "

တစ္ခုတည္း ထားရွိေသာ ေမွ်ာ္လင့္ခ်က္တို႔မွာ ေရစုန္ ေမ်ာေလၿပီ။ ေဖေဖ့ရဲ႕ အတၱမွာ ဟိန္းအတြက္ ဘယ္တုန္းကမွမဟုတ္ခဲ့ေပ။ ေဖေဖ့အတြက္သာ။ သူ႔ အတၱမ်ားသည္ သူ႔သားနာက်င္ေနလွ်င္ပင္ နည္းနည္းမွ်ပင္ေလွ်ာ့မည္မဟုတ္ခဲ့ေလ။

ဟိန္း နာက်င္စြာ ျဖင့္ အၿပဳံးတုမ်ားကိုႏႈတ္ခမ္း
ထက္ပန္ဆင္လိုက္သည္။

" သား သြားေတာ့မယ္ေဖေဖ"

" မင္း ဒါဘာသေဘာလဲ ဟိန္းထက္"

ဦးေကာင္းမင္းထက္ေဒါသတႀကီး ထေအာ္လ်က္ ဟိန္းထက္လက္ေမာင္းကို ထဆြဲသည္။

" ေဖေဖ ပဲေျပာတယ္ေလ တစ္ခုကိုပဲေ႐ြးခ်ယ္လို႔ရမယ္ဆို ။ သားက အေဖ့ရဲ႕ အတၱကို ေ႐ြးခ်ယ္ရမွာလား"

"မင္း"

႐ုတ္ခ်ည္းဆန္စြာ က်ေရာက္လာေသာ ထိုးခ်က္
ေၾကာင့္ ဟိန္း ၾကမ္းျပင္ထက္လဲက်သြားသည္။စကားလုံးမ်ားျဖင့္ထိုးႏွက္ေနၾက ဖခင္ျဖစ္သူက ယခုေတာ့ ဟိန္းအေပၚလက္ပါသည္တဲ့ေလ။ ပို၍ၿပိဳက်လာေသာ မ်က္ရည္မ်ားကိုသုတ္၍ ခံတြင္းအတြင္းမွ ငန္က်ိက်ိ ေသြးတို႔ကို ေထြး
ထုတ္လိုက္ၿပီး လဲက်ရာမွ တမ္းထကာ

" မင္း ဒီအိမ္ေပၚက ေျခတစ္လွမ္းထြက္ၿပီးတာနဲ႔
မင္းမွာ ျပန္စရာအိမ္မရွိေတာ့ဖူးလို႔မွတ္လိုက္"

" ေဖေဖဒီလိုေျပာမယ္မွန္း ကြၽန္ေတာ္သိၿပီးသားပါ။ကြၽန္ေတာ္မွာခုမွအိမ္မရွိတာမဟုတ္ပါဘူးအရင္ကတည္းက အိမ္ဆိုတာမရွိဘူးလို႔ခံစားေနခဲ့ရတာၾကာပါၿပီ။ပတ္ဝန္းက်င္ရဲ႕အျမင္ေတြနဲ႔
အတၱေတြ ကိုသာအေလးထားတဲ့ ဒီအိမ္ဟာ
ကြၽန္ေတာ္ ကိုေႏြးေထြးလုံၿခဳံမႈမေပးခဲ့တာၾကာပါပီေဖေဖ့ရယ္၊ သားေဖေဖ့ကိုကန္ေတာ့ခဲ့ပါ
တယ္"

ဟိန္းထက္ မ်က္ရည္တို႔ကိုသုတ္ကာ ဖခင္အား
ဦးခ်ကန္ေတာ့သည္။ ဦးေကာင္းမင္းထက္ကေတာ့ ေတာက္တစ္ခ်က္ခ်က္ ေခါက္ကာ မ်က္ႏွာလြဲထားသည္။

" ကြၽန္ေတာ့္ကိုခြင့္ျပဳပါ ေဖေဖ"

ေျပာၿပီးတာ ဟိန္းထက္ လွည့္ထြက္လာသည္။ဖခင္ျဖစ္သူ၏ ဆဲေရးသံမ်ားကို ဥေပကၡာျပဳ
လ်က္။ဘဝမွာ ပထမဆုံး မင္းအတြက္ မိုက္မဲႏိုင္ ခဲ့ၿပီစိုင္းခက္။ ငါဒီဘဝကေန ႐ုန္းထြက္ႏိုင္ေအာင္ မင္းကပဲသတၱိေတြေပးႏိုင္ခဲ့တာ။ ဒါ မင္းကို ငါ ဘယ္ေလာက္ခ်စ္သလဲဆိုတာ သက္ေသျပႏိုင္ ေလာက္တယ္မို႔လား။ငါ မင္းကိုျပန္ရႏိုင္ဖို႔ဆို ဘာမဆိုအသင့္ပါ။ငါျပန္လာတာ ေနာက္ေတာ့မက်ေသးဘူးမို႔လား ...

                ** 🌸🌸🌸 ***

စိုင္းခက္ ကမန္းကတန္း ေျပးမထြက္လို႔လဲမရ မိုး႐ြာထဲမွာဟိန္းက ထီးေလးေဆာင္းပီးေစာင့္ေနသည္မို႔လား ။ ဟိန္းကစိုင္းခက္ကို ျမင္သည္ႏွင့္ ထီးကိုပစ္ခ်ကာ တင္းၾကပ္စြာ ေပြ႕ဖက္လ်က္
ေတာင္းပန္စကားတို႔ကို ဆက္တိုက္ဆိုေတာ့ သည္။

"ငါေတာင္းပန္ပါတယ္ ... ေတာင္းပန္ပါတယ္ ...
ေတာင္းပန္ပါတယ္ကြာ .... "

ဟိန္းကစိုင္းခက္ပခုံးေပၚေခါင္းငိုက္စိုက္ထားကာ
ေျပာရင္းရႈိက္သံမ်ားပါေလသည္။ စိုင္းခက္က ဟိန္းဖက္ထားရာမွ ခြါလိုက္ပီး ဟိန္းပုခုံးကိုခပ္ တင္းတင္းစုပ္ကိုင္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္
သည္။

"ဟိန္း မင္းဘာေတြျဖစ္လာတာလဲငါ့ကိုေျပာ
မငိုပါနဲ႔ကြာ ေနာ္ ဘာေတြျဖစ္ေနလဲေျပာ"

ဟိန္းက ငိုထား၍ ရဲေနတဲ့မ်က္လုံးမ်ားျဖင့္
စိုင္းခက္ကိုၾကည့္ကာ

" ငါအားလုံးကိုစြန္႔လြတ္ခဲ့ပီ ၊ ငါအရင္က သတၱိေတြနဲခဲ့လို႔ မင္းဆီကိုမလာႏိုင္ခဲ့ဖူး ခုငါအားလုံးကိုရင္ဆိုင္ ေတာ့မယ္ မင္းတစ္ေယာက္ထဲအတြက္ ငါရွင္သန္မယ္ မင္းကိုနာက်င္ေစခဲ့အတြက္ ငါျပန္ေပးဆပ္ပါ့မယ္ငါ့မွာ ဘယ္သူမွမရွိေတာ့ဘူး ငါ... ငါ ေဖေဖကိုစြန္႔လြတ္ခဲ့ပီ ငါ့မွာမင္းပဲရွိေတာ့တယ္ စိုင္းခက္ .. ငါ .... ငါ ေနာက္မက်ေသးဘူးမို႔လားဟင္ ငါေတာင္းပန္ပါတယ္ကြာ ငါ့ကိုျပန္လာခြင့္ေပးပါ "

ေျပာရင္း ဟိန္း အသံတို႔မွာ ငိုထားေသာေၾကာင့္
ရႈိက္ကာ တုန္ရီေနသည္။ သည္းထန္စြာ႐ြာသြန္းေနေသာ မိုးေၾကာင့္ ႏွစ္ေယာက္သား အနည္း
ငယ္ ေအးစက္ေနၿပီျဖစ္သည္။ ဟိန္း အသိဉာဏ္ တြင္ စိုင္းခက္ ဆိုေသာ အသိကလြဲ၍ ဘာမွ်ရွိမေနေလေခ်။

" ငါေတာင္းပန္ပါတယ္ စိုင္းခက္ရယ္
ငါမင္းကို နာက်င္ေစခဲ့ၿပီ ။ ငါမင္းကို ဘယ္လိုမ်ား ျပန္လည္ေပးဆပ္ႏိုင္မလဲ။ ငါမင္းကို နာက်င္ေစခဲ့တာ။ ငါ လုပ္ခဲ့တာ ငါပဲ မင္းကို ... ငါပဲကြာ
ဒီ့ထက္ပိုၿပီး ဘယ္လို မ်ားေျပာ ... ဟာကြာ
စိုင္းခက္ရာ ငါေတာင္းပန္...

ဆက္တိုက္ ေတာင္းပန္စကားဆိုေနေသာ ဟိန္းရဲ႕
ႏႈတ္ခမ္းမ်ားကို စိုင္းခက္ရဲ႕ ႏႈတ္ခမ္းမ်ားျဖင့္
ဖိကပ္ကာ စကားတို႔ကို ရပ္တန္႔ေစသည္။

"ဟိန္းရာ မင္းအ႐ူးလား ငါကေလ မင္းျပန္လာမဲ့
အခ်ိန္ကို ေစာင့္ေနတဲ့ေကာင္ပါကြာ "

သူ႔ကိုေၾကာင္ ေတာင္နဲ႔စိုက္ၾကည့္ေနေသာ ဟိန္းကို

"ၾကားလား အ႐ူးေလးရဲ႕ "

စကားဆုံး တာနဲ႔ စိုင္းခက္ ဟိန္း၏ ေကာ္လံတို႔ကို ဆြဲယူကာ ဒုတိယအေခါက္ အနမ္းတို႔ကို စတင္လိုက္သည္။မိုးေရေအာက္တြင္ တဆက္ဆက္တုန္ေနေသာ ေအးစက္သည့္ ႏႈတ္ခမ္းသားတို႔ သည္ စိုင္းခက္အတြက္ ေတာ့အေႏြးေထြးဆုံးေသာ အႏူးညံ့ဆုံးေသာ ဂြမ္းစိုင္ကဲ့သို႔ပင္။ ဟိန္း ေၾကာင္ေနရာမွ  အနမ္းတို႔ကိုတုန္႔ျပန္လိုက္ေတာ့ လွပႏူးညံ့သည့္ ထပ္တူညီအနမ္းတစ္ခု ေပၚလြင္ လာသည္။ထိုေန႔ည မိုး႐ြာထဲတြင္ အခိုက္တန္႔
တစ္ခုထိ အနမ္းတို႔ကိုပုံေဖာ္ေလသည္။

ေကာင္းကင္ယံထက္မွက်ဆင္းလာေသာမိုးတို႔မွာ ဟိန္းႏွင့္စိုင္းခက္ရဲ႕ အခ်စ္တို႔၏ သ႐ုပ္ကိုေပၚ
လြင္ေအာင္ ေဖာ္ေပးသည့္အလား သည္းထန္စြာ
ဆက္လက္႐ြာသြန္း ေနေလရဲ႕။

               **🌸🌸🌸***

စိုင္းခက္တို႔ လမ္းထဲကားေလးေကြ႕ရင္း ဖုန္းကိုလဲေခၚထားလိုက္သည္။ ဖုန္းကမအားေသး ...
ထိုက္လဲ လမ္းထဲဝင္လာလိုက္ေတာ့ ျမင္လိုက္ရ
သည္က စိုင္းခက္အိမ္ေရွ႕တြင္ ထီးတစ္ေခ်ာင္းနဲ႔ ရပ္ေနသည့္ ေကာင္ေလးတစ္ေယာက္ ထီးေဆာင္းထား၍ မ်က္ႏွာအားေသခ်ာမျမင္ရေသာ္လဲ ဤေကာင္ေလးသည္ ဟိန္းထက္ လားဆိုသည့္ အေတြးမ်ားျဖစ္ေနစဥ္ ...

ၿခံထဲမွ ေျပးထြက္လာေသာ စိုင္းခက္ကိုျမင္လိုက္ ရသည္ ။ ထိုက္လဲ ထိုအေျခအေနကို လမ္းထိပ္ တြင္ သာ ကားေလးရပ္ပီးၾကည့္ေနမိသည္။ သူ႔ကားရွိေနရာနဲ႔ စိုင္းခက္အိမ္က အနဲငယ္လွမ္းေသာ္လဲ ဒီလူႏွစ္ေယာက္ကို သူရွင္းလင္းစြာျမင္
ႏိုင္သည္ေလ။ အခ်စ္ေတြနဲ႔ အနမ္းတို႔ဖလွယ္ေနၾကေသာ ဟိန္းႏွင့္ခက္ကိုၾကည့္ျခင္းအားျဖင့္ သူတို႔ႏွစ္ဦး အဆင္ေျပသြားသည္ကို သိႏိုင္သည္။

တဆစ္ဆစ္နာက်င္လာေသာ ရင္ဘတ္ကို ခပ္နာနာ ထုလိုက္ၿပီး စီးက်လာေသာ မ်က္ဝန္းမွ မ်က္ရည္တို႔ကို ခပ္နာနာဖိသုတ္မိသည္။ မဲ့ၿပဳံးေလးတစ္ခုကို ႏႈတ္ခမ္းထက္ ဟန္လုပ္လ်က္။

*ထိုက္ဘုန္းရွိန္ေရ မင္းကဘာေတြေမွ်ာ္လင့္မိေနတာလဲ ၊ၾကည့္ပါအုံးကြာမင္းသိပ္ခ်စ္တဲ့
ေကာင္ေလးေပ်ာ္ေနတာေလ ၿပဳံးေနတာေလ မင္းျမင္ခ်င္တဲ့ အၿပဳံးလွလွေလးေတြခုျမင္ေနရၿပီေလ မင္းေက်နပ္ သင့္ပါတယ္ *

အလုံပိတ္ေနေသာ ကားေလးအတြင္းတြင္ တစ္ေယာက္ထဲ က်ယ္ေလာင္စြာစကားမ်ားေျပာေနရင္း မ်က္ရည္ေတြကလဲ ဆက္တိုက္က်
ဆင္းေနသည္။

နာက်င္လွသည္ ႐ူးမတတ္ကိုနာက်င္ရပါသည္။ နဂိုကတည္းက သူ႔မ်ားႏွလုံးသားထဲေရာက္ေနပီးသားအခ်စ္ေတြကို သူ႔ဘက္ကသာတစ္ဖက္သက္ေမွ်ာ္လင့္ခဲ့မိတာမဟုတ္လား ၊ စည္းအရင္ ေက်ာ္ခဲ့မိတာလဲ သူပဲမို႔လား စိုင္းခက္ ရဲ႕အျပစ္မဟုတ္ပါဘူး သူ႔ကသာ မိုက္႐ူးရဲဆန္စြာ လိုခ်င္ခဲ့မိတာေလ ။ ယခုေတာ့အဆုံးသတ္သြားပီ
အားလုံးၿပီးသြားခဲ့ပီေလ ။

ဟိန္းလက္ကိုဆြဲရင္း အိမ္ထဲျပန္ဝင္သြားေသာ
စိုင္းခက္ ေနာက္ေက်ာျပင္အားေငးကာ ၿပဳံးပီးၾကည့္ေန႐ုံသာတတ္ႏိုင္ေတာ့သည္။

*မင္းရဲ႕အေပ်ာ္က ကိုယ့္ဆီ ကူးစက္ပါတယ္
ကိုယ္ၿပဳံးေနမိတယ္ေလ ...... ။
မင္းကို အရမ္းခ်စ္တယ္ စိုင္းခက္လွ်ံ မင္းၾကား
ေအာင္ ကိုယ္ မေျပာႏိုင္ေတာ့ေပမဲ့လဲ
ေက်နပ္ပါတယ္ *

သည္းထန္စြာ ႐ြာသြန္းေနေသာ မိုးတို႔က ထိုက္၏ နာက်င္မႈတို႔ ပို၍ပ်င္းထန္ေစေအာငိ လႈံ႕ေဆာ္ေပးေနေသာ ဂတ္စ္မီးေတာက္ေလးအလားပင္။

            ***** 🌸🌸🌸🌸*****
ထိုက္ နဲ႔ ဟိန္း ဘယ္သူ႔ကို ေ႐ြးရမလဲဟင္ 🥹
ကြၽန္မပဲ အနစ္နာခံပီး ၂ေယာက္လုံးကိုယူလိုက္ ပါမယ္ေနာ္ 😁😁

Continue Reading

You'll Also Like

22.1K 1K 15
အသက္​ကြာျခားေပမဲ့ အခ်စ္​ေတတူညီတဲ့ Singto နဲ႔ Krist တို႔အေၾကာင္​းကို ေရးဖြဲ႕ထားတာပါ ဂ်စ္​ကန္​ကန္​ေကာင္​ေလးေတ်ာက္​က လူေတ်ာက္​ေၾကာင္​့ ေျပာင္​းလဲလာခဲ့ပီ...
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ္တို႔ရဲ႕ခနၶာကိုယ္က အနီးကပ္ဆံုးေနရာတစ္ခုထိ ေရာက္ရိွသြားတဲ့အခါ ေျခကိုစံုရပ္ၾကမယ္ ဒါမွမဟုတ္ ........ မင္းရဲ႕ဖိနပ္ေတြနဲ႔ ကိ...
3.2M 202K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
9.6K 506 16
MewGulf fanfiction.. ဒီficသည္စိတ္ကူးသက္သက္ျဖင့္သာဖန္တီးျခင္းျဖစ္ပါသည္ By winterdaisy88