ချစ််ရပါတယ် မနှင်းဆီ

By Shar5211

524K 26K 804

မနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးန... More

part 1
part 2
Part 3
part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12 - A
Part 12 - B
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
part 21
Part 22
Part 23
Part 24
Part 25
27
Paet 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50 End
Announcements
extra one
Announcement two
To the Book
extra Two
extra three

Part 26

8.3K 477 14
By Shar5211

"ဘယ်လို"

အမရာထင်ထားသလို ထိုအနမ်းက အားပေးခြင်းမျိုးမဟုတ်ပဲ
သူမကိုအရှုံးပေးစေချင်သည့် နှစ်သိမ့်အနမ်းပါ

"တို့ကို မောင်တကယ်ချစ်မချစ် သိချင်တယ်
ချစ်ရင် မောင်ရှုံးအောင်ပြိုင်ခဲ့ပေး"

"မောင် အရှုံးပေးမှ ချစ်တယ်ဆိုတာသိမှာလား မနှင်းဆီ
မောင်ဘက်က ဒီလောက်ထိ..."

အမရာ အသံတိမ်ဝင်သွားသည်

"မောင်က မနှင်းဆီအတွက်ဆို ...
သေးသေးလေးကအစတွေးပြီး ချစ်ခဲ့တာ ဂရုစိုက်ပေးခဲ့တာလေ
မလုံလောက်ဘူးလား မနှင်းဆီရယ်
မနှင်းဆီချစ်ပါတယ်ဆိုတဲ့ မောင့်ကိုကျရှုံးသွားတာမြင်ချင်တာလား"

"ဟင့်အင်း.. တို့မောင့်အချစ်ကိုပဲ မြင်ချင်တာ"

အမရာ အချိန် သုံးမိနစ်လောက်ကြာအောင် ငြိမ်သက်နေမိသည်
အမရာ မနှင်းဆီရဲ့အ​​ဖြေကို ကျေနပ်ပါသည်

အမရာ သူမလက်ကလေးကို ကိုင်ကာနမ်းသည်
"ဒီမှာ အန္တရာယ်များတယ်
စည်းထဲက​နေမောင့်ကို စောင့်နေနော်"

ခရာတွတ်သံတစ်ချက်ကြားတော့ အမရာ ကားပေါ်တက်သွားသည်
ကားထွက်တော့ အမရာတွေဝေနေခြင်းမရှိပါ တစ်ဟုန်ထိုးမောင်းထွက်သွားခဲ့သည် အမရာ ဝဏ္ဏကိုလုံးဝအသာစီးယူပြီး ကွင်းပြည့်ပတ်ခဲ့သည်

ဘယ်သူထင်ထားမှာလဲ
အရှုံးပေးခိုင်းလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ
သို့သော်လဲ ချစ်သည်
အရှုံးပေးရမယ်ဆိုရင်တောင် ချစ်လွန်းလို့ အရှုံးပေးပါမည်

ပြိုင်ရမည်က ကွင်းသို့​နှစ်ပတ်
သို့သော်လည်းအမရာတစ်ပတ်သာပတ်ပြီး ကားကိုရပ်တန့်လိုက်သည်
အမရာကားကိုရပ်နားလိုက်တော့ အားပေးနေတဲ့ ကွင်းတစ်ခုလုံးက လူအားလုံးက တိတ်ဆိတ်လို့သွားသည်

ဝဏ္ဏကတော့ ကြိုသိထားပြီးသားမို့ ပျော်ပျော်ကြီးကွင်းကို တစ်ပတ်ထပ်ပတ်ရင်း အနိုင်ယူလေသည်

အမရာ ကားပေါ်ကဆင်းလိုက်ပြီး သူမဆီတန်းတန်းမတ်မတ်လျှောက်သွားသည်
မနှင်းဆီ ဘယ်လိုမှ မောင့်အပေါ်ထိုသို့ဆိုးတာတွေရပ်နားမည်နည်း

အမရာ မနှင်းဆီကိုဖက်လိုက်သည်
တင်းကြပ်နေအောင်ဖက်ထားပြီး အမရာပြောလိုက်သည့်စကားက

"အနိုင်ယူလိုက်တာဗျာ"

အမရာ့စကားကြောင့် နှင်းဆီမျက်ရည်ကျသည်
သူမဘက်ကလဲ ဒီလိုလုပ်ရတဲ့အကြောင်းအရင်းရှိနေသည်လေ
နှင်းဆီ သူမကို ပြန်ဖက်ထားပြီး

"ကျေးဇူးပါမောင်
တို့အနိုင်ယူတာကို လက်ခံပေးလို့ကျေးဇူးပါ
အဲ့ဒီပထမဆိုတဲ့အရာထက်...
မောင့်ဘက်က တို့ကိုပဲရွေးချယ်ပေးမယ်ဆိုတာသိ​နေတယ်
သိလဲ ကြည့်နေရင်း တို့ရင်ပူမိတာအမှန်ပဲ
မောင်သာနိုင်ခဲ့ရင်ဆိုပြီး ရင်ပူနေခဲ့တာ"

"မောင်နာကျင်ရတယ်
မောင်အရှုံးပေးလိုက်ရတဲ့အတွက် အရမ်းနာကျင်ရတယ် သိရဲ့လားလို့
အဲ့အတွက် ဘာပြန်ပေးမှာလဲ"

"အခုအရှုံးအတွက်မောင်လိုချင်တာ အကုန်ပေးမယ်
မောင့်ရဲ့ပထမဆိုတာနဲ့လဲလိုက်တဲ့ မနှင်းဆီဆိုတဲ့အမျိုးသမီးလေးကို အပိုင်ပေးမယ်"

အမရာ မနှင်းဆီကိုဖက်ထားရာကနေ ခွာလိုက်ပြီး

"အခု သိပြီလား
မောင်ချစ်တာကို သိပြီလား"

"အို...အခုမှမဟုတ်ပါဘူးမောင်ရယ်
ဟိုးးး အရင်ကတည်းကသိတာပါ
သိလို့လဲ ဝဏ္ဏနဲ့အလောင်းအစားလုပ်ခဲ့တာ
အခုတော့ မောင့်ကိုအားပေးနေတဲ့သူတွေကို တစ်ခုခုသွားပြောလိုက်ဦး ဟိုမှာစိတ်ပူပြီးကြည့်နေကြတယ်"

အမရာသိလိုက်ပါသည် ထိုအရာက ဝဏ္ဏလက်ချက်ဆိုတာ

အမရာတစ်ခုခုဖြစ်သည်ထင်ပြီး နွေတို့ကပြေးလာသည်

"မမ ဘယ်လိုဖြစ်တာလဲ
မောင်ဘာဖြစ်လို့လဲ ဆက်မပြိုင်တော့ဘူးလား"

အမရာက သူမရဲ့fanတွေ ရှိရာကို ထွက်သွားပြီး စကားတွေပြောနေခဲ့သည်

"မောင်ဘာမှမဖြစ်ပါဘူး
မမကြောင့်အရှုံးပေးလိုက်တာ
မမကိုချစ်ရင် ဒီပွဲကိုအရှုံးပေးလိုက်လို့ပြောလိုက်လို့
သူအရှုံးပေးလိုက်တာ"

"ဘာလို့လဲ... ဘာလို့လဲ မမရယ်
မောင့်အတွက် အရှုံးဆိုတာက.."

နွေကမေးလာသလို အမရာကလဲမေးလာသည်
သူမဘယ်အချိန်က ပြန်လှည့်လာသည်မသိ

"ပြောပါ မနှင်းဆီ
မောင့်ကို အကြောင်းပြချက်ကောင်းကောင်းပေးပါ
ဝဏ္ဏနဲ့ဘာတွေများအလောင်းအစားလုပ်ခဲ့တာတုန်း"

"ဒီလို"

Back👈👈👈

"မမ ကျွန်တော်နဲ့အလောင်းအစားမလုပ်ချင်ဘူးလား"

"တို့မှ ဝါသနာမပါတာကွယ်"

"ဒါပေမဲ့ လုပ်မှဖြစ်မှာ
ကျွန်တော်ငယ်ငယ်ထဲက ချစ်လာရတဲ့သူကို မမကိုပေးလိုက်ရတာလေ"

"ဘယ်လို မင်းက မောင့်ကို.."

"ဟုတ်တယ် ...
ကျွန်တော့်ဘက်က အမရာ့​ကို ဟိုးငယ်ငယ်လေးထဲကချစ်ခဲ့ရတာ
သူကအရာရာပြိုင်ခဲ့ပေမဲ့ ကျွန်တော်ကတော့သူ့ကိုချစ်လို့ အမြဲအရှုံးပေးခဲ့တာ
တချို့အရာတွေမှာ တကယ်ရှုံးပေမဲ့
တချို့အရာလေးတွေက အရှုံးပေးခဲ့တာ
သူ့ကိုမကျေနပ်လို့ ခနခနပြိုင်တယ်ဆိုပြီး
သူ့အနားမှာ​​နေရင်း ပြုံးပြုံးကြီးအရှုံးပေးခဲ့တာ ကျွန်တော်ပါ"

"ဒါပေမဲ့အခုမောင်က တို့ကို"

"အမရာ့အကြောင်းကို ကျွန်တော်ကအမြဲစုံစမ်းနေခဲ့တာပါ
မမနဲ့ပတ်သတ်လို့လဲ အကုန်သိပါတယ်
အခုနောက်ဆုံးအ​နေနဲ့
ကျွန်တော်နဲ့တစ်ခု​လောက်ပြိုင်​ပြီး လောင်းကြေးထပ်ရအောင်ပါ
ကျွန်တော် မမနဲ့ပြိုင်ပြီး အမရာ့ကိုလောင်းကြေးထပ်ချင်တာ"

နှင်းဆီ အားနာပေမဲ့ အမရာ့ကိုလုံးဝမစွန့်လွှတ်နိုင်

"ဘာလို့..ဘာလို့မောင့်ကိုလဲ
လောင်း​ကြေးက မောင်ဆို​တာမဖြစ်သင့်ဘူးလေ
တို့မပြိုင်ဘူး ဝဏ္ဏ
မင်းဘက်က ကိုယ့်ဘာသာကြိုးစားခဲ့ရမှာလေ"

"ကျွန်တော့ဘဝရဲ့အရေးပါဆုံးသူလေ
ပြီးတော့ ပြိုင်ဘက်ကောင်းတစ်ယောက်
အဲ့စည်းလေးကို မဖျက်ရက်လို့ အခုလိုနောက်ကျကုန်တာ"

နှင်းဆီ သက်ပြင်းချမိသည်
"တို့ဘက်ကတော့ မောင့်ကိုကစားစရာလို့ မသတ်မှတ်ဘူး
ပြိုင်စရာလို့လဲ မမြင်ဘူး"

"ဘာလဲ မမဘက်က အမရာ့အချစ်ကို
အယုံအကြည်မရှိဘူးမှတ်လား"

"ဘာလို့ မောင့်ကိုမယုံကြည့်ရမှာလဲ"

"မယုံလို့မပြိုင်ရဲတာလေ"

"မင်းက မပြိုင်​​ ပြိုင်အောင်ပြောနေတာပဲဝဏ္ဏ
မင်းက ဘယ်လိုပြိုင်ချင်တာလဲ
ဘာကို လောင်းကြေးထပ်ချင်တာလဲ "

"သက်သေပြရမယ်
မမကို အမရာ ဘယ်လောက်ထိချစ်လဲဆိုတာ
သက်သေပြရမယ် ယုံကြည်မှုရှိမှပြိုင်ပါ"

"ဘယ်လို.."
နှင်းဆီသိသည်
အမရာ သူမအပေါ်ထားတဲ့အချစ်နဲ့ဆိုလျှင်လုံးဝရှုံးမည်မဟုတ်

"မမဘက်က
အမရာကားပေါ်တက်ခါနီးမှ ပြိုင်ပွဲကိုအရှုံးပေးခိုင်းရမယ်
မမကိုချစ်ရင် အရှုံးပေးဖို့သာပြောလိုက်
အကယ်၍ မမပြောလိုက်လို့ အမရာအရှုံးပေးရင်
အမရာက မမကိုတကယ်ချစ်တယ် အဲ့တော့ မမနိုင်ပြီ
မမပြောလိုက်တာကိုမှ အမရာကအနိုင်ယူတယ်ဆိုရင်တော့
အမရာက ပြိုင်ပွဲလောက် မမကိုအလေးမထားဘူး
ကျွန်တော်နိုင်ပြီဘယ်လိုလဲ"

"တို့ နားလည်တယ်
လောင်းကြေးဆိုတာက"

"လောင်းကြေးက...
ကျွန်တော်နိုင်ရင် မမဘက်က အမရာ့ကိုလမ်းခွဲပေး
မမဘက်က နောက်ဆုတ်ပေးပါ"

"တို့နိုင်ရင်ရော.."

"မမနိုင်ရင် ဝဏ္ဏဘက်က အမရာနဲ့လုံးဝမပတ်သတ်တော့ဘူး
ပြီးတော့ မိဘမဲ့ဂေဟာကိုလှူဖို့ကားတစ်စီး ဘယ်လိုလဲ
မျှတတယ်မှတ်လား"

"မျှတပါတယ်
မောင်ကတို့နဲ့လက်တွဲပြီးသား တို့မပြိုင်လဲရတယ်
ဒါပေမဲ့ ...တို့ပြိုင်မယ်
မောင့်ဘက်တို့ကိုဘယ်လောက်ထိချစ်တယ်ဆိုတာ မင်းကိုသက်သေပြမယ်
ဒါနဲ့ ..ဘာလို့မောင့်ကိုချစ်ရက်သားနဲ့ အဲ့လိုလုပ်ရတာလဲ တို့ သိချင်တယ်"

"ပထမအချက်က~အနိုင်ယူချင်တာ
အမရာ့ကို တစ်ဘဝလုံးပြိုင်လာတာ
ကျွန်တော်အနိုင်မယူခဲ့ဘူး အနိုင်မယူရက်ခဲ့​ဘူး နိုင်ဖူးချင်တယ်
သူအရှုံးပေးတာကို အနိုင်ယူချင်တာ

ဒုတိယအချက်က~ မမနဲ့ ပထမကို သူလဲနိုင်လားသိချင်တာ
အမရာဆိုတာက ဝဏ္ဏနဲ့ကလေးဘဝထဲကယှဥ်ပြိုင်လာတဲ့သူပါ
သူ့အကြောင်းကို ဝဏ္ဏထက်ဘယ်သူမှပိုမသိနိုင်ဘူး
အရမ်း ပထမ ကြိုက်တဲ့သူ
သူ့ရဲ့ crazy ​အဖြစ်ဆုံးအရာက ပထမ ဆိုတာပဲ
သူအဲ့ဒီ ပထမနဲ့ မမကို လဲနိုင် မလဲနိုင်သိချင်တယ်
သူဘယ်​လောက်ထိချစ်လဲဆိုတာကို ကျွန်တော်သိရမှ နောက်ဆုတ်ပေးနိုင်မှာလေ
အဖြေကိုတော့ စောင့်ကြည့်ရမှာပဲ
ကဲ ...အဲ့တာဆို deal နော် မမ "

နှင်းဆီနဲ့ ဝဏ္ဏ ထိုသို့အလုပ်ဖြစ်ခဲ့လေသည်

~~~~

"ဒါဆို ဒီပွဲက မမတစ်ယောက်ထဲအကုန်လုံးကိုအနိုင်ယူသွားတာပေါ့
မမကလေ မကြောက်မလန့် မောင်ကအရှုံးမပေးရင် ဘယ်လိုလုပ်မလဲ"

နွေက ကြားထဲလန့်နေသေးသည်
နှင်းဆီ အမရာ့လက်ကိုကိုင်ထားပြီး သူမမျက်နှာကိုကြည့်သည်

"မောင်အရှုံးပေးမှာကို သိတယ်
မောင်ဘက်က မနှင်းဆီကိုဘယ်လောက်ထိချစ်သလဲဆိုတာ
မနှင်းဆီ​က အသိဆုံးလေ"

"နောက်မလုပ်ပါနဲ့ မနှင်းဆီရယ်
မောင့်ဘဝမှာ ဒါကပထမဆုံးသိရဲ့လား
ဒီလိုဆုံး​ဖြတ်ချက်ကိုချဖို့ ဘယ်လောက်ထိ ပင်ပန်းလဲဆိုတာသိရဲ့လား
ဝဏ္ဏက မောင့်ကိုချစ်နေခဲ့တာ လုံးဝမသိခဲ့ဘူး"

ပြောနေရင်း ဝဏ္ဏရောက်လာသည်

"congratulations ပါမမ
မမနိုင်ပါတယ် ဝဏ္ဏက နိုင်ပြီးရှုံးသွားခဲ့ပြီ
အရှုံးကို ကျေကျေနပ်နပ်ကြီးလက်ခံပါတယ်"

ဝဏ္ဏက အမရာ့ကို ကားသော့ကမ်းပေးသည်

"တစ်ခုခုဆို ငါ့ဆီလာလို့ရတယ် အမရာ
မင်းအတွက်ဆို ငါအမြဲတံခါးဖွင့်ထားတယ်
စောစော မဖွင့်ပြောခဲ့တဲ့အတွက်လဲ ငါနောင်တရတယ်"

"ငါ မသိခဲ့ဘူးဝဏ္ဏ ဟန်ဆောင်ကောင်းခဲ့တာပဲ"

ဝဏ္ဏ ခေါင်းငုံ့နေသည်
"မင်းအချစ်ကိုတော့ ငါလေးစားပါတယ်အမရာ
ပျော်ရွှင်စွာနဲ့ ရွှေလက်တွဲနိုင်ပါစေနော်
ငါ သူငယ်ချင်းတွေကိုလိုက်ကျွေးလိုက်ဦးမယ်
ဒီညငါနိုင်သွားတယ်လေ
​ပထမဆုံးအနိုင်ပွဲဆိုတော့ အောင်ပွဲခံရမှာပေါ့ကွာ"

ဝဏ္ဏနှုတ်ဆက်ကာ ထွက်သွားသည်
သက်ပြင်းချရင်းကျန်ခဲ့သည်က အမရာ
ငယ်စဥ်ကတည်းက ဘေးမှာပြိုင်ဘက်အနေနဲ့ရှိနေတဲ့သူက
သူမကိုချစ်နေတဲ့သူဆိုတာ သူမ မသိခဲ့

အမရာ နွေ့ကိုပဲကားသော့ပေးလိုက်ပြီး ထိုကားကိုယူထားစေသည်
နောက်အားလုံးကို နှုတ်ဆက်​ပြီး ပြန်ခဲ့ကြသည်

အခုတော့ အမရာနဲ့နှင်းဆီ နှစ်ယောက်ထဲပေါ့
ထုံးစံအတိုင်း အပြန်သေးပဲ ကျုံးဘေးကခုံတန်းလေးမှာထိုင်သည်
ညအချိန်ခါမို့ တိတ်ဆိတ်ငြိမ်သက်နေသည်

အမရာဘာမှမ​ပြောပဲ ငြိမ်နေတော့ နှင်းဆီမနေတတ်တော့

"မောင်...တို့ကိုမုန်းသွားပြီလား"

"မောင်က ဘာလို့မုန်းရမှာလဲ
တစ်ခုတော့မေးချင်တယ်"

အမရာ နှင်းဆီကိုသေချာကြည့်ပြီး

"ပျော်လား"

အမရာ နှင်းဆီကို ခနဲ့လိုက်သလိုပင်

"မောင့်ကို အခုလိုအနိုင်ကျင့်ရတာပျော်လား"

"ဘာလို့အနိုင်ကျင့်မိလဲဆိုတာ မောင့်ကိုပြောပြတယ်လေ
​ပျော်လားဆိုတော့ ပျော်တယ်
မောင့်ကိုအနိုင်ကျင့်ရလို့ မောင်ရှုံးသွားလို့မဟုတ်ဖူး
မောင့်ရဲ့ရွေးချယ်မှုကြောင့်ပျော်တာ"

"ပျော်ရင်မောင်ကျေနပ်ပါတယ် မောင့်အမျိုးသမီးလေးရယ်
မောင်ဘက်က အရမ်းချစ်တာနော်
မောင့်ကို ထပ်ပြီးနာကျင်အောင်မလုပ်ပါနဲ့တော့"

"မလုပ်​တော့ပါဘူး
အခုကလဲ သူကမောင့်အချစ်ကိုလာစိန်ခေါ်နေတာလေ
တို့ကို မောင်ကမချစ်ပါဘူးဆိုပြီး လာရန်ရှာတာ"

အမရာပြုံးမိသည် သူမကရန်တွေ့သလိုလေးပြောနေသည်လေ

"တို့ဘဝမှာ ဒါက ပထမဆုံးအလောင်းအစားလုပ်ဖူးတာသိလား"

အမရာ သူမနဲ့အတူလိုက်ပျော်မိပါသည်
အရှုံးပေးရလဲ ချစ်သောအရှုံးလေ

"အဲ့တော့ နိုင်သွားလို့ မနှင်းဆီကပျော်နေတာပေါ့လေ
ဟုတ်လား"

သူမ ပျော်လွန်းလို့ပြုံးနေတဲ့ အပြုံးလေးက ချစ်ဖို့ကောင်းလွန်းသည်
အမရာက သူမကိုပြောတော့ နှာခေါင်းလေးရှုံ့ကာ ပြောင်ပြသေးသည်
အမရာ့အရှုံးက အခုတော့ ပျော်စရာပါလေ

"ချစ်လိုက်တာနော်
ဘာလို့ အဲ့လောက်ပြုစားနေရတာလဲ ဒေါ်နှင်းဆီရဲ့"

"ဟင်းး မောင့်ထက် ၃ နှစ်ပဲကြီးတာပါနော်
ဒေါ်လို့တော့ မတတ်သေးပါနဲ့ဦး မောင်ရယ်
ချစ်တယ် တကယ်အရမ်းပျော်တယ်
မောင်က ပထမထက် တို့ကိုလိုအပ်တယ်ဆိုတာသိလိုက်ရတယ်"

အမရာ ပျော်နေတဲ့သူမကို ချစ်လွန်းလို့ နမ်းမိသည်

"မောင်နမ်းလိုက်မှ ငြိမ်သွားပါလား"

"မောင်က ငြိမ်ဆေးကျွေးလိုက်တာကို"
နှုတ်ခမ်းလေးထော်ကာ သူမပြောလာတော့ ပိုလို့အသည်းယားသည်

"မောင့်ကို လက်မလွှတ်ပါနဲ့နော်
မောင် ပိုသိလာပြီ
မနှင်းဆီကိုလက်မလွှတ်နိုင်ဘူး
အဆုံးရှုံးမခံနိုင်ဘူးဆိုတာ ပိုသိလာပြီ"

"လွှတ်စရာလား မလွှတ်ပါဘူးမောင်ရဲ့"

~~~~~~~~

"မောင် ဘာလုပ်နေလဲ"

နှင်းဆီ ရေချိုးနေတာကြောင့်အမရာရတဲ့အချိန်လေး စာခနဖတ်နေခဲ့သည်
အမရာဝယ်ထားပေးတဲ့ ညဝတ်အင်္ကျီလေးနဲ့သူမ ရောက်လာသည်
ရေချိုးလို့ပြီးသွားပြီထင်သည်

"စာဖတ်နေတာလေ ​ရေချိုးပြီးသွားပြီလား"

နှင်းဆီ အမရာ့ပေါင်ပေါ်တစောင်း​လေးထိုင်ကာ လည်ပင်းကိုဖက်တွယ်လိုက်သည်
အမရာ့ မေးဖျားလေးကိုလက်နဲ့ဆွဲယူလိုက်ပြီး ခေါင်းမော့စေသည်

"အဲ့စာ​တွေကို မဖတ်နဲ့
မနှင်းဆီကိုပဲ ဖက်"

အမရာ စာအုပ်ကိုဘေးချလိုက်ပြီး သူမစကားအတိုင်းခါး​လေးကိုဖက်ထားလိုက်သည်

"ချွေပြန်ပါပြီ မောင့်အမျိုးသမီးလေးရယ်
အခုလိုလဲ ချွဲတတ်တာပဲလား"

"တို့ချွဲရင် မောင်ခံနိုင်ရည်ရှိပါ့မလား"

"အိုးးး ခံနိုင်ရည်ရှိသပ ရှိ ရှိ တောင်မြည်နေတာ
ချွဲပစ်လိုက် မနှင်းဆီရဲ့စိတ်ရှိအတိုင်းမောင့်ကိုချွဲလိုက်ကွာ"

အမရာ့အပြောကို သဘောကျကာရယ်သည်

"အပြောမကြီးနဲ့နော်"

အမရာ နှင်းဆီကိုချုပ်ကာ သူမ လည်တိုင်လေးကိုနမ်းလိုက်သည်
ရေချိုးပြီးကာစမို့ Lux ဆပ်ပြာနံ့ သင်းသင်းလေးကိုရလိုက်သည်

"ယားတယ် မောင်ရယ်
လူကို အသည်းယားအောင်မဟုတ်နဲ့
ကြည့်..."

သူမလက်ကလေးဆန့်ကာ လက်ပေါ်မှ ကြက်သီးမွှေးညှင်းလေးတွေကိုပြသည်

"ကြက်သီးတောင်ထတယ် ကြည့်စမ်း..."

အမရာ အမြင်ကပ်ကပ်နဲ့ ထပ်နမ်းတော့ သူမထပြေးသည်

"ဒီလိုပြေးလို့ ရရိုးလား မနှင်းဆီ
ဗိုလ်အောင်ဒင့်လက်က လွတ်မယ်ထင်လား"

နှင်းဆီ အမရာ့လက်ထဲမရောက်အောင်ပတ်ပြေးရင်း

"အဲ့တာ မမြရင်လေ
တို့က မနှင်းဆီ လွတ်တယ်"

"မရဘူး မနှင်းဆီဆိုလဲ အမရာမောင့်လက်ကမလွတ်ဘူးကွာ"

အခန်းကျဥ်းလေးမို့ နှင်းဆီ အမရာ့လက်ကပြေးမလွတ်ပါ
အမရာ နှင်းဆီကိုမိသွား​တော့ သူမ​နောက်ကျောကနေ ခါးလေးကိုဖက်ထားလျက်သားဖြစ်နေသည်

"မောင်"

"ရှင့်"

"ထူးတာလေးကလဲ ချစ်လိုက်တာ"

အမရာ နောက်ကျောကနေ သူမခေါင်းလေးကိုငုံ့နမ်းပြန်သည်

"မောင်ကလဲ ဒီအမျိုးသမီးလေးကိုချစ်လိုက်တာ
ချစ်လို့ကိုမဝဘူး"

"မောင်.. တို့လေ ဒီနေ့ ပြိုင်ပွဲပြီးတော့ အရမ်းကိုပေါ့ပါးသွားတယ်
မောင့်အပေါ်လဲ တစ်မျိုးလေးခံစားရတယ်
ပြီးတော့မောင်နဲ့အတူရှိနေတာလဲ ယုံကြည်မှု ရှိလာတယ်"

"မောင်ခံစားမိပါတယ် မောင့်အပေါ်ပွင့်လင်းလာတယ်
အခုလိုလေးကို အရမ်းသဘောကျတယ် "

"ရပြီရှင်ရယ် ဖက်ထားတာလဲကြာနေပြီ
ရေချိုးတော့ ...သွား"

အမရာ ခေါင်းငြိမ့်ကာ ရေချိုးခန်းထဲဝင်သွားသည်
အရှုံးထဲက အမြတ်က ပြိုင်ပွဲကပြန်လာပြီးကတည်းက နှင်းဆီအရင်လိုမဟုတ်တော့ သူမအပေါ်အရင်ကထက်ပိုလို့ပွင့်လင်းလာသည်
အမရာ့အပေါ် ယုံကြည်မှုလွန်ကဲသွားသည်ဆိုရမလား
မနှင်းဆီက အရင်က မနှင်းဆီလိုမဟုတ်တော့

အမရာရေချိုးပြီးထွက်လာတော့ နှင်းဆီအခန်းထဲမရှိတော့
လိုက်ရှာကြည့်တော့... အိမ်အောက်ထပ်တွင် ဒေါ်မဒီနဲ့စကားပြောနေသည်
စကားနည်းတဲ့ သူမက ဒေါ်မဒီနဲ့တော့ တတွတ်တွတ်ပြောလို့နေသည်

အမရာ နှင်းဆီဘေးနားဝင်ထိုင်လိုက်ပြီး
"မေမေနဲ့တွေ့မှ မနှင်းဆီကို သာလိကာလေးမှန်း မောင်သိတယ်"

"မေမေ့ကလေးနော်
သူကျအမေနဲ့သေချာစကားပြောတာမဟုတ်
မေမေ့မနှင်းဆီလေးလာမှပျော်နေရတာ
အိမ်ရဲ့ဆည်းလည်းလေးလိုပဲ"

"ဆည်းလည်းလေးလား"

အမရာစနောက်တော့ နှင်းဆီ အမရာ့ကိုထုသည်

"ထု သမီးရေ နာနာထု"

ဒေါ်မဒီက မြှောက်ပေးပြီး ထသွားသည်
မီးဖိုချောင်ထဲဝင်ကာ အမရာတို့အတွက် နွားနို့ယူပေးခြင်းသာ

"ရော့ မေမေ့ကလေးရယ်
မေမေ့နှင်းဆီပန်းလေးရယ်"

"မေမေက မောင့်ထက် မနှင်းဆီကိုပိုချစ်နေသလိုပဲနော်"

နှင်းဆီက ချက်ချင်း​ချေပသည်
"ဟုတ်တယ် မေမေစောစောကပြောပြီးပြီ
တို့ကိုပိုချစ်တာတဲ့ နော်မေမေ.."

"ဟုတ်ပ မေမေက မေမေ့နှင်းဆီလေးကိုပိုချစ်တာ
ကဲ အချိန်မစောတော့ဘူးနော် နွားနို့သောက်ပြီး အိပ်ကြတော့
မနက်ဖြန် လေဆိပ်လဲသွားကြိုရဦးမယ်မှတ်လား"

လေဆိပ်ဆိုတဲ့အသံကြားလိုက်တော့ အပျော်လေးတွေတောင် တစ်ဝက်လောက်ပျောက်သွားသလို
အမရာ့ဆီက အသံထွက်မလာ​တော့နှင်းဆီကပဲ

"ဟုတ် မေမေ ကောင်းသောညပါနော်"

"ကောင်းပါပြီ
သမီးလေးရေ"

ဒေါ်မဒီ အိပ်ခန်းထဲဝင်သွားတော့မှ

"မောင် ....
ဘာတွေတွေးနေတာလဲ
ဘာမှ ကြိုမတွေးနဲ့ဦးနော်..."

နှင်းဆီသိတာပေါ့
အမရာ သူမအဖေနဲ့တွေ့ရမဲ့အရေးကို ကြိုတွေးနေ​လောက်သည်

"မောင်တို့ လက်တွဲမဖြုတ်ကြဘူးနော်
တူတူရင်ဆိုင်ကြမယ်နော်"

"ဟုတ်ပါပြီ နွားနို့သောက် ပြီးရင်အပေါ်တက်မယ်
ခြေဖဝါးလေးတွေအရမ်းညောင်းနေလို့"

သူမနားချင်နေပြီဆိုလာတော့ နွားနို့ပူပူကိုအမြန်မှုတ်သောက်သည် နောက်နှင်းဆီလဲ သောက်လို့ပြီးရော အမရာ နှင်းဆီကိုပွေ့ချီလိုက်သည်

နှင်းဆီလန့်သွားပြီး

"မောင့်"

နှင်းဆီအမရာ့ရင်ဘတ်ကိုထုပြီး

"လန့်သွားတာပဲမောင်ရယ်"

"ငြိမ်ငြိမ်နေလှေကားတက်မလို့
ညောင်းနေတယ်ဆိုလို့ ချီသွားမယ်နော်"

နှင်းဆီ ဘာမှမပြောငြိမ်သာငြိမ်နေသည်
အခန်းထဲရောက်တော့ အိပ်ယာထက်ကို အသာအယာချလိုက်သည်

"ခနလေးနေနော်"

အမရာအပြင်ခနထွက်သွားပြီး ပြန်ဝင်လာသည်
အထဲရောက်တော့ တံခါးပိတ်ကာဂျက်ချသည်
လက်ထဲတွင် ဘူးလေးတစ်ဘူး

"ဘာကြီးလဲ"

"မောင့်အမျိုးသမီးလေးညောင်းနေတယ်ဆိုလို့
ဆေးလေးလိမ်းပြီး နှိပ်ပေးမလို့"

"ရပါတယ် မောင်ရယ်
မောင်လဲ ညောင်းမှာပဲလေ တူတူလမ်းလျှောက်တာပဲကို
ပြီးတော့မောင်ကတောင် တစ်နေကုန်ကားမောင်းနေရတာ ပိုညောင်းမှာကို"

အမရာ လက်မခံ
"မရပါဘူး...
မောင်ပိုင်တဲ့ခြေဖဝါးနုနုလေး ညောင်းနေတာကို ဒီတိုင်းကြည့်မနေနိုင်ပါဘူး"

အမရာပြောရင်းး နှင်းဆီရဲ့ခြေထောက်ကို ဆွဲလိုက်သည်
ဘောင်းဘီအပွအရှည်လေးမို့ ဒူးပေါ်ထိဆွဲတင်လိုက်တော့ အသာအယာပင်တက်သွားသည်

အမရာ နှင်းဆီရဲ့ခြေထောက်သွယ်သွယ်ကလေးကို ဆေးလူးပေးသည်
ဆေးကပူတာမျိုးမဟုတ်ပဲ အေးအေးလေးမို့

"ဆေးက မပူဘူးနော်မောင်"

"နည်းနည်းတော့နွေးတယ် လူးခါစမို့အေးနေတာ
သေချာနောက်မီပြီးထိုင်လိုက်
ပြီးရင်ငြိမ်ငြိမ်လေးဇိမ်ခံကြည့်"

နှင်းဆီက အမရာပြောသည့်အတိုင်း သေချာကျောမီလိုက်ပြီး
အမရာ နှိပ်ပေးသည်ကို ငြိမ်ခံနေသည်
အမရာက နာအောင်ဖိနှိပ်တာမျိုးမဟုတ်ပဲ ဖွဖွကလေး ညောင်းနေတယ်ဆိုတဲ့ ကြွက်သားတို့ကို ချေပေးသည်

"ခြေထောက်ကလေးက အပြစ်အနာအဆာလဲမရှိဘူး
ဘယ်လိုများ ရှင်သန်လာတာတုန်း
ငယ်ငယ်က အိမ်ထဲကအိမ်ပြင်ရောထွက်ရဲ့လား မနှင်းဆီ"

"တို့က ငယ်ငယ်ထဲက ဆော့တာကစားတာမရှိဘူး
နာမည်နဲ့လိုက်အောင် ပန်းကလေးတွေနဲ့ပဲ နေလာတာ
ရပြီမောင်ရယ် မောင်လက်ညောင်းနေမယ်"

"ခနလေးပဲရှိပါသေးတယ်
မောင် မညောင်းပါဘူး"

တကယ်က အမရာ သူမခြေထောက်ကလေးကိုဆက်ကိုင်ထားချင်သည်
သွယ်သွယ်လေးကိုမှ အသားလေးက အိအိကလေးမို့ တကယ် မိန်းမကောင်းတို့ရဲ့ အင်္ဂါရပ်တို့နဲ့ကိုက်ညီနေသလို

"မောင်ရပြီ ညောင်းနေမယ်
တို့ပြန်နှိပ်ပေးမယ်လေ "

"မလုပ်ပါနဲ့
မောင်ငရဲကြီးမှာပေါ့"

အမရာ လက်သွားဆေးလိုက်ပြီး သူမဘေးမှာ ဝင်အိပ်တော့
ချက်ချင်းဆိုသလို မနှင်းဆီက အမရာ့လက်မောင်းပေါ် လာအိပ်သည်

"ဒီလိုလေးအိပ်ချင်လို့ စောင့်နေရတာ
မောင့်လက်မောင်းလေးပေါ်မှာဆို နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်တယ်သိလား
တစ်ညလုံး နိုးတောင်မနိုးဘူး "

"ချစ်လိုက်တာ
သိတော့သိတယ် မနေ့ကလုံးဝမလှုပ်တာ
တစ်ညလုံးအိပ်မောကျနေတာ
အိပ်နော်.. မောင့်လက်မောင်းက မနှင်းဆီတစ်ယောက်ထဲအတွက်ပါပဲ"

အမရာ့ရင်ခုန်သံက မနှင်းဆီရင်ခွင်ထဲရောက်လာတာနဲ့ ထိုနည်း၎င်းပါပဲ တစ်ဒိန်းဒိန်းပင်

"မောင်... ရင်ခုန်နေပြီ"

အမရာရှက်တော့ မျက်နှာဘယ်နားထားရမည်မသိ

"ကြားနေရရင်လဲ ထုတ်မပြောနဲ့လေ မနှင်းဆီရယ်
မောင်ကရှက်တာပေါ့ ထိန်းလို့ကိုမရဘူး ဒီနှလုံးကလဲ"

နှင်းဆီ ခုန်နေတဲ့ဘယ်ဘက်ခြမ်းလေးကို သူမနားနဲ့ကပ်ကာနားထောင်ရင်း

"မထိန်းပါနဲ့ ခုန်ပါစေ
တို့ကိုချစ်လို့ခုန်တာပဲကို"

ထိုသို့အ​ပြုအမူလေးတွေနဲ့ ထိုသို့​ပြောလာတော့ အမရာ့စိတ်ကိုအဘယ်သို့ထိန်းချုပ်ရမည်နည်း

"မောင်စိတ်မထိန်းနိုင်ဖြစ်တော့မယ်"

နှင်းဆီ အမရာ့နှလုံးသားကိုပါးလေးအပ်ထားရာကနေ အမရာ့လည်တိုင်လေးကိုနမ်းသည် အမရာတစ်ယောက် အနမ်းခံလိုက်ရတော့ အသက်တောင်မရှူရဲ
နောက်ရင်ခွင်ထဲကနေ ခေါင်းကလေးမော်ကြည့်ကာ မနှင်းဆီပြောလာသည်က

"မထိန်းနဲ့ တို့ကိုနမ်း.."

ကြိုးစားပါဦးမည်
အဲ့လိုတန်းလန်းထားရတာ ဝါသနာမို့ခွင့်လွှတ်ကြပါ

~~~~~~

(Zawgyi)

"ဘယ္လို"



မောင်ဘက်က ဒီလောက်ထိ..."







ဘယ်သူထင်ထားမှာလဲ
သို့သော်လဲ ချစ်သည်





"အနိုင်ယူလိုက်တာဗျာ"


"ကျေးဇူးပါမောင်

"မောင်နာကျင်ရတယ်



"အခု သိပြီလား



အမရာတစ်ခုခုဖြစ်သည်ထင်ပြီး နွတေို့ကပြေးလာသည်

"မမ ဘယ်လိုဖြစ်တာလဲ


"မောင်ဘာမှမဖြစ်ပါဘူး
သူအရှုံးပေးလိုက်တာ"


နွကေမေးလာသလို အမရာကလဲမေးလာသည်

"ပြောပါ မနှင်းဆီ

"ဒီလို"

Back





"ဟုတ်တယ် ...


အခုနောက်ဆုံးအနေနဲ့


တို့မပြိုင်ဘူး ဝဏ္ဏ







"သက်သေပြရမယ်

"ဘယ်လို.."
နှင်းဆီသိသည်

"မမဘက်က

"တို့ နားလည်တယ်
လောင်းကြေးဆိုတာက"

"လောင်းကြေးက...

"တို့နိုင်ရင်ရော.."

မျှတတယ်မှတ်လား"

"မျှတပါတယ်


အရမ်း ပထမ ကြိုက်တဲ့သူ


~~~~


နွကေ ကြားထဲလန့်နေသေးသည်

မနှင်းဆီက အသိဆုံးလေ"



"congratulations ပါမမ




ဝဏ္ဏ ခေါင်းငုံ့နေသည်
ဒီညငါနိုင်သွားတယ်လေ


အမရာ နွကေို့ပဲကားသော့ပေးလိုက်ပြီး ထိုကားကိုယူထားစေသည်




တစ်ခုတော့မေးချင်တယ်"


"ပျော်လား"





"မလုပ်တော့ပါဘူး




ဟုတ်လား"


"ချစ်လိုက်တာနော်





မောင် ပိုသိလာပြီ


~~~~~~~~

"မောင် ဘာလုပ်နေလဲ"




"အဲ့စာတွေကို မဖတ်နဲ့
မနှင်းဆီကိုပဲ ဖက်"






"အပြောမကြီးနဲ့နော်"


"ယားတယ် မောင်ရယ်
ကြည့်..."






"အဲ့တာ မမြရင်လေ



"မောင်"

"ရှင့်"



ချစ်လို့ကိုမဝဘူး"



ရေချိုးတော့ ...သွား"




"မေမေ့ကလေးနော်

"ဆည်းလည်းလေးလား"


"ထု သမီးရေ နာနာထု"


"ရော့ မေမေ့ကလေးရယ်






"ကောင်းပါပြီ
သမီးလေးရေ"


"မောင် ....
ဘာတွေတွေးနေတာလဲ

နှင်းဆီသိတာပေါ့




နှင်းဆီလန့်သွားပြီး

"မောင့်"





"ခနလေးနေနော်"


"ဘာကြီးလဲ"


"ရပါတယ် မောင်ရယ်

အမရာ လက်မခံ
"မရပါဘူး...



"ဆေးက မပူဘူးနော်မောင်"





"ခနလေးပဲရှိပါသေးတယ်
မောင် မညောင်းပါဘူး"



"မလုပ်ပါနဲ့
မောင်ငရဲကြီးမှာပေါ့"



"ချစ်လိုက်တာ


"မောင်... ရင်ခုန်နေပြီ"




"မထိန်းပါနဲ့ ခုန်ပါစေ





ကြိုးစားပါဦးမည်

Continue Reading

You'll Also Like

912K 82.5K 38
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
SHHH! By love_iimagination

Mystery / Thriller

1.1K 70 8
-"Nga çfare ke frike?" -"Frike?...Ëhm epo mendoj qe nga perbindeshat.Ka perbindesha te ndryshem ne kete bote;perbindesha qe nuk e shohin veten dhe sh...
3.6M 230K 96
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
83.7K 1.2K 21
requests: CLOSED ! (FINISHED) this is a spider-man into the spiderverse preferences! and no peter porker isn't in here for obvious reasons okay? RAN...