Fa Wei Lan၏ပြန်လည်မွေးဖွားခြင...

By lilypark202

4.8K 261 33

I do not own this story and I just translated this story. I give full credit to the original author- @Harui30 More

စာတို
Ch 43(လိပ်ပြာများအား ဆွဲဆောင်ခြင်း)
Ch45 (သတိရပီးစောင့်နေပါ)
Vol2(Ch1) ပိုင်သခင်လေး
Ch 2:ငါ့ကိုရွေးပါ
Ch 3:ကောလဟာလ
Ch 4: 18နှစ်
Ch 5: မှတ်မိနေဆဲပဲ

Ch 44: ဇာမဏီ

294 29 1
By lilypark202

"ကြည့်ရတာ တို့​တွေနောက်ကျမှရောက်လာလို့ ပွဲကို လွတ်သွားပုံပဲ"

ကျယ်လောင်သော ရယ်သံကြောင့် အားလုံးက လှည့်ကြည့်လိုက်ရာ တော်ဝင်သက်တော်စောင့်များ၊ များစွာသော ပညာရှိများနှင့် မင်းသားများရှေ့တွင် ရပ်နေသော ရွှေငွေဝတ်ရုံကိုခြုံထားသော လူတစ်ဦးအားတွေ့လိုက်ရသည်။ လူတိုင်းက ချက်ချင်းဒူးများကိုထောက်ချလိုက်ကာ ဧကရာဇ်အား အရိုအသေ​ပေးကြသည်- ဧကရာဇ်ကတော့ နွေးထွေးစွာပြန်ပြုံးပြ
လိုက်ပီး  သူတို့ကိုမတ်တပ်ရပ်ခွင့်ပြုလိုက်သည်။

"တကယ်လှတဲ့ ပန်းတွေပဲ"

ဧကရာဇ်မှာ ပန်းချီကားဆီသို့တိုးကပ်သွားသည်။ သူ့ရဲ့မျက်လုံးတွေက ဝေလန်ဆွဲထားတဲ့ပန်းတွေအားလုံးကို သေချာကြည့်နေသည်။ လိပ်ပြာများက ပန်းများပေါ်တွင် နားနေကြတာမို့ ပိုပီးသက်ဝင်လှုပ်ရှားလာကာ ထိုအရာက ဧကရာဇ်အား ညင်သာစွာရယ်မောစေလိုက်သည်။

"ဒီဟာက ငါကိုယ်တော်မြတ် အမြဲကြားခဲ့ရတဲ့ လိပ်ပြာတွေကိုဆွဲဆောင်နိုင်တဲ့ နာမည်ကြီးတဲ့ပန်း ပန်းချီကားပဲဖြစ်ရမယ်" ဧကရာဇ်က ဝေလန်အား အပြုံးတစ်ခုဖြင့်ကြည့်လာပီး

"ဟုတ်ရုံ"

ဝေလန်မှာ ထိုနာမည်ကိုကြားတာနဲ့ စိတ်ထဲမှာ တွန့်ဆုတ်သွားရသည်။ သူမက ဧကရာဇ်ရဲ့ရုတ်တရက်ရောက်ရှိလာမှုကြောင့် အံ့သြသွားတာနဲ့ ညာဘက်ဘေးတည့်တည့်တွင်ရပ်နေသော လူကိုသတိမထားလိုက်မိပေ။ ထိုလူက သူ့ကိုငေးကြည့်ရင်းပြုံးနေသည်။

"ဖားဝေလန်ဆွဲထားတဲ့ ပန်းတွေကို မင်းဘယ်လိုမြင်လဲ?"

"လှပပါတယ်" အဲ့လူက သူမကိုဆက်ကြည့်နေရင်းကပြောသည်။ ပန်း ပန်းချီကားကိုမကြည့်ပဲနဲ့လေ..

" ဟုတ်ရုံက ဝေလန်မိန်းကလေးရဲ့အရည်အချင်းတွေကို အရင်ကတည်းလေးစားနေခဲ့တာပါ"

သူ့အပြုံးတွေကို မြင်ရတာကြောင့် ဝေလန်ကြောက်ရွံ့လာသည်။

"မင်းရဲ့လေးစားမှုကို ဝေးဝေးမှာထားလိုက်"

ဖုန်းရဲ့ ပြတ်သားအေးစက်တဲ့စကားကိုကြားလိုက်ရသည်။ ဖုန်းကဝေလန့်လက်ကိုဆွဲပီး သူ့နောက်ကိုပို့လိုက်သည်။ သူ့ရဲ့ရှည်လျားကျယ်ပြန့်တဲ့ခန္ဓာကိုယ်ကို
သုံးပီး ဟုတ်ရုံက ဝေလန်ကိုမမြင်ရအောင် ကွယ်ထားလေသည်။

"အရှင်" ဖုန်းမျက်လုံးတွေက ဧကရာဇ်ဆီရောက်သွားကာ "ဒီနေ့ ဝမ်အိမ်တော်ကို အရှင်ရောက်လာတာဘာလို့များပါလဲ"

"ဝမ်ဖုန်း မင်းကတစ်နေ့ပီးတစ်နေ့ ပိုပိုအတင့်ရဲလာတာပဲနော်၊ အရှင်မင်းကြီးရှေ့မှာ မင်းကများ_"

ဖုန်းရဲ့ စူးရှတဲ့မျက်လုံးတွေက စကားပြောလိုက်သောထိုအမတ်ဆီကို ကျရောက်သွားသည်။ ဝမ်ဖုန်းမှာ အကြောင်းအရာတော်တော်များများကြောင့် နာမည်ကြီးလေသည်_ ထိုထဲက တစ်ချက်မှာ သူ့ရဲ့ခံစားချက်မဲ့သော မဟူရာမျက်ဝန်းများဖြစ်သည်။ ထိုမျက်ဝန်းများမှာ မင်းကိုအကြောက်တရားဖြင့် တုန်လှုပ်စေနိုင်သည်။

"ဝမ်ဖုန်း ငါ့ကိုအဘွားဝမ်က ဖိတ်ကြားခဲ့တာ" ဧကရာဇ်မှာ ဖုန်းရဲ့ အပြုအမူကို ဂရုစိုက်ပုံမရပဲ သူ့ရဲ့ပုံမှန်တည်ငြိမ်သော အပြုံးဖြင့်ပြန်ဖြေသည်။

"မင်းရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ကြေငြာတော့မယ်လို့ သူကပြောတယ်လေ၊ ငါ့ရဲ့စစ်သူကြီးတစ်ယောက်အနေနဲ့ ငါက အသိအမှတ်လာပြုပေးရမှာပေါ့"

ဝမ်ဖုန်းက နှာမှုတ်လိုက်ကာ ဧကရာဇ်က သူ့ရဲ့စေ့စပ်ခြင်းကို အသိအမှတ်ပြုခြင်းမပြုခြင်းအား ဂရုမစိုက်သလို လိုလည်းမလိုကြောင်းပြလိုက်သည်။ လူတိုင်းမှာထိတ်လန့်သွားရသည်။ ဒီလူက ဘာကိုမှမကြောက်တတ်ဘူးလား? အမြဲတမ်း ဒီလိုပဲ မျက်နှာပြောင်ပြောင်နဲ့ အကြောက်တရားမရှိပဲ ဧကရာဇ်အရှေ့မှာ ပြုမူနေတာပဲလား? တိုင်းပြည်ရဲ့ အုပ်ချုပ်သူရှေ့မှာတောင်လေ?

"ကဲ ငါကိုယ်တော်မြတ် ခုဒီမှာရောက်နေပီဆိုတော့"
ဧကရာဇ်က ဆက်ပြောလိုက်ပီး ဝမ်မိသားစု အကြီးအကဲများဘက်လှည့်ကြည့်လိုက်ကာ

"အနာဂတ် ဝမ်သခင်မက ဘယ်သူများလဲ?"

ဘယ်သူကမှ ဘာမှမပြောကြပေ။ အမှန်မှာတော့ ဧကရာဇ်သည် များစွာသော အံ့သြထိတ်လန့်သွား
သည့် မျက်နှာများကိုသတိထားမိလိုက်သည်။ သူ့ရဲ့မျက်ခုံးများက သဘောကျမှုကြောင့် ပင့်တက်သွားသည်။

"အရှင်မင်းမြတ် စေ့စပ်ကြောင်းလမ်းမှုကို ခုထိ
မကြေငြာရသေးပါဘူး" အဘွားဝမ်က ရှုံ့ရှုံ့မဲ့မဲ့ပြုံးလိုက်ကာ ယဥ်ကျေးစွာ ဆက်ပြောသည်။

"အခု အရှင်မင်းမြတ်လဲရောက်လာပီဆိုတော့ ကျွန်မက ဝမ်နဲ့ဖား မိသားစုကြားက စေ့စပ်ကြောင်းလမ်းမှုကိုကြေငြာချင်ပါတယ်"

လူတိုင်းမှာ ဆွံ့အသွားကြသည်။ အထူးသဖြင့် ဟုတ်ရုံမှာ အလွန်အံ့အားသင့်သွားပီး ဝေလန်ကိုဖွက်ထားဆဲဖြစ်သော ဝမ်ဖုန်းကို လှည့်ကြည့်လာသည်။

"အိုး"
ဧကရာဇ်က ပြုံး၍ စူးရှသော မျက်လုံးများဖြင့် ဝမ်ဖုန်းနှင့် သူ မနာလိုစွာပိုင်စိုးပိုင်နင်းဖွက်ထားသော ဝေလန်တို့အား ကြည့်ရန်လှည့်လာခဲ့သည်။

"တကယ်ကို မင်းကောင်းကောင်းရွေးလိုက်တာပဲ ဝမ်ဖုန်း"

ငယ်ရွယ်တဲ့စစ်သူကြီးရဲ့ ဦးခေါင်းပေါ်က ဇာမဏီဆံထိုးကိုမြင်လိုက်ချိန်မှာတော့ ဧကရာဇ်က သဘောပေါက်စွာ ပြုံးလိုက်သည်။

"ဖားဝေလန်"

ဝေလန်က ဖုန်းရဲ့နောက်ကနေ ထွက်လာလိုက်သည်။ ဖုန်းရဲ့ လက်တွေကသူ့ကိုတင်းကျပ်စွာဆုပ်ကိုင်ထားကို ရုန်းမထွက်နိုင်သော်လည်း အရှင်မင်းမြတ်အား သူဦးညွတ်လိုက်နိုင်သည်။

"ဝေလန် အရှင်မင်းမြတ်ကိုနှုတ်ခွန်းဆက်ပါတယ်"

"မင်းရဲ့ မဂ်လာပွဲနေ့ကျရင် ငါမင်းကိုကောင်းကောင်းလက်ဖွဲ့မယ်"

နောက်တစ်ဖန် အားလုံးကအံ့သြသွားပြန်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်" ဝေလန်က
ငြင်သာစွာတုန့်ပြန်သည်။

"မဂ်လာပွဲနေ့ကိုရော ရွေးပီးကြပီလား?" ဧကရာဇ်က အဘွားဝမ်ကိုလှည့်မေးသည်။

"အဲ့ဒါကတော့..." အဘွားဝမ်မှာ အနည်းငယ်ရှက်ရွံ့နေပုံပေါ်သော်လည်း အနည်းငယ်ဦးညွတ်၍ ပြောလိုက်သည်။

"မာစတာ ဖားက သူ့မြေးမလေးအတွက် အချိန်ပိုပေးဖို့အတွက် တောင်းဆိုထားတာမလို့ ကျွန်မတို့ မဂ်လာပွဲမကျင်းပခင် နှစ်နှစ်စောင့်ဖို့အတွက် သဘောတူထားကြပီးပါပီ"

ဧကရာဇ်က ဒုတိယအကြိမ်အံ့သြသွားတာကြောင့် ရယ်လိုက်သည်။

"ဝမ်ဖုန်းရေ ကိုယ်တော်တော့ မင်းရဲ့ ပြိုင်ဘက်မာစတာဖားကိုတွေ့ပီလို့ ထင်တယ်" ဧကရာဇ်က စနောက်လိုက်သည်။

" အလှလေးဆိုတာ လွယ်လွယ်နဲ့မရနိုင်ဘူး။ ဒါမင်းအတွက် သင်ခန်းစာပေါ့လေ"

ဝမ်ဖုန်းက လှောင်ခံရသောကြောင့်သုန်မှုန်နေသော်လည်း ဝေလန်ကတော့ ရှက်သွေးဖြာလျက်ရှိသည်။

"ဖားဝေလန်" ရုတ်တရက် ဧကရာဇ်မှာ နူးညံ့သောအသံဖြင့် ပြောလာသည်။
"အချိန်ယူပီး ကမ္ဘာကြီးကိုလေ့လာပါ။ ပင်လယ်ကြီးက အလွန်ကျယ်ပြန့်ပီး ငါးတွေလည်းအများကြီးရှိတာမလို့ပဲ"

ဧကရာဇ်အပြုံးများမှာ ငြင်သာလျက် လွန်ခဲ့သော အပတ်ပေါင်းများစွာက ဝေလန်ဆွဲခဲ့သော ပန်းချီကား အကြောင်းအား သတိရစေလိုက်သည်_"ငါးနဲ့ငှက်ငယ်"။ တကယ်တော့ ထိုပန်းချီကားမှာ ဝေလန်၏အရင်ဘဝဆီက ဝမ်းနည်းဖွယ်မှတ်ဉာဏ်သပ်သပ်သာဖြစ်သည်။ ထိုစကားလုံးများမှာ သူမ၏နှလုံးသားဆီသို့  ခါးသီးသောခံစားချက်များသာ ယူဆောင်လာပေးသည်။ အဘယ်ကြောင့်ဆိုသော် အတိတ်တုန်းက
ဟုတ်ရုံကလည်း တူညီသောစကားများအား သူမကိုပြောခဲ့သည်လေ။

"တစ်ယောက်ယောက်က ဒီစစ်သူကြီးရဲ့ မိန်းကလေးကိုတပ်မက်ရဲမယ်ဆိုရင်တော့ အဲ့ဒီပင်လယ်ထဲမှာ ဘာငါးမှမကျန်အောင် ရှင်းပစ်မယ်" ဝမ်ဖုန်းရဲ့အသံမှာ သူ့ရဲ့နက်မှောင်သောမျက်လုံးများတမျှအေးစက်လှသည်။

ဝမ်ဖုန်း ကိုကြည့်ရသည်မှာ စိတ်မလွတ်ရုံတမျှဖြစ်နေလေသည်_ ရှေ့ဆက်တိုးရဲ ပြောရဲသူမှန်သမျှကို သတ်ဖို့ စတိုက်ဖို့ အဆင်သင့်ဖြစ်နေပုံပင်။  ဧကရာဇ်ပင်လျှင် ပြုံးမြဲပြုံးနေသော်လည်း ရှေ့ဆက်မတိုးသလို ဘာမှလည်းဆက်မပြောတော့ပေ။

"ဝေလန်က ပင်လယ်ထဲကငါးကိုမျှော်လင့်နေတဲ့ ငှက်တစ်ကောင်မဟုတ်ပါဘူး အရှင်..." သူမက အပြုံးငယ်တစ်ခုဖြင့် ငြင်သာစွာဆက်ပြောသည်။
"ဝေလန်က  သူမကိုကောင်းကင်ပေါ်ခေါ်ဆောင်သွားနိုင်မယ့် လေကိုစောင့်မျှော်နေတဲ့ ဇာမဏီငှက်တစ်ကောင်ပါ"
(အက်လယ်လယ် ဒီမိန်းကလေးတော်တော်ကျူး ဝမ်ဖုန်းရဲ့ ဖုန်းက 'လေ' ဆိုတဲ့ အဓိပ္ပါယ်ထင်ပါတယ် အဲ့တာကြောင့် သူအဲ့ဒီလိုပြောလိုက်တာပါ)

ဖုန်းက သူမစကားကိုကြားတော့ သဘောကျစွာ သူမကိုပြုံး၍ကြည့်လာသည်။ သူ့လက်က ဝေလန့်လက်ကိုဆုပ်ကိုင်ရန် သူမလက်ကောက်ဝတ်မှ ချလိုက်၍
ခိုင်မြဲစွာဆုပ်ကိုင်ထားလေသည်။

"မှန်လိုက်လေ...ဇာမဏီငှက်" ဧကရာဇ်မှာ ရယ်လိုက်ရင်း သူမတို့လက်များသွယ်ယှက်ထားတာကို ကြည့်နေခဲ့သည်။ "အင်း... လေကိုစောင့်မျှော်နေတဲ့ ဇာမဏီငှက်ငယ်...ဖားဝေလန် မင်းကတကယ်ကို မင်းရဲ့နာမည်နဲ့ထိုက်တန်တာပဲ"

ဧကရာဇ်၏ချီးမွှမ်းမှုကြောင့် ဝေလန် ရှက်သွေးဖြာသွားကာ ဦးညွှတ်လိုက်သည်။

"ခုလို ပျော်စရာကောင်းတဲ့ အခါသမယ၊ ပျော်စရာကောင်းတဲ့နေ့မှာ" ဧကရာဇ်ကရုတ်တရက် ပြောလာကာ လှည့်သွားပီး အဘွားဝမ်နှင့် ဝေလန်အဖိုးတို့ဘက်သို့လျှောက်သွားသည်။

"တို့ သူငယ်ချင်းဟောင်းတွေ အတူတူနည်းနည်းပါးပါး သောက်ကြတာပေါ့"

ဧကရာဇ်က ဖားဟဲ့လုံအား ထိုသို့ပြောတာကိုကြားလိုက်တော့ အားလုံးက ကောလဟာလများမှာ အမှန်ပင်ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ဖားမိသားစုရဲ့ ခေါင်းဆောင်မှာ တရားခွင် ညီလာခံတွင် စိတ်ဝင်စားမှု၊ ရာထူးတစ်စုံတစ်ရာမရှိသော်လည်း တော်ဝင်မိသားစုနှင့်တော့ နက်ရှိုင်းသောဆက်ဆံရေးရှိသည်_ ဧကရာဇ်ကိုယ်တိုင်နှင့်ကောပေါ့လေ...

🩵🩵🩵🩵🩵

"ၾကည့္ရတာ တို႔​ေတြေနာက္က်မွေရာက္လာလို႔ ပြဲကို လြတ္သြားပံုပဲ"

က်ယ္ေလာင္ေသာ ရယ္သံေၾကာင့္ အားလံုးက လွည့္ၾကည့္လိုက္ရာ ေတာ္ဝင္သက္ေတာ္ေစာင့္မ်ား၊ မ်ားစြာေသာ ပညာရိွမ်ားႏွင့္ မင္းသားမ်ားေရ႔ွတြင္ ရပ္ေနေသာ ေရႊေငြဝတ္ရံုကိုၿခံဳထားေသာ လူတစ္ၪီးအားေတြ့လိုက္ရသည္။ လူတိုင္းက ခ်က္ခ်င္းဒူးမ်ားကိုေထာက္ခ်လိုက္ကာ ဧကရာဇ္အား အရိုအေသ​ေပးၾကသည္- ဧကရာဇ္ကေတာ့ ေနြးေထြးစြာျပန္ၿပံဳးျပ
လိုက္ပီး  သူတို႔ကိုမတ္တပ္ရပ္ခြင့္ျပဳလိုက္သည္။

"တကယ္လွတဲ့ ပန္းေတြပဲ"

ဧကရာဇ္မွာ ပန္းခ်ီကားဆီသို႔တိုးကပ္သြားသည္။ သူ႔ရဲ့မ်က္လံုးေတြက ေဝလန္ဆြဲထားတဲ့ပန္းေတြအားလံုးကို ေသခ်ာၾကည့္ေနသည္။ လိပ္ျပာမ်ားက ပန္းမ်ားေပၚတြင္ နားေနၾကတာမို႔ ပိုပီးသက္ဝင္လႈပ္ရွားလာကာ ထိုအရာက ဧကရာဇ္အား ညင္သာစြာရယ္ေမာေစလိုက္သည္။

"ဒီဟာက ငါကိုယ္ေတာ္ျမတ္ အၿမဲၾကားခဲ့ရတဲ့ လိပ္ျပာေတြကိုဆြဲေဆာင္ႏိုင္တဲ့ နာမည္ႀကီးတဲ့ပန္း ပန္းခ်ီကားပဲျဖစ္ရမယ္" ဧကရာဇ္က ေဝလန္အား အၿပံဳးတစ္ခုျဖင့္ၾကည့္လာပီး

"ဟုတ္ရံု"

ေဝလန္မွာ ထိုနာမည္ကိုၾကားတာနဲ႔ စိတ္ထဲမွာ တြန္႔ဆုတ္သြားရသည္။ သူမက ဧကရာဇ္ရဲ့ရုတ္တရက္ေရာက္ရိွလာမႈေၾကာင့္ အံ့ၾသသြားတာနဲ႔ ညာဘက္ေဘးတည့္တည့္တြင္ရပ္ေနေသာ လူကိုသတိမထားလိုက္မိေပ။ ထိုလူက သူ႔ကိုေငးၾကည့္ရင္းၿပံဳးေနသည္။

"ဖားေဝလန္ဆြဲထားတဲ့ ပန္းေတြကို မင္းဘယ္လိုျမင္လဲ?"

"လွပပါတယ္" အဲ့လူက သူမကိုဆက္ၾကည့္ေနရင္းကေျပာသည္။ ပန္း ပန္းခ်ီကားကိုမၾကည့္ပဲနဲ႔ေလ..

" ဟုတ္ရံုက ေဝလန္မိန္းကေလးရဲ့အရည္အခ်င္းေတြကို အရင္ကတည္းေလးစားေနခဲ့တာပါ"

သူ႔အၿပံဳးေတြကို ျမင္ရတာေၾကာင့္ ေဝလန္ေၾကာက္ရြံ႔လာသည္။

"မင္းရဲ့ေလးစားမႈကို ေဝးေဝးမွာထားလိုက္"

ဖုန္းရဲ့ ျပတ္သားေအးစက္တဲ့စကားကိုၾကားလိုက္ရသည္။ ဖုန္းကေဝလန္႔လက္ကိုဆြဲပီး သူ႔ေနာက္ကိုပို႔လိုက္သည္။ သူ႔ရဲ့ရွည္လ်ားက်ယ္ျပန္႔တဲ့ခႏၶာကိုယ္ကို
သံုးပီး ဟုတ္ရံုက ေဝလန္ကိုမျမင္ရေအာင္ ကြယ္ထားေလသည္။

"အရွင္" ဖုန္းမ်က္လံုးေတြက ဧကရာဇ္ဆီေရာက္သြားကာ "ဒီေန့ ဝမ္အိမ္ေတာ္ကို အရွင္ေရာက္လာတာဘာလို႔မ်ားပါလဲ"

"ဝမ္ဖုန္း မင္းကတစ္ေန့ပီးတစ္ေန့ ပိုပိုအတင့္ရဲလာတာပဲေနာ္၊ အရွင္မင္းႀကီးေရ႔ွမွာ မင္းကမ်ား_"

ဖုန္းရဲ့ စူးရွတဲ့မ်က္လံုးေတြက စကားေျပာလိုက္ေသာထိုအမတ္ဆီကို က်ေရာက္သြားသည္။ ဝမ္ဖုန္းမွာ အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားေၾကာင့္ နာမည္ႀကီးေလသည္_ ထိုထဲက တစ္ခ်က္မွာ သူ႔ရဲ့ခံစားခ်က္မဲ့ေသာ မဟူရာမ်က္ဝန္းမ်ားျဖစ္သည္။ ထိုမ်က္ဝန္းမ်ားမွာ မင္းကိုအေၾကာက္တရားျဖင့္ တုန္လႈပ္ေစႏိုင္သည္။

"ဝမ္ဖုန္း ငါ့ကိုအဘြားဝမ္က ဖိတ္ၾကားခဲ့တာ" ဧကရာဇ္မွာ ဖုန္းရဲ့ အျပဳအမူကို ဂရုစိုက္ပံုမရပဲ သူ႔ရဲ့ပံုမွန္တည္ၿငိမ္ေသာ အၿပံဳးျဖင့္ျပန္ေျဖသည္။

"မင္းရဲ့ ေစ့စပ္ေၾကာင္းလမ္းမႈကို ေၾကျငာေတာ့မယ္လို႔ သူကေျပာတယ္ေလ၊ ငါ့ရဲ့စစ္သူႀကီးတစ္ေယာက္အေနနဲ႔ ငါက အသိအမွတ္လာျပဳေပးရမွာေပါ့"

ဝမ္ဖုန္းက ႏွာမႈတ္လိုက္ကာ ဧကရာဇ္က သူ႔ရဲ့ေစ့စပ္ျခင္းကို အသိအမွတ္ျပဳျခင္းမျပဳျခင္းအား ဂရုမစိုက္သလို လိုလည္းမလိုေၾကာင္းျပလိုက္သည္။ လူတိုင္းမွာထိတ္လန္႔သြားရသည္။ ဒီလူက ဘာကိုမွမေၾကာက္တတ္ဘူးလား? အၿမဲတမ္း ဒီလိုပဲ မ်က္ႏွာေျပာင္ေျပာင္နဲ႔ အေၾကာက္တရားမရိွပဲ ဧကရာဇ္အေရ႔ွမွာ ျပဳမူေနတာပဲလား? တိုင္းျပည္ရဲ့ အုပ္ခ်ဳပ္သူေရ႔ွမွာေတာင္ေလ?

"ကဲ ငါကိုယ္ေတာ္ျမတ္ ခုဒီမွာေရာက္ေနပီဆိုေတာ့"
ဧကရာဇ္က ဆက္ေျပာလိုက္ပီး ဝမ္မိသားစု အႀကီးအကဲမ်ားဘက္လွည့္ၾကည့္လိုက္ကာ

"အနာဂတ္ ဝမ္သခင္မက ဘယ္သူမ်ားလဲ?"

ဘယ္သူကမွ ဘာမွမေျပာၾကေပ။ အမွန္မွာေတာ့ ဧကရာဇ္သည္ မ်ားစြာေသာ အံ့ၾသထိတ္လန္႔သြား
သည့္ မ်က္ႏွာမ်ားကိုသတိထားမိလိုက္သည္။ သူ႔ရဲ့မ်က္ခံုးမ်ားက သေဘာက်မႈေၾကာင့္ ပင့္တက္သြားသည္။

"အရွင္မင္းျမတ္ ေစ့စပ္ေၾကာင္းလမ္းမႈကို ခုထိ
မေၾကျငာရေသးပါဘူး" အဘြားဝမ္က ရႈံ႔ရႈံ႔မဲ့မဲ့ၿပံဳးလိုက္ကာ ယဥ္ေက်းစြာ ဆက္ေျပာသည္။

"အခု အရွင္မင္းျမတ္လဲေရာက္လာပီဆိုေတာ့ ကြၽန္မက ဝမ္နဲ႔ဖား မိသားစုၾကားက ေစ့စပ္ေၾကာင္းလမ္းမႈကိုေၾကျငာခ်င္ပါတယ္"

လူတိုင္းမွာ ဆြံ႔အသြားၾကသည္။ အထူးသျဖင့္ ဟုတ္ရံုမွာ အလြန္အံ့အားသင့္သြားပီး ေဝလန္ကိုဖြက္ထားဆဲျဖစ္ေသာ ဝမ္ဖုန္းကို လွည့္ၾကည့္လာသည္။

"အိုး"
ဧကရာဇ္က ၿပံဳး၍ စူးရွေသာ မ်က္လံုးမ်ားျဖင့္ ဝမ္ဖုန္းႏွင့္ သူ မနာလိုစြာပိုင္စိုးပိုင္နင္းဖြက္ထားေသာ ေဝလန္တို႔အား ၾကည့္ရန္လွည့္လာခဲ့သည္။

"တကယ္ကို မင္းေကာင္းေကာင္းေရြးလိုက္တာပဲ ဝမ္ဖုန္း"

ငယ္ရြယ္တဲ့စစ္သူႀကီးရဲ့ ၪီးေခါင္းေပၚက ဇာမဏီဆံထိုးကိုျမင္လိုက္ခ်ိန္မွာေတာ့ ဧကရာဇ္က သေဘာေပါက္စြာ ၿပံဳးလိုက္သည္။

"ဖားေဝလန္"

ေဝလန္က ဖုန္းရဲ့ေနာက္ကေန ထြက္လာလိုက္သည္။ ဖုန္းရဲ့ လက္ေတြကသူ႔ကိုတင္းက်ပ္စြာဆုပ္ကိုင္ထားကို ရုန္းမထြက္ႏိုင္ေသာ္လည္း အရွင္မင္းျမတ္အား သူၪီးၫြတ္လိုက္ႏိုင္သည္။

"ေဝလန္ အရွင္မင္းျမတ္ကိုႏႈတ္ခြန္းဆက္ပါတယ္"

"မင္းရဲ့ မဂ္လာပြဲေန့က်ရင္ ငါမင္းကိုေကာင္းေကာင္းလက္ဖြဲ႔မယ္"

ေနာက္တစ္ဖန္ အားလံုးကအံ့ၾသသြားျပန္သည္။

"ေက်းဇူးတင္ပါတယ္ အရွင္မင္းျမတ္" ေဝလန္က
ျငင္သာစြာတုန္႔ျပန္သည္။

"မဂ္လာပြဲေန့ကိုေရာ ေရြးပီးၾကပီလား?" ဧကရာဇ္က အဘြားဝမ္ကိုလွည့္ေမးသည္။

"အဲ့ဒါကေတာ့..." အဘြားဝမ္မွာ အနည္းငယ္ရွက္ရြံ႔ေနပံုေပၚေသာ္လည္း အနည္းငယ္ၪီးၫြတ္၍ ေျပာလိုက္သည္။

"မာစတာ ဖားက သူ႔ေျမးမေလးအတြက္ အခ်ိန္ပိုေပးဖို႔အတြက္ ေတာင္းဆိုထားတာမလို႔ ကြၽန္မတို႔ မဂ္လာပြဲမက်င္းပခင္ ႏွစ္ႏွစ္ေစာင့္ဖို႔အတြက္ သေဘာတူထားၾကပီးပါပီ"

ဧကရာဇ္က ဒုတိယအႀကိမ္အံ့ၾသသြားတာေၾကာင့္ ရယ္လိုက္သည္။

"ဝမ္ဖုန္းေရ ကိုယ္ေတာ္ေတာ့ မင္းရဲ့ ၿပိဳင္ဘက္မာစတာဖားကိုေတြ့ပီလို႔ ထင္တယ္" ဧကရာဇ္က စေနာက္လိုက္သည္။

" အလွေလးဆိုတာ လြယ္လြယ္နဲ႔မရႏိုင္ဘူး။ ဒါမင္းအတြက္ သင္ခန္းစာေပါ့ေလ"

ဝမ္ဖုန္းက ေလွာင္ခံရေသာေၾကာင့္သုန္မႈန္ေနေသာ္လည္း ေဝလန္ကေတာ့ ရွက္ေသြးျဖာလ်က္ရိွသည္။

"ဖားေဝလန္" ရုတ္တရက္ ဧကရာဇ္မွာ ႏူးညံ့ေသာအသံျဖင့္ ေျပာလာသည္။
"အခ်ိန္ယူပီး ကမ႓ာႀကီးကိုေလ့လာပါ။ ပင္လယ္ႀကီးက အလြန္က်ယ္ျပန္႔ပီး ငါးေတြလည္းအမ်ားႀကီးရိွတာမလို႔ပဲ"

ဧကရာဇ္အၿပံဳးမ်ားမွာ ျငင္သာလ်က္ လြန္ခဲ့ေသာ အပတ္ေပါင္းမ်ားစြာက ေဝလန္ဆြဲခဲ့ေသာ ပန္းခ်ီကား အေၾကာင္းအား သတိရေစလိုက္သည္_"ငါးနဲ႔ငွက္ငယ္"။ တကယ္ေတာ့ ထိုပန္းခ်ီကားမွာ ေဝလန္၏အရင္ဘဝဆီက ဝမ္းနည္းဖြယ္မွတ္ဉာဏ္သပ္သပ္သာျဖစ္သည္။ ထိုစကားလံုးမ်ားမွာ သူမ၏ႏွလံုးသားဆီသို႔  ခါးသီးေသာခံစားခ်က္မ်ားသာ ယူေဆာင္လာေပးသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အတိတ္တုန္းက
ဟုတ္ရံုကလည္း တူညီေသာစကားမ်ားအား သူမကိုေျပာခဲ့သည္ေလ။

"တစ္ေယာက္ေယာက္က ဒီစစ္သူႀကီးရဲ့ မိန္းကေလးကိုတပ္မက္ရဲမယ္ဆိုရင္ေတာ့ အဲ့ဒီပင္လယ္ထဲမွာ ဘာငါးမွမက်န္ေအာင္ ရွင္းပစ္မယ္" ဝမ္ဖုန္းရဲ့အသံမွာ သူ႔ရဲ့နက္ေမွာင္ေသာမ်က္လံုးမ်ားတမ်ွေအးစက္လွသည္။

ဝမ္ဖုန္း ကိုၾကည့္ရသည္မွာ စိတ္မလြတ္ရံုတမ်ျွဖစ္ေနေလသည္_ ေရ႔ွဆက္တိုးရဲ ေျပာရဲသူမွန္သမ်ွကို သတ္ဖို႔ စတိုက္ဖို႔ အဆင္သင့္ျဖစ္ေနပံုပင္။  ဧကရာဇ္ပင္လ်ွင္ ၿပံဳးၿမဲျပံဳးေနေသာ္လည္း ေရ႔ွဆက္မတိုးသလို ဘာမွလည္းဆက္မေျပာေတာ့ေပ။

"ေဝလန္က ပင္လယ္ထဲကငါးကိုေမ်ွာ္လင့္ေနတဲ့ ငွက္တစ္ေကာင္မဟုတ္ပါဘူး အရွင္..." သူမက အၿပံဳးငယ္တစ္ခုျဖင့္ ျငင္သာစြာဆက္ေျပာသည္။
"ေဝလန္က  သူမကိုေကာင္းကင္ေပၚေခၚေဆာင္သြားႏိုင္မယ့္ ေလကိုေစာင့္ေမ်ွာ္ေနတဲ့ ဇာမဏီငွက္တစ္ေကာင္ပါ"
(အက္လယ္လယ္ ဒီမိန္းကေလးေတာ္ေတာ္က်ူး ဝမ္ဖုန္းရဲ့ ဖုန္းက 'ေလ' ဆိုတဲ့ အဓိပၸါယ္ထင္ပါတယ္ အဲ့တာေၾကာင့္ သူအဲ့ဒီလိုေျပာလိုက္တာပါ)

ဖုန္းက သူမစကားကိုၾကားေတာ့ သေဘာက်စြာ သူမကိုၿပံဳး၍ၾကည့္လာသည္။ သူ႔လက္က ေဝလန္႔လက္ကိုဆုပ္ကိုင္ရန္ သူမလက္ေကာက္ဝတ္မွ ခ်လိုက္၍
ခိုင္ၿမဲစြာဆုပ္ကိုင္ထားေလသည္။

"မွန္လိုက္ေလ...ဇာမဏီငွက္" ဧကရာဇ္မွာ ရယ္လိုက္ရင္း သူမတို႔လက္မ်ားသြယ္ယွက္ထားတာကို ၾကည့္ေနခဲ့သည္။ "အင္း... ေလကိုေစာင့္ေမ်ွာ္ေနတဲ့ ဇာမဏီငွက္ငယ္...ဖားေဝလန္ မင္းကတကယ္ကို မင္းရဲ့နာမည္နဲ႔ထိုက္တန္တာပဲ"

ဧကရာဇ္၏ခ်ီးမႊမ္းမႈေၾကာင့္ ေဝလန္ ရွက္ေသြးျဖာသြားကာ ၪီးၫႊတ္လိုက္သည္။

"ခုလို ေပ်ာ္စရာေကာင္းတဲ့ အခါသမယ၊ ေပ်ာ္စရာေကာင္းတဲ့ေန့မွာ" ဧကရာဇ္ကရုတ္တရက္ ေျပာလာကာ လွည့္သြားပီး အဘြားဝမ္ႏွင့္ ေဝလန္အဖိုးတို႔ဘက္သို႔ေလ်ွာက္သြားသည္။

"တို႔ သူငယ္ခ်င္းေဟာင္းေတြ အတူတူနည္းနည္းပါးပါး ေသာက္ၾကတာေပါ့"

ဧကရာဇ္က ဖားဟဲ့လံုအား ထိုသို႔ေျပာတာကိုၾကားလိုက္ေတာ့ အားလံုးက ေကာလဟာလမ်ားမွာ အမွန္ပင္ျဖစ္ေၾကာင္း သေဘာေပါက္သြားေတာ့သည္။ ဖားမိသားစုရဲ့ ေခါင္းေဆာင္မွာ တရားခြင္ ညီလာခံတြင္ စိတ္ဝင္စားမႈ၊ ရာထူးတစ္စံုတစ္ရာမရိွေသာ္လည္း ေတာ္ဝင္မိသားစုႏွင့္ေတာ့ နက္ရိႈင္းေသာဆက္ဆံေရးရိွသည္_ ဧကရာဇ္ကိုယ္တိုင္ႏွင့္ေကာေပါ့ေလ...

🩵🩵🩵🩵🩵

Continue Reading

You'll Also Like

16.2K 1K 62
What if Karna is the most powerful ruler of the world? What if he is son of king of Ayodhya? What if his love story has a beautiful ending? What if M...
54K 3.9K 44
Ruthless, formidable and cold hearted, are the words people now used to describe the five sons of Pandu. The once compassionate and just souls, seem...
258K 4.2K 151
"Farming and Raising Cubs: The Vicious Female Supporting Character is Fought for by the Whole Family" Author: Huang Ruo Chen Xi Summary: I traveled t...
2.6M 408K 68
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...