Survivorship Bias {Myanmar Tr...

By Eri1485EXOL

638 53 0

Hello! This is the Myanmar translation of survivorship bias. Original work is 幸存者偏差[无限] by 稚楚 and we translat... More

Summary
Chapter - 1.1 -Start Override
Chapter - 1.3 (Start Override)

Chapter - 1.2 (Start Override)

43 7 0
By Eri1485EXOL


Unicode




သူ့ဦးနှောက်ထဲရှိ hippocampus ပျက်သွားလို့များလား? ဒါမှမဟုတ်ရင် အခြားတစ်ခုခုများ အစားထိုးခံ လိုက်ရတာလား လို့ သူတွေးမိတယ်။

(T/N- hippocampus ဆိုတာ ဦးနှောက်ထဲတွင်နက်ရှိုင်းစွာ မြှုပ်နှံထားတဲ့ ရှုပ်ထွေးပွေလီသော ဖွဲ့စည်းပုံတစ်ခုဖြစ်တယ်။ သင်ယူခြင်း နှင့် မှတ်သားခြင်းဆိုင်ရာ အချက်လက်တွေအတွက် အဓိကအခန်းကဏ္ဍမှ အကျိုးပြုပြီး ၎င်းဟာ ထိခိုက်ပျက်စီးလွယ်တဲ့ အခြေအနေရှိတယ်။ လေ့လာမှုတွေအရတော့ သူတို့ဟာ အာရုံကြောနှင့် စိတ်ရောဂါ ဆိုင်ရာ ရောဂါ အမျိုးမျိုးတို့အပေါ်တွင်လည်း သက်ရောက်မှုရှိတယ်လို့ဆိုကြပါတယ်။

Google မှ ကောက်နှုတ်ကိုးကားထားခြင်းဖြစ်ပါ၍ အမှားတစ်စုံတစ်ရာ ရှိနေပါက ဘာသာပြန်သူ၏ အမှားသာဖြစ်ပါတယ်ရှင်....)

အန်းဝူကျို့ ဟာ သူ့ခန္ဓာကိုယ်တွင်း အာရုံကြောနှင့်ဆိုင်တဲ့ နယ်ပယ်ရှိမရှိကို စစ်ဆေးလိုတယ်။ ညာဘက်လက်ကလည်း ပြင်ထန်သောဒဏ်ရာကြောင့် အရိုးကျိုးသွားခြင်းဖြစ်တန်ရာ၏။ ပြီးတော့ လက်က ခုထက်ထိ တုန်နေတုန်းပဲ။

သူ့ဘယ်ဘက်လက်ကို မြှောက်ပြီး နားရွက်နှင့်ခေါင်းနောက်သို့ ဆန့်ထုတ်လိုက်တယ်။ ဆံပင်တွေက ခါးအထိရှည်နေတာကို သတိပြုမိတယ်။ ဒါပေမယ့် အဲ့ဒါနဲ့ပတ်သတ်ပြီး သူ့မှာ ဘာအစီအစဉ်မှ ရှိမနေဘူး။

ငါ့လက်တွေက ဒီလို တုန်လှုပ်နေဆဲ ဖြစ်တာကို တကယ်မလိုချင်ဘူး။

အန်းဝူကျို့ သူ့ညာဘက်လက်ညှိုးထိပ်ကို ကိုက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ Mask တပ်ထားတဲ့လူကိုတစ်ချက် ကြည့်လိုက်တယ်။

အဲ့ဒီလူက သူနဲ့အဝေးဆုံးမှာ မတ်တပ်ရပ်နေတာဖြစ်တယ်။ ထိုသူသည် အရပ်ရှည်ပြီး အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားတယ်။ ကြည့်ရသလောက်တော့ လူငယ်ပုံစံပဲ။ သူ့မျက်နှာ အစစ်အမှန်ကိုတော့ သေချာမမြင်ရဘူး။ ထိုသူက ဓာတုပစ္စည်း အချို့ဖြင့်ပြုလုပ်ထားတဲ့ စက်မျက်နှာဖုံးကို ဝတ်ဆင်ထားတယ်။ မျက်နှာပြင်က ချော မွတ်ပြီး ချိုမြိန်တဲ့ အဖြူရောင် သကြားရည်လိုမျိုး ဖြူစွတ်နေတယ်။ ဒါပေမယ့် အဲ့အပေါ်မှာ သဲလွန်စ တစ်စွန်းတစ်စ ကျန်ရှိနေတဲ့ လက္ခဏာလည်းရှိသေးတယ်။

မျက်နှာဖုံးအရှေ့ဘက်မှာ guanyin ပုံသဏ္ဍာန် ဖြစ်ပြီး မျက်လုံးတွေက မှေးထားတယ်။ ပါးစပ်ထောင့်တွေဟာ အနည်းငယ် မြင့်တက်နေပြီး အပေါ်မျက်ခုံးတွေရဲ့ အလယ်ဗဟို မှာအနည်းငယ် နီရဲနေလေရဲ့။ စုဝေးနေတဲ့မျဉ်းတွေက ရေပြင်ညီ နဲ့ ဒေါင်လိုက်အရ ပိုင်းခြားထားပြီး သတ္တုခါးပတ်ခေါင်းဟာလည်း ဦးခေါင်းအနောက်နှင့်ချိတ်ဆက်ထားပေတယ်။ Guanyin ကဲ့သို့ သိမ်မွေ့နူးညံ့တဲ့ အမြင်တစ်ပိုင်းတစ်စ ကိုထုတ်လွှတ်နေသေးတယ်။

(T/N - တရုတ်ဒဏ္ဍာရီ အရ Guanyin ဆိုတာ ဂရုဏာတရား၏ နတ်ဘုရားဖြစ်ပြီး သနားကြင်နာမှု၏ ရုပ်ပိုင်းဆိုင်ရာ ပြယုဒ်အဖြစ် သတ်မှတ်ကြပါတယ်။

ဒါလဲ ဂလူးဂလူးခေါက်ထားတာပါပဲ, သေချာသိတဲ့သူများရှိရင် ပြောပြပေးလို့ရပါတယ်ရှင် ဒီက မသိနားမလည်သူလေးကို )

ကြည့်ရတာတော့ အာရုံကြောစနစ်တွေကို ထိမသွားဘူးပဲ။ အန်းဝူကျို့ သူ့ဘယ်ဘက်လက်ကို ချ ထားလိုက်တယ်။ ဒီမှာ ရှိတဲ့ အရာရာတိုင်းက သူ့စိတ်ကို ရှုပ်ထွေးစေတာတော့ အမှန်ပဲ။ သူ့မိခင်နှင့် သူ၏ ဆက်ဆံရေး , သူကြီး ပြင်းလာပုံ အဆင့်ဆင့် , သူ့ဖခင် စောစောသေဆုံးသွားရခြင်း , သူ့မိခင်အပေါ် သူ့ရဲ့ မှီခို မှုတွေ နှင့် ချစ်ရပါသော ညီမလေး.....ဒါတွေကို သူမှတ်မိတယ်။

အဲ့ဒီအချိန်တုန်းက ဆေးရုံလူနာခန်းထဲက အမေ့နောက်ကို လိုက်သွားသင့်တာ။ ဒါဆို ငါက ဘာ့ကြောင့် ဒီမှာ ရှိနေရတာလဲ?

" အရင်တုန်းက အတိုင်းပါပဲ, တရားဝင်ပြိုင်ပွဲ မစခင် ငါတို့မှာ မင်းတို့အတွက် သွေးပူဂိမ်း တစ်ခုရှိပါတယ်။ သွေးပူ ဂိမ်းကို အနိုင်ရရှိတဲ့ အသက်ရှင်ကျန်ရစ်သူကသာ ဂိမ်းရဲ့အားသာချက် ဒါမှမဟုတ် တစ်ဦးတည်းကစားခွင့်နှင့် အသင်းအဖွဲလိုက် ကစားခွင့်တွေကို ရွေးချယ်ခွင့် ရရှိနိုင် မှာပါ။"

ထို အသံပေါ်လာချိန်မှာ ငါ့ အရှေ့ရှိ အဖြူရောင် အကွက်ဟာ screen ပျက်သွားလို့ အရောင်စုံဘားတန်းတွေ ပေါ်လာသလိုမျိုး တုန်ခါလာတယ်။ ထို့နောက် သူတို့ရှေ့တွင် မြင့်မားတဲ့ ထိုင်ခုံရှစ်လုံးပါဝင်တဲ့ စာပွဲဝိုင်းတစ်ခုပေါ်လာလေရဲ့။

" ကျေးဇူးပြုပြီး ထိုင်ကြပါ"

အခြားသူတွေက ညွှန်ကြားချက်အတိုင်း လိုက်နာကာ ထိုင်ခုံမှာနေရာယူလိုက်ကြတယ်။ အန်းဝူကျို့ , သူနားမလည်သေးတဲ့ အချိန်မှာပင် သေနတ်အပစ်ခံပြီး သေသွားမှာကို မလိုလားသောကြောင့် သူလည်းပဲ လွတ်တဲ့နေရာမှာ ဝင်ထိုင်လိုက်တယ်။

သူထိုင်လိုက်ချိန် ခနအတွင်းမှာပဲ ဒီဂျစ်တယ် ဘားတန်း နဲ့ အရောင်တောက်တောက်တွေ ပြည့်နှက်နေတဲ့ ပုံရိပ်ဟာ သူတို့ပတ်ဝန်းကျင်တွင် အဖြူရောင်နောက်ခံဖြင့် ပေါ်လာလေတယ်။ မီးရောင်တွေ လင်းထိန်လာတဲ့အခါမှ သူတို့ဟာ မိုးမျှော်တိုက်တစ်ခုရဲ့ ခေါင်မိုးပေါ်တွင် ရှိနေကြောင်း သိလိုက်ရတယ်။မှောင်မဲနေတဲ့ ကောင်းကင်ပြင်ကြီးတွင် နီယွန် မီးရောင် အလင်းဖျော့ဖျော့လေးတွေ ရောနှောနေလေရဲ့။

လေယာဉ် လမ်းကြောင်းများမှာလည်း အနီးနားရှိ အထပ်မြင့် အဆောက်အဦးများ အနားတွင် လမ်းလွှဲသွားကြကာ ကိုယ်ပိုင်အချက်လက်နှင့် ပတ်သတ်သည့် မြင်ကွင်းဘောင်တွေဟာလည်း လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ ကြေညာချက်တွေလိုမျိုး ချာချာလည်ပေါ်ပေါက်လာကြတယ်။

အန်းဝူကျို့ တစ်ယောက်သူ့အမြင်အာရုံ ပျက်စီးသွားသည်ဟု ခံစားမိသည်။ အလင်းရောင်လှုံဆော်မှုအောက်တွင် သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ ကြည့်ရင်တောင်မှ သူ့အမြင်အာရုံနယ်ပယ်ထဲရှိ 30မှ 40မီတာ အမြင့်ရှိတဲ့ ကြီးမားတဲ့ အချက်အလက်ပြ မြင်ကွင်းဘားတန်းကြီးကို မြင်ရဆဲဖြစ်တာမို့ပင်..

(T/N- တိုသွားပါတယ် , မျက်လုံးအခြေနေ မကောင်းလို့ပါကွယ်)






Zawgyi




သူ႔ဦးေႏွာက္ထဲရွိ hippocampus ပ်က္သြားလို႔မ်ားလား? ဒါမွမဟုတ္ရင္ အျခားတစ္ခုခုမ်ား အစားထိုးခံ လိုက္ရတာလား လို႔ သူေတြးမိတယ္။ (T/N- hippocampus ဆိုတာ ဦးေႏွာက္ထဲတြင္နက္ရႈိင္းစြာ ျမႇဳပ္ႏွံထားတဲ့ ရႈပ္ေထြးေပြလီေသာ ဖြဲ႕စည္းပုံတစ္ခုျဖစ္တယ္။ သင္ယူျခင္း ႏွင့္ မွတ္သားျခင္းဆိုင္ရာ အခ်က္လက္ေတြအတြက္ အဓိကအခန္းက႑မွ အက်ိဳးျပဳၿပီး ၎ဟာ ထိခိုက္ပ်က္စီးလြယ္တဲ့ အေျခအေနရွိတယ္။ ေလ့လာမႈေတြအရေတာ့ သူတို႔ဟာ အာ႐ုံေၾကာႏွင့္ စိတ္ေရာဂါ ဆိုင္ရာ ေရာဂါ အမ်ိဳးမ်ိဳးတို႔အေပၚတြင္လည္း သက္ေရာက္မႈရွိတယ္လို႔ဆိုၾကပါတယ္။ Google မွ ေကာက္ႏႈတ္ကိုးကားထားျခင္းျဖစ္ပါ၍ အမွားတစ္စုံတစ္ရာ ရွိေနပါက ဘာသာျပန္သူ၏ အမွားသာျဖစ္ပါတယ္ရွင္....)အန္းဝူက်ိဳ႕ ဟာ သူ႔ခႏၶာကိုယ္တြင္း အာ႐ုံေၾကာႏွင့္ဆိုင္တဲ့ နယ္ပယ္ရွိမရွိကို စစ္ေဆးလိုတယ္။ ညာဘက္လက္ကလည္း ျပင္ထန္ေသာဒဏ္ရာေၾကာင့္ အ႐ိုးက်ိဳးသြားျခင္းျဖစ္တန္ရာ၏။ ၿပီးေတာ့ လက္က ခုထက္ထိ တုန္ေနတုန္းပဲ။သူ႔ဘယ္ဘက္လက္ကို ေျမႇာက္ၿပီး နား႐ြက္ႏွင့္ေခါင္းေနာက္သို႔ ဆန႔္ထုတ္လိုက္တယ္။ ဆံပင္ေတြက ခါးအထိရွည္ေနတာကို သတိျပဳမိတယ္။ ဒါေပမယ့္ အဲ့ဒါနဲ႔ပတ္သတ္ၿပီး သူ႔မွာ ဘာအစီအစဥ္မွ ရွိမေနဘူး။ငါ့လက္ေတြက ဒီလို တုန္လႈပ္ေနဆဲ ျဖစ္တာကို တကယ္မလိုခ်င္ဘူး။ အန္းဝူက်ိဳ႕ သူ႔ညာဘက္လက္ညႇိဳးထိပ္ကို ကိုက္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ Mask တပ္ထားတဲ့လူကိုတစ္ခ်က္ ၾကည့္လိုက္တယ္။ အဲ့ဒီလူက သူနဲ႔အေဝးဆုံးမွာ မတ္တပ္ရပ္ေနတာျဖစ္တယ္။ ထိုသူသည္ အရပ္ရွည္ၿပီး အနက္ေရာင္ကုတ္အက်ႌကို ဝတ္ဆင္ထားတယ္။ ၾကည့္ရသေလာက္ေတာ့ လူငယ္ပုံစံပဲ။ သူ႔မ်က္ႏွာ အစစ္အမွန္ကိုေတာ့ ေသခ်ာမျမင္ရဘူး။ ထိုသူက ဓာတုပစၥည္း အခ်ိဳ႕ျဖင့္ျပဳလုပ္ထားတဲ့ စက္မ်က္ႏွာဖုံးကို ဝတ္ဆင္ထားတယ္။ မ်က္ႏွာျပင္က ေခ်ာ မြတ္ၿပီး ခ်ိဳၿမိန္တဲ့ အျဖဴေရာင္ သၾကားရည္လိုမ်ိဳး ျဖဴစြတ္ေနတယ္။ ဒါေပမယ့္ အဲ့အေပၚမွာ သဲလြန္စ တစ္စြန္းတစ္စ က်န္ရွိေနတဲ့ လကၡဏာလည္းရွိေသးတယ္။ မ်က္ႏွာဖုံးအေရွ႕ဘက္မွာ guanyin ပုံသ႑ာန္ ျဖစ္ၿပီး မ်က္လုံးေတြက ေမွးထားတယ္။ ပါးစပ္ေထာင့္ေတြဟာ အနည္းငယ္ ျမင့္တက္ေနၿပီး အေပၚမ်က္ခုံးေတြရဲ႕ အလယ္ဗဟို မွာအနည္းငယ္ နီရဲေနေလရဲ႕။ စုေဝးေနတဲ့မ်ဥ္းေတြက ေရျပင္ညီ နဲ႔ ေဒါင္လိုက္အရ ပိုင္းျခားထားၿပီး သတၱဳခါးပတ္ေခါင္းဟာလည္း ဦးေခါင္းအေနာက္ႏွင့္ခ်ိတ္ဆက္ထားေပတယ္။ Guanyin ကဲ့သို႔ သိမ္ေမြ႕ႏူးညံ့တဲ့ အျမင္တစ္ပိုင္းတစ္စ ကိုထုတ္လႊတ္ေနေသးတယ္။(T/N - တ႐ုတ္ဒ႑ာရီ အရ Guanyin ဆိုတာ ဂ႐ုဏာတရား၏ နတ္ဘုရားျဖစ္ၿပီး သနားၾကင္နာမႈ၏ ႐ုပ္ပိုင္းဆိုင္ရာ ျပယုဒ္အျဖစ္ သတ္မွတ္ၾကပါတယ္။ ဒါလဲ ဂလူးဂလူးေခါက္ထားတာပါပဲ, ေသခ်ာသိတဲ့သူမ်ားရွိရင္ ေျပာျပေပးလို႔ရပါတယ္ရွင္ ဒီက မသိနားမလည္သူေလးကို )ၾကည့္ရတာေတာ့ အာ႐ုံေၾကာစနစ္ေတြကို ထိမသြားဘူးပဲ။ အန္းဝူက်ိဳ႕ သူ႔ဘယ္ဘက္လက္ကို ခ် ထားလိုက္တယ္။ ဒီမွာ ရွိတဲ့ အရာရာတိုင္းက သူ႔စိတ္ကို ရႈပ္ေထြးေစတာေတာ့ အမွန္ပဲ။ သူ႔မိခင္ႏွင့္ သူ၏ ဆက္ဆံေရး , သူႀကီး ျပင္းလာပုံ အဆင့္ဆင့္ , သူ႔ဖခင္ ေစာေစာေသဆုံးသြားရျခင္း , သူ႔မိခင္အေပၚ သူ႔ရဲ႕ မွီခို မႈေတြ ႏွင့္ ခ်စ္ရပါေသာ ညီမေလး.....ဒါေတြကို သူမွတ္မိတယ္။အဲ့ဒီအခ်ိန္တုန္းက ေဆး႐ုံလူနာခန္းထဲက အေမ့ေနာက္ကို လိုက္သြားသင့္တာ။ ဒါဆို ငါက ဘာ့ေၾကာင့္ ဒီမွာ ရွိေနရတာလဲ?" အရင္တုန္းက အတိုင္းပါပဲ, တရားဝင္ၿပိဳင္ပြဲ မစခင္ ငါတို႔မွာ မင္းတို႔အတြက္ ေသြးပူဂိမ္း တစ္ခုရွိပါတယ္။ ေသြးပူ ဂိမ္းကို အႏိုင္ရရွိတဲ့ အသက္ရွင္က်န္ရစ္သူကသာ ဂိမ္းရဲ႕အားသာခ်က္ ဒါမွမဟုတ္ တစ္ဦးတည္းကစားခြင့္ႏွင့္ အသင္းအဖြဲလိုက္ ကစားခြင့္ေတြကို ေ႐ြးခ်ယ္ခြင့္ ရရွိႏိုင္ မွာပါ။"ထို အသံေပၚလာခ်ိန္မွာ ငါ့ အေရွ႕ရွိ အျဖဴေရာင္ အကြက္ဟာ screen ပ်က္သြားလို႔ အေရာင္စုံဘားတန္းေတြ ေပၚလာသလိုမ်ိဳး တုန္ခါလာတယ္။ ထို႔ေနာက္ သူတို႔ေရွ႕တြင္ ျမင့္မားတဲ့ ထိုင္ခုံရွစ္လုံးပါဝင္တဲ့ စာပြဲဝိုင္းတစ္ခုေပၚလာေလရဲ႕။" ေက်းဇူးျပဳၿပီး ထိုင္ၾကပါ" အျခားသူေတြက ၫႊန္ၾကားခ်က္အတိုင္း လိုက္နာကာ ထိုင္ခုံမွာေနရာယူလိုက္ၾကတယ္။ အန္းဝူက်ိဳ႕ , သူနားမလည္ေသးတဲ့ အခ်ိန္မွာပင္ ေသနတ္အပစ္ခံၿပီး ေသသြားမွာကို မလိုလားေသာေၾကာင့္ သူလည္းပဲ လြတ္တဲ့ေနရာမွာ ဝင္ထိုင္လိုက္တယ္။သူထိုင္လိုက္ခ်ိန္ ခနအတြင္းမွာပဲ ဒီဂ်စ္တယ္ ဘားတန္း နဲ႔ အေရာင္ေတာက္ေတာက္ေတြ ျပည့္ႏွက္ေနတဲ့ ပုံရိပ္ဟာ သူတို႔ပတ္ဝန္းက်င္တြင္ အျဖဴေရာင္ေနာက္ခံျဖင့္ ေပၚလာေလတယ္။ မီးေရာင္ေတြ လင္းထိန္လာတဲ့အခါမွ သူတို႔ဟာ မိုးေမွ်ာ္တိုက္တစ္ခုရဲ႕ ေခါင္မိုးေပၚတြင္ ရွိေနေၾကာင္း သိလိုက္ရတယ္။ေမွာင္မဲေနတဲ့ ေကာင္းကင္ျပင္ႀကီးတြင္ နီယြန္ မီးေရာင္ အလင္းေဖ်ာ့ေဖ်ာ့ေလးေတြ ေရာေႏွာေနေလရဲ႕။ေလယာဥ္ လမ္းေၾကာင္းမ်ားမွာလည္း အနီးနားရွိ အထပ္ျမင့္ အေဆာက္အဦးမ်ား အနားတြင္ လမ္းလႊဲသြားၾကကာ ကိုယ္ပိုင္အခ်က္လက္ႏွင့္ ပတ္သတ္သည့္ ျမင္ကြင္းေဘာင္ေတြဟာလည္း ေလထုညစ္ညမ္းမႈကို ျဖစ္ေစတဲ့ ေၾကညာခ်က္ေတြလိုမ်ိဳး ခ်ာခ်ာလည္ေပၚေပါက္လာၾကတယ္။အန္းဝူက်ိဳ႕ တစ္ေယာက္သူ႔အျမင္အာ႐ုံ ပ်က္စီးသြားသည္ဟု ခံစားမိသည္။ အလင္းေရာင္လႈံေဆာ္မႈေအာက္တြင္ သူ႔မ်က္လုံးမ်ားကို အနည္းငယ္ က်ဥ္းေျမာင္းကာ ၾကည့္ရင္ေတာင္မွ သူ႔အျမင္အာ႐ုံနယ္ပယ္ထဲရွိ 30မွ 40မီတာ အျမင့္ရွိတဲ့ ႀကီးမားတဲ့ အခ်က္အလက္ျပ ျမင္ကြင္းဘားတန္းႀကီးကို ျမင္ရဆဲျဖစ္တာမို႔ပင္..(T/N- တိုသြားပါတယ္ , မ်က္လုံးအေျခေန မေကာင္းလို႔ပါကြယ္)

Continue Reading

You'll Also Like

11.8K 484 13
تجبرها جدتها في ان تسكن معهم بالبيت بعد وفاة اهلها بحادث . تدخل للبيت وهي تجهل عاداتهم وتقاليدهم . و تبدأ احداث الرواية ...
295K 21.9K 49
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
8.9K 743 16
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...
32.2K 2.2K 41
people read the book trust me on this one