(Part-11)
ရှောင်းကျန့် အိပ်ယာကနိုးနိုးချင် မျက်လုံးဖွင့်လိုက်တော့ အခန်းတခုလုံးမှာ ဘေးနားက ဝါကျစ်ကျစ် မီးအိမ်အလင်းရောင်လေးတခုပဲရှိတယ်။
တခန်းလုံးကို သူ့မျက်လုံးတွေကကောင်းစွာ မမြင်ရသေးပေ။ကုတင်ခြေရင်းနံရံပေါ်က တိုင်ကပ်နာရီ
ကြည့်လိုက်တော့မှ ညရောက်နေမှန်းသိလိုက်တယ်။
အကြည့်တွေကို မျက်နှာကြတ် ဆီပို့ကာ..သူ(Xiao)
ဘာတွေဖြစ်ခဲ့တာလဲဆိုတာ..ပြန်စဥ်းနေမိတယ်။
မှတ်ညဏ်ထဲ တရိပ်ရိပ်ဝင်လာတဲ့ ပုံရိပ်တွေ က ဝေဝေဝါးဝါးကနေ ထင်ရှားစွာမြင်ရလာသည်။
ဝမ်ရိပေါ်ရဲ့ဆေးလိပ်သောက်တဲ့ပုံတွေ၊
သူ့ကိုအတင်းဆွဲဖက်တာတွေ၊သူ့နှုတ်ခမ်းတွေကို ကိုက်ဆွဲ နေတာတွေ၊နောက်ဆုံး သူ့အပေါ်မှာအားကြိုးမာန်တတ် ကြိုးစားနေတဲ့ဝမ်ရိပေါ်ရဲ့ ပုံရိပ်တွေကြောင့် ရင်ဘက်ပေါ်က စောင်စကို တင်းကျပ်စွာ
ဆုပ်ကိုင်မိလိုက်တယ်။
ထိုအရာတွေကြောင့် ရှောင်းကျန့်ရင်ထဲ တုန်လှုပ်မိတယ်။
သူတကယ်ပဲ ဒါတွေကြုံတွေခဲ့ရတာလား။
တခြားသူနဲ့မဟုတ်ပါဘဲ...ဝမ်ရိပေါ်နဲ့တဲ့လား။
စိတ်လှုပ်ရှားစွာ... ခန္ဓာကိုယ် ကို လှုပ်လိုက်မိတော့
အောက်ပိုင်းတနေရာရဲ့ နာကျင်မှုက ဒီဖြစ်ရပ်တွေကအိမ်မက်မဟုတ်မှန်း တကယ်ကြုံတွေခဲ့ရတာမှန်း
သက်သေပြထောက်ခံနေသယောင်။
ရှောင်းကျန့် ဖြေးဖြေး ထထိုင်ကာ.. ကုတင်နောက်ကို ကျောမှီလိုက်ပြီ၊အခန်းကို ဝေ့ဝဲကြည့်မိတော့
ဝမ်ရိပေါ်ရဲ့ အရိပ်ယောင်တောင် မတွေ့။
ရုတ်တရက် မျက်ရည်တွေစီးကျလာတယ်။
ဝမ်သခင်လေးက..ဘာကြောင့် ကျန့်ကျန့်ကိုဖျက်စီးရတာလဲ။
ကျန့်ကျန့်ကို ဒီအခြေအနေထိ ရောက်အောင် လုပ်တာကြောင့် သူကိုအဲ့လောက်ထိတောင်မုန်းနေရတာလား။
ကျန့်ကျန့်ကို အရမ်းပဲမုန်းနေတာလား..ဝမ်ကိုကိုလေးရယ်။
ရှောင်းကျန့်အားယူထလိုက်ပြီး
ရေချိုးခန်းထဲ ဖြေးဖြေးချင် လမ်းလျှောက်ကာ ဝင်လာခဲ့သည်။ရေချိုးခန်းထဲက မှန်ကိုကြည့်ပြီး မြင်လိုက်ရတဲ့အရာတွေကြောင့် နံရံထောင့်ကိုကပ်ကာ
ပိုငိုနေမိတယ်။ သူ့မြင်ရတဲ့အရာတွေက သိပ်ကြောက်ဖို့ကောင်းတယ်။ လည်ပင်းတွေ၊နှုတ်ခမ်းတွေမှာပါ ကိုက်ရာတွေ အပြည့်။
"ဟင်.."မျက်ရည်တွေကို လက်နဲ့ပြန်သုတ်မိတဲ့အချိန် ထပ် မြင်လိုက်ရတာက လက်ဝက်ကောက်မှာ ကြိုးရာလိုလို အရာကြီး။
"အီးဟီး.." ငိုသံတွေရော..ရှိုက်သံတွေပါ...ရေချိူးခန်းထဲဖုံးလွှမ်းသွားတော့သည်။
ဝမ်ကိုကိုလေးက..အရမ်းရက်စက်တာပဲ။
ရှောင်းကျန့် ဒီလောက်သူ့အနိုင့်ကျင့်တာကို သည်းခံပေးတာတောင် ကျန့်ကျန့်ကိုမုန်းနေတုန်းပဲ။
ပင်ပန်းထားတဲ့အရှိန်ရယ်၊
အားနည်းသေးတဲ့ အရှိန်ရယ်ကြောင့်..အငိုလွန်နေတဲ့
Xiao Zhan တယောက် ရေချိူးခန်းထဲမှာ မေ့လဲကျသွားသည်။
______♥______
Wang Yibo အပေါ်ထပ်ကို တတ်လာပြီး ရှောင်း
ကျန့်အခန်းရှေ့မှာခြေစုံရပ်နေမိတယ်။
အခုချိန်လောက်ဆို Xiao Zhan တယောက်သတိရလောက်ပြီး။ ဝမ်ရိပေါ်ကိုမြင်ရင် အော်လွတ်မလား။
မုန်းတယ်လို့ပဲ အော်ပြောမှာလား..မသိဘူး။
'မုန်းတယ်'ဆိုတဲ့ပြောသံတော့ ဝမ်ရိပေါ် မကြားရဲဘူး။ဒါကြောင့် အခန်းထဲဝင်ရမလို့လို့၊ မဝင်ရမလိုလို့နဲ့ ချီတုန်ချတုန်ဖြစ်နေတယ်။နောက်ဆုံး
ဘာဖြစ်ဖြစ် ရအောင် ရင်ဆိုင်မယ် ဆိုပြီး တံခါးဖွင့်ကာ ဝင်လာလိုက်တော့ အိပ်ယာပေါ်မှာ Xiao Zhanကိုမတွေ့တာကြောင့် လူက ပူထူသွားသည်။
ရှောင်းကျန့် သူကိုယ်သူ တခုခုလုပ်ပစ်လိုက်မှာကို
Wang Yiboသိပ် ကြောက်တယ်။
"Xiao Zhan! !"
ဝရံတာဘက်ပြေးရှာကြည့်တော့မတွေ့။
နောက်ဆုံး ရေချိုးခန်းထဲ ဝင်ကြည့်လိုက်မှ
ကြမ်းပြင်ပေါ် ခွေ့ခွေ့လေး.လဲနေတဲ့ ရှောင်းကျန့်ကို
ပြေးပွေ့ကာ ကုတင်ပေါ်တင်ပေးလိုက်တယ်။.
>>>>>>>>♥>>>>>>
"ရှော့ဖြစ်ပြီးမေ့လဲသွားတာပါ...အားနည်းနေတာကြောင့်လဲပါတယ်"
Xiao Zhan ကိုသေချာစမ်းသပ်ပြီး ဘေးနားရပ်နေတဲ့ ဝမ်ရိပေါ်ကိုပြောလိုက်တယ်။
"သေချာရဲ့လား...ကောရယ်"
Wang Yibo အသံက တကယ်စိတ်ပူနေတဲ့အသံ။
"အွန်း...ဒါနဲ့ စဥ်းစားပြီးပြီးလား..ရိပေါ်"
ဟိုက်ခွမ်းအမေးကြောင့် ဝမ်ရိပေါ် သက်ပြင်းချလိုက်မိတယ်။သူလဲဒီရက်ပိုင်းသက်ပြင်းချရလွန်လို့
အသက်တိုတော့မယ်။
"မင်း မစဥ်းစားရသေးဘူးလား..ရိပေါ်
ဒီလို့သာတွေဝေနေရင် ငါဦးလေးကို ဖုန်းဆက်ပြောလိုက်မယ်"
"ဟာ...ကောကလဲ..ဘာကိစ္စ ပါးကိုပြောရမှာလဲ
ကျွန်တော့ ကိစ္စကိုယ့်ဘာသာရှင်းမယ်"
ပါးကိုပြောလိုက်ရင် ရှုပ်ကုန်မှာစေလို့။
"ကျစ်.ဒါဆို မင်းဘာလုပ်မှာလဲ..ဝမ်ရိပေါ်...မင်း..သူ့ကိုမယူချင်လို့ အချိန်ဆွဲနေတာလား။"
"-------------"
အချိန်ဆွဲနေတာမဟုတ်ဘူး။ရှောင်းကျန့်သဘောမပါဘဲ လက်ထပ်လိုက်ရင် ပိုမုန်းသွားမှာစေလို့။.
ရှောင်းကျန့် နဲ့တိုင်ပင်ပြီးမှ.. သူ့လုပ်ချင်တာကို လိုက်လျောပေးဖို့ ဝမ်ရိပေါ်ဆုံးဖြတ်ထားတယ်။
"ဒီအခြေအနေထိရောက်ပြီးပြီးနော်..ရိပေါ်
သေချာစဥ်းစား"
"ကျစ်...ကျွန်တော်..သိတယ်"
သူတို့မသိလိုက်တာက...သတိပြန်ရလာတဲ့Xiao Zhanက သူကို ဝမ်ရိပေါ်လက်မထပ်ချင်ဘူးလို့ ထင်သွားတာပါပဲ။
ကုတင်ပေါ်မှာ..တိတ်တိတ်လေးမျက်ရည်ကျနေတဲ့
ကောင်လေးကို.... နောက်ကျောပေး စကားပြောနေတဲ့သူနှစ်ယောက်က သတိမထားမိပါဘူး။
ဝမ်ကိုကိုလေး...မယူချင်ရင်..ကျန့်ကျန့်ကလဲ အတင်းလက်မထပ်ခိုင်းပါဘူး။
_____♥_____
"Wang Yibo! !!..ခွပ်.ခွပ်"
အသံကြောင့် အိမ်အောက်ထပ်ကိုသူတို့နှစ်ယောက် ဆင်းဆင်းချင်း
ပါးရဲ့ ဒေါသထွက်နေတဲ့မျက်နှာနဲ့အတူ....
သူ့မျက်နှာပေါ်ရောက်လာတဲ့ လက်သီးချက်တွေ..
"မင်း..လူမဟုတ်ဘူးလား..ဘာလို့ဒီလောက်ရက်စက်ရတာလဲ..ဟမ်..ဝမ်ရိပေါ်"
'ခွပ်'
"တော်ပါတော့..ဦးလေးရယ်"
မနေနိုင်တဲ့ ဟိုက်ခွမ်းက အတင်းဝမ်ပါးကို ဝင်ဆွဲရတယ်။
"ဒီကောင်ကြောင့်...ရှောင်းယွမ်ကို ငါဘယ်လို့မျက်နှာပြရမှာလဲ....ငါရှက်တယ်"
"ပါး..ဒီကိစ္စဘယ်လို့သိတာလဲ"
အထိုးခံရတဲ့ပါးကို ကိုင်လိုက်ပြီး အရှေ့ကဒေါသထွက်နေတဲ့အဖေဖစ်သူကို သိချင်စိတ်ကြောင့် မေးလိုက်မိတယ်။
ပါး..ဘယ်လို့သိသွားရတာလဲ။
"အေး..ငါကမင်းတို့ကို ဒီအတိုင်း လွတ်ထားမယ်ထင်လို့လား...ဒီအိမ်တော်က လူတွေကငါ့လူယုံတွေကြီးပဲ"
ဟုတ်သားပဲ။ဝမ်အိမ်တော်ကလူတွေက ပါးရဲ့လူယုံတွေ။..အခုတလောရှောင်းကျန့်အောက်ဆင်းတာကို Maidတွေ့ မတွေ့လို့ စုံးစမ်းထားပုံရတယ်။
အကြောင်းရှိမှ အိမ်တော်ကိုလာရတာကို ဘယ်လို့
များဒီအလုပ်သမားတွေက သိသွားရတာလဲ။
"ငါက ငယ်ရကနေ..ကြီးလာတာမလို့
အလုပ်သမားတွေအနည်းအကျင်း ပြောပြရုံနဲ့ ခန့်မှန်းမိပြီးသာ...မင်းကြောင့်..ငါ့မှာချက်ချင်းပြန်လာခဲ့ရတာကွ"
"အန်တီရှောင်းယွမ်ရော....သိ..သိသွားပြီးလားပါး"
"မသိသေးဘူး..သူမကို UKမှာထားခဲ့တယ်
ငါကတရုတ်မှာအလုပ်ကိစ္စအရေးကြီးလို့ဆိူပြီး အမြန်ပြန်လာတာ"
မောသွားပုံရတဲ့ဝမ်ပါးက...ဧည့်ခန်းထဲက ဆိုဖာပေါ်ဝင်ထိုင်ပြီး စကားအေးဆေးထိုင်ပြောနေတယ်။
ဟိုက်ခွမ်းက ဝမ်ဦးလေးဘေးမှာ..မတ်တပ်ရပ်လို့။
ဝမ်ရိပေါ်လဲထိုပုံစံအတိုင်းပဲ။
"..ဟူး~ အခုကိစ္စဘယ်လို့လုပ်ဖို့စဥ်းစားထားလဲဝမ်ရိပေါ်"
"-------"
"လက်ထပ်လိုက်ကြ"
"ဗျာ.." Wang Yibo ကြားရတာကိုမယုံကြည်နိုင်။
"ရှောင်းကျန့်ကယောကျ်ားလေးဆိုပေမယ့်
ဒီအခြေအနေထိ ရောက်လာမှတော့ လက်ထပ်ပေးမယ်"
"မဖြစ်ဘူး!!!'"
ရုတ်တရက်ကြီး ထအော်လိုက်တဲ့ Wang Yibo ကြောင့် စိတ်ငြိမ်နေတဲ့ ဝမ်ပါးပါးရဲဒေါသတွေပြန်ထွက်လာရတယ်။ ငါကိုအသက်တိုအောင်လုပ်နေ ဝမ်ရိပေါ်။
"ဘာ!!ကွ မင်းဘာစောက်ချိုးချိုးတာလဲ.."
"ကျွန်တော် ရှောင်းကျန့်ကို...လက်မထပ်နိုင်ဘူး..ပါး"
'ဝုန်း..ဒုန်း'
ထိုအချိန်...လှေကားပေါ်ကအသံကြောင့် အကုန်လုံး လှည့်ကြည့်မိတော့... ကြမ်းပြင်ပေါ်က ပြုတ်ကျနေတဲ့ ရှောင်းကျန့်၊ ဟင် ရှောင်းကျန့်အနားမှာသွေးတွေ။
"Xiao Zhan! !!!"
Wang Yibo ရဲ့အော်သံက တအိမ်လုံး ကို လွှမ်းခြုံသွားတယ်။
THE eND 💙
(Part-11)
ဆုပ်ကိုင်မိလိုက်တယ်။
"အီးဟီး.." ငိုသံတွေရော..ရှိုက်သံတွေပါ...ရေချိုးခန်းထဲဖုံးလွှမ်းသွားတော့သည်။
Xiao Zhan တယောက် ရေချိုးခန်းထဲမှာ မေ့လဲကျသွားသည်။
____________
"Xiao Zhan! !"
>>>>>>>>>>>>>>
"သေချာရဲ့လား...ကောရယ်"
အသက်တိုတော့မယ်။
"-------------"
သေချာစဉ်းစား"
"ကျစ်...ကျွန်တော်..သိတယ်"
__________
"Wang Yibo! !!..ခွပ်.ခွပ်"
'ခွပ်'
"တော်ပါတော့..ဦးလေးရယ်"
ငါကတရုတ်မှာအလုပ်ကိစ္စအရေးကြီးလို့ဆိုပြီး အမြန်ပြန်လာတာ"
"-------"
"လက်ထပ်လိုက်ကြ"
"ရှောင်းကျန့်ကယောက်ျားလေးဆိုပေမယ့်
"မဖြစ်ဘူး!!!'"
'ဝုန်း..ဒုန်း'
"Xiao Zhan! !!!"
THE eND